Search

Content

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
0 comments

ဖုန်းနဲ့ဖူးစာရှာရတဲ့ ဒို့ဂေးလူပျိုတွေရဲ့ ဘဝ


ဒါနဲ့ Valentine နေ့က ဘာလိုလိုနဲ့ နီးလာပြီဆိုတော့ သူများတွေ ချစ်သူနဲ့ ကိုယ်စီကိုယ်စီ လျောက်လည်ကြမှာဆိုတော့ ကိုယ်တွေလည်း အားကျတာပေ့ါ။ ဒီလိုနဲ့ပဲ ကိုယ့်မှာ ဒီနေ့အတွက် အဖော်ရဖို့ ကျိုးစားခဲ့ရတာလည်း ဟော... ၃၆၅ ရက် ကုန်သွားပြန်ပြီ။ ဒီနှစ်လည်း ကံမကောင်းပြန်သေး။

အဲ့ဒါနဲ့ ကိုယ့် straight သူငယ်ချင်းတွေ ပြောပြော နေကြတဲ့ လူသုံးများနေတဲ့ ဖုန်းနဲ့ အနီးအနားက ဖူးစာရှာတဲ့ tinder ဆိုလား... 
ကိုယ်တွေကပဲ အဲ့ဒါကို မသိတာ ခေတ်နောက်ကျ နေသလိုလို ဘာလိုလိုနဲ့

အစကတော့ သိပ်မယုံချင်ဘူးပေါ့လေ...

ဒါပေမဲ့လည်း ကြီးကျယ်နေတော့လည်း ဘာရမှာ မို့လို့လည်း...
လောလောဆယ် ကိုယ်တွေ ဘဝက ဒီလိုဆိုတော့

အဲ့တော့ နေပါဦး ဒီ app က ကိုယ်မကြိုက်တဲ့ သူတွေကို ဘယ်ဘက်ကိုပွတ် ကြိုက်ရင်ညာဘက် ပြီးတော့ ကိုယ်အရင် ကြိုက်မထားရင် သူတို့က ကိုယ့်ကို စကားလာပြောလို့ မရဘူး ဆိုတယ်တဲ့။ အလဲ့ တယ်ဟုတ်ပါ့လား...

ဆိုတော့လည်း ကိုယ့်ဖုန်းထဲကို ဆွဲလိုက်တာပေါ့။ ဟုတ်တယ်မလား ကိုယ့်ဘက်က ဘာနာစရာရှိလည်း...

ပထမဆုံး သင်သတိထားမိတာကတော့ တော်တော်များများက ပထမ ဓာတ်ပုံမှာ သူတို့ရဲ့ မျက်နှာမပါကြတာတွေ များတယ်...
မျက်နှာပုံများတွေ့ရမလား ဖွင့်ဖွင့်ကြည့်ရတာ စိတ်မရှေတယ်ဘူးလေ... data ဖိုးကုန်ပါတယ်ဆိုမှ ပန်းပုံတွေ ရှုခင်းပုံတွေ... လေတယ်...

 အဲ့ဒါနဲ့ တခြားပုံတွေ လိုက်ကြည့်လိုက်တော့လည်း...အင်း... သဘောပေါက်ပါတယ်။

အဲ့လိုနဲ့ ကိုယ်တွေစပြီး ဘယ်ညာ... ဘယ်ညာ... (ညာညာညာ)... ပွတ်လိုက်တယ်ပေါ့နော်။ 
ဟွင်းဟွင်း ဘာရမလဲ...

ဒါပေမဲ့ ဘယ်ဘက်ပွတ်လိုက်တာ မြန်မာပြည်မှာရှိတဲ့ ယောက်ျားလူဦးရေ ကုန်သွားသလားပဲ အောက်မေ့ရတယ်...
ဘာလိုလိုနဲ့ ၄ နာရီလောက်ကုန်သွားတာ သတိမထားမိလိုက်ဘူး

ပါးစပ်လေးတွေစူပြီး selfie ရိုက်ထားတဲ့ ငနဲတွေက ပွတ်ထုတ်လို့ကို မကုန်နိုင်...
ဒီလိုဟာတွေနဲ့ ကိုယ်တွေနဲ့ မဖြစ်သေးပါဘူး။

အဲ့လိုနဲ့ ဟဲ့ ဒါဘာဖြစ်တာတုန်း...
ဖြားဖြား...

“It doesn’t look like there’s anyone new around you.” တဲ့ ဆိုပါလား
အဲ့ဒါဆိုတာ..

ဟင်... ပွတ်စရာ ယောက်ျားတွေ ကုန်သွားပြီကိုပြောတာလား...
မဖြစ်နိုင်စရာ...

ဟင်...ကိုယ်တွေ ပွတ်လို့တောင် မဝသေးဘူး...

ဘာမှ မတတ်နိုင်တော့ဘူး...

ကိုယ်ရဲ့ ရှာပုံတော် စက်ဝန်းကြီးထပ်ချဲ့ပြီး ခပ်ဝေးဝေးက ယောက်ျားတွေကိုပါ ထပ်ရှာ...
တွေ့ပါစေ...

အဲ့လိုနဲ့ ယောက်ျားတွေ ပြန်ရောက်လာပါပြီ ခင်ဗျား...

ဤသို့နှင့် သင့်ရဲ့ ဖူးစာရှာပုံတော်ကြီး ဆက်လက် ဆောင်ရွက်နိုင်ပါပြီ။

ထိုစဉ်တွင်ပဲ...တိန်... ဟဲ့ ငြိသွားပြီတဲ့...

တွမ်ခရု မဟုတ်ရင်စိတ်မပျက်နဲ့...
ဆက်ရှာလို့။

တနေ့နေ့တော့ ဖူးစာပါတဲ့ အလှည့် ချစ်သူနဲ့ စုံစည်းရမှာမို့ ...

လောလောဆယ်တော့ ကိုယ့်ဘဝကိုပဲ ကိုယ်အချစ်ဆုံး...


ချစ်သူများနေ့မှာ ကိုယ်တွေလို တစ်ယောက်ထဲ ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲ့ ဖြစ်ဖြစ် ပျော်မယ့်သူများအတွက် အပြင်းပြေ။

စိတ်မဆိုးရဘူးနော်...

ဘဝကို ရယ်မောခြင်းဖြင့် အမောပြေနိုင်ကြပါစေ။....

0 comments

ယောက်ျားချင်း ချစ်သူများ အကြားမှာသာ ရှိတဲ့ အိပ်ယာထဲက ဟာသအလွဲများ

အချစ်မေတ္တာ ဆိုတာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား၊ မ၊ ခန္ဓာ နှင့် အသက်အရွယ် မရွေးတာမို့ မည်သူမဆို ချစ်တတ်ကြတာ သဘာဝ ဆိုတာ အားလုံး သဘောတူတယ်ဟုတ်။

ဒါကြောင့် အခြားယောက်ျားတွေကိုသာ စွဲမက်တတ်တဲ့ ကျွန်တော်တို့ လိင်တူချစ်သူများအဖို့လည်း ချစ်တတ်တာ ဘာဆန်းလဲလို့။

အဲ့ဒီလို ယောက်ျားလေး ချစ်သူနှစ်ယောက် စုံဖက်တော့ ဖိုဓာတ်ချင်းတွေ့တော့ အိပ်ယာပေါ်မှာ ကစားတဲ့အခါ ဓာတ်တူချင်း ပြင်းထန်ပြီး ဒီလို အဖြစ်တွေ ရောက်ကုန်ပါရော။


အားလပ်ရက်မှာ အပြင်းပြေစေဖို့ (ဟ်ဟ်) ဒီလို ပေါက်ပေါက်ရှာရှာ တွေးကြည့်တာပါ။

ဟိတ်... သတိပေးလိုက်မယ်နော်။ ဒါက ဂေးယောက်ျားလေးတွေပဲ ဖတ်ဖို့။ ဒီစာမျက်နှာကို လမ်းမှားရောက် လာရင် အခုပြန်လှည့်တော့။

၁) သူ့ grindr/facebook ပေါ်က ဓာတ်ပုံထဲက ရုပ်နဲ့ အပြင်မှာ ဘယ်လိုမှ မတူတဲ့ အခါ။


ဟွန်း... လူလိမ်။ စိတ်တိုတယ်။ အခုလေးတင်ပဲ မျက်နှာ ခွဲစိတ်ကုသလာသလား အောင့်မေ့တယ်။

၂) အချင်းချင်း အကြင်နာပေးတာများပြီး မျက်နာတွေ နှုတ်ခမ်းမွေး လောင်ကုန်တာမျိုး။


နှစ်ယောက်လုံး နှတ်ခမ်းမွေး ပုံမှန်ရိတ်မှရမယ်၊ မဟုတ်ရင်တော့ moisturizer ကောင်းကောင်း ဝယ်လိမ်းမှပဲ ဖြစ်မယ်။

၃) တစ်ယောက်နှင့် တစ်ယောက် ဖက်ပြီး အကြင်နာပေးနေတုန်း တစ်ယောက်ဗိုက်ကို တစ်ယောက် ငယ်ပါ လာထောက်ထောက်နေတဲ့ အဖြစ်မျိုး။

အဲ့တော့လဲ မသိမသာလေး လျှိုပြီး အနေအထားမှန်အောင် သိမ်းလိုက်တာပေါ့။

၄) အကုန်လုံး အဆင်အပြေနေပြီ အိပ်ယာထဲရောက်မှ နှစ်ယောက်စလုံး top တွေ (သို့) bottom တွေဖြစ်နေ။


ဟွန်... ခက်ပြီ၊ ဘယ်လို ရှေ့ဆက်တိုးရမလဲလို့ ပြောပါဦး။

၅) သူ့ ငယ်ပါ နိုးထလို့ မရတော့တဲ့ အဖြစ်မျိုး။

တစ်ခါတစ်လေ သိပ်စိတ်လှုပ်ရှားပြီး ပူပန်တဲ့အခါ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က လူသားတွေမို့ ဒါက ဘာမှ မဆန်းပါဘူး။ သူ့ကို ဘာမှ အပြစ်တင်စရာ မလိုပါဘူး။ သင့်အပေါ်မှာသူ သိပ်စိတ်လှုပ်ရှားသွားပြီး ဖြစ်တာမို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ ပြီးတော့ သူ့ကို နှစ်သိမ့်လိုက်ပါ။ တအောင့် လောက်နားပြီးမှ ပြန်ကစားပေါ့။

၆) သင်နဲ့တွေ့ပြီး အရမ်းကို ရင်ခုန်လို့ သင်ထိလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း သူပြီးသွားတာမျိုး။

ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာ သင်ကိုယ့်သင် ဂုဏ်ယူ သင့်ပါတယ်။ သင့်ရဲ့ အလှမှာ သူမထိန်းနိုင် ဖြစ်သွားတာပါ။

၇) သူ ဘောင်းဘီချွတ်လိုက်တဲ့အချိန် သူ့အရွယ်ကြီးက ကိုယ့် အတွက် မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်လိုက်တဲ့ အချိန်။


ကဲ သင် မစမ်းရဲဖူးဆိုရင် သူ့ကို ချိုချိုသာသာ လေးသာ ငြင်းပေလော့။ သူစိတ်မဆိုးပါဘူး။

၈) သူတော့ ကွန်ဒုံး ဝယ်ထားမှာပဲလို့ ၂ ယောက်လုံး အပိုင်တွက်ထား တဲ့အခါ။

သူဝယ်မယ်ထင်လို့ ကိုယ်မဝယ်လိုက်မိဘူး။ ကဲကဲ ဘောင်းဘီပြန်ဝတ်ပြီး အနီးအနား မှာ မြန်မြန်လေး ပြေးဝယ်လိုက်။

၉) သူ အရမ်းကျပ်နေတာမျိုး။


နှစ်ယောက်လုံး အရမ်းရင်ခုန်နေပြီ၊ အဆင်သင့် လည်းဖြစ်နေပြီ။ ဒါပေမဲ့ ဘယ်လောက်ကျိုးစား ကျိုးစား သူ လက်ခံပေးဖို့ အရမ်းကျပ်နေတဲ့ အဖြစ်မျိုး။ ဒါဟာက ကမ္ဘာကြီးရဲ့ အဆုံး မဟုတ်ပါဘူး။ ဒုတိယ အကြိမ် ထပ်ကျိုးစားပေ့ါ။ ဒါမှ မဟုတ် အခြား ကစားနည်းတွေပြောင်းပြီး ဆော့ကြပေ့ါ။ ဖြစ်တတ်ပါတယ်။

၁၀) တခါတလေ သူ့ရဲ့ ရေခဲချောင်းမှာ ချော့ကလက် တပ်ပေးလိုက်တာမျိုး။


မျှော်လင့်မထား တချိန်ချိန်တော့ ဖြစ်မှာပဲ။ အဲ့တော့လဲ နှစ်ယောက်လုံး ရယ်ပြီး ဆက်လုပ်စရာ ရှိတာ ဆက်ပေ့ါ။

၁၁) ဇာတ်ရှိန်မြင့်နေတုန်း ချောဆီကုန်သွားတာ။

ငိုချင်တယ် ဇာတ်ရှိန်မြင့်နေပါပြီဆိုမှ။



၁၂) သင် ဇာတ်ရှိန်မြင့်နေတုန်း ဆီးသွားချင်လာတဲ့ အခါ။

ခက်ပြီ... ရပ်ပြီး အိမ်သာပြေးရမလား... ဆက်အောင့် ထားရမလား။

၁၃) ကွန်ဒုံးကွဲ သွားပြီဆိုတာ သတိပြုမိတဲ့ အခါ။

ဖြားဖြား ဘယ်ချိန် ကတည်း ကွဲနေတာတုန်း။

၁၄) သင် ဘယ်လိုမှ မပြီးနိုင်ပဲ ဖြစ်နေတဲ့ အခါ။


 ချစ်သူ လက်တွေလဲ ညောင်း ပါးစပ်တွေလဲ ညောင်း၊ စိတ်ရှော့ပြီး အိပ်သွားလေရဲ့။

၁၅) သူချိန်မှတ်မှားပြီး သင့်မျက်စိကို ပစ်မိတဲ့ အခါ။

သင့် မျက်လုံးတွေ ဘာကြောင့် နီနေတယ်ဆိုတာ ဘယ့်သူ့ကို မှ လိမ်လို့မရဘူးနော်။

၁၆) ပြီးသွားတဲ့နောက် အိပ်ယာခင်းတော့ ပြန်လျှော်ရဦးမယ်လို့ ဝင်လာတဲ့ အတွေး။

ဟာ... အရင်တစ်ပတ်ကမှ လျှော်ထားတဲ့ဟာကို။

၁၇) ပြီးသွားတဲ့ အခါမှ သတိပြုမိလာတဲ့ ခပ်ပြင်းပြင်းအနံ။


 သင် ဂရုမစိုက်တော့ပါဘူး။ သင် သူနဲ့အတူ အချစ်တိုက်ပွဲကို အတူတူ အောင်ပွဲဆင်လာခဲ့ပြီပဲ။ 

၁၈) နောက်ဆုံးတော့ တစ်ယောက် မျက်ဝန်းကို တစ်ယောက် အကြည့်ချင်းဆုံတဲ့ အခါ။


အချစ်ဆိုတာ ဒါတာပဲ။

ကဲပြီးရင် Buzzfeed က ပြုလုပ်ထားတဲ့ ဂေးချစ်သူနှစ် ယောက်ကြားမှာ ဖြစ်တတ်တဲ့ ဒီ ဟာသ ဗီဒီယိုကိုလည်း ကြည့်ကြည့်ပါ။


အားလုံး အဆင်ပြေချောမွေ့စွာ လက်တွဲနိုင်ကြပါစေ။ 


0 comments

တရုတ် လိင်တူချစ်သူဇာတ်လမ်းတွဲ Rainbow Family


တရုတ် စကားပြော လိင်တူချစ်သူ ပရိတ်သတ်တွေကတော့ သက်တံ့မိသားစု (Rainbow Family) လို့ခေါ်တဲ့ ဟာဟဇာတ်မြူး အင်တာနက် ဇာတ်လမ်းတွဲတိုလေးကို နှစ်သက်သဘောကျနေပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ပထမ အတွဲဟာဆိုရင် ပရိတ်သတ် ၂၄ သန်းကျော်ရှိပါတယ်။ အခု အတွဲ ၂ကို စတင်ကြည့်ရှုလို့ ရနေပါပြီ။

ဇာတ်လမ်းကတော့ ဘေဂျင်းမှာ နေထိုင်တဲ့ ဂေးသူငယ်ချင်းတစ်စုရဲ့  အကြောင်းကို အခြေခံပြီး ဟာသ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းတွဲက လူကြိုက်များပေမဲ့လည်း တရုတ်ပြည်မကြီးမှာတော့ လိင်တူချစ်ခြင်းကို လိင်မှုကိစ္စနှင့်ပက်သက်သော မကောင်းတဲ့အရာလို့ အစိုးရက သတ်မှတ်ထားတဲ့အတွက် ကလေးတွေ မကြည့်စေရဖို့ တီဗီထုတ်လွှင့်ခွင့် မပေးခဲ့ပါဘူး။ သို့ပေမဲ့လည်း တရုတ် ရှင်ဟွာသတင်းဌာနက ဒီဇာတ်လမ်းတွဲ အကြောင်းကို သတင်း ရေးသားခဲ့ပါတယ်။


သက်တံ့မိသားစုကို ထုတ်လုပ်သူကတော့ လိင်တူချစ်သူ လူမှုကွန်ယက် app ၏ အမှုဆောင်ချုပ် လင်ဂျွေဒင်းက ထုတ်ထားတာပါ။ သူက အမေရိကန် ဇာတ်လမ်းတွဲ Will & Grace ကို အားကျလို့ လိုက်ထုတ်ထားတာပါလို့ပြောပါတယ်။ သူ အင်တာဗျူး တစ်ခုမှာပြောတာက

တရုတ်တွေ အများစုက လိင်တူချစ်ခြင်း မတရားမုန်းတီးနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကို ဘာမှာ မပက်သက်လာဘူးဆိုရင် လိင်တူချစ်ခြင်းကို မသိကျိုးကျွန်ပြုထားချင်ကြပါတယ်။

ဒီဇာတ်လမ်းတွဲကနေ Will & Grace က အမေရိကန်မှာ လုပ်ခဲ့သလိုမျိုး တရုတ်လူမျိုးတွေကို လိင်တူချစ်သူတွေရဲ့ အပေါ်မှာ အကောင်းမြင်စေမဲ့ အပြုသဘောဆောင်တဲ့ သရုတ်ဖော်မှုတွေကို ပေးစွမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။

သက်တံ့မိသားစုဟာ တရုတ်နိုင်ငံအတွင်းမှာတွင် မကပါဘူး။ တရုတ်အပြင်မှာပါ သက်ရောက်မှုတွေ ရရှိနေပါတယ်။ ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ် စာတန်းထိုးတွေနှင့်လည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

အင်္ဂလိပ် စာတန်းကိုတော့ ပထမဆုံး အတွဲရဲ့ အပိုင်း ၁ နှင့် ၂ မှာ ရရှိနေပါပြီ။





သင် တရုတ်စကား နားလည်တယ်ဆိုရင်တော့ အစအဆုံးကို ဇာတ်လမ်းရဲ့ Youtubeလိုင်းမှာ သွားကြည့်လို့ရပါတယ်။

0 comments

သုတ်ရည်နှင့် ပက်သက်တဲ့ ပေါက်ပေါက်ရှာရှာ အချက်များ

ကျွန်တော်တို့ လူပျိုစဖြစ်ကတည်းက ယောက်ျားတွေရဲ့ ခန္ဓာကိုယ်က သုတ်ရည်ထွက်တယ်ဆိုတာကို သတိပြုမိကြပါတယ်။ ဇီဝ သဘာဝကြောင့် ဖြစ်ပေါ်လာတဲ့ ဒီအရာဟာ လူသား မျိုးဆက်ပြန့်ပွားဖို့ဆိုတာ နောက်တော့ သဘောပေါက်လာပါတယ်။ တကိုယ်ရည် အာသာဖြေရင်း ဒါမှမဟုတ် ချစ်သူနှင့် သွားလာပြီး ထွက်လာတဲ့ ကိုယ့်ရဲ့အရည်ပဲဖြစ်ဖြစ် ချစ်သူရဲ့ အရည်ပဲဖြစ်ဖြစ် ယောက်ျားတွေမို့ ဒီသုတ်ရည်ကို စိတ်ဝင်စားကြပါတာ။ ဒီဟာ ထူးထူးဆန်းဆန်းဖြစ်ပြီး တချို့က အနံခံကြည့်၊ လျှက်ပြီး အရသာခံကြည့်လုပ်သလို၊ တချို့ကတော့ ပြီးပြီဆိုတာနဲ့ မြန်မြန် သန့်ရှင်းလုပ်လိုက်ပါတယ်။ တချို့တလေကေတာ့ ခုန်ခုန်မင်မင် မှီဝဲကြလေရဲ့ (သူတို့အတွက်တော့ ချစ်သူပေးတဲ့ အားဆေးတလက်ပေါ့)။ ထားပါတော့။ ဒါပေမဲ့ သုတ်ရည်အကြောင်းကို စိတ်ဝင်စားတာ ယောက်ျားတိုင်းလိုလိုပါပဲ။ အထဲမှာ ဘာပါလဲ ဘာရှိလဲပေါ့။ အဲ့ဒါနဲ့ ပက်သက်ပြီး လေ့လာရှာဖွေသူတွေကတော့ ဒီလို အချက်တွေတွေ့ လေရဲ့ ပြီးတော့ ဒီလို ပေါက်ပေါက်ရှာရှာ တွေလည်း လုပ်လေရဲ့။

၁၀) သုတ်ပိုးကို ရှာဖွေတွေ့ရှိခြင်း
သုတ်ပိုးကို ၁၆၇၄ ခုနှစ်မှာ ပထမဆုံ ဒတ်(ချ) ဇီဝသိပ္ပံပညာရှင် အန်တိုနီ ဗန် လူဝင်ဟော့(ခ်) က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့ပုံကတော့ မစ္စတာ ဗန်လူဝင်ဟော့(ခ်)က တနေ့၌ အိမ်မှာပြင်းတာနဲ့ သူ့ရဲ့ သုတ်ရည်ကို အနုစိတ်မှန်ပြောင်းနဲ့ ကြည့်ကြည့်ဖို့ စိတ်ကူးရတာနဲ့ ကြည့်လိုက်တော့ အကောင်သေးသေးလေးတွေ ပြေးလွှားကူးခတ်နေတာကို တွေ့လိုက်ပါတယ်။ အဲ့ဒါနဲ့ သူ့ အတွေ့ရှိချက်တွေကို မှတ်စုရေးမှတ်ထားပြီး နောက် ၂ နှစ်လောက်ကြာမှ သူ့ရှာဖွေတွေ့ရှိချက်ကို ထုတ်ပြောတော့ လူတွေအကုန် ပြောစမှတ်စရာတွေ ဖြစ်ကုန်တယ်။

၉) သုတ်ရည်ထဲမှာ ပါ၀င်တဲ့အရာများ
အများထင်သလို သုတ်ရည်က သုတ်ကောင်တွေ အပြည့်နဲ့ ပြုလုပ်ထားတာမဟုတ်ပါဘူး။ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာမှာ သုတ်ပိုး ၁ ရာခိုင်နှုန်းသာ ပါတာပါ။ အခြား ၉၉ ရာခိုင်နှုန်းကတော့ ဗီတာမင် စီ၊ ကယ်စီယမ်၊ စစ်ထရစ် အက်စစ်၊ အင်ဇိုင်း၊ ဖရက်တို့ သကြား၊ ဖော့စဖိတ်၊ ပရိုတင်း၊ ဇင့် နှင့် ရေပဲဖြစ်ပါတယ်။

၈) သွား ယို့ယွင်းတာကာကွယ်တယ်

သုတ်ရည်မှာ ဇင့်၊ ကယ်စီယမ် နှင့် အခြား သတ္ထုတွေပါဝင်တယ်လို့ ခုနက ပြောတယ်နော်။ သူတို့တွေကို သွားယို့ယွင်းတာကို ကာကွယ်နိုင်တဲ့ စွမ်းတွေရှိသလို ကိုယ်ခံအားစနစ်နဲ့ အာရုံကြောစနစ်တွေကို အားဖြည့်ပေးပါတယ်။ အင်းပေါ့ သွားတိုက်ဆေးကို အစားထိုးလို့ရအောင်တော့ ဘယ်လိုလုပ် အစွမ်းထက်မလဲ။ ဒါပေမဲ့ ကို့ချစ်သူအိမ်မှာ သွားတိုက်တံရှာမရင်တော့ သိတယ်နော်။ သွားတိုက်ဆေးလိုတော့ ပူရှိန်းတဲ့ အနံလေး ပါးစပ်ထဲ ကျန်မနေခဲ့ဘူး ပေါ့နော်။

၇) အနံအရသာ ဆိုလို့
သုတ်ရည်ရဲ့ အရသာက သူဘာစားသောက်ထားတယ် ဆိုတာအပေါ် အများကြီးမူတည်ပါတယ်။ ဒါ့ကြောင့် သင့်ကောင်လေးရဲ့ အရသာက တစ်နေ့တစ်မျိုး ပြောင်းနေ ဖြစ်မယ်။
ဥပမာ။ ။ ကော်ဖီ၊ အရက်၊ စီးကရက်တွေ သောက်သုံးထားရင် ခါးတဲ့ အရသာ။
အသား၊ နို့ထွက်ပစ္စည်း၊ ဘရိုကိုလီ၊ ချောကလက်ဆိုရင် စူးရှတဲ့ အရသာ။
အသီးအနှံများများစားထားတာ ဥပမာ နာနတ်သီး၊ ပန်းသီး စတာတွေဆို အရသာက ပြော့ပါတယ်။
သဘာဝအချိုရည်တွေသောက်တာ ဒါမှမဟုတ် သွေးချိုရှိတယ်ဆိုရင် သုတ်ရည်က ချိုပါတယ်။

၆) ယောက်ျားအများစုဟာ (လိင်တူ/လိင်ကွဲချစ်သူ ဘယ်သူမဆို)သူတို့ သုတ်ကို မြည်းကြည့်ဖူးပြီး ကြိုက်တယ်တဲ့။

၂၀၁၀ ခုနှစ်မှာ လုပ်ခဲ့တဲ့ လေ့လာချက်မှာ လူတွေ ဖြေတဲ့ အဖြေအရ ပြောတာပါ။

၅) သင့် သုတ်ကို အရသာကောင်းအောင် လုပ်ပေးတဲ့ အရာတွေရှိတယ်ဆိုပဲ။
Semenex ဆိုတဲ့ စားဆေးက ၁၀၀ရာခိုင်နှုန်း သဘာဝထွက်ကုန်တွေနှင့် ယောက်ျားတွေအတွက် အထူးပြုလုပ်ထားတာတဲ့။ ရွှေဖရုံသီးလို အရသာ ဖြစ်အောင်ပြုလုပ်ထားပြီး အထူးရွေးချယ်ထားတဲ့ အသီးတွေနှင့် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါတယ်တဲ့။ တစ်ခါသောက်ပြီး ၂၄ နာရီကြာလာရင် သင့်သုတ်ရည် အရသာကောင်းလာတယ် ဆိုပဲ။ စျေးကတော့ ၁၀ ခါသောက် ၁ ဘူးကို ၅ သောင်းလောက်ပေးရတယ်။


၄) သုတ်ရည်က အသားရည်ကို နူးညံ့စေတယ်တဲ့
သုတ်ရည်မှာ ပါတဲ့ spermine ဆိုတဲ့ အင်တီ အောက်ဇီဒင့် က အသားတွန့်တာကို လျှော့ချပြီး
အသားရည်ကို ချောမွတ်စေသလို၊ ဝက်ခြံပျောက်စေပါတယ်။ အကုန်ကျ သက်သာတဲ့ အလုကုန်ပစ္စည်းလို့ ဆိုရမလား။ ပိုက်ဆံလုပ်လို့ရမယ့်နည်းရှိရင် ပိုက်ဆံရှာမယ်လူတွေ ပေါ်လာစမြဲဆိုတော့ ထူးထူးခြားခြား နော်ဝေးက ကုမ္ပဏီတစ်ခုက spermine ကိုထုတ်ဖေါ်ပြီး မျက်နှာလိမ်းဆေးကို လုပ်ပြီး တကမ္ဘာလုံးက စပါးတွေမှာ လိုက်ဖြန့်ပါတယ်တဲ့။ စျေးကတော့ မသေးဘူးပေါ့နော်။ ၁ ခါပေါင်းတင်ရင် ၃ သိန်းလောက်ကျမယ်။

၃) သုတ်ရည်နဲ့ ဟင်းချက်နည်းစာအုပ် ရှိတယ်တဲ့
စားဖိုမှုး Paul “Fotie” Photenhauer ရဲ့ ဟင်းချက်နည်းစာအုပ် Natural Harvest: A Collection of Semen-based Recipes က သုတ်ရည်သုံးပြီး ချက်တဲ့ ဟင်းလျှာ အမြောက်အများပါ ပါတယ်။ ဖြားဖြား ဒီလူကြီး ကြိုက်တတ်တဲ့ အစားအစာတွေက တော်ရုံတန်ရုံ မဟုတ်ပါလား။

၂) ကယ်လိုရီ နည်းတယ်။ ပရိုတင်းများတယ်။
လူတွေ အယူမှားနေကြတာက သုတ်တစ်ခါလွှတ်ရင် ကြက်ဥတစ်လုံးစာလောက် အားကုန်တယ်တဲ့။ အမှန်တော့ ယောက်ျားတစ်ယောက်ရဲ့ ပျဉ်းမျှ သုတ်တစ်ခါထွက်စာက ၀.၇ ကယ်လိုရီနဲ့ ပရိုတင်း ၁၇၁ မီလီဂရမ်ပဲ ပါတာပါ။ ကြက်ဥတစ်လုံးစာလောက် အဟာရရဖို့ဆိုရင် လူတွေယောက်က သုတ်ရည် ၄ အောင်စ မှီဝဲမှ ပဲရမယ်၊ ဒါပေမဲ့ အကိုတို့ တစ်ခါသုတ်လွှတ်ရင် ၀.၄ အောင်စ ၀န်းကျင်လောက်ဆိုတော့ သူ့ကို ဘယ်လောက်တောင်... အင်းတွေးကြည့်တာပါ။

၁) ကျန်းမာရေး အန္တရာယ်
ကိုယ့်ဟာကို ကိုယ်ပြန်မျိုချရင် ဘာအန္တရာယ်မှ မရှိပါဘူး။ ဒါပေမဲ့ သင့်ရဲ့ ရည်းစားက လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေရှိရင်တော့ သင့်ကို ကူးစက်သွားပါမယ်။ အထူးသဖြင့် ကာလသားရောဂါ။ ဂနို စသဖြင့် ရောဂါများ ကူးစက်စေပါတယ်။ ဒါတွေကို မဖြစ်အောင် ကွန်ဒုံးသုံစွဲခြင်းဖြင့် တားဆီးနိုင်ပါတယ်။ ပြီးတော့ အရသာပေါင်းစုံနှင့် ကွန်ဒုံးတွေရနိုင်နေပြီလေ။
0 comments

အပုန်းတစ်ယောက်အနေနှင့် ကြီးပြင်းလာရတဲ့ ဘဝရဲ့ အဖြစ်ကလေးများ

Buzzfeed Website မှကူးယူ ဘာသာပြန်ဖော်ပြသည်။
Translated from Buzzfeed


ကျွန်တော်တို့တွေဟာ ကိုယ့်ကိုကိုယ် လိင်တူချစ်သူတွေပါလို့ ဂုဏ်ယူဝင့်ကြွားစွာ အားလုံးကို ပြောပြလိုက်ချင်ပေမဲ့ အခြေအနေမပေးတော့ ကျွန်တော်တို့ အတော်အများဟာ ခံစားချက်လေးတွေကို မျိုသိပ်လို့ နောက်ကွယ်ကနေပဲ နေနေကြရပါတယ်။ ကျွန်တော်တို့ဟာ တစ်ဦးနှင့်တစ်ဦး ကြီးပြင်းလာခဲ့ကြတဲ့ အတွေ့အကြုံတွေမတူကြပေမဲ့ တခါတရံ ဒီလို အဖြစ်ကလေးတွေကတော့ တစ်ခုမဟုတ်တစ်ခု ကြုံခဲ့ကြမှာပါ။ ပြန်တွေးကြည့်လည်း ကိုယ့်ဟာကိုယ်ပြန်ရယ်ချင်မိကြတာပါပဲ။ Tumblr, Instagram နှင့် twitter အသုံးပြုသူတွေက သူ့တို့ရဲ့ အတွေ့အကြုံတွေကို #GrowingUpGay ဆိုတဲ့ hashtag တွေနဲ့ ဓာတ်ပုံတွေတင်နေကြပါတယ်။

၁) gym/အားကစားရုံမှာ ကစားရတဲ့ အကောင်းဆုံးအပိုင်းက။    ။
အဝတ်လဲခန်းထဲမှာ ရုပ်တည်ကြီးနဲ့ ဒီလိုမျိုးလေး
Via geminimind2015.tumblr.com
၂) ကာယအတန်းမှာ စိတ်အညစ်ဆုံးအချိန်က။     ။
ဆရာမက အားကစားလုပ်ဖို့ ယောက်ျားလေးတွေသပ်သပ် မိန်းခလေးတွေသပ်သပ်ခွဲလိုက်တော့ ကိုယ့်သူငယ်ချင်းတွေ အကုန်လုံးက မိန်းခလေးတွေကြီးဖြစ်နေတော့
Via jesael13.tumblr.com
၃) ကိုယ့်အမေနှင့် ကိုရီးယားကား အတူတူထိုင်ကြည့်ရတဲ့ တကယ့် အကြောင်းအရင်းက။    ။
အမေနဲ့အတူတူ တီဗီကြည့်နေတုန်း ရုပ်ရှင်ထဲမှာ ခပ်လန်းလန်း မင်းသားက အင်္ကျီမပါပဲ ထွက်လာတဲ့အခါ


) စိတ်အညစ်ဆုံးမေးခွန်းက။     ။
အမေ။    ။သားသူငယ်ချင်းတွေက ဘာလို့ မိန်းခလေးတွေပဲ ဖြစ်နေတာလဲ
ကျွန်တော်။    ။ 


) ဒီမေးခွန်းကမှ ပိုစိတ်ညစ်ဖို့ကောင်းတာ။      ။
တစ်ခုလောက်မေးလို့ရမလား၊ စိတ်မဆိုးနဲ့နော်။ မင်းဟိုဟာ ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်၊
သေစမ်း


) ကိုယ်ပေါင်းတဲ့ ကောင်မလေးတွေက လန်ထွက်နေတဲ့သူတွေကြီးဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်က။
 အတန်းထဲအမှာ အချောဆုံး ဆော်တွေနဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်နေတော့ ကိုယ့်ကို အကောင်တွေက လာမစရဲဘူး။ သူတို့ကြိုက်နေတဲ့ ဆော်တွေက စိတ်ဆိုးမှာ စိုးလို့။


) ကိုယ်တွေက တစ်ခါတစ်လေ သူလျှိုလိုလို။    ။
ကိုယ်ကအပုန်းဆိုတာကိုမသိပဲ သူငယ်ချင်းတွေက ဂေးတွေအကြောင်းကို ကိုယ့်ရှေ့မှာ ပြောဆိုနေကြတာ နားထောင်ရတော့ ရန်သူနယ်မြေထဲခိုးဝင်သွားတဲ့ စပိုင်လိုလို ဘာလိုလို


) သင့်ကြောင်းကို ရိပ်မိတဲ့ ကောင်မလေးတစ်ယောက်က သင့်ကို ကြည့်တဲ့အခါ။    ။
Via thefemalepharaoh13.tumblr.com

) ဒီလို တရားပေါက်သွားတဲ့အချိန်တွေ။    ။
Via sorryandsoweare.tumblr.com

) အဲ့လိုအဲ့လို ပြောင်ငြင်းတာ။    ။
Britney Spears ကို ဆော်ကြီးက လန်းလို့ကြိုက်တာကွ။


) ဒီလို ငြင်းတာက ပိုဆိုးတယ်။    ။ 
သူ။  ။ ဟေ့ကောင်ကြီး မင်းဂေးဖြစ်နေလာ
ကျွန်တော်။   ။ဟာဟုတ်ပါဘူးကွာ ငါ့အခန်းထဲမှာ ဆော်ပုံကြီးတွေ ချိတ်ထာတာ

) အဆိုးဆုံးကတော့။     ။
Pop live concert ထဲက အကတွေ လိုက်ကကြည့်နေတုန်း တစ်ယောက်ယောက်ဝင်လာတဲ့ ခြေသံကြားလိုက်တော့။



) ပို အဆိုးဆုံးက။    ။
မင်းဖုန်းကို ခဏကြည့်လို့ရမလား။ ဟာ မရဘူး။ ဟ... ဘာတွေမြင်မှာကြောက်လို့တုန်း။

) ဒီလို မျိုးလေး။  ။
ကျွန်တော်တဲ့ အတူတူ လျှောက်လည်နေတဲ့ ကောင်မလေးတွေက ကျွန်တော့် ရည်းစားလား မိဘတွေက မေးတော့။
 
 ) ဒီလို မျှော်လင့်ချက်အမှားလေးတွေနဲ့။     ။
သင့်ကို စစနေတတ်တဲ့ သင့်ရဲ့ straight သူငယ်ချင်းက သင့်ကို ယောကျာ်းချင်းချစ်တဲ့ပုံစံမျိုး တစ်ခုခုနောက်ပြီးလုပ်တော့ စိတ်ထဲကတော့ ဆုတွေတောင်းနေတာ


Via instagram.com

) အိမ်က အဖေ့ရဲ့ ကွန်ပြူတာ ခဏခိုးသုံးပြီးတော့။    ။
သင် အိမ်က ကွန်ပြူတာနှင့် ယောကျားချင်း ရင်ခုန်စရာ ကိစ္စတွေ လုပ်တာတွေကို ခိုးကြည့်ပြီး history ကို ပြန်ဖျက်ဖို့ မေ့သွားတော့ နောက်တစ်ယောက်က ဒါတွေ ဘယ်သူကြည့်တာလည်း မေးလိုက်တော့



) စတိုးဆိုင်မှာ သင်အမြဲလိုလို ခြေလှမ်းလှမ်းမိတဲ့ အတန်းက။    ။
အတွင်းခံဘောင်းဘီရောင်းတဲ့ အထုပ်ပေါ်က မော်ဒယ်တွေရဲ့ပုံကို ကြည့်ချင်လို့ အတွင်းခံရောင်းတဲ့ အတန်းမှ နေနေခဲ့ရင်တော့ အပုန်းဘဝလေးနဲ့ ကြီးပြင်းခဲ့ရတာပေါ့နော်။

) Facebook မှာ ဖြည့်လား မဖြည့်ဘူးလား။   ။
Facebook မှာ profile ဖြည့်တဲ့အခါ "interested in" ကိုချန်ထားတာဟာ ဘာအထာတွေပေးချင်လို့လဲ။
၁၉) သူ့လိုမျိုး။   ။
သင့်မှာ မိန်ခလေးရည်းစားရှိလား အမေးခံရတော့


) အိမ်က လူတွေ တီဗီအတူကြည့်တာအခါ အဖြစ်လေးက။   ။
မိဘတွေ သူငယ်ချင်းတွေနဲ့ တီဗီ အတူကြည့်နေတုန်း တီဗီထဲက တစ်ယောက်က ဂေးဖြစ်နေတဲ့ အခန်းကိုကြည့်နေရတုန်း


) ရေကူးသင်တန်းတက်ရတော့မယ်ဆိုရင်။    ။
နပမ်းလုံးပွဲတွေ ရှေ့ကနေဖြတ်သွားတဲ့ပုံလေးက



) သူငယ်ချင်းတွေနဲ့ အားကစား အတူတူကြည့်ရတဲ့ အဖြစ်လေး။။
ဘောလုံးပွဲကို ကြည့်တဲ့အခါ ကိုယ်တွေသူငယ်ချင်းတွေက အဲ့လို။ ကိုယ်တွေကတော့ BEYONCÉ လို မျက်နှာလေးနဲ့။
 
) ကဲ... သင့်ဘဝကို အကျဉ်းချုပ်ရမယ်ဆိုရင်။    ။
ဒါဖတ်ပြီးရင် *internet browser history ကို ဖျက်လိုက်တယ်*။
စာဖတ်သူတွေလဲ့ ကိုယ့်ရဲ့ အဖြစ်လေးတွေရှိရင် ဝေမျှပေးပါဦး ခင်ဗျာ။

ဘဝကို ရယ်မောခြင်းဖြင့် အမောပြေနိုင်ကြပါစေ။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ