အချစ်မေတ္တာဆိုတာ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ကျားမ၊ အသက်အရွယ် တို့ကို မခွဲခြားပါဘူး။ ကျွနု်ပ်တို့အားလုံး အသဲနှလုံး၊ ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုကိုရယူလိုချင်ကြတာကြီးပါပဲ။ ကိုယ်ချစ်ရတဲ့ ဘဝလက်တွဲဖော်နဲ့ တစ်သက်သာပေါင်းသင်းဖို့ဆုံးဖြတ်လိုက်ပြီးနောက် အဲ့ဒီပျော်ရွင်ပျော်ရွှင်ဖွယ် အချိန်လေးကို ခန်းနားစွာကျင်းပပြီး ဝင့်ကြွားစွာ ကိုယ့်မိသားစုမိတ်ဆွေကိုအသိပေးတာက လက်ထက်ရခြင်းရဲ့ အကြောင်းတစ်ခုပါပဲ။ ကျနော်တို့ လိင်တူချစ်သူများဟာလည်း အားလုံးနဲ့အတူ ကိုယ့်ဘဝလက်တွဲဖော်နဲ့ အဲ့လို ကြည်နူးဖွယ်နေ့ထူးလေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ အခုစုဆောင်းပေးလိုက်တဲ့ ဓာတ်ပုံတွေကတော့ ကမ္ဘာတစ်ဝှမ်းက လိင်တူချစ်သူများ သူတို့ရဲ့ လက်ထပ်မင်္ဂလာအတွက် ရိုက်ထားတဲ့ လုပတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါတယ်။ ဝါကျွတ် ရုံးပိတ်ရက်အတွင်းလုလင်မဂ္ဂဇင်း စာဖတ်သူများလည်း စိတ်ကြည်နူးစေဖို့ရာ အပျင်းကြည့်ဖို့ စုဆောင်းဖော်ပြပေးလိုက်ပါတယ်။
Content
Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts
ဓာတ်ပုံဆရာ Teddy Tzeng ရဲ့ 2017 Candy Crush ဓာတ်ပုံအတွဲထဲက ရင်ခုံစရာ ထိုင်ဝမ် လုလင်ချောများ
ထိုင်ဝမ် ဓာတ်ပုံဆရာ Teddy Tzeng ဟာ လတ်တလောမှာပဲ သူ့နိုင်ငံက မော်ဒယ်ချောတွေတဲ့ ရင်ခုန်ဖွယ်ရာ အဝတ်ဗလာ ဓာတ်ပုံတွေကို ၂၀၁၇ Candy Crush ခေါင်းစဥ်နဲ့ ဓာတ်ပုံအတွဲလိုက်ရိုက်ကူးလိုက်ပါတယ်။ Candy Crush ထဲကလိုရောင်စုံဆေးရေတွေ သူတို့ခန္ဓာကိုယ်အနှံ ပတ်ဖြန်းပြီးတော့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက စွဲမက်စရာပါ။ အဲ့ဒီ ဓာတ်ပုံတွေနဲ့ ပြက္ကဒိန်လည်းဝယ်လို့ရပါတယ်။ Teddy Tzeng ရဲ့လက်ရာစွမ်းကတော့ ကမ္ဘာကို ထိုင်ဝမ်က ကောင်လေးတွေ ဘယ်လောက်လှကြောင်း ပြသလိုက်တာပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ဖြစ်တဲ့ အချိန်မှာ ကြည့်တာပိုကောင်း ပါလိမ့်မယ်။ ;)
ခြင်္သေ့ထီးနှစ်ကောင် မိတ်လိုက်နေချိန်ကို ဓာတ်ပုံရယူမိလိုက်
အာဖရိကတိုက် ဘော့ဆွာနာ နိုင်ငံမှာ ခြင်္သေ့ထီးနှစ်ကောင် ခြင်္သေ့မတွေကို အမှုမထားပဲ နှစ်ကောင်
သား ကြည်နှုးမိတ်လိုက် နေပုံကို ဘယ်လ်ဂျီယမ် ဓာတ်ပုံဆရာမ Nicole Cambre ဟာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးလိုက်ရပါတယ်။ သူ ဆာဖာရီ ဥယျာဉ်ထဲမှာ သွားနေတုန်း အမှတ်မထင်ပဲ တွေ့လိုက်တာကို ရိုက်ယူလိုက်တာပါ။
တိရိစ္ဆာန်များတွင် လိင်တူချစ်ခြင်းနှင့် ပက်သက်ပြီး ကျွမ်းကျင်သူများက ဆွေးနွေးလေ့လာမှု အများအပြား ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်က Yale သိပ္ပံတက္ကသိုလ်က ထုတ်တဲ့ ဆောင်းပါးမှာ တိရိစ္ဆာန်များမှာ လိင်တူချစ်ခြင်းဟာ ထင်ထားတာထက်ပိုများ နိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မျိုးစိတ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်း အထက် ပါဝင်နိုင်တယ်လို့ ထုတ်ဝေခဲ့ပါတယ်။
တောထဲမှာဆိုရင် ခြင်္သေ့ထီးတွေဟာ တစ်ကောင်နှင့်တစ်ကောင် လိင်တူချစ်ခြင်း အပြုအမှုများ ပြုလုပ်ပြီး အနှောင်အဖွဲ့နှင့် သစ္စာစောင့်သိခြင်းတို့ကို ခိုင်မြဲအောင် ပြလုပ်လေ့ရှိကြပါတယ်။

မက္ကဆီကို ကာတွန်းပညာရှင် Alfredo Roagui ပြောတဲ့ Disney မင်းသားများ အကြောင်း
မက္ကဆီကိုမှ Alfredo Roagui ဆိုတဲ့ ကာတွန်းပညာရှင် တစ်ယောက်ကတော့ သူ့အမြင်မှာ Disney ကာတွန်းရုပ်ရှင်တွေထဲက မင်းသားတွေဟာ မူဟန်တစ်မျိုး ရှိတယ်လို့ ထင်နေပါတယ်။ သူ့ရဲ့ ပန်းချီလက်ရာတွေမှာ Disney မင်းသားတွေကို စရိုက်ကြမ်းကြမ်းနဲ့ စွဲဆောင်မှုကောင်းတဲ့ သရုပ်ကောင်တွေ အဖြစ် ရေးဆွဲထားပါတယ်။ ပြီးတော့ သူတို့ဟာ ယောက်ျားချင်း ချစ်တတ်တဲ့ သူတွေပါ။ သူ့ရဲ့ စိတ်ကူးထဲမှာ Disney ကာတွန်းရုပ်ရှင်တွေဟာ ဂေးယောက်ျားတွေနှင့်လည်း အများကြီး သက်ဆိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဇာတ်ကောင်တွေဟာ ကျွန်တော်တို့ အိမ်မက်ထဲ ကျွန်တော်တို့ ဖူးစားဆုံချင်တဲ့ မင်းသားတွေဖြစ်လို့ပါတဲ့။ အခုတော့ Alfredo Roagui က အနည်းဆုံးတော့ စိတ်ကူးယဉ် ပန်းချီနှင့် အိမ်မက်တွေ တကယ်ဖြစ်လာအောင် လုပ်ထားပါတယ်။ သူ့ရဲ့ လက်ရာတွေကို သူရဲ့ Instagram မှာလည်း ရှုစားလို့ရပါတယ်။