Search

Content

Showing posts with label ဂိမ်း. Show all posts
Showing posts with label ဂိမ်း. Show all posts
0 comments

လိင်တူချစ်သူ ဂိမ်းဝါသနာရှင်တို့ တောင့်တတဲ့ စိတ်ကူးယဉ် ဂိမ်းဇာတ်လမ်းတွေထဲက သူရဲကောင်း ဆိုတာ


သင်ဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်ပြီး ဂိမ်းဝါသနာရှင်တစ်ဦးလည်း ဖြစ်ပါသလား။ ဒါဆို သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ကျွန်တော်တို့လို လူမျိုးတွေကို အင်္ဂလိပ်လို gaymer (gay + gamer) ဂေးမာ လို့ခေါ်ပါတယ်။

ကျွန်တော်တို့ အမြဲတမ်း ကစားခွင့်ရတဲ့ ဗီဒီယိုဂိမ်းတွေထဲမှာ လွှမ်းမိုးထားတဲ့ ပုံပြောနည်း (dominant narrative) က သူရဲကောင်း (hero) လို့ခေါ်တဲ့ အယူအဆကို ဘယ်လို အနက်ကောက်ပါသလဲ။ သမရိုးကျ ပုံပြောပုံတွေထဲမှာ သူရဲကောင်းဆိုတာ ယောက်ျား၊ ရဲရင့်တယ်၊ သန်မာတယ်၊ အမှန်တရားနောက်လိုက်တယ် ပြီးတော့ အစွမ်းရှိတယ် စသဖြင့်ပေါ့၊ ကမ္ဘာကြီးကို ကယ်တင်မယ့်လူ ပါရမီရှင်တွေရဲ့ ဝိသေသတွေကို ဒီလိုပုံစံ ပြဋ္ဌာန်း ကြပါတယ်။ နောက်ဆုံးပြီးခါနီးကျတော့ ကျွန်တော်တို့ ရင်ခုံစွာ တလျှောက်လုံး ကစားခဲ့ရတဲ့ ဇာတ်ကောင် သူရဲကောင်းက မိန်းမချော ပါရမီဖြည့်ဖက်နဲ့ ညားပြီး ဇာတ်သိမ်းသွားပါလေယော။ ကျွန်တော်တို့လို ယောက်ျားချင်းချစ်သူ ဂိမ်းကစားသူတွေအတွက်တော့ ကိုယ်တကယ် သဘောကျတဲ့ သူနဲ့ မစုံဖက်ရလေတော့ စိတ်ကသိကအောက်ဖြစ်ရတာပေါ့။ သင်ဟာ စိတ်ကူယာဉ် ပုံပြင် နှင့် ဂိမ်း ဝါသနာအိုး တစ်ယောက်ဖြစ်တယ်ဆိုရင် ကြုံဖူးမှာပါ။


ခေတ်အဆက်ဆက် စာပေ၊ ရုပ်ရှင်တွေနဲ့ ဗီဒီယို ဂိမ်းတွေမှာ သူရဲကောင်းဆိုတဲ့ အနက်ကို ကျဉ်းမြောင်းစွာ သတ်မှတ်လေ့ရှိပါတယ်။ သူရဲကောင်းဆိုတာ ပုံမှန်ဆိုရင် ယောက်ျား၊ ပြီးတော့ သူက ကြင်ယာတော် မိန်းမတစ်ယောက်ရှိမှ ပြီးပြည့်စုံတယ်။ ဒါဟာ ကျွန်တော်တို့ကို ငယ်စဉ်ကတည်းက ပြောပြလာကြတဲ့ လွှမ်းမိုးထားတဲ့ ပုံပြောနည်းပါ။ သူရဲကောင်းတွေထဲမှာ အမျိုးသမီး ဇာတ်ကောင်တွေဆိုတာ အမျိုးသားတွေနဲ့ နိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန် ရှားပါးနေပါသေးတယ်။ သူရဲကောင်း ယောက်ျားချင်းကြိုက်တယ်ဆိုတာ မရှိသလောက် ပါပဲ။ 

ဒါပေမဲ့ ပုံပြောခြင်းနဲ့ ဇာတ်လမ်းဆိုတာ ဖန်တီးသူရဲ့ လက်ထဲမှာ ရှိတာပါ။

ယနေ့ခေတ်မှာတော့ ဗီဒီဂိမ်းတွေကို ဂန္တဝင် လက်ရာမြောက်အောင် အကြီးစား ရေးသားဖန်တီးတဲ့ ကုမ္ပဏီကြီး အချို့ဟာ ဒါတွေကို ပြောင်းလဲပစ်ပြီး ကစားသူတွေကို ဇာတ်လမ်းအပေါ် ထိန်းချုပ်မှုကို ပိုပေးထားပါတယ်။ အဲ့ဒီ အထဲမှာ ကိုယ်ကစားမယ့် ဇာတ်ကောင်ကို ကျား သို့ မ ရွေးချယ်မှုပေးတာတို့၊ တချို့ဂိမ်းတွေဆိုရင် ဇာတ်ကောင်ကို မိမိလိုချင်တဲ့ ရုပ်ရည်နဲ့ ခန္ဓာကို ဖန်တီးလို့ရတာတို့၊ ဇာတ်လမ်းအဆုံးရဲ့ရလာဒ်ကို မိမိကစားပုံပေါ်မူတည်ပြီး ဆုံးဖြတ်ခွင့်ပေးတာတို့ စသဖြင့် ကစားသူကို လွတ်လပ်စွာ ရွေးချယ်ခွင့်တွေ ပေးထားတာပါ။ အဲ့ဒီအထဲမှာ နောက်ဆုံးတခုကတော့ လိင်တူချစ်သူ ဂိမ်းမာတွေအတွက် တန်းတူ အခွင့်အပေးတဲ့ အနေနှင့် ကိုယ်ကြိုက်ချင်တဲ့ လူကို ပိုးပန်းပြီး ဖူးစာဆုံခွင့် ပေးရာမှာ ယောက်ျား ဖြစ်ရမယ် မိန်းမဖြစ်ရမယ် ဆိုတာကို မသတ်မှတ်ပေးတော့ပါ။ 

အဲ့ဒီအထဲကမှ အကြီးစား ထုတ်လုပ်ထားပြီး အောင်မြင်ကျော်ကြားတဲ့ ဂိမ်းတွေအထဲက ကျွန်တော်တို့ ဂေးမာတွေ အကြိုက်တွေ့ကြတဲ့ ဂိမ်းတွေကို ဖော်ပြလိုက်ရပါတယ်။

Fable (2004) - Microsoft's Games

Microsoft's Games ရဲ့ ၂၀၀၄ ခုနှစ်ကထုတ်လုပ်တဲ့ Fable ဂိမ်းဟာ လူကြိုက်များပြီး ဆုအမြောက်အများ ဆွတ်ခူးခဲ့ပါတယ်။ ကလေးငယ် ဘဝကနေ လူလားမြောက်ပြီး လောကကြီးကို ကယ်တယ်သူ တစ်ဦးဖြစ်လာတယ့်အထိ ကစားရတဲ့ Fable ဂိမ်းထဲမှာ မိမိရဲ့ ဇာတ်ကောင်ကို အမှားအမှန် ဆုံးဖြတ်ခွင့်ပေးထားပါတယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်ကို သတ်ရမလား ချမ်းသာခွင့်ပေးမလား အထိ ဆုံးဖြတ်လို့ ရပါတယ်။ ဒီဂိမ်းဟာ ကိုယ့်ရဲ့သူရဲကောင်းကို ဂိမ်းထဲက လိင်တူတစ်ယောက်ယောက် ချစ်ကြိုက်ပြီး လက်ထပ်ခွင့် ရအောင် ပြုလုပ် ဖန်တီးပေးထားတဲ့ ပထမဆုံး ဂိမ်းဖြစ်ပါတယ်။


နောက်ဆက်တွဲ ၂၀၁၁ မှာ ဆက်လက်ထွက်ရှိခဲ့တဲ့ ကွန်ပြူတာဂိမ်း Fable III ဟာလည်း ပထမ ဂိမ်းရဲ့ အစဉ်အလာကို ထိန်းသိမ်းထားပါတယ်။



Elders Scroll V: Skyrim (2011) - Bethesda Game Studios
  

Elders Scroll ဂိမ်းအတွဲတွေရဲ့ ၅ခုမြောက် နောက်ဆုံးထွက် Skyrim ဟာ ၂၀၁၁ ရဲ့ အကောင်းဆုံး role playing ဂိမ်းလို့ သတ်မှတ်ခံရပြီး ဆုပေါင်း ၃၀၀ကျော် ဆွတ်ခူးခဲ့ပါတယ်။ ထွက်ဖူးသမျှ အကောင်းဆုံး ဂိမ်း ၁၀၀ ထဲမှာ နံပါတ် ၁ နေရာကို PC Gamer မဂ္ဂဇင်းက သတ်မှတ်ထားပါတယ်။ ရင်သပ်ရှုမောဖွယ် လှပတဲ့  Skyrim ဆိုတဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ရောက်ရှိလာတဲ့ ရဲရင့်ခက်ထန်တဲ့ Dovahkiin ခေါ် နဂါးသားတော်ဟာ လောကကိုဖျက်ဆီးမယ့် နဂါးဆိုးတွေကို ရှင်းလင်းသုတ်သင်ဖို့ ဇာတ်ကောင်အနေနှင့် ကစားရပါတယ်။ ဒီဂိမ်းကို ကစားသူက ကျားမရွေးချယ်လို့ရပြီး လူမဟုတ်ပဲ အခြား ဒဏ္ဍာရီ သတ္တဝါတွေနေနှင့်လည်း ရွေးချယ် ကစားလို့ရပါတယ်။ ထူးခြားတာက ကစားသူတွေထဲကပဲ programming ရေးတတ်တဲ့ သူတွေ ကိုယ်တိုင်က စိတ်ကြိုက်ပြင်ဆင်မှု mod တွေကို ထည့်သွင်းပြီး ပြောင်းလဲကစားနိုင်အောင် ဂိမ်းထုတ်လုပ်သူက တရားဝင်ခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာလဲ ကိုယ့်ရဲ့ ဇာတ်ကောင်က လိင်တူချင်း လက်ထက်လို့ရပါတယ်။

Mass Effect 3 - BioWare


Non-linear storyline လို့ခေါ်တဲ့ ပုံသေသတ်မှတ်မထားတဲ့ ဇာတ်လမ်း မှာ ဇာတ်လမ်းကြောင်းကို ကစားသူက ဆုံးဖြတ်နိုင်ခွင့် ရှိပါတယ်။ အဲ့ဒီအထဲမှာ ကစားသူရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ဂိမ်းဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေရဲ့ ကံကြမ္မာဟာ ပြောင်းလဲသွားသလို ကစားသူရဲ့ ဇာတ်ကောင်က တခြားဘယ် အဓိက ဇာတ်ကောင်ကို လက်တွဲဖော်အဖြစ် ရွေးချယ်မလဲဆိုတာကို လွတ်လပ်စွာ ဆုံးဖြတ်လို့ရပါတယ်။ BioWare ရဲ့ Mass Effect အတွဲထဲက နောက်ဆုံးထွက်တဲ့ နံပါတ် ၃ မှာတော့ ကစားသူရဲ့ ဇာတ်ကောင် Commander Sheperd ကို ယောကျ်ားအနေနှင့် ကစားမယ်ဆိုရင် အဓိကဇာတ်ကောင် နောက်တစ်ဦးဖြစ်တဲ့ Kaiden Alenko နှင့် အတူ စကြဝဠာကြီးရဲ့ နောက်ဆုံးတိုက်ပွဲကို အတူ လက်တွဲတိုက်လို့ရပါတယ်။ အဲ့ဒီ ဂိမ်းဇာတ်လမ်းအထဲမှာ ကစားတတ်ရင် Sheperd နဲ့ Kaiden တို့ချစ်ကြိုက်ပြီး ချစ်ရည်လူးခန်းတစ်ခု ရရှိလာအောင် ပြုလုပ်လို့ရပါတယ်။ Mass Effect 3 ဟာ အကြီးအကျယ်အောင်မြင်ခဲ့ပြီး ဂိမ်းကစားသူများ၏ အသည်းစွဲဖြစ်လျက် ၂၀၁၆ နှစ်ကုန်မှာ ဆက်လက်ထွက်ရှိမယ့် Mass Effect 4 ကို လူတွေက ရင်ခုန်စောင့်ဆိုင်းနေကြပါတယ်။


Dragon Age 2 (2011) - BioWare



Mass Effect ကဲ့သို့ BioWare ရဲ့ နာမည်ကျော် ဂိမ်း Dragon Age 2 ဟာလည်း ထိုနည်းတူစွာပင် ကစားသူက ကိုယ့်ရဲ့ ဇာတ်ကောင် သူရဲကောင်း Hawke အား လိင်တူချင်းချစ်ကြိုက်တဲ့ အချစ်ဇာတ်လမ်းဖန်တီးပေးလို့ရပြီး ဇာတ်လမ်း အဆုံးရဲ့ ရလာဒ်ကို ကိုယ်တလျောက်လုံး ကစားခဲ့တဲ့ ရွေးချယ်မှုတွေက ဆုံးဖြတ်သွားမှာပါ။ ဒီဂိမ်းဟာ ကိုယ့်ရဲ့ ဇာတ်ကောင် ရုပ်သွင်ကို စိတ်ကြိုက်ဖန်တီး ခွင့်ပေးထားပါတယ်။

Dragon Age 3 (2014) - BioWare


Dragon Age 2 ရဲ့အဆက် ၂၀၁၄ ခုမှာ ဆက်လက်ထွက်ရှိတဲ့ Dragon Age 3 ဟာလည်း ပိုမိုကောင်းမွန်လာတဲ့ ဂိမ်းအတွေ့အကြံုတွေကို ပေးနိုင်ပြီးတော့ ဂေးမာများ အသည်းစွဲတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ 

The Sims Series (2000 - 2014) - Maxis


Maxis ကုမ္ပဏီက ရေးသားပြီး Electronic Arts ထုတ်ဝေတဲ့ The Sims ဂိမ်းအတွဲဟာ ၂၀၀၀ ခုနှစ်က စတင် ထုတ်ဝေခဲ့ပြီး လူကြိုက်များမှုကြောင့် ၂၀၁၄ ခုနှစ်တိုင် နောက်ဆုံး နံပါတ် ၄ ခုမြောက် The Sims 4 ပင် ထွက်ရှိပြီး ဖြစ်ပါတယ်။ သူကတော့ သူရဲကောင်း ဇာတ်လမ်းဂိမ်း အမျိုးအစားတော့ မဟုတ်ပါဘူး။ Simulations လို့ ခေါ်တဲ့ လက်ရှိ အပြင်ဘဝလိုမျိုး အသွင်တူ ဖန်တီးကစားရတဲ့ ဂိမ်းမျိုးပါ။ Sims လို့ခေါ် သရုပ်ကောင်လေးတွေကို ကိုယ်ကြိုက်တဲ့ ပုံဖန်းတီးပြီး မိသားစု ဘဝကို ကြိုက်သလို ဖန်တီးလို့ရတဲ့ ဂိမ်းပါ။ ဒီဂိမ်းစထွက်တဲ့ နံပါတ် ၁ ကတည်းက စပြီး ထုတ်လုပ်သူတွေက လိင်တူ လိင်ကွဲ ကြိုက်နှစ်သက်တာနှင့် ပက်သတ်လို့ ဘာမှာ ခွဲခြားထားတာ မရှိပါဘူး။ စတင် ပိုးပန်းချိန်ကအစ လက်ထက်ပြီး မိသားစု ထူထောင်သည်ထိအဆုံး အပြင်ဘဝ ကဲ့သို့ပင် လိင်တူချစ်သူချင်းနှင့် ပက်သက်သမျှှ အကုန်လုပ်လို့ရပါတယ်။


ယနေ့ခေတ်မှာ ဗီဒီယို ဂိမ်းထုတ်လုပ်သူတွေ သဘောပေါက်လာတာက အရင်တုန်းက သမရိုးကျ ပုံပြောပုံတွေဖြစ်တဲ့ ယောက်ျားနှင့် မိန်းမ သူရဲကောင်းဇာတ်လမ်းတွေဟာ လူနည်းစု ပရိသတ်တွေအတွက် ကိုယ်စားပြုရာမရောက်ပဲ ဘေးဖယ်ထားရာ ရောက်တယ်ဆိုတာပါ။ ဒီခေတ်ရဲ့ ဂိမ်းတွေထဲမှာ လိင်တူချစ်သူ ပရိသတ်အမြောက်အများရှိတဲ့အတွက် ဂိမ်းကုမ္ပဏီတွေက ကျွန်တော်တို့အတွက် ထည့်သွင်း စဉ်းစားလာပြီး ဂိမ်းတွေကို လွတ်လပ်စွာ ရွေးချယ်မှုတွေ ထည့်သွင်းပေးလာပါတယ်။

ဘာပဲပြောပြော အဲ့ဂိမ်းတွေကို ရေးသားတဲ့ အဖွဲသားတွေထဲမှာ ကျွန်တော်တို့ လိင်တူချစ်သူတွေ ကိုယ်တိုင်လည်း ပါဝင်တဲ့ အလျောက် အားလုံးရဲ့ အမြင်တွေကို ပါဝင်လာအောင် အလုပ်ခွင် နှင့် အနုပညာလောကမှာ တန်းတူအခွင့်အရေး ပေးတာပဲ မဟုတ်ပါလား ခင်ဗျာ။
0 comments

Gay Cosplay ဓာတ်ပုံများ

တစ်နှစ်တစ်ခါ လုပ်လေ့ရှိတဲ့ Comic-con လို့ခေါ်တဲ့ ကိုယ့်ရဲ့စိတ်ကြိုက် စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေလို ၀တ်ဆင်ပြီး ပြိုင်ပွဲဝင်ရတဲ့ ပွဲတွေ ကမ္ဘာအရပ်ရပ်မှာ ရှိပါတယ်။ ကာတွန်း၊ ဗီဒီယိုဂိမ်း နှင့် စိတ်ကူးယဉ် ဇာတ်လမ်း ၀ါသနာအိုးတွေက မိမိ အကြိုက်ဆုံး ဇာတ်ကောင်တွေလို ၀တ်ဆင်ပြီး တက်ရောက်ကြပါတယ်။ အဲ့ဒီထဲမှာ gay nerds တွေဖြစ်ကြတဲ့ စိတ်ကူးယဉ် ဇာတ်လမ်း နှင့် ဂိမ်း ၀ါသနာရှင် လိင်တူချစ်သူတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ဗီဒီယိုဂိမ်း ကစားတာ အလွန်ဝါသနာပါတဲ့ ဂေးတွေကိုတော့ gaymer လို့ခေါ်ပါတယ်။ Comic-conကို တစ်ချို့က ဇာတ်လမ်းထဲက စုံတွဲတွေလို အတွဲလိုက် ၀တ်ဆင်ကြပါတယ်။ တချို့အတွက်တော့ ကိုယ့်နဲ့ ၀ါသနာတူ အနာဂတ်ချစ်သူတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဘာပဲပြောပြော စိတ်ကူးယဉ်တတ်သူတွေ အတွက်တော့ အမြဲတမ်းတနေတဲ့ ကိုယ့်အိမ်မက်ထဲက ချစ်သူသူရဲကောင်း ယောက်ျားတွေ အမုန်တကယ်ဖြစ်လာတဲ့ ခံစားမှုမျိုးကို ပွဲတက်တဲ့အခါမှာ ကြည်နူးရပါတယ်။

အခုတော့  ကမ္ဘာအရပ်ရပ်က ရင်ခုန်ဖွယ်ရာ ချောမောလှပတဲ့ costume player ယောက်ျားတွေရဲ့ ဓာတ်ပုံတွေကို ရှုစားကြပါ။ 




















0 comments

ဓာတ်ပုံဆရာ Shaun Simpson ၏ cosplay ဓာတ်ပုံလက်ရာများ

နိုင်ငံတကာမှာ cosplay (costume play) လို့ခေါ်တယ့် စိတ်ကူးယာဉ်ဇာတ်လမ်း၊ ကာတွန်း၊ နှင့် ဗီဒီယိုဂိမ်းတွေထဲက ဇာတ်ကောင်တွေ၊ သူရဲကောင်းတွေလို ၀တ်ဆင်ပြီး ဆင်နွဲကြတဲ့ပွဲက သူတွေလို မော်ဒယ်တွေကို ဓာတ်ပုံဆရာ Shaun Simpson က ဖန်တည်းပြီးတော့ သရုပ်ဖော်ထားပါတယ်။ နိုင်ငံတကာမှ ဂိမ်းဝါသနာအိုးတွေ အတွက်ကတော့ သူ့ဓာတ်ပုံတွေက တကယ့်ကို အားရစရာပါ။ ကနေဒါနိုင်ငံမှ လိင်တူချစ်သူ ဓာတ်ပုံဆရာရဲ့ ဖန်တည်းမှုကတော့ သူရဲကောင်းယောက်ျားတွေကို စိတ်ကူးယဉ်စွဲမက်သူတွေအတွက်တော့ ရှုမောစရာပါ။

All photos credited to Shaun Simpson













Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ