Search

Content

Showing posts with label ခန္ဓာ. Show all posts
Showing posts with label ခန္ဓာ. Show all posts
0 comments

ကျွန်တော်တို့ အမြဲတမ်းသိချင်နေတဲ့ လိင်တူဆက်ဆံခြင်းအကြောင်း

ကျနော်တို့ လူတိုင်းလူတိုင်းဟာ ဘဝမှာ တွေဝေစရာအကြောင်းအရာတွေကို ကြုံရစမြဲပါ။ ဘဝဆိုတာ မသိရင်ရှာဖွေ၊ စမ်းသပ် သို့မဟုတ် လေ့လာရင်းနှင့်မှ တဖြည်းဖြည်း ရင့်ကျက်လာတဲ့ သင်ယူမှုဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့ လိင်တူချစ်သူတွေအဖို့ တခါတရံ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကို မသေချာမရေရာ ဟုတ်လားမဟုတ်လား ဖြစ်နေတာမျိုးရှိတဲ့အခါ အဖြေရှာဖွေဖို့နေရာ ရှာမတွေ့တာဖြစ်တတ်ပါတယ်။ ဘယ်နားကစရမလဲမသိဖြစ်ကြတတ်ပါတယ်။ ရှားပါးတဲ့စာအုပ်တွေလိုက်ရှာဖတ်လိုက်ရ သို့မဟုတ် အင်တာနက်မှာပြေးရှာဖို့ဆိုတာကလည်း လိင်တူချစ်သူတွေအကြောင်းကို မြန်မာလိုရှင်းပြတာမျိုက တော်တော်ရှာရခက်မှာပါ။ မရှိသလောက်လည်း ရှားနေပါသေးတယ်။ အဲ့တော့ ပတ်ဝန်းကျင်က ကိုယ့်ထက်တွေ့အကြုံများတဲ့သူတွေကို မေးရင်မေး၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေစီက ကြားဖူးနားဝတွေနဲ့လေ့လာကြပါတယ်။ အဲ့တော့ ဘဝအကြောင်းအပြင် လိင်ကိစ္စအကြောင်းဆိုရင် ပိုပြီးမေးရမှာခက်၊ ရှာဖွေရမှာလည်းခက်တဲ့ အဖြစ်ပါ။ အဲ့တော့နောက်ဆုံး ကျနော်တို့ အများဆုံးလေ့လာခဲ့တဲ့နေရာကတော့ လိင်ရုပ်ရှင်တွေကပါ။ ဒါပေမယ့် လိင်ရုပ်ရှင်ဆိုတာ ဖန်တီးမှုပါ။ အမြင်အာရုံကို ကြေနပ်အားရဖို့ကို လုပ်ကြံထားတာပါ။ အပြင်တကယ့်ဘဝမှာ အဲ့ဒီအတိုင်းအမြဲတမ်းမဖြစ်ပါဘူး။ ပြီးတော့ အရပ်ထဲမှာ လျှောက်ပြောတတ်ကြတဲ့ အယူမှားတွေကို ယုံကြည်မိမှ ကိုယ့်အတွက် ထိခိုက်စရာဖြစ်နေပါမယ်။

ဒါ့ကြောင့်ကျနော်တို့ လိင်တူချစ်သူများအဖို့ဟာ ဗဟုသုတအမှန်ရဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ ကျောင်းမှာ ဒါတွေကို လေ့လာရဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါ။ အဲ့ဒါကြောင့် လိင်တူဆက်ဆံခြင်းနှင့် ပက်သက်တဲ့ ကျနော်တို့ သိသင့်သိထိုက်တာတွေ၊ အကြံပေးချက်တွေနဲ့ အယူမှားများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

 

အကြံပြုချက်များ

၁ ။ လိင်ဆက်ဆံဖို့အတွက် အန္တရာယ်များတဲ့ အလုပ်တွေမလုပ်ပါနဲ့။

သင်ငယ်ရွယ်တဲ့ အချိန်မှာဆိုရင် လိင်ဆက်ဆံဖို့ဆိုတာ ဘဝရဲ့ အရေးကြီးဆုံးအရာလို့ ထင်တတ်ကြပါတယ်။ တချိန်တည်းမှာပဲ လိင်ဆက်ဆံရဖို့ အခွင့်အလမ်းဟာ ရှားပါးတယ်လို့ ထင်ကြပါတယ်။ အမှန်တော့ လိင်ဆက်ဆံဖို့ဆိုတာ မရှားပါဘူး။ အချိန်တန်တဲ့အခါ မှန်ကန်တဲ့သူနဲ့ သင်ကြိုက်သလောက် လိင်ဆက်ဆံလို့ရပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံဖို့အတွက်တော့ သင့်ကိုယ်သင် အန္တရာယ်များတဲ့အဖြစ်ကို ဘယ်တော့မှ မရောက်စေပါနဲ့။

၂ ။ အလုံခြုံဆုံးလိင်ဆက်ဆံမှုဟာ အကောင်းဆုံးလိင်ဆက်ဆံမှုပါ။

လိင်မှတဆင့်ကူးဆက်တဲ့ရောဂါတွေဟာ အလျှံအပယ်ပါ။ လိင်ဆက်ဆံတယ်ဆိုတာက လူနှစ်ဦး ခန္ဓာကိုယ်ကို အနီးကပ်ဆုံးဖလှယ်ခြင်းဖြစ်တာကြောင့် တစ်ခုမှမတွေ့ဖူးသေးတဲ့သူ (သို့) ကောင်းကောင်းမသိတဲ့သူနဲ့ဆိုရင် သူ့ဆီမှာ ဘာရောဂါရှိလဲ၊ ကိုယ့်ဆီကို အဲ့ရောဂါက ဘယ်လိုကူးဆက်လာမလဲ မသိနိုင်ပါဘူး။ ကွန်ဒုံးသုံးပြီး ဘေးကင်းစွာပြုမူမှသာ ကိုယ့်အတွက် လုံခြုံအောင်ကာကွယ်နိုင်ပါမယ်။ လိင်ပညာပေးတွေဟာ ကျွန်တော်တို့ကို ရောဂါကူးစက်ပုံအကြောင်းတွေကို အထိကထားပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒုံးသုံးခြင်းမသုံးခြင်းက ကျွန်တော်တို့၏ စိတ်အနေအထားပေါ်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ပြောပြလေ့မရှိပါဘူး။ ကျွန်တော်တို့ဟာ အထူးသဖြင့် ကွန်ဒုံးမသုံးပဲ ဆက်ဆံတဲ့အခါ ကိုယ့်ကို HIV နဲ့ အခြား လိင်မှတဆင့်ကူးဆက်တဲ့ရောဂါ တွေ ဘယ်လိုဝင်လာမလဲဆိုတာကို ပူပန်နေရပါမယ်။ အဲ့လို ပူပန်ပြီး လိင်ဆက်ဆံရတာ မတန်ပါဘူး။ လိင်ဆက်ဆံနေတုန်း ကြောက်စိတ်ပူပန်စိတ်တွေဖြစ်နေတာမျိုး မလိုချင်ပါဘူး။ ဒါကြောင့် လုံခြုံအောင်လုပ်ပြီး စိတ်ချလက်ချ လိင်ဆက်ဆံရတာကသာ ပျော်စရာအကောင်းဆုံးပါ။

၃ ။ လိင်ဆက်ဆံချိန် ချောဆီထည့်ဖို့ မနှမြောပါနဲ့။

လိင်ဆက်ဆံချိန်မှာ ချောမွေ့မှုမရှိရင် နာကျင်ပြီး ပွန်းကာ ခန္ဓာကိုယ်ထိခိုက်နိုင်ပါတယ်။ ချောဆီဘယ်တော့မှများတယ်ဆိုတာမရှိပါဘူး။ ကိုယ့်အတွက် အကိုက်ဆုံးဖြစ်မယ့် ချောဆီ(lube)ကို တစ်ခုပြီးတစ်ခု စမ်းသပ်ပါ။ ပြီးလျှင်အဲ့တစ်ခုကို ကိုယ့်အတွက် ဖူဖူလုံလုံဝယ်ထားပါ။

၄ ။ ကွန်ဒုံးဝယ်ဖို့ မနှမြောပါနဲ့။

ကိုယ်မသိတဲ့သူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ့်ရဲ့ အသက်ကာကွယ်ပေးတဲ့အရာတစ်ခု လိုပါပဲ။ တချို့ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အဖွဲ့အစည်းတွေက ကွန်ဒုံးအလကားပေးတာတွေ ရှိပါတယ်။ တကယ်လို့ သင်ပိုက်ဆံတတ်နိုင်ဆိုရင်တော့ ကိုယ့်အတွက်အကိုက်ဆုံးဖြစ်မယ့် ကွန်ဒုံးကောာင်းကောင်း ဝယ်သုံးသင့်ပါတယ်။

၅။ ဆီးကျိတ်ဟာ ယောက်ျားချင်းလိင်တူဆက်ဆံခြင်းရဲ့ အဓိကသော့ချက်ပါ။ 

ယောက်ျားတွေမှာရှိတဲ့ သုတ်ရည်ထုတ်လုပ်ပေးတဲ့ ဆီးကျိတ်အကြောင်းကို လေ့လာသိထားသင့်ပါတယ်။ စအိုအတွင်း ၃ လက်မလောက်မှာရှိတဲ့ ဇီးစေ့အရွယ်ဆီးကျိတ်ကို ပွတ်တိုက်နှိပ်နှုယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုံဆော်မှုဟာ သုခကို ဖြစ်ပေါ်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ သင့်အတွက် ဘယ်လိုမျိုး အနေအထားမျိုးက ဆီးကျိတ်ကိုအကောင်းဆုံးလှုံ့ဆော်မှုဖြစ်စေသလဲဆိုတာကို စမ်းသပ်ရမှာပဲဖြစ်ပါတယ်။

၆ ။ လိင်ဆက်ဆံရာတွင် သန့်ရှင်းရေးလုပ်ဖို့ အဝတ်၊ တံပတ် (သို့) စက္ကူချော အမြဲဆောင်ထားပါ။ 

ရုတ်တရက် ရှုပ်ပွသွားလို့ ဖတ်ခနဲ ရှင်းစရာတစ်တစ်ခု ရှာမတွေ့တာက စိတ်ရှုပ်စရာကြီးပါ။ အကယ်၍ ဘေးနားမှာ တံပတ်ဖြစ်ဖြစ် အသင့်ရှိနေရင် ပိုနေတဲ့ ချောဆီတွေပဲ့ဖြစ်ဖြစ် ဘာတွေထွက်လာတာပဲ့ဖြစ်ဖြစ် မြန်မြန် သန့်ရှင်းအောင်လုပ်လိုက်လို့ရပါတယ်။ အဲ့တော့ ဆက်ပြီးသန့်သန့်ရှင်းရှင်းလိင်ဆက်ဆံလို့ရပါတယ်။

 ၇ ။ လက်သည်းညှပ်ပါ။

သင့်လက်ချောင်းတွေကို ကိုယ့်ခန္ဓာထဲပဲဖြစ်ဖြစ် သူများခန္ဓာကိုယ်ထဲပဲဖြစ်ဖြစ် မထည့်ခင် လက်သည်းတွေကို တိုနိုင်သမျှတိုအောင်ညှပ်ထားပါ။ လက်သည်းများမှ ခန္ဓာကိုယ်တွင်း နူးညံ့သောအသားများကို ပွန်းပဲ့မှုဖြစ်စေနိုင်ပါသည်။

၈ ။ လေ့ကျင့်မှု နှင့် အတွေ့အကြုံကြောင့်သာ သင့်လိင်မှုကျွမ်းကျင်မှု တိုးတက်လာနိုင်ပါတယ်။

ပထမဆုံး လိင်ဆက်ဆံမှုဆိုတာ ကျွန်ုပ်တို့ အများစုအတွက်တော့ ထင်ထားသလို အလွန်တရာကောင်းမွန်တဲ့ မမေ့နိုင်စရာ ညတစ်ညဖြစ်တယ်ဆိုတာရှားပါတယ်။ အကယ်လို့ သင်အဲ့လို ကောင်းမွန်တဲ့ အတွေ့အကြုံရခဲ့ရ သင်ဟာအလွန်ကံကောင်းသူပါပဲ။ ပထမဆုံးလိင်ဆက်ဆံမှုဆိုတာ ကျွန်ုပ်တို့ အများစုအတွက်တော့ အဆင်မပြေမှုတွေကြုံကြတာများပါတယ်။ အဲ့အတွက်တော့ စိတ်မပျက်ပါတဲ့။ ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ နောက်တစ်ကြိမ်ပြန်ကျိုးစားကြည့်ပါ။ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။

၉ ။ ကိုယ့်အတွက် ဘယ်လိင်ဆက်ဆံတဲ့အနေအထားက အကောင်းဆုံးလဲကိုရှာဖွေပါ။

စမ်းသပ်ပါ။ ကိုယ့်အတွက် ဘယ်လိုအနေအထားမျိုးက နာကျင်မှုမရှိစေပဲ ထိမိအောင်ခံစားနိုင်သလဲဆိုတာကို ရှာဖွေပါ။ အဖြည်းဖြည်းနဲ့ ကိုယ့်ကိုခံစားမှုကောင်းကောင်းပေးနိုင်မယ့် ကိုယ်အကြိုက်ဆုံးလိင်ဆက်ဆံတဲ့အနေအထားတွေ ကောင်းကောင်းနားလည်လာပါမယ်။

၁၀ ။ ပါစပ်နှင့် လိင်ဆက်ဆံမှုကို ကျွမ်းကျင်အောင်လုပ်ပါ။

လေ့ကျင့်ပါ။ အင်တာနက်ပေါ်မှာ နည်းလမ်းကောင်းတွေလိုက်ရှာဖတ်ကြည့်ပါ။ သင့်ရဲ့ချစ်သူကို အိပ်ရာထဲမှာ အရူးအမူးဖြစ်သွားစေရပါမယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် သာလွန်တဲ့လိင်မှုသုခပေးတာကြောင့် ဘာမှာနစ်နာစရာလည်းမရှိပါဘူး။ လူနှစ်ဦးကြား ခိုင်မာတဲ့မေတ္တာရေးထဲမှာ ကောင်းမွန်တဲ့ လိင်မှုဘဝဆိုတာကလည်း သော့ချက်တစ်ခုဖြစ်နိုင်ပါတယ်။

၁၁ ။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံပြီး ဆီးသွားပါ။

ဆီးအောင့်နေလျှင် ကာမပြီးမြောက်ဖို့ ခက်ခဲသလို လိင်ဆက်ပြီးဆီးသွားပါက လိင်တံပြွန်ထဲမှာကျန်နေသမျှ ရှင်းထုတ်ပေးသလိုဖြစ်ပါတယ်။

၁၂ ။ သင် စအိုနဲ့ လိင်ဆက်ဆံချင်တယ်ဆိုရင် ၂ရက်၂နာရီ စည်းကမ်းလေးကို မှတ်ထားပါ။

ကျွန်တော်တို့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရတဲ အပိုင်းတွေများကြီးရှိပါတယ်။ ကျွန်တော်တို့ လိင်တူချစ်သူတွေဖို့ ကိုယ်ထဲက အညစ်အကြေးတွေကို ကိုယ်စိတ်ကြိုက်ရှင်းချင်တဲ့အချိန်ရှင်းလို့ရရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် မဖြစ်နိုင်ပါ။ အဲ့တော့ စအိုနဲ့လိင်ဆက်ဆံချင်ရင် လိင်မဆက်ဆံခင် ၂ ရက်အတွင်း အိမ်သာမတက်ရသေးရင် ဒါမှမဟုတ် လိင်မဆက်ဆံခင် ၂ နာရီအလိုမှာ အိမ်သာတက်ထားရင် စအိုနဲ့ထိုးသွင်းလိင်မဆက်ဆံသင့်ပါဘူး။ ရှုပ်ပွတဲ့ အဖြစ်မျိုးကြုံနိုင်ပါတယ်။

၁၃ ။ သင့်လိင်ဆက်ဆံဖော်ကို အာရုံစိုက်ပါ။

လိင်ဆက်ဆံနေစဉ် သင်ကောင်းမွန်စေဖို့ သင့်ကိုယ်သင်ပဲ အာရုံစိုက်မနေပါနဲ့။ အကောင်းအကြံပြုချင်တာကတော့ လိင်ဆက်ဆံနေစဉ် သင့်အဖော်ကို ဘယ်လိုအကောင်းအောင်လုပ်ပေးရမလဲဆိုတာပါ။ သင့်အဖော် သင့်ကြောင့် ဘယ်လောက်ထိ ရင်ခုန်လာသလဲကို ကြည့်ခြင်းဖြင့် သင်ကိုယ်တိုင် အားရကျေနပ်တာလောက်ကောင်းတဲ လိင်ဆက်ဆံမှုမျိုးမရှိပါဘူး။

၁၄ ။ သင့် လိင်ဆက်ဆံဖော်ကို သင်ဘာကြိုက်တတ်လဲပြောပြပါ။

သင့် လိင်ဆက်ဆံဖော်နှင့် ပွင့်ပွင့်လင်းလင်း တစ်ယောက်အကြိုက်တစ်ယောက် ဆွေးနွေးပြောပြသင့်ပါတယ်။ စိတ်ကိုဖတ်ပြီး နားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ပြောပြမှ သိမှမို့ ပိုမိုနားလည်နေတဲ့အခါ ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိမှာဖြစ်ပါတယ်။

၁၅ ။ အကြင်နာပေးခြင်းက လိင်ဆက်ဆံမှုရေး အရေးကြီးဆုံး နှင့် စိတ်လှုပ်ရှားမှု အဖြစ်စေနိုင်ဆုံးအပိုင်းပါ။

လိင်ဆက်ဆံနေစဉ် နှစ်ယောက်နှတ်ခမ်းချင်းနမ်းခြင်းက လိင်ဆက်ဆံမှုမှာ စိတ်တက်ကြွမှုကို အားကောင်းစေနိုင်တာ အာလုံးသိပါတယ်။ အဲ့တော့ လိင်ဆက်ဆံနေစဉ် ကိုယ့်ချစ်သူကို အားမနာတမ်းသာနမ်းလို့ရပါတယ်။ ဒါနဲ့စကားမစပ် နမ်းရာမှာ တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပါ။ တချို့က ပါးစပ်ဖွင့်ရတာပိုအားသန်သလို တချို့က ပါးစပ်ပိတ် နမ်းရတာကို သဘောကျပါတယ်။ အဲ့တော့ နှစ်ယောက် အဆင်ပြေအောင် ညှိနှိုင်းလို့ရပါတယ်။ အင်တာနက်ပေါ်မှာ ပိုကောင်းအောင် ဘယ်လို နမ်းရမလဲဆိုတာသင်ပေးထားတာတွေ ရှာဖတ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် လူတွေ ကိုယ့်အကျင့်နဲ့ကိုယ်ပါ။ စမ်းသပ်ပြီး ညှိညှိနှိုင်းနှိုင်းလုပ်ပေါ့။

သိသင့်သိထိုက်စရာများ

၁ ။ လိင်တူဆက်ဆံမှုဆိုတာ စအိုနှင့်ထိုးသွင်းဆက်ဆံမှသာ လိင်ဆက်ဆံခြင်းဖြစ်တယ်လို့မဆိုလိုပါဘူး။

လိင်တူချစ်သူယောက်ျားနှစ်ဦးအကြား ခန္ဓာရင်းနှီးမှုပြုလုပ်ပြီး ကာမသုခခံစားတယ်ဆိုတာ လိင်ရုပ်ရှင်ထဲကလို ထိုးသွင်းဆက်ဆံမှဖြစ်ရမယ်လို့မဟုတ်ပါ။  လူနှစ်ဦးနီးကပ်မှုရရှိအောင် (သို့) မေတ္တာမျှဝေခြင်းကို ပြုလုပ်ဖို့ နည်းလမ်းမျိုးစုံဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် ဘယ်ဟာအကောင်းဆုံးလဲဆိုတာကို ကိုယ့်ဖာသာကိုယ် ရှာဖွေရမှာဖြစ်ပါတယ်။

၂ ။ သင် top (သို့) bottom ဖြစ်တယ်ဆိုတာက သင့်ကို ဘယ်လိုလူစားလဲလို့ မသတ်မှတ်ပါဘူး။

လိင်ဆက်ဆံရာမှာ သင်ဘယ်လိုနှစ်သက်တယ်ဆိုတာ သင်ဘဝနဲ့ ဘာမှမဆိုင်ပါဘူး။ သင် Top (သို့) Bottom ဖြစ်ချင်တယ်ဆိုတာက သင်ဘယ်လိုလိင်ဆက်ဆံရတာကို ကြိုက်တယ်ဆိုတာကိုသာ ပြောတာပါ။ ဒါကိုထောက်ပြီး လူတွေက သင့်ကို နှိမ့်ချတာ၊ အနိုင်ကျင့်တာ၊ အသုံးချတာ သို့မဟုတ် သင့်ဘဝယုံကြည်မှုကို သေးသိမ်အောင်လုပ်တာတွေ လုပ်စရာအကြောင်းမရှိပါဘူး။

၃ ။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ နှစ်မျိုးသာ တသတ်မှတ်တည်းရှိတာမဟုတ်ပါဘူး။

လိင်တူပဲစိတ်ဝင်စားရမယ်၊ လိင်ကွဲပဲစိတ်ဝင်စားရမယ်ဆိုပြီး အသေသတ်မှတ်ရမယ် ဆိုတာမျိုးမရှိပါဘူး။ လိင်စိတ်တိမ်းညွှတ်မှုဟာ နယ်ပယ်တလျှောက်လုံး ဘယ်နေရာမဆို ရှိနိုင်ပါတယ်။ ကိုယ်က ဘယ်ဘက်ကိုပိုတိမ်းညွှတ်တယ်ဆိုတာမျိုးပါပဲ။ အလယ်မှာ လိင်တူကော၊လိင်ကွဲကော စိတ်ဝင်စားတာမျိုးက လုံးဝပုံမှန်ပါပဲ။

၄ ။ လိင်ဆက်ဆံဖော်ရှာဖွေရာမှာ လူမျိုးခွဲခြားတယ်ဆိုတာ တကယ်ကြီးမားတဲ့ ပြဿနာပါ။

လိင်တူချစ်သူအသိုင်းအဝိုင်းမှာ လူမျိုးခွဲခြားခြင်းဆိုတာ တကယ်ရှိပြီး လူတွေကိုထိခိုက်နာကျင်စေတဲ့ ဆိုးရွားတဲ့ အပြုမှုနဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ တခါတရံ တချို့သူတွေက ဆက်ဆံဖော်ရွေးချယ်ရာမှာ ကိုယ်ပိုသဘောကျတဲ့ လက္ခဏာရှိတဲ့'လူမျိုး'ကိုသာအလိုရှိတယ်လို့ဆိုပြီး ခွဲခြားရွေးချယ်တာဟာ ကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ လူမျိုးခွဲခြားတဲ့ အမူအကျင့်တွေပါ။ ထိုနည်းအတူ အဲ့လိုပယ်ကျင်တဲ့အပြင် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး သူ့ကို အသားယူပြောဆိုတာ၊ ကိုယ့်ရဲ့လိင်ဆက်ဆံမှုလိုအပ်ချက်အတွက်အသုံးချတာ(sexual objectification) စတာတွေဟာလည်း ထပ်တူညီတဲ့ လူမျိုးခွဲခြားတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုပြုမူခြင်းဟာ တဖက်သားလူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။

၅ ။ နွဲ့တဲ့သူတွေကိုမုန်းတီးတာဟာ  လိင်တူချစ်သူတွေအသိုင်းအဝိုင်းမှာ တကယ်ကြီးမားတဲ့ ပြဿနာပါ။

နွဲ့တဲ့သူတွေကို မုန်းတီးတာ၊ ကျားမပြောင်းသူတွေကို မုန်းတီးတာ၊ လှောင်တာ၊ နှိမ့်ချတာဟာ တကိုယ်ကောင်းဆန်တဲ့ အပြုမှုနဲ့စိတ်ဓာတ်ပါ။ ဒီလိုပြုမူခြင်းဟာ လူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးကိုယ့်အကြိုက်ကိုယ်ရှိကြပေမဲ့ လိင်ဆက်ဆံဖော်ရှာဖွေတဲ့အခါမှာ နွဲ့တဲ့သူ၊ ပိန်/ဝတဲ့သူတွေ၊ အရပ်ပု/ရှည်တဲ့သူစသဖြင့် သူတို့ရဲ့ကာယလက္ခဏာတွေပေါ်အခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ ခွဲခြားဆက်ဆံတဲ့ အမူအကျင့်တွေပါ။ လူအများကလက်မခံတဲ့အပြုအမူပါ။ အဆိုးဆုံးက dating app တွေမှာ နွဲ့တဲ့သူ၊ဝတဲ့သူတွေ လာမပြောနဲ့ (not fat/no fem)လို့ရေးတာဟာ ရှက်စရာကောင်းတဲ့ အပြုမူပါ။

၆ ။ အသက်ကြီးတယ်ဆိုတာ ကိန်းဂဏန်းတစ်ခုတိုးသွားတာသာပါပဲ။

သင့်ကိုယ်သင် အသက်ကြီးပြီဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ဘာမှသက်ရောက်မှုမရှိသင့်ပါဘူး။ ကိုယ့်အတွက်တော့ အတွေ့ကြုံများပြီး ပိုရင့်ကျက်လာတယ်ဆိုတဲ့ သဘောပါ။ အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ လိင်ဆက်ဆံတာကလည်း ကိုယ့်အတွက် အကျိုးကျေးဇူးရနိုင်တဲ့ အတွေ့ကြုံမျိုးပါ။ သူတို့က ကိုယ့်ထက်ပို ကျွမ်းကျင်မှုရှိတဲ့သူတွေဖြစ်တဲ့အတွက် ကိုယ်ပညာရပါတယ်။ ဒါကြောင့် ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ခွဲခြားမဆက်ဆံပါနဲ့။

၇ ။ ကိုယ့်ရဲ့ HIV အခြေနေကို သိထားသင့်ပါတယ်။

ဒီခေတ်မှာ HIV ရှိတိုင်း AIDS ဖြစ်တဲ့အဆင့်ကို မရောက်တော့ပါဘူး။ စောစောစီးစီးသိရှိပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခြင်းဖြင့် ပိုးအရေအတွက်ကို မရှိသလောက်ဖြစ်အောင် ထိန်းထားနိုင်ပြီး သက်တန်းစေ့နေထိုင်သွားနိုင်ပါပြီ။ ဒါကြောင့် ကိုယ်ဟာ လိင်ဆက်ဆံဖော်များပြီး HIV ပိုးကူးနိုင်တဲ့ အပြုအမူနေထိုင်မှုလုပ်နေသူတစ်ဦးဆိုရင် မသိကျိုးကျွန်လုပ်ပြီး မစစ်ပဲနေတာထက် စောစီးစွာသိရှိပြီး ပိုးသတ်နိုင်ရင် ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်သလိုပါပဲ။ ဒါ့ကြောင့် ကိုယ့်လိင်ဆက်ဆံဖော်ရဲ့ HIV အခြေအနေကိုလည်း အမြဲတမ်း အားမနာပဲ မေးသင့်သလို ကိုယ့်ရဲ့ အခြေအနေကိုလည်း တာဝန်သိသိ စစ်ထားသင့်ပါတယ်။ ဘာပဲပြောပြော ကွန်ဒုံးသုံးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

၈ ။ လိင်တံတောင့်တင်းမှု မရခြင်းသည် လူငယ်လူလတ်ရွယ်များတွင်လည်း ဖြစ်တတ်လေ့ရှိတယ်။

ကျန်းမာပြီး ငယ်ရွယ်တဲ့ ယောက်ျားတွေအကြားမှာလည်း လိင်တံတောင့်တင်းမရခြင်းဖြစ်နိုင်ပါတယ်။ အဖြစ်များစေတဲ့ အကြောင်းတွေကတော့ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့် စိတ်ဖိစီးခြင်းတို့ကြောင့် အဖြစ်များတတ်ကြပါတယ်။ စိုးရိမ်ကြောင့်ကြမှုကြောင့်လည်း တခါတရံ လိင်ဆက်ဆံချိန်မှာ တောင့်တင်းမှုမရနိုင်လည်းဖြစ်နိုင်ပါတယ်။ တခါတရံ လူသားတိုင်းကြုံရပြဿနာမျိုးမို့လို့ ကိုယ့်ကိုယ်ကို ဘာမှ စိတ်ဓာတ်ကျစရာမလိုပါ။ ဒါပေမယ့် ရေရှည်ကြာမြင့်လာရင် ဆို့တော့ ဆရာဝန်နဲ့ စစ်ဆေးမှုပြုလုပ်ဖို့လိုပါမယ်။

၉ ။ လိင်တူဆက်ဆံစဉ် အနံဆိုးများထွက်လာနိုင်တယ်။

တခါတရံ အနံ့အာရုံများကောင်းမွန်အောင်ပြုလုပ်ထားနိုင်သကဲ့သသို့ တခါတရံလည်း လိင်ဆက်ဆံနေစဉ် အနံဆိုးများထွက်လာနိုင်ပါတယ်။ ဒါက ဘာမှမဆန်းတဲ့အရာမို့ စိတ်ပျက်မသွားပါနဲ့။

၁၀ ။ လိင်ဆက်ဆံနေစဉ် အညစ်အကြေးများထွက်လာတတ်တာ မဆန်းပါ။

ဒါက သဘာဝသာဖြစ်ပါတယ်။ ဘာမှပူစရာ အရေးတယူလုပ်စရာမလိုပါ။ နှစ်ယောက်လုံး ပြုံပြီးသာ ရှင်းလင်းလိုက်ပါ။ 

၁၁ ။ လက်တွေ့လိင်ဆက်ဆံမှုမှာ သင်လိင်တံတင်းမာဖို့ ခက်ခဲနေလျှင် သင်လိင်ရုပ်ရှင်တွေကြည့်တာတွေရပ်ပါတော့။

လက်တွေ့ဘဝမှာ တခြားယောက်ျားတယောက်အတွက် ရင်မခုန်ပဲလိင်တံတောင့်တင်းဖို့ ခက်ခဲနေရင် သင့်လိင်ရုပ်ရှင်တွေထဲက ယောကျ်ားတွေရဲ့ ပြီးပြည့်စုံတဲ့ အမြင်အာရုံကို သင့်ဦးနှောက်က အရမ်းစွဲလမ်းနေလို့ပါ။ ဒါ့ကြောင့်လက်တွေ့မှာ ကိုယ့်အဖော်က ကိုယ်မျှော်လင့်နေသလို သူတို့ကဲ့သို့ပြီးမပြည့်စုံတဲ့အခါ လိင်စိတ်တက်ကြွမှု မရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်ရုပ်ရှင်တွေကို ခဏရှောင်ပြီး သင့်အာရုံတွေကို အစက ပြန်စဖို့လိုပါမယ်။

၁၂ ။ သူ့လိင်တံမတောင့်တင်းနိုင်တာ သင့်အမှားမဟုတ်ပါဘူး။ သူ့အမှားလည်းမဟုတ်ပါဘူး။

ဘာမှ အပြစ်ပြောစရာမလိုပါ။ တခါတရံ စိုးရိမ်တာများပြီး သူမတောင့်တင်းနိုင်တာဟာ သင်မလှလို့လည်းမဟုတ်ဘူး။ သူမကောင်းလို့လည်းမဟုတ်ပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ ခဏနားပြီး ပြန်ကျိုးစားကြည့်ပေါ့။

၁၃ ။ မကြာမဏ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ။

သင် လိင်ဆက်ဆံဖော်များများနှင့် အမြဲတမ်းထိတွေ့နေသူဖြစ်လျှင် ကိုယ့်ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို အမြဲတမ်း ဆေးစစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။

၁၄ ။ ဘဝတချိန်ချိန်မှာ တော်တော်ဆိုးဝါးတဲ့ လိင်ဆက်ဆံမှုကို တွေ့ကြုံရတာ မဆန်းပါ။

အကောင်းဆုံးအချိန်တွေရှိနေသလို ဆိုးတဲ့အချိန်လေးတွေရှိတာလည်း မဆန်းပါ။ မကောင်းတဲ့ လိင်ဆက်ဆံတာဖြစ်သွားတော့လည်း အတွေ့အကြုံရတာပေါ့။ နောက်တစ်ယောက်နဲ့ကျရင် ပိုကောင်းတာဖြစ်လာမှာပေါ့။ ဒါက ဘဝပါပဲ။

၁၅ ။ သုတ်ထုတ်လွှတ်လိုက်ပြီးတာနဲ့ လိင်ဆက်ဆံတာ ပြီးသွာတာမဟုတ်ပါဘူး။

တချို့သူတွေက သုတ်ထုတ်လွှတ်တာမြန်လို့ မြန်မြန်ပြီးသွားပြီး ကိုယ့်အဖော်ကိုအားနာနေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်သုတ်ထုတ်လွှတ်လိုက်တာနဲ့ လိင်ဆက်ဆံတာဆုံးသွားစရာ မလိုပါဘူး။ တခြား ခန္ဓာကိုယ်အပိုင်းတွေနဲ့ အများကြီးလုပ်လို့ရတာတွေရှိပါတယ်။ လူနှစ်ဦး တရင်းတနှီး ခန္ဓာမျှဝေတဲ့နေရာမှာ နားလည်းမှု၊ ကျင်နာမှု နှင့် ယုယမှုတွေနဲ့ လိင်ဆက်ဆံလို့ရပါတယ်။

အယူမှားများ

၁ ။ ကွန်ဒုံးသုံးတိုင်း ဘာရောဂါမှမရတော့ဘူးဆိုတာ မဟုတ်ပါ။ 

ကွန်ဒုံးက ကုသရခက်ခဲပြီးဒုက္ခများတဲ့ ရောဂါကြီးတွေဖြစ်တဲ့ HIV တို့ ကာလသားရောဂါတို့ကို ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံးပြင်ပနေရာတွေမှာနေကြတဲ့ ရောဂါပိုးတွေဖြစ်တဲ့ ရေယုန်၊ ဝဲ၊ သန်း၊ နှင့် HPV အစရှိတဲ့ ရောဂါပိုးတွေကတော့ ကူးနိုင်သေးပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဆက်ဆံဖော်ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါပဲ။

၂ ။ လိင်တံကြီးမှ ပိုကောင်းပါတယ်ဆိုတာ မဟုတ်ပါ။

မှားပါတယ်။ လိင်တံအရွယ်အစားက ဘာမှကို မဆိုင်ပါ။ bottom တွေအဖို့လည့် ဆီးကျိတ်က ခန္ဓာအတွင်းသုံးလက်မစာလောက်သာရှိတာမို့ လှုံဆော်မှုရရန် အရှည်ကြီးမလိုပါ။ လိင်တံကြီးပါက အမြင်အာရုံအရသာကြည့်ကောင်းပေမယ့် တကယ်လက်တွေ့မှ အရွယ်သေးတွေထက် ပိုမိုစွမ်းဆောင်နိုင်တာမျိုးမရှိပါ။ ကိုယ့်ကို ဂရုမစိုက်ပဲ အတင်းဆောင့်ရိုက်နေတဲ့ တကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ တွေ့ရင် ကိုယ့်ကိုသာနာကျင်စေနိုင်တာသာ ထူးပါတယ်။

၃ ။ ကားပေါ်မှာ လိင်ဆက်ဆံရတာ မလွယ်ပါ။

ရုပ်ရှင်တွေထဲမှာ ကားပေါ်မှာလိင်ဆက်ဆံတာကို ကြည့်ရတာ ရင်ခုန်စရာကောင်းသလောက် တကယ်တမ်းတော့ မလွယ်ပါ။ နေရာအလုံအလောက်မရှိနိုင်ပါ။ ထိခိုက်နိုင်ပါသည်။ ကားမောင်းနေလျှင် အန္တရာယ်အများဆုံးမို့ ရှောင်သင့်ပါတယ်။

၄ ။ ရေထဲမှာလည်း လိင်ဆက်ဆံဖို့ မလွယ်ပါ။

ရေကန်/ရေကူးကန်ထဲ၊ ရေချိုးခန်းထဲမှာ လိင်ဆက်ဆံဖို့ တွေးကြည့်ပါက ရင်ခုန်စရာကောင်းသလောက် လက်တွေ့မှာ အမှန်တကယ်ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ပါ။ သင့်ခန္ဓာကိုယ်မှာ ချောမွေ့တဲ့ပွတ်သပ်မှုဖြစ်ဖို့ကို ရေကတားဆီးထားနိုင်ပါတယ်။ အတူတူဆော့ကစားလို့သာရပါမယ်။

၅ ။ သင့်ကိုယ်သင် လိင်ရုပ်ရှင်မင်းသားတွေနဲ့ နှိင်းယှဉ်စရာမလိုပါ။

လိင်ရုပ်ရှင်မင်းသာတွေ ဘယ်လောက်ပြီးပြည့်စုံနေပစေ၊ ခန္ဓာရူပါကို လှပအောင်ထိန်းသိမ်းထားဖို့က သူတို့အလုပ်ပါ။ နောက်တစ်ခု လိင်ရုပ်ရှင်ဆိုတာဖန်တီးမှုပါ။ သူတို့လုပ်သမျှကို လက်တွေ့ဘဝမှာ လိုက်လုပ်စရာမလိုပါဘူး။

၆ ။ လိင်ဆက်ဆံရာမှာ အမြဲတမ်း ခပ်ကြမ်းကြမ်းသွားလာစရာ မလိုပါဘူး။

လိင်ရုပ်ရှင်တွေထဲမှာ သူတို့အားရပါးရ ခပ်ကြမ်းကြမ်း ရိုက်သွင်းနေတာမျိုးက တွေးကြည့်ရင်သာ အကောင်းတာပါ။ တကယ်လက်တွေ့မှ တစ်ဦးတစ်ယောက်ချင်းစီနဲ့သာဆိုင်တာပါ။ ကိုယ်စိတ်ပါလာလို့ ခပ်ကြမ်းကြမ်းလုပ်ခိုင်းလို့ ကိုယ်ကအဆင်ပြေနေရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူများရတိုင်း ကိုယ်ရမယ်လို့ ပြောလို့မရပါ။ ကိုယ့်ကို နာကျင်စေရင် လုံးဝ မလုပ်သင့်ပါ။ ပြီးတော့ လုပ်နေတဲ့ သူအနေနှင့်လည်း ကိုယ့်ကြောင့် သူများကို နာကျင်စေအောင် မလုပ်သင့်ပါဘူး။ ကိုယ်ချင်းစာတတ်ပါ။ ကျင်နာတတ်ပါ။ ကိုယ့်လိင်ဆက်ဆံဖော်ကို ယုယပါ။ ဒါမှသာ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိပါမယ်။

၇ ။  HIV ရတိုင်း ကမ္ဘာပျက်တာမျိုး မဟုတ်ပါဘူး။

ယနေ့ခေတ်မှာ ကိုယ် HIV  ရှိနေမှန်းသိရင် ဆေးတွေက ပိုးကောင်ရေ မရှိသလောက်ဖြစ်အောင် ထိန်းထားလို့ရပါတယ်။ HIV ရှိလည်း သက်တန်းစေ့နေနိုင်သလို ချစ်သူနဲ့လည်း အသက်ထက်ဆုံးနေသွားလို့ရပါပြီ။ ဒါပေမယ့် အဲ့လိုဖြစ်တိုင်း ကူးချင်ကူးပစေဆိုပြီး လုပ်ရမယ်လို့ မဆိုလိုပါ။ ဘေးကင်းတဲ့ လိင်ဆက်ဆက်မှုကို အမြဲကျင့်သုံးပါ။

၈ ။ လိင်ဆက်ဆံသူနှစ်ယောက်စလုံး HIV ရှိနေရင် ဘာအကာကွယ်မှမလိုတော့ဘူးလို့ လုပ်လို့မရပါဘူး။

HIV ရှိနေသူတစ်ယောက်က တခြား HIV ရှိတဲ့သူဘယ်သူနဲ့မဆို ကြိုက်သလိုလုပ်လို့ရပြီဆိုတာမျိုးက မှားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာရှိတဲ့ HIV ဗီဇအမျိုးအစားမတူကြပါ။ သူ့ဗီဇကိုယ့်ထဲကိုယ်ဝင်လာရင် အစက ပြန်ကုရပါလိမ့်မယ်။ ဒါ့ကြောင့် အကာအကွယ်သုံးဖို့ လိုကိုလိုပါတယ်။

၉ ။ Grindr လို app  တွေပေါ်မှာ ရှိနေတဲ့လူတိုင်း တစ်ညတာအိပ်ဖို့ (one night stand) စိတ်ဝင်စားတဲ့လူတွေ မဟုတ်ကြပါဘူး။

ဒီလို app တွေက လိင်တူချစ်သူတွေကို လုံခြုံစိတ်ချစွာ တစ်ဦးကိုတစ်ဦး ချိတ်ဆက်နိုင်အောင် ပြုလုပ်ပေးနေတဲ့ နည်းပညာတွေပါ။ လိင်တူချစ်သူများအတွက် လူမှုကွန်ရက်တစ်ခုပေါ့်။ အဲ့ဒီမှာရှိနေတဲ့လူတိုင်းက လိင်ဆက်ဆံဖို့ လူလိုက်ရှာနေမျိုး ဟုတ်ချင်မှဟုတ်မှာပါ။ တချို့လူတွေကတော့ တခြားနည်းလမ်းမရှိလို့၊ မသိလို့ Grindr လို app မျိုးကို ရောက်နေတာပါလည်း ဖြစ်နိုင်တာပဲ။ လိင်ဆက်ဆံဖော်များတာမျိုးကို မကြိုက်တဲ့သူရှိသလို ဘဝလက်တွဲဖော်ရှာနေသူတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် သုံးနေတဲ့သူတိုင်းကို ကိုယ်နဲ့လိင်ဆက်ဆံမယ့်သူလို့ အပိုင်မတွက်ပါနဲ့။ မေးမြန်းပါ။ သဘောတူညီမှု ရယူပါ။ လူတစ်ဦးနဲ့တစ်ဦး အပြင်မှာမြင်နေရတာမျိုးမဟုတ်ပေမဲ့လည်း တဖက်သားကို လေးစားမှုနဲ့ ခင်မင်ဖွယ်ကောင်းတဲ့ လိင်တူချစ်သူကွန်ရက်အသိုင်းအဝိုင်းကို တည်ထောင်ကြပါစို့။

၁၀ ။ မတောင်းပဲနဲ့ လိင်ပုံတွေမပို့ပါနဲ့။

Grindr လို app မျိုးတွေမှာ လိင်ပုံတွေပို့တာက ကြည့်ချင်တဲ့သူတွေအတွက်သာ ပျော်ဖို့ကောင်းတာပါ။ တဖက်က ကိုယ်မသိတဲ့ လူတစ်ယောက်ကို မတောင်းပဲနဲ့ ပို့တာမျိုးက ရိုင်းပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမျိုးသာဖြစ်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးနှစ်ချက်ကတော့ 

 ၁။  လူနှစ်ဦးအကြား ခန္ဓာနှီးနှောသွားလာရာမှာ စိတ်ဆန္ဓဆိုသည်မှာ အလွန်အရေးကြီးပါသည်။

တစ်ဦးက ခွင့်မပြုသည့် ကိစ္စကို နောက်တစ်ယောက်က ဘာမှရှေ့ဆက်တိုးခွင့်မရှိပါ။ သင်စိတ်မပါပဲနဲ့ မစခင်ပဲဖြစ်စေ ဘယ်အဆင့်ပဲရောက်နေပစေ သင့်မှာ ရပ်တော့ဟုပြောနိုင်ခွင့်ရှိသည်။ သင့်ခန္ဓာသင့်ဆုံးဖြတ်ခွင့်သာဖြစ်သည်။ လူနှစ်ဦးကြည်ဖြူသဘောတူမှသာ လိင်ဆက်ဆံမှုဖြစ်သင့်သည်။

၂။ လေးစားပါ။

ယောက်ျားချင်းပဲဖြစ်စေ လိင်ဆက်ဆံသည်ဆိုသည်မှာ လူနှစ်ဦးကြား အရင်းနှီးဆုံး အခြေအနေကို ရောက်ရှိခြင်းဖြစ်ပြီး နှစ်ဦးအတူခန္ဓာဖြင့်သုခရှာဖွေခြင်းဖြစ်သည်။ ခန္ဓာကိုယ်ဆိုသည်မှာ ပစ္စည်းတစ်ခုလို အသုံးပြုစရာမဟုတ်ပါ၊ နှိမ့်ချစရာမဟုတ်ပါ၊ မတရားပြုလုပ်စရာလဲမဟုတ်ပါ။ မိမိသည် ကိုယ့်ခန္ဓာကိုယ်ကို ချစ်မြတ်နှိုးသလို သူတပါး၏ ခန္ဓာကိုယ်ကိုလည်း လေးစားပါ။ လူနှစ်ဦးအကြား ဆက်ဆံရေးကို လေးစားမှု၊ ရိုးသားမှု၊ ယုံကြည်မှုတို့ဖြင့် တည်ဆောက်ပါ။ သို့မှသာ နှစ်ဦးသား ပျော်ရွင်ကောင်းမွန်တဲ့ အတွေ့အကြုံကိုရရှိမည်သာဖြစ်သည်။

အားလုံးပဲ ပျော်ရွင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

0 comments

တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့် ပက်သက်သော အယူမှားများ


အရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်တည်းလွတ်လပ်ချိန်မှာ ကိုယ့်ကိုယ်ကို ကျေနပ်အားရအောင် နှိုးဆွပြီး အာသာဖြေတာက ကျွန်တော်တို့ အားလုံးနီးပါးလိုလို လုပ်ကြတဲ့အရာပါ။ ဒါပေမဲ့ အရပ်ထဲက ပြောကြသလို တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်တို့ လက်မှာ အမွေးပေါက်တယ်တို့ အမျိုးစုံကြုံတွေ့ဖူးမှာပါ။ အဲ့လို အယူမှားတွေနဲ့ တခါတရံ ကိုယ့်ကိုယ်ကို ယုံယုံမှားမှားတွေဖြစ်ပြီးတော့ လုပ်ရင်ကောင်းမလား မလုပ်ရင်ကောင်းလားဆိုပြီး တွေဝေတတ်ကြတာ အာလုံးဖြစ်ဖူးမယ် မဟုတ်လား။ ကဲအောက်မှာ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပက်သက်တဲ့ အယူမှားအချို့ကို ဖော်ပြထားပါတယ်။ တခြား ကိုယ်ကြားဖူးတာ ရှိရင်လည်း comment မှာ ဝင်ပြောပြပြီး ဆွေးနွေးလို့ရပါတယ်။

၁။ တစ်ကိုယ်ရည်အာသာဖြေတာများရင် လိင်တံပျက်စီးတတ်တယ်။

ဘာမှာ မဆိုင်ပါဘူး။ ပုံမှန် လက်နဲ့အာသာဖြေလို့ ဘာမှမဖြစ်ပါဘူး။ ကြိမ်ရေများလွန်းလို့ ပွတ်တိုက်တာများပြီး ရှားရှားပါးပါး ပွန်းတာလောက်ဖြစ်ချင်ဖြစ်မယ်၊ အဲ့တော့ အနားပေးလိုက်ပေါ့၊ ဒါမှမဟုတ် ချောဆီတို့ တံတွေးတို့သုံးပြီး ချောမွေ့အောင်လုပ်ပေးပေါ့ဗျာ။ အလွန်များရန် နာကျင်နိုင်တာဆိုတာကလည်း ရိုးရိုးလေးတွေးကြည့်ပေါ့ - လမ်းလျှောက်တာများရင် ခြေထောက်ကြွက်သားတွေ ယောင်းညာကိုက်ခဲလာသလို၊ လှုပ်ရှားမှုများလို့ ကြွက်သားတွေ ပင်ပန်းကုန်တာပါ။ အနားပေးလိုက်ပေါ့။

၂။ တစ်ကိုယ်ရည်အာသာဖြေတာများရင် ပိန်တယ်၊ အားကုန်တယ်၊ ဉာဏ်တုံးတယ်။

ဒါတွေက လူငယ်တွေကြောက်အောင် ပေါက်ပေါက်ရှာရှာ ထွင်ထားတာပါ။ လုပ်ပါများရင် လက်ညောင်းတာပဲရှိမှာပေါ့။ ယောက်ျားတစ်ယောက်ရဲ့ ပျဉ်းမျှ သုတ်တစ်ခါထွက်စာက ၀.၇ ကယ်လိုရီနဲ့ ပရိုတင်း ၁၇၁ မီလီဂရမ်ပဲ ပါတာပါ။ အဲ့ဒါက ဘာမှမပြောပလောက်တဲ့ အရေအတွက်ပါ။ ဆယ်ဆလောက်မှ ကြက်ဥ တစ်လုံးစာသာသာ ရှိမှာပါ။ ကိုယ်ခန္ဓာစွမ်းအား ကျဆင်းစရာလည်း မရှိပါဘူး။ တစ်ခုတော့ရှိတယ် နေ့နေ့ညည မအိပ်မစား လုပ်နေရင်တော့ အစားမစားလို့ အားကုန်ရင် ကုန်မှာပေါ့။ ဒါပေမဲ့ ပုံမှန် တန်ဆေးလွန်ဘေးလို ထိန်းသိမ်းထားရင်တော့ ဘာပြဿနာမှကို မရှိတာ။ ဉာဏ်တုံးစရာလို့လည်း ဘာမှာမဆိုင်ပါသူး။ ပတ်ဝန်းကျင်ကလျှောက်ပြောလို့ ကိုယ့်ကိုယ်ကို တစ်ကိုယ်ရည်အာသာဖြေပြီး အပြစ်ရှိသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြတာပဲ ရှိပါမယ်။ တကယ်တော့ ဆေးပညာအရ ဘာအပြစ်မှ မရှိပါဘူး။ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးရှုထောင့်တွေက အယူစွဲတွေထားကြလို့ လူတွေက မကောင်းဘူး ပြောကြတာပါ။ တကယ်တော့ ဒါက သဘာဝ ဖြစ်စဉ်တစ်ခုပါပဲ။

၃။  တစ်ကိုယ်ရည်အာသာဖြေရင် မျက်စိကန်းတယ်။

မှားပါတယ်။ မျက်စိနဲ့ သုတ်လွှတ်တာ ဘာဆိုဘာမှ မဆိုင်တာ။

၄။ တစ်ကိုယ်ရည်အာသာဖြေရင် သုတ်ကုန်သွားနိုင်တယ်။

မကုန်ပါဘူး။ သုတ်ရည်က အမြဲတမ်း ဝှေးစိကနေ ပြန်ထုတ်နေတာလည်း အသိပဲ။ ပိုသိချင်ရင် ၁၀ တန်း ဇီဝဗေဒ စာအုပ်မှာ သွားဖတ်ကြည့်။ မပြောတော့ဘူး မောတယ်။

၅။ တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်။

ဘယ်သုတေသနကမှ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ဝက်ခြံပေါက်မှုနဲ့ ဆက်စပ်မှုကို ရှာမတွေ့သေးပါဘူး။ ဒါကလူငယ်တွေ သူတို့ ပျိုဖော်ဝင်ချိန်မှာ ဝက်ခြံပေါက်လာချိန်နဲ့ တိုက်ဆိုင်တာနဲ့ သက်သက်မဲ့ ခြောက်လန့်ချင်လို့ မဆီမဆိုင် တစ်ကိုယ်ရည်အာသာဖြေတာကို လွှဲချတာပါ။ ဝက်ခြံပေါက်တာက တကယ်တော့ ဟော်မုန်းတို့၊ စားတဲ့အစားအစာ၊ တစ်ကိုယ်သန့်ရှင်းမှုတို့နဲ့ တစိတ်တပိုင်း ဆိုင်မှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့တော့ မဆိုင်ပါဘူး။

၆။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ စာရိတ္တပျက်ပြားတယ်။

ဒီအချက်နဲ့ ပက်သက်လို့ အမြင်အမျိုးမျိုး ရှိကြပါလိမ့်မယ်။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ လူတစ်ယောက်၏ ဇီဝသဘာဝဖြစ်စဉ်ကြောင့် တစ်ကိုယ်ရည်လွတ်လပ်မှုမှာ ကိုယ်ပိုင်ဆုံးဖြတ် ပြုလုပ်နိုင်ခွင့်ပါ။ ကိုယ်အနေ့နှင့် ဘယ်သူ့ကိုမှ ထိခိုက်အောင် မပြုလုပ်သရွေ့ ဘယ်လိုမှ ဆိုးတဲ့အရာ မဖြစ်နိုင်ပါဘူး။ ယဉ်ကျေးမှုမျိုးမျိုး၊ လူ့အဖွဲ့အစည်းအမျိုးမျိုး နဲ့ ဘာသာအမျိုးမျိုး တစ်ခုချင်းစီက ရှုထောင့်အစုံအလင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ အရပ်ထဲက အယူမှားတွေက စာရိတ္တကို ခုတုံးလုပ်ပြီး မကောင်းဘူးပြောကြတာကြောင့်ပဲ အများက ဆိုးတယ်လို့မြင်ကြတာပေါ။

၇။ အိပ်ပျော်နေစဥ် သုတ်လွတ်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။

အိပ်ပျော်နေတဲ့အချိန် သုတ်လွတ်ထုတ်တာ ဘာဆိုးကျိုးမှ မရှိပါဘူး။ မသိစိတ်က ဟော်မုန်းတွေကြောင့် လိင်စိတ်ရှိလာပြီး၊ ခန္ဓာကိုယ်က စုပြုံလာတဲ့ သုတ်တွေကို အလိုလျောက် အိပ်နေစဉ် အပြင်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။ တချို့က အဖြစ်များပြီး၊ အချို့ကတော့ ဖြစ်ပေါ်တာ နည်းပါတယ်။ ယောက်ျားလေးတွေမှာ လူပျိုဝင်ချိန်မှာ အဖြစ်များပါတယ်။ ကိုယ့်ဘာသာလှုံဆော်ပြီး တကိုယ်ရည်အာသာဖြေရင်း ပုံမှန်သုတ်လွှတ်ရင်တော့ အိပ်ပျော်နေစဉ် ထုတ်လွတ်တာနည်းပါမယ်။ ခန္ဓာကိုယ်က သဘာဝဟော်မုန်းတွေကြောင့် သုတ်ကောင်တွေ အမြဲထုတ်လုပ်နေပြီး ကိုယ်ကိုယ်တိုင် အပြင်မထုတ်ပေးရင် ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးလိုက်မယ်ဆိုတာမျိုးပါ။ ကျန်းမာရေးနဲ့ဘာမှမဆိုင်ပါဘူး။ သဘာဝဖြစ်စဉ်တစ်ခုပါ။

တကယ်တော့ ဆေးပညာရှုထောင့်က ကြည့်ရင် တစ်ကိုယ်ရည်အာသာဖြေခြင်းက အကျိုးရလာဒ်တွေ အများကြီးပေးနိုင်ပါတယ်။ ပုံမှန်ပြုလုပ်ပေးခြင်းက ဆီးကြိတ်ကင်ဆင်ကိုလည်း ကာကွယ်နိုင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေပြီး ရရှိလာတဲ့ အထိတ်အထပ်ရောက်မှုကြောင့် ခန္ဓာကိုယ်ထဲမှ ထွက်လာတဲ့ဟောမုန်းတွေက စိတ်ဓာတ်ကျမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်နဲ့ စိတ်ရွှင်လန်းမှုကို မြှင့်တင်ပေးပါ။ ဤအချက်တွေအပြင် တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေနဲ့ ပက်သက်တဲ့ သုတေသနအကြောင်းတွေကို ရှာဖွေဖတ်ရှုကြည့်လို့ရပါတယ်။

နောက်ဆုံးအနေနှင့် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ် အာသာဖြေခြင်းဟာ ဘေးကင်းလုံခြုံဆုံး လိင်စိတ်ကျေနပ်မှုကို ရရှိနိုင်သော လိင်မှုကိစ္စတစ်ခုပင်ဖြစ်ပါတယ်။




1 comments

ဘော်တွမ်တို့အတွက် ကျန်းမာတဲ့ ကိုယ်ခန္ဒာ



ကျန်းမာတဲ့ နေထိုင်မှုမျိုးကို ရရှိလိုတဲ့ ဂေးဘော်တွမ်တို့အတွက် ကျန်းမာရေး အလေ့အကျင့် ကောင်းလေးတွေ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ဘာမှ ထွေထွေထူးထူးလုပ်စရာ မလိုပါဘူး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို မှီဝဲပြီး နေထိုင်ပုံကို အနည်းငယ်ပြုပြင်လိုက်ရုံနဲ့ ရရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့ -

၁) ရေများများသောက်ပါ - ခန္ဒာကိုယ်ကို ရေဓာတ်လုံလောက်အောင် ဖြည့်တင်းပေးထားခြင်းဖြင့် ခန္ဒာကိုယ် အပြင်ပိုင်းကော အတွင်းသားတွေပါ ပြော့ပြောင်းစိုပြေအောင် ပြုလုပ်နိုင်သလို အစာချေဖျက်မှုကိုလည်း ကူညီပြီး ဝမ်းမှန်စေပါတယ်။
၂) Fibre (အမြှင်) များများစားပါ - အမြှင်များက အူလမ်းကြောင်းအတွက် သဘာဝဆေးတစ်လက်လိုပါပဲ။ အစာချေဖျက်မှုကို အကောင်းကောင်းကူညီပေးသလို စအိုနှင့် အူလမ်ကြောင်း တလျှောက်မှာရှိတဲ့ အကျွင်းအကျန်တွေကို သံလိုက်လို အကုန်ကပ်ယူပြီး သင့်  စအိုကို သန့်ရှင်းနေအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်တွေ၊ ဆန်ကြမ်းနဲ့ ဂျုံကြမ်းတွေ၊ အစေ့အစံအမျိုးမျိုး နှင့် ပဲအမျိုးမျိုး စသည်တို့နဲ့ အသီးအနှံအခွံတွေမှာ Fibre (အမြှင်)ကောင်းကောင်း ပါပါတယ်။
၃) သဘာဝအစားအစာတွေကိုပဲ ရွေးချယ်ပါ - သဘာဝ မဟုတ်တဲ့ ဆိုးဆေး၊ အရောင်တင်မှုံ့နဲ့ ဓာတုဆေးများပါဝင်သော အစားအစာများ၊ fastfood များဖြစ်တဲ့ အသင့်ပြုလုပ်ပြီးသော အစားအစာများ၊ အသင့်စားခေါက်ဆွဲထုတ်များ အပါအဝင် လတ်လတ်ဆတ်ဆတ် ပြုလုပ်မထားတဲ့ အစားအသောက်များကို ရှောင်ပြီး လတ်ဆတ်ပြီး သေချာချက်ထားတဲ့ အစားအသောက်များကို သာရွေးချယ်ပါ။
၄) မနက်စာ မရှောင်ပါနဲ့ - နံနက်ပိုင်း အဟာအရနှင့် စွမ်းအင်အလုံအလောက် ရထားရင် တနေ့လုံး ပန်ပင်းမှုကိုမခံစားရပဲ လန်းဆန်းနေမှာဖြစ်သလို အစာအိမ်ကိုလည်း ကျန်းမာစေပါတယ်။
၅) လိင်ဆက်ဆံခါနီး အစာအများကြီးစားတာရှောင်ပါ - လိင်ဆက်ဆံခါနီး ထမင်းအများကြီးစားထားပြီး ဗိုက်တင်းနေတာမျိုးကို မဖြစ်စေပဲ အတတ်နိုင်ဆုံး ၃-၄ နာရီလောက်ကြိုစားထားပါ။ လိင်ဆက်ဆံခါနီးမှ အိမ်သာသွားတာကိုလည်းရှောင်ပါ။ လိင်ဆက်ဆံဖို့ စီစဉ်ထားရင် ၄-၅ နာရီလောက်ကတည်းက ဝမ်းကိုရှင်းထားပါ။
၆) ဝမ်းနှတ်ဆေး ဘယ်တော့မှမသုံးပါနဲ့ - ဆေးတွေကို အားကိုးတာထက် ကျန်းမာတဲ့ နေထိုင်စားသောက်ပုံကို ကျင့်သုံးခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြင်ဆင်နိုင်သလို ဝမ်းမကောင်းရင် စအိုနဲ့ လိင်ဆက်ဆံတာကို ရှောင်လိုက်ပါ။ ဝမ်းနှတ်ဆေးကို လိင်ဆက်ဆံဖို့ ပြင်ဆင်တာမှာ လုံးဝမသုံးဖို့နဲ့ ကျန်းမာရေးအကြောင်းအရင်းကြောင့်သာ သုံးပါ။ မဟုတ်ရင် လိင်ဆက်ဆံနေစဉ် အဆင်မပြေစရာတွေ ဖြစ်လာပါလိမ့်မယ်။
၇) စအိုထဲကို ရေထည့်ပြီး ဆေးမယ်ဆိုရင် အလွန်အကျွန်မလုပ်ပါနဲ့ - အချို့ ဘော်တွန်တွေက လုံးဝကို ပြောင်ရှင်းနေမှ သဘောကျနဲ့အတွက် စအိုထဲကို ဆေးကျောတာလုပ်ချင်လုပ်ချင်တယ်ဆိုရင် အရေးကြီးဆုံးက ရေကိုပဲသုံးပါ။ ခန္ဒာကိုယ် အပူချိန်နဲ့ ကိုက်ညီတဲ့ မရမ်းမပူမအေးတဲ့ ရေအပူချိန်ကို အရင်ရအောင်လုပ်ပါ။ စပ်ပြာနဲ့ အခြားဓာတုတွေ မထည့်ပါနဲ့။ ဆေးခွက်ကိုလည်း အတင်းထိုးမထည့်ပါနဲ့။ ဆေးရင်လဲ ရေအများကြီးနဲ့ အကြိမ်ကြိမ် အလွန်အကျွန်မဆေးပါနဲ့။ စအိုအတွင်းသားရှိ သဘာဝ ချောဆီများ ကုန်သွားပြီး ချောက်သွေ့ကာ ယားယံမှုကို ဖြစ်ပေါ်စေတာမို့ ရောဂါပိုးတွေဝင်နိုင်ပါတယ်။

လိင်ဆက်ဆံတယ်ဆိုတာ လေ့ကျင့်ခန်းတစ်ခုလိုပါပဲ။ ကောင်မွန်တဲ့ လိင်ဆက်ဆံဖို့ ခွန်အား၊ သက်လုံ နှင့် ပျော့ပြောင်းမှုတို့ကို လိုအပ်ပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးအဆစ်အနေနဲ့ အိမ်မှာတစ်ယောက်တည်း ယောဂလေ့ကျင့်ခန်းကောင်းကောင်း လုပ်တတ်ကြတဲ့ ဂေးဘော်တွမ်တို့အတွက် ပျော့ပြောင်းသွက်လက်တဲ့ ခန္ဒာကိုယ်ကို ရရှိစေဖို့ လေ့ကျင့်ခန်းခန္ဒာကိုယ်အနေအထား အချို့ကို ရှာဖွေပေးလိုက်ပါတယ်။ လွယ်ကူအညောင်းပြေပြီး သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို ဘော်တွမ်တို့ ချစ်သူနဲ့ အချစ်ပွဲဆင်နွဲတဲ့အခါ ကိုယ့်ခန္ဒာကိုယ်ကို ပိုမိုကောင်းမွန်တဲ့ ထန်းချုပ်မှုမျိုးရတာပေါ့။ လေ့ကျင့်ခန်းတွေက ရိုးရိုးရှင်းရှင်းတွေမို့ ဘာမှ အထူးရှင်းပြစရာ မလိုဘူးပေါ့နော်။ အဓိကတော့ အသက်မှန်မှန်ရှူဖို့ မနေ့နော်။ လေ့ကျင်းခန့်စမလုပ်ခင် စိတ်ငြိမ်သက်သွားအောင် အရင်သက်ရှူလေ့ကျင့်ခန်းအဖြစ် ပထမ ၅-၁၀ စက္ကန့်လောက် သက်ကို ပြင်းပြင်းရှူသွင်း၊ ပြီးရင် ၂-၄ စက္ကန့်လောက် အသက်အောင့်ထားပြီးတော့ ဖြည်းဖြည်းချင်း ရှူထုတ်။ အဲ့လိုမျိုး ၁၀ ခါလောက်လုပ်ပြီးတော့ လေ့ကျင့်ခန်းစပါမယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် အသက်ပုံမုန်ရှူဖို့လည်း မမေ့နဲ့နော်။ ကဲစမ်းကြည့်လိုက်ပေါ့။







ကဲ ... ဘော်တွမ်တို့ ကိုယ့်ခန္ဒာကိုယ်ကို ဘယ်လို ကျန်းမာအောင် နေထိုင်ရမလဲ ဆိုတာသိပြီနော်...
0 comments

လိင်မှုကိစ္စနှင့် ပက်သက်သော သဘာဝ ဟော်မုန်းများ

လူသားတွေရဲ့ ခန္ဓာမှာ လိင်တူချစ်သူပဲ ဖြစ်ဖြစ် လိင်ကွဲချစ်သူပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ တူညီတဲ့ ဇီဝ ဖြစ်တည်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲဖြစ်ဖြစ် အခြားလူသားတစ်ဦးနှင့် ချစ်တင်းနှီးနှောတဲ့ အခါမှာ ထုတ်လွှတ်တဲ့ ဟော်မုန်းများဟာ အတူတူပင် ဖြစ်ပါတယ်။ ယင်းဟော်မုန်းတွေဟာ လူ့ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများကို ပေးပါတယ်။ လူ့ခန္ဓာကိုယ်ကနေ လိင်ဆက်ဆံခြင်းနှင့် ပက်သက်တဲ့ အခါ ထုတ်လွတ်ပေးတဲ့ ဟော်မုန်း ၆ မျိုးရှိပါတယ်။ ယင်းတို့ဟာ လိင်ဆက်ဆံမှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးတာကြောင့် သူတို့ မမျှတတော့ရင် ဘာလုပ်ရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။

၁) Testosterone တက်စတိုစတီရုန်း
တက်စတိုစတီရုန်းကို ကျားမ အကုန်လုံးမှာ ထုတ်လွှတ်ပေမဲ့ ယောက်ျားတွေမှာ အများကြီး ထုတ်လွှတ်တဲ့ အတွက် သူ့ကို ကျားဟော်မှန်းလို့လည်း ခေါ်ပါတယ်။ ကြွက်သား အစိုင်အခဲတည်ဆောက်မှုကို အားပေးပြီး ဦးနှောက်ရဲ့ တည်ဆောက်ပုံကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးတဲ့အတွက် လိင်ဆက်ဆံခြင်းအား တမ်းတစေတဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သင်တစ်ချိန်လုံး ဟိုအတွေးတွေပဲ ခေါင်းထဲမှာ ပေါ်နေရင် တက်စတိုစတီရုန်းကိုပဲ အပြစ်တင်ရမလိုပါပဲ။


အကယ်၍ သင် လိင်စိတ်ကုန်ဆုံးနေပြီး သင့်မှာ တက်စတိုစတီရုန်း လျော့နည်း နေတယ်လို့ စိတ်ပူနေရင် သူ့ကို ရအောင် လေ့ကျင့်ခန်းလုပ်၊ ခန္ဓာအလေးချိန်ကျအောင်ပြုလုပ်ပြီး အိပ်ရေးဝအောင်အိပ်ပါ။ ချက်ချင်းတော့ ပြန်မတက်လာနိုင်ပေမဲ့ ပုံမှန်ပြုလုပ်သွားရင် ပြန်ကောင်းလာမှာပါ။

၂) Dopamine ဒိုပါမင်း
ဒိုပါမင်း ကတော့ အာရုံ အရသာ ခံစားမှုနှင့် ပက်သက်သော ဟောမုန်းဖြစ်ပါတယ်။ အစားအစာ၊ မူးယစ်ဆေး နှင့် လိင်ဆက်ဆံမှုတွေက ခံစားမှုကောင်းတာဟာ ယင်းကြောင့်ပဲ ဖြစ်ပါတယ်။ ယင်းဟာ ကျွန်တော်တို့ ဘာကိုပဲ အရသာခံခံ ခံစားမှု ကောင်းအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒိုပါမင်း ရဲ့ ကျေးကျွန်တွေလိုပါပဲ။

ဒါပေမဲ့ ဒိုပါမင်း က သိပ်ကောင်းလွန်းတာကြောင့် လိုချင်တမ်းတတာ များလာတဲ့ အခါ တခါတလေ ကျွန်တော်တို့ကို ဖျက်ဆီးရာ ရောက်နိုင်ပါတယ်။ တန်ဆေး လွန်ဘေး မဟုတ်လား။ ဒိုပါမင်းဟာ မဖြတ်နိုင်ပဲ စွဲနေမှုကို ဖြစ်စေတာမို့ ဖြတ်မရရင် အကူအညီယူပြီး ကုစားသင့်ပါတယ်။



၃) Serotonin စီရိုတိုနင်
လိင်ဆက်ဆံပြီး အထိတ်အထိပ် ရောက်တဲ့အခါမှာ ခန္ဓာကိုယ်က စီရိုတိုနင်ကို ထုတ်လွှတ်လိုက်ပါတယ်။ သူကတော့လိင်စိတ် ပိုတက်ကြွလာအောင် ပြုလုပ်ပေးတာတော့ မဟုတ်ပဲ လိင်စိတ်ကို ခဏ အနားပေးလိုက်သလို ပါပဲ။ ယောက်ျားတွေမှာ အထိတ်အထိပ်ရောက်ပြီးပြီးချင်း အင်္ဂါတောင့်တင်းမှုကို ခဏ တာဆီးထားတာလဲဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ လိင်ဆက်ဆံပြီးပြီးချင်းရရှိတဲ့ ပီတိစိတ်၊ တည်ငြိမ်မှု နှင့် စိတ်ရွင်လန်းမှုတို့ကို ရရှိအောင်ပြုလုပ်ပေးတာပါ။ သူဟာ အခြားလူသားတစ်ဦးနှင့် လက်တွဲရာမှနေ စိတ်ခံစား ပျော်ရွင်မှုတွေကို ပြုလုပ်ပေးပါတယ်။

ဒါပေမဲ့ စီရိုတိုနင်ကို မထုတ်တော့တဲ့အခါ စိတ်ဓာတ်ကျမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ချစ်သူနှင့် လမ်းကွဲတဲ့အခါ ဝမ်းနည်း၊ စိတ်ဆိုး အစရှိတဲ့ အသဲကွဲတဲ့ ခံစားမှုတွေကို ခံစားနေရတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချစ်သူနဲ့ အတူရှိနေစဥ်က စီရိုတိုနင်တွေ ပုံမုန်ထုတ်နေပြီးတော့ ကွဲသွားတဲ့ အခါ ဆက်မထုတ်တော့တာကို ခန္ဓာကိုယ်က အကျင့်မရသေးလို့ပါ။ အဲ့ဒါဆို သင် အသည်းကွဲပြီး ဝမ်းနည်းနေရင် တခြား သဘာဝအလျှောက် စီရိုတိုနင်ကို ရနိုင်တဲ့ နည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပါ၊ နေရောင်ခြည်ရရှိလုပ်ပါ၊ tryptophan များတဲ့ အစားအစာ (ဥပမာ အစေ့အစံ၊ ပဲနို့၊ ချိစ်၊ နှင့် အသားများ) ကို စားသုံးပါ။ ဒါဆို စီရိုတိုနင်ကို ပြန်မြှင့်တင်နိုင်မှာပါ။

၄) Oxytocin အောက်စီတိုစင်
အောက်စီတိုစင် ဆိုတဲ့ ဟော်မုန်းကတော့ လူသားချင်း ဆက်နွယ်မှု၊ အချစ် မေတ္တာနှင့် စာရိတ္တတို့ဖြင့် ပက်သက်သော ဇီဝ ဓာတုတစ်မျိုးပါ။ သူ့ကို အခြားလူတစ်နှင့် လွန်စွာရင်းနှီး ထိတွေ့တဲ့ အခါ (ဥပမာ ပြုစုတဲ့အခါ၊ ပွေ့ဖက်တဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါ) ထွက်လာတဲ့ ဟော်မုန်းပါ။ ယင်းဟာ စိတ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး သင့်ကို ကိုယ်ချင်းစာတတ်သူ၊ ဂရုစိုက်တတ်သူ နှင့် ကျင်နာတတ်သူတစ်ဦးဖြစ်အောင် ပြုလုပ်ပေးပါတယ်။

ဒါ့ကြောင့် သင်နဲ့ လက်တွဲ နေသူနှင့် ချစ်မိသွားတာ ဖြစ်နိုင်ပါတယ်။


၅) Vasopressin ဗက်ဆိုပရက်စင်
ဗက်ဆိုပရက်စင် ကတော့ တစ်လင်တစ်မယား မော်လီကြူးလို့လည်း ခေါ်ပါတယ်။ ယင်းဟာ လိင်ဟော်မုန်းတစ်မျိုးဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းနှင့် ရေရှည်လက်တွဲမှုကို ဖြစ်စေတဲ့ ဟော်မုန်းပါ။ တကယ်တော့ ဗက်ဆိုပရက်စင် အလုံအလောက်မထုတ်တဲ့ ယောက်ျား နှင့် မိန်းမတွေဟာ လူတွေနဲ့ လက်တွဲပေါင်းသင်းဖို့အတွက် သူ့တို့ စိတ်ဝင်စားမှု နှင့် အားရကျေနပ်မှု မရှိပါဘူး။
အဲ့ဒါကြောင့် သင်လိင်ဆက်ဆံနေတဲ့သူနဲ့ သင်က အလွန့်အလွန် ချစ်မိနေပြီး သူက သင့်ကို ရေရှည်လက်တွဲဖို့ စိတ်မဝင်စားဘူး ဆိုရင်၊ သင့်မှာတော့ ဘာပြဿနာမှ မရှိပါဘူး။ သူ့မှာ ဗက်ဆိုပရက်စင်နဲ့ ပက်သက်တဲ့ ဗီဇကြောင့် ဖြစ်နိုင်ပါတယ်။

၆) Estrogen အက်စရိုဂျင်
ပုံမုန်ဆိုလျှင် အက်စရိုဂျင်ဟာ မိန်းမဟော်မုန်းလို့ အသိများကြပါတယ်။ ယင်းဟာ အမျိုးသမီးတွေမှာ မခန္ဓာလက္ခဏာတွေ ဖွံဖြိုးလာအောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ သုတေသန အသစ်တွေမှာ သိပ္ပံပညာရှင်တွေက အက်စရိုဂျင်ဟာလည်း လိင်စိတ်ဖြစ်ပေါ်နှင့် အရေးပါသော ဟော်မုန်းတစ်ခုလို့ တွေ့ရှိလာပါတယ်။ လိင်စိတ်နည်းပါးတဲ့ ယောက်ျားတွေကို အရင်တုန်းက တက်စတိုစတီရုန်း တစ်ခုတည်းကို ထိုးပေးရာမှာ သိပ်ထိရောက်မှ မရှိလှပါဘူး။ ဒါပေမဲ့ အက်စရိုဂျင်ကိုပါ မုန်ကန်တဲ့ အချိုးအစ နှင့် ပေါင်းထိုးပေးရင်တော့ ပိုထိရောက်တာကို တွေ့ရှိရပါတယ်။

ကဲ... ကျန်းမာ ပျော်ရွင်ပြီး လက်တွဲဖော်နှင့် ဘဝ သက်ဆုံး ပေါင်းသင်းနိုင်ပါစေ။

0 comments

LGBT အားကစားသမားတွေ ပြောတဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်

ကျွန်တော်တို့ ယောက်ျားချင်းချစ်သူများထဲက အလှကြိုက်သူတွေဟာ လူတွေပြောကြတဲ့ လှပတယ်ဆိုတဲ့ ခန္ဓာကိုယ်မျိုးကို ရရှိဖို့ကို တမ်းတကြပါတယ်။ အတော်အများဟာ gym အားကစားရုံတွေမှာ အချိန်တွေ သုံးပြီးတော့ လေ့ကျင့်ခန်းတွေလုပ်ကာ တောင့်တင်းလှပတဲ့ ခန္ဓာကိုယ်ကို ရရှိအောင် ကြိုးပမ်းကြပါတယ်။

မီဒီယာတွေမှာ အများဆုံး ဖော်ပြလေ့ရှိတဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် (perfect body) ဆိုတဲ့ ပုံစံက လူဖြူယောက်ျားတွေရဲ့ အားကစားလုပ်ထားတဲ့ ရင်အုံဖြိုးမောက်ကာ လက်မောင်းတုတ်ခိုင်ပြီး ဗိုက်သားအဖုအထစ်များနှင့် တင်ပါးများ ပြည့်တင်းနေသော ခန္ဓာကို ဖော်ပြလေ့ရှိပါတယ်။ 
 
ဒါပေမဲ့ ကျွန်တော်တို့ လူတွေဟာ တစ်ဦးနှင့် တစ်ဦး မတူကြပါဘူး။ မျိုးရိုးဗီဇကွာသလို ခန္ဓာကိုယ်ဖွဲ့စည်းပုံ နှင့် ဇီဝဖြစ်ပျက်မှုတွေ လဲကွာခြားကြပါတယ်။ ဒါပေမဲ့ မီဒီယာတွေက ပုံသေဆွဲပြီး ဖော်ပြတာကြောင့် ကျွန်တော်တို့ လှတယ်ဆိုတဲ့ အမြင်ဟာ ဒီလိုဖြစ်မှပဲ လှတယ်လို့ မြင်လာပြီး အဲ့လိုပုံ မရရှိပါက မိမိကိုယ်မိမိ ယုံကြည်မှုကို သံသယရှိလာနိုင်ပါတယ်။

ဒါပေမဲ့ လှပတဲ့ ခန္ဓာကိုယ်ဆိုတာကို မြင်တဲ့ အမြင်တွေကို မတူကွဲပြားကြပါတယ်။

Buzzfeed ကပြုလုပ်တဲ့ ဒီဗီဒီယိုလေးက LGBT အားကစားသမားတွေကို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဟာ ဘယ်လိုပုံစံလို့ ထင်ပါသလဲဆိုပြီး မေးထားပါတယ်။ ဗီဒီယိုထဲက သူတို့ ဖြေထားတာကို ဘာသာပြန်ပြီး ဒီ ဘလော့မှာ ဖော်ပြလိုက်ပါတယ် ခင်ဗျာ။




“ဒီဟာက ခက်ခဲတဲ့ မေးခွန်းတစ်ခုပါပဲ။ အထူးသဖြင့် အားကစားပိုင်းမှာပေါ့”

Pat Manuel - လက်ဝေ့ကစားသမား

"ကျွန်တော့် အနေနှင့် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် ဆိုတာကို ကြားရင် ကျွန်တော့် ခေါင်းထဲဝင်လာတာက ဖိနှိပ်မှုရှိတယ်ဆိုတဲ့ အတွေးတစ်ခုပဲ။ ကျွန်တော်တို့ လူအသိုင်းအဝန်းမှာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာနှင့် ပက်သတ်တဲ့ စံနှုန်းတွေ သတ်မှတ်ထားတာရှိပြီး အဲ့ဒါတွေက အရမ်း သေးသိမ်ပါတယ်။"

"ကိုယ့်ရဲ့ ကျားမဖြစ်ပုံနှင့် စိတ်မချမ်းမြေ့ရုံတင်မက လူမဲယောကျ်ားတစ်ဦးအဖြစ် ခန္ဓာကိုယ်ဆိုင်ရာ အခက်အခဲတွေနဲ့ပက်သက်ပြီး ရုန်းကန်နေရတဲ့ လူတစ်ယောက်အနေနှင့်ပေါ့… ဘယ်လိုပြောမလဲ… ငယ်ငယ်တုန်းကဆို ရေးကူးသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်လိုမျိုး အရပ်ရှည်ပြီး ကျစ်လစ်တဲ့ ခန္ဓာမျိုးကို လိုချင်ခဲ့မိတာ… ဒါပေမဲ့ အဲ့ဒါက ကျွန်တော့် ခန္ဓာကိုယ် အမျိုးအစားမဟုတ်ဘူး။ "

"အထူးသဖြင့် အားကစားနည်းပြ တစ်ဦးအနေနှင့် (ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတဲအရာက) အလွန်မွန်းကျပ်စေပါတယ်။"

Robbie Rogers - ဘောလုံးသမား

"ကျွန်တော် စပြီးတွေးမိတာက ကျွန်တော်အားကစားလုပ်တဲ့ အချိန် အသင့်ဆုံး ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆီ၊ ကြွက်သား သိပ်သည်းမှုတွေ စသဖြင့်ပေါ့။"

"အဲ့တော့ ကျွန်တော်ကတော့ လူအတော်များ တွေးခေါ်ပုံနှင့် မတူတဲ့ အမြင်ရှိတာပေါ့။
လူတွေအတော်အများက ဗိုက်က အဖု၆လုံး (6 packs) နဲ့တို့ ဘာတို့ဘာတို့ပေါ့။ ကျွန်တော်ကတော့ အားကစားအတွက် လိုအပ်တဲ့ ၈ မိုင် ၉ မိုင်လောက်ကို ပြေးနိုင်နေသရွေ့တော့ ကိုယ့်ကိုယ်ကို ရေကူးဝတ်စုံဝတ်လိုက်လို့ ဘယ်လိုမျိုးပုံစံ ပေါ်လဲဆိုတာကို သိပ်ဂရုမစိုက်ဘူး။"

"အားကစား မလုပ်တဲ့ ရာသီမှာဆိုရင် ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ မနာကျင်တဲ့ ခန္ဓာကိုယ်။ သက်တောင့်သက်သာရှိပြီး အနားယူနေတဲ့ ခန္ဓာကိုယ်ပါ။ ဒါပေမဲ့ ကျွန်တော် လျှောက်လည်ထားသမျှကြောင့် ဖြစ်နေတဲ့ နေလှုံထားတဲ့အရောင် (ကြေးနီရောင်)လေးလဲ ပါမှာပေါ့။" 

Julie Shaw - ဘက်စကတ်ဘော နည်းပြ

"ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ သင် ကိုယ့်ကိုကိုယ် သက်တောင့်သက်သာ ရှိတဲ့ ခန္ဓာပါ။ နောက်ထပ်ဖြည့်ချင်တာက ကျန်းမာတာ။ သင့်အတွက် ကျန်းမာတဲ့ ခန္ဓာကိုယ် ပေါ့။"

"ပြီးပြည့်စုံတယ်ဆိုတာ ကျွန်မ အမြင်မှာတော့ အချိန်နှင့်အချိန် မရနိုင်ပါဘူး။ အထူးသဖြင့် သင်ရဲ့ ကျန်းမာရေး နှင့် ခန္ဓာ အကြောင်းကို ပြောမယ်ဆိုရင် ပြီးတော့ အမျိုးသမီးနှင့် အားကစားနှင့်ပက်သက်ပြီး လုပ်ရမယ်ဆိုရင် အဲ့လို (ပြီးပြည့်စုံတယ်ဆိုတာကို) ပြောတာက ဖိစီးမှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။" 

"ဘာလို့လဲဆိုတော့ ကျွန်မအမြင်က ကျွန်မတို့အားလုံးက ကိုယ့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရပါမယ် ပြီးတော့ ကိုယ့်အတွက် ဘာက ကောင်းတယ်၊ ဘာက ကျန်းမာစေတယ်ဆိုကို သိရပါမယ်။ ကျန်းမာရမယ် ဆိုတဲ့အပိုင်းက အရမ်းရမ်းကို အရေးကြီးတယ်လို့ ထင်ပါတယ်။" 

Lypheng Kim – USC Dragon Boat

"ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ လူမျိုးစွဲကြီးနဲ့ လာတာလည်း ပါပါတယ်။ ဘာလို့ ကမ္ဘာကြီးက လူဖြူတွေရဲ့ ပြီးပြည့်စုံတဲ့ ရုပ်သွင်ကို မြတ်နိုးကိုးကွယ်နေရတာလဲပေါ့။"

"ကျွန်တော့် တဘဝလုံး ပိန်ပြီးတော့ပဲ ကြီးပြင်းလာခဲ့တယ်။ တကယ့်စိတ်ထဲမှာတော့ အဲ့လောက် မပိန်ရင်ကောင်းမှာပဲလို့ ဆုတောင်းခဲ့မိတယ်။ အဲ့လောက်မြန်တဲ့ ဇီဝတွင်းဖြစ်ပျက်မှု (metabolism) မရှိရင်ကောင်းမှာပဲပေါ့။ "

"ဒါပေါ့… ကျွန်တော်ကိုယ့်ကိုယ်ကို ကျွန်တော့် ခန္ဓာ၊ ပြီးတော့ ကျွန်တော့် ဘယ်သူလဲဆိုတာနှင့် ပက်သက်လို့ အကောင်းဆုံးလို့ မထင်ခဲ့တဲ့ အချိန်တွေလည်းရှိခဲတာပေါ့။ ဒါပေမဲ့ ကျွန်တော်ကိုယ့်ကိုယ်ကို ဒီဟာက ကျွန်တော်ရရှိထားတဲ့ အရာတွေပဲဆိုတာကို လက်ခံပေးရဖို့ပါ။ အဲဒီတော့ ကျွန်တော်အနေနှင့် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာက ကျွန်တော့် အရှိ အရှိအတိုင်းပါ။ ကျွန်တော်ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပြီး ဒီလိုပုံစံကိုပဲ မြတ်နိုးမယ် ဆိုတဲ့ပုံစံမျိုးပဲ ဖြစ်သင့်တာပါ။
0 comments

သင့်တင်ပါးနှင့် ပက်သက်ပြီး သိထားရမယ့် အချက်တွေ

ကျွန်တော်တို့ ဂေးယောက်ျားများအဖို့ တင်ပါးက ခန္ဓာကိုယ်ရဲ့ အကြိုက်ဆုံး အပိုင်းထဲကတစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူးနော်။ ဘာ့ကြောင့် လဲဆိုတာတော့ အထူးရှင်းပြစရာတော့ မလိုတော့ဘူးပေါ့။

ဒီတော့ ကိုယ့်ခန္ဓာရဲ့ အကြိုက်ဆုံး အပိုင်းလေးရဲ့ အကြောင်းကို ကောင်းကောင်းသိထားတော့ ကိုယ့်ကျန်းမာရေးအတွက် မလိုလားအပ်တဲ့အဖြစ်တွေကို ရှောင်ရှားလို့ရပြီး ကျန်းမာပျော်ရွင်တဲ့ တင်ပါးလေး ရတာပေါ့။


အဲတော့ တင်ပါးကြိုက်တဲ့ အမောင်တို့အားလုံး ဂရုပြုရမယ့် အချက်တွေကို မှတ်သားထားပါလော့။ ဟုတ်တယ်… ဟို top only ဆိုတဲ့ အကိုတော်တွေ - ခင်ဗျားတို့ကို ရည်ရွယ်ပြီး ပြောနေတာ။ အသေအချာ ဖတ်ပါ။


ကျွန်တော်တို့ ယောက်ျားချင်းချစ်သူတွေအဖို့ စအိုနှင့် လိင်ဆက်ဆံခြင်းဟာ မှန်ကန်စွာပြုလုပ်လျှင် နှစ်လို့ဖွယ်ရာ ခံစားမှုတွေ ပေးနိုင်ပါတယ်။ အဲ့လိုကောင်းမွန်တဲ့ အတွေ့အကြုံတွေရရှိဖို့ ကိုယ့်ရဲ့တင်ပါးက ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို သိထားဖို့တော့ လိုပါမယ်။

သင့် စအိုဝမှာရှိတဲ့ (sphincter) ရှုံ့ဆန့် ကြွက်သားတွေဟာ ခန္ဓာကိုယ်ထဲက အရာတွေရဲ့ အထွက်ကို ထိန်းချုပ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲအဝင်လည်း ပါတာပေါ့။ ဒီရှုံ့ဆန့် ကြွက်သားတွေဟာ အာရုံကြောတွေ အများကြီးရှိပြီး သူတို့ဟာ သာယာမှုနှင့်နာကျင်မှု နှစ်မျိုးစလုံးရဲ့ အရင်းမြစ် ဖြစ်ပါတယ်။

လိင်ဆက်ဆံရာမှာ စတင်ထိုးသွင်းတဲ့အချိန် နာကျင်တယ်ဆိုတာ ရှုံ့ဆန့် ကြွက်သားတွေအပေါ် ပွတ်တိုက်မှုနှင့် နှိပ်ဖိမှုတို့ကြောင့် ဖြစ်ပါတယ်။ အကယ်၍ မိမိ ကြွက်သားတွေကို တင်းမထားပဲ ဘယ်လို လျှော့ချရမယ်ဆိုတာကို သိနိုင်ရင် လွယ်ကူတဲ့ ခံစားမှု ဖြစ်လာမှာပါ။ သင့်ဦးနှောက်က ခန္ဓကိုယ်ထဲကို ပြင်ပအရာတစ်ခုဝင်လာတဲ့အခါ ကြွက်သားတွေကို ကျုံ့ပြီး ငြင်းပယ်တယ်ဆိုတာက သဘာဝပါ။ ဒါကို တဖြည်းဖြည်းနှင့် အလိုက်သင့်ဖြစ်အောင် အလေ့အကျင့်ရယူပြီး သင့်ဦးနှောက်ကို ဝင်လာတာဟာ လက်ခံလို့ရတယ်လို့ ပြောနိုင်ရင် တင်းကြပ်မှုတွေ တဖြည်းဖြည်း လျော့ကျသွားမှာပါ။

အဲ့လိုမျိုးရနိုင်ဖို့ ဒီနေရာမှာ စိတ်ရှည်သီးခံမှုက အလွန်အရေးကြီးတဲ့ အရာပါ။ အထူးသဖြင့် ပထမဦးဆုံး အကြိမ်ဆိုရင် တစ်ဦးနဲ့တစ်ဦး နားလည်မှု တည်ဆောက်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကို စဝင်လာတဲ့ အရာနဲ့ ၄င်းက ပေးတဲ့ ဖိအားကို အသားကျအောင် ပထမခံစားကြည့်ရပါမယ်။ နာနေသေးရင် ရှေ့ဆက်မတိုးပဲ အဲ့နားမှာ ခဏစောင့်ပြီး ကြွက်သားတွေ သက်တောင့်သက်သာဖြစ်အောင် လေ့ကျင့်ယူရပါမယ်။ အဲ့လိုနဲ့ တဖြေးဖြေး ရှေ့ဆက်တိုးနိုင်ပါတယ်။ ဒီအချိန်မှာ ကြမ်းတမ်းစွာ ဖိမယ်၊ ပွတ်မယ်၊ အတင်းထိုးသွင်းမယ် ဆိုရင် နာကျင်မှုပဲ ဖြစ်ပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ စအိုကြွက်သားတွေက သက်တောင့်သက်သာရှိရှိ လက်ခံလာနိုင်ပြီဆိုမှသာ လှုပ်ရှားသင့်ပါတယ်။ အဲ့ဒါမှ လိင်ဆက်ဆံမှုကနေ နာကျင်မှု မဖြစ်ပေါ်ပဲ နှစ်လို့ဖွယ်ရာ ခံစားမှုကို ရနိုင်ပါမယ်။ တစ်ဦးက သက်သောင့်သက်သာ မဖြစ်သေးသရွေ့ အတင်းအကြပ် ရှေ့ဆက်တိုးရင် နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံကို မရနိုင်ပါဘူး။ နာကြင်မှုပဲ ဖြစ်လာမှာပါ။

အထူးသဖြင့် ပထမအကြိမ်မှာ မအောင်မြင်ဘူးဆိုရင် ခဏရပ်နားပြီး နောက်တစ်ကြိမ် ပြန်ကျိုးစားပြီး တဖြည်းဖြည်း လေ့ကျင့်ယူနိုင်ပါတယ်။ အတွေ့အကြုံရှိပြီးသားသူတွေတောင်မှ ထိုးသွင်းသူဟာ ကိုယ်အသားကျပြီးသားသူ မဟုတ်ပဲ အရွယ်အစားပိုကြီးပြီး ပုံသဏ္ဍာန်မတူတော့ရင် ပြန်ကျင့်သားရယူဖို့ အချိန်အနည်းငယ်တော့ ပေးရပါမယ်။

အဲ့လိုမှ မဟုတ်ပဲ၊ စိတ်မရှည်ပဲ အတင်းအကြပ် ထိုးသွင်းမယ်ဆိုရင် ကြွက်သားတွေ ကွဲပြဲတာတွေ ဖြစ်နိုင်ပါတယ်။ အဲ့ဒီအနာတွေဖြစ်ပြီး သွေးထွက်ရာကနေ ရောဂါပိုးတွေဟာ အလွယ်တကူ ဝင်လာနိုင်ပါတယ်။ အထူးသဖြင့် အဲ့ဒီအနာဖြစ်သွေးထွက်ခဲ့ရင် HIV ပိုးတွေ လွယ်လွယ်လေးဝင်နိုင်လို့ အန္တရာယ်အရမ်းများပါတယ်။

အဲ့တော့ အတင်းအကြပ်လုပ်မယ့် သူဆိုရင်တော့ သင့်ကို မထိုက်တန်တဲ့သူဖြစ်တဲ့အတွက် သူ့ကို taxi ငှားပေးပြီး အိမ်ပြန်ခိုင်းလိုက်ပါတော့။


နောက်တစ်ခု အရေးကြီးဆုံးက စအိုဆိုတာ သဘာဝအလျောက် ချောမွေ့စေတဲ့ အဆီတွေ မထွက်ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါ ပွတ်တိုက်မှုတွေ လျှော့ချဖို့ ချောဆီ (lube) လုံလုံလောက်လောက် သုံးကိုသုံးဖို့ အရေးကြီးပါတယ်။ တံတွေးနဲ့ဆိုတာ မလုံလောက်ပါဘူး။ အထူးသဖြင့် ကွန်ဒုံးနဲ့ တံတွေးပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြဲနိုင်ပါတယ်။ ကွန်ဒုံးနဲ့ ဆီလျော်တဲ့ ချောဆီကို အသုံးပြုရပါမယ်။

အဲ့တော့ လိင်ရုပ်ရှင်ထဲက မင်းသားတွေကိုကြည့်ရတာ သူတို့အတွက် အလွယ်တကူဆိုပေမဲ့ သင်အဲ့ဒီလို လိုက်လုပ်နိုင်ရမယ်လို့ မဆိုလိုပါ။ လူတစ်ဦးနှင့်တစ်ဦး မတူသလို သူတို့ဟာ သရုပ်ဆောင်တွေပါ။ အဲ့ဒီ ရုပ်ရှင်မရိုက်ခင်မှာ သူတို့ ဘယ်နှနာရီလောက် လေ့ကျင့်ခဲ့ရတယ်ဆိုတာ သင်သိမှာ မဟုတ်ပါဘူး။

အဓိကကတော့ သင့်ရဲ့  ရှုံ့ဆန့် ကြွက်သား(sphincter)တွေကို အလေးထားပါ။

နာကျင်တယ်ဆိုတာ ခန္ဓာကိုယ်က တစ်ခုခုမှားနေပြီဆိုတာကို အချက်ပြနေတာ ဖြစ်ပါတယ်။ စအိုနှင့် လိင်ဆက်ဆံတဲ့ အစပိုင်းမှာ ဘယ်လိုလျှော့ထားရမလဲဆိုတာကို အလေ့အကျင့် မဖြစ်သေးခင်မှာ နာနိုင်ပေမဲ့၊ အဲ့ဒီအနာ ပျောက်မသွားဘူးဆိုရင် လစ်လျူရှုထားလို့ မရပါဘူး။ သင်ချစ်ရတဲ့ ကိုကိုက ဆက်လုပ်ချင်တယ်လို့ ဘယ်လောက်ပြောပြော နာကျင်နေတာကို ဂရုမစိုက်လို့ မရပါဘူး။ ချစ်သူက တစ်ရက်ရက် ထားခဲ့ရင်ထားခဲ့မယ် သင့်တင်ပါးက သင်နဲ့ တစ်သက်လုံး စခန်းသွားမယ့် ငယ်ချင်းဆွေပါ။ သူ အနာတရ ဖြစ်သွားရင် သင် ဒုက္ခများပါလိမ့်မယ်။

နောက်ဆုံးတစ်ခုက ဆော့ကစားရင်းနဲ့ အထဲကို အရုပ်တွေဝင်သွားရင် ဆေးရုံကိုသာ အမြန်ပြေးပါတော့။ (မထင်နဲ့နော် အခုခေတ် အချို့ဂေးကောင်လေးတွေ လက်ကမြင်းပုံများ ဖြစ်တတ်တယ် ဟိဟိ)။ ကိုယ့်ဟာကိုယ် ကြိတ်မှိတ်ထုတ်လို့ ဒါဏ်ရာရပြီး တစ်သက်လုံး နောင်တရမယ့်အစား ဆရာဝန်ဆီကို အရှက်တကွဲ အကြိုးနည်းခံပြီး ပြေးလိုက်တာက ပိုတန်ပါတယ်။ ဖြစ်နိုင်ရင် ဆရာဝန်ကို အိမ်ခေါ်လိုက်ပေါ့။


Bottom တိုင်းက bottom ဖြစ်ဖို့ မရည်ရွယ်ပါဘူး။

လူတစ်ယောက်နှင့် တစ်ယောက်မတူနိုင်ပါဘူးလို့ ပြောရင် ခန္ဓာအတွင်းပိုင်း တည်ဆောက်မှုတွေ မတူဘူးဆိုတာလည်း ပါပါတယ်။ လူတစ်ယောက်နှင့်တစ်ယောက်စီမှာ ရှုံ့ဆန့် ကြွက်သားတွေရဲ့ ကျန်းခံ့သန်စွမ်းမှုတွေ မတူပါဘူး။ ကျွန်တော်တို့ထဲက တစ်ယောက်တစ်လေဟာ ဘယ်လောက်ပဲ စိတ်အားထက်သန်ပစေ သေးငယ်တဲ့ အရာလေးတွေကအစ သက်တောင့်သက်သာနဲ့ ဆန့်ဝင်ဖို့ လက်ခံလို့ မရနိုင်တာရှိပါတယ်။ ထိုးသွင်းတဲ့အခါ အဆက်မပြတ်နာတာမျိုးရှိနေပြီးတော့ အဲ့ဒါတွေက အာရုံကြောကြောင့်မဟုတ်ပဲ ကြွက်သားကြောင့်ဖြစ်နေရင် သင် bottom (လက်ခံသူ) ဘဝကနေ ပင်ဆင်ယူဖို့ စဉ်းစားသင့်ပါပြီ။

ရှုံ့ဆန့် ကြွက်သားတွေကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင် လိင်တံရုပ်သေးသေးတစ်ခု ထည့်ပြီး စမ်းကြည့်ပြီးမှ တဖြည်းဖြည်း အရွယ်အစား ထပ်ကြီးထည့်ကြည့်ပါ။ အားကစားလုပ် သလိုပါပဲ။ ၂၅ ပေါင်အလေးတုံးကို မ မခင် ၁၀ ပေါင်အလေးတုံးနှင့် စပြီး မသလိုပေါ့။ ထပ်ပြီးမသေချာသေးရင်တော့ သင်ရဲ့ အချစ်လှိုင်ခေါင်းကို ပျက်ဆီးအောင် တစ်ခုခုမလုပ်မိခင်မှာ နားလည်ပေးနိုင်မယ့် ဆရာဝန်နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါ။

တစ်ခုထပ်မှာချင်တာက တကယ်လို့ အလေ့အကျင့်ရအောင် လက်ချောင်းလေးတွေထည့်ပြီး ပြင်ဆင်မယ်ဆိုရင် ထည့်မယ့်လက်ချောင်းတွေ လက်သည်းညှပ်ထားဖို့လိုပါမယ်။ ကိုယ်ကိုယ်တိုင်ပဲထည့်ထည့် ချစ်သူကပဲ သူမထိုးသွင်းခင်ပဲ လက်နဲ့ ပြင်ဆင်ပေးတာမျိုးလုပ်လုပ် လက်သည်းတွေဟာ နူးညံ့တဲ့ စအိုအတွင်းသားတွေကို ပေါက်ပြဲစေနိုင်တာမို့ ရောဂါများဝင်လာနိုင်ရန် အန္တရာယ်ရှိပါတယ်။ ဖြစ်နိုင်ရင် လက်မှာ ကွန်ဒုံးစွတ်ပါက အကောင်းဆုံးပါ။ နာကျင်မှု မရှိစေဖို့ ချောဆီသုံးရန်လည်း တိုက်တွန်းပါတယ်။

အမျှင် (fibre) က သင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ။

အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေတဲ့ Fibre က ဝမ်းမမှန်တော့တဲ့ အသက်ကြီး ပုဂ္ဂိုလ်တွေနှင့်ပဲ ဆိုင်တာမဟုတ်ပါဘူး။ Fibre ရဲ့အကျိုးကျေးဇူးက အူလမ်းကြောင်း ကင်ဆာကို ကာကွယ်ပေးတာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ Fibre က စအိုထဲမှာ ရောဂါကူးစေမယ့် အကြွင်းအကျန်တွေ နှင့် အခြား အညစ်အကြေးတွေကို ရှင်းလင်းပေးပါတယ်။ အမြဲတမ်း အဆင်သင့်ဖြစ်နေချင်တဲ့ bottomတွေအတွက် Fibre ရဲ့ ဝမ်းမှန်စေတဲ့ ကောင်းကျိုးတွေကိုတော့ အထူးပြောစရာ မလိုတော့ဘူးပေါ့။ သင့်ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက ကျန်းမာနေသရွေ့ သင်အတွက် တင်ပါးနဲ့ လိင်ဆက်ဆံမှုကို ကောင်းမွန်မှာပါ။ ဝမ်းမကောင်းနဲ့နေ့ ဝမ်းအခြေအနေ မသာယာတဲ့နေ့တွေမှာ နှစ်ယောက်လုံး စိတ်ပျက်စရာတွေ မဖြစ်အောင် ကိုကိုနဲ့ အချစ်လှိုင်ခေါင်းထဲ နှစ်ပါးသွားတာ ရှောင်သင့်ပါတယ်။ အဓိကကတော့ သင့်အနေနဲ့ ပျော်ရွင်ကျန်းမာတဲ့ ဘော်တွမ် ကောင်းကောင်းဖြစ်ချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အသီးအနှံကို စားသုံးပြီး သင့်တင်ပါးလေးကို အကောင်းမွန်အောင် ထိမ်းသိမ်းပေးဖို့ပါပဲ။ အဲ့ဒါမှသာ မျက်နှာပျက်စရာ ကိစ္စတွေ နဲနိုင်သမျှနဲအောင် ပြုလုပ်နိုင်မှာပါ။

ဒါနဲ့ စကားမစပ် အားကစားရုံမှာ မတော်မတရား အလေးတုံးတွေနဲ့ ထ၊ထိုင်လုပ်ပြီး လိပ်ခေါင်းထွက်ကုန်တဲ့ ကိုကိုတွေအတွက်လည်း Fibre က လိပ်ခေါင်းကို သက်သာစေပါတယ်နော် ဟိဟိ။

အသီးအရွက်တွေ နှင့် သစ်သီးတွေမှာ Fibre ကောင်းကောင်း ပါ ပါတယ်။ ဂျုံကြမ်း ဆန်ကြမ်းတွေနှင့် အစေ့အစံတွေကို စားပေးပါကလည်း ပိုကောင်းပါတယ်။

စအိုကင်ဆာက ကျွန်တော်တို့ ဂေးယောက်ျားတွေအတွက် ရန်သူကြီးပါ။

ဂေးယောက်ျားတွေမှာ စအိုကင်ဆာဖြစ်ဖို့ အန္တရာယ်များပါတယ်။ အကယ်၍ HIV ပိုးရှိခဲ့ရင် အဆ ၁၀၀ ပို အန္တရာယ်များပါတယ်။ စအိုမှာ တစ်ခါတစ်ရံ ယားယံတာ၊ အဖုပေါက်တာ၊ အောင့်နာတာတွေ နှင့် သွေးအနည်းငယ်ပါတာက သိပ်စိုးရိမ်စရာ မရှိပဲ ဆေးလိမ်းဆေးသောက်လိုက်လို့ ပျောက်သွားရင် ပျေက်သွားပါမယ်။ ဒါပေမဲ့ မသက်သာပဲ ဆက်ကြာရှည်နေရင်တော့ ဆေးစစ်သင့်ပါပြီ။ ကင်ဆာဆိုတာ တစ်ခါတည်း အကြီးကြီးကစဖြစ်တာမျိုး မဟုတ်ပါဘူး။ သေးသေးလေးကနေစတဲ့ အတွက် အသိစောခဲ့လျှင် ဆေးမှီနိုင်ပါတယ်။ အဲ့လိုမဟုတ်ပဲ လစ်လျှူရှုထားမှာသာ ဆိုးရွားလာတာပါ။

စအိုကင်ဆင်ဖြစ်စေတဲ့ အဓိက တရားခံကတော့ Human Papilloma Virus (HPV) ဆိုတဲ့ ပိုးပါ။ လိင်မှတဆင်းကူးဆက်တဲ့ ရောဂါတွေထဲမှာ အကူးလွယ်ဆုံး ပိုးပါ။ လူတွေ အတော်အများမှာ ရှိနေပြီး ရောဂါ လက္ခဏာတွေလည်း မပြလို့ ရှိလို့ရှိမှန်းလည်း မသိကြပါဘူး။ HPV ပိုးအုပ်စုတွေဟာ အရေပြားချင်း ထိရုံနှင့် ကူးစက်နိုင်ပါတယ်။ အချို့ ပိုးအမျိုးအစားများကတော့ ရှိလို့ရှိမှန်းမသိလိုက်ပဲ သူ့ဘာသာ ကိုယ်ခံအားစနစ်ကြောင့် ပြန်ပျောက်သွားပေမယ့် အချို့ အမျိုးအစားတွေက ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံဖော်အရမ်းများတဲ့ ဂေးယောက်ျားတွေအဖို့ ဆေးပုံမှန် စစ်သင့်သလို အနည်းဆုံး ၃ နှစ် ၁ခါ စအိုကင်ဆာကိုလည်း အမြဲသတိထား စစ်သင့်ပါတယ်။

သင်အသက်၅၀ကျော်ပါက သင့် တင်ပါး နယ်မြေအကုန်လုံးကို ဆေးစစ်သင့်ပါတယ်။ အထူးသဖြင့် HIV ပိုးရှိလျှင် အသက်၄၀ ကတည်းက စစ်သင့်ပါတယ်။

0 comments

ယောက်ျားပီသပြီး လှတဲ့အလှဆိုတာကို ကမ္ဘာအရပ်ရပ်က မြင်တဲ့အမြင်

Buzzfeed Website က နိုင်ငံ ၁၂ နိုင်ငံက မော်ဒယ်တွေ နှင့် သူတို့နိုင်ငံအသီးသီးမှာ ယောက်ျားပီသတယ်ဆိုတာနှင့်ပက်သက်တဲ့ အမြင်တွေ ဘယ်လိုကွာခြားလဲဆိုတာကို တင်ပြထားပါတယ်။

မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေ၊ ကြေညာတွေ၊ ဇာတ်လမ်းတွဲတွေလိုနေရာမျိုးတွေမှာ အလှဆုံးလို့သတ်မှတ်ထားတဲ့ အသွင်အပြင်နဲ့ ယောက်ျားတွေကို အာရုံစိုက် ဖော်ပြနေပါတယ်။

အခုခေတ်မှာ ကိုယ်ခန္ဓာကိုယ်အလှက မော်ဒယ်တွေလိုစံနှုံးရှိတဲ့ ပုံမျိုးကိုလိုက်မမှီလို့ ကိုယ့်ခန္ဓာကိုယ်ကို အဆိုးမြင်တာက အမျိုးသမီးတွေမှာ ဖြစ်တာတင်မကတော့ပဲ အမျိုးသားတွေမှာပါ ဖြစ်ပေါ်မှုတွေ မြင့်တက်လာပါ။ အလှဆုံး ရုပ်သ္ဌာန်လို့ လူအများ သတ်မှတ်ထားတဲ့ အချိုးအစားတွေကို ကိုယ်က မရတဲ့အခါ ဒီလို ခန္ဓာ၊ ဒီလို အသားအရောင်၊ ဒီလို ရုပ်မျိုး မရှိလို့ဆိုပြီး ကိုယ့်ကိုယ်ကို ဖိအားတွေရလာပါတယ်။ Mass media ကြောင့် ဒီအလှဆုံးပုံဆိုတဲ့ လက္ခာတွေအပေါ်မှာ ပူပင်မှုတွေက အထူးသဖြင့် လူငယ်တွေအပါအဝင် ယောက်ျားတွေအားလုံးနီးပါး အပေါ် သက်ရောက်နေပါတယ်။ ယောက်ျားအလှကုန် စျေးကွက်ကလည်း ၂၀၁၂ နှင့် ၂၀၁၄ ၂ နှစ်အတွင်းမှာ ရ၀% မြင့်တက်လာပါတယ်။ တကမ္ဘာလုံးမှာ ယောက်ျား skincare ရောင်းအားက ၂၀၁၃ မှာ ဒေါ်လာသန်း၃ထောင် ရှိပါတယ်။ 

အဲ့ဒါကြောင့် ယောက်ျားတွေက မိမိကိုယ်ကို ဘယ်လိုပုံရှိတယ်ဆိုတာကို ပူပန်နေရပြီး အဲဒါအပေါ်မူတည်၍ ကိုယ့်ကိုယ်ကိုအပေါ်မြင်ပုံကို ထိခိုက်လာပါတယ်။ Buzzfeed Website က ဒီဗီဒီယိုမှာ ဖျော်ဖြေရေးကဏ္ဍနှင့် ဆိုရှယ်မီဒီယာမှာ အများကြိုက် ယဉ်ကျေးမှုက ကျွန်တော်တို့ ယောက်ျားအလှဆိုတာကို မြင်ပုံကို ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ပြပါတယ်။



၁) အမေရိကန်
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Chris Evans, Channing Tatum, Chris Pratt
- နိုင်ငံတကာမှာ အမေရိကန်က ဘို(လူဖြူ )ယောက်ျားတွေက တခြား နိုင်ငံတကာမှာ ယောက်ျားအလှကို သတ်မှတ်ပုံမှာ လွမ်းမိုးထားပါတယ်။
- အသားစိုင်တွေ နှင့် တောင့်တင်းပြီး မုတ်ဆိတ်ရှိကာ လူဖြူ ဖြစ်ပါက ယောကျာ်းပီသပါတယ်လို့ သတ်မှတ်ပါတယ်။
- V ပုံသ္ဌာန်ခန္ဓာကိုယ်က လှတယ်လို့ သတ်မှတ်ပါတယ်။
- အကွက်ဆင်ပါတဲ့ အင်္ကျီဝတ်ပြီး မုတ်ဆိတ်ပါတာက ယောက်ျားပီသတယ်ဆိုပြီး အခုလတ်တလောမှာ ခေတ်စားလာပါတယ်။
- ၂၀၁၃ ခုနှစ်က Hollywood ရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသား ၈၃%က လူဖြူ ယောက်ျားတွေပါ။

၂ ) မက္ကဆီကို


- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက David Zepeda, Erick Elías, Gael García Bernal
- သူတို့နိုင်ငံမှာ မက္ကဆီကို ယဉ်ကျေးမှုပုံစံနေသူတွေက ယောက်ျားမာန်ဖီတဲ့ အပြုအမူကို ပိုတန်ဖိုးထားပါတယ်။ သူ့ရဲ့ဆန့်ကျင်ဘက်ကတော့ မွန်မွန်ရည်ရည်ရှိတဲ့ ယောက်ျားအမျိုးအစားပါ။
- မက္ကဆီကိုက စိတ်ကြီးတဲ့ နေထိုင်ပုံစရိုက်ရှိတဲ့ ယောက်ျားတွေရှိတဲ့နိုင်ငံထဲမှာ ကမ္ဘာပေါ်မှာ ဒုတိယပါ။ (ပထမက ဗင်နီဇွဲလားပါ)။

၃) ဘရာဇီး
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Rodrigo Santoro, Bruno Gagliasso, Cauã Reymond
- ဘရာဇီးမှာ ၄၇.၇% က လူဖြူ ၊ ရ.၆ % က လူမည်း၊ ၄၃.၁%က ကပြားအစပ်ဖြစ်ပါတယ်။
- ဆင်းရဲချမ်းသာ အရမ်းကွာဟပြီး လူဖြူတွေက လူမည်းထက်ပို အရေးပါတယ်လို့ သတ်မှတ်ပါတယ်။
- ဂျာမန် အစပ်ဖြစ်ပြီး ကြေးနီရောင် (နေလောင်ထားတဲ့) အသားအရည်ရှိပါက အချောဆုံးလို့ သတ်မှတ်ပါတယ်။
- မျက်နှာခွဲစိတ်ပြုပြင်တာက ယောက်ျားတွေအကြားမှာ ခေတ်စားပါတယ်။
- ကြွက်သားတွေ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ကိုမှ ယောက်ျားပီသတယ် သတ်မှတ်ပါတယ်။

၄ ) တောင်အာဖရိက
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Dean Geyer, Devin Paisley
- သူတို့ နိုင်ငံမှာ မီဒီယာတိုက်ကို ပိုင်တဲ့လူပေါ်မှာ မူတည်ပြီး ဖော်ပြမှုက ကွာပါတယ်။ လူဦးရေ ရ၀% ကျော်က လူမည်းတွေဖြစ်ပေမယ့် လူဖြူ တွေက ၀င်ငွေကောင်းပြီးနေရာရတဲ့အတွက် မီဒီယာကို လူဖြူတွေက အုပ်စိုးထားပါတယ်။
-  Men’s Health South Africa နဲ့ GQ South Africa မျက်နှာဖုံးတွေမှာ ရ၀% က လူဖြူ ယောက်ျားတွေပါ။
- လူဖြူ  နှင့် အာဖရိကန် ယောက်ျားတွေရဲ့ အလှကို သတ်မှတ်တဲ့ အခါမှာ အာဖရိကန်တွေက ပိန်တယ်လို့ သတ်မှတ်ပါတယ်။
- လေ့လာမှုတွေအရ အာဖရိကန်တွေကပါ အနောက်တိုင်းယဉ်ကျေးမှုရဲ့ ယောက်ျားအလှသတ်မှတ်ပုံတွေကို လိုက်စားလာတယ်လို့ ဖော်ပြပါတယ်။
- အသားဖြူ လိမ်းဆေးတွေက သူတို့နိုင်ငံမှာ အလွန်ခေတ်စားပါတယ်။

၅ ) နိုင်ဂျီးရီးယား
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက D’banj, David Agbodiji, Iyanya
- နိုင်ဂျီးရီးယား ရိုးရာယဉ်ကျေးမှုအရ ကြံ့ခိုင်မှု နှင့် အားကောင်းမောင်းသန်မှုကို ယောက်ျားပီသတယ်လို့ သတ်မှတ်ပါတယ်။ သူတို့ ရိုးရာမှာ ယောက်ျားပီသာခြင်းက မိန်းမတွေထက်တပန်းသာတယ်လို့ ဆိုပါတယ်။
- နိုင်ဂျီးရီးယား ရိုးရာယဉ်ကျေးမှုမှာ ယောက်ျားပီသစေတဲ့ အဓိက လက္ခဏာတွေက ခန္ဓာသန်စွမ်းမှု၊ ရဲရင့်မှု၊ ကာကွယ်လိုစိတ်ရှိမှု၊ ခိုင်ခိုင်မာမာ ပြုမူပြောဆိုမှု၊ သန်မာသွက်လက်မှု နှင့် ခံစားချက်ကင်းမဲ့မှုတို့ ဖြစ်ပါတယ်။

၆ ) တူရကီ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Tolgahan Sayisman, Kıvanç Tatlıtuğ, Burak Özçivit
- တူရကီ ဇာတ်လမ်းတွဲက အာရပ်နိုင်ငံတွေမှာ အလွန်ရေပန်းစားပါတယ်။
- သူတို့ဇာတ်လမ်းတွဲတွေက အနောက်တိုင်း ယဉ်ကျေးမှု နေထိုင်ပုံကို အစ္စလမ် အစဉ်အလာတွေနှင့် နောက်ခံထားပြီး ပြုလုပ်ထားတာပါ။
- ရိုးရာအရ ယောက်ျားပီသပုံကို ဖော်ပြမှုဟာ ကြည်နှုးဖွယ်ရှိသော၊ စာနာတတ်သော၊ နူးညံံ့သော၊ ဦးဆောင်တတ်သော အပြုအမူရှိတဲ့ ယောက်ျားပုံစံကို တဖြည်းဖြည်း ကူးပြောင်းလာပါတယ်။
- အမွေးရိတ်တဲ့ ယောက်ျားအလှပြင်လုပ်ငန်းတွေက လူကြိုက်များပါတယ်။ လေ့လာမှုအရ အမျိုးသမီးတွေက ရင်ဘတ်မွေးမရှိတဲ့ ယောက်ျားတွေကို ပိုသဘောကျတယ်လို့ ပြောပါတယ်။

၇ ) အီတလီ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Raoul Bova, Claudio Marchisio, Giulio Berruti
- အီတလီက ကမ္ဘာမှာ ယောက်ျားဖက်ရှင်နဲ့ ပက်သက်ရင် ထိပ်တန်းမှာရှိပါတယ်။ ယောက်ျားတွေက သေချာအသေးစိတ် ချုပ်ထားတဲ့ အင်္ကျီဝတ်စုံတွေကို ၀တ်လေ့ရှိပါတယ်။ ခြေအိတ်မလိုတဲ့ ခြေစွတ်ဖိနပ် နှင့် အကျအိတ်ထဲမှာ လက်ကိုင်ပဝါထည့်ဝတ်တဲ့ပုံစံလိုမျိုး အသေးစိတ် ဟန်ထုတ်ဝတ်တာ များပါတယ်။ တီရှပ်ဝတ်တာနည်းပါတယ်။
- အရောင်တောက်လွင်တဲ့ အင်္ကျီတွေဝတ်ဖို့လည်း ၀န်မလေးပါဘူး။ အထူးသဖြင့် မိန်းမဆန်တယ်ဆိုတဲ့ အရောင်တွေဖြစ်တဲ့ ပန်းရောင်၊ ခရမ်းရောင်တွေကိုလည်း ၀တ်ရဲပါတယ်။
- ယောက်ျားတွေက အလှပြင်တာနဲ့လည်း ရင်းနှီးကျွမ်းဝင်ပါတယ်။ ဥပမာ မျက်ခုံးမွှေး ရိတ်တာ။
- သေချာဟန်ဆောင်ပြီး အမှုမထားသလို ခပ်တည်တည်နဲ့ ဟန်ရှိတဲ့ ယောက်ျားတွေက ကျားကျားယားယားရှိတယ်လို့ သတ်မှတ်ပါတယ်။

၈ ) ယူကေ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက David Beckham, Jamie Dornan, Robert Pattinson
- မော်ဒယ်တွေနဲ့ ပညာရှင်အဆင့် ဘောလုံးသမားတွေရဲ့ ယောက်ျားခန္ဓာတွေက အထိ်တ်အထိပ်အလှလို့ သတ်မှတ်ပါတယ်။
- မျက်နှာမှာ အမွေးရှိတာကလည်း လတ်တလော နှစ်တွေမှာ ခေတ်စားလာပါတယ်။
- ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အမွေးရိတ်တာကလည်း အရမ်းခေတ်စားလာပါတယ်။
- လတ်တလော နှစ်တွေမှာ ယောက်ျားပီသပုံကို သတ်မှတ်ရာမှာ အလှအပကို အရမ်းဂရုစိုက်တဲ့ ယောက်ျားအမျိုးအစား နှင့် ဗရုတ်ကျတဲ့ လူပျိုပေါက်ဆိုတဲ့ အမျိုးအစားဆိုပြီး နှစ်မျိုးကွဲနေပါတယ်။ ခေတ် ဗြိတိသျှ ယောက်ျားတွေက ကျန်းမာရေးနှင့် ယဉ်ကျေးမှုကို လိုက်စားပါတယ်။
- လူကြီးငါးယောက်မှာ တစ်ယောက်က ဆေးမင်ကြောင်ထိုးပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ ဆေးမြင်ကြောင်ထိုးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

၉ ) အိန္ဒိယ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Siddharth Malhotra, Ranbir Kapoor, Varun Dhawan
- ကမ္ဘာပေါ်မှာ ယောက်ျား အသားရည် အလှကုန်သုံးစွဲသူ အများဆုံးက အာရှ ပစိဖတ်ဒေသပါ။ ကမ္ဘာ့ရောင်းအားရဲ့ ၆၅% ရှိပါတယ်။
- ဘောလီဝုတ်က အိန္ဒီယရဲ့ အကြီးမားဆုံး နှင့် လွှမ်းမိုးမှု အရှိဆုံး ရုပ်ရှင် ထုတ်လုပ်မှုလုပ်ငန်းကြီးဖြစ်ပါတယ်။
- အိန္ဒိယရဲ့ ခေတ်သစ် ယောက်ျားပီသပုံ သတ်မှတ်ရာမှာ  ရုပ်ရှင်တွေထဲမှာ ဖော်ပြတာတွေနှင့်လည်း ချိတ်ဆက်ကြည့်ရင် ကိုယ့်ကိုယ်ကို ယုံကျဉ်မှုရှိတဲ့ ယောက်ျားပုံစံ ပြီးတော့ သူတို့ရဲ့ သြဇာကို မိန်းမတွေအပါအဝင် အခြားသူတွေ အပေါ်မှာပါ အုပ်စိုးနိုင်တဲ့ ပုံစံမျိုးလို့ သတ်မှတ််ပါတယ်။
- အသားဖြူ  လိမ်းဆေးတွေက တဖြည်းဖြည်း ရေပမ်းစားလာပြီး ဘောလီဝုတ် မင်းသားတွေ ခရစ်ကက် အားကစားသမားတွေကပါ ထောက်ခံချက်ပေးတာတွေပါ လုပ်လာပါတယ်။

၁၀ ) တောင်ကိုရီးယား
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Won Bin, G-Dragon, EXO အဖွဲ့က အဆိုတော်တွေ
- ဟန့်ဂူ ခေါ် ကိုရီးယားလှိုင်းလို့ သိကြတယ့် တောင်ကိုရီးယား ပေါ်ပြူ လာ သီချင်း၊ ရုပ်ရှင် နှင့် ဇာတ်လမ်းတွဲတွေက တကမ္ဘာလုံးကို ပြန့်နေပြီး အာရှတိုက်ကိုတော့ အုပ်စိုးထားပါတယ်။
- ကေပေါ့ မင်းသားတွေက တောင့်တင်းတဲ့ ကြွက်သားကောင်းကောင်း ခန္ဓာကိုယ်ကို နူးညံ့တဲ့ ရုပ်ရည်နှင့် ပေါင်းပြီး ဟန်အပြည့်ရှိတဲ့ ၀တ်စားထားတဲ့ ပုံစံမျိုးပါ။
- မျက်နှာခွဲစိတ်ပြုု ပြင်တာကလည်း ယောက်ျားတွေအကြားမှာ ခေတ်စားပါတယ်။ အသားဖြူ လိမ်းဆေးတွေကလည်း လူကြိုက်များပါတယ်။ ယောက်ျားအလှကုန်တွေကို ၂၀၁၃ မှာ ဒေါ်လာ ၆၃၅ သန်းဖိုး ရောင်းရပါတယ်။
-  မျက်နှာခွဲစိတ်ပြုပြင်ရာမှာ လိုချင်တဲ့ပုံစံတွေက မျက်ရစ်၊ မျက်လုံကြီးကြီး၊ နှာတံလွင်လွင် ပုံစံမျိုးပါ။

၁၁ ) ဖိလစ်ပိုင်
 - သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက James Reid, Daniel Padilla, Piolo Pascual
- အခုခေတ် ဖိလစ်ပိုင်ရဲ့ ယောက်ျားပီသမှုက ဒေသခံတွေရဲ့အမြင်တွေကို အမေရိကန်၊ စပိန်တို့ရဲ့ အုပ်ချုပ်မှုကြောင့် လွှမ်းမိုးမှုတွေ နှင့် ပေါင်းစပ်ထားတဲ့ ရလာဒ်ပါ။
- ရိုးရာ ဖိလစ်ပိုင်ရဲ့ ယောက်ျားပီသမှုက မိသားစုကို စောင့်ရှောက်ခြင်း၊ လ်ိင်စွမ်းဆောင်မှုကောင်းခြင်းနှင့် ထိမ်းချုပ်နိုင်စွမ်းရှိခြင်းတို့ ဖြစ်ပါတယ်။
- လတ်တလော နှစ်တွေမှာ ယောက်ျားတွေက အလှအပကို အရမ်းလိုက်စားလာတဲ့အလျှောက် စျေးကွက်က ကျားယားမှုဆိုတာ လှပမှုဆိုတဲ့ ပုံစံမျိုးနှင့် ဦးတည်လာပါတယ်။
- ၂၀၀၄ ခုနှစ် လေ့လာချက်တစ်ခုမှာ မနီလာက ယောက်ျား ၈၄% က ရုပ်ရည်က အရေးကြီးဆုံးဆိုတဲ့ အချက်ကို သဘောတူတယ်လို့ပြောပါတယ်။
- အခုခေတ် ယောက်ျားပီသမှုကို မြင်ပုံက ယခင်က အမေရိကန် နှင့် စပိန်တို့ရဲ့လွှမ်းမိုးမှုတွေပါတဲ့အပြင် ကိုရီးယားကလည်း လွှမ်းမိုးပါတယ်လို့ ပြောပါတယ်။

၁၂ ) သြစတြေးလျ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Hugh Jackman, Ryan Kwanten, the Hemsworth brothers
- လေ့လာမှု အမျိုးမျိုးမှာ သြစတြေးလျက ယောက်ျားတွေက သူတို့လက်ရှိပုံစံတွေကို ပြောင်းပစ်ချင်ပါတယ်လို့ ပြောပါတယ်။ သူတို့က ပိုကြီးပြီး ကြွက်သားများပြီး ပိန်တဲ့ ခန္ဓာမျိုးကို လိုချင်ပါတယ်တဲ့။
- ခွဲစိတ်ပြုပြင်တာကို အများဆုံးလုပ်လေ့လုပ်ထရှိတာက နှာခေါင်း၊ မျက်ခွံ၊ နုတ်ခမ်း၊ နား စသည်တို့ကို ပြင်ခြင်း၊ မျက်နှာ အသားတင်းအောင်ပြု ပြင်ခြင်း နှင့် လိင်တံကြီးအောင်ပြုလုပ်ခြင်း တို့ုဖြစ်ပါတယ်။
- တကမ္ဘာလုံးမှာ သြစတြေးလျ ယောက်ျားတွေက လိင်ဆွဲဆောင်မှု အကောင်းဆုံလို့ အများသတ်မှတ်ကြပါတယ်။

အနာဂတ်
- တကမ္ဘာလုံးမှာ ယောက်ျားတွေရဲ့ အလှအပ အပါအဝင် အလှအပကို ရှုမြင်ပုံက အစဉ်တစိုက် ပြောင်းလဲနေပါတယ်။
- ၂၀၁၀ က လေ့လာမှု တစ်ခုမှာ လူမျိုးပေါင်းစုံအကြားထဲမှာ ကပြားအစပ်တွေက ဆွဲဆောင်မှုအရှိဆုံးလို့ ပြောပါတယ်။

Translated from Buzzfeed

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ