Search

Content

0 comments

International LGBT music (2016 September-December)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ စက်တင်ဘာ ကနေ ဒီဇင်ဘာလ အထိ ၃လအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်းကောင်း အသစ်တွေ  နားထောင်ကြည့်ဖို့ စုစည်းပေးလိုက်တာပါ။

ဒီတစ်ခေါက် အတွက်တော့

Favourite Artist - Sia (Australia)


အကြိုက်ဆုံး အဆိုတော်အဖြစ် သြစတြေးလျမှ လိင်တူလိင်ကွဲချစ်သူ အမျိုးသမီး အဆိုတော် Sia ရဲ့ အော်လန်ဒို အကြမ်းဖက်မှုမှာ သေဆုံးခဲ့သူများကို ဂုဏ်ပြုသီဆိုထားတဲ့ The Greatest သီချင်း...



အမေရိကန် ဂေးအဆိုတော် Adam Lambert ၏ နောက်ဆုံးထွက်သီချင်းသစ်...
Song - Welcome to the Show
Artist - Adam Lambert feat. Laleh
Country - USA




လူကြိုက်များလာတဲ့ အမေရိကန် အဆိုတော်သစ် Wrabel ရဲ့ ပထမဆုံးတစ်ကိုယ်တော်သီချင်း...
Song -11 Blocks
Aritst - Wrabel 
Country - USA




အမေရိကန် အမျိုးသမီးချင်းချစ်သူ အဆိုတော် Laura Pergolizzi ရဲ့ ကမ္ဘာကျော်နာမည်ကြီးနေတဲ့ သီချင်းကောင်း...
Song - Lost On You
Artist - LP
Country -  USA




ဗြိတိသျှ အဖွဲ့ Years & Years ရဲ့ နောက်ဆုံးထပ်ထွက်လာတဲ့ သီချင်း...
Song - Meteorite
Artist - Years & Years
Country - United Kingdom




ကမ္ဘာကျော် အီတလီ ဂေးအဆိုတော် Tiziano Ferro ၏ နောက်ဆုံးထွက် သီချင်းကောင်း...
Song - Potremmo Ritornare
Artist - Tiziano Ferro
Country - Italy




ကနေဒါနိုင်ငံမှ လိင်တူချစ်သူ အမွာနှစ်ယောက်ဖွဲ့စည်းထားတဲ့ Tegan and Sara အဖွဲ့ရဲ့ သီချင်းသစ် BWU ၏ အချစ်ဇာတ်လမ်းနှင့် ဗီဒီယို...
Song - BWU
Artist - Tegan and Sara
Country - Canada




အမေရိကန် တက်သစ်စ ဂေးအဆိုတော်  Lyon Hart ရဲ့ သီချင်းအသစ်၏ အချစ်ဇာတ်လမ်း...
Song - Falling for You
Artist - Lyon Hart
Country - USA




ဗီယက်နမ် ဂေးရုပ်ရှင် Thần Tiên Cũng Nỗi Điên ၏ ဇာတ်ဝင် အချစ်သီချင်း...
Song - Giấc Mơ Không Nhoà
Artist - Anh Tú
Country - Vietnam




ကနေဒါ အမျိုးသမီးချင်းချစ်သူ အဆိုတော် Ria Mae ၏ သီချင်းသစ်...
Song - Ooh Love
Artist - Ria Mae
Country - Canada




တူရကီ ရော့အဖွဲ့ Athena က တူရကီနိုင်ငံမှာ ကျားမပြောင်းသူများကို မုန်းတီးမှု များပြားနေတဲ့အထဲမှာ ကျားမပြောင်းသူများနှင့် ရိုက်ကူးထားတဲ့ သီချင်းဗီဒီယို...
Song - Ses Etme
Artist - Athena 
Country - Turkey




အာဂျင်တီးနား ဂေးအဆိုတော် Patricio Arellano ရဲ့ ကြည်နူးဖွယ်ရာ သူရဲ့ အချစ်သီချင်းဗီဒီယို...
Song - Nuevo Sol
Artist - Patricio Arellano
Country - Argentina




အစရှိတဲ့ သီချင်းကောင်းတွေ အပါအဝင်

Featured Song of the Month

ဒီတခေါက်အတွက် အကြိုက်ဆုံး သီချင်းအနေနှင့် လက်တင်အမေရိကန် နိုင်ငံများအားလုံးမှာ ဟိုးလေးတကျော် လူကြိုက်များနေတဲ့ ကမ္ဘာကျော် ပေါ်တိုရီကို အဆိုတော် ရဲ့ နောက်ဆုံးထွက်သီချင်းမြူးမြူး Vente Pa' Ca တို့ကို ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။

Song - Vente Pa' Ca ft. Maluma
Artist - Ricky Martin feat. Maluma
Country - Puerto Rico


0 comments

လိင်တူချစ်ခြင်းဟာ သဘာဝကိုဆန့်ကျင်တဲ့အရာလို့ ထင်ပါသလား၊ ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ။


အချို့လူတွေက လိင်တူချစ်ခြင်းဟာ လူတွေသဘာဝကို ဆန့်ကျင်ပြီးလုပ်တဲ့အရာလို့ စွပ်စွဲကြပါတယ်။ ဒါပေမယ့် မိမိရဲ့ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ။ လိင်တူချစ်ခြင်းဟာ သတ္တဝါတိုင်းမှာရှိတဲ့ သဘာဝ ဖြစ်စဥ်တစ်ခုပါ။ အဲ့ဒါကို ဒီချစ်စရာကောင်းတဲ့တိရစ္ဆာန်တွေမှာ ဥပမာအနေနှင့်ကြည့်ကြည့်ပါက လူတွေသာ လိင်တူချင်းချစ်တတ် တွယ်တာတတ်တာ မဟုတ်ဘူးဆိုတာကို တွေ့မြင်နိုင်ပါတယ်။

သူတို့ဆီမှာ gay (သို့မဟုတ်) အခြောက်ဆိုတဲ့ လူတွေလုပ်ထားတဲ့ အမှတ်သညာတွေ မရှိပါဘူး။ သတ္တဝါတစ်ဦးမှ အခြားသတ္တဝါတစ်ဦးကို တွယ်တာစွဲမက်တာပဲရှိပါတယ်။ တခါတရံမှာ ဒီတိရစ္ဆာန်တွေမှာ အနှောင်အဖွဲ့ သံယောဇဥ်များတည်ကာ တစ်ဦးကိုတစ်ဦးမခွဲပဲ နေထိုင်ကြတာလဲရှိပါတယ်။ သူတို့တွေမှာ တစ်မူထူးခြားတဲ့ မိတ်လိုက်ပုံအသီးသီးလည်း ရှိတတ်ကြပါတယ်။ သူတို့အတွက်တော့ ဒါဟာ မဆန်းပါဘူ။ သဘာဝလို့ခေါ်ပါတယ်။

၁) သစ်ကုလားအုပ်


သစ်ကုလားအုပ်များ မိတ်လိုက်တဲ့ထဲမှာ လိင်တူချင်းဆက်ဆံမှုဟာ ၉၄ ရာခိုင်နှုံးမျှရှိပါတယ်။ သစ်ကုလားအုပ်ထီးများ အချင်းချင်းရည်ငံပုံဟာ တခြားဘယ်သတ္တဝါတွေမှာမှ မရှိတဲ့ လည်ချင်းယှက်တာပါ။ အထီးနှစ်ကောက်သည် ယှဥ်တွဲလျက်ရပ်ကာ တစ်ဦးခန္ဓာကိုတစ်ဦး ခေါင်း၊ ကိုယ်လုံး၊ လည်ပင်း၊ ပေါင်ရင်း နှင့် ပေါင်တို့ကို လည်ပင်းနှင့် ပွတ်သပ်ပါတယ်။ ၎င်းက တစ်ခါတစ်လေ ၁ နာရီလောက်ထိ ကြာတတ်ပါတယ်။ အဲ့ဒီကနေ လိင်စိတ်တက်ကြွမှုကို ရရှိစေပါတယ်။ ပြီးရင်တော့ မိတ်တက်လိုက်ကြပါတယ်။

ဒီအပြုအမူဟာ သစ်ကုလားအုပ်ထီးတွေ အမတွေအနားမှာမရှိလို့ လုပ်တဲ့ အလုပ်မဟုတ်ပါဘူး။ အမတွေဘေးမှာ ရှိနေလည်း အထီးအချင်းချင်း လည်ချင်းယှက်တာတွေပြုလုပ်ပြီး ဘေးနားမှာရှိနေတဲ့ အမတွေက ဂရုမပြုပဲနေကြပါတယ်။

၂) ဘိုနိုဘို မျောက်

ဘိုနိုဘို မျောက်တွေဟာလည်း အမအချင်းချင်း မိတ်လိုက်တတ်ပါတယ်။ သူတို့ရဲ့ ခန္ဒာများကို အနီးကပ် ပွတ်သပ်ချင်းဖြင့် အချင်းချင်း အနှောင်အဖွဲ့ပြုပါတယ်။ အချို့သိပ္ပံပညာရှင်များက သူတို့၏ အင်္ဂါခန္ဓာဖွဲ့စည်းပုံဟာ အမချင်း မိတ်လိုက်နိုင်ဖို့ စဥ့်ကဲပြောင်းလဲ ဖြစ်ပေါ်လာတယ်လို့တောင် ယူဆပါတယ်။

၃) ကြိုးကြာနီ

ကြိုးကြာနီတွေက တလင်တမယားကျင့်သုံးတဲ့ တိရစ္ဆာန်တွေပါ။ အဲ့ဒီအထဲမှာ အထီးနှစ်ကောင် သို့မဟုတ် အမနှစ်ကောင် လည်းပါပါတယ်။

သဘာဝရဲ့ ကြည်နူးဖွယ် ဥပမာတစ်ခုက စကော့တလန်နိုင်ငံ အီဒင်ဘရာမြို့က တိရစ္ဆာန်ရုံက ကြိုးကြားနီ အထီးစုံတွဲဟာ မွေးကင်းစကြိုးကြာလေးတစ်ကောင် အသိုက်ကနေ ပြုတ်ကျကျန်ခဲ့ပြီးတဲ့နောက် သူ့ကို မိဘအဖြစ် ကောက်ယူမွေးစားခဲ့ပါတယ်။

၃) လင်းပိုင်



လင်းပိုင်အားလုံး၏ သုံးပုံတစ်ပုံဟာ လိင်တူချင်း စုံတွဲဖွဲ့တတ်လေ့ရှိပြီး သူတို့ထဲက တော်တော်များများဟာ တဘဝလုံး လက်တွဲသွားတတ်ပါတယ်။ လက်တွဲဖော်သေသွားတဲ့အခါ ကြေကွဲလွမ်းဆွတ်မှုကို ကြာရှာစွာပြုလုပ်တတ်ကြလို့လဲ ဇီဝဗေဒပညာရှင်တွေ မြင်တွေ့ကြပါတယ်။ သူတို့သည် နောက်ထပ် လက်တွဲဖော် ထပ်ရှာကြပြန်ရင်လည်း မအောင်မြင်တတ်ကြပါဘူး၊ ဘာလို့လဲဆိုတော့ အထီးတော်တော်များများဟာ လက်တွဲဖော်ရှိပြီးနေပြီမို့လို့ပါ။ သို့သော်လည်း သူသည် အခြားမုတ်ဆိုးဖိုကို ရှိပါက သူတို့ တွဲနိုင်သွားပါတယ်။

၄) လင်းနို့

Vampire bats လို့ခေါ်တဲ့ သွေးစုတ်လင်းနို့အမျိုးအစားတွေမှာလည်း သုံးပုံမှတစ်ဝက်နီးပါးဟာ အမအချင်းချင်းအကြား မိတ်ဖွဲ့လေ့ရှိပါတယ်။ သူတို့ အချင်းချင်း တွယ်တာပုံပြတာကတော့ တကယ့်ကို ဆန်းပါတယ်။ အမတစ်ကောင်က သူ့အဖော်သုံးဆောင်ဖို့ သူရဲ့သွေးကို အန်ထုတ်ပြီး လှူပေးပါတယ်။ အဲ့လိုလုပ်တယ်ဆိုရင် သူတို့ဟာ ၁၀ နှစ်ကျော်လောက်ထိ ပေါင်းသင်းပြီးပြီ ဖြစ်ပါတယ်။

၅) ပင်လယ်ဖျံ

နယူးဇီလန်၏ ပင်လယ်ဖျံအထီး ၈၀ ရာခိုင်နှုန်းကျော်ဟာ အခြားဖျံအထီးတွေနှင့်သာ မိတ်လိုက်လေ့ရှိပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ အားပြိုင်ဆော့ကစားခြင်း၏ ရလာဒ်တစ်ပိုင်းတစ်ဆကြောင့်ဖြစ်ပါတယ်။ အထီးတစ်ကောင်နှင့် တစ်ကောက် ရင်ဘက်ခြင်းယှဥ်ကာ တွန်းကြပြီး ဘယ်သူကအားသာတယ်ဆိုတာ ပြိုင်ကြပါတယ်။ အားသာတဲ့သူကို ဆုံးဖြတ်ပြီးရင်တော့ အားသာသူကအားနည်းသူကို မိတ်တက်လိုက်ပါတယ်။ ထို့ကြောင့် မကြာခဏ သန်စွမ်းတဲ့ အသက်ငယ် ဖျံတွေက အသက်ကြီးတဲ့ ဖျံတွေကို မိတ်တက်လိုက်ပါတယ်။

၆) ဝေလငါး

ဝေလာငါး အထီတွေ၏ ၃ ပုံတစ်ပုံ အထူးသဖြင့် ကြီးကောင်ဝင်ချိန်အရွယ်တွေမှာ အများအပြား အထီးချင်းမိတ်လိုက်ကြပါတယ်။ တိရစ္ဆာန်တော်အများမိတ်လိုက်ပုံတွေမှာ တစ်ကောက်ကတစ်ကောင်ကို အပေါ်စီးကနေ မိတ်တက်လိုက်တတ်တဲ့ အလေ့အထမျိုးရှိပေမယ့် ဝေလငါးတွေကတော့ ၉၀ရာခိုင်နှုံးဟာ အပြန်အလှန်မိတ်တက်လိုက်ကြပါတယ်။ အချို့တွေဟာဆိုရင် အကြိုက်ဆုံး မိတ်လိုက်ဖော်ကို နှစ်တွေအများကြီး ထားထားတတ်ပါတယ်။

၇) ပင်ဂွမ်း

နောက်ဆုံးအနေနှင့်ကတော့ လိင်တူဘဝဘက်တွဲဖော်တွေထားတတ်တဲ့ ပင်ဂွမ်းလေးတွေပဲဖြစ်ပါတယ်။
အခြားတိရစ္ဆာန်နှင့် မတူတဲ့အချက်က အခြားတိရစ္ဆာန်အတော်အများက အထီးအမ-မရွေးတာမျိုး၊ မတော်တဆ လိင်တူချင်းမိတ်လိုက်မိတာမျိုး ရှိတတ်ပေမဲ့ ပင်ဂွမ်းတွေက အဲ့လိုမျိုးမဟုတ်ပါဘူး။ အချို့ အထီးတွေက သူတို့၏ လက်တွဲဖော်သေဆုံးသွားရင် နောက်ထပ် အထီးကိုပဲ ထပ်ရှာလေ့ရှိပါတယ်။
ပြီးတော့ လိင်တူချစ်သူ ပင်ဂွမ်းများဟာ ကောင်းမွန်တဲ့ မိဘတွေလည်းဖြစ်တတ်ပါတယ်။


ဒီဥပမာ ၇ မျိုးအပြင် ထောင်ပေါင်းများစွာသော တိရစ္ဆာန် မျိုးစိတ်တွေထဲမှာ လိင်တူချင်း အပြုအမူစရိုက်တွေ ပြကြပါတယ်။ ဒီအချက်က ကျွန်တော်တို့ကို လိင်တူချစ်ချင်းဟာ လုံးဝ သဘာဝ ဖြစ်စဥ်တစ်ခုလို့ပြနေပါတယ်။ တကယ်တော့ လိင်တူချစ်သူများကို မုန်းတီးနှိမ့်ချခြင်းကသာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါ။
0 comments

Pokemon အကောင်တွေသာ ခပ်လန်းလန်း ယောက်ျားတွေဖြစ်မယ်ဆိုရင်


ဂိမ်းဝါသနာရှင် ဂေးများအတွက် အကယ်၍ သင်ကြိုက်နှစ်သက်တဲ့ ပိုကီမွန် အကောင်တွေဟာ စိတ်ကူးအိမ်မက်ထဲက လိုချင်တဲ့ ခပ်လမ်းလမ်းဘဲတွေဆိုရင် ရင်ခုန်စရာပဲမလား။

အဲ့ဒီစိတ်ကူးယာဥ်တွေကို ဒီအနုပညာရှင်တွေက အကောင်အထည်ဖော်လိုက်ပါပြီ။ အကောင်တကောင်ချင်းစီအလိုက် သူတို့နဲ့ သက်ဆိုင်တဲ ခပ်လန်းလန်း ရင်ခုန်စရာကောင်းလေးတွေ အသွင်နဲ့ ရုပ်ပုံရေးဆွဲထားတာဖြစ်ပါသည်။

ကဲ သင်ဘယ်အကောင်ကြိုက်လဲရွေး












0 comments

လိင်တူချစ်သူများ တန်းတူဖြစ်ရေး ဘာ့ကြောင့်အရေးပါသလဲဆိုတာ

LGBT များအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု ရပ်တန့်ပါ။

မေလ ၁၇ ရက်နေ့မှာကျရောက်တဲ့ လိင်တူချစ်သူများနှင့် ကျားမပြောင်းသူများကို မုန်းတီးမှု အပြည်ပြည်ဆိုင်ရာ တိုက်ဖျက်မှုရေးနေ့ (International Day Against Homophobia, Biphobia and Transphobia) (IDAHOT) အတွက် ကမ္ဘာ့ကုလသမ္မဂမှ ပြုလုပ်ထားတဲ့ ဗီဒီယိုမှာ ကမ္ဘာအရပ်ရပ်မှ လိင်တူချစ်သူ အခွင့်အရေးတောင်းဆိုသူများဟာ ၎င်းတို့ ဘာ့ကြောင့် ရှေ့တန်းကနေ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိဖို့ တိုက်ပွဲဝင်နေရတယ်ဆိုတာကို ပြောပြထားပါတယ်။

အောက်ကနိုင်ငံ ၂၁ နိုင်ငံ ထဲမှ တချို့နိုင်ငံတွေကတော့ လုံခြုံရေးအတွက်၊ အချို့ကတော့ ခွဲခြားဆက်ဆံမှုပပြောက်ရေးအတွက် တိုက်ပွဲဝင်နေသလို တခြားနိုင်ငံတွေမှာတော့ ထွေပြားစုံလုံမှုအားလုံးတန်းတူဖြစ်ရေးနှင့် မိသားစုဘဝ ပိုမိုအကောင်းမွန်ရေးတို့အတွက် ကျိုးပမ်းနေကြပါတယ်။


ကမ္ဘောဒီးယား
တန်းတူဆက်ဆံခံရရေးနှင့် ဥပဒေဖြင့် အသိပြုခွင့်ရရေး

ကာဂျစ္စတန်
ခွဲခြားဆက်ဆံမှု အဆုံးသပ်ရေး
ရုရှား
ထွေပြားစုံလင်မှုရရှိရေး
ဘရာဇီး
လွတ်မြောက်လွတ်လပ်ရေး
ဖီဂျီ
လိင်တူချစ်သူများကို အနိုင်ကျင့်ခြင်းကို တိုက်ဖျက်ရေး
အာဂျင်တီးနား
ပိုမိုတရားမျှတသော လူ့အဖွဲ့အစည်းအတွက်
ဗန်နီဇွဲလား
တန်းတူအခွင့်အရေးများအတွက်
ကိပ်ဗာဒေး
လွတ်လပ်ကာ တန်းတူဖြစ်ရေး
ဂူယာနာ
ကျားမ မမျှတမှုကို အဆုံးသတ်ရေး
ဂျပန်
မိသားစုများ ထွေပြားစုံလင်ရေး
ပိုလန်
တန်းတူအခွင့်အရေးများအတွက်
ကူဝိတ်
လုံခြုံမှုရရှိရေးအတွက်
ကော်စတာ ရီကာ
မိသားစုအတွက်
လက်ဘနွန်
ရာဇဝတ်မှုပြုခြင်းကို ပယ်ဖျက်ရေးအတွက်
ဂျမေကာ
လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများ၏ အခွင့်အရေးသည်လည်း လူအခွင့်အရေးဖြစ်ပါသည်။
အမေရိကန် ပြည်ထောင်စု
ကျားမပြောင်းသူများကို မုန်းတီးသတ်ဖျက်မှုနှင့် လူငယ်များ အိုးအိမ်မဲ့ခြင်းကို အဆုံးသတ်နိုင်ရေး
ဗြိတိန်
ချွင်းချက်မရှိ လက်ခံမှု ရရှိရေး
ယူဂန်ဒါ
လိင်တူချစ်သူအမျိုးသမီးများနှင့် ကျားမပြောင်းအမျိုးသမီးများအား စွမ်းရည်မြင့်တင်ရေး
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
မေတ္တာနှင့် နားလည်မှုရရှိရေး
အိန္ဒိယ
လိင်တူချစ်ခြင်းကို ဥပဒေနှင့် အသိမှတ်ပြုရေး
ထိုင်း
တန်းတူညီမျှရေး၊ ဂုဏ်သိက္ခာ နှင့် လူမှုတရားမျှတရေး
0 comments

ဇာတ်လမ်းတို Curmudgeons

ဒါရိုက်တာ Danny DeVito ရိုက်ကူးတဲ့ Curmudgeons ဇာတ်လမ်းတိုဟာ အချစ်ဆိုတာ အသက်အရွယ် မရွေး ကျားမ မရွေး အားလုံးချစ်တတ်ကြတယ်ဆိုတာကို ကျွန်ုပ်တို့ကို ပြသလိုက်ပါတယ်။

၁၅ မိနစ်ကြတဲ့ ဒီအချစ်ဇာတ်လမ်းတိုလေးကို အမေရိကန် Tribeca ရုပ်ရှင်ပွဲတော်နှင့် ဗြိတိသျှ BFI ရုပ်ရှင်ပွဲတော်တို့ အသီးသီးတို့မှာ ပြသခဲ့ပါတယ်။ အသက် ၈၀ ကျော် အထီးကျန်နေတဲ့ အဖိုးကြီး နှစ်ဦးရဲ့ အချစ်ကို စိတ်ကြည်နှုးဖွယ်ရာ ဟာသလေးနဲ့ ရိုက်ကူးပြထားတာပါ။

အင်တာနက်ကောင်းတဲ့ အချိန်ကြည့်ကြည့်ပေါ့နော်။
0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၃)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။


ယခု အမြင်ကတော့ လင်းလက်ကြယ်စင်က မေးမြန်းထားတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းက အမျိုးသမီးချင်းချစ်သူများအပေါ်ထားတဲ့ အထင်အမြင်များကို တင်ဆက်ထားတဲ့ podcast ကိုဝေမျှပေးချင်ပါတယ်။

0 comments

အင်တာနက် ဇာတ်လမ်းတွဲ မိတ်ဆက် (Addicted)

 
စာရေးဆရာ Chai Jidan ရဲ့ တရုတ် အချစ်ဝတ္ထု Are You Addicted? ကို အခြေခံကာ ဇာတ်လမ်းတွဲ ရိုက်ကူးထားတဲ့ အင်တာနက် ဇာတ်လမ်းတွဲ Addicted (စွဲမက်နေပြီ) ကို ၂၀၁၅ ဇန်နဝါရီလ က စတင်ပြီး ပြသခဲ့ပြတယ်။ ဒီဇာတ်လမ်းတွဲဟာ ကျောင်းသားအရွယ် လူငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အချစ်ဟာသဇာတ်လမ်း ပုံစံမျိုး ဖန်တီးထားတာပါ။ စပြသခဲ့စဥ် ပထမ အပိုင်း၃ ပိုင်းမှာ အလွန်လူကြိုက်များခဲ့သော်လည်း ရုပ်သံဌာနက ဆင်ဆာနှင့် ငြိစွန်းလို့ ဆက်လွှင့်ဖို့ ငြင်းဆိုခဲ့တာကြောင့် ပြည်တွင်းမှ ပရိသတ်များကို မကြေနပ်ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့ အပိုင်းများကို Youtube ကနေဆက်လက် ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ငွေကြေးကုန်ကျမှုနဲနဲလေးနှင့် ရိုက်ကူးထားပြီး သရုပ်ဆောင် အသစ်များကိုလည်း သုံးထားပါတယ်။ တရုတ်ပြည်ထဲမှာ ဆက်လက်ပြသလို့မရတော့တဲ့အတွက် Youtube မှာ ပြသခဲ့ရတဲ့ ဒီဇာတ်လမ်းဟာ တရုတ်ပြည်အပြင်ဘက်မှာလည်း အလွန်လူကြိုက်များပါတယ်။ အတွဲ၁ မှာ အပိုင်း၁၅ပိုင်းပါတဲ့ ဒီဇာတ်လမ်းတွဲကို Youtube မှာ တရုတ်၊ထိုင်း နှင့် အင်္ဂလိပ်စာတမ်းထိုးတွေနှင့် ကြည့်လို့ရပါတယ်။ 





























0 comments

International LGBT music (2016 June-August)


(မအားလပ်တာမို့  သီချင်းအသစ်တွေရှာဖွေ မတင်ပေးနိုင်တာ အတော်ကြာနေကို တောင်းပန်ပါတယ်။ အခုတစ်ခေါက်တော့ လွန်ခဲ့တဲ့ ၅ လအတွင်း မှာမတင်ဆက်လိုက်ရတဲ့ သီချင်းတွေကို လက်လှမ်းမှီအောင် ပြန်လည်ရေးသား ပေးလိုက်ပါတယ်။)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ ဇွန်လ ကနေ သြဂုတ်လ အထိ ၃လအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်းကောင်း အသစ်တွေ  နားထောင်ကြည့်ဖို့ စုစည်းပေးလိုက်တာပါ။

ဒီတစ်ခေါက် အတွက်တော့

Favourite Artist  - Mary Lambert (USA)

အကြိုက်ဆုံး အဆိုတော် အဖြစ် အမေရိကန်အဆိုတော် အမျိုးသမီးချင်းချစ်သူ အဆိုတော် Mary Lambert ရဲ့ သီချင်း ငြိမ့်ငြိမ့်လေးဖြစ်တဲ့ Hang Out With You သီချင်း...
Mary Lambert - Hang Out With You


Mary Lambertရဲ့ အရင် ပထမထွက်ရှိထားတဲ့ သီချင်း...
Mary Lambert feat Angel Haze, K.Fla - Ribcage


အိန္ဒိယက ကျားမပြောင်းအနုပညာရှင် ၆ယောက်ပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့  နောက်ထက်ထပ်ထွက်တဲ့ ခပ်ဆန်းဆန်းသီချင်း...
6 Pack Band feat. Zanai Bhosle - Hil Pori Hila (Stomp Mix)
Country - India


ဗြိတိသျှ အဆိုတော်နှစ်ဦး ဖြစ်တဲ့ Bright Light Bright Light နဲ့ Elton John တို့ ပူးတွဲသီဆိုထားတဲ့ သီချင်း...
Bright Light Bright Light feat. Elton John - All In The Name
Country - UK


အမေရိကန် A Great Big World အဖွဲ့ရဲ့ နောက်ဆုံးထွက် သီချင်းသစ်...
A Great Big World - Won't Stop Running
Country -USA


အင်္ဂလိပ်အဆိုတော် Shura ရဲ့ ကြည်နူးဖွယ်ရာ ဗီဒီယို... 
Shura - What's It Gonna Be?
Country - UK


သြစတြေးလျ Idol ရဲ့ နောက်ဆုံးအဆင့်ရောက်ခဲ့သူ လိင်တူချစ်သူအဆိုတော် Greg Gould ရဲ့ လူအခွင့်အရေးအတွက် ရိုက်ကူးထားတဲ့ ဗီဒီယို ...
Greg Gould - Run To You
Country - Australia


ရုရှားက ကျားမပြောင်းသူများအပေါ် လူသားချင်းစာနာမှုကို ရိုက်ကူးထားတဲ့ ဗီဒီယို...
CorsA - Hiding in love (Remix)
Country -Russia


ချီလီနိုင်ငံက နာမည်ကျော် လိင်တူချစ်သူ အဆိုတော် Alex Anwandter ရဲ့ သီချင်းသစ်...
Alex Anwandter - Siempre Es Viernes En Mi Corazón
Country - Chile


ဗီယက်နမ်က လိင်ပြောင်း အမျိုးသမီး အဆိုတော် Hương Giangက ထပ်ထုတ်လိုက်တဲ့ သီချင်းအသစ်...
Hương Giang - Mùa Để Yêu Thương
Country - Vietnam


အမေရိကန် အဆိုတော် လူကြိုက်များ ဂေးအဆိုတော် Eli Lieb နဲ့ Steve Grand တို့ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ စုံတွဲသီချင်း...
Eli Lieb & Steve Grand - Look Away
Country - USA


အစရှိတဲ့ သီချင်းကောင်းများ အပါအဝင်

Featured Song of the Month

ဒီတခေါက်အတွက် အကြိုက်ဆုံး သီချင်းအနေနှင့် ထိုင်းဇာတ်လမ်းတွဲ Make it Right รักออกเดิน ရဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ကြည်နူးဖွယ်ရာ လူငယ်အချစ်သီချင်း I Believe True Love Exists เชื่อว่ารักแท้มีจริง စသည်တို့ကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Gun Achi กันอชิ - I Believe True Love Exists เชื่อว่ารักแท้มีจริง
Country - Thailand

1 comments

International LGBT music (2016 March-May)


 မအားလပ်တာမို့  သီချင်းအသစ်တွေရှာဖွေ မတင်ပေးနိုင်တာ အတော်ကြာနေကို တောင်းပန်ပါတယ်။ အခုတစ်ခေါက်တော့ လွန်ခဲ့တဲ့ ၅ လအတွင်း မှာမတင်ဆက်လိုက်ရတဲ့ သီချင်းတွေကို လက်လှမ်းမှီအောင် ပြန်လည်ရေးသား ပေးလိုက်ပါတယ်။

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ မတ်လ ကနေ မေလ အထိ ၃လအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်းကောင်း အသစ်တွေ  နားထောင်ကြည့်ဖို့ စုစည်းပေးလိုက်တာပါ။

ဒီတစ်ခေါက် အတွက်တော့

Favourite Artist  - Troye Sivan (Australia)

အကြိုက်ဆုံး အဆိုတော် အဖြစ် သြစတြေးလျနိုင်ငံကနေလာပြီး တကမ္ဘာလုံးမှာ အရမ်းအောင်မြင် ကျော်ကြားနေတဲ့ လူငယ်အဆိုတော် Troye Sivan...

Troye Sivan - YOUTH


ယူကေ ဂေးအဆိုတော် Olly Alexander ပါဝင်တဲ့ Years & Years အဖွဲ့က အဆိုကျော် Tove Lo နဲ့ အတူတွဲဆိုထားတဲ့ သီချင်...
Years & Years feat. Tove Lo - Desire
Country - UK & Sweden


အမေရိကန် ဂေးအဆိုတော် Steve Grand က သူ့သီချင်းကို ခပ်မြူးမြူး ပြန်တီးထားတဲ့ သီချင်း...
Steve Grand - We Are the Night (Dave Aude Remix)
Country - USA


ကမ္ဘာကျော် ပြင်သစ် အဆိုတော် မီကာ ရဲ့ သီချင်းသစ်...

MIKA - Hurts (Remix)
Country - UK/France


ယူကေ အမျိုးသမီးချင်းချစ်သူ အဆိုတော် Jess Glynne ရဲ့ နောက်ဆုံးထွက်သီချင်း...
Jess Glynne - Ain't Got Far To Go
Country - UK


ကနေဒါ အမျိုးသမီးချင်းချစ်သူ အဆိုတော် Ria Mae ရဲ့ သီချင်းသစ်...
Ria Mae - Gold
Country - Canada


လိင်တူချစ်သူ အဆိုတော် Chad King ပါဝင်တဲ့ အမေရိကန်အဖွဲ့ A Great Big World ရဲ့ သီချင်းအသစ်...

A Great Big World - Oasis
Country - USA


အမေရိကန် Idol ရဲ့ နောက်ဆုံးအဆင့်ရောက်ခဲ့သူ လိင်တူချစ်သူအဆိုတော်ရဲ့ ပွဲဦးထွက်သီချင်း...

Rayvon Owen - Can't Fight It
Country - USA


ကမ္ဘာကျော် အသဲစွဲ အဆိုတော် Ricky Martin ရဲ့ စပိန်လို သီချင်းအသစ်...
Ricky Martin - Perdóname
Country - Puerto Rico


ကျွန်တော်တို့ရဲ့ အသည်းစွဲ Westlife အဖွဲ့သား ဂေးအဆိုတော် Markus Feehily က အသစ်ထပ်ထုတ်လိုက်တဲ့သီချင်း...
Markus Feehily - Sanctuary
Country - Ireland


နီပေါနိုင်ငံက လိင်တူချစ်သူတွေ အကောင်းမြင်လာအောင် ကျိုးပန်းဖန်းတီးထားတဲ့ နီပေါရဲ့ ပထမဆုံးသော လိင်တူချစ်သူ ယောက်ျား တွေပါဝင်တဲ့ သီချင်း အေးအေးငြိမ့်ငြိမ်းလေး...
Samir Limbu - Timile Ta Sajilai
Country - Nepal


အဆိုတော်က လိင်တူချစ်သူမဟုတ်ပေမဲ့ လိင်တူချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းနဲ့ ရိုက်ကူးထားတဲ့ ကမ္ဘောဒီးယားမှ ပထမဆုံးသီချင်းဗီဒီယို...
បែកមួយជាតិ Bek Mouy Cheat - Takmaតាក់ម៉ា
Country - Cambodia


အင်တာနက် တရုတ်ဇာတ်လမ်းတွဲ Addicted ရဲ့ အဖွင့်သီချင်း...
Just You and Me 《海若有因》上瘾网路剧主题曲
Country - China


နယူးယောက်က အမျိုးသမီးချင်းချစ်သူ အဆိုတော် Sizzy Rocket ရဲ့ သီချင်း...
Sizzy Rocket - Need Somebody
Country - USA



အစရှိတဲ့ သီချင်းကောင်းများ အပါအဝင်

Featured Song of the Month

ဒီတခေါက်အတွက် အကြိုက်ဆုံး သီချင်းအနေနှင့် အိန္ဒိယက ပရိတ်သတ်၏ လေးစားမှုရရှိနေပြီး အောင်မြင်နေတဲ့ ကျားမပြောင်းအနုပညာရှင် ၆ယောက်ပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့  Youtube နားထောင်သူ ၃ သန်းကျော်ရရှိပြီးပြီ ဖြစ်တဲ့ Sab Rab De Bande သီချင်းကောင်း စသည်တို့ကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။


6 Pack Band feat. Sonu Nigam - Sab Rab De Bande
Country - India
0 comments

ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုအပေါ် ကိုယ့်ကိုယ်ကို သံသယရှိနေပါလား

စာဖတ်သူတစ်ဦးက သူ့ကိုယ်သူ လိင်တူချစ်သူဖြစ်နိုင်တယ်ဟု သံသယရှိနေကြောင်း လာပြောပြပါတယ်။ သူက အခြားလိင်တူချစ်သူတစ်ယောက်နဲ့ အတူနေရင် သူလည်း လိင်တူချစ်သူ ဖြစ်သွားနိုင်သလားလို့ မေးပါတယ်။ အဲ့ဒါအဖြေနဲ့ ပက်သက်ပြီး ကျွန်တော်ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။

လိင်စိတ်တိမ်းညွှတ်မှု (အင်္ဂလိပ်လို sexual orientation) နဲ့ပက်သက်ပြီးတော့ ကိုယ့်ကိုယ်ကို လိင်တူချစ်သူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူအဖြစ် မသေချာသေးပဲ သံသယရှိနေသူ၊ စူးစမ်းနေသူ၊ စမ်းသပ်နေသူတွေလည်း ရှိပါတယ်။ သူတို့ကို အင်္ဂလိပ်လို Questionting လို့ ခေါ်ပါတယ်။ LGBTQ ထဲမှ Q က ကိုယ်စားပြုတာပေါ့။ မေးခွန်းမေးနေသူလို့ တိုက်ရိုက်ဘာသာ ပြန်လို့ရပါတယ်။ အဲ့ဒါကလည်း ထူးဆန်းတဲ့ ဖြစ်ရပ်မဟုတ်ပါဘူး။ လူအတော်အများ ကြုံတွေ့ကြရပါတယ်။

လူတစ်ဦးဟာ ဆန့်ကျင်ဘက်လိင် သို့မဟုတ် လိင်တူအပေါ်  လိင်စိတ်တိမ်းညွတ်မှုကိုမူတည်ကာ ကိုယ့်ကိုယ်ကို မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ရာမှာ စွဲမက်မှုအမျိုးမျိုးကနေ အနည်းနှင့်အများ သဘောပေါက်တတ်ကြပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ယောက်ျား (သို့) မိန်းမ ဒါမှမဟုတ် နှစ်ဦးစလုံးအပေါ်မှာ စိတ်ခံစားချက်၊ မေတ္တာစိတ် နှင့် လိင်စိတ် အစရှိသည်တို့မှ အားလုံး (သို့) တခုခုနဲ့ စွဲမက်မှု ရှိနေခြင်းကို ဆိုလိုပါတယ် (လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပက်သက်ပြီး အကျယ်တဝင့် ဤနေရာမှာ ဖတ်ပါ)။

အဲ့ဒီအထဲမှာ စိတ်ခံစားချက်ဆိုတာက ယောက်ျားအချင်းချင်းအကြားပဲဖြစ်ဖြစ် မိန်းမအချင်းချင်းအကြားပဲဖြစ်ဖြစ် ယောက်ျားနှင့်မိန်းမအကြားပဲဖြစ်ဖြစ် လူတစ်ယောက် နောက်လူတစ်ဦးတစ်ယောက်အပေါ်မှာ ထားရှိတဲ့ ခံစားချက်တွေနဲ့ စွဲမက်မှု (အင်္ဂလိပ်လို emotional attraction)ကို ခေါ်ပါတယ်။ ခံစားချက်တွေကို ဥပမာအနေနဲ့ ပေးရရင် လူသားနှစ်ဦးအကြား လွမ်းဆွတ်ခြင်း၊ တမ်းတခြင်း၊ စေတနာ၊ ခင်မင်မှု၊ ဂရုဏာစိတ်၊ မုဒိတာစိတ်၊ အပြန်အလှန်မှီခိုလိုစိတ်၊ ဖေးမလိုစိတ်၊ စွဲလမ်းခြင်း အစရှိသည်တို့အပြင် တခါတရံ ရှောင်လွဲလို့မရတဲ့ ခံစားမှုတွေလည်းဖြစ်တဲ့ ပူပန်ခြင်း၊ ဝန်တိုခြင်း နှင့် သောကရောက်ခြင်း စသည်တို့လည်း ပါဝင်နိုင်ပါတယ်။

မေတ္တာစိတ်နဲ့ စွဲမက်မှု (romantic attraction) ဆိုတာကတာ့ ချစ်မိခြင်း၊ မေတ္တာသက်ခြင်း၊ လက်တွဲလိုစိတ်၊ ရင်ခုန်ခြင်း စသည်တို့ ပါပါတယ်။ လိင်စိတ်နဲ့ စွဲမက်မှု (sexual attraction)ဆိုတာကတော့ အဲ့ဒီလူရဲ့ ခန္ဒာနဲ့ ရူပါကို စွဲမက်ကာ ကာမသွားလာလိုစိတ် ဖြစ်ပေါ်ခြင်းကို ဆိုလိုပါတယ်။

လူတစ်ယောက်က အခြားလူတစ်ယောက်ပေါ် စွဲလမ်းတယ်ဆိုတာ အခုပြောတဲ့ စိတ်သုံးမျိုးထဲက တစ်ခုတည်းနဲ့ပဲဖြစ်ဖြစ် နှစ်ခု သို့မဟုတ် သုံးခုစလုံးပဲဖြစ်ဖြစ် စိတ်ဖြစ်ပေါ်နေတာကို ဆိုလိုတာပါ။ ဥပမာ လူတစ်ယောက်က အခြားလူတစ်ယောက်နဲ့ လိင်ဆက်ဆံလိုစိတ်တော့မရှိပဲ သူ့ပေါ် မေတ္တာသက်ဝင်ပြီး ချစ်ခင်တာမျိုးပဲ သပ်သပ်ရှိနိုင်သလို သူရဲ့ ခန္ဓာ နဲ့ ရူပါက ကိုယ့်ရဲ့ ရာဂစိတ် နှိုးဆွပေးတာကလွဲလို့ တခြား ဘာစိတ်ခံစားချက် မဖြစ်ပေါ်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ အများသောအားဖြင့်တော့ စိတ်သုံးခုစလုံး တစ်ပြိုင်နက် ဖြစ်ပေါ်လေ့ ရှိကြပါတယ်။

ကျွန်တော်တို့အထဲမှ အတော်အများက ငယ်ငယ်လေးကနေ ပျိုဖော်ဝင်ချိန်လောက်ကတည်းက ကိုယ့်ကိုယ်ကို လိင်တူချစ်သူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ အဖြစ်စောစောသိပြီး ရှင်းလင်းသွားကြပါတယ်။ ဒါပေမဲ့လည်း အချို့ကျတော့ အသက်အရွယ်တစ်ခုကျမှ အတွေ့အကြုံအသစ်တွေကြောင့် ကိုယ်မရှာဖွေရသေးတဲ့ ခံစားချက်တွေကို ရှာဖွေတွေ့ရှိသွားပြီးမှ ပိုသဘောပေါက်သွားပါတယ်။ အသက်ကြီးပြီးမှ ယောက်ျားနဲ့ပဲဖြစ်စေ မိန်းမနဲ့ပဲဖြစ်စေ ကိုယ့်အတွက်တကယ်ပဲ စစ်မှန်တဲ့သူနဲ့တွေပြီး ကိုယ့်ကိုယ်ကို ပိုမိုနားလည်သွားတာမျိုးလည်း ရှိကြပါတယ်။ အဲ့လိုလူတွေအများကြီးပါ။

အဓိကကတော့ ကိုယ့်မှာ ခံစားချက်အသစ်တွေရှိနေနိုင်တယ်လို့ သံသယရှိရင် စိတ်ဝင်စားပါက အဲ့ဒီခံစားချက်ကို ဖိနှိပ်မထားပဲ စမ်းသပ်ကြည့်သင့်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကို လိင်တူချစ်သူပဲဖြစ်ရမယ် သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ ပဲဖြစ်ရမယ်လို့ ခေါင်းစဉ်တပ်သတ်မှတ်ဖို့ အလျှင်စလို မပြုလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို သံသယရှိနေတဲ့ အရာတွေကို လက်ခံပေးပြီး ထိုသံသယတွေ တကယ်စစ်မှန် မစစ်မှန် စမ်းစစ်ကြည့်နိုင်ဖို့ ကိုယ့်ကိုယ်ကို ချုပ်တီးမထားပဲ ဖွင့်ဟထားပါ။

အဲ့တော့ လိင်တူချစ်သူနဲ့ပေါင်းရင် လိင်တူချစ်သူဖြစ်သွားနိုင်သလားဆိုတော့ ဖြစ်မယ်မဖြစ်ဘူး ဖြေလို့မရပါဘူး။ ကိုယ်က ပင်ကိုယ်ကတည်းက လိင်တူချစ်သူမဟုတ်ပဲ ဆန့်ကျင်ဘက်လိင်ကိုသာ သီးသန့်ကြိုက်တဲ့သူ၊ လိင်တူအပေါ်ဘာခံစားချက်မှ ရင်ခုန်လို့မရဘူးဆိုတာ သေချာနေရင် လိင်တူချစ်သူပြောင်းသွားမှာ မဟုတ်ပါဘူး။ ခဏတခိုက် စိတ်ဇေဝေဇဝါဖြစ်နေတဲ့အချိန်ကို ဖြတ်ကျော်နေရမျိုးတာ ဖြစ်နိုင်ပြီး အခု စမ်းသပ်လိုက်မှ ကိုယ့်ကိုယ်ကို ပိုရှင်းလင်းစွာ သိသွားတာပါ။

အဲ့လိုမဟုတ်ပဲ ကိုယ်ဘယ်တုန်းကမှ သတိမထားမိတဲ့ လိင်တူအပေါ်မှာ ပုန်းကွယ်နေတဲ့ ခံစားချက်တွေ၊ ရင်ခုန်မှုတွေ၊ လိင်စိတ်တွေက သူနဲ့စမ်းသပ်လိုက်မှ ဘွားကနဲပေါ်လာပြီး သဘောပေါက်လိုက်တဲ့ အဖြစ်မျိုးလည်း ရောက်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှ ကိုယ့်ကိုယ်ကို လိင်တူချစ်သူဆိုတာလည်း သေချာသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့ဒါအပြင် ဆန့်ကျင်ဘက်လိင်ပေါ်လည်း ရှိပြီးသား ခံစားချက်တွေ ပျောက်မသွားဘူးဆိုရင် ကိုယ်က ကျားမနှစ်မျိုးလုံးပေါ် စွဲမှတ်သူတစ်ဦးပါ။ ဒီခံစားချက်တွေက အလိုအလျှေက်ဖြစ်ပေါ်တာမို့ အတင်းမတရားလုပ်ယူလို့မရသလို ဖိနှိပ်ပြီးဖုန်းကွယ် ဖယ်ဖျောက်ပစ်လို့လည်းမရပါ။

အဓိကက ကိုယ့်ခံစားချက်ကို လိုလိုလားလား ဖွင့်ဟလက်ခံပေးဖို့အရေးပါတယ်။ ဒါပေမယ့် အခုချက်ချင်းပဲ ကိုယ့်ကိုယ်ကို လိင်တူချစ်သူပဲဖြစ်ကြောင်း သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူပဲဖြစ်ကြောင်း ကောက်ကာငင်ကာ သတ်မှတ်ဖို့ ဖိအားမျိုး မခံစားသင့်ပါဘူး။ ရှေ့ရှောက်ဖြစ်လာမယ့် ခံစားချက်တွေထပ်တွေ့လာရင် စမ်းစစ်ပေးနိုင်ဖို့ အမြဲတမ်း ကိုယ့်ကိုယ်ကို ဖွင့်ဟထားပါ။ ဒီအချိန်မှာ ဒီလူက ကိုယ့်တွက် မှန်ကန်တဲ့သူ မဟုတ်သေးရင် နောင်တစ်ချိန်မှာ မုန်ကန်တဲ့သူအပေါ် စွဲလမ်းမှုဖြစ်လာတဲ့အခါ မငြင်းပယ်ပါနဲ့။

အဲ့ဒါကြောင့် ခံစားချက်စွဲမက်မှုတွေဟာ အလိုအလျောက် ဖြစ်ပေါပြီး အတင်းလုပ်ယူလို့ မရတာမို့ လူတစ်ယောက်ကို လိင်တူချစ်သူကနေ ဆန့်ကျင်လိင်ချစ်သူဖြစ်အောင်၊ ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူကနေ လိင်တူချစ်သူဖြစ်အောင် ပြောင်းလဲပစ်လို့ ရကိုမရပါဘူး။ စွဲမက်မှုရှိရင် အလိုလိုဖြစ်လာမှာပါပဲ။

တစ်ခုရှိတာက ဒီကနေ့ လူ့အဖွဲ့အစည်းရဲ့ ပတ်ဝန်းကျင်မှာ လူနည်းစု လိင်တူချစ်သူတွေပေါ်ရှိနေတဲ့ မလိုမုန်ထားမှု၊ ခွဲခြားဆက်ဆံမှုနဲ့ အမြင်စောင်းမှုတွေကို ကြုံတွေ့ရမှာ စိုးရွံ့တာတွေကြောင့် လိင်တူချစ်သူတွေဟာ မိမိကိုယ်ကို လက်မခံပဲ ဖုန်းကွယ်ထားပြီး ကိုယ့်ကိုယ်ကို ဆန့်ကျင်ဘက်လိင်ချစ်သူအဖြစ် အလိုအလျောက်သတ်မှတ်ကာ အများနဲ့ဆန့်ဝင်အောင် နေထိုင်ဖို့ ကျိုးပန်းနေကြရပါတယ်။ အချို့အတွက်တော့ လွယ်ကူသလို အချို့အတွက်တော့ ရုန်းကန်ရပါတယ်။ ဒါပေမဲ့ ခံစားချက်အစစ်တွေက ကွယ်ပျောက်မသွားပါဘူး။

နောက်ဆုံးပြောချင်တာကတော့ စိတ်ပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်စိတ်တိမ်းညွှတ်မှုကို ကိုယ့်ကိုယ်ကို အတင်းလုပ်ယူလို့မရသလို အခြားသူတစ်ယောက်က လာပြောင်းလဲပစ်လို့လည်း မရပါဘူး။

ကိုယ့်ကိုယ်ကို မသေချာရင် စမ်းသပ်ဖို့ အမြဲ စိတ်နှလုံးကို ဖွင့်ထားပြီး တကယ်လို့ ခံစားချက်တွေ ပျောက်မသွားဘူး အမြဲရှိနေရင် ငြင်းပယ်မထားပါနဲ့။ နောက်ဆုံးအနေနှင့် ပတ်ဝန်းကျင်က ဘာပဲပြောပြော ကိုယ့်ကိုယ်ကိုသာ အယုံကြည်ရဆုံးပါ။

ပျော်ရွင်နိုင်မယ့် လမ်းများကို လျှောက်လှမ်းနိုင်ကြပါစေ။



0 comments

တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့် ပက်သက်သော အယူမှားများ


အရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်တည်းလွတ်လပ်ချိန်မှာ ကိုယ့်ကိုယ်ကို ကျေနပ်အားရအောင် နှိုးဆွပြီး အာသာဖြေတာက ကျွန်တော်တို့ အားလုံးနီးပါးလိုလို လုပ်ကြတဲ့အရာပါ။ ဒါပေမဲ့ အရပ်ထဲက ပြောကြသလို တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်တို့ လက်မှာ အမွေးပေါက်တယ်တို့ အမျိုးစုံကြုံတွေ့ဖူးမှာပါ။ အဲ့လို အယူမှားတွေနဲ့ တခါတရံ ကိုယ့်ကိုယ်ကို ယုံယုံမှားမှားတွေဖြစ်ပြီးတော့ လုပ်ရင်ကောင်းမလား မလုပ်ရင်ကောင်းလားဆိုပြီး တွေဝေတတ်ကြတာ အာလုံးဖြစ်ဖူးမယ် မဟုတ်လား။ ကဲအောက်မှာ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပက်သက်တဲ့ အယူမှားအချို့ကို ဖော်ပြထားပါတယ်။ တခြား ကိုယ်ကြားဖူးတာ ရှိရင်လည်း comment မှာ ဝင်ပြောပြပြီး ဆွေးနွေးလို့ရပါတယ်။

၁။ တစ်ကိုယ်ရည်အာသာဖြေတာများရင် လိင်တံပျက်စီးတတ်တယ်။

ဘာမှာ မဆိုင်ပါဘူး။ ပုံမှန် လက်နဲ့အာသာဖြေလို့ ဘာမှမဖြစ်ပါဘူး။ ကြိမ်ရေများလွန်းလို့ ပွတ်တိုက်တာများပြီး ရှားရှားပါးပါး ပွန်းတာလောက်ဖြစ်ချင်ဖြစ်မယ်၊ အဲ့တော့ အနားပေးလိုက်ပေါ့၊ ဒါမှမဟုတ် ချောဆီတို့ တံတွေးတို့သုံးပြီး ချောမွေ့အောင်လုပ်ပေးပေါ့ဗျာ။ အလွန်များရန် နာကျင်နိုင်တာဆိုတာကလည်း ရိုးရိုးလေးတွေးကြည့်ပေါ့ - လမ်းလျှောက်တာများရင် ခြေထောက်ကြွက်သားတွေ ယောင်းညာကိုက်ခဲလာသလို၊ လှုပ်ရှားမှုများလို့ ကြွက်သားတွေ ပင်ပန်းကုန်တာပါ။ အနားပေးလိုက်ပေါ့။

၂။ တစ်ကိုယ်ရည်အာသာဖြေတာများရင် ပိန်တယ်၊ အားကုန်တယ်၊ ဉာဏ်တုံးတယ်။

ဒါတွေက လူငယ်တွေကြောက်အောင် ပေါက်ပေါက်ရှာရှာ ထွင်ထားတာပါ။ လုပ်ပါများရင် လက်ညောင်းတာပဲရှိမှာပေါ့။ ယောက်ျားတစ်ယောက်ရဲ့ ပျဉ်းမျှ သုတ်တစ်ခါထွက်စာက ၀.၇ ကယ်လိုရီနဲ့ ပရိုတင်း ၁၇၁ မီလီဂရမ်ပဲ ပါတာပါ။ အဲ့ဒါက ဘာမှမပြောပလောက်တဲ့ အရေအတွက်ပါ။ ဆယ်ဆလောက်မှ ကြက်ဥ တစ်လုံးစာသာသာ ရှိမှာပါ။ ကိုယ်ခန္ဓာစွမ်းအား ကျဆင်းစရာလည်း မရှိပါဘူး။ တစ်ခုတော့ရှိတယ် နေ့နေ့ညည မအိပ်မစား လုပ်နေရင်တော့ အစားမစားလို့ အားကုန်ရင် ကုန်မှာပေါ့။ ဒါပေမဲ့ ပုံမှန် တန်ဆေးလွန်ဘေးလို ထိန်းသိမ်းထားရင်တော့ ဘာပြဿနာမှကို မရှိတာ။ ဉာဏ်တုံးစရာလို့လည်း ဘာမှာမဆိုင်ပါသူး။ ပတ်ဝန်းကျင်ကလျှောက်ပြောလို့ ကိုယ့်ကိုယ်ကို တစ်ကိုယ်ရည်အာသာဖြေပြီး အပြစ်ရှိသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြတာပဲ ရှိပါမယ်။ တကယ်တော့ ဆေးပညာအရ ဘာအပြစ်မှ မရှိပါဘူး။ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးရှုထောင့်တွေက အယူစွဲတွေထားကြလို့ လူတွေက မကောင်းဘူး ပြောကြတာပါ။ တကယ်တော့ ဒါက သဘာဝ ဖြစ်စဉ်တစ်ခုပါပဲ။

၃။  တစ်ကိုယ်ရည်အာသာဖြေရင် မျက်စိကန်းတယ်။

မှားပါတယ်။ မျက်စိနဲ့ သုတ်လွှတ်တာ ဘာဆိုဘာမှ မဆိုင်တာ။

၄။ တစ်ကိုယ်ရည်အာသာဖြေရင် သုတ်ကုန်သွားနိုင်တယ်။

မကုန်ပါဘူး။ သုတ်ရည်က အမြဲတမ်း ဝှေးစိကနေ ပြန်ထုတ်နေတာလည်း အသိပဲ။ ပိုသိချင်ရင် ၁၀ တန်း ဇီဝဗေဒ စာအုပ်မှာ သွားဖတ်ကြည့်။ မပြောတော့ဘူး မောတယ်။

၅။ တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်။

ဘယ်သုတေသနကမှ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ဝက်ခြံပေါက်မှုနဲ့ ဆက်စပ်မှုကို ရှာမတွေ့သေးပါဘူး။ ဒါကလူငယ်တွေ သူတို့ ပျိုဖော်ဝင်ချိန်မှာ ဝက်ခြံပေါက်လာချိန်နဲ့ တိုက်ဆိုင်တာနဲ့ သက်သက်မဲ့ ခြောက်လန့်ချင်လို့ မဆီမဆိုင် တစ်ကိုယ်ရည်အာသာဖြေတာကို လွှဲချတာပါ။ ဝက်ခြံပေါက်တာက တကယ်တော့ ဟော်မုန်းတို့၊ စားတဲ့အစားအစာ၊ တစ်ကိုယ်သန့်ရှင်းမှုတို့နဲ့ တစိတ်တပိုင်း ဆိုင်မှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့တော့ မဆိုင်ပါဘူး။

၆။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ စာရိတ္တပျက်ပြားတယ်။

ဒီအချက်နဲ့ ပက်သက်လို့ အမြင်အမျိုးမျိုး ရှိကြပါလိမ့်မယ်။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ လူတစ်ယောက်၏ ဇီဝသဘာဝဖြစ်စဉ်ကြောင့် တစ်ကိုယ်ရည်လွတ်လပ်မှုမှာ ကိုယ်ပိုင်ဆုံးဖြတ် ပြုလုပ်နိုင်ခွင့်ပါ။ ကိုယ်အနေ့နှင့် ဘယ်သူ့ကိုမှ ထိခိုက်အောင် မပြုလုပ်သရွေ့ ဘယ်လိုမှ ဆိုးတဲ့အရာ မဖြစ်နိုင်ပါဘူး။ ယဉ်ကျေးမှုမျိုးမျိုး၊ လူ့အဖွဲ့အစည်းအမျိုးမျိုး နဲ့ ဘာသာအမျိုးမျိုး တစ်ခုချင်းစီက ရှုထောင့်အစုံအလင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ အရပ်ထဲက အယူမှားတွေက စာရိတ္တကို ခုတုံးလုပ်ပြီး မကောင်းဘူးပြောကြတာကြောင့်ပဲ အများက ဆိုးတယ်လို့မြင်ကြတာပေါ။

၇။ အိပ်ပျော်နေစဥ် သုတ်လွတ်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။

အိပ်ပျော်နေတဲ့အချိန် သုတ်လွတ်ထုတ်တာ ဘာဆိုးကျိုးမှ မရှိပါဘူး။ မသိစိတ်က ဟော်မုန်းတွေကြောင့် လိင်စိတ်ရှိလာပြီး၊ ခန္ဓာကိုယ်က စုပြုံလာတဲ့ သုတ်တွေကို အလိုလျောက် အိပ်နေစဉ် အပြင်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။ တချို့က အဖြစ်များပြီး၊ အချို့ကတော့ ဖြစ်ပေါ်တာ နည်းပါတယ်။ ယောက်ျားလေးတွေမှာ လူပျိုဝင်ချိန်မှာ အဖြစ်များပါတယ်။ ကိုယ့်ဘာသာလှုံဆော်ပြီး တကိုယ်ရည်အာသာဖြေရင်း ပုံမှန်သုတ်လွှတ်ရင်တော့ အိပ်ပျော်နေစဉ် ထုတ်လွတ်တာနည်းပါမယ်။ ခန္ဓာကိုယ်က သဘာဝဟော်မုန်းတွေကြောင့် သုတ်ကောင်တွေ အမြဲထုတ်လုပ်နေပြီး ကိုယ်ကိုယ်တိုင် အပြင်မထုတ်ပေးရင် ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးလိုက်မယ်ဆိုတာမျိုးပါ။ ကျန်းမာရေးနဲ့ဘာမှမဆိုင်ပါဘူး။ သဘာဝဖြစ်စဉ်တစ်ခုပါ။

တကယ်တော့ ဆေးပညာရှုထောင့်က ကြည့်ရင် တစ်ကိုယ်ရည်အာသာဖြေခြင်းက အကျိုးရလာဒ်တွေ အများကြီးပေးနိုင်ပါတယ်။ ပုံမှန်ပြုလုပ်ပေးခြင်းက ဆီးကြိတ်ကင်ဆင်ကိုလည်း ကာကွယ်နိုင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေပြီး ရရှိလာတဲ့ အထိတ်အထပ်ရောက်မှုကြောင့် ခန္ဓာကိုယ်ထဲမှ ထွက်လာတဲ့ဟောမုန်းတွေက စိတ်ဓာတ်ကျမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်နဲ့ စိတ်ရွှင်လန်းမှုကို မြှင့်တင်ပေးပါ။ ဤအချက်တွေအပြင် တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေနဲ့ ပက်သက်တဲ့ သုတေသနအကြောင်းတွေကို ရှာဖွေဖတ်ရှုကြည့်လို့ရပါတယ်။

နောက်ဆုံးအနေနှင့် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ် အာသာဖြေခြင်းဟာ ဘေးကင်းလုံခြုံဆုံး လိင်စိတ်ကျေနပ်မှုကို ရရှိနိုင်သော လိင်မှုကိစ္စတစ်ခုပင်ဖြစ်ပါတယ်။




0 comments

လိင်စိတ်တိမ်းညွှတ်မှု နှင့် လိင်တူချစ်ခြင်း (အမေရိကန်နိုင်ငံစိတ်ပညာအသင်း American Psychological Association ၏ ပြဠာန်းချက်)

 
မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့သည် လူပျိုအပျိုဖော်ဝင်လာချိန်ကတည်းက မိမိ၏ လိင်စိတ်ဝင်စားမှုသည် လိင်တူအပေါ်တွင်သာ ရှိသည်ကို သတိပြုမိကြပါသည်။ သို့သော် ကျွန်ုပ်တို့လိင်တူချစ်သူများအဖို့ အများနှင့်မတူပဲ ဖြစ်နေသည့်အတွက် ပျိုဖော်ဝင်ချိန် ဇီဝခန္ဓာပြောင်းလဲမှု ဖြစ်ပေါ်လာစဉ် ရှုပ်ထွေးနားမလည်မှုများအပေါ် နီးစပ်ရာကို မေးမြန်းရမည်ကို ကြောက်လန့်ခြင်း၊ မည်သူကို မေးရမည်ကို မသိခြင်း နှင့် မည်သည်ကို ရှာဖွေဖတ်ရှုရမည်ကို ရှာမတွေ့ (သို့) လက်လှမ်းမမှီခြင်း စသည်တို့ကြောင့် မေးခွန်းများ ပြည့်နှက်စွာဖြင့် ငယ်စဉ်ဘဝကို ရုန်းကန်ကြရပါသည်။ ဤကဲ့သို့ဖြင့် အဖြေရှာမရသည့်အခါ မိမိအပေါ် ကိုယ့်ကိုယ်ကိုယုံကြည်မှု တည်ဆောက်ရန်ခက်ခဲခြင်း၊ ဘဝကိုနားမလည်ခြင်း၊ ကိုယ့်ကိုယ်ကို လက်မခံနိုင်ခြင်း နှင့် စိတ်ဓာတ်ကျဆင်းခြင်း အစရှိသည့် အဆိုးရွားဆုံးအခြေအနေများကို တွေ့ကြုံနိုင်မည့် အန္တရာယ်များကို လိင်တူချစ်သူလူငယ်/လူကြီးအချို့ဟာ ကျော်ဖြတ်ရသည့် အဖြစ်မျိုး ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့ အဖြစ်များမှ ကာကွယ်နိုင်ရန် စစ်မှန်ပြီး အကျိုးပြုသော ဗဟုသုတ နှင့် သိရှိခြင်းများကို ရရှိကာ မိမိ၏အခြေအနေကို ပိုမိုနားလည်ပြီး မိမိဘဝကို အများနည်းတူ ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လိင်စိတ်တိမ်းညွတ်မှု နှင့် လိင်တူချစ်ခြင်းဖြင့်ပက်သက်သော ဆေးပညာ၊ သိပ္ပံသုတေသန နှင့် စိတ်ပညာအရ တရားဝင် သတ်မှတ်ပြဠာန်းမှုကို ရေးသားပေးလိုက်ရပါသည်။ ဤပြဠာန်းမှုသည် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုထားသော ပင်တိုင်သဘောတူညီမှုဖြစ်သည့် အမေရိကန် စိတ်ပညာအသင်း (American Psychological Association) ၏ ပြဠာန်းချက်ကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဆီလျှော်အောင် ပြန်ဆိုပေးထားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများ၏ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး၊ လူမှုကျန်းမာရေး စသည်တို့ ပြီးပြည့်စုံအောင် ရရှိနိုင်ပြီး လူတန်းစေ့ နေနိုင်ရေးအတွက် မလိုမှန်းထားမှုများ နှင့် ခွဲ့ခြားဆက်ဆံမှုများ ပပြောက်ရန်အလို့ငှာ အမြင်မှန် ဗဟုသုတများကို ဝေမျှခြင်းဖြင့် အတူလက်တွဲဆောင်ရွက်ကာ ပါဝင်နိုင်ပါသည်။

နိဒါန်း

၁၉၇၅ ခုနှစ်ကတည်းမှစ၍ အမေရိကန် စိတ်ပညာအသင်းသည် စိတ်ပညာရှင်များအား အမျိုးသားချင်းချစ်သူ၊ အမျိုးသမီးချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူတို့၏ လိင်စိတ်တိမ်းညွှတ်မှုအား စိတ်ရောဂါဟု သတ်မှတ်ထားသောအမဲစက်ကို ပယ်ဖျက်ရန် ရှေ့တန်းမှ ဦးဆောင်ဖို့ နှိုးဆော်ခဲ့ပါသည်။ စိတ်ပညာဗေဒ နယ်ပယ်သည် လူများ နှင့် လူအုပ်စုများ၏ ကျန်းမာသုခနှင့်အတူတကွ ထိုကျန်းမာသုခကို ထိခိုက်မည့် အန္တရာယ်များကို အလေးထားပါသည်။ အမျိုးသားချင်းချစ်သူ၊ အမျိုးသမီးချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူဟု မိမိကိုယ်ကိုသတ်မှတ်သူများသည် ခွဲခြားဆက်ဆံခံရခြင်း နှင့် မလိုမုန်းထား ပြုခံရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ပုံမှန်ခံစားရလေ့ရှိပါသည်။ ဤပြဠာန်းချက်သည် လိင်စိတ်တိမ်းညွှတ်မှု အကြောင်းနှင့် နှင့် မိမိကိုယ်ကို အမျိုးသားချင်းချစ်သူ၊ အမျိုးသမီးချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူဟု သတ်မှတ်သူများအပေါ် ခွဲခြားဆက်ဆံခြင်း နှင့် မလိုမုန်းထားပြုခြင်းတို့၏ သက်ရောက်မှုများအကြောင်းတို့ကို ပိုမိုကောင်းမွန်စွာ နားလည်လိုသူများ အတွက် တိကျသော အချက်အလက်များကို ထောက်ပံပေးရန် ရည်ရွယ်ပါသည်။

လိင်စိတ်တိမ်းညွှတ်မှု (Sexual Orientation) ဆိုသည်မှာ အဘယ်နည်း။

လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ယောက်ျား၊ မိန်းမ သို့မဟုတ် နှစ်ဦးစလုံးအပေါ်တွင် စိတ်ခံစားချက်၊ မေတ္တာစိတ် နှင့် လိင်စိတ် အစရှိသည်တို့မှ အားလုံး (သို့) တခုခု စွဲမက်မှု ရှိနေခြင်းကို ဆိုလိုပါသည်။ လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ထိုစွဲမက်မှုများအပေါ်မူတည်၍ ဖြစ်ပေါ်လာသော လူတစ်ဦး၏ မိမိကိုယ်ကိုသတ်မှတ်မှုအပြင် ထိုကဲ့သို့ ထိုက်လျောက်ပတ်စွာ ပြုမှုနေထိုင်ပုံ နှင့် ထိုကဲ့သို့သောသူများ၏ အသိုင်းအဝိုင်းတွင် ပေါင်းသင်းပါဝင်မှု တို့ဖြင့် မိမိကိုယ်ကိုသတ်မှတ်မှုကိုလည်း ခေါ်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ပြီးခဲ့သော သုတေသနအများအပြားမှ ညွန်ပြသည်မှာ လိင်စိတ်တိမ်းညွှတ်မှုသည် နယ်ပယ်တစ်ကြောလုံးတွင် အတိုင်းအတာအမျိုးမျိုး ရှိနိုင်သည်။ ဆိုလိုသည်မှာ တိမ်းညွှတ်မှုသည် ဆန့်ကျင်ဘက်လိင်ကိုသာ လုံးဝသီးသန့်စွဲမက်မှုမှအစ လိင်တူကိုမှ လုံးဝသီးသန့်စွဲမက်မှုအဆုံး ရှိနိုင်ပါသည်။

သို့သော် လိင်စိတ်တိမ်းညွှတ်မှုကို ပုံမှန်အားဖြင့် အမျိုးအစားသုံးမျိုးဖြင့် ဆွေးနွေးလေ့ရှိကြသည်။ (၁) ဆန့်ကျင်ဘက်လိင်ချစ်သူ (အခြားလိင်အပါ် စိတ်ခံစားချက်၊ မေတ္တာစိတ် (သို့) လိင်စိတ်စွဲမက်မှု ရှိနေခြင်း)၊ (၂) လိင်တူချစ်သူ (သို့) အမျိုးသားချင်းချစ်သူ/အမျိုးသမီးချင်းချစ်သူ (မိမိ၏ ကိုယ်ပိုင်လိင်နှင့်တူသော လိင်အပေါ် စိတ်ခံစားချက်၊ မေတ္တာစိတ် (သို့) လိင်စိတ်စွဲမက်မှုရှိနေခြင်း) (၃) ကျားမနှစ်မျိုးလုံးချစ်သူ (ယောက်ျားကော မိန်းမအပေါ်ပါ စိတ်ခံစားချက်၊ မေတ္တာစိတ် (သို့) လိင်စိတ်စွဲမက်မှုရှိနေခြင်း)။ ဤပြုမှုနေထိုင်ပုံ နှင့် စွဲမက်ပုံ အမျိုးမျိုးတို့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံအမျိုးမျိုးနှင့် ယဉ်ကျေးမှုအမျိုးမျိုးတို့တွင် ဖော်ပြထားပြီးပြီ ဖြစ်သည်။ ယဉ်ကျေးမှု အတော် အများသည် ဤစွဲမက်မှုများကို ပြသသော လူများကို မည်သူမည်ဝါသတ်မှတ်သော အခေါ်အဝေါ် အမျိုးမျိုးရှိလေ့ရှိသည်။ အင်္ဂလိပ်စကား နှင့် အမေရိကန်နိုင်ငံတွင် အသုံးများလေ့ရှိသော အခေါ်အဝေါ်များမှာ lesbian (လက္စဘီးယန်း) (အမျိုးသမီးအချင်းချင်းစွဲမက်သူ)၊ gay (ဂေး) (ယောက်ျားအချင်းချင်းစွဲမက်သူများ) နှင့် bisexual (ဘိုင်) (ကျားမနှစ်မျိုးလုံးစွဲမက်သူ) တို့ဖြစ်ကြသည်။ သို့သော် အချို့လူများသည် အခြားအခေါ်အဝေါ်ကို သုံးချင်သုံးနိုင်သလို ဤအခေါ်အဝေါ်များကို လုံးဝမသုံးသည်လည်း ဖြစ်နိုင်သည်။

လိင်စိတ်တိမ်းညွှတ်မှုသည် လိင် (Sex) နှင့် ကျားမသတ်မှတ်မှု (gender) တို့နှင့် ကွဲပြားပါသည်။ ဇီဝလိင် (Sex) ဆိုသည်မှာ မွေးရာပါ ခန္ဓာကာယ၊ ဇီဝကမ္မ နှင့် မျိုးရိုးဗီဇတို့၏ ရလာဒ်ကြောင့် အထီး (သို့) အမ လိင်အင်္ဂါ လက္ခဏာများရှိခြင်းကို ခေါ်ပါသည်။ ကျားမသတ်မှတ်မှု (gender) ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာအရ မိမိကိုယ်ကို ယောက်ျား (သို့) မိန်းမ အဖြစ် သတ်မှတ်မှုကိုခေါ်ပြီး၊ လူမှုကျားမကဏ္ဍ (social gender role) ဆိုသည်မှာ ပတ်ဝန်းကျင် ယာဉ်ကျေးမှုမှ သတ်မှတ်ထားသော ယောက်ျားဆန်သော (သို့) မိန်းမဆန်သော အပြုအမူများကို ဆိုလိုသည်။

လိင်စိတ်တိမ်းညွှတ်မှုကို ဇီဝလိင်၊ ကျားမသတ်မှတ်ပုံ သို့မဟုတ် အသက်အရွယ်စသည်တို့ ကဲ့သို့ပင် လူတစ်ဦးတစ်ယောက်၏ တစ်ကိုယ်ရေလက္ခဏာသပ်သပ်တစ်ခုဟုသာ သာမာန်တွင် ဆွေးနွေးကြ လေ့ရှိသည်။ ဤရှုထောင့်မှာ မပြည့်စုံပါ။ အဘယ့်ကြောင့်ဆိုသော် လိင်စိတ်တိမ်းညွှတ်မှုသည် အခြားသူများ၏ ဆက်ဆံရေးအပေါ်ကိုမူတည်၍လည်း သတ်မှတ်ရသောသောကြောင့် ဖြစ်သည်။ လူများသည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို အခြားသူများနှင့် ပြုမှုနေထိုင်ပုံတို့နှင့် ပြသလေ့ရှိသည် (ဥပမာ ရင်းနှီးစွာသွားလာခြင်း၊ လက်ကိုင်ခြင်း၊ ပွေ့ဖက်ခြင်း စသည်)။ ထို့ကြောင့် လိင်စိတ်တိမ်းညွှတ်မှုသည် မေတ္တာရှိမှု၊ တွယ်တာမှု နှင့် ရင်းနှီးမှုတို့ကို ဝေမျှလိုသော ခံစားမှုများဖြင့် တည်ဆောက်ထားသော လူနှစ်ဦးကြား ရင်းချာသောဆက်ဆံရေးနှင့် ပက်သက်ဆက်စပ်နေသည်။

လိင်စိတ်အပြုအမူများအပြင် လူနှစ်ဦးကြား ဤအနှောင်အဖွဲ့များသည် ခန္ဓာတဏှာစိတ်မပါသော ချစ်ခြင်းမေတ္တာများ၊ ရည်မှန်းချက်ပန်းတိုင်များ နှင့် တန်ဖိုးထားမှုများ တူညီမှု၊ တစ်ဦးကိုတစ်ဦး ဖေးမမှု နှင့် စဉ်ဆက်မပျက် သစ္စာရှိမှုတို့လည်း ပါဝင်သည်။ ထို့ကြောင့် လိင်စိတ်တိမ်းညွှတ်မှုသည် လူတစ်ဦးတစ်ယောက်ထဲအတွင်းရှိ တစ်ကိုယ်ရေလက္ခဏာ သပ်သပ်သာ မဟုတ်ပါ။ သို့ဖြစ်၍ လိင်စိတ်တိမ်းညွှတ်မှုသည် လူတစ်ယောက်မှ မိမိကိုယ်ကို သတ်မှတ်ရာတွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည့် မေတ္တာမျှဝေမှုကို ကျေနပ်စွာ ဖြည့်စည်းပေးနိုင်သော ဆက်ဆံရေးကို ရှာဖွေနိုင်မည့် လူအုပ်စုတစ်စုတွင် ဆန့်ဝင်ခြင်းကိုလည်း ဆိုလိုပါသည်။

မိမိကိုယ်ကို အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ (သို့မဟုတ်) ကျားမနှစ်မျိုးလုံးချစ်သူ ဖြစ်သည်ဟု မည်ကဲ့သို့ သိနိုင်ပါသလဲ။

လက်ရှိ သိပ္ပံပညာ နှင့် ဆေးပညာ နားလည်မှုများအရ လူကြီးဘဝ လိင်စိတ်တိမ်းညွှတ်မှု၏ ပင်မအခြေတည်မှုသည် သာမာန်တွင် ကလေးငယ်စဉ်ဘဝနှောင်းပိုင်းနှင့် ပျိုဖော်ဝင်ချိန်အစဦးပိုင်း တို့တွင် စတင်ပေါ်ပေါက်လာသည်ဟု ဆိုပါသည်။ ဤ စိတ်ခံစားမှု၊ မေတ္တာစိတ် နှင့် လိင်စိတ် စွဲမက်မှု ပုံစံများသည် လိင်မှုကိစ္စ အတွေ့အကြုံမရှိပဲနှင့်လည်း ပေါ်ထွက်လာနိုင်ပါသည်။ ထို့ကြောင့် လူများသည် မည်သည့်တစ်ဦးတစ်ယောက်နှင့်မျှ လိင်ဆက်ဆံစရာမလိုပဲ ၎င်းတို့သည် လိင်တူကို သော်လည်းကောင်း လိင်ကွဲကို သော်လည်းကောင်း စွဲလမ်းစိတ်များဖြစ်ပေါ်နိုင်ပြီး မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို သိနိုင်ပါသည်။ ထို့ကြောင့် မိမိသည် လိင်တူချစ်သူ၊ ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ ဖြစ်သည်ဆိုသည်ကို လိင်ဆက်ဆံစရာမလိုပဲ သိနိုင်ပါသည်။

အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ တစ်ဦးချင်းစီသည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုနှင့် ပက်သက်၍ အတွေ့အကြုံအမျိုးမျိုး ကွဲပြားကြသည်။ အချို့မှာ သူတို့သည် လိင်တူချစ်သူများဖြစ်ကြောင်း အမှန်တကယ် အခြားသူများနှင့် ဆက်ဆံရေးမရှိခင် အစောကြီးတည်းက သိထားပြီးနှင့်ကြသည်။ အချို့မှာတော့ မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို နာမည်တပ်မသတ်မှတ်ခင် (လိင်တူနှင့်သော်လည်းကောင်း လိင်ကွဲနှင့်သော်လည်းကောင်း) လိင်မှုကိစ္စ အတွေ့အကြုံ အရင်ရယူပြီးမှသာ အသေအချာ အတည်ပြုသတ်မှတ်ကြသည်။ မလိုမုန်းထားပြုခြင်း နှင့် ခွဲခြားဆက်ဆံခြင်းတို့သည် လူအများအပြားအား ၎င်းတို့ ကိုယ့်ကိုကိုယ် လိင်စိတ်တိမ်းညွှတ်မှု လက်ခံသတ်မှတ်ရာတွင် အခက်အခဲဖြစ်စေသဖြင့် မိမိကိုယ်ကို အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူအဖြစ် သတ်မှတ်မှုသည် နှေးကွေးသည့် ဖြစ်စဉ် ဖြစ်ပါသည်။

လူတစ်ဦးတစ်ယောက်မှ လိင်စိတ်တိမ်းညွှတ်မှုတစ်ခုခု သတ်မှတ်အောင် မည်သည့်အရာများက ပြုလုပ်ပါသလဲ။

သိပ္ပံပညာတွင် လူတစ်ဦးတစ်ယောက်အား မိမိကိုယ်ကို ဆန့်ကျင်ဘက်လိင်ချစ်သူ၊ လိင်တူချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူအဖြစ် သတ်မှတ်သွားစေသည့် တိကျသောအကြောင်းခံအပေါ် အများသဘောတူညီထားခြင်း မရှိပါ။ သုသေသနအတော်အများသည် ဗီဇ၊ ဟော်မှန်း၊ ဇီဝဖွံ့ဖြိုးမှု၊ လူမှုရေး၊ ယဉ်ကျေးမှု နှင့် ပတ်ဝန်းကျင် စသည်တို့မှ ဖြစ်နိုင်သော လိင်စိတ်တိမ်းညွှတ်မှုအပေါ် လွှမ်းမိုးမှုများကို ဆန်းစစ်ခဲ့သော်လည်း လိင်စိတ်တိမ်းညွှတ်မှုသည် အချက်တခုခုက သတ်မှတ်ထားသည်ဟု သိပ္ပံပညာရှင်များမှ ကောက်ချက်ချနိုင်သည့် ရှာဖွေတွေ့ရှိမှု မပေါ်ထွက်လာသေးပါ။ အများအထင်တွင် သဘာဝ နှင့် ပြုစုပျိုးထောင်မှု နှစ်မျိုးစလုံးသည် ရှုပ်ထွေးသောကဏ္ဍမှ ပါဝင်နေပြီး၊ လူအများမှာ လိင်စိတ်တိမ်းညွှတ်မှုကို ရွေးချယ်သည်ဆိုသော အတွေ့အကြုံ နည်းနည်းမှ မရှိကြပါ။

မလိုမုန်းထားပြုခြင်း နှင့် ခွဲခြားဆက်ဆံမှုသည် လိင်တူချစ်သူများ၏ ဘဝတွင် မည်သည့် ကဏ္ဍတွင် ပါဝင်နေသနည်း။

အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ တို့သည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုကြောင့် နိုင်ငံအတော်အများတွင် ကျယ်ပြန့်သော မလိုမုန်းထားပြုခံရမှု၊ ခွဲခြားဆက်ဆံခံရမှု နှင့် အကြမ်းဖက်ခံရမှုတို့ကို ကြုံတွေ့ကြရသည်။
လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းတွင် ပုံစံအမျိုးမျိုး ရှိသည်။ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ တို့အပေါ် နှောင့်ယှက်မှု နှင့် အကြမ်းဖက်မှု နှုန်းများပြားခြင်းသည် လိင်တူချစ်သူများပေါ် မလိုမုန်းထားမှု ပြင်းထန်ခြင်းကို ထင်ဟပ်နေသည်။ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ အားလုံးနီးပါးတို့သည် နှုတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု နှင့် ဆဲရေးတိုင်းထွာမှုတို့ကို ကြုံတွေ့ရသည်။ လိင်တူချစ်သူများအပေါ် လုပ်ငန်းခွင်များတွင် ခွဲခြားဆက်ဆံမှုသည်လည်း ကျယ်ပြန့်နေသေးသည်။
HIV နှင့် AIDS ကူးစက်ရောဂါနှင့် ပက်သက်လာလျှင် လိင်တူချစ်သူများအပေါ် မလိုမုန်းထားပြုခြင်း နှင့် ခွဲခြားဆက်ဆံခြင်းတို့သည် ဆိုးရွားသော သက်ရောက်မှုများ ရှိခဲ့သည်။

ရောဂါ စတင်ပေါ်ပေါက် ပြန့်ပွားစဉ်အခါက HIV/AIDS အား ဂေးရောဂါဟု မှန်းဆသတ်မှတ်မှုသည် AIDS ကြောင့် ဖြစ်ပေါ်လာသော ပြင်ထန်းသည့် လူမှုကသောင်းကနင်းဖြစ်မှုကို ဖြေရှင်းရန် နှေးကွေးစေခဲ့သည်။ ဤရောဂါကြောင့် အမျိုးသားချင်းချစ်သူများ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ အများအပြားသည် မဖြစ်သင့်ပဲ မတန်တဆ ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။ HIV/AIDS အား အမျိုးသားချင်းချစ်သူများနှင့်ပက်သက်ခြင်း နှင့် လိင်တူချစ်သူတိုင်း ထိုရောဂါကူးစက်နေသည်ဟု အချို့လူများက မှားယွင်းစွာ ယုံကြည်ထားခြင်း စသည်တို့သည် လိင်တူချစ်သူများကို ပိုဆိုးရွားသော ကဲ့ရဲ့အပြစ်ဆိုမှုများ ဖြစ်စေခဲ့ပါသည်။

မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့ကြောင့် မည်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါသလဲ။

မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့သည် လူမှုရေး နှင့် တစ်ကိုယ်ရေ သက်ရောက်မှုများ ရှိနိုင်ပါသည်။ လူမှုရေးအဆင့်တွင် လိင်တူချစ်သူများအပေါ် ထားရှိသော မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့မှာ လိင်တူချစ်သူအသိုင်းအဝိုင်းမှ သူများအပေါ်တွင်ရှိသော တစ်ဖက်သက် အမြင်များတွင် ထင်ဟပ်နေသည်။ ထိုတစ်ဖက်သပ် ပုံသေစွဲမှုများသည် သက်သေအထောက်အထား မရှိပဲနဲ့ တည်တန့်နေကြပြီး၊ လိင်တူချစ်သူများအပေါ် တရားမမျှတသော ဆက်ဆံမှုများ ပြုလုပ်ရာတွင် ၎င်းတို့ကို အကြောင်းပြချက်အနေနှင့် သုံးသည်။ ဥပမာ အလုပ်အကိုင် အခွင့်အလမ်းများကို ကန့်သတ်ခြင်း၊ မိဘ ဖြစ်ပိုင်ခွင့် မပေးခြင်း နှင့် ၎င်းတို့၏ အချင်းချင်းအကြားမေတ္တာကို အသိအမှတ် မပြုခြင်း စသည်တို့ကို ပြုလုပ်ရာတွင် လိင်တူချစ်သူများအပေါ်ရှိသော တစ်ဖက်သပ် အယူစွဲမှုများဖြင့် အကြောင်းပြကြသည်။
တစ်ကိုယ်ရေ အဆင့်တွင်လည်း ထို မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့ကြောင့် အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူများသည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို ဖုံးကွယ်ပြီး မိမိကိုယ်ကို ငြင်းဆန်ပါက ဆိုးရွားသော အကျိုးဆက်များကို ဖြစ်စေပါသည်။ လိင်တူချစ်သူ အများအပြားသည် လိင်တူချစ်ခြင်းကို လူ့အသိုင်းအဝိုင်းမှ အဆိုးမြင်နေခြင်းကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းရှာဖွေနိုင်ကြသော်လည်း ဤကဲ့သို့ မလိုမုန်းထားမှု ဆက်လက်ဖြစ်ပေါ်နေမှုသည် ကျန်းမာရေးနှင့် ခန္ဓသုခအပေါ် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေနိုင်ပါသည်။ အခြား လက္ခဏာများ ဖြစ်ကြသော လူမျိုး၊ တိုင်းရင်းသား၊ ဘာသာ နှင့် မသန်စွမ်းမှု စသည်တို့အပေါ် အခြေခံ၍ ထိုသက်ရောက်မှုသည် သက်သာနိုင်သလို ပိုဆိုးရွားမှုလည်း ဖြစ်နိုင်ပါသည်။ အချို့ လိင်တူချစ်သူများသည် အဆိုးမြင်ခံရခြင်း နဲလျှင်နဲနိုင်ပေမဲ့ အချို့အတွက်တော့ ၎င်းတို့၏ လူမျိုး၊ တိုင်းရင်းသား၊ ဘာသာ၊ မသန်စွမ်းမှု စသည်တို့ကြောင့် မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့၏ သက်ရောက်မှုသည် ပိုမိုများပြားစွာ ဆိုးရွားသွားနိုင်ပါသည်။

လိင်တူချစ်သူများ မကြာခဏပြုခံရလေ့ရှိသည့် မလိုမုန်းထားမှု၊ ခွဲခြားဆက်ဆံမှု နှင့် အကြမ်းဖက်မှု စသည်တို့ ကျယ်ပြန့်နေခြင်းသည် စိတ်ကျန်းမာရေးအတွက် အရေးပါသော စိုးရိမ်စရာများ ဖြစ်ကြသည်။ ၎င်းတို့သည် လိင်တူချစ်သူများအဖို့ အဓိက စိတ်ဖိစီးစရာ အရင်းမြစ်များ ဖြစ်ကြသည်။ လူမှုရေးထောက်ပံ့မှုသည် ထို ဖိစီးမှုများကို ရင်ဆိုင်နိုင်ရန် အရေးပါသော်လည်း လိင်တူချစ်သူများကို ဆန့်ကျင်နေသော သဘောထားများနှင့် ခွဲခြားဆက်ဆံမှုတို့ ရှိနေခြင်းကြောင့် လိင်တူချစ်သူများအနေနှင့် ထိုကဲ့သို့ ထောက်ပံ့မှုကို ရှာဖွေရန် အခက်အခဲကို ဖြစ်စေပါသည်။

လိင်တူချင်းချစ်ခြင်းသည် စိတ်ရောဂါတစ်ခု ဖြစ်ပါသလား။

လိင်တူချင်းချစ်ခြင်းသည် စိတ်ရောဂါတစ်ခု မဟုတ်ပါ။
အမျိုးသမီးချင်းချစ်ခြင်း၊ အမျိုးသားချင်းချစ်ခြင်း နှင့် ကျားမနှစ်မျိုးလုံးချစ်ခြင်း စသည်တို့သည် ရောဂါများ မဟုတ်ပါ။ သုတေသနများသည် လိင်စိတ်တိမ်းညွှတ်မှု မည်သည့် တစ်ခု နှင့် စိတ်ဝေဒနာစွဲကပ်မှုအကြားတွင် ရှိရင်းစွဲ ပက်သက်မှုကို ရှာ၍မတွေ့ပါ။ လိင်တူချင်းစွဲလမ်းမှုကော လိင်ကွဲကိုစွဲလမ်းမှုကပါ လူသားများ၏ လိင်စိတ်လက္ခဏာ၏ သာမှန် အသွင်အပြင်များပင် ဖြစ်သည်။ ၎င်းတို့ နှစ်မျိုးလုံးကို ယဉ်ကျေးမှုအမျိုးအမျိုးနှင့် သမိုင်းခေတ်ကာလ အဆက်ဆက်တို့တွင် မှတ်တမ်းတင်ထားသည်ကို တွေ့နိုင်သည်။ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူတို့အား စိတ်မှားယွင်းသူဟု ဖော်ပြနေသော အမြင်မှားများ ရှိနေသော်လည်း၊ ဆယ်စုနှစ်ပေါင်းများစွာ စုပေါင်းလာသော သုသေသနများ နှင့် ဆေးကုသမှုနယ်ပယ်မှ အတွေ့အကြုံများသည် ဆေးပညာ နှင့် စိတ်ကျန်းမာရေးအဖွဲ့အစည်းများ အားလုံးကို မှတ်ချက်ချစေသည်မှာ မည်သည့် လိင်စိတ်တိမ်းညွှတ်မှုမဆို လူ့အတွေ့အကြုံ၏ သာမာန်သွင်ပြင်သာ ဖြစ်သည်ဟူ၍ပင်ဖြစ်သည်။ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူတို့၏ ဆက်ဆံရေးများမှာ လူသားများအနှောင်ဖွဲ့မှု၏ သာမှန်သွင်ပြင်သာ ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းများကြီးသည် လိင်တူချစ်ခြင်းအား စိတ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ခြင်းမှု စွန့်လွတ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

ဖွင့်ပြောခြင်း (အင်္ဂလိပ်လို coming out) ဆိုသည်မှာ ဘာပါလဲ။ အရေးကြီးပါသလား။

ဖွင့်ပြောခြင်း (coming out) ဆိုသော စကားလုံးမှာ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူများ၏ ဘဝအတွေ့အကြုံများရှိ အခန်းကဏ္ဍအမျိုးမျိုးနှင့် ဆက်စပ်နေပါသည်။ ၎င်းတို့ထဲတွင် လိင်တူအပေါ်တွင် စွဲမက်နေသည်ကို မိမိကိုယ်ကို သတိပြုသိရှိပြီး အသိအမှတ်ပြုခြင်း၊ အခြားတစ်ဦးတစ်ယောက် (သို့မဟုတ်) အချို့ကို ထိုစွဲမက်မှုများကို ဖွင့်ပြောပြခြင်း၊ မိမိပတ်ဝန်းကျင်ရှိ လူအများကို ပွင့်လင်းစွာဝန်ခံခြင်း နှင့် လိင်တူချစ်သူအသိုင်းအဝိုင်းတွင် မိမိဆန့်ဝင်သည်ဟု မိမိကိုယ်ကို သတ်မှတ်ခြင်း စသည့်အဆင့်အမျိုးမျိုး ပါဝင်ပါသည်။ လူအများသည် မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့အား ကြုံတွေ့ရမည့် အန္တရာယ်များကို ကြောက်ရွံ့သောကြောင့် ဖွင့်ပြောရန် စိုးရွံ့တတ်ပါသည်။ အချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုသတ်မှတ်ပုံကို လျှို့ဝှက်ထားကာ၊ အချို့မှာ အခြေအနေအမျိုးမျိုးအပေါ် မူတည်၍ ဖွင့်ပြောတတ်ကြပြီး၊ အချို့ကတော့ ပတ်ဝန်းကျင်ကို ပွင့်ပွင့်လင်းလင်း ပြောပြရန် ဆုံးဖြတ်ကြသည်။

ပုန်းကွယ်နေရာမှ ဖွင့်ပြောခြင်းသည် လိင်တူချစ်သူများအတွက် အရေးပါသော စိတ်ပိုင်းဆိုင်ရာ ခြေလှမ်းတစ်ခု ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို အပြုသဘောဆောင်သော ခံစားချက်ဖြင့်မြင်ပြီး ၎င်းကို မိမိဘဝအတွင်း အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထည့်သွင်းခြင်းသည် ထိုသူ၏ စိတ်ကျန်းမာရေးနှင့် ကျန်းမာသုခကို အများကြီး အထောက်အကူဖြစ်စေပါသည်ဟု သုတေသနများက ပြပါသည်။ လက်ခံထည့်သွင်းခြင်းဆိုသည်မှာ မိမိ မည်သူမည်ဝါဖြစ်ကြောင်းကို သူများအပေါ်ဖုံးကွယ်မထားခြင်းပါဝင်နိုင်သလို မိမိကဲ့သို့သော အခြားလိင်တူချစ်သူများ၏ အသိုင်းအဝိုင်းတွင် ပါဝင်ဆင်နွဲခြင်းလည်း ဖြစ်နိုင်သည်။ မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို အခြားသူများနှင့် ဆွေးနွေးနိုင်ခြင်းသည် လူမှုထောက်ပံ့မှု ရနိုင်မှုကို တိုးမြင့်ပြီး ထိုထောက်ပံ့မှုသည် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာသုခအတွက် အလွန်အရေးပါသည်။ ဆန့်ကျင်ဘက်လိင်ချစ်သူများ
ကဲ့သို့ပင် လိင်တူချစ်သူများသည်လည်း မိသားစု၊ သူငယ်ချင်းမိတ်ဆွေ နှင့် သိကျွမ်းသူများနှင့် မိမိ၏ ဘဝကိုဝေမျှပြီး ၎င်းတို့ဆီမှ အထောက်အပံ့ ရနိုင်ခြင်းမှ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ထိုကြောင့် မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို ဖုံးကွယ်ထားရမည်ဟု ခံစားရသော လိင်တူချစ်သူများသည် ပိုမိုပွင့်လင်းသော လိင်တူချစ်သူများထက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများကို ပိုမိုကြုံတွေ့ရသည်မှာ မဆန်းပါ။

လိင်တူနှစ်ဦးအကြား၏ မေတ္တာရေးမှာ မည်သို့သော သဘောသဘာဝ ရှိပါသလဲ။

သုတေသနများမှ ဖော်ညွန်းသည်မှာ အမျိုးသမီးချင်းချစ်သူ နှင့် အမျိုးသားချင်းချစ်သူများသည် တစ်ဦးကိုတစ်ဦး သစ္စာရှိစွာလက်တွဲပေါင်းသင်းလိုစိတ်ရှိပြီး တကယ်ပင်ပေါင်းသင်းကြပါသည်။
သုသေသနများက မှားယွင်းကြောင်း ဖော်ပြထားသော်လည်း လိင်တူချစ်သူများနှင့် ပက်သက်သော အမြင်မှားမှုများသည် ဆက်လက်တည်ရှိနေသေးသည်။ ဥပမာ အမြင်မှားတစ်ခုမှာ လူအများသည် အမျိုးသမီးချင်းချစ်သူ နှင့် အမျိုးသားချင်းချစ်သူများ၏ မေတ္တာရေးသည် လက်တွေ့မကျပဲ မပျော်ရွှင်ဟု သတ်မှတ်ကျသည်။ သို့သော် လေ့လာမှုများသည် လိင်တူချစ်သူများ နှင့် ဆန့်ကျင်ဘက်လိင်ချစ်သူ စုံတွဲများသည် မေတ္တာရေးတွင် ကျေနပ်မှုရှိမှု နှင့် တစ်ဦးကိုတစ်ဦး သစ္စာရှိမှုတို့ကို တိုင်းတာရာတွင် တူညီကြောင်း ပြသသည်။

ဒုတိယ အမြင်မှားတစ်ခုမှာ လိင်တူချစ်သူများ၏ မေတ္တာရေးသည် မတည်မြဲဟူ၍ ဖြစ်သည်။ သို့သော် လူ့အသိုင်းအဝိုင်းမှ လိင်တူချစ်ခြင်းကို မုန်းတီးမှုပြသသော်လည်း သုတေသနမှ ပြသသည်မှာ လိင်တူချစ်သူများသည် ကြံ့ကြံ့ခံသော ဆက်ဆံရေးမျိုးရှိသည်ဟူ၍ ဖြစ်သည်။ နောက်တစ်ချက်မှာ လိင်တူချစ်သူစုံတွဲများသည် ဆန့်ကျင်ဘက်လိင်ချစ်သူစုံတွဲများကဲ့သို့ တူညီသော အထောက်အပံနှင့် အသိအမှတ်ပြမှုကိုရရှိပါက လူနှစ်ဦးမေတ္တာရေးဘဝ၏ တည်ငြိမ်မှုသည် ပိုမိုအားကောင်းလာမည်ဆိုသည်မှာ အကြောင်းအကျိုးသင့်ပါသည်။ အထောက်အပံ့ ဥပမာများမှာ လက်ထပ်ထိမ်းမြားမှုနှင့်ပက်သက်သော တာဝန်ဝတ္တရားများနှင့် တရားဥပဒေအရ ရသင့်ရပိုင်ခွင့်များ စသည်တို့ ဖြစ်ကြသည်။

တတိယ အမြင်မှားတစ်ခုမှာ အမျိုးသမီးချင်းချစ်သူ နှင့် အမျိုးသားချင်းချစ်သူ စုံတွဲများ၏ ရည်မှန်းချက် နှင့် တန်ဖိုးထားသောအရာများမှာ ဆန့်ကျင်ဘက်လိင်ချစ်သူစုံတွဲတို့၏ အရာများနှင့် ကွဲပြားသည်ဟူ၍ ဖြစ်သည်။ အမှန်တွင် သုတေသနများမှ ပြသသည်မှာ မေတ္တာရေး၏ ကျေနပ်မှု၊ သစ္စာရှိမှု နှင့် တည်ငြိမ်မှုတို့ကို လွှမ်းမိုးသော အချက်များမှာ အတူနေကြသော လိင်တူချစ်သူစုံတွဲများကော ဆန့်ကျင်ဘက်လိင်ချစ်သူ အိမ်ထောင်ရှင် စုံတွဲများ အတွက်ပါ အတူတူပင် ဖြစ်ကြသည်။

အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူများ နှင့် ကျားမနှစ်မျိုးလုံးချစ်သူတို့ အပေါ် ခွဲခြားဆက်ဆံမှု နှင့် မလိုမုန်းထားမှုတို့ကို လျှော့ချပယ်ပြောက်အောင် လူအများ မည်သို့လုပ်နိုင်မည်နည်း။

မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုကို လျှော့ချလိုသော လိင်တူချစ်သူများသည် မိမိတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို မိမိကိုယ်ကို ယုံကြည်စွာလက်ခံထားပြီး လိင်တူချစ်သူများကို ဆန့်ကျင်သည့် အယူမှားများ ရှိနေသည့် ပတ်ဝန်းကျင်တွင် မိမိ၏ ယုံကြည်မှုစနစ်ကို ပြန်လည်ဆန်းစစ်နိုင်စွမ်း ရှိရမည်။
လိင်တူချစ်သူများသည် ကိုယ့်အသိုင်းအဝိုင်းရှိ အခြားလိင်တူချစ်သူများဆီမှ အထောက်အပံ့များ ရရှိနိုင်သလို ကိုယ့်ဘက်မှ ရပ်တည်ပေးသော ဆန့်ကျင်ဘက်လိင်ချစ်သူများဆီမှလည်း အထောက်အပံ့ ရယူနိုင်ပါသည်။ လိင်တူချစ်သူများအပေါ်ရှိနေသော မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုကို လျှော့ချလိုသော ဆန့်ကျင်ဘက်လိင်ချစ်သူများအနေနှင့်လည်း လိင်တူချစ်သူများကို ဆန့်ကျင်သည့် မလိုမုန်းထားမှုနှင့် အယူလွဲအမြင်မှားများအပေါ် မိမိတို့၏ တုံ့ပြန်မှုကို ပြန်လည်ဆန်းစစ်ရမည်။ ဆန့်ကျင်ဘက် လိင်ချစ်သူများသည် ၎င်းတို့မှ လိင်တူချစ်သူများအပေါ် နားလည်သဘောပေါက်လာပုံကို အခြားသူများကို ပြန်ရှင်းပြနိုင်သလို လိင်တူချစ်သူများနှင့်အတူတကွ မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ရာတွင် အတူတကွ ဆောင်ရွက်ရမည်။ လိင်တူချစ်သူများနှင့် ယှဉ်လျှင် ဆန့်ကျင်ဘက်လိင်ချစ်သူများသည် အခြားဆန့်ကျင်ဘက်လိင်ချစ်သူများ၏ အပြုအမူနှင့် ယုံကြည်မှုတို့ရှိ မလိုမုန်းထားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုတို့ ဖြစ်နေစေသော သဘောသဘာဝများကို ပြန်လည် ဆင်ချင်တွေးတောရန် ပြောဆိုဖို့ ပိုမို အားသာသော အနေအထားတွင်ရှိသည်။ ဆန့်ကျင်ဘက်လိင်ချစ်သူ မဟာမိတ်များသည် မိမိတို့၏ ပတ်ဝန်းကျင်တွင် လိင်စိတ်တိမ်းညွှတ်မှု အမျိုးအစားအားလုံးကို အားလုံးပါဝင်စေမည့် ခွဲခြားဆက်ဆံမှုမရှိသော မူဝါဒများ ပြုလုပ်နိုင်အောင် အားပေးနိုင်သည်။ ၎င်းတို့သည် လိင်တူချစ်သူများက ဖွင့်ပြောလာလျှင် လုံခြုံမှုပေးနိုင်အောင် ပြုလုပ်နိုင်သည်။ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူများနှင့် ကျားမနှစ်မျိုးလုံး ချစ်သူများသည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို အများကိုပြောပြနိုင်သော ခံစားမှုမျိုး ရရှိလာသောအခါတွင် ဆန့်ကျင်ဘက်လိင်ချစ်သူများအနေနှင့် ၎င်းတို့ကို သာမာန်လူသားများအဖြစ် မြင်နိုင်ပြီး ပိုမိုရင်းနှီးစွာ ဆက်ဆံတွေ့ကြုံနိုင်ကာ နားလည်မှု ပိုမိုကောင်း မွန်လာနိုင်မည်ဖြစ်သည်။

မလိုမုန်းထားမှုနှင့် ပက်သက်သော လေ့လာချက်များအရ လူများစုအုပ်စုထဲမှ လူများသည် လူနည်းစုအုပ်စုထဲမှ လူများနှင့် ဆက်ဆံတွေ့ကြုံမှုများ ပြုလုပ်ပါက မလိုမုန်းထားမှုသည် ကျဆင်းသွားကြောင်း ပြသသည်။ ထို့ကြောင့် ဆန့်ကျင်ဘက်လိင်ချစ်သူများမှ လိင်တူချစ်သူများကို လက်ခံလာမှုကို အကြီးမားဆုံးလွှမ်းမိုးနိုင်သည့် အချက်မှာ လိင်တူချစ်သူများနှင့် ရင်းနှီးစွာ တွေ့ကြုံဆက်ဆံခြင်းပင် ဖြစ်သည်။ မိသားစုအသိုင်းအဝိုင်းအတွင်း သို့မဟုတ် မိတ်ဆွေသူငယ်ချင်း အသိုင်းအဝိုင်းအကြားတွင် ဆန့်ကျင်ဘက်လိင်ချစ်သူများကို ပွင့်လင်းစွာ ဖွင့်ပြောထားသော လိင်တူချစ်သူများရှိသော အသိုင်းအဝိုင်းတွင် လိင်တူချစ်သူများကိုဆန့်ကျင်သော သဘောထားများ လွန်စွာ နည်းပါးလေ့ရှိသည်။

ဤ ပြဠာန်းချက်ကို အီလက်ထရောနစ် စာဆောင်အဖြစ် ရယူလိုပါက ဤနေရာတွင် PDF ကို ရယူနိုင်ပါသည်။ ဤစာဆောင်ကို မည်သူ့ကိုမဆိုဝေမျှနိုင်ပါသည်။ ပုံနှိပ်ပြီး မိမိ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို နားလည်မှု ပိုမိုကောင်းမွန်ပြုလုပ်လို၍ ပြသလိုပါကလည်း ဖြန့်ဝေနိုင်ပါသည်။

မာတိကာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ