Search

Content

0 comments

Best of LGBT Artists in 2015


၂၀၁၅ ခုနှစ် ကုန်သွားခဲ့ပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာ လိင်တူချစ် အခွင့်အရေးများ တန်းတူညီမျှမှုများ အတွက် အောင်မြင်ခဲ့ကြသလို ဆက်လက်တိုက်ပွဲဝင်နေဆဲ နိုင်ငံများလည်း ရှိခဲ့ပါသည်။ ကမ္ဘာ့ အသိုင်းအဝန်း အထူးသဖြင့် အနောက်တိုင်း နိုင်ငံများတွင် ပိုမို ပွင့်လင်းလာပြီး ထူးချွန်သော လိင်တူချစ်သူများဟာ တန်းတူအခွင့်အရေးနှင့် အယူစွဲမှားမှုများကို တိုက်ပွဲဝင်ရာမှာ တစ်တပ်တအား ပါဝင်ခဲ့ကြသလို လိင်တူချစ်သူများ၏ အရည်အချင်း ထင်သာမှုရှိအောင် ပြုလုပ် ပေးခဲ့သူများလည်း အများအပြား ပေါ်ထွန်းလာခဲ့ပါသည်။ ထိုအထဲမှာမှ အနုပညာ အသိုင်းအဝန်းမှ လိင်တူချစ်သူ အဆိုတော်များဟာလည်း ပွင့်ပွင့်လင်းလင်း မိမိကိုယ်ရည် အနုပညာအစွမ်းအား ကမ္ဘာကို ဂုဏ်ယူစွာနှင့် ပြသနိုင်ခဲ့ကြပါသည်။ ဒါကြောင့် နိုင်ငံတကာ သီချင်းချစ်သူများသည်လည်း သီချင်းကောင်းများ နားထိုင်နိုင်စေရန် နှင့် ပွင့်လင်းစွာ ပြောသော လိင်တူချစ်သူ အဆိုတော် အနုပညာရှင်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာအရပ်ရပ်မှ အကောင်းဆုံး သီချင်း အပုဒ် ၅၀ ကို စုစည်းပေးလိုက်ပါသည်။ သောတရှင်များ ပျော်ရွင်ကြည်နှုးနိုင်ကြပါစေ။

50. Yoel - Bailemos (Spain)

49. มีทองท่วมหัว ไม่มีผัวก็ได้ (GOLD OR HUBBY?) : จ๊ะ อาร์ สยาม | Jah Rsiam (Thailand)

48. Brendan Maclean - Tectonic (Australia)

47. Tom Goss & Matt Alber - Breath And Sound (USA)

46. Ugly - Courtney Act (Australia)

45. Doug Locke - King (USA)

44. Hương Giang Idol feat. Kimmese - Ai Đẹp Nhất Đêm Nay? (Vietnam)

43. Emmanuel Moire - Bienvenue (France)

42. Matt Gold - Low (USA)

41. Harel Skaat - Hollow (Israel)

40. Dương Triệu Vũ - Muộn Màng (Vietnam)

39. Josef Salvat - Open Season (Australia)

38. Greg Holden - Boys In The Street (USA)

37. Jack O'Rourke - Silence (Ireland)

36. Mashrou' Leila - 3 Minutes (Lebanon)

35. Troye Sivan - Fools (Australia)

34. Adam Lambert - Another Lonely Night (USA)

33. MIKA - Good Guys (UK/France)

32. Years & Years - Eyes Shut (UK)

31. Neon Trees - Songs I Can't Listen To (USA)

30 Nakhane Touré - The Plague (South Africa)

29. Christine and the Queens - Jonathan (Belgium)

28. Sam Smith - Like I Can (UK)

27. Troye Sivan - Talk Me Down (Australia)

26. MIKA - Staring At The Sun (UK/France)

25. NAT - TOL (Thailand)

24. Markus Feehily - Butterfly (Ireland)

23. Tiziano Ferro - Incanto (Italy)

22. Disclosure feat. Sam Smith - Omen (UK)

21. Steve Grand - Time (USA)

20. Tooji - Father (Norway)

19. Titica - Zongá (Angola)

18. A Great Big World - Hold Each Other (USA)

17. Kazaky - MILK-CHOC (Ukraine)

16. Years & Years - Shine (UK)

15. Toya Delazy - Why Hate (South Africa)

14. Sam Smith - Lay me Down (UK)

13. The Young Professionals feat. Anna F. - All Of It But Me (Israel)

12. Conchita Wurst - Heroes (Austria)

11. Ricky Martin - La Mordidita (Puerto Rico)

10. HUSH - Same [同一個答案] (Taiwan)

HUSH ဆိုတဲ့အမည်နဲ့ သီချင်းဆိုတဲ့ Chen Jiawei ဟာ ထိုင်ဝမ်မှ ဂေးအဆိုတော်တစ်ယောက်ဖြစ်ပြီး သူ၏ ဘဝအကြောင်းတွေကို သီချင်းမှ ဖော်ကြူးလေ့ရှိပါတယ်။ အဲ့ဒီအထဲမှာ ၂၀၁၅ နှစ်ကုန်ပိုင်းက ထွက်တဲ့ Same ဆိုတဲ့ သီချင်းကတော့ ထိုင်ဝမ်မှာ လိင်တူချစ်သူများ လက်ထပ်နိုင်ရေးတောင်းဆိုတဲ့ လှုပ်ရှားမှုကို ထောက်ပံ့ဖို့ သီဆိုထားတဲ့ တရုတ်အချစ်သီချင်းတစ်ပုဒ်ပါ။ ၂၀၁၅အတွင်း ကမ္ဘာအရပ်ရပ်မှာ အမေရိကန်အပါအဝင် လိင်တူချစ်သူများကို လက်ထပ်ခွင့်များ ပေးလာပြီးနောက် ထိုင်ဝမ်ဟာလည်း အာရှတိုက်မှ လိင်တူချစ်သူများကို လက်ထပ်ခွင့်အတွက် တတပ်တအား တောင်းဆိုလာခဲ့တဲ့ အတွက်အကြောင့် ဒီသီချင်းဟာလည်း အရေးပါတာမို့ HUSHရဲ့သီချင်းကောင်း  Same ကို ၂၀၁၅ ရဲ့ အကြိုက်ဆုံး LGBT သီချင်းများ ၁၀ ပုဒ်ထဲမှာ နံပါတ်(၁၀) နေရာနှင့် စတင်လိုက်ပါတယ်။



9. Troye Sivan - Wild (Australia)

၂၀၁၆နှစ်မှာ အသက်၂၀သာရှိသေးတဲ့ ကလေးYoutube သရုပ်ဆောင်ဟောင်း Troye Sivan ဟာ သြစတြေးလျကနေ ၂၀၁၅ ခုနှစ် အကုန်ပိုင်းလောက်မှာ သူရဲ့  ပထမဆုံးအခွေ Blue Neighbourhood ကို ထုတ်ဝေခဲ့ရာ ကမ္ဘာအရပ်ရပ်တွင် အောင်မြင်မှုများနှင့် လူကြိုက်များခဲ့ပါတယ်။ သူရဲ့ ပထမဆုံးဗီဒီယို WILD ဟာ ယောက်ျားလေးနှစ်ယောက်အကြား လူငယ်အချစ်ဇာတ်လမ်းတွဲပုံစံမျိုး ရိုက်ကူထားပြီး Youtube ပေါ်မှာ ကြည့်ရှုကြိမ် သန်း၃၀ကျော်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ မှစကာ ၂၀၁၆ အထဲမှာ လူကြိုက်များတဲ့ ကမ္ဘာကျော် လူငယ်တစ်ဦးဖြစ်လာကာ ကမ္ဘာအရပ်ရပ် ဂေးလူငယ်များရဲ့ အသဲစွဲအနေနှင့် အားတက်စရာ စံပြလူငယ်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပါတယ်။ သူရဲ့ သီချင်းဗီဒီယိုအတွဲသုံးပုဒ်ထဲက Fools နဲ့ Talk Me Down တို့ကလည်း ဆက်လက်အောင်မြင်ကာ လူကြိုက်များသီချင်းတွေ ဖြစ်ခဲ့ပါတယ်။ လုလင်မဂ္ဂဇင်းအတွက်တော့ သူရဲ့ ပွဲဦးထွက်အခွေထဲမှ WILD ကို ၂၀၁၅ ရဲ့ အကောင်းဆုံးသီချင်း နံပတ်(၉)နေရာကို ရွေးချယ်ပေးလိုက်ပါတယ်။



8. Hayley Kiyoko - Girls Like Girls (US)

အမေရိကန်-ဂျပန် ကပြား အဆိုတော် Hayley Kiyoko ရဲ့ Girls Like Girls သီချင်းဟာ လိင်တူချစ်သူအမျိုးသမီးနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ထားပြီး စာသားနဲ့ဇာတ်လမ်းကြောင့် ၂၀၁၅ ရဲ့ အမေရိကန် လိင်တူချစ်သူများ၏ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်သလို Hayley Kiyokoဟာ အမျိုးသမီးချင်းချစ်သူများအခွင့်အရေးဘက်မှ ရပ်တည်ပေးသူလည်း ဖြစ်ပါတယ်။ Girls Like Girlsသီချင်းဟာလည်း Youtube မှာကြည့်ရှုကြိမ် ၅၅ သန်းကျော်ရှိပါတယ်။


7. Adam Lambert - Ghost Town (USA)

အမေရိကန်အသည်းဆွဲ ဂေးအဆိုတော် Adam Lambert ကတော့ ၂၀၁၅ ခုနှစ်မှာလည်း သီချင်းတွေ ဆက်လက်ထုတ်ဝေနဆဲပါ။ သူ့ရဲ့တတိယအခွေ Original High အခွေထဲမှ Ghost Town သီချင်းဟာ နိုင်ငံတကာမှာ လူကြိုက်များပြီး Youtube မှာ ကြည့်ရှုကြိမ် ၈၈ သန်းရှိခဲ့ပါတယ်။



6. หมดใจไม่ใช่ความผิด (Running Out of Feelings Isn't a Mistake) - กลด ณรงกร อาร์ สยาม (Klod Narongkorn) (Thailand)

အာရှတိုက် သီချင်းကြိုက် ပရိတ်သတ်များအတွက် ထိုင်းသီချင်းအဆွေးများထဲက လိင်တူချစ်သူ အချစ်ဇာတ်များနဲ့ ရိုက်ကူးထားတဲ့  အဆိုတော် Klod Narongkorn ရဲ့ Mot Jai Mai Chai Kwahm Pit ဆိုတဲ့ သီချင်းကောင်းကို ၂၀၁၅ အကောင်းဆုံးထဲက တစ်ပုဒ်အဖြစ်လည်း ရွေးချယ်ပေးလိုက်ပါတယ်။ ထိုင်းဘာသာစကားနဲ့ သီဆိုထားတဲ့ ဒီသီချင်းဟာ ထိုင်းပရိသတ်တစ်ခုတည်းနှင့်ပင် Youtube ပေါ်မှာ ကြည့်ရှုကြိမ် ၅ သန်းကျော်ရှိပါတယ်။


5. Christine and The Queens - Christine (Belgium)

ဘယ်ဂျီယမ် လိင်တူချစ်သူအမျိုးသမီးအဆိုတော် Héloïse Letissier ဟာ Christine and The Queens နာမည်နဲ့ ဘယ်ဂျီယမ်မှာ Christine ဆိုတဲ့သီချင်းကို ပြင်သစ်လို ၂၀၁၄ နှစ်ကုန်လောက်မှ ပွဲဦးထွက် ထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့သီချင်း ငြိမ့်ငြိမ့်လေးနဲ့ လှပတဲ့ အကပါတဲ့ ဗီဒီယိုလေးဟာ ၂၀၁၅ တစ်နှစ်လုံး ထပ်ခါထပ်ခါ နာမည်ရနေခဲ့ပြီး သူ့ကို ဘယ်ဂျီယမ်ကနေ နိုင်ငံအများအပြားမှာ နာမည်ကျော်လာစေခဲ့ပါတယ်။ ဒါ့ကြောင့် Christine ဆိုတဲ့သီချင်းကို၂၀၁၅ ခုနှစ်ရဲ့ အကြိုက်ဆုံးသီချင်းများရဲ့ နံပါတ် (၅) နေရာမှာ ရွေးချယ်လိုက်ပါတယ်။


 4. Sam Smith - Writing's On The Wall (UK)

ဗြိတိသျှ လိင်တူချစ်သူအဆိုကျော် Sam Smith ဟာ သူရဲ့ ပထမဆုံးအခွေ In the Lonely Hour ထဲမှာ သီချင်းတွေနဲ့ ၂၀၁၅ မှာ ဆက်လက်အောင်မြင်နေခဲ့ပြီး နိုင်ငံတကာ အရောင်းစာရင်းတွေထဲမှာ အမြဲတမ်းထိပ်ဆုံးနေရာကို ဆက်လက်တည်ရှိနိုင်နေခဲ့သလို ဆုတွေလည်း ဆက်လက်ဆွတ်ခူးခဲ့ပါတယ်။ သူ့ရဲ့   Writing's On The Wall ဆိုတဲ့ သီချင်းက ၂၀၁၅ James Bond ဇာတ်ကား Spectre ရဲ့ ဇာတ်ဝင်သီချင်းအနေနဲ့ ထုတ်ဝေခဲ့သလို ဗြိတိသျှမှာ အရောင်းရဆုံး နံပါတ် (၁) နေရာကိုလည်း ရောက်ခဲ့ပြီး Youtube မှာကြည့်ရှုကြိမ်ပေါင်း သန်း ၁၀၀ ကျော်လည်း ရရှိခဲ့ပါတယ်။


3. Sia - Big Girls Cry (Australia)

သြစတြေးလျ လိင်တူလိင်ကွဲအဆိုတော် Sia ဟာ ကမ္ဘာတစ်ဝန်း LGBT အသိုင်းအဝိုင်းအတွက် အားထားစရာ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ရုံသာမက သြစတြေးလျတွင် လိင်တူချစ်သူများ လက်ထပ်ခွင့်ရေး အတွက် ရှေ့တန်းမှ ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ဧပြီလမှာ ထုတ်ဝေခဲ့တဲ့ Big Girls Cry ဆိုတဲ့သီချင်းက Youtube မှာ ကြည့်ရှုကြိမ်ပေါင်း သန်း ၂၀၀ နီးပါးရောက်ရှိနိုင်ခဲ့ပါတယ်။

 

 2. Years & Years - King (UK)

လိင်တူချစ်သူ အဖွဲ့ခေါင်းဆောင် Olly Alexander ပါဝင်တဲ့ ဗြိတိသျှအဖွဲ့ Years and Years အဖွဲ့ဟာ  ဗြိတိသျှ ပရိသတ်ကို ၂၀၁၅ မှာ သူတို့ရဲ့  King ဆိုတဲ့သီချင်းနဲ့ တနိုင်ငံလုံးရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပြီး နံပါတ်(၁)အရောင်းရဆုံးနေရာကိုရောက်သွားပါတယ်။ ဒီသီချင်းဟာ ဥရောပတခွင် အရောင်းစာရင်းတွေထဲမှာ ထိပ်ဆုံး ၁၀ အတွင်မှာ ရှိနေခဲ့သည်။ သူတို့ရဲ့ ပွဲဦးထွက် Communion အခွေထဲက သီချင်းတွေဟာ ဆက်တိုက် ဗြိတိသျှ ရောင်းရအကောင်းဆုံး သီချင်းတွေ ဖြစ်ခဲ့ပြီး သူတို့အဖွဲ့ဟာ ဗြိတိသျှ ဂီတဆုပေးပွဲမှာ ဆုများဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူ့တို့ရဲ့ King သီချင်းဟာ Youtube မှာ ကြည့်ရှုကြိမ် သန်း ၁၅၀ ရှိနေပါပြီ။ Olly Alexander ဟာလည်း ဗြိတိသျှ မီဒီယာမှာ အမြဲတမ်းသတင်းကောင်းများနဲ့ လိင်တူချစ်သူလူငယ်များ၏ ကြယ်ပွင့်တစ်ဦးဖြစ်နေခဲ့သလို ၂၀၁၅ တနှစ်ပတ်လုံး ဗြိတိသျှ ထိပ်တန်းအဆိုတော်အဖြစ် နေနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်  သူတို့ရဲ့ Communion အခွေထဲက ပထမဆုံး သီချင်း King ကို ၂၀၁၆ ရဲ့ နံပါတ်(၂)အဖြစ် ရွေးချယ်လိုက်ပါတယ်။


1. Conchita Wurst - You Are Unstoppable (Austria)

သြစတြီယားနိုင်ငံသား လိင်တူချစ်သူ Thomas Neuwirth တီထွင်ထားတဲ့ သရုပ်ကောင် Conchita Wurst ဟာ ၂၀၁၅တစ်နှစ်လုံးမှာ လိင်တူချစ်သူ သီချင်းလောကကို သူရဲ့သီချင်းကောင်းတွေနဲ့ လွှမ်းမိုးထားခဲ့ပါတယ်။ ၂၀၁၄ Eurovision သီချင်းဆိုပြိုင်ပွဲကို Rise Like a Phoenix ဆိုတဲ့ သီချင်းနဲ့ အနိုင်ရပြီးတော့ ဥရောပတခွင်မှာ ကျော်ကြားတဲ့ အဆိုတော်တစ်ဦး ဖြစ်လာပြီးနောက် ၂၀၁၅ မှာ သူရဲ့ ပထမဆုံးအခွေ Conchita ကို ထုတ်ဝေလိုက်ကာ ၂၀၁၅ တနှစ်လုံး သူရဲ့သီချင်းကောင်းတွေနဲ့ ဗီဒီယိုများ ဆက်တိုက်ရိုက်ကူးခဲ့ပါတယ်။ သူ့အခွေက  သြစတြီယားမှာ ရောင်းရဆုံးအခွေဖြစ်ခဲ့သလို ဥရောပတခွင်မှာလည်း ရောင်းအားကောင်းခဲ့ပါတယ်။ သူဟာသြစတြီးယားရဲ့ ၂၀၁၅ Amadeus ဂီတဆုပေးပွဲမှာလည်း တစ်နှစ်တာ အကောင်းဆုံး အဆိုတော်ဆု နဲ့ သီချင်းဆုတွေကို ဆွတ်ခူးခဲ့ပါတယ်။ သူ့ရဲ့ You Are Unstoppable ဆိုတဲ့သီချင်းဟာ လူတိုင်းဟာ အရာရာကို ဖြစ်အောင်ရယူနိုင်ပြီး မည်သူမှ မတားနိုင်ကြောင်းဆိုတဲ့ အမှာစကားနဲ့ ရေးသားထားပါတယ်။ ဒီသီချင်းဟာ အမေရိကန်နိုင်ငံ 2015 CONCACAF ဘောလုံးဖလားရဲ့ အဖွင့်သီချင်းအဖြစ်လည်း ရွေးချယ်ခဲ့ပါတယ်။

Eurovision သီချင်းဆိုပြိုင်ပွဲကို အနိုင်ရပြီး သူဟာ နိုင်ငံတကာ LGBT စံပြပုဂ္ဂိုလ်အဖြစ် ကမ္ဘာကျော်သူ ဖြစ်လာခဲ့ပါတယ်။ သူ့ကို ကမ္ဘာအရပ်ရပ်ရှိ Pride ဂုဏ်ယူချီတက်ပွဲတော်များမှာ ဖျော်ဖြေရန် ဖိတ်ခေါ်ခဲ့သလို ဥရောပသမဂ္ဂရုံး နှင့် ကမ္ဘာ့ကုလ သမဂ္ဂရုံးတို့ကလည်း ဖိတ်ကြားခဲ့ပါတယ်။ သူရဲ့သီချင်းကောင်းတွေက လူတွေကို အားတက်စေတဲ့ စာသားတွေနဲ့ပြည့်နေပြီး သြဇာရှိပြီး ရဲ့ရင်တဲ့ အဆိုတော်ကောင်းအနေနဲ့ လူအများကို ပြသနိုင်ခဲ့ပါတယ်။ သူရဲ့ သရုပ်ကောင် ကွန်ချီတာ ဟာ မုတ်ဆိတ်နဲ့ အမျိုးသမီးလို့ ထင်ရှားပြီး သူဟာ လူအများကို ယောက်ျားမိန်းမ သတ်မှတ်မှုများ၏ တားဆီးမှုများကို စိန်ခေါ်လိုသည့် သဘောနှင့် သရုပ်ဖော်ထားပြီး ကျားမမရွေး ဘဝမှာ ဘာမဆိုဖြစ်အောင် ရယူနိုင်သည်ဆိုသော အဓိပ္ပာယ်ကို ပြသလိုခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ကွန်ချီတာရဲ့ သီချင်းကောင်းတွေအများကြီး ပါဝင်တဲ့ Conchita အခွေထဲမှ You are Unstoppable ဆိုတဲ့သီချင်းကို ၂၀၁၅ ရဲ့ အကောင်းဆုံး သီချင်းအဖြစ်ရွေးချယ်လိုက်ရပါတယ်။

0 comments

၂၀၁၅ ခုနှစ်သည် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှုအတွက် အောင်ပွဲခံသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်

ဤဆောင်းပါးကို မူရင်း စာမျက်နှာ ကမ္ဘာ့အသံမြန်မာ (Global Voices) မှ တိုက်ရိုက် ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။
ရေးသားသူမှာ Jaime Vidal Melero ဖြစ်ပြီး
Thant Sin မှ ဘာသာပြန် ထားပါသည်။

LGBT parade in front of La Moneda, Santiago de Chile in 2009. In 2015 Chile became the seventh South American country to recognise same-sex unions. PHOTO: By CiudadanoGay (Picasa) [CC BY 3.0) via Wikimedia Commons
၂၀၀၉ ခုနှစ် ချီလီ နိုင်ငံ La Moneda အရှေ့ရှိ LGBT စီတန်းလှည့်လည်ပွဲ။ ၂၀၁၅ တွင် ချီလီနိုင်ငံသည် တောင်အမေရိက နိုင်ငံများထဲမှ လိင်တူချင်း တရားဝင် ပေါင်းစဉ်းမှုကို အသိအမှတ်ပြုသော ၇ နိုင်ငံမြောက် ဖြစ်လာသည်။ PHOTO: By CiudadanoGay (Picasa) [CC BY 3.0) via Wikimedia Commons
၂၀၁၅ ခုနှစ်သည် လိင်တူချစ်သူ (LGBTI) အခွင့်အရေးများနှင့် ကမ္ဘာတစ်ဝှမ်းတွင် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှု (Sexual Diversity) နယ်ပယ်တွင် (အထူးသဖြင့် တန်းတူ ထိမ်းမြားလက်ထပ်ခွင့် နှင့် လိင်တူချစ်သူများ တရားဝင် ပေါင်းစည်းနိုင်ခွင့် တို့တွင်) အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

ပထမဆုံး သတင်းကောင်းမှာ ကက်သလစ်ဘာသာဝင် အများစုနေထိုင်နေသော၊ ၁၉၉၃ ခုနှစ်ကမှ လိင်တူချစ်ခြင်းကို ပြစ်မှုစာရင်းမှ ထုတ်ပယ်ခဲ့သော အိုင်ယာလန်တွင် မေလ ၂၂ ရက်နေ့၌ နိုင်ငံသားများအား ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ လိင်ပေါ်အခြေခံကာ ခွဲခြားသတ်မှတ်ထားခြင်း ရှိသင့်မရှိသင့် မဲခွဲဆုံးဖြတ်ဖို့ ခေါ်ယူခြင်းဖြင့် စတင်ရောက်ရှိလာပါသည်။ အိုင်ယာလန်၏ မဲပေးသူများသည် ၆၂ ရာခိုင်နှုန်း မဲအသာဖြင့် တန်းတူညီမျှထိမ်းမြားလက်ထပ်ခွင့်ကို အသိအမှတ်ပြုဖို့ ထောက်ခံခဲ့ကြရာ အိုင်ယာလန်သည် လိင်တူချစ်သူများ ထိမ်းမြားလက်ထပ်ခွင့်ကို လူအများစုမဲနှင့် ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

နောက်တစ်လအကြာ ဇွန်လ ၂၆ ရက်တွင် အိုဘာဂီဖဲလ် နှင့် ဟော့ဂျ် တို့၏ အမှုအပေါ် အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်က အဆုံးအဖြတ်ကို ရည်ညွှန်းသော ချစ်ခြင်းမေတ္တာ အောင်နိုင်ပြီ ဟု အဓိပ္ပါယ်ရသည့် #LoveWins hashtag များဖြင့် ကမ္ဘာတစ်ဝန်း လူမှုကွန်ရက်များ၌ တောက်ပလာခဲ့သည်။ ထိုအမှုတွင် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရ လိင်တူချစ်သူစုံတွဲများကို ပြည်နယ်တိုင်းမှ ထိမ်းမြားလက်ထပ်ခွင့် ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။ တရားသူကြီး အန်ထော်နီအမ်ကနေဒီသည် သမိုင်းဝင်ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အောက်ပါအတိုင်း ဆိုခဲ့သည်။
No union is more profound than marriage, for it embodies the highest ideals of love, fidelity, devotion, sacrifice, and family. In forming a marital union, two people become something greater than once they were. As some of the petitioners in these cases demonstrate, marriage embodies a love that may endure even past death. (…) Their hope is not to be condemned to live in loneliness, excluded from one of civilization's oldest institutions. They ask for equal dignity in the eyes of the law. The Constitution grants them that right.
လက်ထပ်ခြင်းထက် ကြီးမြတ်တဲ့ ပေါင်းစည်းမှုဆိုတာ မရှိပါဘူး။ အကြောင်းကတော့ လက်ထပ်ခြင်းဟာ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ တစ်ဦးပေါ်တစ်ဦး ပေးအပ်မြှုပ်နှံခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း နဲ့ မိသားစု တို့ရဲ့ အမြင့်မားဆုံးစံနှုန်းတွေကို ဖော်ကျူးလို့ပါပဲ။ လက်ထပ်ထိမ်းမြားတဲ့အခါမှာ လူနှစ်ယောက်ဟာ အရင်ကထက် ပိုမိုကြီးမြတ်လာပါတယ်။ လက်ထပ်ခြင်းဟာ သေလွန်ပြီးတဲ့နောက် ဆက်လက်တည်တံ့တဲ့အချစ်ကို ဖော်ကျူးတယ်ဆိုတာ ဒီဖြစ်စဉ်တွေမှာ လက်မှတ်ထိုးတောင်းဆိုသူတွေက သက်သေပြခဲ့ပါပြီ။ (…) သူတို့ကို လူ့ဘောင် ယဉ်ကျေးမှု၏ အဓွန့်အရှည်ကြာဆုံး ထုံးတမ်းဓလေ့မှ ဖယ်ကျဉ်မထားကာ သူတို့ရဲ့ မျှော်လင့်ချက်တွေကို အထီးကျန်မှုထဲမှာ ကျန်မနေရအောင် ရှုတ်ချမှု မပြုအပ်ပါ။ သူတို့ဟာ တရားဥပဒေရဲ့အောက်မှာ တန်းတူညီမျှစွာ သိက္ခာရှိရှိ နေနိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက အဲဒီ့အခွင့်အရေးကို အပ်နှင်းပေးလိုက်တာပါပဲ။
ဇွန်လ ၂၁ ရက်တွင် အီတလီနိုင်ငံသည် လိင်တူချစ်သူစုံတွဲများကို အသိအမှတ်ပြုရန်နှင့် အကာအကွယ်ပေးရန် တရားဥပဒေ မူဘောင်ကို ထောက်ပံ့ပေးဖို့ ပယ်ချခြင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပကွန်ဗင်းရှင်း အပိုဒ်ခွဲ ၈ ကို ချိုးဖောက်ရာကျသည်ဟု လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုအပိုဒ်ခွဲ ၈ အရ လူတိုင်း၏ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ဘဝနှင့် မိသားစုဘဝကို လေးစား အသိအမှတ်ပြုပေးရမည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်မှာ တူးနန်နှင့် သြစတြေးလျပြည် အမှုမှ လိင်တူဆက်ဆံခြင်းကို တားမြစ်ထားသော သြစတြေးလျ ဥပဒေကို ပယ်ဖျက်စေခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ လိင်တူချစ်သူ အခွင့်အရေးနယ်ပယ်၌ ဥပဒေဆိုင်ရာ အောင်မြင်မှုကြီး တစ်ခုဖြစ်ကောင်း ဖြစ်နိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ ၁၉၉၄ ဆုံးဖြတ်ချက်အရလည်း အရွယ်ရောက်ပြီးသူများကြား လိင်ဆက်ဆံမှုကို နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ သဘောတူညီမှု အပိုဒ်ခွဲ ၁၇ အရ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ဘဝဟူသော ခေါင်းစဉ်အောက်၌ အကာအကွယ်ပေးထားပြီး ဖြစ်သည်။

SCOTUS Marriage Equality 2015: Supreme Court of the United States ends marriage discrimination. PHOTO: Ted Eytan (CC BY-SA 2.0)
SCOTUS ၂၀၁၅ တန်းတူ လက်ထပ်ထိမ်းမြားခွင့်။ ။အမေရိကန်ပြည်ထောင်စု နိုင်ငံတော် တရားရုံးချုပ်သည် လက်ထပ် ထိမ်းမြားခွင့် ခွဲခြားထားခြင်းကို အဆုံးသတ်သည်။ PHOTO: Ted Eytan (CC BY-SA 2.0)
၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ချီလီကလည်း လိင်တူစုံတွဲများ ထိမ်းမြားလက်ထပ်ခွင့်ရရှိခြင်းအတွက် အောင်ပွဲဆင်နိုင်ခဲ့ရာ ၄င်းသည် လိင်တူချင်း ထိမ်းမြားမှုကို တရားဥပဒေအရ အသိအမှတ်ပြုသော သတ္တမမြောက် တောင်အမေရိကနိုင်ငံ ဖြစ်လာခဲ့သည်။ လိင်တူချစ်သူများကို လူရာမဝင်သူများဟုဆိုတာ ဖမ်းဆီးပြီး အကျဉ်သား စခန်းများတွင် နှိပ်စက်ခဲ့သော သမ္မတ အီဘန်ညက်ဇ် ဒယ် ကမ်ပို (Ibañez del Campo) ၏ ဆိုးရွားသော နေ့ရက်များမှာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ဆာလဗာဒေါလ် အာလန်ဒီ (Salvador Allende) ၏ လူအများစုပေါင်းစည်းညီညွတ်ရေးပါတီ နှင့်အတူ လိင်တူချစ်သူမုန်းတီးရေးများကို ဖြန့်ဝေခဲ့သည့် လက်ဝဲယိမ်းသတင်းစာ ကလာရင် (Clarin) သည်လည်း အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

ကိုလံဘီယာ၏ တရားလွှတ်တော်တရားရုံးက လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ကို ခွင့်ပြုပေးခဲ့
တန်းတူညီမျှအခွင့်အရေးများကို အသိအမှတ်ပြုခြင်းမှာ လိင်တူစုံတွဲများ ကလေးမွေးခွင့် ရရှိခြင်းလည်း ပါဝင်သည်။ နိုဝင်ဘာလ ၄ ရက်တွင် ကိုလံဘီယာတရားရုံးက ကလေးမွေးစားခြင်း ဝန်ဆောင်မှုအေဂျင်စီများကို လိင်တူစုံတွဲများအား ခွဲခြားခြင်းမပြုရန် ညွှန်ကြားခဲ့သည်။ ၉ နာရီကြာ အပြန်အလှန်ငြင်းခုန်အပြီး လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ပေးရန် တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။ လူတစ်ယောက်၏ လိင်စိတ်ကိုင်းညွတ်မှု သပ်သပ်ဟာ ကလေးမွေးစားဖို့ ကျင့်ဝတ်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ သင့်တော်မှု ချို့တဲ့ခြင်းကို မညွှန်းဆိုနိုင်ပါဘူး ဟု တရားသူကြီး မာရီယာ ဗစ်တိုးရီးယား ကာရေး ကောရေးယား (Maria Victoria Calle Correa) က ဆိုသည်။ လိင်တူလက်ထပ်ခွင့်ကို လွန်ခဲ့သောငါးနှစ်က ခွင့်ပြုခဲ့သော ပေါ်တူဂီကလည်း လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ကို ခွင့်ပြုခဲ့ပြန်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် လွှတ်တော်ရှိ လက်ဝဲဝါဒီများသည် လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ရရှိရေးနှင့် intro-vitro fertilisation ကို လက်လှမ်းမှီ ရရှိရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ထိုတောင်းဆိုမှုများကို နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးခဲ့ပြီး သမ္မတမှ လက်မှတ်ထိုးရန်သာ ကျန်တော့သည်။

ထိုသို့ ၂၀၁၅ သည် လူအများအတွက် အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ခဲ့သော်လည်း LBGTI အသိုင်းအဝန်းရှိ transgender နှင့် intersex လူဦးရေ အတွက်တော့ သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ကျားမကူပြောင်းထားသူ (Transgender) နှင့် လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ (Intersex) တို့၏ အသိုင်းအဝန်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး အချို့နေရာများတွင် ဘဝ ကောင်းကောင်း တိုးတက်လာသည် မရှိသေးပါ။ ယခုလက်ရှိတွင် ထိုသူများမှာ အခြားသူများနှင့် ယှဉ်လျင် တန်းတူနေရာ မရနိုင်သေးပဲနှင့် အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး လွန်ကဲသော လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းများလည်း တွေကြုံနေရသေးသည်။
(လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ရုပ်ဝိသေသ) #SOGI အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှုများ။ #EU တွင် လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူများ အပေါ် ဆိုးရွားသော နည်းလည်မှု
လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူများ အဖို့အတွက်မူ ဝမ်းနည်းစရာကောင်းသည်မှာ လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ ကလေးများကို မလိုအပ်သော ခွဲစိတ်ကုသမှုများနှင့် အခြားကုထုံးများကို အသုံးပြုကာ ကျား သို့မဟုတ် မ ဟူသော ပုံသေစွဲထားသည့် နှစ်မျိုးထဲမှ တစ်မျိုးကို ဆန့်ဝင်ရန် ပြုလုပ်ခြင်းမှာ ပုံမှန်လုပ်လေ့လုပ်ထရှိသော အလေ့အကျင့်တစ်ခုလို ဖြစ်နေသည်။ နောက်ပြန်ဆုတ်၍ မရသော ထို ခွဲစိတ်မှုအဆင့်ဆင့်ကြောင့် သေရာပါထိ သားသမီးမရနိုင်ခြင်း၊ နာကျင်မှု၊ ဆီးမထိန်းနိုင်ခြင်း၊ ကာမ ထိတွေ့မှု မခံစားနိုင်တော့ခြင်း နှင့် တသက်လုံး စိတ်ကျန်းမာရေးထိခိုက်ခြင်း အစရှိသည့် ဆိုးကျိုးများ ဖြစ်လာနိုင်သည်။ ထို့အပြင် ထိုခွဲစိတ်မှုများကို ကာယကံရှင်၏ ခွင့်ပြုချက်နှင့် ဆန္ဒလိုက်လျောက်ခြင်း မပါပဲ ပြုလုပ်နေကြခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် ဧပြီလတွင် Transgender Europe အမည်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းသည် ဘာသာစကားစုံ အွန်လိုင်းဂျာနယ် လီမီနယ်လစ်နှင့် ပူးပေါင်း၍ ကျားမကူပြောင်းထားသူ အသတ်ခံရမှုများနှင့် ပက်သက်သော အချက်အလက်စုဆောင်းခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စိစစ်ခြင်းများပြုလုပ်သော သုတေသန စီမံကိန်းတစ်ခုကို စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ်အစပိုင်းကတည်းက ကျားမကူပြောင်းထားသူများသည် ပျမ်းမျှအားဖြင့် သုံးရက်လျှင် တစ်ယောက် အသတ်ခံနေရသည်။ ထို စီမံကိန်း (Transgender EuropeTrans Murder Monitoring project) အရ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလအထိ လူသတ်မှု အနည်းဆုံ ၂၇၁ မှုရှိခဲ့ရာ သုံးဆယ့်ခြောက်နာရီတွင် တစ်ယောက်မျှ အသတ်ခံနေရခြင်းပင် ဖြစ်သည်။
ဒီနေ့ဟာ အရေးကြီးတဲ့နေ့ပါ။ ဒီနေ့ဟာ ကျားမကူပြောင်းထားသူများအတွက် အမှတ်တရနေ့ #TDOR ပါ။ ဒါကို ငါတို့အားလုံး အမှတ်ရနေကြပါတယ်။
ယခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆယ့်ခြောက်ကြိမ်မြောက် နှစ်စဉ် ကျားမကူပြောင်းထားသူများအတွက် အမှတ်တရနေ့ကို ကျင်းပခဲ့ ကြသည်။ ၁၉၉၈ ခုနှစ်တွင် မက်ဆာချူးဆက်၌ ကျားမပြောင်းလဲထားသူ အမျိုးသမီး ရီတာ ဟက်စတာ အသတ်ခံရပြီးနောက် ၄င်းကို တုန့်ပြန်သည့် အနေဖြင့် ၁၉၉၉ ခုနှစ်မှစ၍ စတင်ကျင်းပခဲ့သည်။ ထိုမှစ၍ ကျားမပြောင်းလဲထားသူများအား မှန်းတီးမှုဖြင့် အကြမ်းဖက်မှုကြောင့် သေဆုံးသွားရရှာသော ဘဝများကို အမှတ်ရ ဂုဏ်ပြုသည့် အနေဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ထိုကဲ့သို့ များပြားလှသော ထိခိုက်ခံနေရသည့် အရေအတွက်များကြောင့် အချို့ ကျားမကူပြောင်းသူ အခွင့်လှုပ်ရှားသူများနှင့် မဟာမိတ်များသည် အမှတ်တရနေ့အစား ကျားမပြောင်းလဲထားသူများ ကြံကြံခံ ရှင်သန်နိုင်သောနေ့ (Transgender Day of Resilience) ဟု ပြောင်းလဲကျင်းပရန် အဆိုပြုခဲ့ကြသည်။ ကျားမပြောင်းလဲထားသူ ဂျာနယ်လစ် Claire-Renee Kohner က Bustle တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။
Transwomen are the most visible on the trans-spectrum and it’s easy to forget that transmen exist and experience a greater level of erasure than us women. Transman Michael Hughes, who brought the recent influx of bathroom bill legislation into perspective by posting selfies of himself in a women’s restroom, told Bustle, “I'm glad there's a 'day' that people new to the table, new to these conversations, can get involved. But like you, I feel every day is a day of visibility for us; It's 24/7/365 for trans people.”
ကျားမကူးပြောင်းသူ အမျိုးသမီးများဟာ ကျားမကူးပြောင်းသူ နယ်တစ်ဝန်းတစ်လျားမှာ လူအများ သိမြင်တာ ရှိပါတယ်။ ဒါပေမဲ့ ကျားမကူးပြောင်းသူ အမျိုးသားများလည်း ရှိသေးပြီး အမျိုးသမီးတွေလောက်ကိုပဲ ပစ်ပယ်ခံနေရတယ် ဆိုတာကိုတော့ မေ့လွယ်ပါတယ်။ အမျိုးသမီး သန့်စင်ခန်းတွေထဲမှာ ကိုယ့်ကိုယ်ကိုဓာတ်ပုံတွေရိုက်ပြီး အများသုံး သန့်စင်ခန်း ဥပဒေ ပြဌာန်းဖို့ လူအများ သဘောပေါက် လာအောင် ပြုလုပ်ခဲ့တဲ့ ကျားမကူးပြောင်းသူ အမျိုးသားများ မိုက်ကယ် ဟုဂျက်စ် က Bustle ကို ဒီလိုပြောပါတယ် "အသစ်အဆန်း ဖြစ်နေတဲ့ လူတွေနဲ့ ဒီအကြောင်းကို ဆွေးနွေးဖို့ ဆန်းနေတဲ့ လူတွေအတွက် ပါဝင်လာဖို့ ဒီလိုမျိုး 'ရက်တစ်ရက်' ရှိနေတာကို ကျွန်တော် ဝမ်းသာပါတယ်။ ဒါပေမဲ့ ခင်ဗျားလိုပါပဲ ကျွန်တော်အတွက်တော့ နေ့စဉ်နေ့တိုင်းဟာ ကျွန်တော်တို့ ထင်ရှားမြင်သာစေရမယ့် နေ့တွေပါပဲ။ ကျားမပြောင်းသူတွေ အတွက်ကတော့ ဒီဟာက ၂၄/၇/၃၆၅ ပါပဲ။
လှပပါတယ်။ လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ အခွင့်အရေးလှုပ်ရှားသူများနှင့် ဟီဂျရာ (ကျားမပြောင်းလဲထားသူ အမျိုးသမီး) တွေ အိန္ဒိယမှာ ခွဲခြားဆက်ခံမှုကို ဆန္ဒပြဖို့ စုရုံးနေကြပါတယ်။
0 comments

HIV တကယ် ကူးစက်စေတဲ့ ဘဝနေထိုင်ပုံမျိုး

ယနေ့ခေတ် လိင်တူချစ်သူများဖို့ တစ်ယောက်နှင့် တစ်ယောက်တွေ့ဖို့ နည်းပညာက လွယ်ကူအောင်ပြုလုပ် ပေးနေပါတယ်။ smart ဖုန်း တွေကနေတဆင့် လိင်တူချစ်သူယောက်ျားတွေပဲ သုံးစွဲတဲ့ နေရာပြ application တွေဖြစ်တဲ့ grindr တို့ jack'd တို့ပဲ ဖြစ်ဖြစ် ဖူးစာရှာဖွေရေး application ဖြစ်တဲ့ tinder ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် Facebook group တွေကနေ အချိတ်အဆက်တွေ ပြုလုပ်ပြီးပဲ ဖြစ်ဖြစ် တွေ့ပြီး လိင်ဆက်ဆံဖို့ ချိန်းတွေ့လို့ရနေတဲ့ ခေတ်ကို ရောက်နေပါတယ်။ ကျွန်တော်တို့ဟာ ယောက်ျားချင်းမို့ ကိုယ်ကြိုက်တဲ့သူနဲ့ တွေ့တိုင်း လိင်ဆက်ဆံဖို့ ဝန်လေးစရာမလိုတဲ့ အခြေအနေပိုင်ဆိုင်တာမို့ လိင်ဆက်ဆံဖော်များတာဟာ ဘာမှ မဆန်းသလိုပါပဲ။ လိင်ဆက်ဆံဖော်များတယ်ဆိုရင် အထူးသဖြင့် ကိုယ့်ရဲ့ ဆက်ဆံဖော်ရဲ့ နောက်ကြောင်းနှင့် ကျန်းမာရေး အခြေအနေကို မသိတဲ့အခါ လိင်မှ တဆင့်ကူးစက်တဲ့ ရောဂါများရရှိဖို့ အခွင့်အလမ်းတွေ များလာတာကို ဆိုလိုတာပါ။ အဲ့ဒီ အထဲမှာမှ အရက်မူးနေတာမျိုးဆိုရင် ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးဖို့ သတိမရတော့ပဲ ပိုအန္တရာယ် များလာတာပါပဲ။ ကူးနိုင်သမျှ ရောဂါတွေထဲမှာ HIV ပိုးကတော့ ပျောက်ကင်းအောင် ကုသလို့ မရသေး တဲ့အတွက် ဒုက္ခအပေးနိုင်ဆုံးလို့ ဆိုနိုင်ပါတယ်။

အဓိက ကတော့ တစ်လကို ဘယ်နှယောက်နှင့်ပဲ တွေ့နေပစေ ကိုယ့်အတွက် လိင်ဆက်ဆံတဲ့ အခါမှာ အကာအကွယ်သုံးပြီး ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးဖို့ သတိရှိနေဖို့ အရမ်းအရေးကြီးတာပါ။ ဆိုလိုတာက တစ်လကို ဆယ်ယောက်လောက်ပဲတွေ့တွေ့ တစ်နှစ်လုံးနေမှ တစ်ယောက်လောက်ပဲတွေ့တွေ့ အကာအကွယ်မသုံးဘူးဆိုရင် အဲ့ဒီ တစ်ယောက်ထဲကပဲ ပိုးရှိနေခဲ့ရင် ကိုယ့်ကို ကူးမှာပါပဲ။

လိင်တူချစ်သူတွေ အချို့ဟာ အကာအကွယ် သုံးဖို့ မေ့လျော့တတ်ကြပါတယ်။ အထူးသဖြင့် အရက်မူးနေမယ် မူးယစ်ဆေးသုံးထားမယ်ဆိုရင် အမှန်တရားကို ခွဲခြားဝေဖန်နိုင်စွမ်း ကင်းလွတ်သွားပါပြီ။

အဲ့ဒီအထဲမှာမှ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က သင့်ကို သူ့မှာ HIV ရှိပါတယ်လို့ ပြောတဲ့ အခါ ငြင်းပယ်မိတာပဲဖြစ်ဖြစ် အကာအကွယ်သုံးပြီး ဆက်ဆံလိုက်တာမျိုးပဲဖြစ်ဖြစ် လုပ်တတ်ကြပေမဲ့ အများလုပ်မိတဲ့ အမှားကြီးက လိင်ဆက်ဆံဖော်က သူ့မှာ HIV မရှိပါဘူးလို့ ပြောတဲ့အခါ အကာအကွယ်ကို သုံးဖို့ ပေါ့လျော့တာပါ။

ဘယ်သူကမှ လိမ်ပြောမှာ မဟုတ်ပါဘူး။ HIV မရှိပါဘူးလို့ ပြောတဲ့သူကလည်း ရှိနေတာကို လိမ်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံဖော်က သူ့မှာ HIV ရှိပါတယ် ပြောတဲ့သူအတွက် သေချာတာက သူ့မှာ ကူးစက်ခံထားရတာသိတယ်၊ ကုသမှုခံယူနေပြီး ဆေးပုံမှန်သောက်နေပြီး ပိုးကောင်ရေကို ထိမ်းထာတာမို့ ရှာဖွေ့တွေ့ရှိနိုင်လောက်တဲ့ ပိုးကောင်ရေမရှိတဲ့အတွက် သင့်ကို ကူးစက်နိုင်ခြေ နည်းပါတယ်။ အကာအကွယ်သုံးလိုက်ရင် ကူးစက်စရာ အကြောင်းမရှိပါဘူး။

တကယ့် ပြသနာက...

ကိုယ့်ကို သူ့မှာ HIV မရှိပါဘူးလို့ ပြောတဲ့သူက လိင်ဆက်ဆံဖော်များပြီး အသိသတိမကြီးတဲ့ သူတစ်ယောက်ဆိုရင် လွန်ခဲ့တဲ့ ၆ ပတ်အတွင်းမှာ ဆက်ဆံခဲ့သမျှထဲမှာ တစ်ယောက်ယောက်နဲ့ အကာအကွယ် သုံးဖို့ မမေ့နိုင်ခဲ့ဘူးဖူးလို့ ပြောလို့မရပါဘူး။ သူ မလိမ်ပါဘူး။ အရင် တစ်ပတ်ကမှ HIV စစ်ထားတာ HIV မရှိပါဘူးလို့ ပြနေတာပဲလေ။ ဒါပေမဲ့ အဲ့ဒီ စစ်ဆေးချက်က လွန်ခဲ့တဲ့ ၆ ပတ်အတွင်းမှာ ဖြစ်ခဲ့တာတွေ ပြချင်မှ ပြမှာပါ။ ပိုဆိုးတာက လူတစ်ယောက်က ပိုးကူးကူးပြီးချင်း ပထမ ၁၀ ပတ်အတွင်းမှာ အလွန် ပိုးကူးလွယ်စေတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ သူနဲ့ ဘယ်လိုနည်းနဲ့ ဆက်ဆံဆက်ဆံ ပိုးကူးဖို့ လွယ်ပါတယ်။ အထူးသဖြင့် အရက်မူးနေတာ၊ ဆေးရှိန်တက်နေတာမျိုးဆိုရင် သင့်အတွက် အလွန် အန္တရာယ် များပါတယ်။

အဲ့တော့ ကိုယ်နဲ့ အကာအကွယ် မသုံးပဲ ဆက်ဆံခဲ့တဲ့သူက လွန်ခဲ့တဲ ၆ ပတ်အတွင်းမှာ ဘယ်သူနဲ့မှ အကာအကွယ် မပါပဲ လိင်မဆက်ဆံခဲ့ပါစေနဲ့လို့သာ ထိုင်ဆုတောင်းရုံသာ ရှိတော့မှာပါ။ အထူးသဖြင့် လူတွေများကြီးနဲ့ ပါတီတွေမှာ မူးမူးရူးရူး အကာအကွယ် မသုံး၊ ဘေးကင်းတဲ့ နည်းမသုံးပဲ လိင်ဆက်ဆံမိတိုင်း လူအသစ်တစ်ယောက်ကို ကူးဖို့ အခွင့်သာသွားတဲ့ ပုံစံမျိုးနဲ့ သံသယာလည်နေ သလိုပါပဲ။  အဲ့လိုနဲ့ပဲ HIV ပြန်ပွားနှုန်းက များပြားလာပါမယ်။

အကယ်၍ သင်က အပေါ်က ပြောတဲ့သူတွေထဲမှာ တစ်ယောက် အပါအဝင်ဆိုရင် အကောင်းဆုံးက အမြန်ဆုံး ဆေးကို ခဏခဏ စစ်ဖို့ လိုနေပါပြီ။ အမြဲတမ်း အကာအကွယ် မသုံးပဲ ဆက်ဆံနေရင် တစ်လ တစ်ခါကနေ ၃ လတစ်ခါ အမြဲပုံမှန် စစ်ပေးရပါမယ်။ တကယ်လို့ လွန်ခဲ့တဲ့ ရက်သတ်တပတ် အနည်းငယ်က ပိုးကူးခဲ့ရင် သင်ဟာ လည်ချောင်းနာတာ၊ ဖျားတာ၊ ညဘက်ချွေးထွက်လွန်တာ၊ ပင်ပန်းလွန်းတာ၊ ဝမ်းပျက်တာ၊ တကိုယ်လုံး ယားယံတာ နဲ့ ယောင်ယမ်းတာတွေ စတဲ့ လက္ခဏာတွေကို သင် ခံစားရပါလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒါတွေကို တွေ့ခဲ့ရရင် လစ်လျူရှုထားလို့ မရတော့ပါဘူး။ သင့်ခန္ဓာကိုယ်က sero-conversion လို့ခေါ်တဲ့ အဆင့်ကို ခံစားနေရတာဖြစ်ပြီး အဲ့ဒီကာလမှာ သင်နဲ့ ဆက်ဆံသမျှ လူတိုင်းကို ပိုးပေးဖို့ အလွယ်ကူဆုံး အခြေအနေကို ရောက်နေပါတယ်။ သင့်အတွက်လည်း အန္တရာယ် အလွန်များပါတယ်။ ဆရာဝန်ဆီ အမြန်သွားပြီး သင့်ရဲ့ အခြေအနေတွေနဲ့ လက္ခဏာတွေကို အစီရင်ခံသင့်ပါတယ်။ ဆေးခန်းက သင်ဘယ်လို ခံစားနေရတယ်ဆိုတာကို သိမှ ဘယ်လို ဆေးစစ်မှုမျိုးကို ပေးရမယ်ဆိုတာကို ပြောလို့ရမှာပါ။ ဆေးခန်းက သင့်ကို အပြစ်တင်မှာလဲ မဟုတ်သလို သင့်ရဲ့ ရေရှည် ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်မှုကို ပြုလုပ်ပေးမှာပါ။ သင့်အတွက် လောလောဆယ်မှာ အသက်အန္တရာယ်ဆိုးရိမ်စရာလို့ မဟုတ်ပေမဲ့ သင့်ပတ်ဝန်းကျင်အတွက် ဒါက တာဝန်သိတတ်တဲ့ လုပ်ရပ်တစ်ခုပါ။

ယခုခေတ်မှာ HIV က လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလို ဆိုးရွားစွာ သက်ရောက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ အရာ မဟုတ်တော့ပေမဲ့ HIV ကူးဆက်ပုံကတော့ သိပ်မရိုးရှင်းလှပါဘူး။ အဓိက ကတော့ ကျွန်တော်တို့ အသိုင်းအဝန်းအကြားမှာ HIV ရှိတဲ့သူတွေကို နှိမ့်ချမှုတွေ၊ အမြင်ဆိုးတွေ၊ ပစ်ပယ်မှုတွေနဲ့ မဆက်ဆံပဲ ကြင်နာစွာလက်တွဲခေါ်ပါမှ လူတိုင်းက HIV ကို မကြောက်တော့မှာပါ။ ယနေ့မှာ HIV ကြောင့်ရတဲ့ ကျန်းမာရေးဆိုးကျိုးထက် ပတ်ဝန်းကျင် အသိုင်းအဝန်းကပေးတဲ့ လူမှုရေးဆိုးကျိုးက ပို၍နာကျင်စေပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနှင့် သတိကင်းမှုတွေက ယနေ့ HIV ပြန့်ပွားမှုကို အကြီးမား ခြိမ်းခြောက်မှု ပါပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ဘဝနေထိုင်ပုံနှင့် ကျန်းမာရေး အခြေအနေကို အမြဲသတိရှိနေပြီး နေထွေးတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခွင့်ရရင် ဒါတွေအားလုံးကို ကျော်လွားလို့ရမှာပါလို့သာ ပြောချင်ပါတယ်။

ကျန်းမာပျော်ရွင်တဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။
0 comments

အိန္ဒိယ ကျားမပြောင်း ဂီတ အဖွဲ့၏ ပွဲဦးထွက် သီချင်းဗီဒီယို


အိန္ဒိယ၏ ဟီဂျရာ (သို့မဟုတ်) တတိယလိင်ဟု သတ်မှတ်ထားသည့် ကျားမပြောင်းသူများ အသိုင်းအဝိုင်းအတွက် ကျားမပြောင်းသူ အဆိုတော် ၆ ဦး ပါဝင်သော 6 Pack Band ဟာ သူတို့ရဲ့ ပွဲဦးထွက် သီချင်းကို ထုတ်လိုက်ပါတယ်။ Pharrell William ၏ Happy ကို အိန္ဒိယမူဟန်နှင့် ပြန်ဆိုထားသည့် သူတို့သီချင်းဟာ တစ်ဦးနှင့် တစ်ဦး လက်ခံခြင်းဖြင့် လူတိုင်း အတူတကွ နေထိုင်နိုင်သည်ဆိုသော အနှစ်သာရကို အောင်ပွဲခံသည့် ပုံစံမျိုး ဖန်တီးထားပြီး တဖက်မှာ အိန္ဒိယ၏ ကျားမပြောင်းသူ အသိုင်းအဝန်းအကြောင်း အသိနိုးကြားမှု မြင့်တန်ရန် ရည်ရွယ်ထားကြပါတယ်။ 6 Pack Band အဖွဲ့ဟာလည်း အိန္ဒိယ၏ ပထမဦးဆုံး ကျားမပြောင်းသူများ ကိုယ်တိုင်နှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပါတယ်။ သီချင်းအစပိုင်းမှာ အိန္ဒိယ၏ ထောင်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ဟီဂျရာ (သို့မဟုတ်) တတိယလိင် အသိုင်းအဝန်းမှာတော့
အချို့ကတော့ သည်းခံထားတယ်၊ အများကတော့ လစ်လျူရှုထားတယ်၊ အားလုံးကတော့ အထင်လွဲနေတယ် 
 ဟု နာမည်ကျော် မင်းသမီးကြီး Anushka Sharma ကိုယ်တိုင် အသံနှင့် ပြောထားပါတယ်။


အိန္ဒိယတွင် ကျားမအားလုံး တန်းတူ အဆင့်ရစေဖို့ ရည်ရွယ်ပြီး သီဆိုထားတဲ့ ဤသီချင်းဟာ နားဝင်ချိုပြီး ခပ်မြူးမြူးမို့ လူကြိုက်များကာ ထုတ်လွင့်ပြီး ၅ ရက် အကြာတွင်ပင် ကြည့်ရှုကြိမ် ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

0 comments

ယောက်ျားဆိုတာ


ကျွန်တော်တို့ နေထိုင်တဲ့ လူ့အဖွဲ့အစည်းမှာ ယောက်ျားဆိုတာ ဘယ်လိုမျိုး မိန်းမဆိုတာ ဘယ်လိုမျိုးဆိုပြီး ကျဉ်မြှောင်းစွာ ချမှတ်ထားတဲ့ ဝိသေသတွေရှိပါတယ်။ လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်က အဲ့ဒါတွေကို အခြေခံပြီး ကျွန်တော်တို့ နေထိုင်ပြုမူမှုတွေကို သေးသေးမွားမွားတွေကစ အကဲဖြတ်ပြီး ကျွန်တော်တို့ကို သတ်မှတ်ချက်တွေထဲမှာ ဆန့်ဝင်အောင် မျှော်လင့်ထားကြပါတယ်။ အဲ့လိုမျိုးအရာတွေကို လူတိုင်းက ဆန့်ဝင်ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒီအခါ ထိုသူတွေကို အပြစ်တင်တာတွေ အထင်သေးတာတွေ အကဲဖြတ်တာတွေ ဆူတာတွေ ပြုလုပ်ကြတာကို မြင်ရမှာပါ။ အဲ့လို အရိပ်လိုလိုက်နေတဲ့ ဒီလို မျှော်လင့်ချက်တွေ အကြားမှာ ကျွန်တော်တို့ဟာ ကျိုးစားလို့ ဆန့်ဝင်အောင် နေနေရခြင်းဟာ လူတိုင်းအတွက် မကောင်းသလို အချို့သူများကို လွန်စွာထိခိုက် နိုင်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူအဖွဲ့အစည်းဟာ ကျား၊မ အခြေပြုပြီး လူတွေကို ချုပ်တည်းတဲ့ အမြင်တွေကို ပြောင်းလဲပြီး လူတိုင်းကို ပွင့်လင်းတဲ့ အမြင်နှင့် ကြည့်မှ သာယာပြီး လူတိုင်းနှင့် သဟဇာတ ဖြစ်တဲ့ ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အောက်က ဗီဒီယိုလေးမှာ ယောက်ျားတွေကို ငယ်ငယ်လေးကနေ အသက်ကြီးတဲ့ အထိ အရွယ်ပေါင်းစုံမှာ အပြောခံရတဲ့ အရာတွေကို စုဆောင်းထားပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အဲ့ဒီလိုမျိုး အပြောခံရတာတွေ အများကြီး ကြုံဖူးကြမှာပါ။

- ကောင်လေးတွေ မိန်းခလေးအရုပ်တွေနဲ့ မကစားဘူး
- ပန်းရောင်က ကောင်းမလေးတွေ အရောင်
- ယောက်ျားလေးတွေဆိုတာ မငိုဘူး
- မင်းက အရမ်းသန်မာတာပဲ
- မင်းကို ကောင်မလေးကရိုက်သွားတယ်?
- ပစ်ကတာလည်း မိန်းမပစ် ပစ်တာကျနေတာပဲ
- မင်း အခြောက်လား
- ဘော မကြောင်စမ်းနဲ့
- မင်းဘောလုံးပွဲ မကြည့်ဘူး?
- မင်း အမေနား တော်တော် ကပ်တာပဲ
- မင်း ပိန်ညှော်နေတာပဲ
- မင်းမှာ မှတ်ဆိတ်တောင် မရှိပဲနဲ့
- မင်းက ဖင်ကြိုက်တဲ့ကောင်လား နို့ကြိုက်တဲ့ကောင်လား
- မင်းခုထိ ဘယ်သူနဲ့မှ မအိပ်ဖူးသေးဘူး?
- သိပ် သဘောကောင်းနေရင် နောက်ဆုံးပဲရမယ်
- ယောက်ျားလေးဆိုတာကတော့ ဒီအတိုင်းပဲ
- မင်းသောက်နေတာက တော်တော် အရောင်စုံတဲ့ ဖျော်ရည်ပဲ
- ယောက်ျားလေးဖြစ်ပြီး အဲ့လောက်ဆက်ဆက်ထိမခံရလား
- မင်း ရာသီလာနေတာလား
- မင်းနဲ မင်းရည်းစား(ယောက်ျားလေး) အကြားမှာဆိုရင် ဘယ်သူ ယောက်ျားလဲ
- ယောက်ျားလေးဖြစ်ပြီး အရပ်ပုတာ မကြိုက်ဘူး
- မင်းအဲ့ဒီကောင်ကို မင်းရည်းစားကို စကားပေးပြောမှာလား
- မင်းဒီကောင့်ကို ပညာပြပေးလိုက်စမ်းပါ
- အခြောက်လိုမလုပ်စမ်းနဲ့
- ကျားကျားယားယား လုပ်စမ်းပါ
- မင်း ရုပ်ရှင်ကြည့်ရင် ငိုတယ်?
- မင်းကို သူ(မ) အဲ့လိုပြောတာ ခံမှာလား?
- မင်းကို အဲ့ဆော်ကတော့ အပိုင် ချုပ်ထားပြီ
- မင်းက သူနာပြုလား၊ ဆရာဝန် ထင်နေတာ
- မင်းမိန်းမက မင်းထက် ပိုက်ဆံပိုရှာနိုင်တာ မရှက်ဖူးလား
- မင်းက အိမ်မှာ ကလေးထိန်းတာပေါ့
- မင်းက မင်းရဲ့သား အကသင်တန်းသွားတာကို ခွင့်ပြုတယ်ပေါ့
- ယောက်ျားပဲ ဖောက်ပြန်မှာပေါ့။ ယောက်ျားတွေဆိုတာ အကုန်ဒီလိုပဲ
- မင်းတော့ မင့်သမီးကို ကြည့်ထိမ်းမှ ဖြစ်မယ်
- မင်းက အိပ်မှာ ဟင်းချက်တယ်?
- မင်း အိပ်ရာထဲမှာ မာကော မာနိုင်သေးရဲ့လား
- အဘတို့က ယောက်ျားတွေ တကယ် ယောက်ျားပီသတဲ့ အချိန်တုန်းက ကြီးပြင်းလာတာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ