Search

Content

0 comments

International LGBT music (2015 April)

၂၀၁၅ ဧပြီလအတွင်းမှာ ကမ္ဘာအရပ်အရပ်မှာ လက်ရှိ ရေပန်းစားနေတဲ့ လိင်တူချစ်သူအဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနှင့် ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်းတွေ စုစည်းထားတာဖြစ်ပါတယ်။

11) Magnus Carlsson - Feel You
Country - Sweden
Language - English
Genre - Pop
Year - 2015

ဆွီဒင် နိုင်ငံက ဂေး အကအဆိုတော်  Magnus Carlsson ရဲ့ နောက်ဆုံးထွက် သီချင်း Feel You ဖြစ်ပါတယ်။



10) Steve Grand - Time
Country - US
Language - English
Genre - Country
Year - 2015

All American Boy သီချင်းနဲ့ နာမည်ကျော်လာခဲ့တဲ့ အမေရိကန် country အဆိုတော် Steve Grand ရဲ့ ပထဆုံးထွက်ရှိလာတဲ့ သီချင်းခွေ All American Boy ထဲက Time ဆိုတဲ့ သီချင်းပါ။



9) Hush - Best Person
Country - Taiwan
Language - Mandarin
Genre - Pop
Year - 2015

ထိုင်ဝမ်က ဂေးအဆိုတော် ဖြစ်ပါတယ်။



8) MIKA - Last Party 
Country - UK
Language - English
Genre - Pop
Year - 2015

ကမ္ဘာကျော် အင်္ဂလိပ် ပြင်သစ် အဆိုတော် Mika ရဲ့ နောက်ဆုံးထွက်ရှိမယ့် No Place In Heaven ဆိုတဲ့အခွေရဲ့ ပထမဆုံး သီချင်းဖြစ်ပါတယ်။



7) Conchita Wurst - Heroes 
Country - Austria
Language - English
Genre - Pop
Year - 2015

မုတ်ဆိတ်နှင့် အမျိုးသမီးလို့ ကမ္ဘာ ကျော်တဲ့ သြစတြီးယ နိုင်ငံက Conchita Wurst ဟာ Eurovision သီချင်းပြိုင်ပွဲမှာ Rise Like A Phoenix သီချင်းနှင့် အောင်မြင်မှုတွေ ရရှိပြီးနောက်မှာ Heroes ဆိုတဲ့ သီချင်းကို ဆက်လက်ထုတ်ဝေလိုက်ပါတယ်။



6) Mark Forster - Flash mich
Country - Germany
Language - German
Genre - Hip-Hop
Year - 2015

ဂျာမနီက အဆိုတော် Mark Forster ကတော့ လိင်တူချစ်သူ မဟုတ်ပေမဲ့ သူ့ရဲ့ သီချင်းဗီဒီယို Flash mich က ယောက်ျားလေး ချစ်သူနှစ်ယောက် လူငယ်ဆန်ဆန် သောင်းကြန်းပုံကို ရိုက်ပြထားပါတယ်။



5) Sia - Big Girls Cry
Country - Australia
Language - English
Genre - Pop
Year - 2015

သြစတြေးလျ နိုင်ငံက ကမ္ဘာကျော် အဆိုတော် Sia ရဲ့နောင်ဆုံးထွက်သီချင်း Big Girls Cry ဖြစ်ပါတယ်။ သူက လိင်တူလိင်ကွဲနှစ်မျိုးလုံး ချစ်သူ ဖြစ်ပါတယ်။



4) Sam Smith - Lay Me Down
Country - UK
Language - English
Genre - Soul
Year - 2015

UK ရဲ့ အအောင်မြင်ဆုံး လူငယ် ဂေး အဆိုတော်ဖြစ်တဲ့  Sam Smith ရဲ့ လိင်တူချစ်သူများ လက်ထက်ခွင့်ကို တောင်းဆိုတဲ့ လှုပ်ရှားမှုကို ထောက်ပံ့ဖို့ ရိုက်ကူးထားတဲ့ နောက်ဆုံးထွက် သီချင်း Lay Me Down ဖြစ်ပါတယ်။



3) The Young Professionals feat. Anna F. - All Of It But Me
Country - Israel
Language - English
Genre - Synth-pop
Year - 2015

အစ္စရေးနိုင်ငံက ယောကျာ်းချင်းချစ်သူ အဆိုတော် Ivri Lider ပါ၀င်တဲ့ The Young Professionals အဖွဲ့ရဲ့ နောက်ဆုံးထွက်သီချင်း All Of It But Me ကတော့ ဖက်ရှင်အလန်းစားတွေနဲ့ သူတို့ရဲ့ သီချင်းဗီဒီယိုကို ခပ်ဆန်းဆန်း ဖန်တီးထားပါတယ်။



2) Years & Years - King
Country - UK
Language - English
Genre - Synth-pop
Year - 2015

ဗြိတိန် လူငယ် electro-pop  အဖွဲ့ Years & Years က အခုလက်ရှိ UKမှာ အအောင်မြင်မှုတွေရရှိနေပါတယ်။ အရောင်းရဆုံး နံပါတ် ၁ နေရာထိ ရောက်ရှိသွားပါတယ်။ သူတို့ အဖွဲ့ခေါင်းဆောင် အဆိုတော် Olly Alexander ကတော့ ဂေးဖြစ်ပါတယ်။



1) Kadie Elder - First Time He Kissed a Boy 
Country - Denmark
Language - English
Genre - Synth-pop
Year - 2015

အဆိုတော်တွေ အကြောင်းကို သိပ်မသိရပေမဲ့ သူတို့ရဲ့ First Time He Kissed a Boy ဆိုတဲ့သီချင်းက လူငယ် ကောင်လေးနှစ်ယောက် နမ်းမိတဲ့ အချိန် အကြောင်းလေးကို ရိုးရိုးလေးနဲ့ ထိမိအောင် ရိုက်ပြထားပါတယ်။ ဒိန်းမတ်နိုင်ငံက ဒီသီချင်းဟာ ကမ္ဘာအရပ်ရပ် လိင်တူချစ်သူ ပရိသတ်တွေအကြားမှာ လူကြိုက်များနေပါတယ်။


1 comments

လူတစ်ယောက်က ကိုယ့်ကို ချစ်မိလာအောင် ပြုလုပ်နိုင်မည့် နည်းလမ်းများ

Family Life: A Novel စာအုပ်ကို ရေးတဲ့ စာရေးဆရာ Akhil Sharma သည် လူတစ်ယောက်က ကိုယ့်အပေါ်မှာ မေတ္တာသက်လာအောင် လုပ်လို့ရနိုင်မည့် သူ၏ နည်းလမ်းကောင်းများကို ပြောပြထားပါတယ်။


၁။ လူတစ်ယောက်ကို မိမိက မကောင်းပြောတော့မယ်လို့ သူများက မျော်လင့်ထားတဲ့ အချိန်မှာ ထိုသူနှင့် ပက်သက်သော ကောင်းတဲ့အချက်ကို ရှာပြောပါ။

ကိုယ့်အပါ်တွင် မကောင်းပြုထားသော လူတစ်ယောက်ကိုပင် အဆိုးမပြောပဲ သူ့ရဲ့ ကောင်းတဲ့အချက်တွေကို ပြောဆိုနိုင်ခြင်းသည် ကိုယ့်ရဲ့ စိတ်ထားမြင့်မြတ်မှုကို ဖော်ပြရာရောက်ပါတယ်။ စေတနာကောင်းခြင်း ဆိုသည်မှာ ပစ္စည်းငွေကြေးများ၊ အပြုအမူများဖြင့်သာ ပြုလုပ်နိုင်သည်မဟုတ်ပဲ၊ ကိုယ့်ရဲ့ အကောင်းပြုလိုတဲ့ စိတ်သဒ္ဒါနှင့်လည်း ပြုလုပ်နိုင်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကိုယ့်ရဲ့ အနာဂတ်ချစ်သူက မိမိသည် သူ့အပေါ်တွင်သာမက လူအများအပေါ်မှာပါ ကြင်နာတတ်သူ တစ်ဦးဖြစ်တယ်လို့ မြင်လာပါမယ်။


၂။ ပျင်းစရာ ကောင်းမယ့် မေးခွန်း မေးပါ။

ချစ်သူဖြစ်လာမည့်သူကို ကိုယ်က သူ့ဘဝရဲ့ ပျင်းစရာကောင်းတဲ့ အချက်တစ်ခုကို ပြောပြပါဆိုပြီး မေးလာတဲ့အခါ သူ့အတွက် စိတ်သက်သာရာရစေပါတယ်။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် ကိုယ့်ရဲ့ တကယ့် ဘဝအစစ်အမှန်ကို သိလိုပြီး ကိုယ်ဟန်ဆောင်ပြီး အထင်ကြီးအောင်လုပ်ပြနေတဲ့ ဘဝတစ်ခုတည်းကိုသာ စိတ်ဝင်စားတာ မဟုတ်ဘူးဆိုတာကို ပြပါတယ်။ ထိုလူက ကိုယ့်အပေါ်မှာ ပျင်းသွားတော့မှာ မဟုတ်ဘူးဆိုတာကို သိစေအတွက် စိတ်သက်သာရာ ရစေပါတယ်။ နေ့စဉ်ဒုဝ လုပ်နေတဲ့ အရာ အသေးအမွှားလေးတွေ အကြောင်းကို မေးခြင်းကလည်း ကိုယ်ဟာ သူ့ဘဝရဲ့ အသွင်အပြင်တိုင်းနှင့် ချိတ်ဆက်နေတယ်ဆိုတာကို ပြပါတယ်။

၃။ အလုပ်အကြောင်း ပြောပါ။

ကိုယ့်အလုပ်အကြောင်းကို ပြောပြခြင်းဖြင့် ကိုယ့်ရည်းစားက ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် နှင့် အရည်အချင်းကို ပုံဖော်မိစေပါတယ်။ ထို့အပြင် ကိုယ်ဟာ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်တယ်ဆိုတဲ့အချက်ကို သူ့ကို သိစေခြင်းဖြင့် ကြံ့ခိုင်တဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကို မြင်စေပါတယ်။ ကိုယ့်အနေနှင့် သူ့အပေါ်မှာ အလုံးစုံ မှီခိုမှာ မဟုတ်ဘူးဆိုတာကို သူ့ကိုသိစေပါတယ်။ တခါတလေ လူနှစ်ဦး အကြားမှာ အပြန်အလှန်မှီခိုမှု နှင့် အမှီအခိုကင်းမှုကို အချိုးမျှတဖို့လည်း လိုပါတယ်။


၄။ သူ့လက်ကိုကိုင်ပြီး ပြေးသွားပါ။

တခုခုအရေးကြုံလို့ (သို့မဟုတ်) အရေးကြီးလို့ ပြေးရမယ်ဆိုရင် သူ့လက်ကို ဆွဲပြီးပြေးပါ။ လူတစ်ယောက်က ကိုယ့်လက်ကိုဆွဲပြီး ပြေးသွားတယ်ဆိုတာက သူ့ဘဝမှာ ကိုယ်က မည်မျှအရေးပါတယ်ဆိုတာကို ပြတာပါ။ အရေးကြုံလျှင် ပစ်ပြီးမပြေးဘူးဆိုတဲ့ သဘောပါ။ ရထားပေါ် အချိန်မှီ လိုက်ပြေးတက်တာပဲဖြစ်ဖြစ် တစ်ခုခုနောက်ကျလို့ပဲဖြစ်ဖြစ် အဲ့ဒီလို အချိန်မှာ ကိုယ့်ကိုလက်ဆွဲခေါ်သွားတယ်ဆိုတာက သူ့ဘဝထဲမှာ ကိုယ်က ပဓာနကျတဲ့ နေရာက ပါ၀င်နေတယ်ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။


၅။ နေ့ပိုင်းမှာ ချိန်းတွေ့ဖြစ်အောင် ပြုလုပ်ပါ။

ချစ်သူနှင့်ချိန်းတွေ့တဲ့ အစပိုင်း အချိန်တွေကို စုံတွဲတွေက အထူးတလည်ပြုလုပ်လေ့ရှိသည့်အတွက် ၎င်းသည် နေ့စဉ် သာမာန်ဘဝရဲ့ အပြင်ဘက်က ဆန်းပြားတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်နေပါတယ်။ အလုပ်ပြီးတဲ့အချိန်ဖြစ်တဲ့ ညနေဘက်မှာ ချိန်းတွေ့ခြင်းပြုလုပ်ပါက ကိုယ့်ချစ်သူနှင့် တွေ့ခြင်းက ကိုယ့်ဘဝ၏ အပြင်ဘက် အပိုင်းတစ်ခုဖြစ်တယ်ဆိုတယ့် ခံစားချက်မျိုးကို ပေးပါတယ်။ အဆိုးဆုံး အခြေအနေမှာဆိုရင် ချစ်သူနှင့် ချိန်းတွေ့တာက ကိုယ့်နေ့စဉ်ဘဝနှင့် မဆိုင်ဘူး၊ ကိုယ့်မှာ တာဝန်မရှိဘူး ဆိုပြီး ခံစားမိစေပါတယ်။ ဒါပေမယ့် နေ့ပိုင်းမှာ ချိန်းတွေ့ခြင်းက ကိုယ့်ဘဝရဲ့ အချိန်အများဆုံး ကုန်ဆုံးတဲ့ တစ်နေ့တာရဲ့အပိုင်းမှာ ချစ်သူကို ပါ၀င်လာစေခြင်း ဖြစ်ပါတယ်။ ထိုသို့လုပ်ခြင်းအားဖြင့် ကိုယ့်ချစ်သူကို ကိုယ့်ဘဝရဲ့ နေ့စဉ်သာမာန်ဘဝထဲ ပါ၀င်လာစေခြင်း ဖြစ်ပါတယ်။

၆။ ပရဟိတလုပ်ငန်းတွေ အတူတူလုပ်ပါ။

ကိုယ်လုပ်လေ့ရှိတဲ့ ပရိဟိတအလုပ်တွေ၊ လုပ်အားပေးကူညီတာတွေ ရှိလျှင် ချစ်သူကိုလည်းအတူလုပ်ရန် ဖိတ်ခေါ်ပါ။ လုပ်အားပေးအလုပ်တွေ အတူတူလုပ်ခြင်းအားဖြင့် သာမာန်ချိန်းတွေ့ချိန်တွေမှာ မပြောဖြစ်တဲ့ အကြောင်းတွေကို ပြောဖို့ အခွင့်အလမ်းရပါတယ်။ တစ်ယောက်နှင့် တစ်ယောက် လောကကြီးကို ဘယ်လိုမြင်တယ်၊ ကိုယ့်မှာ လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုတာဝန်ရှိတယ်ဆိုတဲ့ အမြင်တွေ ဖလှယ်မိသွားပါတယ်။ တစ်ယောက်နှင့် တစ်ယောက်ပေါ်မှာလည်း လေးစားမှုတွေလည်း တည်ဆောက်သွားနိုင်ပါတယ်။


၇။ သူ့ကို ကိုယ့်အတွက် တစ်ခုခု ချက်ခိုင်းပါ။

လူတစ်ယောက်အတွက် အစားအစာ ချက်တဲ့အချိန်ဟာ သူ့ရဲ့ ငယ်ဘဝတစ်ခုလုံးကို ဖော်ဆောင်သလိုပါပဲ။ ကိုယ်စားလေ့ရှိတဲ့ ပုံစံမျိုးတွေ၊ ကိုယ့်ရဲ့ အလေ့အထတွေ နှင့် ကိုယ့် သိကျွမ်းသမျှအရာတွေ အားလုံးကို ချက်ပြုတ်တဲ့ အချိန်အခါမှာ ဖော်ထုတ်ဖြစ်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် အစားအစာ ချက်ပြုတ်ပေးခြင်းဖြင့် တစ်ယောက် အတိတ်ကို တစ်ယောက် လူကိုယ်တိုင် ခေါ်ဆောင်ပေးသွားသလိုပါပဲ။

0 comments

၂၀၁၅ Valentine နေ့ အတွက် စုံတွဲဓာတ်ပုံ

အမေရိကန် အတွင်းခံဘောင်းဘီ တံဆိပ်က Baskit အပြင်မှာလည်း ရည်းစားတွေဖြစ်ကြတဲ့ မော်ဒယ် Nelson Marin နှင့် Marvin Garcia တို့ကို စုံတွဲပုံ ရိုက်ပြီး ၂၀၁၅ Valentine နေ့အတွက် အထူး ပြုလုပ်ထား ပါတယ်။ ဓာတ်ပုံဆရာ Rich Mackey ရဲ့လက်ရာတွေ ဖြစ်ပါတယ်။







0 comments

သူနဲ့ ပထမဆုံးအကြိမ် ချိန်းတွေ့တော့မယ် ဆိုရင်

ကဲ… သူနဲ့ ဖုန်းက dating app မှာ ဒါမှသို့မဟုတ် Facebook မှာ စကားတွေပြောနေကြတာ အဆင်တွေပြေနေပြီ။ နောက်ဆုံးတော့ ကိုယ်အောင့်ထားတဲ့ ကိုယ်လန့်နေတဲ့ ချိန်းတွေ့တော့မယ့် အချိန်ကျရောက်လာပါပြီ။ ပထမဦးဆုံးတွေ့တဲ့အချိန်လေး ချောမွေ့သွားအောင် ဘယ်လိုလုပ်မလဲ။

အရင်ဆုံး… ဘာဝတ်သွားရင် ကောင်းမလဲ။

၁) အလွှာလေးတွေနဲ့ ထပ်ဝတ်သွားပါလား။ ဒါဆိုရင် ပူလာရင်၊ မွန်းကျပ်လာရင် ချွှတ်လိုက်ရုံပဲ။ ချမ်းရင် ပြန်ထပ်လိုက်။ 
၂) သွားမယ့်နေရာနဲ့ ကိုက်ညီတဲ့ဟာ ၀တ်သွားပါ။
၃) သက်တောင့်သက်တာရှိမယ့် ဖိနပ်စီးသွားပါ။
၄) နည်းနည်းဖော်ဝတ်သွားပါ။ အများကြီးမဟုတ်ဘူးနော်။
၅) အမြင်ကတ်လောက်စရာကောင်းအောင်တော့ မဝတ်နဲ့ပေါ့။
၆) ဒါပေမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင်မူဟန်ကို မပျက်စေနဲ့လေ။
၇) ဆံပင်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင် ဖီးလိမ်းသွားပါ။
၈) ကိုယ့်ရဲ့ အကောင်းဆုံး အပိုင်းတွေ ပေါ်လွင်ပါစေ။


 အမလေး... သူရောက်လာပြီ။ ဘာ ဆက်လုပ်ရမှာလဲ။

ပထမဆုံး စတွေ့ကြပြီဆိုရင် စကားပြောရတာ တခါတလေ နေရခက်ပြီး ပြောစရာ ရှာမတွေ့တာမျိုးဖြစ်နိုင်ပါတယ်။ ဘာကြောင်းတွေပြောရင် ကောင်းမလဲဆိုတဲ့ အကြံဉာဏ်ကောင်းလေးတွေပါ။


၁) ရုပ်ရှင်အကြောင်းတွေအစား ခရီးသွားတဲ့အကြောင်း ပြောပါ။ ခရီးသွားတဲ့ အကြာင်းတွေကို ပြောမယ်ဆိုရင် ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေ၊ အားလပ်ရက်တွေ နှင့် ကိုယ့်ရဲ့ အိမ်မက်နေရာတွေကို ပြန်သတိရစေတဲ့ အတွက် လူတွေကို စိတ်ရွင်လန်းစေပါတယ်။ အဲ့ဒီတော့ တစ်ယောက်နဲ့တစ်ယောက်က ဆွဲဆောင်မှုတွေလည်း ပိုကောင်းလာပါတယ်။

၂) နေ့စဉ်ဓူဝ ပျင်းစရာအကြောင်းတွေအစား ဆန်းကျယ်တဲ့ကြောင်းတွေပြောပါ။ နိုင်ငံရေးအကြောင်း ပြောမလား၊ ရတယ်။ သာမာန်နေ့စဉ်အကြောင်းတွေဖြစ်တဲ့ ရာသီဥတုတို့၊ ဒီနေ့ဘာနဲ့စားလဲတို့ အကြောင်းတွေအပါအဝင် ကိုယ့်မှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲဆိုတာတွေက ဘာမှအားစိုက်ရတာ မပါတဲ့အတွက် စကားဝိုင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိပါဘူး။ တကယ်လို့ လက်ရှိစျေးကွက်အခြေအနေတို့၊ ကားလမ်းပိတ်ဆို့အကြောင်းတို့ စတာတွေပြောလျှင် ဆွေးနွေးစရာ ရလာပါတယ်။ တကယ်လို့ အမြင်တွေတူနေခဲ့ရင် ပြောဆုံးမှာ မဟုတ်တော့ပါဘူး။ ပိုပြီးအားရစေတဲ့ အတွေ့အကြုံကို ရစေပါတယ်။

၃) ကိုယ့်အတွင်းရေးလေး တချို့ကို ဖလှယ်ပါ။ ခံစားချက်နှင့် ဆိုင်သော၊ ကိုယ်ရေးကိုယ်တာနှင့် ဆိုင်သော အချက်တွေကို ပထမဆုံးချိန်းတွေ့အချိန်မှာ ဝေမျှခြင်းသည် တကယ်ပင် အားကောင်းစွာချိတ်ဆက်တဲ့ ခံစားမှုကို ပေးနိုင်ပါတယ်။ သူနှင့် အဆင်ပြေပြီ၊ သူ့ကိုလည်း သဘောကျတယ်၊ နောက်တစ်ခေါက်လောက် ထပ်တွေ့ဖို့ရည်ရွယ်ထားတယ် ဆိုလျှင် ကိုယ့်ရဲ့ အတွင်းရေးတွေကို တရင်းတနှီး ပြောပြလို့ရပါတယ်။ ကိုယ် ကျောင်းတုန်းက အရှက်ကွဲခဲ့တာတွေ၊ ကိုယ်လုပ်ခဲ့ဖူးတဲ့ စွန့်စားမှုတွေထဲက အကွဲကွဲအလွဲလွဲအဖြစ်တွေက အစ ကိုယ်ကြောက်တဲ့အရာတွေ အဆုံး ကိုယ်က လူတစ်ယောက်ကို သာမှန်ဆိုရင်မပြောမယ့် အကြောင်းတွေကို သူ့ကို ပြောပြလို့ရပါ။ ကိုယ့်အဖြစ်ကို ပြန်တွေးပြီးရယ်ရင်း သူကပါ လိုက်ရယ်လို့ရပါတယ်။ ခဏအတွင်းဖြစ်သွားတဲ့ ချိတ်ဆက်မှုက တစ်သက်လုံး အမှတ်ရသွားစေပါတယ်။

၄) တူညီတဲ့အချက်လေးတွေ အလေးပေးပြီးပြောပါ။ လူတွေက ကို်ယ်နဲ့တူတဲ့သူတွေကို ကြိုက်တယ်ဆိုတာ အထူးပြောစရာတော့ မလိုပါဘူးနော်။

၅) သတိထားရမယ့်အချက်တစ်ခုကတော့ ကိုယ် ဘာအကြောင်း ပြောတာထက် ဘယ်လိုပုံစံမျိုးပြောတာက ပိုအရေးကြီးပါတယ်။ တစ်ဖက်ထဲကပဲ သီးသန့်ပြောနေတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်ကကြီးပဲ အပိုင်းစီးထားတာကို လုံးဝရှောင်ကြဉ်ပါ။ စကားပြောရာတွင် လွှမ်းမိုးမထားပါနှင့်။ ဒါပေမဲ့ ကိုယ်က ဘာမှမပြောတဲ့သူလည်း မဖြစ်ပါစေနှင့်။

၆) သူစိတ်ဝင်စားစေမယ့် အချက်တွေကို ပြောစေဖို့ အခွင်းအလမ်း ဖန်တီးပေးပါ။ စကားပြောရမှာ အခက်အခဲရှိတဲ့သူတွေ အများဆုံးတွေးမိတာက ငါဘာအကြောင်းပြောရမလဲ ဆိုတာပါ။ အဲ့လိုတွေးတာမှားပါတယ်။ အမှန်တကယ် ကိုယ့်ကိုယ်ကို မေးရမှာက သူတို့စိတ်ဝင်စားတာတွေ ပြောလာအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာပါ။ လူတွေနဲ့ အဆင်ပြေချင်ရင် ကိုယ့်အကြောင်းတွေကြီးပဲ ပြောဖို့ မလုပ်ပါနဲ့။ နားထောင်ကောင်းသူတစ်ယောက် ဖြစ်အောင်ကြိုးစားပါ။

တခြား မှာစရာလေးတွေကတော့...
၁) ဖုန်းက jack'd ပဲဖြစ်ဖြစ် grindr ပဲဖြစ်ဖြစ်၊ အကုန်ပိတ်ထားပါ။ သူနဲ့ အဆင်ပြေနေတုန်း ကိုယ့်ဖုန်းက တခြားကောင်လေးတွေပို့တဲ့ စာတွေ တဝီဝီနဲ့ လာနေတာလောက် သူ့အတွက် စိတ်ကသိကအောက်ဖြစ်စေတာ မရှိပါဘူး။

၂) ခုမှစတွေ့ချိန်းတွေ့ခဲ့တဲ့သူနဲ့ အလျှင်စလို Facebook မှာ သူငယ်ချင်းသွား မလုပ်လိုက်ပါနဲ့ဦး။ တော်ကြာသူနဲ့ အဆင်မပြေတဲ့အခါ (တွေ့တိုင်းအဆင်ပြေတာမှ မဟုတ်တာနော့) သူ့ကို ပြန်ဖျက်ရမလား ဒါမှမဟုတ် သူတင်သမျှ သူအသဲကွဲတဲ့ အကြောင်းတွေပဲ လိုက်ဖတ်နေရမလားဆိုတဲ့ အဖြစ်ရောက်သွားဦးမယ်။

အားလုံးထဲမှာ အရေးကြီးဆုံးကတော့…
ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကို ဖော်ပြပါ။ မဖုံးကွယ်ပါနဲ့။ သူမကြိုက်လျှင် သူနဲ့ကိုယ့်အချိန်တွေ အကုန်ခံနေစရာ အကြောင်းမရှိပါဘူး။



တွေ့ပြီး အဆင်မပြေလို့ ပြန်လာရင်လည်း ဘာမှ စိတ်မညစ်ပါနဲ့။ အင်တာနက်လေး ပြန်ဖွင့်ပြီး နောက်တစ်ယောက် ရှာလိုက်ပေါ့။ ၁ ယောက်သွားရင်၊ ၂ ယောက်ရှာ၊ ၃ ယောက်ဆိုရင် ပျော်စရာကြီးပေါ့ ဟိဟိ။
ကဲဘာပဲဖြစ်ဖြစ်… ပထမဆုံး စတွေ့တဲ့ အချိန်မှစ၍ တကယ်ပဲ လက်တွဲနိုင်တဲ့ ချစ်သူရည်းစားများ ရနိုင်ကြပါစေ။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ