Search

Content

0 comments

မြန်မာနိုင်ငံ LGBT အခွင့်အရေးနဲ့ ပုဒ်မ 377

နောက်ခံ ဓာတ်ပုံ - shutterstock

ရေးသားသူ - မိုးစက်(ကောလင်း)

မြန်မာနိုင်ငံမှာ LGBT မိသားစုများနဲ့ LGBT ကို  ဖေးမထောက်ပံ့သူများဟာ ပုဒ်မ ၃၇၇ ကို ပြင်ဆင်ဖို့ရန် ကြိုးစားလာကြပါတယ်။ ပုဒ်မ ၃၇၇ ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်အချိန်ကတည်းက အင်္ဂလိပ်လက်ထက်မှာ စတင်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။ ပုဒ်မ ၃၇၇ ကို ဓမ္မတာနှင့် ဆန်ကျင်သောပြစ်မှု (Unnatural Offenses)လို့ ဖော်ပြထားပါတယ်။ ဥပဒေဖွင့်ဆိုချက်အရ "ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်ပြီး ကာမဆက်ယှက်မှု ပြုလုပ်လျှင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း (သို့) ထောင်ဒဏ်ဆယ်နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဆိုပြီးဖော်ပြထားပါတယ်။ ဝရမ်းမပါလည်း ဖမ်းဆီးနိုင်၊ ကျေအေးခွင့်မရှိ၊ အာမခံမပေးနိုင်သော ရာဇဒဏ်ကြီးပုဒ်မဖြစ်ပါတယ်။ ဒီဥပဒေဖွင့်ဆိုချက်ဟာ ပြည့်စုံမှုမရှိတဲ့ ဖွင့်ဆိုချက်လို့ ဆိုနိုင်ပါတယ်။ "ဓမ္မတာနဲ့ဆန့်ကျင်"လို့ သုံးထားပေမယ့် ဘယ်အရာမျိုးဟာ ဓမ္မတာနဲ့ ဆန့်ကျင်တယ်ဆိုတာ တိတိကျကျမဖော်ပြထားပါဘူး။

ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) ပုဒ်မ(၃၄၇)အရ နိုင်ငံသားတိုင်းဟာ ညီမျှသော တန်းတူအခွင့်အရေးရှိရမယ်လို့ ဆိုပေမယ့် ပုဒ်မ ၃၇၇ ဟာ လိင်တူချစ်သူတွေကို ဖိနှိပ်ထားသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် LGBT တွေဟာ ငယ်ကတည်းက သူများရဲ့လှောင်ပြောင်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်၊အချို့ဆို လူသားအခွင့်အရေးတွေ ဆုံးရှုံးတဲ့အထိ ဖြစ်လာပါတယ်။ ဒီလိုမျိုးတွေ မဖြစ်စေဖို့ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရရှိရေးအတွက် ပုဒ်မ ၃၇၇ ကို ပြင်ဆင်သင့်ပါတယ်။ လက်ရှိအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း လိင်တူချစ်သူတွေကို တန်းတူ လက်ခံလာတာတွေကို တွေ့ရပါတယ်။

ရာဇသတ်ကြီး (Penal Code) ပုဒ်မ ၃၇၇ ပြဠာန်းချက်သည် Indian Penal Code (IPC)
ပါ section ၃၇၇ ပြဠာန်းချက်နှင့် ထပ်တူထပ်မျှပင် ဖြစ်ပါတယ်။ သို့သော် အိန္ဒိယနိုင်ငံမှာတော့ Unnatural offense section 377 ဟာ LGBTQ အသိုင်းအဝိုင်းအတွက် နှစ်ဦးသ ဘောတူ လိင်တူဆက်ဆံခြင်းဟာ ခြွင်းချက်ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၈ ခုနှစ် မှာ Supreme Court of India က နေ အဆင့်မြင့်တရားသူကြီး (၅) ပါး ထိုင်ဆုံးဖြတ်ခဲ့သော စီရင်ထုံးကြောင့် ဖြစ်ပါတယ်။ "အခြားသူများကို ဒုက္ခပေးမှသာ အစိုးရတစ်ရပ်ကဝင် ရောက်စွက်ဖက်ပါဝင်ခွင့်ရှိပြီး ဒုက္ခပေးမှုမရှိလျှင် ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိကြောင်း၊ လူနည်းစုတွင် အခွင့်အရေးဖြစ်ပြီး ယင်းအခွင့်အရေးကို အကာအကွယ် ပေးခြင်းသည် အစိုးရ၏ တာဝန်ဖြစ်ကြောင်း ယခင်က LGBT များ၏ ပြသနာကို တစ်စုံတစ်ရာ ဆောင်ရွက်ပေးရခြင်းမရှိခဲ့သည့်အတွက် တောင်းပန်ကြောင်း" အစရှိသဖြင့် Indian Supreme Court ၏ ဆုံးဖြတ်ချက်များသည် လူ့အခွင့်အရေးကို အပြည့်အဝနားလည်စွာ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဥပဒေပြင်ဆင်ဖို့ဆိုရင် ပထမဦးစွာ လူထု(public)က အရင်လက်ခံရမယ်။ဒုတိယက ဥပဒေပြုသူ(law maker)တွေနဲ့ ဆွေးနွေးရမယ်။ ဥပဒေပြုသူတွေနဲ့ ဆွေးနွေးပြီး လွှတ်တော်အသီးသီးမှာ ဒီဥပဒေကို ပယ်ဖျက်ဖို့ အဆိုတင်သွင်းလို့ အောင်မြင်ရင် ဥပဒေကို ပြင်ဆင်နိုင်မှာပါ။LGBTတို့ အနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြင်ဆင်ဖို့ ကြိုးစားလာကြတာကို တွေ့ရပါတယ်။ လက်ရှိအစိုးရလက်ထက်မှာလည်း LGBT အခွင့်အရေးတွေကို ဆွေးနွေးလာတာဟာ အားရစရာဖြစ်ပါတယ်။ ချက်ခြင်းမပြင်ဆင်နိုင်ပေမယ့် အားလုံးဟာ စည်းစည်းလုံးလုံးနဲ့ ကြိုးစားသွားမယ်ဆိုရင် သေချာပေါက် အောင်မြင်နိုင်ပါတယ်။ အခက်အခဲတွေကိုလည်း အတူကျော်ဖြတ်မယ်ဆိုရင် ပြင်ဆင်နိုင်ပါတယ်။

(တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဒုက္ခဖြစ်စေတာဟာ အဲ့လူရဲ့ဖြစ်တည်မှုကြောင့်မဟုတ်ဘဲ လုပ်ဆောင်မှုကြောင့်ပါ။ လူတစ်ယောက်ရဲ့ဖြစ်တည်မှုမှာ အပြစ်မရှိပါဘူး...)

လူသားအချင်းချင်း နွေးထွေးသော မေတ္တာတရားဖြင့် လွှမ်းခြုံနိုင်ကြပါစေကြောင်း ဆုတောင်းလျက်....
(လုလင်မဂ္ဂဇင်းသို့ ရေးသားဝေမျှလာသော မိုးစက်(ကောလင်း)အား အထူးကျေးဇူးတင်ပါတယ်)။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ