Search

Content

Showing posts with label အင်တာနက်ဇာတ်လမ်းတွဲ. Show all posts
Showing posts with label အင်တာနက်ဇာတ်လမ်းတွဲ. Show all posts
0 comments

အင်တာနက် ဇာတ်လမ်းတွဲ မိတ်ဆက် (Addicted)

 
စာရေးဆရာ Chai Jidan ရဲ့ တရုတ် အချစ်ဝတ္ထု Are You Addicted? ကို အခြေခံကာ ဇာတ်လမ်းတွဲ ရိုက်ကူးထားတဲ့ အင်တာနက် ဇာတ်လမ်းတွဲ Addicted (စွဲမက်နေပြီ) ကို ၂၀၁၅ ဇန်နဝါရီလ က စတင်ပြီး ပြသခဲ့ပြတယ်။ ဒီဇာတ်လမ်းတွဲဟာ ကျောင်းသားအရွယ် လူငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အချစ်ဟာသဇာတ်လမ်း ပုံစံမျိုး ဖန်တီးထားတာပါ။ စပြသခဲ့စဥ် ပထမ အပိုင်း၃ ပိုင်းမှာ အလွန်လူကြိုက်များခဲ့သော်လည်း ရုပ်သံဌာနက ဆင်ဆာနှင့် ငြိစွန်းလို့ ဆက်လွှင့်ဖို့ ငြင်းဆိုခဲ့တာကြောင့် ပြည်တွင်းမှ ပရိသတ်များကို မကြေနပ်ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့ အပိုင်းများကို Youtube ကနေဆက်လက် ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ငွေကြေးကုန်ကျမှုနဲနဲလေးနှင့် ရိုက်ကူးထားပြီး သရုပ်ဆောင် အသစ်များကိုလည်း သုံးထားပါတယ်။ တရုတ်ပြည်ထဲမှာ ဆက်လက်ပြသလို့မရတော့တဲ့အတွက် Youtube မှာ ပြသခဲ့ရတဲ့ ဒီဇာတ်လမ်းဟာ တရုတ်ပြည်အပြင်ဘက်မှာလည်း အလွန်လူကြိုက်များပါတယ်။ အတွဲ၁ မှာ အပိုင်း၁၅ပိုင်းပါတဲ့ ဒီဇာတ်လမ်းတွဲကို Youtube မှာ တရုတ်၊ထိုင်း နှင့် အင်္ဂလိပ်စာတမ်းထိုးတွေနှင့် ကြည့်လို့ရပါတယ်။ 





























0 comments

အင်တာနက် ဇာတ်လမ်းတွဲ မိတ်ဆက် (Paper Boys)

ဒီတခေါက်တော့ မြန်မာနိုင်ငံမှ လိင်တူချစ်သူ ပရိသတ်များအတွက် wifi ကောင်းကောင်းရတဲ့အခါ ကြည့်ဖို့ ကောင်းရာကောင်းနိုး အင်တာနက် ဇာတ်လမ်းတွဲတွေနှင့် မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။


Web Series လို့ခေါ်တဲ့ အင်တာနက် ဇာတ်လမ်းတွဲ ဆိုတာတွေဟာ သာမာန် ကုမ္ပဏီကြီးတွေက ထုတ်တဲ့ ဇာတ်လမ်းတွဲတွေနဲ့ မတူပါဘူး။ ပုံမှန်ဆို သူတို့က အပိုင်းတစ်ပိုင်းလျှင် ၄ မိနစ်ကနေ ၁၅ မိနစ်အကြားပဲ ရှိတတ်ပြီး အတွဲတစ်တွဲကိုလည်း အပိုင်းအနည်းအငယ်သာ ရှိတတ်ပါတယ်။ သူတို့က အသေးစား ထုတ်လုပ်မှုများသာ ဖြစ်ကြပြီး သူတို့ကို ဖြန်ချီတဲ့ အဓိက လှိုင်းက အင်တာနက်ပေါ်က Youtube မှတဆင့်ဖြစ်တဲ့ အတွက် အင်တာနက် ဇာတ်လမ်းတွဲ သို့ Youtube ဇာတ်လမ်းတွဲလို့ ခေါ်တာပါ။ သူတို့တွေက အကျိုးအမြတ် မကြည့်တဲ့ ရိုက်ကူးတာမျိုးဖြစ်တဲ့ အတွက် သူတို့ရဲ့ ရိုက်ကူးရေး ကုန်ကျမှုများကို ထုတ်လုပ်သူတွေ ကိုယ်တိုင် စိုက်ထုတ်ပြီး ရိုက်ကူးရတာမျိုး ရှိသလို အချို့ အဖွဲ့အစည်းများက (သို့) အစိုးရ ဝန်ကြီးဌာနတွေက ပညာပေးချင်လို့ ထောက်ပံ့တာမျိုး ရှိပြီး ဇာတ်လမ်းတွဲ သိပ်ကောင်းတဲ့အခါ ပရိတ်သတ် ကိုယ်တိုင်က ဝိုင်းဝန်း လှူဒါန်း တာမျိုးလည်း ရှိပါတယ်။ ငွေကြေးတတ်နိုင်မနိုင်၊ လူကြည့်နည်းများ၊ အောင်မြင်မမြင် စသည်တို့အပေါ် မူတည်ပြီး နောက်ဆက်အတွဲများ ဆက်လက် ရိုက်ကူးသင့်မကူးသင့် ဆုံးဖြတ်လေ့ရှိကြပါတယ်။ အမြတ်လည်းမရ ငွေကြေး အကျပ်အတည်းတွေနှင့် ရိုက်ကူးတာဖြစ်ပြီး နည်းပညာကိုလည်း နိုင်နိုင်မသုံးနိုင်ပဲ သရုပ်ဆောင်တွေက ဝါသနာရှင် အဆင့်မှာလည်း ရှိတာမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်လမ်းတွဲ တွေဟာ အမြတ်ရဖို့ ရိုက်ကူးတဲ့ ရုပ်ရှင်အကြီးစားတွေနှင့် ယှဉ်လျှင် အရည်အသွေးက နိမ့်တာတော့ မှန်ပေမဲ့ ဖန်တီးသူရဲ့ အစွမ်းအစ၊ ဖန်တီးဉာဏ်၊ တီထွင်ကြံစမှု နှင့် ပါရမီတို့ကို သရုပ်ဆောင်တွေရဲ့ အားတက်ပါဝင်မှုတို့နှင့် ပေါင်းစပ်လိုက်ရင် တမူထူးခြားတဲ့ အနုပညာ အတွေ့အကြုံကို ပေးနိုင်တဲ့ အတွက် အချို့ အင်တာနက် ဇာတ်လမ်းတွဲတွေကို လူတွေ နှစ်သက်ကြပါတယ်။

ဒီတစ်ခါက်မှာတော့ အမေရိကန် ကယ်လီဖိုးနီးယားက အနုပညာရှင်တွေ ဖန်တီးထားတဲ့ Paper Boys ကို ပြောပြချင်ပါတယ်။ အသက်၂၀ကျော်အရွယ် လူမျိုးပေါင်းစုံပါတဲ့ သူငယ်ချင်းတစ်စုဟာ ဆန်ဖရန်စစ်စကိုမြို့မှာ မေတ္တာရေး၊ ဘဝထူထောင်ရေး အခက်အခဲများကို ရုန်းကန်နေတဲ့ ဇာတ်အိမ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ ထူးခြားတာတစ်ခုက အနောက်တိုင်းသားတွေကိုပဲ ခေါင်းဆောင်တင်ပြီး ရိုက်လေ့ရှိတဲ့ အမေရိကန် ဇာတ်လမ်းများသာ တွေ့ရလေ့ရှိတဲ့ အချိန်မှာ Paper Boys ရဲ့ အဓိက ဇာတ်ကောင်ဟာ အာရှတိုက်နွယ်ဖွား တစ်ယောက်ပါ။ ဇာတ်လမ်းကို တမူထူးအောင် စိတ်ကူးယဉ် အရိပ်အယောင်နှင့် ရိုက်ကူးထားပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါရိုက်တာက

ကျွန်တော်တို့ ဇာတ်လမ်းတွဲကို အခြား လိင်တူချစ်သူ ဇာတ်လမ်းမျိုးတွေလို ခပ်ရိုးရိုး မရိုက်ကူးချင်ပါဘူး။ ပြီးတော့ ဇာတ်ကားထဲမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ မတူကွဲပြားသူ အားလုံးပါဝင်တယ် ဆိုတဲ့ အချက်ကိုလည်း ပြောပြချင်ပါတယ်။ ပြီးတော့ ဇာတ်ကောင်တွေရဲ့ ဘဝ လှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ရဲ့ တကယ် လက်တွေ့ ဘဝ နှင့် ထင်ဟပ်နိုင်အောင် ပြုလုပ်ထားခြင်းဖြင့် ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ လိင်တူချစ်သူ၊ လိင်ကွဲချစ်သူ ဘာမှ ပက်သတ်မှု မရှိပဲ လူတိုင်းကြုံတွေ့ရတဲ့ ဓမ္မတာ ပဲဆိုတာကို ပြချင်တာပါ။
ဟု အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။



Paper Boysကို အပိုင်း ၁ နှင့် ၂ သာ ရိုက်ကူး ရသေးတာဖြစ်ပေမဲ့ ကြည့်ရှုသူတွေက နှစ်လိုဖွယ် မှတ်ချက်တွေရရှိနေတာကြောင့် သူတို့ဟာ ၃ နှင့် ၄ ကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပြီး ကုန်ကျစရိတ်တွေကို တတ်နိုင်ဖို့ သူတို့ရဲ့ ပရိတ်သတ်တွေဆီကနေ တောင်းခံထားပါတယ်။

အခုတော့ အပိုင်း ၁၊ ၂ နှင့် ၃ ကို Youtube မှာ အလကား ကြည့်လို့ ရနေပါပြီ။



0 comments

တရုတ် လိင်တူချစ်သူဇာတ်လမ်းတွဲ Rainbow Family


တရုတ် စကားပြော လိင်တူချစ်သူ ပရိတ်သတ်တွေကတော့ သက်တံ့မိသားစု (Rainbow Family) လို့ခေါ်တဲ့ ဟာဟဇာတ်မြူး အင်တာနက် ဇာတ်လမ်းတွဲတိုလေးကို နှစ်သက်သဘောကျနေပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ပထမ အတွဲဟာဆိုရင် ပရိတ်သတ် ၂၄ သန်းကျော်ရှိပါတယ်။ အခု အတွဲ ၂ကို စတင်ကြည့်ရှုလို့ ရနေပါပြီ။

ဇာတ်လမ်းကတော့ ဘေဂျင်းမှာ နေထိုင်တဲ့ ဂေးသူငယ်ချင်းတစ်စုရဲ့  အကြောင်းကို အခြေခံပြီး ဟာသ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းတွဲက လူကြိုက်များပေမဲ့လည်း တရုတ်ပြည်မကြီးမှာတော့ လိင်တူချစ်ခြင်းကို လိင်မှုကိစ္စနှင့်ပက်သက်သော မကောင်းတဲ့အရာလို့ အစိုးရက သတ်မှတ်ထားတဲ့အတွက် ကလေးတွေ မကြည့်စေရဖို့ တီဗီထုတ်လွှင့်ခွင့် မပေးခဲ့ပါဘူး။ သို့ပေမဲ့လည်း တရုတ် ရှင်ဟွာသတင်းဌာနက ဒီဇာတ်လမ်းတွဲ အကြောင်းကို သတင်း ရေးသားခဲ့ပါတယ်။


သက်တံ့မိသားစုကို ထုတ်လုပ်သူကတော့ လိင်တူချစ်သူ လူမှုကွန်ယက် app ၏ အမှုဆောင်ချုပ် လင်ဂျွေဒင်းက ထုတ်ထားတာပါ။ သူက အမေရိကန် ဇာတ်လမ်းတွဲ Will & Grace ကို အားကျလို့ လိုက်ထုတ်ထားတာပါလို့ပြောပါတယ်။ သူ အင်တာဗျူး တစ်ခုမှာပြောတာက

တရုတ်တွေ အများစုက လိင်တူချစ်ခြင်း မတရားမုန်းတီးနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကို ဘာမှာ မပက်သက်လာဘူးဆိုရင် လိင်တူချစ်ခြင်းကို မသိကျိုးကျွန်ပြုထားချင်ကြပါတယ်။

ဒီဇာတ်လမ်းတွဲကနေ Will & Grace က အမေရိကန်မှာ လုပ်ခဲ့သလိုမျိုး တရုတ်လူမျိုးတွေကို လိင်တူချစ်သူတွေရဲ့ အပေါ်မှာ အကောင်းမြင်စေမဲ့ အပြုသဘောဆောင်တဲ့ သရုတ်ဖော်မှုတွေကို ပေးစွမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။

သက်တံ့မိသားစုဟာ တရုတ်နိုင်ငံအတွင်းမှာတွင် မကပါဘူး။ တရုတ်အပြင်မှာပါ သက်ရောက်မှုတွေ ရရှိနေပါတယ်။ ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ် စာတန်းထိုးတွေနှင့်လည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

အင်္ဂလိပ် စာတန်းကိုတော့ ပထမဆုံး အတွဲရဲ့ အပိုင်း ၁ နှင့် ၂ မှာ ရရှိနေပါပြီ။





သင် တရုတ်စကား နားလည်တယ်ဆိုရင်တော့ အစအဆုံးကို ဇာတ်လမ်းရဲ့ Youtubeလိုင်းမှာ သွားကြည့်လို့ရပါတယ်။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ