အင်တာနက်သုံးပြီး ချစ်သူရှာဖို့ ရည်ရွယ်နေပါသလား။ ကျွန်တော်တို့ ဂေးတွေ အများသုံးကြတဲ့ phone က app တွေ ဖြစ်တဲ့ jack'd တို့ grindr သုံးပြီး ချစ်သူရှာမလား၊ ဒါမှမဟုတ် dating website တွေမှာ account ဖွင့်မလား၊ မဟုတ်ရင် facebook ကနေပဲ ရှာမလား။ ဒါပေမဲ့ ပထမဆုံးခြေလှမ်းက profile ကောင်းကောင်းလေးဖွင့်ပြီး ကိုယ့်ကို စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်မလဲ။ ကိုယ့် profileမှာ ဘယ်လိုပုံ သုံးမလဲ။ ကဲဒီနည်းလမ်းလေးတွေ စမ်းကြည့်လိုက်ပေါ့။
ကိုယ့်ကိုကိုယ် ကိုယ်မဟုတ်ဘူးလို့ ယူဆလိုက်ပါ။ ကိုယ့်ပုံကိုပြန်ကြည့်ပြီး ကျွန်တော်ဆိုရင် ဒီပုံထဲက ကောင်လေးနဲ့ တွဲမလားဆိုပြီး ပြန်စဉ်းစားကြည့်ပါ။ သင့်ရဲ့ ဓာတ်ပုံက ဒီအချက်နှစ်ချက်တော့ပြောပြနေပါစေ - “ကျွန်တော့် တကယ့်ပုံပါ” ပြီးတော့ “ကျွန်တော့်မှာ ပင်ကိုယ်စရိုက်ရှိပါတယ်။”
သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ ပုံကတော့ တင်ချင်စရာပါ။ အင်းပြောရမယ်ဆို သင့်မှာ အခြွေအရံ အပေါင်းအသင်းများပြီး ဆက်ဆံရေးကောင်းတယ်ဆိုတာ ပြတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ တခြားချောတဲ့ ကောင်လေးတွေ သင့်ကို ဝန်းရံထားတော့ သင့်ကို စကားလာ ပြောချင်တဲ့ လူက ဘယ်လိုလာ ချဉ်းကပ်ရဲရမလဲ။ ပြီးတော့ သင်က ဘယ်တစ်ယောက်လဲဆိုတာ ဘယ်လိုသိမလဲ။ တော်ကြာ ကိုယ့်ကို မကြိုက်ပဲ သင့်သူငယ်ချင်းကို မျက်စိကျသွားရင် ဒုက္ခ။
၁။ ကိုယ့်မျက်နှာ အကောင်းဆုံးပေါ်တဲ့ ပုံကို သုံးပါ။
ဓာတ်ပုံ အနည်းဆုံး လေးပုံနှင့် အထက်ရှိတဲ့ သူတွေက online မှာ ချစ်သူရှာရတဲ့ အတွေ့အကြုံကောင်းကောင်း ရတယ်လို့ ပြောကြပါတယ်။ အဲ့ဒီအထဲမှာ အဓိကဓာတ်ပုံကိုတော့ သင့်မျက်နှာကို မနီးမဝေး (medium shot) က ရိုက်ထားတဲ့ ပုံကို သုံးပါ (close-up လိုသိပ်မကပ်စေပါနှင့်)။ ကိုယ့်မျက်နှာရဲ့ ဘယ်ဘက်အခြမ်းကို ပေါ်လွင်တဲ့ပုံက ပိုကောင်းပါတယ် လို့ပြောပါတယ်။
၂။ သင့် သူငယ်ချင်းတွေ ပုံထဲက ဖယ်ထားပါ။
၃။ selfie သုံးရင်ကောင်းမလား
ဥပမာ သင့် profile မှာ ပုံ ၄ ပုံရှိတယ်ဆိုပါဆို့။ အနည်းဆုံး ၂ ပုံလောက်ကတော့ selfie ပုံ မဖြစ်သင့်ပါဘူး။ ကိုယ့် ဓာတ်ပုံတွေက ကိုယ့် ဘဝကို တကယ်ပြတဲ့ ပုံတွေဖြစ်သင့်ပါတယ်။ ခရီးသွားရတာ ကြိုက်လား၊ ဒါဆို နောက်တစ်ခေါက် လမ်းရောက်ရင် ကိုယ့်သူငယ်ချင်းကို ဓာတ်ပုံတစ်ပုံလောက်တော့ ရိုက်ခိုင်း။ ပင်လယ်ကမ်းခြေမှာ ရေကူးဝတ်ဆုံနဲ့ ဓာတ်ပုံက သင့်အိမ်ကရေချိုးခန်းထဲက အတွင်းခံ ဘောင်းဘီ နဲ့ပုံထက်တော့ သာပါတယ်။
၄။ ကိုယ်မကြိုက်တဲ့ အရာတွေကို ပြောမယ့်အစား ကြိုက်တဲ့ အရာတွေကို ပြောပါ။
“ကျွန်တော်သည် အားကစားလုပ်ရတာကြိုက်ပြီး ကျန်မာရေးလိုက်စားတဲ့သူကို သဘောကျတယ်” လို့ပြောခြင်းက “ဝတဲ့သူကို မကြိုက်”လို့ ပြောတာထက်အများကြီးသာပါတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ်လိုချင်တာပြောတာက တခြား ကိုယ့်profileလာကြည့်တဲ့သူတွေကို ထိခိုက်ရာမရောက်ပါဘူး။ အထူးသဖြင့် "နွဲ့တဲ့သူမကြိုက်"တို့ "ဟိုလူမျိုးဒီလူမျိုးအလိုမရှိ"လို့ ရေုးခြင်းက ကိုယ့်ကိုကိုယ် စိတ်ထားသေးသိမ်တဲ့လူလို့ ပေါ်လွင်စေပါတယ်။ ဘယ်သူမှ သဘောမကောင်းတဲ့ လူနှင့် ချိ်န်းမတွေ့ချင်ပါဘူး။
၅။ လူတိုင်းပြောတဲ့ အပြောတွေရှောင်ပါ။
ဥပမာ သီချင်းကြိုက်တယ်၊ ရုပ်ရှင်ကြိုက်တယ်လို့ရေးရင် စိတ်ဝင်စားဖို့ကောင်းမလား။ အဲ့ဒါတွေ ဘယ်သူကေကော် မကြိုက်လို့လဲ။ အဲ့လိုမဟုတ်ပဲ ကျွန်တော်က Minions ရုပ်ရှင်ကို အရမ်းကြိုက်တယ်၊ ခေတ်ဟောင်းအဆိုတော်တွေကို အများကြီးနားထောင်တယ်လို့ ရေးထားတာကမှ ကိုယ့် profile ကို လာကြည့်သူကို ကိုယ့်အကြောင်း နည်းနည်းပို သိသွားစေတာပေါ့။
အဲ့လိုပါပဲ စပြီးစကားပြောတဲ့ အခါ၊ hi တို့ hello တို့နှင့် စပြောရင် သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းဘူး။ သူ့ရဲ့ profile ကိုသေချာဖတ်ပြီး သူရေးထားတာ တစ်ခုခုနှင့် ပက်သက်တဲ့ စကားတစ်ခုခုနှင့် စပြောရင်တော့ ကိုယ့်ကို သတိထားမိသွား နိုင်ပါတယ်။
ကဲချစ်သူတွေ ရှာတွေ့နိုင်ကြပါစေ။


























