Search

Content

0 comments

International LGBT music (2015 October)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ လိင်တူချစ်သူ ဂီတဝါသနာရှင်တို့အတွက် ၂၀၁၅ အောက်တိုဘာလအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူအဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။



ဒီလမှာတော့ ဗြိတိလျှ အဆိုကျော် Sam Smith သီဆိုထားတဲ့ James Bond ရုပ်ရှင် Spectre ရဲ့ ဇာတ်ဝင် သီချင်း၊ အစ္စရေးဆိုတော် Harel Skaat ၏ နောက်ဆုံးထွက် သီချင်း နှင့် လူငယ်အဆိုတော် Troye Sivan ရဲ့ သီချင်း အသစ် ၂ ပုဒ်တို့ အပါအဝင် စုစုပေါင်းသီချင်း ၁၂ ပုဒ်ကို စုဆောင်းထားပါတယ်။

Hương Giang Idol ft. Kimmese - Ai Đẹp Nhất Đêm Nay?

ပထမဦးဆုံး အနေနှင့်ကတော့ ဗီယက်နမ်နိုင်ငံမှ နာမည်ကြီး ကျားမ ပြောင်းအဆိုတော် Hương Giang Idol ရဲ့ ခပ်လန်းလန်း သီဆိုထားတဲ့ ဗီယက်နမ် သီချင်းအသစ်ပါ။



NERVO feat. Kylie Minogue, Jake Shears & Nile Rodgers - The Other Boys

အမေရိကန် Scissor Sisters အဖွဲ့ ရဲ့ ခေါင်းဆောင် အဆိုတော် လိင်တူချစ်သူ Jake Shears ဟာ သြစတြေးလျ အဖွဲ့ NERVO နှင့် Kylie Minogue တို့နှင့်အတူ သီဆိုထားတဲ့ The Other Boys ဆိုတဲ့ အကသီချင်းဟာ electronic dance music ကြိုက်တတ်တဲ့ သူတွေ အတွက် လတ်တလောမှာ အလန်းသီချင်း တစ်ပုဒ်ပါ။



Wisin ft. Ricky Martin - Que Se Sienta El Deseo

ကမ္ဘာကျော် Ricky Martin ကတော့ မက္ကဆီကို rapper Wisin သီချင်းမှာ စပိန်လို ကူညီပါဝင် သီဆို ထားပြန်ပါတယ်။



Adam Lambert - Another Lonely Night

Adam Lambert ကတော့ သူ့ရဲ့ အောင်မြင်တဲ့ Ghost Town သီချင်းပြီး နောက်ထပ်တစ်ပုဒ် ထုတ် လိုက်ပြန်ပါပြီ။



Years & Years - Eyes Shut

UK အဖွဲ့  Years & Years ၏ နောက်ထပ်ထွက်လာတဲ့ သီချင်း Eyes Shut တော့ ငြိမ့်ငြိမ့်လေးပါ။ Eyes Shut ဟာ သူတို့ရဲ့ အောင်မြင်တဲ့ Communium အခွေထဲက ၆ ပုဒ်မြောက် ဗီဒီယို ရိုက်ကူးထားတဲ့ သီချင်းပါ။



MIKA - Staring At The Sun 

ပြင်သစ် အင်္ဂလိပ် အဆိုတော်ရဲ့ Staring At The Sun ဗီဒီယိုကလည်း နားထောင်လို့ကောင်းပါတယ်။



Harel Skaat - Hollow

အစ္စရေးနိုင်ငံမှာ အလွန်ကျော်ကြားတဲ့ ပါရမီရှင် အဆိုတော် လိင်တူချစ်သူလည်းဖြစ်သူ Harel Skaat ဟာ သူရဲ့ နောက်ဆုံ ဖန်တီးမှုကို အင်္ဂလိပ်လို သီဆိုထားပါတယ်။ အေးအေးလေးနဲ့ နားထောင်လို့ ကောင်းပါတယ်။



Nasrin Kadri - Second Round

အစ္စရေး အဆိုတော် နောက်တစ်ဦးဖြစ်တဲ့ Nasrin Kadri ကတော့ လိင်တူချစ်သူတစ်ဦး မဟုတ်ပေမဲ့ သူ့ရဲ့ ဗီဒီယို အသစ်မှာ လိင်တူချစ်သူများ လက်ထပ်ရေးနဲ့ ပက်သက်ပြီး ရိုက်ကူးထားပါတယ်။ သီချင်းထဲမှာ သားဖြစ်သူက လိင်တူချစ်သူဖြစ်တာကို လက်ခံပေးတဲ့ အကြောင်းကို ပြထားပါတယ်။



Trevor Moran - I Wanna Fly 

အမေရိကန် ဆယ်ကျော်သက် အဆိုတော် Trevor Moranက သူ ဂေးဖြစ်ကြောင်း ပြောပြီးနောက် အသစ်ထုတ်လိုက်တဲ့ သီချင်းဖြစ်ပါတယ်။



Troye Sivan

သြစတြေးလျှ လူငယ် Youtube ကြယ်ပွင့် Troye Sivan ဟာ သူ့ရောက် နောက်ဆက်တွဲသီချင်း ၂ ပုဒ်မှာ သူ့ရဲ့ လူငယ် အချစ်ဇာတ်လမ်းလေးကို ဆက်လက်ရိုက်ကူးထားသလို သီချင်းတွေကလဲ လူကြိုက်များပါတယ်။
FOOLS



TALK ME DOWN



Sam Smith - Writing's On The Wall

နောက်ဆုံအနေနှင့်  လူတိုင်းအသဲစွဲ အသံရှင် လိင်တူချစ်သူ ဗြိတိသျှ အဆိုကျော် Sam Smith ရဲ့ James Bond ဇာတ်ဝင်သီချင်းဟာ UK မှာ အရောင်းရဆုံး နေရာ နံပါတ် ၁ ကို ရရှိပြီးသွားပြီ ဖြစ်ပါတယ်။


0 comments

လိင်မှုကိစ္စနှင့် ပက်သက်သော သဘာဝ ဟော်မုန်းများ

လူသားတွေရဲ့ ခန္ဓာမှာ လိင်တူချစ်သူပဲ ဖြစ်ဖြစ် လိင်ကွဲချစ်သူပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ တူညီတဲ့ ဇီဝ ဖြစ်တည်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲဖြစ်ဖြစ် အခြားလူသားတစ်ဦးနှင့် ချစ်တင်းနှီးနှောတဲ့ အခါမှာ ထုတ်လွှတ်တဲ့ ဟော်မုန်းများဟာ အတူတူပင် ဖြစ်ပါတယ်။ ယင်းဟော်မုန်းတွေဟာ လူ့ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများကို ပေးပါတယ်။ လူ့ခန္ဓာကိုယ်ကနေ လိင်ဆက်ဆံခြင်းနှင့် ပက်သက်တဲ့ အခါ ထုတ်လွတ်ပေးတဲ့ ဟော်မုန်း ၆ မျိုးရှိပါတယ်။ ယင်းတို့ဟာ လိင်ဆက်ဆံမှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးတာကြောင့် သူတို့ မမျှတတော့ရင် ဘာလုပ်ရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။

၁) Testosterone တက်စတိုစတီရုန်း
တက်စတိုစတီရုန်းကို ကျားမ အကုန်လုံးမှာ ထုတ်လွှတ်ပေမဲ့ ယောက်ျားတွေမှာ အများကြီး ထုတ်လွှတ်တဲ့ အတွက် သူ့ကို ကျားဟော်မှန်းလို့လည်း ခေါ်ပါတယ်။ ကြွက်သား အစိုင်အခဲတည်ဆောက်မှုကို အားပေးပြီး ဦးနှောက်ရဲ့ တည်ဆောက်ပုံကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးတဲ့အတွက် လိင်ဆက်ဆံခြင်းအား တမ်းတစေတဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သင်တစ်ချိန်လုံး ဟိုအတွေးတွေပဲ ခေါင်းထဲမှာ ပေါ်နေရင် တက်စတိုစတီရုန်းကိုပဲ အပြစ်တင်ရမလိုပါပဲ။


အကယ်၍ သင် လိင်စိတ်ကုန်ဆုံးနေပြီး သင့်မှာ တက်စတိုစတီရုန်း လျော့နည်း နေတယ်လို့ စိတ်ပူနေရင် သူ့ကို ရအောင် လေ့ကျင့်ခန်းလုပ်၊ ခန္ဓာအလေးချိန်ကျအောင်ပြုလုပ်ပြီး အိပ်ရေးဝအောင်အိပ်ပါ။ ချက်ချင်းတော့ ပြန်မတက်လာနိုင်ပေမဲ့ ပုံမှန်ပြုလုပ်သွားရင် ပြန်ကောင်းလာမှာပါ။

၂) Dopamine ဒိုပါမင်း
ဒိုပါမင်း ကတော့ အာရုံ အရသာ ခံစားမှုနှင့် ပက်သက်သော ဟောမုန်းဖြစ်ပါတယ်။ အစားအစာ၊ မူးယစ်ဆေး နှင့် လိင်ဆက်ဆံမှုတွေက ခံစားမှုကောင်းတာဟာ ယင်းကြောင့်ပဲ ဖြစ်ပါတယ်။ ယင်းဟာ ကျွန်တော်တို့ ဘာကိုပဲ အရသာခံခံ ခံစားမှု ကောင်းအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒိုပါမင်း ရဲ့ ကျေးကျွန်တွေလိုပါပဲ။

ဒါပေမဲ့ ဒိုပါမင်း က သိပ်ကောင်းလွန်းတာကြောင့် လိုချင်တမ်းတတာ များလာတဲ့ အခါ တခါတလေ ကျွန်တော်တို့ကို ဖျက်ဆီးရာ ရောက်နိုင်ပါတယ်။ တန်ဆေး လွန်ဘေး မဟုတ်လား။ ဒိုပါမင်းဟာ မဖြတ်နိုင်ပဲ စွဲနေမှုကို ဖြစ်စေတာမို့ ဖြတ်မရရင် အကူအညီယူပြီး ကုစားသင့်ပါတယ်။



၃) Serotonin စီရိုတိုနင်
လိင်ဆက်ဆံပြီး အထိတ်အထိပ် ရောက်တဲ့အခါမှာ ခန္ဓာကိုယ်က စီရိုတိုနင်ကို ထုတ်လွှတ်လိုက်ပါတယ်။ သူကတော့လိင်စိတ် ပိုတက်ကြွလာအောင် ပြုလုပ်ပေးတာတော့ မဟုတ်ပဲ လိင်စိတ်ကို ခဏ အနားပေးလိုက်သလို ပါပဲ။ ယောက်ျားတွေမှာ အထိတ်အထိပ်ရောက်ပြီးပြီးချင်း အင်္ဂါတောင့်တင်းမှုကို ခဏ တာဆီးထားတာလဲဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ လိင်ဆက်ဆံပြီးပြီးချင်းရရှိတဲ့ ပီတိစိတ်၊ တည်ငြိမ်မှု နှင့် စိတ်ရွင်လန်းမှုတို့ကို ရရှိအောင်ပြုလုပ်ပေးတာပါ။ သူဟာ အခြားလူသားတစ်ဦးနှင့် လက်တွဲရာမှနေ စိတ်ခံစား ပျော်ရွင်မှုတွေကို ပြုလုပ်ပေးပါတယ်။

ဒါပေမဲ့ စီရိုတိုနင်ကို မထုတ်တော့တဲ့အခါ စိတ်ဓာတ်ကျမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ချစ်သူနှင့် လမ်းကွဲတဲ့အခါ ဝမ်းနည်း၊ စိတ်ဆိုး အစရှိတဲ့ အသဲကွဲတဲ့ ခံစားမှုတွေကို ခံစားနေရတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချစ်သူနဲ့ အတူရှိနေစဥ်က စီရိုတိုနင်တွေ ပုံမုန်ထုတ်နေပြီးတော့ ကွဲသွားတဲ့ အခါ ဆက်မထုတ်တော့တာကို ခန္ဓာကိုယ်က အကျင့်မရသေးလို့ပါ။ အဲ့ဒါဆို သင် အသည်းကွဲပြီး ဝမ်းနည်းနေရင် တခြား သဘာဝအလျှောက် စီရိုတိုနင်ကို ရနိုင်တဲ့ နည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပါ၊ နေရောင်ခြည်ရရှိလုပ်ပါ၊ tryptophan များတဲ့ အစားအစာ (ဥပမာ အစေ့အစံ၊ ပဲနို့၊ ချိစ်၊ နှင့် အသားများ) ကို စားသုံးပါ။ ဒါဆို စီရိုတိုနင်ကို ပြန်မြှင့်တင်နိုင်မှာပါ။

၄) Oxytocin အောက်စီတိုစင်
အောက်စီတိုစင် ဆိုတဲ့ ဟော်မုန်းကတော့ လူသားချင်း ဆက်နွယ်မှု၊ အချစ် မေတ္တာနှင့် စာရိတ္တတို့ဖြင့် ပက်သက်သော ဇီဝ ဓာတုတစ်မျိုးပါ။ သူ့ကို အခြားလူတစ်နှင့် လွန်စွာရင်းနှီး ထိတွေ့တဲ့ အခါ (ဥပမာ ပြုစုတဲ့အခါ၊ ပွေ့ဖက်တဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါ) ထွက်လာတဲ့ ဟော်မုန်းပါ။ ယင်းဟာ စိတ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး သင့်ကို ကိုယ်ချင်းစာတတ်သူ၊ ဂရုစိုက်တတ်သူ နှင့် ကျင်နာတတ်သူတစ်ဦးဖြစ်အောင် ပြုလုပ်ပေးပါတယ်။

ဒါ့ကြောင့် သင်နဲ့ လက်တွဲ နေသူနှင့် ချစ်မိသွားတာ ဖြစ်နိုင်ပါတယ်။


၅) Vasopressin ဗက်ဆိုပရက်စင်
ဗက်ဆိုပရက်စင် ကတော့ တစ်လင်တစ်မယား မော်လီကြူးလို့လည်း ခေါ်ပါတယ်။ ယင်းဟာ လိင်ဟော်မုန်းတစ်မျိုးဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းနှင့် ရေရှည်လက်တွဲမှုကို ဖြစ်စေတဲ့ ဟော်မုန်းပါ။ တကယ်တော့ ဗက်ဆိုပရက်စင် အလုံအလောက်မထုတ်တဲ့ ယောက်ျား နှင့် မိန်းမတွေဟာ လူတွေနဲ့ လက်တွဲပေါင်းသင်းဖို့အတွက် သူ့တို့ စိတ်ဝင်စားမှု နှင့် အားရကျေနပ်မှု မရှိပါဘူး။
အဲ့ဒါကြောင့် သင်လိင်ဆက်ဆံနေတဲ့သူနဲ့ သင်က အလွန့်အလွန် ချစ်မိနေပြီး သူက သင့်ကို ရေရှည်လက်တွဲဖို့ စိတ်မဝင်စားဘူး ဆိုရင်၊ သင့်မှာတော့ ဘာပြဿနာမှ မရှိပါဘူး။ သူ့မှာ ဗက်ဆိုပရက်စင်နဲ့ ပက်သက်တဲ့ ဗီဇကြောင့် ဖြစ်နိုင်ပါတယ်။

၆) Estrogen အက်စရိုဂျင်
ပုံမုန်ဆိုလျှင် အက်စရိုဂျင်ဟာ မိန်းမဟော်မုန်းလို့ အသိများကြပါတယ်။ ယင်းဟာ အမျိုးသမီးတွေမှာ မခန္ဓာလက္ခဏာတွေ ဖွံဖြိုးလာအောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ သုတေသန အသစ်တွေမှာ သိပ္ပံပညာရှင်တွေက အက်စရိုဂျင်ဟာလည်း လိင်စိတ်ဖြစ်ပေါ်နှင့် အရေးပါသော ဟော်မုန်းတစ်ခုလို့ တွေ့ရှိလာပါတယ်။ လိင်စိတ်နည်းပါးတဲ့ ယောက်ျားတွေကို အရင်တုန်းက တက်စတိုစတီရုန်း တစ်ခုတည်းကို ထိုးပေးရာမှာ သိပ်ထိရောက်မှ မရှိလှပါဘူး။ ဒါပေမဲ့ အက်စရိုဂျင်ကိုပါ မုန်ကန်တဲ့ အချိုးအစ နှင့် ပေါင်းထိုးပေးရင်တော့ ပိုထိရောက်တာကို တွေ့ရှိရပါတယ်။

ကဲ... ကျန်းမာ ပျော်ရွင်ပြီး လက်တွဲဖော်နှင့် ဘဝ သက်ဆုံး ပေါင်းသင်းနိုင်ပါစေ။

0 comments

အရှေ့ အာရှမှ လိင်တူချစ်သူ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲ ဓာတ်ပုံများ

Pride Parade အတိုကောက် Pride လို့ခေါ်တဲ့ လိင်တူချစ်သူတွေရဲ့ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲတွေဟာ အမေရိကန်မှာ စခဲ့တာပါ။ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုများကို တောင်းဆိုရန် ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်တုန်းက နယူးယော့က လိင်တူချစ်သူတွေရှိတဲ့ ရပ်ကွက်မှာ စတုန်းဝေါဆိုတဲ့ တည်းခိုခန်းကို ရဲတွေက ဝင်စီးပြီး နောက်ပိုင်းမှာ လိင်တူချစ်သူ အသိုင်းအဝန်းက မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဂုဏ်ယူကြောင်း စီတန်းလှည့်လည်ကာ ဆင်နွဲခဲ့ကြရာက နေစတင်ခဲ့ပါတယ်။ ယနေ့မှာတော့ အနောက်တိုင်းနိုင်ငံတွေမှာ ဇွန်လဝန်းကျင်ဆိုရင် ချိမ့်ချိမ့်သဲသဲ ကျင်းပလေ့ရှိပါတယ်။

ကျွန်တော်တို့ အာရှတိုက်မှာလည်း လူ့အဖွဲ့အစည်းက အမြင်စောင်းမှုများ အစိုးရများက ဖိနှိပ် ချုပ်ချယ်မှုများအကြားမှ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသူများက ဦးဆောင်ကာ အကြီးအကျယ်မဟုတ်သော်လည်း ကျင်းပပြုလုပ်လျှက်ရှိ ပါတယ်။ အဲ့ဒီ အထဲကမှ ဥပမာအနေနှင့် နီပေါ၊ အိန္ဒိယ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေမှ ပြုလုပ်ပြီးသွားတဲ့ လှည့်လည်ပွဲအချို့ရဲ့ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ရပါတယ်။

နီပေါ
နီပေါနိုင်ငံမှာ ၂၀၁၅ လတ်တလောကမှာ ပြုလုပ်သွားတဲ့ လိင်တူချစ်သူ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲ အပါအဝင် နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ Prideတွေရဲ့ ရောင်စုံ ဝေဆာနေတဲ့ ပုံရိပ်များပါ။













ဟောင်ကောင်
ဟောင်ကောင်မှာလဲ စီတန်းလှည့်လည်ပွဲကို ကျင်းပနေတာ ၅ နှစ်ရှိခဲ့ပါပြီ။







ထိုင်ဝမ်
ထိုင်ဝမ်နိုင်ငံ၏ မြို့တော် တိုင်ပေမှာလည်း ၂၀၀၃ ခုနှစ်ကတည်း ကျင်းပလာခဲ့တာ ၉ နှစ်ရှိခဲ့ပါပြီ။










ဖိလစ်ပိုင်
မနီလာမှ ပုံရိပ်အချို့ပါ။





အိန္ဒိယ 
အိန္ဒိယ နယူဒေလီနှင့် မွန်ဘိုင်းတို့မှာလည်း စီတန်းလှည့်လည်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။







ဗီယက်နမ်
အရှေ့တောင်အာရှမှာတော့ ဗီယက်နမ်က အကြီးစားမဟုတ်ပေမဲ့ ပထမဆုံးနိုင်ငံအဖြစ် စတင်ပြုလုပ်နိုင်ခဲ့ပါပြီ။






0 comments

လိင်တူချစ်သူများကို ရည်ရွယ်သော ကြော်ငြာများ

အခြားနိုင်ငံတွေမှာ Creative Advertising လို့ ခေါ်တဲ့ ဆန်းသစ်သော ကြော်ငြာ ပြုလုပ်တဲ့ လုပ်ငန်းတွေက သူတို့ ဝန်ဆောင်မှုပေးတဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့ အခါမှာ လိင်တူချစ်သူ စားသုံးတွေ အတွက်လည်း ရည်ရွယ်တဲ့ အနေနှင့် ကြော်ငြာလေ့ရှိပါတယ်။ တခြားနိုင်ငံတွေမှာ ရှိတဲ့ အကျိုးအမြတ်ရှာတဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို သုံးစွဲတဲ့သူတွေအထဲမှာ လိင်တူချစ်သူ လူဦးရည်လည်း အတော်အတန် ပါတယ်ဆိုတာကို သိတဲ့အလျှောက် လိင်တူချစ်သူတွေကို အာရုံစိုက်တဲ့ ကြော်ငြာတွေ ပြုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ စျေးကွက် ရောင်းအားကို ကောင်းမွန်အောင် ပြုလုပ်တဲ့ နည်းဗျူဟာတစ်ခု အနေနှင့် သုံးပါတယ်။ အဲ့ဒီအပြင် သူတို့ရဲ့ ရုံး နှင့် အလုပ်ခွင်တွေမှာလည်း လိင်တူချစ်သူ ဝန်ထမ်းတွေကို တန်းတူ ဆက်ဆံတဲ့ ခံစားမှုမျိုးကို ရရှိစေနိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်းတည်းပေးခြင်းအားဖြင့် ကုမ္ပဏီရဲ့ ဂုဏ်နှင့် နာမည်ကို မြှင့်တင်ကြပါတယ်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုကို အရည်အသွေး တိုးတက်လာအောင် ပြုလုပ်နိုင်ကြတာဖြစ်ပါတယ်။ ဒီလိုမျိုး တန်းတူအခွင့်အရေးပေးတယ်ဆိုတဲ့ တိုးတက်နိုင်ငံတွေပြုလုပ်တဲ့ အမူအကြင့်တစ်ခုပါပဲ။

ဗဟုသုတ အနေနှင့် အဲ့လို ကြော်ငြာတွေအများကြီးထဲက ဆန်းတဲ့ ကြော်ငြာအချို့အား အပျင်းပြေကြည့်ရန် ဓာတ်ပုံအချို့ကို ရွေးချယ်ပေးလိုက်ပါတယ်။



















Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ