Search

Content

ဤ အင်တာနက် မဂ္ဂဇင်း အကြောင်း

Photo taken from the Huffington Post
ကျွန်တော်တို့သည် လိင်တူချင်း နှစ်သက်သူများအနေဖြင့် မွေးဖွားလာသော်လည်း လိင်ကွဲချင်းချစ်ကြိုက်သော လူတွေသာ အများဆုံးရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီပြင်းရပါတယ်။ ကွဲပြားမှုကို လက်ခံရန် ဝန်လေးလှတဲ့ ဤပတ်ဝန်းကျင်တွင် ကျွန်တော်တို့တွေသည် လူအများစုနှင့် လိုက်လျောညီထွေအောင် မိမိရဲ့ဘဝကို ဖုံးကွယ်ပြီး နေထိုင်ကြရပါတယ်။ ယောက်ျားချင်း ကြိုက်နှစ်သက်မှုကို ပွင့်လင်းစွာ ဆွေးနွေးခြင်းလည်းမရှိ တခါတရံ နှိမ့်ချမှုများကိုလည်း ပြုလုပ်တဲ့ လူ့အဖွဲ့အစည်းအတွင်း ကျွန်တော်တို့ဟာ မေးခွန်းများပြည့်နှက်စွာဖြင့် ဘဝကို ဇဝေဇဝါနှင့်သာ အဓိပ္ပာယ်ဖွင့်ရပါတယ်။ လိင်တူချင်းချစ်ကြိုက်ခြင်း အကြောင်းအရာများကို ကျောင်းမှာလည်းမတွေ့ရ၊ မီဒီယာမှာလည်းမဖော်ပြ၊ ပတ်ဝန်းကျင်မှာလည်း မမြင်ရ၊ သမိုင်းမှာလည်းဖြောက်ထားကြပါတယ်။ ထို့ပြင် ကျွန်တော်တို့ဟာ ခံစားချက်တွေ နှင့် မရှင်းလင်းမှုတွေကို အခြားသူများကဲ့ ပွင့်လင်းစွာ ဆွေးနွေးဖို့ အခွင့်အလမ်း မရကြပါ။ မိမိလိုလူတွေနှင့် ပက်သက်တဲ့ ဗဟုသုတတွေနှင့် အမှန်တရာများကို ဖုံးကွယ်ထားတဲ့အတွက် လက်လှမ်းမမှီ ဖြစ်ကြရပြီး လိင်ကွဲချင်းချစ်ကြိုက်တဲ့သူများကဲ့သို့ ဘဝကို အပြည့်အဝ နားလည်ခွင့်မရကြပါ။ ထို့ကြောင့် အချို့မှာ နာကျင်မှု၊ ရုန်းကန်မှု၊ မျော်လင့်ချက်ကင်းမဲ့မှု နှင့် စိတ်ဓာတ်ကျမှုများကို တွေ့ကြုံကြရပါတယ်။ တခါတရံ ကိုယ့်ကိုယ်ကို မည်သူမည်ဝါဆိုတာကို ရှပ်ထွေးမှုကြောင့်သော်လည်းကောင်း၊  မိမိကဲ့သို့ မတူကွဲပြားသူများအကြောင်းကို သိခွင့်မရကြသောကြောင့် မိမိသည် လူများစုနှင့်မတူပဲ ပတ်ဝန်းကျင်အပြင်ဘက်သို့ ရောက်နေသည်ဟု ခံစားရကာ အထီးကျန်မှုကို ခံစားရသောကြောင့်သော်လည်းကောင်း လူငယ်များသည် ဘဝကို အဆိုးမြင်ခြင်း၊ မလုပ်သင့်သော အရာများကို ပြုလုပ်ခြင်းတို့အဖြစ်သို့ ရောက်သွားနိုင်ပါတယ်။

အရွယ်ရောက်လာသည့် အခါမှာလည်း ကျွန်တော်တို့သည် ယောက်ျားချင်း ကြိုက်နှစ်သက်ခြင်းနှင့် ပက်သက်သော အရာများကို လိင်ဆက်ဆံမှုပြသော ရုပ်ရှင်၊ ဓာတ်ပုံ နှင့် စာအုပ်များမှ အများဆုံး လေ့လာမိကြပါတယ်။ ယခု လူတိုင်း လွယ်ကူစွာသုံးစွဲနိုင်တဲ့ ကမ္ဘာ့ကွန်ယက်(Internet) အပေါ်မှာလည်း gay ဆိုတဲ့ စာလုံးတစ်လုံးကို ရိုက်လိုက်ရုံဖြင့် လိင်ပိုင်းဆိုင်ရာနှင့် ပက်သက်တဲ့ စာမျက်နှာအများစုက နေရာယူထားပါတယ်။ လိင်တူဆက်ဆံခြင်းဟာ ယောက်ျားချင်း ကြိုက်နှစ်သက်သူတို့ရဲ့ ဘဝမှာ အရေးပါတဲ့ အပိုင်းတစ်ခုဖြစ်ပေမဲ့ ထိုအရာက ဘဝရဲ့ တစ်ခုတည်းသော လက္ခဏာသွင်ပြင်တော့ မဟုတ်ပါဘူး။ အကယ်၍ ကျွန်တော်တို့ရဲ့ ဗဟုသုတတွေဟာ လိင်ကိစ္စနှင့် ပက်သက်သော နေရာများကသာလာလျှင် ယောက်ျားချင်း ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ရချင်းဟာ လိင်ဆက်ဆံဖို့က အဓိကဖြစ်တယ်ဆိုတဲ့ အမြင်ဖြင့်သာ မိမိကိုယ်ကို သတ်မှတ်လိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့လည်း လိင်ကွဲချင်းချစ်ကြိုက်တဲ့သူတွေနှင့် မခြားနားပဲ လူ့ဘဝမှာ နေ့စဉ်ဓူဝအရေးကိစ္စတွေနှင့် ပြည့်ဝနေပါ။ ကျွန်တော်တို့သည် အများတန်းတူ သူရဲကောင်းများ၊ ပါရမီရှင်များ နှင့် ပညာရှင်များလည်း ဖြစ်နိုင်တယ်ဆိုတာကို သမိုင်းတစ်လျောက်က သက်သေပြနေပါတယ်။ ကမ္ဘာအနှံ့မှာ ကျွန်တော်တို့လို လူတွေအားလုံးဟာ တူညီသော အတွေ့အကြုံများဖြင့် ဘဝကို ဖြတ်သန်းကြပါတယ်။ သို့သော်လည်း အဲ့ဒီလို ဗဟုသုတတွေကို ပတ်ဝန်းကျင်မှာ အလွယ်တကူမရနိုင်တာ ဒါမှမဟုတ် အသားပေးဖော်ပြမှု မရှိတာကြောင့် ကျွန်တော်တို့အများစုဟာ မသိမြင်နိုင်ခြင်း ဖြစ်ရတာပါ။

ဒါ့ကြောင့် ယောက်ျားချင်းနှစ်သက်သူတစ်ဦးဖြစ်ရခြင်းရဲ့ တကယ့် အဓိပ္ပာယ်ကဘာလဲဆိုတာကို အပြည့်အဝ နားလည်ဖို့ အခွင့်မသာကြရပါဘူး။ ဒီစာမျက်နှာကို ထိုရည်ရွယ်ချက်ဖြင့် ယောက်ျားချင်း နှစ်သက်သူတစ်ယောက်ဟာ ဘဝကို အခြားလူများနည်းတူ အဓိပ္ပာယ်ရှိစွာ နေထိုင်နိုင်တယ်ဆိုတာကို ထောက်ပြဖို့ တည်ထောင်ထားပါတယ်။ မြန်မာပြည်က ယောက်ျားချင်း နှစ်သက်သူများနှင့်တကွ လိင်တူချစ်သူ စာဖတ်သူများအားလုံးအတွက်ရည်ရွယ်ပြီး ရေးသားပါတယ်။ ဗဟုသုတများ ပြည့်ဝပြီး အဓိပ္ပာယ်ရှိသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။

Although we were born as a person who is attracted to another person of our own sex, we grow up in an environment where the majority of people are heterosexual. In a society where people are reluctant to accept difference, we have to unfortunately force our actual self to hide in order to conform to what our society accept as norms. Our heteronormative society does not discuss the concept of two men loving each other, and sometimes it frowns upon this very natural phenomenon. There we find ourselves confused amid so many questions, unable to attain understanding to our trueself. Homosexuality is never discussed in school, represented in media, nor expressed in our environment. Most of us never really have opportunity to discuss our lives as we grow up.

For lack of access to the knowledge pertaining to other people like us, we are unable to comprehend our own world. Out of this, some of us experience hurt, struggle, despair and depression. For young people, this identity crisis leads them to take negative approach to life and sometimes results in youths making undesirable decisions.

Even when we grow up, our access to understanding of being gay or our sexuality comes mostly from sexual expression. When we search the word gay on the Internet, most of the widely accessible pages about homosexuality talk about sex. Although sex is a very important aspect of being gay, the misrepresentation, or the gap between what is really life and what is constructed, leads us to believe that we have to construct our identity through sex. We become unable to differentiate the human emotions, struggle and imperfections from the aesthetic construction coming from the limited knowledge out of this media. In reality, we experience life like every other people do. There are many outstanding scientists, great personas and heroes among us throughout world's history. Every day in every part of the world, gay people go through same emotions and same life experiences. However, we just never get to know about other people like us.

Therefore, we do not have chances to fully understand the meaning of being gay. This page is for gay readers in Myanmar to learn more about the meaning of life of gay people from the rest of the world.

1 comments:

  1. က်ေနာ့္နာမည္က ေဇယ်ပါဗ်…
    ရန်ကုန်မှာအခြေစိုက်ပြီး LGBT တွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်အတွက် အလုပ်လုပ်နေတဲ့ Colors Rainbow ဆိုတဲ့ အဖွဲ့အစည်းက ဖြစ်ပါတယ်ခင်ဗျား…
    ကျနော်တို့ Colors Rainbow အနေနဲ့ LGBT တွေရဲ့ အခွင့်အရေးအတွက် သင်တန်းပေးတာ၊ ဆွေးနွေးပွဲတွေ၊ လှုပ်ရှားမှုတွေကို ပုံမှန်လုပ်နေတဲ့အပြင် သုံးလတကြိမ်လည်း Colors Rainbow ဆိုတဲ့ နာမည်နဲ့ မဂ္ဂဇင်းလေးကို အခမဲ့ ထုတ်ဝေဖြန့်ချိတာမျိုးကို လုပ်နေပါတယ်။
    ကျနော်တို့အနေနဲ့ ဆရာရဲ့ ဘလော့ဂ်လေးကို ပုံမှန်လာရောက်လည်ပတ်လေ့ရှိပြီး ကျနော်တို့အတွက် အင်မတန်မှ အသုံးဝင်တဲ့ စာလေးတွေကို အမြဲဖတ်ရှုလေ့ ရှိပါတယ်ခင်ဗျား…
    အခုတော့ ကိုယ့်တယောက်တည်း ဖတ်မယ့်အစား ဆရာ့စာတွေကို ကျနော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ ပုံမှန်လေး ပါစေချင်တဲ့ စိတ်လေးဖြစ်လာတဲ့အတွက် ဆရာ့ရဲ့ စာမူလေးတွေကို ဖော်ပြခွင့်ပြုဖို့ ခွင့်တောင်းချင်ပါတယ် ဆရာ…
    LGBT တွေရဲ့ အကျိုးစီးပွားအတွက် စာမူတွေ ခွင့်ပြုပေးဖို့လည်း မျှော်လင့်ပါတယ်ဆရာ…
    ကျနော်တို့ ကာလာရိမ်းဘိုးမဂ္ဂဇင်းမှာ ဆရာ့အနေနဲ့ ကောင်းနိုးရာရာ ဆောင်းပါးတွေ ဝတ္ထုတွေ စာမူတွေကို ပေးဖို့ မေတ္တာရပ်ခံပြီး တောင်းခံပါတယ်နော် ဆရာ… ခွင့်ပြုပါနော် ဆရာ
    ကျနော့်ရဲ့မေးလ်ကတော့ zaeya.crb@gmail.com ဖြစ်ပါတယ်ဆရာ

    လေးစားလျက်
    ဇေယျ

    ReplyDelete

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ