Search

Content

Showing posts with label video. Show all posts
Showing posts with label video. Show all posts
0 comments

Best of LGBT Artists in 2017

ဘာလိုလိုနဲ့ နှစ်တစ်နှစ် ကုန်သွားခဲ့ပြန်ပါပြီ။ ​၂၀၁၇ မှာလည်း LGBTQ / လိင်တူချစ်သူအသိုင်းအဝိုင်းက တရားမျှတမှုအတွက် ဆက်လက်ကျိုးပမ်းမှုတွေနဲ့ အရေးပါခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်က လိင်တူချစ်သူအခွင့်အရေးတွေကို လိုက်ပယ်ဖျက်တာတွေ၊ မလေးမစားလုပ်တာတွေရှိခဲ့ပေမဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ ကျနော်တို့ရဲ့ဘဝတိုးတက်မှုရရှိခဲ့ကြပါတယ်။ ဆက်လက်ပြီး ဂျာမနီ၊ ဖင်လန်၊ မော်လတာနဲ့ သြစတြေးလျနိုင်ငံတွေမှာ လိင်တူချစ်သူလက်ထပ်ခွင့်ရခဲ့သလို လိင်တူချစ်သူနိုင်ငံရေးသမား အများအပြားလည်း ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံရေးကဏ္ဍတွင်သာမက အနုပညာလောကမှာလည်း ပါရမီရှင်လိင်တူချစ်သူတွေက သူတို့ရဲ့စွမ်းဆောင်ရည်ကို သူတို့ရဲ့ နိုင်ငံအသီးသီးမှာ ပြသကျိုးပမ်းခဲ့ကြပါတယ်။

အခုတော့ လုလင်မဂ္ဂဇင်း စာဖတ်သူထဲက နိုင်ငံတကာသီချင်းကြိုက်တတ်သူတွေအဖို့ ၂၀၁၇ မှာထွက်ခဲ့တဲ့ သီချင်းကောင်းတွေနဲ့ အဆိုတော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ စာဖတ်သူတို့လည်းနားဆင်နိုင်ဖို့ စုစည်းပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ လိင်တူချစ်သူတွေက အနုပညာ နှင့် မီဒီယာမှတဆင့် ကမ္ဘာကို သူတို့ရဲ့ အစွမ်းအစတွေကိုပြသနေကြပြီး အမေရိကန်သီချင်း အများအပြားကို ၂၀၁၇ မှာလည်း သီဆိုရိုက်ကူးနိုင်ခဲ့ကြပေမဲ့ ထူးချွန်ထက်မြက်တဲ့ LGBTQ အဆိုတော်တွေကတော့ တကမ္ဘာလုံးမှာရှိကြတယ်ဆိုတာကို မေ့လို့မရပါဘူး။ ပုံမှန်ဆိုရင် အမေရိကန်သီချင်းတွေကို အလွယ်တကူတွေ့ရှိနားထောင်နိုင်ကြတာမို့ လုလင်မဂ္ဂဇင်းကတော့ မြင်ရခဲတဲ့ ကမ္ဘာတဝှမ်းက ထွေပြားစုံလင်လှတဲ့ အနုပညာဖန်းတီးမှုတွေကိုတင်ပြပေးထားပါတယ်။

ဒါ့ကြောင့် စာဖတ်သူပရိသတ်တွေ လေ့လာနားထောင်စရာ နိုင်ငံပေါင်း ၁၅ နိုင်ငံက အနုပညာရှင်တွေရဲ့ ၂၀၁၇ မှာ ထွက်ရှိထားသမျှထဲမှ မြန်မာပရိသတ်ကြိုက်တတ်မယ့် အကောင်းဆုံးသီချင်းတွေကို စုဆောင်းထားပေးထားပါတယ်။

ပွင့်လင်းစွာပြောသော လိင်တူချစ်သူအဆိုတော် အနုပညာရှင်များကို  ဂုဏ်နေပြုတဲ့အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူတွေထဲက အကောင်းဆုံးသီချင်း အပုဒ် (၃၀) ပဲဖြစ်ပါတယ်။ သောတရှင်များ ပျော်ရွင်ကြည်နှုးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီသီချင်းအနုပညာတွေကတဆင့် ထွေပြားစုံလင်မှုရဲ့ အနှစ်အရသာကို ခံစားနိုင်ကြပြီး သက်တန့်တလျှောက်လုံးမှ ရောင်စဥ်များအားလုံး တောက်ပနိုင်ကြပါစေ။

30. Leon Markcus (SINGAPORE)

စင်္ကပူ အဆိုတော် Leon Markcus ဟာ လူငယ်တွေ အနိုင်ကျင့်ခံရတာတွေနဲ့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာတွေနဲ့ ပက်သက်ပြီး သူ့သီချင်းထဲမှာ သရုပ်ဖော်ထားပါတယ်။ လိင်တူချစ်သူတွေအတွက် သိပ်မပွင့်လင်းတဲ့ နိုင်ငံဖြစ်တဲ့ စင်္ကပူလိုနိုင်ငံမျိုးမှာ လိင်တူချစ်သူအဆိုတော်တွေက အနုပညာနဲ့ ရှေးတန်းထွက် ကိုယ်စားပြုပေးတာမျိုးက ရှားလည်းရှားပြီး Leon Markcus  ရဲ့ Alive က သီချင်းကောင်းတစ်ပုဒ်လည်းဖြစ်တာမို့လို့ သူ့သီချင်းဟာ စင်္ကပူမှာ အထိုက်အလျောက် လူကြိုက်များခဲ့ပါတယ်။

Alive


29. Mila Jam (UNITED STATES)

အမေရိကန် Youtube အဆိုတော် Mila Jam ကျားမပြောင်းသူ အခွင့်အရေးလှုပ်ရှားသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူ့သီချင်း Faces ကို အမေရိကန် လိင်တူချစ်သူ အခွင့်အရေးလှုပ်ရှားမှုများမှာ အသုံးပြုခဲ့ကြပါသည်။

Faces


28. Mary Lambert (UNITES STATES)

အမျိုးသမီးလိင်တူချစ်သူ အဆိုတော် Mary Lambert က လွန်ခဲ့တဲ့ ၅ နှစ်က Same Love သီချင်းနဲ့ စကျော်ကြားပြီးကတည်းက ဆက်တိုက်သီချင်းကောင်းတွေကို ထုတ်ဝေနေလျက်ရှိပါတယ်။  ၂၀၁၇ မှာလည်း Know Your Name သီချင်းကို ထပ်မံ ထုတ်ဝေထားပါတယ်။

Know Your Name

27. Rainbow Riots (UGANDA)

အာဖရိက နိုင်ငံအတော်အများမှာ လိင်တူချစ်သူ အခ္ငင့်အရေးတွေ အဆိုးဆုံး ဖောက်ဖျက်ခံနေရတာတွေကို ခုခံဖို့ Uganda, Jamaica နဲ့ Malawi စတဲ့ နိုင်ငံတွေက လိင်တူချစ်သူ အနုပညာရှင်တွေက Rainbow Riots ဆိုတဲ့ ဂီတအနုပညာလှုပ်ရှားမှုစီမံကိန်းကို ၂၀၁၇ မှာပြုလုပ်ခဲ့ကြပါတယ်။ အခုဖေါ်ပြထားတဲ့ Freedom ဆိုတဲ့သီချင်းက Uganda နိုင်ငံက အဆိုတော်တွေ ဖန်တီးထားတာပဲဖြစ်ပါတယ်။

Freedom 

26. A JAY (SRI LANKA)

လုလင်မဂ္ဂဇင်းက ဒီ သီရိလင်ကာသီချင်းအကြောင်းကို သိပ်မသိရပေမယ့် ဒီလိုနိုင်ငံမျိုးမှာ လိင်တူချစ်သူများအကြောင်းကို ရိုက်ကူးသီဆိုထားတဲ့ အနုပညာမျိုးကို တွေ့ရမြင်ရခဲတာမို့လို့ ဒီသီချင်းကောင်းလေးကို ရွေးချယ်ဖော်ပြပေးလို်က်ရပါတယ်။​ သီချင်းထဲမှာ သရုပ်ဆောင်မင်းသားက မိန်းကလေးရီးစားရှိနေပေမဲ့ အခြားကောင်လေးတစ်ယောက်ကို ချစ်နေတဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်။

Asammatha Pemak (රතු තොල්)

25. Fangoria (SPAIN)

စပိန်က drag အဆိုတော် Fangoria ဟာလည်း ၂၀၁၇ မှာ အကသီချင်းတွေဆက်ဆိုထားပြီး ဥရောပမှာ လူကြိုက်များခဲ့ပါတယ်၊။ Espectacular ဆိုတဲ့ ဒစ္စကို သီချင်းကို လုလင်မဂ္ဂဇင်း ပရိသတ်နားဆင်နိုင်အောင် ရွေးချယ်ပေးထားပါတယ်။

Espectacular


24. Denis Ng (HONG KONG)

ဟောင်ကောင် လိင်တူချစ်သူအဆိုတော် Denis Ng က ၂၀၁၇ မှာ သီချင်းတစ်ပုဒ်ကို ဆက်လက်ထုတ်ဝေထားပါတယ်။​ ဟောင်ကောင် LGBT တွေကို ကိုယ်စားပြုနေတဲ့ အနုပညာရှင် Denis Ng ရဲ့ သီချင်းအေးအေးငြိမ့်ငြိမ့်လေးပဲဖြစ်ပါတယ်။

傷城故事 (Injury Story)

23. ĐÀO BÁ LỘC  (VIETNAM)

ဗီယက်နမ် နိုင်ငံမှာ အချစ်သီချင်းအဆွေးသီချင်းက လူကြိုက်များပါတယ်။ ဒီနှစ်မှာလည်း ဗီယက်နမ်ရဲ့  The Voice သီချင်းဆိုပြိုင်ပွဲလိုမျိုး နိုင်ငံတော်အဆိုပြိုင်ပွဲမှာ ဆုရလူငယ်အဆိုတော် ĐÀO BÁ LỘC က အချစ်အဆွေးသီချင်းကောင်းတစ်ပုဒ်ကို လိင်တူချစ်သူ ဇာတ်လမ်းလေးနဲ့ သီဆိုရိုက်ကူးထားပါတယ်။

THANH XUÂN

22. Superfruit (UNITED STATES)

ဒီနှစ်မှ​ အသစ်ဖွဲ့စည်းလိုက်တဲ့ အမေရိကန်အဖွဲ့  Superfruit က တစ်နှစ်အတွင်း Imaginary Parties, BAD 4 US, Worth It (Perfect), နဲ့ Vacation အစရှိတဲ့ သီချင်းတွေ အများကြီးထုတ်ဝေထားပါတယ်။ အမေရိကမှာ လိင်တူချစ်သူတွေအကြားလူကြိုက်များလာတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ အဲ့ထဲမှာ သူတို့ရဲ့ Fantasy သီချင်းကို ရွေးပြထားပါတယ်။

Fantasy (feat. Amber Liu)


21. Lizzo (UNITED STATES)

အမေရိကန်အဆိုတော် Lizzo က ၂၀၁၆ တုန်းက Good as Hell သီချင်းနဲ့ လူကြိုက်များခဲ့ပြီးတော့ ၂၀၁၇ မှာလည်း သူရဲ့အနုပညာနဲ့ LGBT အသိုင်းအဝိုင်းနဲ့​ လူမဲအမျိုးသမီးများရဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ဖို့ ကျိုးပမ်းနေသူဖြစ်ပါတယ်။

Water Me


20. Francisco Victoria (CHILE)

ချီလီနိုင်ငံက လူငယ်အဆိုတော်လေး Francisco Rojas ဟာ ပရိသတ်ကို သူ့ရဲ့ ပွဲဦးထွက်သီချင်းနဲ့ အံသြသွားစေပြီး လိင်တူချစ်သူ ဂီတနှစ်သက်သူများကို ကြေနပ်အားရစေခဲ့ပါတယ်။ ဆန်းဆန်းငြိမ့်ငြိ်မ့်လေးနဲ့ Marinos ဆိုတဲ့သီချင်းဟာ လက်တင်အမေရိကမှ ၂၀၁၇ အတွက် သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Marinos

19. Neon Trees  (UNITED STATES)

လိင်တူချစ်သူအသံရှင် Tyler Glenn ပါဝင်တဲ့ ရော့ခ်အဖွဲ့ Neon Trees ဟာ သီချင်းမြူးတစ်ပုဒ်ကို ၂၀၁၇ မှာ ထပ်သီဆိုလိုက်ပါတယ်။ အမေရိကန်/အင်္ဂလိပ် သီချင်းကြိုက်သူများအတွက် Neon Tree ရဲ့ Feel Good ကို နံပါတ် ၂၀ မြောက်မှာ ရွေးချ​ယ်ပေးထားပါတယ်။

Feel Good

18. Titica (ANGOLA)

အန်ဂိုလာနိုင်ငံက လိင်ပြောင်းအဆိုအတော် Titica ဟာ ပေါ်တူဂီစကားပြောနိုင်ငံ​တွေမှာ ကျော်ကြားလူကြိုက်များတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။​ လိင်တူချစ်သူတွေကို မုန်းတီးမှုများပြားတဲ့ အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အန်ဂိုလာမှာ အခက်အခဲတွေကို အံတုပြီး အောင်မြင်လူကြိုက်များတဲ့ အဆိုတော်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တဲ့ အနုပညာပါရမီရှင် Titica ဟာ နိုင်ငံတကာ မီဒီယာတွေရဲ့ အသိမှတ်ပြုချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ ၂၀၁၇ မှာ ခပ်မြူးမြူးဆန်းဆန်း ခပ်ကြမ်းကြမ်း Sobra Raiva သီချင်းက သီချင်းကောင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

Sobra Raiva

17. Alfie Arcuri - (AUSTRALIA)

သြစတြီးလျနိုင်ငံက The Voice အဆိုပြိုင်ပွဲအနိုင်ရသူ Alfie Arcuri က ပေါ့ပ်သီချင်းအဆွေး If They Only Knew  ကို ၂၀၁၇ မှာ ဒုတိယပွဲဦးထွက် သီဆိုထားတာကို လိ်င်တူချစ်သူ ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သူက သြစတြီးလျနိုင်ငံ လိင်တူချစ်သူတန်းတူ လက်ထပ်နိုင်ရေး တောင်းဆိုရာမှာပါဝင်ဖို့ Love Is Love ဆိုတဲ့ သီချင်းကိုလည်း ထုတ်ဝေထားပါသေးတယ်။

If They Only Knew

16. Aof Pongsak (THAILAND)

Aof လို့လူသိများတဲ့ Pongsak Rattanapong က ထိုင်းနိုင်ငံက ဂေးအဆိုတော်ဖြစ်ပါတယ်။ အာရှအဆွေးသီချင်းတွေကို ခံစားတတ်တဲ့ ပရိသတ်တွေအဖို့  Aof ရဲ့ ၂၀၁၇ အသစ်ထွက် Waiting for the Miracles ဆိုတဲ့သီချင်းကို ရွေးချယ်ထားပါတယ်။ 

รอปาฏิหาริย์ (Waiting for the Miracles) 

15. Harel Skaat (ISRAEL)

Harel ဟာ အစ္စရေးနိုင်ငံရဲ့ ပရိသတ်အသည်းစွဲ အဆိုတော်ဖြစ်ပြီး ဥရောပတိုက်မှာ လိင်တူချစ်သူများ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တစ်ဦးပါ။ ၂၀၁၇ မှာ အင်္ဂလိပ်လို Radio ဆိုတဲ့သီချင်းကို ဂေးပရိသတ်များက ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

Radio

14. Nakhane (SOUTH AFRICA)

တောင်အာဖရိကရဲ့ လိင်တူချစ်သူအဆိုတော် Nakhane က ဂီတအနုပညာကို ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ နိုက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေနဲ့ သူ့သီချင်းတွေက သူလိင်တူချစ်သူတစ်ယောက်အနေနဲ့ ရုန်းကန်ရတွေကို ဖော်ကျူးထားပါတယ်။

Clairvoyant

13. LP (UNITED STATES)

အမေရိကန် တေးရေးအဆိုတော် Laura Pergolizzi က ၂၀၁၆ ကစပြီး Lost On You သီချင်းနဲ့ တကမ္ဘာလုံး၏ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၇ မှာ Other People, Tightrope, No Witness, နဲ့ When We're High အစရှိတဲ့ သီချင်းတွေကိုလည်း ထုတ်ဝေခဲ့ပါတယ်၊။

Other People

12. Tokio Hotel (GERMANY)

ရော့ခ်သီချင်းနှစ်သက်သူ ပရိသတ်တွေအဖို့ ၂၀၁၇ နှစ်မှာ  ဂျာမန်ရောခ့် အဖွဲ့ Tokio Hotel က What If, Boys Don't Cry, နဲ့ Something New စတဲ့ သီချင်းတွေ ထုတ်ဝေခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်အဆိုတော် BILLY က သူ့ရဲ့အသွင်အပြင်ကြောင့် လိင်တူချစ်သူပရိသတ် ကြိုက်နှစ်သက်မှုကို ရရှိနေပါတယ်။ သူက လိင်တူကော လိင်ကွဲကော မခွဲခြားပဲ သူ့ကို ပျော်ရွင်အောင် လုပ်တဲ့သူကိုကြိုက်မယ်လို့ပြောပါတယ်။

What If

11. Todrick Hall (UNITED STATES)

Drag သီချင်းတွေကြိုက်တဲ့ ပရိသတ်တွေအတွက် Todrick Hall နဲ့ RuPaul တို့ရဲ့ ခပ်မြူးမြူးရွရွ Low ဆိုတဲ့ အကသီချင်းကို ၂၀၁၇ ရဲ့ သီချင်းကောင်းတစ်ပုဒ်အဖြစ်ရွေးချယ်ပေးထားပါတယ်။

Low

10. Ivri Lider (ISRAEL)

အစ္စရေးရဲ့ နိုင်ငံကျော်အဆိုတော် Ivri Lider ဟာ ၂၀၁၇ မှာ သီချင်းအသစ် Moogzam နဲ့ ပြန်လာခဲ့ပါတယ်။​ လိင်တူချစ်သူတစ်ဦးဖြစ်သူ Ivri Lider က အစ္စရေး ဂေးအချစ်ရုပ်ရှင်တွေဖြစ်တဲ့ Yossi and Jagger နဲ့ The Bubble တို့မှာ ဇာတ်ဝင်သီချင်းတွေ သီဆိုခဲ့ဖူးပြီး နိုင်ငံပရိသတ်အသည်းစွဲ​အဆိုတော်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။

Moogzam

9. Hayley Kiyoko (UNITED STATES)

အမေရိကန် အဆိုတော်မလေး Hayley Kiyoko က ၂၀၁၇ မှာ Feelings နဲ့ Sleepover သီချင်းကောင်းနှစ်ပုဒ်ကို ဆက်လက်ထုတ်ဝေလိုက်ပြီး သူ့သီချင်းတွေမှာ သူကြိုက်တဲ့ မိန်းကလေးချစ်သူတွေကို ပိုးပန်းရတဲ့ အကြောင်းတွေကို သီဆိုထားပါတယ်။

Feelings

8. Michele Bravi (ITALY)

လူငယ်အဆိုတော် Michele Bravi က အီတလီရဲ့ X Factor သီချင်းဆိုပြိုင်ပွဲကို အနိုင်ရရှိပြီး နိုင်ငံကျော်အဆိုတော်ဖြစ်လာပါတယ်။ ၂၀၁၇ မှာ သူ့ရဲ့ ဒုတိယောက်မြောက်အခွေ Anime di carta က အရောင်းရကောင်းဆုံး အခွေတစ်ခွေဖြစ်ခဲ့ပါတယ်။  အဲ့ထဲမှာ သီချင်းတွေအများကြီးထဲက Solo Per Un Po ကလည်း နံပါတ်တစ်သီချင်းနေရာကိုလည်း ရောက်ရှိခဲ့ပါတယ်။ နောက်ပြီး သူ့သီချင်း Il Diario Degli Errori ကလည်း အီတလီ​နိုင်ငံတော် သီချင်းဆိုပြိုင်ပွဲ Sanremo 2017 မှာလည်း နံပါတ်လေးအဆင့်ရရှိခဲ့ပါတယ်။

Solo Per Un Po

7. Toya Delazy (SOUTH AFRICA)

တောင်အာဖရိက လိင်တူချစ်သူ အမျိုးသမီး အဆိုတော် Toya Delazy ဟာ သူ့နိုင်ငံမှာ ဆုများစွာဆွတ်ခူးထားတဲ့သူတစ်ဦးဖြစ်ပြီး လိင်တူချစ်သူအခွင့်အရေးကို တစ်တက်တစ်အား ပါဝင်နေသူဖြစ်ပါတယ်။ ၂၀၁၇ မှာလည်း သီချင်းသစ်တွေ ထပ်သီဆိုထားပြီး သူ့သီချင်း Greatest ကို ၂၀၁၇ ရဲ့ လိင်တူချစ်သူအဆိုတော်များရဲ့ သီချင်းကောင်းတစ်ပုဒ်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။

Greatest


6. Mashrou' Leila (LEBANON)

လက်ဘနွန် အဖွဲ့ Mashrou' Leila ရဲ့ အဖွဲ့ခေါင်းဆောင်ဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေမှာ ပွင့်လင်းစွာပြောတဲ့ လိင်တူချစ်သူ အနုပညာရှင်တွေကို တွေ့ရမြင်ရခဲပါတယ်။ ဒါပေမဲ့ Mashrou' Leila ကတော့ ဆန်းသစ်တဲ့ သီချင်းတွေနဲ့ ပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုကို ရယူထားနိုင်ယုံသာမက သူတို့ရဲ့သီချင်းတွေနဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ ပြဿနာတွေကို ထောက်ပြတတ်လေ့ရှိပါတယ်။ ၂၀၁၇ မှာထွက်တဲ့ သူတို့ရဲ့ Roman ဆိုတဲ့ အာရဗီသီချင်းဟာ အမျိုးသမီးတွေပေါ်ထားတဲ့ တစ်ဖက်စောင်းနင်းအမြင်(stereotypes) တွေကို ခုခံတွန်းလှန်တဲ့ဟန်တဲ့ ဖော်ကျူးရိုက်ကူးပြထားပါတယ်။

Roman



5. Logi, Alessia Cara & Khalid - 1-800-273-8255 (UNITED STARES)

အဆိုတော်တွေက လိင်တူချစ်သူတွေမဟုတ်ပေမဲ့ လိင်တူချစ်သူတွေ စိတ်ဓာတ်ကျမှုတွေဖြစ်ကာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာကို ကာကွယ်ဖို့ ဖုန်းနံပါတ် 1-800-273-8255 ကို သီချင်းနာမည်ပေးပြီး သီဆိုထားတဲ့သီချင်းက အမေရိကန်သီချင်း chart ဖြစ်တဲ့ Billboard မှာ နံပါတ်တစ်နေရာကိုရောက်ခဲ့ပြီး နိုင်ငံအမြောက်အများမှာ အရောင်းကောင်းခဲ့ပါတယ်။

4. Sam Smith (UNITED KINGDOM)

ဗြိတိသျှအဆိုတော် Sam Smith ကိုတော့ အထူးမိတ်ဆက်ပေးစရာမလိုပဲ လူတိုင်းသိပြီးနေပြီလိုထင်ပါတယ်။ ဒီနှစ်မှာလည်း သူ့ရဲ့သီချင်းအသစ် Too Good At Goodbyes က တကမ္ဘာလုံးမှာ လူကြိုက်များခဲ့ပါသေးတယ်။ Youtube မှာ ကြညိ့ရှုကြိမ်ပေါင်း သန်း ၆၀၀ ရောက်တော့မှာပဲဖြစ်ပါတယ်။

Too Good At Goodbyes

3. Troye Sivan feat. Betty Who - HEAVEN (AUSTRALIA)

ဂေးပရိတ်သတ်တိုင်းအသည်းစွဲ​ လူငယ်အဆိုတော် Troye Sivan က ၂၀၁၅ ခုနှစ်ကတည်းက လူငယ်အသည်းစွဲသီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ထုတ်ဝေခဲ့တာ မငြီးငွေ့ရအောင်ပါပဲ။ ဒီနှစ်ထဲမှာလည်း Martin Garrix နဲ့ပေါင်းပြီး There For You ဆိုတဲ့သီချင်းထုတ်ဝေခဲ့ပြန်တာ Youtube မှာ ကြည့်ရှုကြိမ် သန်း ၁၇၀ နီးပါးရှိပါတယ်။ လုလင် မဂ္ဂဇင်း ကတော့ သူ Betty Who နဲ့ သြစတြေးလျ လိင်တူချစ်သူချင်း လက်ထပ်ခွင့် တောင်းဆိုမှုကျိုးပမ်းမှုအတွက် သီဆိုထားတဲ့ HEAVEN ဆိုတဲ့ သီချင်းကို နံပါတ်သုံးနေရာမှာ ရွေးချယ်ပေးလိုက်ပါတယ်။

HEAVEN

2. MUNA (UNITED STATES)

လိင်တူချစ်သူ မိန်းကလေးသုံးယောက်ဖွဲ့စည်းထားတဲ့ MUNA အဖွဲ့ က ၂၀၁၇ မှာ သူတို့ရဲ့ ပထမဆုံး တေးအခွေ About U ကို ထုတ်ဝေလိုက်ပါတယ်။ သူတို့ဟာ သီချင်းအနုပညာအသုံးပြုပြီး လူငယ်တွေတွေ့ကြုံရတဲ့ ဒုက္ခအခက်ခဲတွေပေါ်မှာ လက်မလျှော့ပဲ အားတက်စေဖို့ရာ သီဆိုဖျော်ဖြေနေကြသူများ ဖြစ်ပါတယ်။​ LGBT အသိုင်းအဝိုင်းအတွက် အားကျိုးမန်တက် ရှေ့တန်းကပါဝင်ပြောဆိုကြတဲ့ အဖွဲ့ဖြစ်ရုံသာမက သူတို့ရဲ့ electronic သီချင်းတွေရဲ့ စာသားတွေက ငြိမ့်ညောင်းအားတက်စရာကောင်းပါတယ်။ သူတို့ရဲ့ Loudspeaker ဆိုတဲ့ သီချင်းက အိမ်တွင်းအကြမ်းဖက်တဲ့အကြောင်းကိုသီဆိုထားတာဖြစ်ပြီး​၊​ အခုရွေးချယ်ထားတဲ့ I Know A Place သီချင်းကတော့ လူသားတိုင်းကြောက်လန့်စရာမလိုပဲ အားလုံးလက်နက်ချတဲ့ မေတ္တာနဲ့တည်ဆောက်ထားတဲ့ နေရာလေးတစ်ခုရှိတယ်ဆိုတာကို သီဆိုထားတဲ့ ၂၀၁၇ ရဲ့သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

I Know A Place

1. Wrabel (UNITED STATES)

Wrabel ကို ၂၀၁၄ မှာ Afrojack ရဲ့ Ten Feet Tall သီချင်းနဲ့ ပရိသတ်စသိခဲ့တာပါ။ သူရဲ့ စူးရှတဲ့အသံနဲ့ ဆန်းပြားတဲ့ စာသားတွေနဲ့  Wrabel က နိုင်ငံတကာ ပရိတ်သတ်ကို အမှတ်ရစေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းနှစ်တွေမှာ ဆက်လက်ပြီး သီချင်းသစ်တွေကို တေးသံသွင်းအကြီးစားတွေရဲ့ အကူအညီမပါပဲ တစ်သီးပုဂ္ဂလ တေးသံထုတ်ဝေခဲ့ရာမှာ မီဒီယာဌာနကြီးတွေရဲ့ အသိမှတ်ပြုခံခဲ့ရပါတယ်။ ဆက်လက်ပြီး ၂၀၁၆ မှာ Marshmello ရဲ့ Ritual ဆိုတဲ့သီချင်း၊​ ၂၀၁၇ Kygo ရဲ့ With You ဆိုတဲ့ သီချင်းတွေမှာ အသံပါဝင်သီဆိုပေးခဲ့ပါတယ်။ သူကိုယ်တိုင် ၂၀၁၆ မှာတော့ သူ့ရဲ့ ပထမဆုံးကိုယ်ပိုင်သီချင်း 11 Blocks ဟာ ပရိသတ်ကြိုက်နှစ်သက်မှုရရှိပြီး အသိမှတ်ပြုရရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။ ၂၀၁၇ မှာ Bloodstain နဲ့ We Could Be Beautiful ဆိုတဲ့သီချင်းတွေကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်။

၂၀၁၇ ဖေဖော်ဝါရီမှာ ဒေါ်နယ်ထရမ့်က ကျောင်းတွေမှာ လိင်ပြောင်းနဲ့ ကျားမပြောင်း ကျောင်းသူကျောင်းသားတွေကို ကာကွယ်မှုပေးထားတဲ့ နိုင်ငံတော်ဥပဒေကို ပယ်ဖျက်လိုက်တာကြောင့်  Wrabel က သူ့ရဲ့ သီချင်း The Village နဲ့ လိင်ပြောင်းနဲ့ ကျားမပြောင်းသူတွေရဲ့ အခွင့်အရေးကို လူ့အခွင့်အရေးအဖြစ် သီဆိုကာ တောင်းဆိုထားတဲ့ သီချင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Wrabel ကို ၂၀၁၇ ရဲ့ အကြိုက်နှစ်သက်ဆုံး လိင်တူချစ်သူ အနုပညာရှင်အဖြစ်ရွေးချယ်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံက လိင်တူချစ်သူ ဂီတပရိသတ်လည်း လုလင်မဂ္ဂဇင်းရွေးချယ်ထားတဲ့ ကမ္ဘာအနှံမှသီချင်းများကို ကြိုက်နှစ်လိမ့်မယ်လို့ မျှော်လင့်ရင်း လှပတဲ့ ၂၀၁၈ ကို ပိုင်နိုင်စေပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂၀၁၈ မှာလည်း ကမ္ဘာတစ်ဝှမ်းမှ လိင်တူချစ်သူအနုပညာရှင်များဟာ သူတို့၏ အနုပညာနဲ့ ကမ္ဘာကြီးကို လှပအောင်အရောင်ချယ်ရင်း အကျိုးပြုနေကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။

The Village

Best of LGBT Artists in 2016 မှာလည်း သီချင်းကောင်းများကို နားထောင်ပါ

Best of LGBT Artists in 2015 မှာလည်း သီချင်းကောင်းများကို နားထောင်ပါ

0 comments

'နှလုံးခုန်သံတစ်ချက်' - စိတ်နှလုံးကြည်နူးဖွယ် လူငယ်အချစ် ရုပ်ပုံဇာတ်လမ်းတို



'နှလုံးခုန်သံတစ်ချက်'လို့အမည်ရတဲ့ ကောင်လေးနှစ်ယောက်ကြားရင်ခုံမှုလေးကို ဖော်ကျူးထားတဲ့ ရုပ်ပုံဇာတ်လမ်းတိုလေးဟာ အင်တာနက်မှာလူတိုင်းရဲ့ စိတ်နှလုံးကို ကြည်နှုးသွားစေပါတယ်။ ဇာတ်လမ်း (animation) ဆွဲသူ Beth David နဲ့ Esteban Bravo ကတော့ လူငယ်တိုင်းအား မေတ္တာနှင့် ထွေးပိုက်လက်ခံခြင်းဆိုတဲ့အကြောင်းကို မြင်စေချင်တာမို့  လိင်တူချစ်သူမေတ္တာဇာတ်လမ်းတစ်ခုကိုရေးဆွဲဖို့ အရေးကြီးလှတယ်လို့ ပြောပါတယ်။ အထူးမိမိကိုယ်ကို လိင်တူချစ်သူတစ်ဦးဖြစ်ခြင်းအပေါ်  လက်ခံပေးရန်ခက်ခဲပြီး အခြားတစ်ယောက်ကို ချစ်ရမှာကို မဝံရဲတဲ့ လိင်တူချစ်သူလူငယ်များကို မေတ္တာနှင့် လက်ခံမှုဟာ အရေးကြီးကြောင်း သဘောပေါက်စေချင်တာပါ။



ရှပ်ရှင်ပွဲတော်အများအပြားက သက်ဝင်တဲ့ဇာတ်ကောင်းလေးနဲ့ ကြည်နူးစရာ နောက်ခံသီချင်းလေးပါတဲ့ ဒီဇာတ်လမ်းလေးကို ချီးကျူး ထောမနာပြုခဲ့ကြပါတယ်။ ကဲ ၄ မိနစ်သာသာပဲရှိတာမို့ ဇာတ်လမ်းလေးကို အောက်မှာကြည့်ကြည့်လို့ရပါတယ်။


0 comments

Best of LGBT Artists in 2016


၂၀၁၆ ကုန်သွားခဲ့ပါပြီ။ ဒီနှစ်ထဲမှာ ဆက်လက်၍ ကမ္ဘာအရပ်ရပ်ရှိ အနုပညာ အသိုင်းအဝန်းမှ လိင်တူချစ်သူ အဆိုတော်များဟာ ပွင့်ပွင့်လင်းလင်း မိမိကိုယ်ရည် အနုပညာအစွမ်းအား ကမ္ဘာကို ဂုဏ်ယူစွာနှင့် ပြသနိုင်ခဲ့ကြသလို အနုပညာကိုသုံးကာ လိင်တူချစ်သူ အခွင့်အရေးနှင့် တန်းတူညီမျှရေးကို ဆက်လက်ကာ တတပ်တအား တိုက်ပွဲဝင်ပေးနိုင်ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ သီချင်းချစ်သူများအတွက် သီချင်းကောင်းများ နားထောင်နိုင်စေရန်နှင့် ပွင့်လင်းစွာပြောသော လိင်တူချစ်သူအဆိုတော် အနုပညာရှင်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကမ္ဘာအရပ်ရပ်မှ အကောင်းဆုံး သီချင်း အပုဒ် (၃၀) ကို စုစည်းပေးလိုက်ပါသည်။ သောတရှင်များ ပျော်ရွင်ကြည်နှုးနိုင်ကြပါစေ။

30. Harel Skaat - את לי הכל (at li hakol) (For me you are everything) (ISRAEL)

Harel Skaat ဟာ ၂၀၁၀ တုန်းက Milim ဆိုတဲ့ သီချင်းနဲ့ Eurovision သီချင်းဆိုပြိုင်ပွဲကနေစပြီး ဥရောပမှာ လူသိများလာတဲ့ အစ္စရေး အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အစ္စရေးသူ့နိုင်ငံမှာတော့ သူဟာ လေးနက်တဲ့ အချစ်သီချင်းအေးအေးလေးတွေဆိုပြီး ပရိသတ်အသည်းစွဲအဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂေးအဆိုတော် Harel Skaat ဟာ ၂၀၁၆ ခုနှစ်မှာ At Li Hakol ဆိုတဲ့ ဇာတ်ဝင်သီချင်းကို ထုတ်ဝေထားပါတယ်။

29. Bright Light Bright Light feat. Elton John - All In The Name (UNITED KINGDOM)

Bright Light Bright Light နာမည်နဲ့ ဗြိတိသျှ အဆိုတော် Rod Thomas ဟာ ၂၀၁၆ အတွင်း သူ့ရဲ့ အသစ်ထွက်တဲ့ အခွေထဲမှာ ဗြိတိသျှ ပြည်သူချစ်အဆိုတော်ကြီး Elton John နဲ့တွဲဖက်ကာ All In The Name ဆိုတဲ့ သီချင်းကို ထုတ်ဝေထားပါတယ်။

28. Anh Tú - Giấc Mơ Không Nhoà (VIETNAM)

အဆိုတော် Anh Tú သည်ဆိုထားတဲ့ ဗီယက်နမ် ရုပ်ရှင် Thần Tiên Cũng Nỗi Điên ရဲ့ ဇာတ်ဝင်သီချင်း Giấc Mơ Không Nhoà သီချင်းဟာလည်း ၂၀၁၆ ရဲ့ လိင်တူချစ်သူအကြာင်းပါတဲ့ အဆွေးသီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

27. Toya Delazy - Nu High (SOUTH AFRICA)

တောင်အာဖရိက လိင်တူချစ်သူ အမျိုးသမီးအဆိုတော် Toya Delazy ဟာ သူ့နိုင်ငံမှာ ၂၀၁၃ ခုနှစ်က သူရဲ့ ပထမဆုံး အခွေနဲ့ ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၆ မှာလည်း ဆက်လက်ပြီး ဆန်းသစ်တဲ့သီချင်းအမျိုးအစားနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

26. "เหงา" [OST. The Rain Stories เมื่อฝนหยดลงบนหัว] (THAILAND)

လိင်တူချစ်သူလူငယ်များရဲ့  အချစ်ဇာတ်လမ်းရိုက်ထားတဲ့ တက်သစ်စ ထိုင်းဒါရိုက်တာ Nichaphoom Chaianan ရဲ့ ရုပ်ရှင် The Rain Stories မှ ၂၀၁၆ ခုနှစ်ရဲ့ ထိုင်းဇာတ်ဝင်သီချင်းကောင်းနောက်တစ်ပုဒ်ပါ။

25. A Great Big World - Won't Stop Running (UNITED STATES)

လိင်တူချစ်သူ Chad King ပါဝင်တဲ့ A Great Big World အဖွဲ့ရဲ့ ဆက်လက်ထွက်ရှိနေတဲ့ သီချင်းများထဲက ဘဝကို တိုက်ပွဲဝင်နေတဲ့သူများကို ဂုဏ်ပြုသီဆိုထားတဲ့ Won't Stop Running ဆိုတဲ့သီချင်းကို ၂၀၁၆ ရဲ့ အကောင်းဆုံး သီချင်းများထဲက တစ်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

24. Parson James - A Sinner Like You (UNITED STATES)

တက်သစ်စ အမေရိကန် လူငယ် လိင်တူချစ်သူ အဆိုတော် Parson James ဟာ ၂၀၁၆ မှာ သူ့ တကိုယ်တော် သီချင်းများကို စတင် ထုတ်ဝေခဲ့ပါတယ်။ Parson James ဟာ နော်ဝေးနိုင်ငံမှ DJ ဖြစ်သူ Kygo ရဲ့  Stole the Show ဆိုတဲ့ သီချင်းမှာ အသံပါဝင်သီဆိုခဲ့တာကြောင့် ကမ္ဘာကျော်သူတစ်ဦးဖြစ်ပါတယ်။

23. Hương Giang (Idol) - Mùa Để Yêu Thương (VIETNAM)

ဗီယက်နမ် အနုပညာရှင် Hương Giang ဟာ ၂၀၁၂ ခုနစ် က ဗီယက်နမ် Idol မှာဆုရပြီးနောက် ပြည်သူအားပေးတဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ကို ဗီယက်နမ် Idol ဝင်သူတွေထဲက အချောဆုံး အဆိုတော်တစ်ယောက်လို့ သတ်မှတ်ကြပါတယ်။ သူဟာ ငယ်ငယ်တုန်းက ယောက်ျားလေးအဖြစ်နှင့် မွေးဖွားခဲ့ပြီး နောက်ပိုင်းမှ မိန်းမအဖြစ် လိင်ပြောင်းထားတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ခပ်လန်းလန်း သီချင်းတွေ ဆိုတတ်တဲ့ Hương Giang (Idol) က ၂၀၁၆ မှာ အချစ်သီချင်းအေးအေးလေး တစ်ပုဒ်ထပ်ဆိုထားပြီး ဗီယက်နမ်မှာ လူကြိုက်များပါတယ်။

22. Steve Grand - We Are the Night (UNITED STATES)

အမေရိကန် ဂေးပရိသတ်ရဲ့ အသည်းစွဲ country သီချင်း အဆိုတော် Steve Grand ဟာ သူ့အခွေဟောင်းထဲက သီချင်း We Are the Night ကို DJ ဖြစ်သူ Dave Aude နဲ့ ပြန်လည် ဆန်းသစ်ပြီး ဗီဒီယိုသစ်ရိုက်ထားတာမှာ မြူးကြွတဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ သူ့သီချင်းက လိင်တူချစ်သူ လူငယ်တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

21. Markus Feehily - Sanctuary (IRELAND)

ကျွန်တော်တို့ ကလေးဘဝအသည်းစွဲ Westlife အဖွဲ့ရဲ့ အဖွဲ့ဝင် Markus Feehily ဟာလည်း လိင်တူချစ်သူဖြစ်တာ အားလုံးသိကြမှာပါ။ ၂၀၁၅ နဲ့ ၂၀၁၆ မှာ Markus Feehily ဟာ တစ်ကိုယ်တော်သီချင်းတွေကို ပြန်လည်ထုတ်ဝေနေပါတယ်။ ၂၀၁၆ ထဲမှာ ထွက်တဲ့ သီချင်း Sanctuary ကတော့ ယောက်ျားနှစ်ယောက်အကြား အချစ်ဇာတ်လမ်းကို နက်နက်ရှိုင်းရှိုင်းရိုက်ပြထားပါတယ်။

20. MIKA - Hurts (UNITED KINGDOM)

ပြင်သစ်-ဗြိတိသျှ အဆိုတော် MIKA က သူ့နောက်ဆုံး အခွေထဲမှ ၂၀၁၅ တစ်နှစ်လုံး သီချင်းတွေ ဆက်တိုက်ထုတ်ဝေခဲ့ပြီး ၂၀၁၆ အထိ အနောက်ဆုံးအနေနဲ့ Hurts ဆိုတဲ့ သီချင်းကို မြူးမြူးကြွကြွလေး ပြန်လည်ဆန်းသစ် သီဆိုထားပါတယ်။ ဒါ့ကြောင့် ၂၀၁၆ ရဲ့ လိင်တူချစ်သူ အနုပညာရှင်များရဲ့ သီချင်းကောင်းတစ်ပုဒ် အဖြစ်ရွေးချယ်လိုက်ပါတယ်။

19. Mary Lambert - Hang Out With You (UNITED STATES)

အမေရိကန် လိင်တူချစ်သူ မိန်းခလေး အဆိုတော် Mary Lambert က ကမ္ဘာကျော် Hip-Hop သီချင်း Same Love မှာ ပါဝင်သီဆိုထားတာ ကြားဖူးကြမှာပါ။ သူတကိုယ်သီချင်းတွေ စထုတ်ဝေထားတော့လဲ အမေရိကန် LGBT ပရိသတ်ရဲ့ ကျေနပ်အားရမှုကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် သူရဲ့ ကြည်နူးစရာ Hang Out With You ဆိုတဲ့ သီချင်းကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။

18. Adam Lambert - Welcome to the Show (UNITED STATES)

မြန်မာပရိသတ်အားလုံး ကြိုက်တဲ့ Adam Lambert ရဲ့  ၂၀၁၆ နှစ်မှာထွက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Welcome to the Show ဆိုတဲ့ သီချင်းကိုလည်း ရွေးချယ်ထားပါတယ်။

17. Eli Lieb & Steve Grand - Look Away (UNITED STATES)

အမေရိကန်ရဲ့ လိင်တူချစ်သူ ပရိသတ်တိုင်း တောင့်တတဲ့ ဂေးအဆိုတော်နှစ်ဦး Eli Lieb နဲ့ Steve Grand ပေါင်းပြီ စုံတွဲသီချင်းဆိုလိုက်တာ သူတို့ရဲ့ ပရိသတ်တွေ အတော်ကို ရင်ခုန်ခဲ့ရပါတယ်။ ဒါ့ကြောင့်သူတို့ရဲ့ စုံတွဲသီချင်းဟာ ၂၀၁၆ ရဲ့ အမှတ်ရစရာ အနုပညာဖန်တီးမှု တစ်ခုပါပဲ။

16. Lyon Hart - Falling for You (UNITED STATES)

နယူးယောက် အခြေစိုက် တပိုင်တနိုင် အဆိုတော် Lyon Hart ဟာ သူဆန်းဆန်းပြားပြားရိုက်ကူးတဲ့ ဗီဒီယိုထဲမှာ ဘဲလေးအက ကသူ ယောက်ျားနှစ်ယောက်ရဲ့  အချစ်ပုံပြင်ကို ရင်ခုန်ဖွယ်ရာရိုက်ပြထားရာ ၂၀၁၆ မှာ လိင်တူချစ်သူများ ကြိုက်နှစ်သက်နေတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

15. Rayvon Owen - Can't Fight It (UNITED STATES)

အမေရိကန် Idol ရဲ့  စတုတ္ထဆုရ အဆိုတော်သစ် Rayvon Owen ရဲ့ ပွဲဦးထွက်သီချင်း Can't Fight It ဟာ ၂၀၁၆ ခုနှစ်ထဲမှ အဆိုတော်သစ်တွေရဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းဗီဒီယိုထဲမှာ အချစ်ဇာတ်လမ်းတစ်ခုနဲ့ သူဟာ လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်ပြောပြထားပါတယ်။

14. Jess Glynne - Ain't Got Far To Go (UNITED KINGDOM)

ဗြိတိသျှ လိင်တူချစ်သူအမျိုးသမီ အဆိုတော် Jess Glynne က Rather Be သီချင်းနဲ့ ကမ္ဘာကျော်လာပြီးနောက်မှာ တစ်ကိုယ်တော် သီချင်းတွေ ဆက်လက်ထုတ်ဝေလျှက်ရှိပြီး ၂၀၁၆ မှာလဲ Ain't Got Far To Go သီချင်းက သီချင်းကောင်းတစ်ပုဒ်ပါ။

13. 6 Pack Band - Ae Raju (INDIA)

၂၀၁၆ ခုနှစ်ထဲမှာ အိန္ဒိယ ပရိသတ်တွေကို သီချင်းကောင်းအများကြီး ယူဆောင်လာပေးခဲ့တဲ့ တတိယလိင် Hijra (ဟီဂျရာ) အဆိုတော် ၆ ဦးပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့ သီချင်းတွေအထဲမှာ Ae Raju သီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းမှာ  Bollywood မင်းသားကြီး Hrithik Roshan ပါဝင်သီဆိုသရုပ်ဆောင် ပေးထားပါတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းရဲ့ အထောက်အပံ့နဲ့ အိန္ဒိယ LGBT အသိုင်းအဝိုင်းရဲ့  ဂုဏ်ဆောင်အဖွဲ့ 6 Pack Band လို အဆိုတော်မျိုးဟာ အခြားအဆိုတော်ကြီးတွေလို စီးပွားဖြစ် ဖြန့်ချီတာမျိုးကို မပြုလုပ်နိုင်ပဲ တစ်ပိုင်တစ်နိုင် အနုပညာပြုလုပ်တာတောင် သူတို့ရဲ့ သီချင်းဟာ Youtube မှာ ကြည့်ရှုကြိမ် ၁ သန်းကျော်ရရှိခဲ့ပါတယ်။

12. Tegan and Sara - Boyfriend (CANADA)

အမွာနှစ်ယောက်ပါဝင်တဲ့ ကနေဒါက အဖွဲ့ Tegan and Sara ဟာ ၂၀၁၆ ခုနှစ်အထိ အခွေ ၈ ခွေထုတ်ဝေပြီးပြီ ဖြစ်ပါတယ်။ ညီအမနှစ်ယောက်လုံး လိင်တူချစ်သူများဖြစ်တဲ့ Tegan and Sara အဖွဲ့ဟာ သူတို့ရဲ့ ခပ်ဆန်းဆန်း ခပ်ငြိမ့်ငြိမ့် သီချင်းတွေနဲ့ လိင်တူချစ်သူ ဂီတပရိသတ်များရဲ့ အားပေးမှုကို ဆက်လက်ပြီး ရယူနေဆဲပါပဲ။ ၂၀၁၆ ခုနှစ်မှာသူတို့ ဟာ ယူကေ၊ ဟောင်ကောင်၊ ထိုင်ဝမ် အပါအဝင် နိုင်ငံအတော်များမှာ လှည့်လည်ပြီး ဂီတပွဲများ သီဆိုခဲ့ကြသလို ကမ္ဘာကျော် Electronic သီချင်းဖန်တီးသူများနှင့်လည်း ပူးပေါင်း သီဆိုခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ လိင်တူချစ်သူ အခွင့်အရေးအတွက် ရှေ့တန်းမှ ပါဝင်လှုပ်ရှားနေတဲ့ အဆိုတော်များလည်း ဖြစ်ကြပါတယ်။ သူတို့ရဲ့သီချင်း Boyfriend ဟာ ၂၀၁၆ မှာ လိင်တူချစ်သူ ဂီတပရိသတ်များရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

11. Wrabel - 11 Blocks (UNITED STATES)

အမေရိကန် တက်သစ်စ အဆိုတော် Wrabel ဟာ တပိုင်တနိုင် သီချင်းရေးသီဆိုကာ ၂၀၁၆ မှာ သူ့ရဲ့ ပွဲဦးထွက် တကိုယ်တော်သီချင်း 11 Blocks ကိုထုတ်ဝေခဲ့ပါတယ်။ မဂ္ဂဇင်းကြီးတွေက သူ့ကို ချီးကျူးသုံးသပ်ချက်တွေပေးကာ တက်သစ်စ အကောင်းဆုံးအဆိုတော်တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ သူ့ရဲ့ လေးနက်စူးရှတဲ့အသံနဲ့ DJ Afrojack ရဲ့ Ten Feet Tall သီချင်းမှာ အသံပါဝင်သီဆိုပေးခဲ့ပြီး သူဟာ ကမ္ဘာကျော်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုလင်မဂ္ဂဇင်းကလည်း ၂၀၁၆ ရဲ့ အကောင်းဆုံး သီချင်းတွေမှာ လိင်တူချစ်သူအဆိုတော်သစ် Wrabel ရဲ့ သီချင်းကို ဂုဏ်ပြုထည့်သွင်းလိုက်ပါတယ်။

10. Shura - What's It Gonna Be? (UNITED KINGDOM)

ဗြိတိသျှ အဆိုအတော်သစ် လိင်တူချစ်သူ မိန်းခလေးအဆိုတော် Shura က ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ အနုပညာစွမ်းရည်ကို စတင်ထုတ်ဖော်ပြသလိုက်ပါတယ်။ Electropop သီချင်းအမျိုးအစားဟာ ဗြိတိသျှမှာ ရေပန်းစားလာတဲ့အလျှောက် Shura ရဲ့သီချင်းတွေကတော့ တမူထူးခြားပြီး လူစိတ်ဝင်စားမှုရစေတဲ့အပြင် သူဟာ အနုပညာကိုသုံးကာ လိင်တူချစ်သူများအပေါ် အမြင်စောင်းခြင်းကို တိုက်ဖျက်မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကြည်နူးစရာ What's It Gonna Be ဆိုတဲ့သီချင်းကို ၂၀၁၆ ရဲ့ အတက်သစ်စ အဆိုတော်များထဲက သီချင်းကောင်းတစ်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

9. Years & Years ft. Tove Lo - Desire (UK - SWEDEN)

Years & Years အဖွဲ့ခေါင်းဆောင် Olly Alexander ဟာ ၂၀၁၅ ခုနှစ်မှာ လိင်တူချစ်သူ အသိုင်းအဝိုင်း နှင့် မီဒီယာ တို့ရဲ့ စိတ်အဝင်စားဆုံး သူတစ်ဦးဖြစ်ခဲ့ပြီး သူတို့အဖွဲ့ရဲ့ သီချင်းတွေဟာ အောင်မြင်မှု အများကြီးရရှိခဲ့တာကို မှတ်မိမှာပါ။ ၂၀၁၆ မှာတော့ ဗြိတိသျှအဆိုတော်က ဆွီဒင်အဆိုတော် Tove Lo နဲ့ ပေါင်းပြီး သူ့ရဲ့ ၂၀၁၄ က သီချင်းဟောင်း Desire ဆိုတဲ့ သီချင်းကို ပြန်လည် သီဆိုကာ လိင်တူချစ်သူ အသိုင်းအဝန်းအတွက် ဗီဒီယိုအသစ် ထုတ်ဝေထားပါတယ်။ Years & Years အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာလည်း လူကြိုက်များတဲ့ သီချင်းတွေကို ဆက်လက်ပြီး ထုတ်ဝေနိုင်ခဲ့ပါတယ်။

8. Gun Achi (กันอชิ) - I Believe True Love Exists (เชื่อว่ารักแท้มีจริง) (THAILAND)

၂၀၁၆ ခုနှစ်ဟာ ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ လူငယ်များရဲ့ အချစ်ဇာတ်လမ်းတွဲများကို ထူးထူခြားခြား ထုတ်ဝေခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ၂၀၁၆ မှာ ထုတ်ဝေတဲ့ လူငယ်တွေရဲ့ ကျောင်းသားဘဝ အချစ်ရေးအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Make it Right (รักออกเดิน) ရုပ်သံဇာတ်လမ်းတွဲဟာ ထိုင်းပရိသတ်သာမက အရှေ့တောင်အာရှ ပရိသတ်များရဲ့ အသဲစွဲဖြစ်ရတဲ့ ဇာတ်လမ်းတွဲတစ်တွဲပါပဲ။ Gun Achi သီဆိုထားတဲ့ အဲ့ဒီဇာတ်လမ်းတွဲရဲ့ အဖွင့်ဇာတ်ဝင်သီချင်း I Believe True Love Exists (เชื่อว่ารักแท้มีจริง) ဆိုတဲ့သီချင်းဟာလည်း ထိုင်းပရိသတ်ရဲ့ အားပေးမှုနဲ့ Youtube မှာ ကြည့်ရှုကြိမ် ၂ သန်းခွဲ ရရှိခဲ့ပါတယ်။



7. Gun Achi and Amp (กันอชิ,แอมป์) - The Secret in Our Hearts (ความลับในใจ) (THAILAND)

နောက်ထပ် ၂၀၁၆ မှာ ပရိသတ်ကို အသည်းစွဲစေခဲ့တဲ့ ထိုင်းဇာတ် လူငယ်အချစ်လမ်းတွဲတစ်တွဲကတော့ SOTUS The Series (พี่ว้ากตัวร้ายกับนายปีหนึ่ง) ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကိုလည်း Gun Achi က ပဲ Amp နဲ့အတူ သီဆိုထားပါတယ်။

6. Tiziano Ferro - Potremmo Ritornare (ITALY)

Tiziano Ferro ဟာ အီတလီနိုင်ငံရဲ့ ဂုဏ်ဆောင် ထိပ်တန်းအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ်မှာ ကမ္ဘာကြီးကို သူဟာ လိင်တူချစ်သူ အဆိုတော်တစ်ဦးဖြစ်ကြောင်း ဖွင့်ဟ မပြောကြားခင်ကတည်းက အီတလီမှာ အလွန်အောင်မြင်တဲ့ နိုင်ငံအသည်းစွဲ အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ သူ့ရဲ့ နက်နဲပြီးခံစားချက်ပြင်းထန်တဲ့ အချစ်သီချင်းတွေက အီတလီ နိုင်ငံနှင့် စပိန်စကားပြောနိုင်ငံတွေမှာ အောင်မြင်မှုအကောင်းဆုံးဖြစ်ပါတယ်။ သူထုတ်သမျှ အခွေတိုင်းဟာလည်း အီတလီနိုင်ငံနှင့် လက်တင်အမေရိကမှာ ရောင်းရအကောင်းဆုံးအခွေဖြစ်နေကြမို့ ၂၀၁၆ မှာဆက်လက်ထုတ်ဝေမယ့် အခွေထဲက Potremmo Ritornare ဆိုတဲ့ ပထမဆုံးသီချင်းဟာလည်း ကြည့်ရှုကြိမ် ၁၃ သန်းရရှိပြီးပြီ ဖြစ်ပါတယ်။

5. Troye Sivan - YOUTH (AUSTRALIA)

လူငယ်အဆိုတော် Torye Sivan ရဲ့  အောင်မြင်မှုဟာ ၂၀၁၅ မှာ သူ့ရဲ့ ပထမဆုံး အခွေနဲ့ စတင်ခဲ့ပါတယ်။ လိင်တူချစ်မီဒီယာတွေ အကြိုက်ဆုံး အဆိုတော်တစ်ဦးအဖြစ် အမြဲတမ်းအရေးခံရသလို လိင်တူချစ်သူ အသိုင်းအဝိုင်းအတွက် စံပြလူငယ် ပုဂ္ဂိုတစ်ဦးလို့လည်းသူ့ကို အားလုံးက ချီးကျူးကြပါတယ်။ သူဟာ သူ့နိုင်ငံ သြစတြေးလျမှာ လိင်တူချစ်သူ အခွင့်အရေးအတွက် မီဒီယာ နှင့် အနုပညာမှတဆင့် တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ သူ့သီချင်းများဟာ လိင်တူချစ်သူများသာမက ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အားပေးမှု ရရှိပါတယ်။ ၂၀၁၆ မှာ ထွက်ရှိတဲ့ YOUTH ဆိုတဲ့သီချင်းဟာ Youtube မှာပဲ ကြည့်ရှုကြိမ် သန်း ၆၀ ကျော် ရရှိနေပါတယ်။



4. LP - Lost On You (UNITED STATES)

LP ဆိုတဲ့နာမည်နဲ့ သီချင်းဆိုတဲ့ Laura Pergolizzi ရဲ့ Lost On You ဆိုတဲ့သီချင်းဟာ ၂၀၁၆ နှစ်အောင် အအောင်မြင်ဆုံး သီချင်းများထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။ ဥရောပမှာ နိုင်ငံ ၇ နိုင်ငံ မှာ ဒီသီချင်းဟာ နံပါတ် (၁) နေရာကို ရောက်ရှိခဲ့ပြီး Youtube မှာ ကြည့်ရှုကြိမ် ၈၅ သန်းကျော်ရှိနေပါတယ်။ လိင်တူချစ်သူ အဆိုတော် Laura Pergolizziဟာ ကမ္ဘာကျော် အဆိုကြီးတွေအတွက်လည်း သီချင်းများရေးပေးခဲ့သလို သူကိုယ်တိုင်ရေးဆိုတဲ့ သီချင်းတွေကလည်း အောင်မြင်ပါတယ်။



3. Ricky Martin feat. Maluma- Vente Pa' Ca (PUERTO RICO)

လူတိုင်းသိကြတဲ့ Puerto Rico က စပိန်သီချင်းအဆိုတော် Ricky Martin ဟာ လိင်တူချစ်သူတိုင်းလိုချင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှ ပရိသတ်များအသည်းစွဲဖြစ်တဲ့ Ricky Martin ဟာ ၂၀၁၀ ခုနှစ် မှာ ဂေးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ သူထုတ်ဝေခဲ့တဲ့ Vente Pa' Ca သီချင်းဟာ လက်တင်အမေရိက နိုင်ငံများအားလုံးမှာ ဟိုးလေးတကျော်အောင်မြင်ပြီး လူတိုင်းကြိုက်တဲ့ မြူးကြွတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လေးလအတွင်းပင်ပဲ Youtube မှာ သူ့ သီချင်းဟား ကြည့်ရှုကြိမ် သန်း ၅၀၀ နီးပါး ရောက်ရှိနေပြီး ယနေ့ထက်တိုင် လူကြိုက်များတဲ့သီချင်းအဖြစ် ရပ်တည်နေပါသေးတယ်။

2. Sia - The Greatest (AUSTRALIA)

လိင်တူချစ်သူများရဲ့ ရှေ့ဆောင်ကြယ်ပွင့်တစ်ဦးဖြစ်သူ လိင်တူလိင်ကွဲနှစ်ဦးစလုံးချစ်သူ အဆိုတော် Sia  ဟာ သူ့နိုင်ငံ သြစတြေးလျမှာ လိင်တူချစ်သူများအတွက် ရှေ့ဆောင်တစ်ဦးဖြစ်သလို အနုပညာလောကမှာလည်း တစ်ကမ္ဘာလုံးကြိုက်တဲ့ အဆိုတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာ သူရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ The Greatest ကို အမေရိကန်နိုင်ငံ  Orlando ရှိ ဝမ်းနည်းစရာအကြမ်းဖက်မှုမှာ သေဆုံးသွားတဲ့ လိင်တူချစ်သူများအတွက် ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဒီသီချင်းဟာ နိုင်ငံအမြောက်အများမှာ ထိပ်တမ်းနေရာကိုလည်း ရောက်ရှိခဲ့ပါတယ်။ ဒါ့ကြောင့် Sia ရဲ့ လိင်တူချစ်သူများအတွက် ဂုဏ်ပြုသီချင်း The Greatest ကို ၂၀၁၆ ရဲ့ အကောင်းဆုံးသီချင်း နံပါတ်၂ နေရာမှာ ရွေးချယ်ပေးလိုက်ပါတယ်။

1. 6 Pack Band feat. Sonu Nigam - Sab Rab De Bande (INDIA)

အိန္ဒိယရဲ့ ပထမဆုံး ကျားမပြောင်းသူ အမျိုးသမီး ၆ ဦးနှင့် ဖွဲ့စည်းထားတဲ့ 6 Pack Band အဖွဲ့ဟာ LGBT အသိုင်းအဝိုင်းအတွက်ဂုဏ်ယူစရာ စံပြပုဂ္ဂိုလ်များအဖြစ် ပေါ်ထွက်လာရုံသာမက ၂၀၁၆ ခုနှစ်ကို လုပအောင်ရောင်စုံချယ်သပေးခဲ့တဲ့ အနုပညာဖန်းတီးသူများဖြစ်ပါတယ်။ တတိယလိင် သို့မဟုတ် hijra (ဟီဂျရာ) လို့ခေါ်တဲ့ ကျားမပြောင်းသူများဟာ အိန္ဒိယမှာ ခန့်မှန်းချေ ၁.၉ သန်းရှိပါတယ်။ သူတို့ဟာ လူ့အသိုင်းအဝန်းမှ ရိုင်းဆိုင်းစွာဆက်ဆံခြင်း၊ ကျဥ်ပယ်ခြင်း၊ နှိမ့်ချခြင်း၊ အမြင်စောင်းခြင်း နဲ့ မလိုမုန်းထားခြင်းတို့ကို နေ့စဥ်ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ သူတို့အသိုင်းအဝိုင်းထဲက အနုပညာပါရမီရှင် ၆ ဦးဟာ 6 Pack Bandကို ဖွဲ့စည်းပြီး ရှေ့တန်းထွက်ကာ လူတိုင်းရဲ့ လေးစားမှုနှင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ရယူဆွတ်ခူပေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့ဟာ ကျားမပြောင်းသူ အသိုင်းအဝန်းတစ်ခုတည်းအတွက် လှုပ်ရှားနေသူတွေမဟုတ်ပါဘူး။ အိန္ဒိယရဲ့  ဖိနှိပ်ခဲ့ရသူ၊ အနိုင်ကျင့်ခံရသူ၊ ခွဲခြားဆက်ခံရသူတိုင်းအတွက် ကိုယ်စားပြုတိုက်ပွဲဝင်ပေးနေပြီး လူသားတိုင်း ခင်မင်ရင်းနှီးမှု နှင့် လက်ခံမှုကို ရရှိရေးကို တောင်းဆိုပေးနေသူများဖြစ်ပါတယ်။


သူတို့အဖွဲ့ရဲ့ အကြောင်းကို ၂၀၁၆ နှစ်ဦးပိုင်းမှာ စတင်ထွက်ရှိခဲ့တဲ့ Pharrell Williams ရဲ့ Happy ကို ပြန်လည်ဆန်းသစ်ထားတဲ့ သီချင်းအကြောင်းနဲ့ ပက်သက်ပြီး လုလင်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးပါတယ်။ သူတို့ရဲ့ ပထမဆုံး Hum Hain Happy သီချင်းဟာ စထွက်ထွက်ချင်း ရက်အနည်းငယ်ထဲမှာပဲ ကြည့်ရှုကြိမ် ၁.၅ သန်းကျော်သွားပါတယ်။ အဲ့ဒီနောက် ၂၀၁၆ တနှစ်ပတ်လုံး သူတို့ဟာ အိန္ဒိယတနိုင်ငံလုံးကို သူတို့ရဲ့ အနုပညာနဲ့ ကောင်းမွန်စွာကိုယ်စားပြုသူ စံပြပုဂ္ဂိုလ်များအနေနှင့် ဆက်လက်အကျိုးပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတလျှောက် Bollywood မှ ထိပ်တန်းအဆိုတော်ကြီးများရဲ့ ထောက်ပံ့ပါဝင်ပူးပေါင်းမှုဖြင့် Sab Rab De Bande, Hil Pori Hila, Ae Raju, Raula Paye Gaya စတဲ့ သီချင်းတွေအပါအဝင် လူကြိုက်များတဲ့ သီချင်း ၆ ပုဒ်ကို ထုတ်ဝေရိုက်ကူးခဲ့ပါတယ်။ အိန္ဒိယလူထုကို ကောင်းမွန်တဲ့အဆိုအမိန့်တွေကို ပေးစွမ်းတဲ့ သူတို့ရဲ့ အနုပညာတီထွင်ကြံဆမှုအတွက် ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာ Cannes ပွဲတော်မှ ထိပ်တန်းဆု (Cannes Grand Prix Glass Lion) ကို သူတို့ဟာ ရယူဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီမတိုင်ခင်က လူမှုရေးလှုပ်ရှားတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာ Webby Award ကိုလည်း ရရှိခဲ့ကြပါသေးတယ်။ သူတို့နိုင်ငံ အိန္ဒိယတဝန်းမှာတော့ အနုပညာပွဲတော်များကို သူတို့ တက်ရောက်ချီးမြင့်ခဲ့ကြပါတယ်။


ဒါ့ကြောင့် 6 Pack Band အဖွဲ့ရဲ့ သီချင်းတွေထဲမှ Sab Rab De Bande သီချင်းကို ၂၀၁၆ ရဲ့ အကောင်းဆုံးသီချင်းအဖြစ် ရွေးချယ်ပေးလိုက်ပြီး မြန်မာပြည်မှ လိင်တူချစ်သူ ဂီတပရိသတ်လည်း လုလင်မဂ္ဂဇင်းရွေးချယ်ထားတဲ့ နိုင်ငံတကာသီချင်းများကို ကြိုက်နှစ်လိမ့်မယ်လို့ မျှော်လင့်ရင်း လှပတဲ့ ၂၀၁၇ ကို ပိုင်နိုင်စေပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂၀၁၇ မှာလည်း ကမ္ဘာတစ်ဝှမ်းမှ လိင်တူချစ်သူ အနုပညာရှင်များဟာ သူတို့၏ အနုပညာနဲ့ ကမ္ဘာကြီးကို လှပအောင်အရောင်ချယ်ရင်း အကျိုးပြုနေကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။


0 comments

လိင်တူချစ်သူများအကြောင်းထည့်သွင်းထားတဲ့ စိတ်ကြည်နူးစရာ ၂၀၁၆ မှ ကြော်ငြာများ


အခုခေတ်တိုးတက်တဲ့ နိုင်ငံတွေက ကုမ္ပကြီးတွေက သူတို့ရဲ့ Creative Advertising လို့ ခေါ်တဲ့ ဆန်းသစ်သော ကြော်ငြာတွေမှာ စားသုံးသူတွေကို သူတို့ရဲ့ ပစ္စည်းတွေကိုလည်း ကြေငြာရင်း ကြည့်တဲ့သူတွေရင်ထဲမှာ စွဲသွားစေမည့် ဇာတ်လမ်းတိုလေးတွေနဲ့ ပညာပေးတာတွေလည်း ပြုလုပ်လေ့ရှိပါတယ်။ အဲ့ဒီအထဲမှာ လိင်တူချစ်သူတွေရဲ့ အကြောင်းလေးတွေကို စိတ်ကြည်နူးစရာကောင်းလည်း ထည့်ထားတဲ့ ကြေငြာတွေလည်းရှိပါတယ်။ ဒါကြောင့် လုလင်စာဖတ်သူများအတွက် ၂၀၁၆ ခုနှစ်ထဲက အကောင်းဆုံး ကြော်ငြာလေးခုကို ရွေးချယ်ပေးလိုက်ပါတယ်။

Understanding

ကိုဒက် ကင်မရာ ကုမ္ပဏီရဲ့ အမေရိကန်ရှိ ကြေငြာ ဝန်ဆောင်မှုက ရိုက်ကူးထားတဲ့ Understanding ဆိုတဲ့ကြေငြာကတော့ လိင်တူချစ်သူဖြစ်တဲ့သားကို မိသားစုက နားလည်လက်ခံပေးခြင်းရဲ့ ကြည်နူစရာအကြောင်းပါတဲ့ ၃ မိနစ်စာကြေငြာပါ။



SMART


ဖိလစ်ပိုင်နိုင်ငံရဲ့ ဖုန်းလိုင်းကုမ္ပဏီ SMART ရဲ့ ကြေငြာကတော့ ဖခင်နဲ့ သားအကြား တစ်ဦးကိုတစ်ဦးလက်ခံတဲ့အကြောင်းကို Facebook အကြောင်းပြုကာ ဇာတ်လမ်းလေးလုပ်ထားပါတယ်။ Facebook ပေါ်မှာ သူ့ချစ်သူနဲ့ ပုံတွေရှိတဲ့ သားဟာ သူ့အဖေမြင်မှာစိုးလို့ Facebookပေါ်မှာ သူငယ်ချင်းဖြစ်ဖို့ လက်မခံရဲရာက နေ အဖေကို လက်ခံခဲ့ရာမှ အဖေကလည်း သူ့သားကို လက်ခံတဲ့အကြောင်းကို ရိုက်ထားတာပါ။



McDonald's Taiwan

ထိုင်ဝမ်က  McDonald ကော်ဖီဆိုင် ကြေငြာမှာလည်း သူ့သားက အဖေ့ကို သူဂေးဖြစ်ကြောင်း ပြောပြတဲ့ အချိန်လေးအကြောင်းကို ရိုက်ပြထားပါတယ်။



Colgate Mexico

မက္ကဆီကိုမှာ Colgate သွားတိုက်ဆေးကြေငြာကတော့ အသစ်ပြောင်းလာတဲ့ လိင်တူချစ်သူစုံတွဲကို အိမ်နီးချင်းများက လက်ခံတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။

0 comments

လိင်တူချစ်သူတို့၏ ဂုဏ်ယူသက်တံအလံ ကောင်းကင်သို့ လွှင့်တင်ခြင်း


Planting Peace ဆိုတဲ့ လူမှုရေးအဖွဲ့အစည်းဟာ အာကာသကောင်းကင်ကို လိင်တူချစ်သူများကို ဖော်ရွေသော ဒေသတစ်ခုအဖြစ် ကြေညာလိုက်ပါတယ်။ ထိုအဖွဲ့အစည်းဟာ အမြင့်ပျံသန်းနိုင်တဲ့ လေဘောလုံးပေါ်မှာ လိင်တူချစ်သူများကို ကိုယ်စားပြုတဲ့ ဂုဏ်ယူသက်တံအလံကို ကောင်းကင်သို့ လွှင့်တင်တာကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ ဒီအလံဟာ ကမ္ဘာမြေပြင်မှ ၂၁.၁ မိုင်အမြင့်သို့ ပျံတက်ခဲ့ပြီး ကောင်းကင်ပေါ်တွင် ၃နာရီတိကြာကြာနေခဲ့ပြီးမှ မြေပေါ်သို့ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် အာကာသကောင်းကင်ဟာလည်း လိင်တူချစ်သူများကို မခွဲခြားပဲ ဖော်ရွေသော နယ်ပယ်တစ်ခုအဖြစ် သင်္ကေတတစ်ခု ထူနိုင်ခဲ့ပါတယ်။

Planting Peace ရဲ့ အဖွဲ့ခေါင်းဆောင် Aaron Jackson က "ဒီအလံကိုလွှင့်တင်ခြင်းဟာ ကမ္ဘာအရပ်ရပ်မှာ လူနည်းစု လိင်တူချစ်သူများ လူတန်းစေ့ တန်းတူ ဂုဏ်သိက္ခာအပြည့်နှင့် ဆက်ဆံခံရတဲ့အထိ လိင်တူချစ်သူအခွင့်အရေးအတွက် တိုက်ပွဲဝင်တာ ရပ်မှာမဟုတ်ဘူးဆိုတာကို ပြသဖို့အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်" ဟု ပြောပါတယ်။

0 comments

International LGBT music (2016 September-December)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ စက်တင်ဘာ ကနေ ဒီဇင်ဘာလ အထိ ၃လအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်းကောင်း အသစ်တွေ  နားထောင်ကြည့်ဖို့ စုစည်းပေးလိုက်တာပါ။

ဒီတစ်ခေါက် အတွက်တော့

Favourite Artist - Sia (Australia)


အကြိုက်ဆုံး အဆိုတော်အဖြစ် သြစတြေးလျမှ လိင်တူလိင်ကွဲချစ်သူ အမျိုးသမီး အဆိုတော် Sia ရဲ့ အော်လန်ဒို အကြမ်းဖက်မှုမှာ သေဆုံးခဲ့သူများကို ဂုဏ်ပြုသီဆိုထားတဲ့ The Greatest သီချင်း...



အမေရိကန် ဂေးအဆိုတော် Adam Lambert ၏ နောက်ဆုံးထွက်သီချင်းသစ်...
Song - Welcome to the Show
Artist - Adam Lambert feat. Laleh
Country - USA




လူကြိုက်များလာတဲ့ အမေရိကန် အဆိုတော်သစ် Wrabel ရဲ့ ပထမဆုံးတစ်ကိုယ်တော်သီချင်း...
Song -11 Blocks
Aritst - Wrabel 
Country - USA




အမေရိကန် အမျိုးသမီးချင်းချစ်သူ အဆိုတော် Laura Pergolizzi ရဲ့ ကမ္ဘာကျော်နာမည်ကြီးနေတဲ့ သီချင်းကောင်း...
Song - Lost On You
Artist - LP
Country -  USA




ဗြိတိသျှ အဖွဲ့ Years & Years ရဲ့ နောက်ဆုံးထပ်ထွက်လာတဲ့ သီချင်း...
Song - Meteorite
Artist - Years & Years
Country - United Kingdom




ကမ္ဘာကျော် အီတလီ ဂေးအဆိုတော် Tiziano Ferro ၏ နောက်ဆုံးထွက် သီချင်းကောင်း...
Song - Potremmo Ritornare
Artist - Tiziano Ferro
Country - Italy




ကနေဒါနိုင်ငံမှ လိင်တူချစ်သူ အမွာနှစ်ယောက်ဖွဲ့စည်းထားတဲ့ Tegan and Sara အဖွဲ့ရဲ့ သီချင်းသစ် BWU ၏ အချစ်ဇာတ်လမ်းနှင့် ဗီဒီယို...
Song - BWU
Artist - Tegan and Sara
Country - Canada




အမေရိကန် တက်သစ်စ ဂေးအဆိုတော်  Lyon Hart ရဲ့ သီချင်းအသစ်၏ အချစ်ဇာတ်လမ်း...
Song - Falling for You
Artist - Lyon Hart
Country - USA




ဗီယက်နမ် ဂေးရုပ်ရှင် Thần Tiên Cũng Nỗi Điên ၏ ဇာတ်ဝင် အချစ်သီချင်း...
Song - Giấc Mơ Không Nhoà
Artist - Anh Tú
Country - Vietnam




ကနေဒါ အမျိုးသမီးချင်းချစ်သူ အဆိုတော် Ria Mae ၏ သီချင်းသစ်...
Song - Ooh Love
Artist - Ria Mae
Country - Canada




တူရကီ ရော့အဖွဲ့ Athena က တူရကီနိုင်ငံမှာ ကျားမပြောင်းသူများကို မုန်းတီးမှု များပြားနေတဲ့အထဲမှာ ကျားမပြောင်းသူများနှင့် ရိုက်ကူးထားတဲ့ သီချင်းဗီဒီယို...
Song - Ses Etme
Artist - Athena 
Country - Turkey




အာဂျင်တီးနား ဂေးအဆိုတော် Patricio Arellano ရဲ့ ကြည်နူးဖွယ်ရာ သူရဲ့ အချစ်သီချင်းဗီဒီယို...
Song - Nuevo Sol
Artist - Patricio Arellano
Country - Argentina




အစရှိတဲ့ သီချင်းကောင်းတွေ အပါအဝင်

Featured Song of the Month

ဒီတခေါက်အတွက် အကြိုက်ဆုံး သီချင်းအနေနှင့် လက်တင်အမေရိကန် နိုင်ငံများအားလုံးမှာ ဟိုးလေးတကျော် လူကြိုက်များနေတဲ့ ကမ္ဘာကျော် ပေါ်တိုရီကို အဆိုတော် ရဲ့ နောက်ဆုံးထွက်သီချင်းမြူးမြူး Vente Pa' Ca တို့ကို ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။

Song - Vente Pa' Ca ft. Maluma
Artist - Ricky Martin feat. Maluma
Country - Puerto Rico


0 comments

လိင်တူချစ်သူများ တန်းတူဖြစ်ရေး ဘာ့ကြောင့်အရေးပါသလဲဆိုတာ

LGBT များအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု ရပ်တန့်ပါ။

မေလ ၁၇ ရက်နေ့မှာကျရောက်တဲ့ လိင်တူချစ်သူများနှင့် ကျားမပြောင်းသူများကို မုန်းတီးမှု အပြည်ပြည်ဆိုင်ရာ တိုက်ဖျက်မှုရေးနေ့ (International Day Against Homophobia, Biphobia and Transphobia) (IDAHOT) အတွက် ကမ္ဘာ့ကုလသမ္မဂမှ ပြုလုပ်ထားတဲ့ ဗီဒီယိုမှာ ကမ္ဘာအရပ်ရပ်မှ လိင်တူချစ်သူ အခွင့်အရေးတောင်းဆိုသူများဟာ ၎င်းတို့ ဘာ့ကြောင့် ရှေ့တန်းကနေ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိဖို့ တိုက်ပွဲဝင်နေရတယ်ဆိုတာကို ပြောပြထားပါတယ်။

အောက်ကနိုင်ငံ ၂၁ နိုင်ငံ ထဲမှ တချို့နိုင်ငံတွေကတော့ လုံခြုံရေးအတွက်၊ အချို့ကတော့ ခွဲခြားဆက်ဆံမှုပပြောက်ရေးအတွက် တိုက်ပွဲဝင်နေသလို တခြားနိုင်ငံတွေမှာတော့ ထွေပြားစုံလုံမှုအားလုံးတန်းတူဖြစ်ရေးနှင့် မိသားစုဘဝ ပိုမိုအကောင်းမွန်ရေးတို့အတွက် ကျိုးပမ်းနေကြပါတယ်။


ကမ္ဘောဒီးယား
တန်းတူဆက်ဆံခံရရေးနှင့် ဥပဒေဖြင့် အသိပြုခွင့်ရရေး

ကာဂျစ္စတန်
ခွဲခြားဆက်ဆံမှု အဆုံးသပ်ရေး
ရုရှား
ထွေပြားစုံလင်မှုရရှိရေး
ဘရာဇီး
လွတ်မြောက်လွတ်လပ်ရေး
ဖီဂျီ
လိင်တူချစ်သူများကို အနိုင်ကျင့်ခြင်းကို တိုက်ဖျက်ရေး
အာဂျင်တီးနား
ပိုမိုတရားမျှတသော လူ့အဖွဲ့အစည်းအတွက်
ဗန်နီဇွဲလား
တန်းတူအခွင့်အရေးများအတွက်
ကိပ်ဗာဒေး
လွတ်လပ်ကာ တန်းတူဖြစ်ရေး
ဂူယာနာ
ကျားမ မမျှတမှုကို အဆုံးသတ်ရေး
ဂျပန်
မိသားစုများ ထွေပြားစုံလင်ရေး
ပိုလန်
တန်းတူအခွင့်အရေးများအတွက်
ကူဝိတ်
လုံခြုံမှုရရှိရေးအတွက်
ကော်စတာ ရီကာ
မိသားစုအတွက်
လက်ဘနွန်
ရာဇဝတ်မှုပြုခြင်းကို ပယ်ဖျက်ရေးအတွက်
ဂျမေကာ
လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများ၏ အခွင့်အရေးသည်လည်း လူအခွင့်အရေးဖြစ်ပါသည်။
အမေရိကန် ပြည်ထောင်စု
ကျားမပြောင်းသူများကို မုန်းတီးသတ်ဖျက်မှုနှင့် လူငယ်များ အိုးအိမ်မဲ့ခြင်းကို အဆုံးသတ်နိုင်ရေး
ဗြိတိန်
ချွင်းချက်မရှိ လက်ခံမှု ရရှိရေး
ယူဂန်ဒါ
လိင်တူချစ်သူအမျိုးသမီးများနှင့် ကျားမပြောင်းအမျိုးသမီးများအား စွမ်းရည်မြင့်တင်ရေး
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
မေတ္တာနှင့် နားလည်မှုရရှိရေး
အိန္ဒိယ
လိင်တူချစ်ခြင်းကို ဥပဒေနှင့် အသိမှတ်ပြုရေး
ထိုင်း
တန်းတူညီမျှရေး၊ ဂုဏ်သိက္ခာ နှင့် လူမှုတရားမျှတရေး
0 comments

ဇာတ်လမ်းတို Curmudgeons

ဒါရိုက်တာ Danny DeVito ရိုက်ကူးတဲ့ Curmudgeons ဇာတ်လမ်းတိုဟာ အချစ်ဆိုတာ အသက်အရွယ် မရွေး ကျားမ မရွေး အားလုံးချစ်တတ်ကြတယ်ဆိုတာကို ကျွန်ုပ်တို့ကို ပြသလိုက်ပါတယ်။

၁၅ မိနစ်ကြတဲ့ ဒီအချစ်ဇာတ်လမ်းတိုလေးကို အမေရိကန် Tribeca ရုပ်ရှင်ပွဲတော်နှင့် ဗြိတိသျှ BFI ရုပ်ရှင်ပွဲတော်တို့ အသီးသီးတို့မှာ ပြသခဲ့ပါတယ်။ အသက် ၈၀ ကျော် အထီးကျန်နေတဲ့ အဖိုးကြီး နှစ်ဦးရဲ့ အချစ်ကို စိတ်ကြည်နှုးဖွယ်ရာ ဟာသလေးနဲ့ ရိုက်ကူးပြထားတာပါ။

အင်တာနက်ကောင်းတဲ့ အချိန်ကြည့်ကြည့်ပေါ့နော်။
ရ
0 comments

အင်တာနက် ဇာတ်လမ်းတွဲ မိတ်ဆက် (Addicted)

 
စာရေးဆရာ Chai Jidan ရဲ့ တရုတ် အချစ်ဝတ္ထု Are You Addicted? ကို အခြေခံကာ ဇာတ်လမ်းတွဲ ရိုက်ကူးထားတဲ့ အင်တာနက် ဇာတ်လမ်းတွဲ Addicted (စွဲမက်နေပြီ) ကို ၂၀၁၅ ဇန်နဝါရီလ က စတင်ပြီး ပြသခဲ့ပြတယ်။ ဒီဇာတ်လမ်းတွဲဟာ ကျောင်းသားအရွယ် လူငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အချစ်ဟာသဇာတ်လမ်း ပုံစံမျိုး ဖန်တီးထားတာပါ။ စပြသခဲ့စဥ် ပထမ အပိုင်း၃ ပိုင်းမှာ အလွန်လူကြိုက်များခဲ့သော်လည်း ရုပ်သံဌာနက ဆင်ဆာနှင့် ငြိစွန်းလို့ ဆက်လွှင့်ဖို့ ငြင်းဆိုခဲ့တာကြောင့် ပြည်တွင်းမှ ပရိသတ်များကို မကြေနပ်ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့ အပိုင်းများကို Youtube ကနေဆက်လက် ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ငွေကြေးကုန်ကျမှုနဲနဲလေးနှင့် ရိုက်ကူးထားပြီး သရုပ်ဆောင် အသစ်များကိုလည်း သုံးထားပါတယ်။ တရုတ်ပြည်ထဲမှာ ဆက်လက်ပြသလို့မရတော့တဲ့အတွက် Youtube မှာ ပြသခဲ့ရတဲ့ ဒီဇာတ်လမ်းဟာ တရုတ်ပြည်အပြင်ဘက်မှာလည်း အလွန်လူကြိုက်များပါတယ်။ အတွဲ၁ မှာ အပိုင်း၁၅ပိုင်းပါတဲ့ ဒီဇာတ်လမ်းတွဲကို Youtube မှာ တရုတ်၊ထိုင်း နှင့် အင်္ဂလိပ်စာတမ်းထိုးတွေနှင့် ကြည့်လို့ရပါတယ်။ 





























0 comments

International LGBT music (2016 June-August)


(မအားလပ်တာမို့  သီချင်းအသစ်တွေရှာဖွေ မတင်ပေးနိုင်တာ အတော်ကြာနေကို တောင်းပန်ပါတယ်။ အခုတစ်ခေါက်တော့ လွန်ခဲ့တဲ့ ၅ လအတွင်း မှာမတင်ဆက်လိုက်ရတဲ့ သီချင်းတွေကို လက်လှမ်းမှီအောင် ပြန်လည်ရေးသား ပေးလိုက်ပါတယ်။)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ ဇွန်လ ကနေ သြဂုတ်လ အထိ ၃လအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်းကောင်း အသစ်တွေ  နားထောင်ကြည့်ဖို့ စုစည်းပေးလိုက်တာပါ။

ဒီတစ်ခေါက် အတွက်တော့

Favourite Artist  - Mary Lambert (USA)

အကြိုက်ဆုံး အဆိုတော် အဖြစ် အမေရိကန်အဆိုတော် အမျိုးသမီးချင်းချစ်သူ အဆိုတော် Mary Lambert ရဲ့ သီချင်း ငြိမ့်ငြိမ့်လေးဖြစ်တဲ့ Hang Out With You သီချင်း...
Mary Lambert - Hang Out With You


Mary Lambertရဲ့ အရင် ပထမထွက်ရှိထားတဲ့ သီချင်း...
Mary Lambert feat Angel Haze, K.Fla - Ribcage


အိန္ဒိယက ကျားမပြောင်းအနုပညာရှင် ၆ယောက်ပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့  နောက်ထက်ထပ်ထွက်တဲ့ ခပ်ဆန်းဆန်းသီချင်း...
6 Pack Band feat. Zanai Bhosle - Hil Pori Hila (Stomp Mix)
Country - India


ဗြိတိသျှ အဆိုတော်နှစ်ဦး ဖြစ်တဲ့ Bright Light Bright Light နဲ့ Elton John တို့ ပူးတွဲသီဆိုထားတဲ့ သီချင်း...
Bright Light Bright Light feat. Elton John - All In The Name
Country - UK


အမေရိကန် A Great Big World အဖွဲ့ရဲ့ နောက်ဆုံးထွက် သီချင်းသစ်...
A Great Big World - Won't Stop Running
Country -USA


အင်္ဂလိပ်အဆိုတော် Shura ရဲ့ ကြည်နူးဖွယ်ရာ ဗီဒီယို... 
Shura - What's It Gonna Be?
Country - UK


သြစတြေးလျ Idol ရဲ့ နောက်ဆုံးအဆင့်ရောက်ခဲ့သူ လိင်တူချစ်သူအဆိုတော် Greg Gould ရဲ့ လူအခွင့်အရေးအတွက် ရိုက်ကူးထားတဲ့ ဗီဒီယို ...
Greg Gould - Run To You
Country - Australia


ရုရှားက ကျားမပြောင်းသူများအပေါ် လူသားချင်းစာနာမှုကို ရိုက်ကူးထားတဲ့ ဗီဒီယို...
CorsA - Hiding in love (Remix)
Country -Russia


ချီလီနိုင်ငံက နာမည်ကျော် လိင်တူချစ်သူ အဆိုတော် Alex Anwandter ရဲ့ သီချင်းသစ်...
Alex Anwandter - Siempre Es Viernes En Mi Corazón
Country - Chile


ဗီယက်နမ်က လိင်ပြောင်း အမျိုးသမီး အဆိုတော် Hương Giangက ထပ်ထုတ်လိုက်တဲ့ သီချင်းအသစ်...
Hương Giang - Mùa Để Yêu Thương
Country - Vietnam


အမေရိကန် အဆိုတော် လူကြိုက်များ ဂေးအဆိုတော် Eli Lieb နဲ့ Steve Grand တို့ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ စုံတွဲသီချင်း...
Eli Lieb & Steve Grand - Look Away
Country - USA


အစရှိတဲ့ သီချင်းကောင်းများ အပါအဝင်

Featured Song of the Month

ဒီတခေါက်အတွက် အကြိုက်ဆုံး သီချင်းအနေနှင့် ထိုင်းဇာတ်လမ်းတွဲ Make it Right รักออกเดิน ရဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ကြည်နူးဖွယ်ရာ လူငယ်အချစ်သီချင်း I Believe True Love Exists เชื่อว่ารักแท้มีจริง စသည်တို့ကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Gun Achi กันอชิ - I Believe True Love Exists เชื่อว่ารักแท้มีจริง
Country - Thailand

1 comments

International LGBT music (2016 March-May)


 မအားလပ်တာမို့  သီချင်းအသစ်တွေရှာဖွေ မတင်ပေးနိုင်တာ အတော်ကြာနေကို တောင်းပန်ပါတယ်။ အခုတစ်ခေါက်တော့ လွန်ခဲ့တဲ့ ၅ လအတွင်း မှာမတင်ဆက်လိုက်ရတဲ့ သီချင်းတွေကို လက်လှမ်းမှီအောင် ပြန်လည်ရေးသား ပေးလိုက်ပါတယ်။

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ မတ်လ ကနေ မေလ အထိ ၃လအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်းကောင်း အသစ်တွေ  နားထောင်ကြည့်ဖို့ စုစည်းပေးလိုက်တာပါ။

ဒီတစ်ခေါက် အတွက်တော့

Favourite Artist  - Troye Sivan (Australia)

အကြိုက်ဆုံး အဆိုတော် အဖြစ် သြစတြေးလျနိုင်ငံကနေလာပြီး တကမ္ဘာလုံးမှာ အရမ်းအောင်မြင် ကျော်ကြားနေတဲ့ လူငယ်အဆိုတော် Troye Sivan...

Troye Sivan - YOUTH


ယူကေ ဂေးအဆိုတော် Olly Alexander ပါဝင်တဲ့ Years & Years အဖွဲ့က အဆိုကျော် Tove Lo နဲ့ အတူတွဲဆိုထားတဲ့ သီချင်...
Years & Years feat. Tove Lo - Desire
Country - UK & Sweden


အမေရိကန် ဂေးအဆိုတော် Steve Grand က သူ့သီချင်းကို ခပ်မြူးမြူး ပြန်တီးထားတဲ့ သီချင်း...
Steve Grand - We Are the Night (Dave Aude Remix)
Country - USA


ကမ္ဘာကျော် ပြင်သစ် အဆိုတော် မီကာ ရဲ့ သီချင်းသစ်...

MIKA - Hurts (Remix)
Country - UK/France


ယူကေ အမျိုးသမီးချင်းချစ်သူ အဆိုတော် Jess Glynne ရဲ့ နောက်ဆုံးထွက်သီချင်း...
Jess Glynne - Ain't Got Far To Go
Country - UK


ကနေဒါ အမျိုးသမီးချင်းချစ်သူ အဆိုတော် Ria Mae ရဲ့ သီချင်းသစ်...
Ria Mae - Gold
Country - Canada


လိင်တူချစ်သူ အဆိုတော် Chad King ပါဝင်တဲ့ အမေရိကန်အဖွဲ့ A Great Big World ရဲ့ သီချင်းအသစ်...

A Great Big World - Oasis
Country - USA


အမေရိကန် Idol ရဲ့ နောက်ဆုံးအဆင့်ရောက်ခဲ့သူ လိင်တူချစ်သူအဆိုတော်ရဲ့ ပွဲဦးထွက်သီချင်း...

Rayvon Owen - Can't Fight It
Country - USA


ကမ္ဘာကျော် အသဲစွဲ အဆိုတော် Ricky Martin ရဲ့ စပိန်လို သီချင်းအသစ်...
Ricky Martin - Perdóname
Country - Puerto Rico


ကျွန်တော်တို့ရဲ့ အသည်းစွဲ Westlife အဖွဲ့သား ဂေးအဆိုတော် Markus Feehily က အသစ်ထပ်ထုတ်လိုက်တဲ့သီချင်း...
Markus Feehily - Sanctuary
Country - Ireland


နီပေါနိုင်ငံက လိင်တူချစ်သူတွေ အကောင်းမြင်လာအောင် ကျိုးပန်းဖန်းတီးထားတဲ့ နီပေါရဲ့ ပထမဆုံးသော လိင်တူချစ်သူ ယောက်ျား တွေပါဝင်တဲ့ သီချင်း အေးအေးငြိမ့်ငြိမ်းလေး...
Samir Limbu - Timile Ta Sajilai
Country - Nepal


အဆိုတော်က လိင်တူချစ်သူမဟုတ်ပေမဲ့ လိင်တူချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းနဲ့ ရိုက်ကူးထားတဲ့ ကမ္ဘောဒီးယားမှ ပထမဆုံးသီချင်းဗီဒီယို...
បែកមួយជាតិ Bek Mouy Cheat - Takmaតាក់ម៉ា
Country - Cambodia


အင်တာနက် တရုတ်ဇာတ်လမ်းတွဲ Addicted ရဲ့ အဖွင့်သီချင်း...
Just You and Me 《海若有因》上瘾网路剧主题曲
Country - China


နယူးယောက်က အမျိုးသမီးချင်းချစ်သူ အဆိုတော် Sizzy Rocket ရဲ့ သီချင်း...
Sizzy Rocket - Need Somebody
Country - USA



အစရှိတဲ့ သီချင်းကောင်းများ အပါအဝင်

Featured Song of the Month

ဒီတခေါက်အတွက် အကြိုက်ဆုံး သီချင်းအနေနှင့် အိန္ဒိယက ပရိတ်သတ်၏ လေးစားမှုရရှိနေပြီး အောင်မြင်နေတဲ့ ကျားမပြောင်းအနုပညာရှင် ၆ယောက်ပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့  Youtube နားထောင်သူ ၃ သန်းကျော်ရရှိပြီးပြီ ဖြစ်တဲ့ Sab Rab De Bande သီချင်းကောင်း စသည်တို့ကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။


6 Pack Band feat. Sonu Nigam - Sab Rab De Bande
Country - India

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ