Search

Content

0 comments

International LGBT music (2015 November - December)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ လိင်တူချစ်သူ ဂီတဝါသနာရှင်တို့အတွက် ၂၀၁၅ နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှာ ကမ္ဘာအရပ်အရပ်မှ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။

ဒီတစ်ခေါက် အတွက်တော့ တောင်အာဖရိက မှအဆိုတော် Nakhane Touré ၊ ဟောင်ကောင် အဆိုတော် HUSH ၊ အင်္ဂလိပ်အဖွဲ့ Bloc Party တို့နှင့်အတူ သီချင်းကောင်း ၁၁ ပုဒ် စုဆောင်းထားပါတယ်။


Nakhane Touré - The Plague

တောင်အာဖရိ အဆိုတော် Nakhane Touré ဟာ လိင်တူချစ်သူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဆန်းပြားတဲ့ သီချင်းပုံစံတွေအတူ သူ့နိုင်ငံမှာ အောင်မြင်တဲ့ အဆိုတစ်ယောက်ဖြစ်ပါတယ်။



Brendan Maclean - Tectonic

သြစတြေးလျ နိုင်ငံမှ Brendan Maclean ဟာ တက်သစ်စ လိင်တူချစ်သူ အကဆိုတော် တစ်ဦးဖြစ်ပြီး သူ့ရဲ့ သီချင်းအသစ်မှာ သူ့ရဲ့ အကကြောင့် ဗီဒီယိုကို ကြိုက်နှစ်သက်သူတွေ များနေပါတယ်။



Asbjørn - Scandinavian Love 

Asbjørn ဆိုတာ နော်ဝေးနိုင်ငံမှ လူငယ်လိင်တူချစ်သူ အဆိုတော် အသစ်ကလေးပါ။ သူ့ရဲ့ သူချင်းတွေ အောင်မြင်ပြီးနောက် သူရဲ့ ပထမဆုံး အခွေကို ထုတ်လိုက်ပါပြီ။ Scandinavian Love က အဲ့ဒီအခွေထဲက ပထမဆုံး သီချင်းပါ။



Bloc Party - The Love Within 

အောင်မြင်တဲ့ ဗြိတိသျှ အဖွဲ့  Bloc Party ထဲက ရှေ့ထွက် အဆိုရှင် Kele Okereke ဟာ လိင်တူချစ်သူတစ်ဦး ဖြစ်ပါတယ်။



Adrian Ross - Stuttering

အမေရိကန် နိုင်ငံက တက်သစ်စ  အဆိုတော် Adrian Ross ရဲ့ သီချင်းဗီဒီယိုကလည်း ကြည်နူးစရာပါ။



Will Young - What The World Needs Now Is Love

အင်္ဂလိပ် လိင်တူချစ်သူ အဆိုကျော် Will Young ရဲ့ အသစ်ထွက် တဲ့သီချင်းပါ။



Jah Rsiam - GOLD OR HUBBY?

ထိုင်းနိုင်ငံက ဒီခပ်မြူးမြူး သီချင်းထဲမှာ ထိုင်း drag queen တစ်ကယောက်ကလည်း သီချင်းမြိုင်သွားအောင် ပါဝင် ထားပါသေးတယ်။



HUSH - Same

ထိုင်ဝမ် လိင်တူချစ်သူ အဆိုတော် HUSH က သူ့နိုင်ငံမှာ လိင်တူချစ်သူများ တန်းတူ လပ်ထပ်ခွင့် အခွင့်အရေးအတွက် သီဆိုထားတဲ့သီချင်းပါ။



Emmanuel Moire - Tout le monde

ပြင်သစ် ဂေးအဆိုတော်ရဲ့  သီချင်းအသစ်က အေးအေးလေးနှင့် ကောင်းပါတယ်။



Man Meadow - Everybody 2015

ဆီဒင်က အကအဆိုတော် နှစ်ယောက်ရဲ့ သီချင်းကတော့ ကချင်စရာ ခပ်မြူးမြူးပါ။



KAZAKY - YOUR STYLE

နောက်ဆုံးအနေနှင့် ယူကရိန်း နိုင်ငံက အကအလန်းတွေနဲ့ ကမ္ဘာကျော်တဲ့  KAZAKY ရဲ့ သီချင်းအသစ်ကတော့ သူတို့ရဲ့ လုံးဝကို မရိုးရလေအောင် ကောင်းပါတယ်။



0 comments

အင်တာနက် ဖူးစာရှာဖွေခြင်းနှင့် ဘေးကင်းလုံခြုံရေး

Written by Min Thuta
မင်းသုတ ရေးသားသည်။


ကျွန်တော်တို့ လိင်တူချစ်သူတွေ အနေနှင့် အခြား လိင်တူတစ်ယောက်ဟာ ကိုယ့်လိုပဲ လိင်တူချစ်သူတစ်ယောက်လား ဆိုတာကို အမြင်နှင့် မှန်အောင် မှန်းဆဖို့ဆိုတာ ခဲယဉ်းပါတယ်။ လိင်ကွဲချစ်သူလို ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားရင် ရည်စားစကား သွားပြောဖို့လောက် မမြန်နိုင်ပါဘူး။ အဲ့ဒီလို မသေချာတဲ့ အထဲမှာ စိတ်ဝင်စားသူ လိင်တူတစ်ယောက်ကို ကိုယ့်အနေနှင့် စကားသွားပြောဖို့ အခွင့်အလမ်း အမြဲမရှိနိုင်တာကြောင့် ကျွန်ုပ်တို့ အများစုမှာ ချစ်သူရည်းစားရဖို့ အတော်ကျိုးပမ်းရ၊ စောင့်ရပါတယ်။ လိင်တူချစ်သူတွေ စုဆည်းတဲ့နေရာမျိုးကို သွားမှသာ သေချာပါတယ်။ ဒါမျိုးက လိင်တူချစ်သူတိုင်းအတွက် မလွယ်လှပါဘူး။

ဒါပေမဲ့ အင်တာနက် နည်းပညာကြောင့် ကျွန်တော်တို့ရဲ့ ဘဝတွေက ဖူးစာရှာဖို့ ပိုလွယ်လာပြီလို့ ပြောလို့ရပါတယ်။ လိင်တူချစ်သူတွေသာ အသုံးအပြုတဲ့ website တွေ နှင့် ဖုန်း application တွေ အများကြီး ပေါ်နေပြီမို့ အသုံးများလာတာကို တွေ့ရပါတယ်။ အင်တာနက်ပေါ်မှာ Facebook ပဲဖြစ်ဖြစ်၊ dating websiteမှာ ပဲဖြစ်ဖြစ်၊ ဖုန်းပေါ်က ဖူးစာရှာ/အပျော်ရှာတဲ့ app ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ့်ကို လူမသိအောင် သိုသိုဝှက်ဝှက် account တစ်ခုဖွင့်ပြီး ချစ်သူ/အဖော်ရှာဖွေ နိုင်ပါတယ်။ အထူးသဖြင့် လိင်တူချစ်သူတွေမှန်း လူမသိစေလိုတဲ့ သူတွေများစုဟာ ကိုယ့်ရဲ့ ရုပ် နဲ့ နာမည်ရင်းကို ဝှက်ထားလေ့ရှိကြပါတယ်။ အဲ့ဒီအခါမှာ ကိုယ်က onlineမှာ စကားပြောနေတဲ့ သူက ဘယ်သူလဲဆိုတာ တော်တော်နဲ့ မသိနိုင်ပါဘူး။ လူချင်းမတွေ့တော့ ပြောချင်ရာ ပြောရင်လည်း လိမ်ပြောမှန်း ခွဲခြားဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ကိုယ် online မှာ ပြောနေတဲ့သူက လူကောင်းလား မသမာသူလားဆိုတာ ဘယ်လိုမှ မတွေ့မချင်း ပြောလို့မရပါဘူး။ အဓိက ကတော့ အားလုံးဟာ လူကောင်းနဲ့ ရေစက်ပါပြီး ဖူးစာဆုံဖို့ ဆိုတာ ဖြစ်ပေမဲ့၊ ကိုယ့်အတွက် မသေချာတဲ့ အခါ အမြဲ သတိထားတာ ကောင်းပါတယ်။ သူက ကိုယ့်ကို မသမာမှု ပြုချင်လို့ ချိန်းတွေ့ရအောင် ဖိတ်ခေါ်ရင် ခက်ပြီ။

အဲ့တော့ကိုယ် online မှာ အဆင်အပြေနေပြီး တစ်ခါမှ မမြင်ဖူးတဲ့ လူစိမ်းတစ်ယောက်နဲ့ နောက်ဆုံး အပြင်မှာ ချိန်းတွေ့တော့မယ်ဆိုရင် ကိုယ့်လုံခြုံရေးကိုလည်း အရေးတယူ စဉ်းစားသင့်ပါတယ်။ အဲ့တော့ နောက်တစ်ခါ တစိမ်းတစ်ယောက်ကို အင်တာနက်မှာ တွေ့ပြီးနောက် အပြင်မှာ ချိန်းတွေ့ဖို့ ဆိုကာရင် အောက်ကရိုးရှင်းတဲ့ အချက်လေးတွေကို လိုက်နာပြီး ကိုယ့်ကိုယ်ကို သတိ ဂရုပြုလို့ရပါတယ်။


- အများပြည်သူရှိတဲ့နေရများကို တွေ့ဖို့ရွေးချယ်ပါ။ ဥပမာ လူများတဲ့ လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ပန်းခြံတို့လိုမျိုးပါ။ လူပြတ်တဲ့နေရာတွေကို ဖိတ်ခေါ်တဲ့အခါ လက်မခံပါနှင့်။ ထိုသူက လူကောင်းဆိုတာ လုံးဝ အပြည့်အဝ မယုံကြည်ရဘူးဆိုရင် သူ့အိမ်၊ကိုယ့်အိမ် သွားဖို့ မစီစဉ်တာ အကောင်းဆုံးပါ။ အပြင်မှာသာ အရင်တွေ့ပါ။
- အိမ်လိပ်စာ အတိအကျ မပေးပါနဲ့။ ကိုယ့်ရဲ့ တစ်ကိုယ်ရည် အသေးစိတ်အချက်အလက်တွေ တစ်ခုမှ မပေးပါနဲ့။ အလုပ်နေရာ၊ ကျောင်းနေရာတွေလည်း မလိုအပ်ရင် မပြောပါနဲ့။ ငွေရေးကြေးရေး ကိစ္စတွေနဲ့ ဘဏ်ကိစ္စတွေ ဘာမှဆွေးဖို့ မလိုဘူးဆိုတာ ရှင်းရှင်းလေးပါ။
- ဖြစ်နိုင်မယ်ဆိုရင် သင်သွားတွေ့မယ်ဆိုတာ အချိန်နှင့် နေရာကို ရင်းနှီးသူတစ်ဦးကို ပြောထားပါ။ ဘယ်ချိန်ပြန်ရောက် မယ်ဆိုတာကိုလည်း ပြောထားပါ။ 
- ကိုယ်သွားမဲ့ နေရာ နှင့် သွားမယ့် လမ်းကြောင်းကို လေ့လာ သိရှိထားပါ။ အသွား နှင့် အပြန်ကော ကြိုတင်စီစဉ်ထားပါ။ 
- အရက် အတူ သောက်မယ်ဆိုရင် အလွန်အကျွန် မသောက်ပါနဲ့။ ကိုယ့်ရဲ့ ခွက်ကို လက်လွှတ်စပယ် မထားပါနဲ့။ ဆေးတစ်ခုခု ထည့်သွားနိုင်ပါတယ်။
- အရေးအကြောင်းအတွက် ကိုယ့်ရဲ့ ဖုန်းကို အားအပြည့်သွင်းထားပါ။ 
- တစ်ခုခု မူမှန်ဘူးလို့ သတိထားမိရန် ချက်ချန်း ချိန်းတွေ့တာကို ရပ်ပြီး ပြန်သင့်ပါတယ်။

ကဲ နောက်ဆုံးတစ်ခုကတော့ ကိုယ်က သူ့ရဲ့ နောက်ကြောင်းသမိုင်း နှင့် ကျန်းမာရေး အခြေအနေကို မသိသေးပဲနဲ့ လိင်ဆက်ဆံမယ်ဆိုရင်တော့ ကွန်ဒုံးသုံးဖို့ လုံးဝ မမေ့ပါနဲ့။ ကွန်ဒုံး မပါပဲနဲ့ ဘာမှာ လုပ်ဖို့ မရှိဆိုတာ သူ့ကို ပြောပြလိုက်ပါ။

ဒီလိုဆိုရင်တော့ ဘေးကင်းပြီး ပျော်ရွင်တဲ့ ချိန်းတွေးတဲ့ အတွေ့အကြုံလေးကို ရရှိမှာပဲ ဖြစ်ပါတယ်။

လူကောင်းတွေနှင့် တွေ့ပြီး ကိုယ်နဲ့ တကယ်ရေစက်ပါတဲ့ ဖူးစာနှင့် တွေ့နိုင်ကြပါစေ။


0 comments

နိုင်ငံတကာသုံး ဂေး ဝေါဟာရများ

ယနေ့ခေတ်မှာ နိုင်ငံတကာရှိ ဂေး ယဉ်ကျေးမှု နှင့် အသိုင်းအဝန်းအကြား၌ ပေါ်ထွန်းလာတဲ့ အသုံးအနှုံး အခေါ်အဝေါ်တွေ ရှိပါတယ်။ အများသောအားဖြင့် အနောက်တိုင်းနိုင်ငံများမှာ စလေ့ရှိကြပြီး ထိုယဉ်ကျေးမှုကို တကမ္ဘာလုံးက မွေးစားကျင့်သုံး လေ့ရှိကြပါတယ်။ နိုင်ငံတကာ အခေါ်အဝေါ် ဆိုပေမဲ့ အင်္ဂလိပ်စကားက ကမ္ဘာသုံးစကား ဖြစ်နေတော့ အင်္ဂလိပ်စာလုံးတွေကို ပြောတာပါပဲ။ ဒါပေမဲ့ ဒီစာလုံးတွေကို တကမ္ဘာလုံးက သုံးစွဲနေကြတော့ နိုင်ငံတကာ ဂေးအသိုင်းအဝန်းရဲ့ စကားလုံးတွေ ဖြစ်သွားတာပေါ့ ။ မြန်မာမှာလည်း ဂေး အခေါ်အဝေါ်တွေ ရှိသလို နိုင်ငံအလိုက်၊ ဘာသာအလိုက် သူတို့ ဒေသသုံး စာလုံးတွေတော့ ရှိတာပေါ့။ ဝေါဟာရ ဆိုတာ လူတွေ ပြုတဲ့ အပြုအမှု၊ အလေ့အထ၊ ပတ်ဝန်းကျင် နှင့် ယုံကြည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူတွေရဲ့ အတွေးအခေါ်ကို ဖမ်းယူထားတဲ့ အရာတွေမို့ ထိုစာလုံးတွေကို ကြည့်ခြင်းအားဖြင့် သူတို့ကို အများကြီး နားလည်နိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ်က ဗဟုသုတတွေ အများကြီးရှိထားရင် သူများက ကိုယ့်ကို လာလိမ်ညာလို့မရသလို ကိုယ်ကလည်း အမြင်ကျယ်ပြီး စဉ်းစားတွေးတောမှုပို ကောင်းတာပေါ့။ အချို့ အလေ့အထများကတော့ ကိုယ်နေထိုင်ရာ ယဉ်ကျေးမှုနှင့် မကိုက်ညီ မစပ်ဟပ်ပါက ကိုယ့်အနေနှင့် ဘာမှ လိုက်နာ ကျင့်သုံးနေစရာ မလိုပေမဲ့ ဗဟုသုအနေနှင့်တော့ သိကောင်းပါတယ်။

အဲ့ဒီအထဲမှာမှ အသုံးများတဲ့ ဝေါဟာရ အချို့ကို ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။ တိုက်ရိုက် ဘာသာပြန်ထားတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ အနီးစပ်ဆုံး အဓိပ္ပာယ် ကောက်ယူလို့ရတဲ့ စာလုံးကို ဖော်ပြထားပါတယ်။

Bear - ဝက်ဝံ
ခပ်ဝဝ၊ အသက်ကြီးကြီး၊ ကိုယ်မွေးထူထူ လိင်တူချစ်သူ ယောက်ျား။

Bisexual - လိင်တူလိင်ကွဲချစ်သူ
လိင်တူကော လိင်ကွဲကော နှစ်မျိုးစလုံးကို စွဲမက်သူ။

Bottom - လက်ခံသူ
စအိုနှင့် လိင်တူဆက်ဆံရာတွင် လိင်တံထိုးသွင်းမှုကို ခံယူသူ။

Closeted - အပုန်း
အင်္ဂလိပ်စာလုံး closet (နံရံအတွင်း အဝတ်ဘီဒို) ကို တင်စားခေါ်ထားသော စကားလုံးကို အခြေခံထားသည်။ လူတွေကို မရင်ဆိုင်ရဲလို့ အဝတ်ဘီဒို ထဲတွင် ပုန်းကွယ်နေသော သူတစ်ယောက်နှင့် နှိုင်းယှဉ်ကာ မိမိ လိင်တူချစ်သူ ဖြစ်ကြောင်းကို လူအများကို ဖွင့်မပြောပဲသော ဖုံးကွယ်နေသော ဂေး ယောက်ျားကို ခေါ်ဝေါ်ခြင်းဖြစ်သည်။

Coming Out - ပွင့်လင်းစွာ ဖွင့်ပြောခြင်း
မိမိ လိင်တူချစ်သူ ဖြစ်ကြောင်းကို ပွင့်လင်းစွာ ပြောကြားသည့် အဖြစ်ကို ဘီဒိုထဲမှ ထွက်လာသည်ဟု တင်စားလျှက် ထွက်လာသည်ဟု အဓိပ္ပာယ်ဖြင့် ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် Out ဆိုသော နာမဝိသေသနကို အပွင့် ဟု သုံးသည်။


Cub - ဝက်ဝံငယ်
အသက်ငယ်ငယ်၊ ခပ်ဝဝ၊ ကိုယ်မွေးထူထူ လိင်တူချစ်သူ ယောက်ျား။

Cut -  အရေပြားဖြတ်ထားသူ
ဘာသာရေးအရကြောင့် သော်လည်းကောင်း ကျန်းမာရေးအရကြောင့် သော်လည်းကောင်း လိင်တံထိပ် အရေးပြားကို ဖြတ်ထားသူကို ဆိုလိုသည်။ ၄င်း၏ ဆန့်ကျင်ဘက် အရေပြားမဖြတ်ထားသူ အငုံကိုတော့ un-cut ဟု သုံးသည်။

Daddy -  ဒယ်ဒီ
အသက်ကြီးကြီး ချမ်းသာသော လိင်တူချစ်သူ ယောက်ျား။

Discreet - သိုသိပ်သူ
မိမိ၏ ဘဝနေထိုင်ပုံ၊ လက်တွဲဖော်၊ (လိင်ဆက်ဆံရန်) အခြားယောက်ျားများနှင့် ချိန်းတွေ့မှုများ စသည်တို့ကို မည်သူမှ မရိပ်မိအောင် သိုသိုသိပ်သိပ်နေထိုင်တတ်သော/သူ။

Diva - ဘုရင်မ
အရာရာကို ရင်ဆိုင်ရဲ၊ ယုံကြည်မှု အပြည့်အဝရှိပြီး၊ အားမငယ် ကြိုးစားသော စိတ်ဓာတ်ရှိသူ လင်တူချစ်သူ ယောက်ျား၊ အမျိုးသမီးကဲ့သို့ ဝတ်ဆင်သော ယောက်ျား၊ လိင်ပြောင်းသူ/ကျားမပြောင်းသူ အမျိုးသမီး (သို့)
ပင်ကိုယ် အမျိုးသမီး။

Dominant - လွှမ်းမိုးသူ
လိင်တူချစ်သူ ဆက်ဆံရေး နှင့် လိင်ကိစ္စများတွင် အပေါ်စီးမှ လွှမ်းမိုးစိတ်ရှိသူ/လွမ်းမိုးလေ့ရှိသူ။

Drag Queen - အလုဖန်တီးရှင်
ရွန်းလဲ့ တောက်ပသော အမျိုးသမီး ဝတ်အစားများကို ဝတ်ဆင်ပြီး မိတ်ကပ်များ ချယ်သထားသော ယောက်ျား၊ လိင်တူချစ်သူ ယောက်ျား၊ လိင်ပြောင်းသူ/ကျားမပြောင်းသူ အမျိုးသမီး (သို့) ပင်ကိုယ် အမျိုးသမီး။

Gay - ဂေး
ယောက်ျားချင်း ချစ်သူ။ (တခါတရံ ဂေးမိန်းမဟု ဆိုကာ မိန်းမချင်းချစ်သူများကိုလည်း ရည်ညွန်းရန် သုံးသည်။)

Gay-curious - လိင်တူ စမ်းသပ်ချင်သူ
မိမိကိုယ်ကို လိင်တူချစ်သူမှန်း မသေချာသေး၍ (သို့မဟုတ်) အတွေ့အကြုံရလို၍ အခြား လိင်တူတစ်ယောက်နှင့် စမ်းသပ်လိုသူ။

Gaydar - ဂေးအာရုံ
ဂေးနှင့် ရေဒါ ကို ပေါင်းစပ်ထားသော စာလုံးဖြစ်ပြီး အခြားယောက်ျားတစ်ယောက်ကို ကြည့်ခြင်းအားဖြင့် သူသည် ဂေးဟုတ်မဟုတ်ကို မှန်းလို့ရသော အာရုံ။ ဂေးတစ်ယောက်မှ အခြား ဂေးယောက်ျား တစ်ယောက်ကို မှန်းဆ ခွဲခြားနိုင်သော အရည်အချင်း။

Geek - စာဂျပိုး
စာဖတ်ခြင်း၊ ဝါသနာများ၊  စဉ်းစားတွေးခေါ်ရသော အရာများကို လိုက်စားသူ ဂေး ယောက်ျား။

Ginger - ဂျင်းနီ
ဆံပင်အနီရောင်ရှိသော ဂေးယောက်ျား။

Heterosexual - လိင်ကွဲချစ်သူ
မိမိ၏ ဆန့်ကျင်ဘက် လိင်ကို စွဲမက်သူ။

Hook-up - တွေ့ဆုံ ပျော်ပါးခြင်း
လိင်ဆက်ဆံရန် တွေ့ဆုံမှု။

Homosexual - လိင်တူချစ်သူ
မိမိ၏ လိင်နှင့် မျိုးတူသူကို စွဲမက်သူ။

Homophobia - လိင်တူချစ်သူများကို မုန်းတီးမှု
လိင်တူချစ်သူများ၊ ၄င်းတို့၏ အကြောင်းများ နှင့် ပက်သက်မှုကို မုန်းတီးခြင်း။

Jock - အားကစားသမား
အားကစားခုံမင်ပြီး တောင့်တင်းသော အားကစား ခန္ဓာရှိသူ ဂေးယောက်ျား။

Kink - အဆန်းအပြား
သမရိုးကျ လိင်ဆက်ဆံမှုကို ကျော်လွန်ပြီး ထွေလီစွာ တီထွင်ကြံဆမှုများကို စိတ်ဝင်စားခြင်း၊ ကျင့်သုံးခြင်း။

Leather - လည်သာ
သားရေ(လည်သာ)ဖြင့် ပြုလုပ်လုပ်ထားသော အဝတ်များ၊ လိင်အရုပ်များ/တံဆာပလာများကို ခုံမင်/အသုံးပြုခြင်း/သူ။

Military - စစ်သား
စစ်သား (သို့) စစ်တပ် နောက်ခံရှိသူ လိင်တူချစ်သူယောက်ျား။

NSA - နှောင်ကြိုးမဲ့
အင်္ဂလိပ်လို no strings attached ဟုခေါ်သော စကားစု၏ အတိုကောက်ဖြစ်ပြီး လိင်ဆက်ဆံရန်သာ ပက်သက်လိုပြီး နောက်ဆက်တွဲ ဘာမှ ပက်သက်ရန် အလိုမရှိဟု ဆိုလိုခြင်းဖြစ်သည်။

Poz / positive - အပေါင်းလက္ခဏာ
HIV ပိုးသယ်ဆောင်ထားသူ။ HIV + ကို ရည်ညွန်းခြင်း ဖြစ်သည်။

Smooth - အမွှေးပြောင်
ခန္ဓာကိုယ် အပေါ်တွင် မည်သည့်အမွှေးမရှိသော (သို့) ဖယ်ရှားထားသော ဂေးယောက်ျား။

Submissive - နာခံသူ
လိင်တူချစ်သူ ဆက်ဆံရေး နှင့် လိင်ကိစ္စများတွင် အခြားသူ လွှမ်းမိုးခြင်းမှ နာခံကျိုးနွံ့လိုသူ/လေ့ရှိသူ။

Top - ထိုးသွင်းသူ
စအိုနှင့် လိင်တူဆက်ဆံရာတွင် လိင်တံထိုးသွင်းမှုကို ပြုလုပ်သူ။
 

Transgender - ကျားမပြောင်းသူ
မိမိ၏ မွေးရာပါလိင်နှင့်စိတ်ကို မခံယူပဲ ဆန့်ကျင်ဘက်လိင်၏ စိတ်နှင့်ခန္ဓာကို အစစ်အမှန်ဟု သတ်မှတ်ပြီး ခံယူသူ။

Transexual - လိင်ပြောင်းသူ
မိမိ၏ မွေးရာပါ လိင်ကို ခွဲစိတ်ကုသကာ ဆန့်ကျင်ဘက် လိင်ကို ပြောင်းသူ။

Twink - သူငယ်
အသက်ငယ်ငယ် နုနုနုယ်နုယ် ဂေး ယောက်ျား။
 
Vanilla - ဗင်နီလာ
(အဆန်းအပြား ပေါင်းစပ်မှုမပါသော) သမရိုးကျ လိင်မှုကိစ္စ/ကျင့်သုံးသူ။
0 comments

ယောက်ျားချင်း ချစ်သူများ အကြားမှာသာ ရှိတဲ့ အိပ်ယာထဲက ဟာသအလွဲများ

အချစ်မေတ္တာ ဆိုတာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား၊ မ၊ ခန္ဓာ နှင့် အသက်အရွယ် မရွေးတာမို့ မည်သူမဆို ချစ်တတ်ကြတာ သဘာဝ ဆိုတာ အားလုံး သဘောတူတယ်ဟုတ်။

ဒါကြောင့် အခြားယောက်ျားတွေကိုသာ စွဲမက်တတ်တဲ့ ကျွန်တော်တို့ လိင်တူချစ်သူများအဖို့လည်း ချစ်တတ်တာ ဘာဆန်းလဲလို့။

အဲ့ဒီလို ယောက်ျားလေး ချစ်သူနှစ်ယောက် စုံဖက်တော့ ဖိုဓာတ်ချင်းတွေ့တော့ အိပ်ယာပေါ်မှာ ကစားတဲ့အခါ ဓာတ်တူချင်း ပြင်းထန်ပြီး ဒီလို အဖြစ်တွေ ရောက်ကုန်ပါရော။


အားလပ်ရက်မှာ အပြင်းပြေစေဖို့ (ဟ်ဟ်) ဒီလို ပေါက်ပေါက်ရှာရှာ တွေးကြည့်တာပါ။

ဟိတ်... သတိပေးလိုက်မယ်နော်။ ဒါက ဂေးယောက်ျားလေးတွေပဲ ဖတ်ဖို့။ ဒီစာမျက်နှာကို လမ်းမှားရောက် လာရင် အခုပြန်လှည့်တော့။

၁) သူ့ grindr/facebook ပေါ်က ဓာတ်ပုံထဲက ရုပ်နဲ့ အပြင်မှာ ဘယ်လိုမှ မတူတဲ့ အခါ။


ဟွန်း... လူလိမ်။ စိတ်တိုတယ်။ အခုလေးတင်ပဲ မျက်နှာ ခွဲစိတ်ကုသလာသလား အောင့်မေ့တယ်။

၂) အချင်းချင်း အကြင်နာပေးတာများပြီး မျက်နာတွေ နှုတ်ခမ်းမွေး လောင်ကုန်တာမျိုး။


နှစ်ယောက်လုံး နှတ်ခမ်းမွေး ပုံမှန်ရိတ်မှရမယ်၊ မဟုတ်ရင်တော့ moisturizer ကောင်းကောင်း ဝယ်လိမ်းမှပဲ ဖြစ်မယ်။

၃) တစ်ယောက်နှင့် တစ်ယောက် ဖက်ပြီး အကြင်နာပေးနေတုန်း တစ်ယောက်ဗိုက်ကို တစ်ယောက် ငယ်ပါ လာထောက်ထောက်နေတဲ့ အဖြစ်မျိုး။

အဲ့တော့လဲ မသိမသာလေး လျှိုပြီး အနေအထားမှန်အောင် သိမ်းလိုက်တာပေါ့။

၄) အကုန်လုံး အဆင်အပြေနေပြီ အိပ်ယာထဲရောက်မှ နှစ်ယောက်စလုံး top တွေ (သို့) bottom တွေဖြစ်နေ။


ဟွန်... ခက်ပြီ၊ ဘယ်လို ရှေ့ဆက်တိုးရမလဲလို့ ပြောပါဦး။

၅) သူ့ ငယ်ပါ နိုးထလို့ မရတော့တဲ့ အဖြစ်မျိုး။

တစ်ခါတစ်လေ သိပ်စိတ်လှုပ်ရှားပြီး ပူပန်တဲ့အခါ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က လူသားတွေမို့ ဒါက ဘာမှ မဆန်းပါဘူး။ သူ့ကို ဘာမှ အပြစ်တင်စရာ မလိုပါဘူး။ သင့်အပေါ်မှာသူ သိပ်စိတ်လှုပ်ရှားသွားပြီး ဖြစ်တာမို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ ပြီးတော့ သူ့ကို နှစ်သိမ့်လိုက်ပါ။ တအောင့် လောက်နားပြီးမှ ပြန်ကစားပေါ့။

၆) သင်နဲ့တွေ့ပြီး အရမ်းကို ရင်ခုန်လို့ သင်ထိလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း သူပြီးသွားတာမျိုး။

ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာ သင်ကိုယ့်သင် ဂုဏ်ယူ သင့်ပါတယ်။ သင့်ရဲ့ အလှမှာ သူမထိန်းနိုင် ဖြစ်သွားတာပါ။

၇) သူ ဘောင်းဘီချွတ်လိုက်တဲ့အချိန် သူ့အရွယ်ကြီးက ကိုယ့် အတွက် မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်လိုက်တဲ့ အချိန်။


ကဲ သင် မစမ်းရဲဖူးဆိုရင် သူ့ကို ချိုချိုသာသာ လေးသာ ငြင်းပေလော့။ သူစိတ်မဆိုးပါဘူး။

၈) သူတော့ ကွန်ဒုံး ဝယ်ထားမှာပဲလို့ ၂ ယောက်လုံး အပိုင်တွက်ထား တဲ့အခါ။

သူဝယ်မယ်ထင်လို့ ကိုယ်မဝယ်လိုက်မိဘူး။ ကဲကဲ ဘောင်းဘီပြန်ဝတ်ပြီး အနီးအနား မှာ မြန်မြန်လေး ပြေးဝယ်လိုက်။

၉) သူ အရမ်းကျပ်နေတာမျိုး။


နှစ်ယောက်လုံး အရမ်းရင်ခုန်နေပြီ၊ အဆင်သင့် လည်းဖြစ်နေပြီ။ ဒါပေမဲ့ ဘယ်လောက်ကျိုးစား ကျိုးစား သူ လက်ခံပေးဖို့ အရမ်းကျပ်နေတဲ့ အဖြစ်မျိုး။ ဒါဟာက ကမ္ဘာကြီးရဲ့ အဆုံး မဟုတ်ပါဘူး။ ဒုတိယ အကြိမ် ထပ်ကျိုးစားပေ့ါ။ ဒါမှ မဟုတ် အခြား ကစားနည်းတွေပြောင်းပြီး ဆော့ကြပေ့ါ။ ဖြစ်တတ်ပါတယ်။

၁၀) တခါတလေ သူ့ရဲ့ ရေခဲချောင်းမှာ ချော့ကလက် တပ်ပေးလိုက်တာမျိုး။


မျှော်လင့်မထား တချိန်ချိန်တော့ ဖြစ်မှာပဲ။ အဲ့တော့လဲ နှစ်ယောက်လုံး ရယ်ပြီး ဆက်လုပ်စရာ ရှိတာ ဆက်ပေ့ါ။

၁၁) ဇာတ်ရှိန်မြင့်နေတုန်း ချောဆီကုန်သွားတာ။

ငိုချင်တယ် ဇာတ်ရှိန်မြင့်နေပါပြီဆိုမှ။



၁၂) သင် ဇာတ်ရှိန်မြင့်နေတုန်း ဆီးသွားချင်လာတဲ့ အခါ။

ခက်ပြီ... ရပ်ပြီး အိမ်သာပြေးရမလား... ဆက်အောင့် ထားရမလား။

၁၃) ကွန်ဒုံးကွဲ သွားပြီဆိုတာ သတိပြုမိတဲ့ အခါ။

ဖြားဖြား ဘယ်ချိန် ကတည်း ကွဲနေတာတုန်း။

၁၄) သင် ဘယ်လိုမှ မပြီးနိုင်ပဲ ဖြစ်နေတဲ့ အခါ။


 ချစ်သူ လက်တွေလဲ ညောင်း ပါးစပ်တွေလဲ ညောင်း၊ စိတ်ရှော့ပြီး အိပ်သွားလေရဲ့။

၁၅) သူချိန်မှတ်မှားပြီး သင့်မျက်စိကို ပစ်မိတဲ့ အခါ။

သင့် မျက်လုံးတွေ ဘာကြောင့် နီနေတယ်ဆိုတာ ဘယ့်သူ့ကို မှ လိမ်လို့မရဘူးနော်။

၁၆) ပြီးသွားတဲ့နောက် အိပ်ယာခင်းတော့ ပြန်လျှော်ရဦးမယ်လို့ ဝင်လာတဲ့ အတွေး။

ဟာ... အရင်တစ်ပတ်ကမှ လျှော်ထားတဲ့ဟာကို။

၁၇) ပြီးသွားတဲ့ အခါမှ သတိပြုမိလာတဲ့ ခပ်ပြင်းပြင်းအနံ။


 သင် ဂရုမစိုက်တော့ပါဘူး။ သင် သူနဲ့အတူ အချစ်တိုက်ပွဲကို အတူတူ အောင်ပွဲဆင်လာခဲ့ပြီပဲ။ 

၁၈) နောက်ဆုံးတော့ တစ်ယောက် မျက်ဝန်းကို တစ်ယောက် အကြည့်ချင်းဆုံတဲ့ အခါ။


အချစ်ဆိုတာ ဒါတာပဲ။

ကဲပြီးရင် Buzzfeed က ပြုလုပ်ထားတဲ့ ဂေးချစ်သူနှစ် ယောက်ကြားမှာ ဖြစ်တတ်တဲ့ ဒီ ဟာသ ဗီဒီယိုကိုလည်း ကြည့်ကြည့်ပါ။


အားလုံး အဆင်ပြေချောမွေ့စွာ လက်တွဲနိုင်ကြပါစေ။ 


0 comments

အင်တာနက် ဇာတ်လမ်းတွဲ မိတ်ဆက် (Paper Boys)

ဒီတခေါက်တော့ မြန်မာနိုင်ငံမှ လိင်တူချစ်သူ ပရိသတ်များအတွက် wifi ကောင်းကောင်းရတဲ့အခါ ကြည့်ဖို့ ကောင်းရာကောင်းနိုး အင်တာနက် ဇာတ်လမ်းတွဲတွေနှင့် မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။


Web Series လို့ခေါ်တဲ့ အင်တာနက် ဇာတ်လမ်းတွဲ ဆိုတာတွေဟာ သာမာန် ကုမ္ပဏီကြီးတွေက ထုတ်တဲ့ ဇာတ်လမ်းတွဲတွေနဲ့ မတူပါဘူး။ ပုံမှန်ဆို သူတို့က အပိုင်းတစ်ပိုင်းလျှင် ၄ မိနစ်ကနေ ၁၅ မိနစ်အကြားပဲ ရှိတတ်ပြီး အတွဲတစ်တွဲကိုလည်း အပိုင်းအနည်းအငယ်သာ ရှိတတ်ပါတယ်။ သူတို့က အသေးစား ထုတ်လုပ်မှုများသာ ဖြစ်ကြပြီး သူတို့ကို ဖြန်ချီတဲ့ အဓိက လှိုင်းက အင်တာနက်ပေါ်က Youtube မှတဆင့်ဖြစ်တဲ့ အတွက် အင်တာနက် ဇာတ်လမ်းတွဲ သို့ Youtube ဇာတ်လမ်းတွဲလို့ ခေါ်တာပါ။ သူတို့တွေက အကျိုးအမြတ် မကြည့်တဲ့ ရိုက်ကူးတာမျိုးဖြစ်တဲ့ အတွက် သူတို့ရဲ့ ရိုက်ကူးရေး ကုန်ကျမှုများကို ထုတ်လုပ်သူတွေ ကိုယ်တိုင် စိုက်ထုတ်ပြီး ရိုက်ကူးရတာမျိုး ရှိသလို အချို့ အဖွဲ့အစည်းများက (သို့) အစိုးရ ဝန်ကြီးဌာနတွေက ပညာပေးချင်လို့ ထောက်ပံ့တာမျိုး ရှိပြီး ဇာတ်လမ်းတွဲ သိပ်ကောင်းတဲ့အခါ ပရိတ်သတ် ကိုယ်တိုင်က ဝိုင်းဝန်း လှူဒါန်း တာမျိုးလည်း ရှိပါတယ်။ ငွေကြေးတတ်နိုင်မနိုင်၊ လူကြည့်နည်းများ၊ အောင်မြင်မမြင် စသည်တို့အပေါ် မူတည်ပြီး နောက်ဆက်အတွဲများ ဆက်လက် ရိုက်ကူးသင့်မကူးသင့် ဆုံးဖြတ်လေ့ရှိကြပါတယ်။ အမြတ်လည်းမရ ငွေကြေး အကျပ်အတည်းတွေနှင့် ရိုက်ကူးတာဖြစ်ပြီး နည်းပညာကိုလည်း နိုင်နိုင်မသုံးနိုင်ပဲ သရုပ်ဆောင်တွေက ဝါသနာရှင် အဆင့်မှာလည်း ရှိတာမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်လမ်းတွဲ တွေဟာ အမြတ်ရဖို့ ရိုက်ကူးတဲ့ ရုပ်ရှင်အကြီးစားတွေနှင့် ယှဉ်လျှင် အရည်အသွေးက နိမ့်တာတော့ မှန်ပေမဲ့ ဖန်တီးသူရဲ့ အစွမ်းအစ၊ ဖန်တီးဉာဏ်၊ တီထွင်ကြံစမှု နှင့် ပါရမီတို့ကို သရုပ်ဆောင်တွေရဲ့ အားတက်ပါဝင်မှုတို့နှင့် ပေါင်းစပ်လိုက်ရင် တမူထူးခြားတဲ့ အနုပညာ အတွေ့အကြုံကို ပေးနိုင်တဲ့ အတွက် အချို့ အင်တာနက် ဇာတ်လမ်းတွဲတွေကို လူတွေ နှစ်သက်ကြပါတယ်။

ဒီတစ်ခါက်မှာတော့ အမေရိကန် ကယ်လီဖိုးနီးယားက အနုပညာရှင်တွေ ဖန်တီးထားတဲ့ Paper Boys ကို ပြောပြချင်ပါတယ်။ အသက်၂၀ကျော်အရွယ် လူမျိုးပေါင်းစုံပါတဲ့ သူငယ်ချင်းတစ်စုဟာ ဆန်ဖရန်စစ်စကိုမြို့မှာ မေတ္တာရေး၊ ဘဝထူထောင်ရေး အခက်အခဲများကို ရုန်းကန်နေတဲ့ ဇာတ်အိမ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ ထူးခြားတာတစ်ခုက အနောက်တိုင်းသားတွေကိုပဲ ခေါင်းဆောင်တင်ပြီး ရိုက်လေ့ရှိတဲ့ အမေရိကန် ဇာတ်လမ်းများသာ တွေ့ရလေ့ရှိတဲ့ အချိန်မှာ Paper Boys ရဲ့ အဓိက ဇာတ်ကောင်ဟာ အာရှတိုက်နွယ်ဖွား တစ်ယောက်ပါ။ ဇာတ်လမ်းကို တမူထူးအောင် စိတ်ကူးယဉ် အရိပ်အယောင်နှင့် ရိုက်ကူးထားပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါရိုက်တာက

ကျွန်တော်တို့ ဇာတ်လမ်းတွဲကို အခြား လိင်တူချစ်သူ ဇာတ်လမ်းမျိုးတွေလို ခပ်ရိုးရိုး မရိုက်ကူးချင်ပါဘူး။ ပြီးတော့ ဇာတ်ကားထဲမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ မတူကွဲပြားသူ အားလုံးပါဝင်တယ် ဆိုတဲ့ အချက်ကိုလည်း ပြောပြချင်ပါတယ်။ ပြီးတော့ ဇာတ်ကောင်တွေရဲ့ ဘဝ လှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ရဲ့ တကယ် လက်တွေ့ ဘဝ နှင့် ထင်ဟပ်နိုင်အောင် ပြုလုပ်ထားခြင်းဖြင့် ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ လိင်တူချစ်သူ၊ လိင်ကွဲချစ်သူ ဘာမှ ပက်သတ်မှု မရှိပဲ လူတိုင်းကြုံတွေ့ရတဲ့ ဓမ္မတာ ပဲဆိုတာကို ပြချင်တာပါ။
ဟု အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။



Paper Boysကို အပိုင်း ၁ နှင့် ၂ သာ ရိုက်ကူး ရသေးတာဖြစ်ပေမဲ့ ကြည့်ရှုသူတွေက နှစ်လိုဖွယ် မှတ်ချက်တွေရရှိနေတာကြောင့် သူတို့ဟာ ၃ နှင့် ၄ ကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပြီး ကုန်ကျစရိတ်တွေကို တတ်နိုင်ဖို့ သူတို့ရဲ့ ပရိတ်သတ်တွေဆီကနေ တောင်းခံထားပါတယ်။

အခုတော့ အပိုင်း ၁၊ ၂ နှင့် ၃ ကို Youtube မှာ အလကား ကြည့်လို့ ရနေပါပြီ။



0 comments

ရုပ်ရှင် မိတ်ဆက် (The Way He Looks)

မြန်မာနိုင်ငံမှ လိင်တူချစ်သူစာဖတ်သူများအဖို့ ကမ္ဘာအရပ်ရပ်မှ ရသ လက်ရာမြောက်တဲ့ ရုပ်ရှင်ကောင်းများကို တစ်လ တစ်ခါ မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

ဒီတစ်လမှာတော့ ဘရာဇီး ဒါရိုက်တာ Daniel Ribeiro လက်စွမ်းပြထားတဲ့ The Way He Looks ဆိုတဲ့ ရုပ်ရှင် အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ပေါ်တူဂီဘာသာစကားနှင့် ရိုက်ကူးထားတဲ့ Hoje Eu Quero Voltar Sozinho (ဒီနေ့ ကျွန်တော်တစ်ယောက်တည်း အိမ်ပြန်ချင်တယ်) ဆိုတဲ့ ဇာတ်ကားဟာ ဆုတွေအများကြီး ဆွတ်ခူးခဲ့ပြီး ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်များထဲက တစ်ခုလို့ သတ်မှတ်ကြပါတယ်။


The Way He Looks ဟာ ဘရာဇီးမြို့တော် São Paulo မှ Leonardo ဆိုတဲ့ လူငယ် မျက်မမြင် ကျောင်းသားတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်အိမ်ပြုပြီး ကျောင်းတွင် အနိုင်ကျင့်မှုတွေအကြားမှ မိမိရဲ့ တစ်ကိုယ်ရည် လွပ်လပ်တဲ့ဘဝကို လျှောက်လှမ်းဖို့ ကြိုးစာနေတဲ့ အချိန်မှာ အချစ်မေတ္တာရေးတွေနဲ့ ရှုပ်ထွေးလာတဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်။ သူဟာ အချစ်ဆုံးသူငယ်ချင်း Giovana နဲ့အတူ အမြဲကျောင်းသွား၊ ချိန်းတွေ့လေ့ရှိရာမှ ကျောင်းကို အသစ်ရောက်လာတဲ့ Gabriel သူတို့ အကြားဝင်လာတဲ့ အခါ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။  Leonardo နဲ့ Gabriel တို့ရဲ့ အကြောင်းကို နွေးထွေးမှုများနှင့် လူငယ်သဘာဝ အချစ်ဇာတ်လမ်းကို ရှုထောင့် အသစ်အဆန်းကနေ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဟာ စိတ်ကြည်နှုးဖွယ် ရုပ်ရှင်တစ်ခုပါ။ မြင်မြင်ချင်း ချစ်မိပါတယ်ဆိုတဲ့ ဆိုရိုးကို ဒါရိုက်တာက ဒီတခါတော့ အလှည့်အပြောင်းတစ်ခုနှင့် ရသမြောက်စေပါတယ်။


လူငယ် သရုပ်ဆောင် ၃ ဦး၏ ပြောင်မြောက်တဲ့ အနုပညာ စွမ်းရည်ကိုလည်း အကဲဖြတ်သူများက ချီးကျူးထားသလို ရုပ်ရှင်ဇာတ်ကားကလည်း ကောင်းမွန်တဲ့ စာပေဝေဖန်မှုများကိုရရှိကာ ဘာလင်ရုပ်ရှင်ပွဲတော်တွင် ဆု ၄ ဆု အပါအဝင် အကောင်းဆုံး ရုပ်ရှင်ဆုကိုပါ ဆွတ်ခူးခဲ့ပါတယ်။



1 comments

မက္ကဆီကို ကာတွန်းပညာရှင် Alfredo Roagui ပြောတဲ့ Disney မင်းသားများ အကြောင်း

မက္ကဆီကိုမှ Alfredo Roagui ဆိုတဲ့ ကာတွန်းပညာရှင် တစ်ယောက်ကတော့ သူ့အမြင်မှာ Disney ကာတွန်းရုပ်ရှင်တွေထဲက မင်းသားတွေဟာ မူဟန်တစ်မျိုး ရှိတယ်လို့ ထင်နေပါတယ်။ သူ့ရဲ့ ပန်းချီလက်ရာတွေမှာ Disney မင်းသားတွေကို စရိုက်ကြမ်းကြမ်းနဲ့ စွဲဆောင်မှုကောင်းတဲ့ သရုပ်ကောင်တွေ အဖြစ် ရေးဆွဲထားပါတယ်။ ပြီးတော့ သူတို့ဟာ ယောက်ျားချင်း ချစ်တတ်တဲ့ သူတွေပါ။ သူ့ရဲ့ စိတ်ကူးထဲမှာ Disney ကာတွန်းရုပ်ရှင်တွေဟာ ဂေးယောက်ျားတွေနှင့်လည်း အများကြီး သက်ဆိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဇာတ်ကောင်တွေဟာ ကျွန်တော်တို့ အိမ်မက်ထဲ ကျွန်တော်တို့ ဖူးစားဆုံချင်တဲ့ မင်းသားတွေဖြစ်လို့ပါတဲ့။ အခုတော့ Alfredo Roagui က အနည်းဆုံးတော့ စိတ်ကူးယဉ် ပန်းချီနှင့် အိမ်မက်တွေ တကယ်ဖြစ်လာအောင် လုပ်ထားပါတယ်။ သူ့ရဲ့ လက်ရာတွေကို သူရဲ့  Instagram မှာလည်း ရှုစားလို့ရပါတယ်။










0 comments

ယောက်ျားချင်းချစ်သူများအတွက် ဆီးကျိတ်အကြာင်း သိကောင်းစရာ


ကျွန်တော်တို့ ငယ်ရွယ်စဉ်ကတည်းက ကျွန်တော်တို့ရဲ့ တင်ပါး နှင့် နောက်ဖေးတံခါးဟာ အညစ်အကြေး စွန့်ဖို့အတွက်သာ ဖြစ်တယ်ဆိုပြီး ခန္ဓာကိုယ်ရဲ့ ဒီအင်္ဂါ အစိတ်အပိုင်းကို ရှက်ကြောက်ရွံဖွယ်ရာ တစ်ခုအဖြစ် သင်ကြားလာရပါတယ်။ အမှန်အတကယ်တော့ ဆေးပညာအရကော စိတ်ပညာအရအပါ ကြည့်မယ်ဆိုရင် သဘာဝက ၄င်းအစိတ်အပိုင်းကို အညစ်အကြေး စွန့်ဖို့တစ်ခုတည်းအတွက် ဖန်းတီးပေးထားတာ မဟုတ်ပါဘူး။

အနောက်တိုင်း စိတ်ပညာရှင်ကြီး Sigmund Freud ၏ အဆိုအရ ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ်တုန်းက Psychosexual stages လို့ခေါ်တဲ့ လိင်စိတ် အဆင့်၄ဆင့်ကို ဖြတ်ကျော်ခဲ့ပါတယ်။ မွေးကင်းစနေ ၁ နှစ်အထိမှာ ပါးစပ်နှင့် ကျေနပ် ကြည်နှုးမှုကို ရယူလိုတာကြောင့် ကလေးငယ်တွေဟာ ဟိုကိုက်ဒီကိုက်လုပ်ပြီး ပါးစပ်ထဲ အကုန်လိုက်ထည့်တာ ဖြစ်ပါလို့ သူ၏ စိတ်ပညာက ဆိုပါတယ်။ ၁ နှစ်က နေ ၃ နှစ်အထိမှာ ကလေးဟာ သူ့စိတ်ဝင်စားမှုဟာ စအိုကို ရောက်သွားပါတယ်။ ဒီအဆင့်မှာ ကလေးဟာ အိမ်သာတက်ခြင်းမှ ကျေနပ်မှုကို ရယူတယ်လို့ ပြောပါတယ်။ ကလေးရဲ့ စိတ်ကြည်နှုးမှုခံစားလိုတဲ့ အပိုင်းဟာ စအိုဝန်းကျင်တဝိုက်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာ တစ်ခုက ၄င်းအဆင့် တွေမှာ ကလေးဟာ သူ့ရဲ့ အတွေအကြုံတွေ အပေါ်မူတည်ပြီး နောက်ပိုင်း စိတ်နေသဘောထားတွေ တိုးတက်လာတယ်လို့ ဆိုတာပါ (ဥပမာ သန့်ရှင်းတတ်တာ၊ အချိန်တိကျတာ၊ ကပ်သီးကပ်သပ်နိုင်တာ စသဖြင့် အမျိုးမျိုးပေါ့)။ နောက်အဆင့်ကတော့ ၃ နှစ်ကနေ ၅ နှစ် ၆ နှစ် အထိ လိင်တံအဆင့်ဖြစ်ပြီး အဲ့ဒီနောက် ပျိုဖော်ဝင်ချိန်အထိ ဘာကိုမှ စိတ်မဝင်စားတော့ပါဘူးတဲ့။ နောက်ဆုံး အဆင့်ကတော့ ပျိုဖော်ပြီးနောက်ပိုင်း လိင်အင်္ဂါကို စိတ်ဝင်စားတဲ့ အဆင့်ပါ။

Sigmund Freud၏ စိတ်ပညာအဆိုအရ စအိုဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူ့ကို ဇီဝဗေဒ ရှုထောင့်ကနေ အသေအချာ လေ့လာကြည့်မယ်ဆိုရင်လည်း ၄င်းဟာကျွန်တော်တို့ ယောက်ျားချင်းချစ်သူများအဖို့ စွမ်းဆောင်ပေးနိုင်တာ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီအင်္ဂါ အစိတ်အပိုင်းကို ရှက်ကြောက်ရွံဖွယ်ရာ အရာတစ်ခုလို့ မမြင်ပဲ သဘာဝကပေးတဲ့ ခန္ဓာ အစိတ်အပိုင်းတစ်ခုလို့သာ တွေးတော သတ်မှတ်လိုက်ပါက ကျွန်တော်တို့အတွက် သာယာဖွယ်ရာ လိင်မှု အတွေ့အကြုံကို ပေးနိုင်မှာ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာမှ စအိုလမ်းကြောင်း တဝိုက်မှာ ရှိတဲ့ ဆီးကျိတ်ဟာတော့ ယောက်ျားချင်း ချစ်သူများအတွက် စွမ်းဆောင်မှုတွေ အများကြီး ပေးနိုင်တဲ့ သဘာဝရဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဆီးကျိတ်ကို ပွတ်တိုက် နှိပ်နှုယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုံဆော်မှုဟာ သုခကို ဖြစ်ပေါ်စေပါတယ်။ ဒါဆို ဆီးကျိတ်ဆိုတာ ဘာလဲဆိုတာကို လေ့လာကြည့်ရအောင်။


ဆီးကျိတ်ဟာ ယောက်ျားတွေအတွက် လိင်မှုသုခ၏ အရေးပါတဲ့ အရင်းခံတစ်ခုပါ။

၁) ၄င်းဟာ သင့်ရဲ့ သုတ်ရည်ကို ပြုလုပ်ပေးပါတယ်။ သုတ်ကောင်တွေ ရှင်သန်ကူးခတ်နိုင်ဖို့ ဇင့်ပါတဲ့ အရည်တစ်ခုကို ထုတ်ပေးပါတယ်။
၂) ၄င်းဟာ သင့်အတွက် လိင်ဆက်ဆံမှု ပြီးမြောက်မှုအချိန်မှာ အထွတ်အထိပ်ရောက်အောင် ပြုလုပ်ပေးပါတယ်။ ဆီးကျိတ်ဟာ ကျွန်တော်တို့ ယောက်ျားတွေ လိင်မှုပြီးမြောက်ချိန် သို့မဟုတ် သုတ်လွှတ်ချိန်မှာ သုခပြည့်တဲ့ ကြည်နှုးမှုကို ပြုလုပ်ပေးတယ်လို့ ယူဆရပါတယ်။ အကယ်၍ ဆီးကျိတ်ကို နှိပ်နှယ် နှိုးဆွပါက ပိုမို ထပ်ဆောင်း ပြင်းထန်တဲ့ သုခခံစားမှုကို ပေးစွမ်းတယ်လို့ ဆိုပါတယ်။ တချို့ ယောက်ျားများဆို ဆီးကျိတ်တစ်ခုတည်းကို နှိုးဆွရုံဖြင့်သာ သုတ်လွှတ်ခြင်းကို ရရှိနိုင်ပါတယ်။
၃) ဆီးကျိတ်ဟာ သင့် စအို အဝင် လက်တထွာနေရာမှာ ရှိပါတယ်။ အကယ်၍ လက်ထည့်ပြီး (ချောဆီလိမ်းပါ - အမြဲလိမ်းဖို့မမေ့ပါနဲ့) စမ်းကြည့်မယ်ဆိုရင် ၂ လက်မ ၃ လက်မလောက်အတွင်းမှာ ဝမ်းဗိုက်ဖက်မှာ ရှိပါတယ်။


Bottom ကိုကိုတွေအတွက် (Top ကိုကိုတွေလည်း စိတ်ဝင်စားရင်ပေါ့) ဆီးကျိတ်ကို လှုံ့ဆော်တဲ့ စအိုဖြင့် လိင်ဆက်ဆံခြင်း၏ လျို့ဝှက်ချက်ကတော့ စိတ်ရှည်သီးခံခြင်းပါ။ 

ဆီးကျိတ်ကို လှုံ့ဆော်ဖို့ အခက်အခဲဆုံး အဆင့်ကတော့ စအိုရှိ ရှုံ့ဆန့် ကြွက်သားတွေကို ဘယ်လို လျော့ထားရမလဲဆိုတာကို အလေ့အကျင့်ရဖို့ အချိန်လိုပါတယ်။ အတင်းအကြပ်မပြုလုပ်ပဲ ကြွက်သားတွေ သက်တောင့် သက်သာဖြစ်တဲ့ အထိ စိတ်ရှည်စွာ ပြုလုပ်ပါက နာကျင်မှု ကင်းမဲ့ပြီး နှစ်လိုဖွယ်ရာ သုခကို ပေးစွမ်းနိုင်မှာပါ။

သင့်ချစ်သူနှင့် သွားလာတဲ့ အခါ သင့်အတွက် ဘယ်လိုမျိုး အနေအထားမျိုးက အကောင်းဆုံးလှုံ့ဆော်မှုကို ဖြစ်စေသလဲဆိုတာကို စမ်းသပ်ရမှာ ဖြစ်ပါတယ်။ သင့်စအို အနေအထားနှင့် သင့်ချစ်သူ၏ ငယ်ပါ သဏ္ဍာန်ပေါ်မူတည်ပြီး အံဝင်ကွင်ကျဖြစ်အောင် ပြုလုပ်ရမှာ ဖြစ်လို့ တစ်ဦးနှင့် တစ်ဦး မတူနိုင်ပါဘူး။ ချစ်သူနှင့် မှန်ကန်စွာ သွားလာတဲ့အခါ ဆီးကျိတ်ကို ပွတ်တိုက် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှု အရသာဟာ အကောင်းဆုံး လိင်မှုသုခကို ပေးပြီး ပြီးမြောက်မှုသုခကို အားပြင်းစေပါတယ်။ ဒါကြောင့် ဆီးကျိတ်ဟာ ကျွန်တော်တို့ ယောက်ျားချင်းချစ်သူတွေအတွက် တော့ သဘာဝက ဖန်စဉ်းပေးထားတဲ့ လက်ဆောင်မွန်ပါ။

နောက်ဆုံးအနေနှင့် ဒီဟာက bottom တွေနဲ့သာ ဆိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး top တွေကော straight ယောက်ျားတွေပါ စိတ်ကူးရရင်ရသလို အမျိုးမျိုး စမ်းသပ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူအဖွဲ့အစည်းမှာ လူတွေကို နှိမ့်ချဖို့ အသုံးပြုကြနေတဲ့ -င်ခံ ဆိုတဲ့ စကားလုံးနှင့် ၄င်းဟာ အောက်ကျတယ်ဆိုတဲ့ အတွေးအခေါ်တွေကို ပြင်ဖို့ကောင်းပါပြီ။


0 comments

International LGBT music (2015 October)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ လိင်တူချစ်သူ ဂီတဝါသနာရှင်တို့အတွက် ၂၀၁၅ အောက်တိုဘာလအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူအဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။



ဒီလမှာတော့ ဗြိတိလျှ အဆိုကျော် Sam Smith သီဆိုထားတဲ့ James Bond ရုပ်ရှင် Spectre ရဲ့ ဇာတ်ဝင် သီချင်း၊ အစ္စရေးဆိုတော် Harel Skaat ၏ နောက်ဆုံးထွက် သီချင်း နှင့် လူငယ်အဆိုတော် Troye Sivan ရဲ့ သီချင်း အသစ် ၂ ပုဒ်တို့ အပါအဝင် စုစုပေါင်းသီချင်း ၁၂ ပုဒ်ကို စုဆောင်းထားပါတယ်။

Hương Giang Idol ft. Kimmese - Ai Đẹp Nhất Đêm Nay?

ပထမဦးဆုံး အနေနှင့်ကတော့ ဗီယက်နမ်နိုင်ငံမှ နာမည်ကြီး ကျားမ ပြောင်းအဆိုတော် Hương Giang Idol ရဲ့ ခပ်လန်းလန်း သီဆိုထားတဲ့ ဗီယက်နမ် သီချင်းအသစ်ပါ။



NERVO feat. Kylie Minogue, Jake Shears & Nile Rodgers - The Other Boys

အမေရိကန် Scissor Sisters အဖွဲ့ ရဲ့ ခေါင်းဆောင် အဆိုတော် လိင်တူချစ်သူ Jake Shears ဟာ သြစတြေးလျ အဖွဲ့ NERVO နှင့် Kylie Minogue တို့နှင့်အတူ သီဆိုထားတဲ့ The Other Boys ဆိုတဲ့ အကသီချင်းဟာ electronic dance music ကြိုက်တတ်တဲ့ သူတွေ အတွက် လတ်တလောမှာ အလန်းသီချင်း တစ်ပုဒ်ပါ။



Wisin ft. Ricky Martin - Que Se Sienta El Deseo

ကမ္ဘာကျော် Ricky Martin ကတော့ မက္ကဆီကို rapper Wisin သီချင်းမှာ စပိန်လို ကူညီပါဝင် သီဆို ထားပြန်ပါတယ်။



Adam Lambert - Another Lonely Night

Adam Lambert ကတော့ သူ့ရဲ့ အောင်မြင်တဲ့ Ghost Town သီချင်းပြီး နောက်ထပ်တစ်ပုဒ် ထုတ် လိုက်ပြန်ပါပြီ။



Years & Years - Eyes Shut

UK အဖွဲ့  Years & Years ၏ နောက်ထပ်ထွက်လာတဲ့ သီချင်း Eyes Shut တော့ ငြိမ့်ငြိမ့်လေးပါ။ Eyes Shut ဟာ သူတို့ရဲ့ အောင်မြင်တဲ့ Communium အခွေထဲက ၆ ပုဒ်မြောက် ဗီဒီယို ရိုက်ကူးထားတဲ့ သီချင်းပါ။



MIKA - Staring At The Sun 

ပြင်သစ် အင်္ဂလိပ် အဆိုတော်ရဲ့ Staring At The Sun ဗီဒီယိုကလည်း နားထောင်လို့ကောင်းပါတယ်။



Harel Skaat - Hollow

အစ္စရေးနိုင်ငံမှာ အလွန်ကျော်ကြားတဲ့ ပါရမီရှင် အဆိုတော် လိင်တူချစ်သူလည်းဖြစ်သူ Harel Skaat ဟာ သူရဲ့ နောက်ဆုံ ဖန်တီးမှုကို အင်္ဂလိပ်လို သီဆိုထားပါတယ်။ အေးအေးလေးနဲ့ နားထောင်လို့ ကောင်းပါတယ်။



Nasrin Kadri - Second Round

အစ္စရေး အဆိုတော် နောက်တစ်ဦးဖြစ်တဲ့ Nasrin Kadri ကတော့ လိင်တူချစ်သူတစ်ဦး မဟုတ်ပေမဲ့ သူ့ရဲ့ ဗီဒီယို အသစ်မှာ လိင်တူချစ်သူများ လက်ထပ်ရေးနဲ့ ပက်သက်ပြီး ရိုက်ကူးထားပါတယ်။ သီချင်းထဲမှာ သားဖြစ်သူက လိင်တူချစ်သူဖြစ်တာကို လက်ခံပေးတဲ့ အကြောင်းကို ပြထားပါတယ်။



Trevor Moran - I Wanna Fly 

အမေရိကန် ဆယ်ကျော်သက် အဆိုတော် Trevor Moranက သူ ဂေးဖြစ်ကြောင်း ပြောပြီးနောက် အသစ်ထုတ်လိုက်တဲ့ သီချင်းဖြစ်ပါတယ်။



Troye Sivan

သြစတြေးလျှ လူငယ် Youtube ကြယ်ပွင့် Troye Sivan ဟာ သူ့ရောက် နောက်ဆက်တွဲသီချင်း ၂ ပုဒ်မှာ သူ့ရဲ့ လူငယ် အချစ်ဇာတ်လမ်းလေးကို ဆက်လက်ရိုက်ကူးထားသလို သီချင်းတွေကလဲ လူကြိုက်များပါတယ်။
FOOLS



TALK ME DOWN



Sam Smith - Writing's On The Wall

နောက်ဆုံအနေနှင့်  လူတိုင်းအသဲစွဲ အသံရှင် လိင်တူချစ်သူ ဗြိတိသျှ အဆိုကျော် Sam Smith ရဲ့ James Bond ဇာတ်ဝင်သီချင်းဟာ UK မှာ အရောင်းရဆုံး နေရာ နံပါတ် ၁ ကို ရရှိပြီးသွားပြီ ဖြစ်ပါတယ်။


0 comments

လိင်မှုကိစ္စနှင့် ပက်သက်သော သဘာဝ ဟော်မုန်းများ

လူသားတွေရဲ့ ခန္ဓာမှာ လိင်တူချစ်သူပဲ ဖြစ်ဖြစ် လိင်ကွဲချစ်သူပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ တူညီတဲ့ ဇီဝ ဖြစ်တည်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲဖြစ်ဖြစ် အခြားလူသားတစ်ဦးနှင့် ချစ်တင်းနှီးနှောတဲ့ အခါမှာ ထုတ်လွှတ်တဲ့ ဟော်မုန်းများဟာ အတူတူပင် ဖြစ်ပါတယ်။ ယင်းဟော်မုန်းတွေဟာ လူ့ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများကို ပေးပါတယ်။ လူ့ခန္ဓာကိုယ်ကနေ လိင်ဆက်ဆံခြင်းနှင့် ပက်သက်တဲ့ အခါ ထုတ်လွတ်ပေးတဲ့ ဟော်မုန်း ၆ မျိုးရှိပါတယ်။ ယင်းတို့ဟာ လိင်ဆက်ဆံမှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးတာကြောင့် သူတို့ မမျှတတော့ရင် ဘာလုပ်ရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။

၁) Testosterone တက်စတိုစတီရုန်း
တက်စတိုစတီရုန်းကို ကျားမ အကုန်လုံးမှာ ထုတ်လွှတ်ပေမဲ့ ယောက်ျားတွေမှာ အများကြီး ထုတ်လွှတ်တဲ့ အတွက် သူ့ကို ကျားဟော်မှန်းလို့လည်း ခေါ်ပါတယ်။ ကြွက်သား အစိုင်အခဲတည်ဆောက်မှုကို အားပေးပြီး ဦးနှောက်ရဲ့ တည်ဆောက်ပုံကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးတဲ့အတွက် လိင်ဆက်ဆံခြင်းအား တမ်းတစေတဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သင်တစ်ချိန်လုံး ဟိုအတွေးတွေပဲ ခေါင်းထဲမှာ ပေါ်နေရင် တက်စတိုစတီရုန်းကိုပဲ အပြစ်တင်ရမလိုပါပဲ။


အကယ်၍ သင် လိင်စိတ်ကုန်ဆုံးနေပြီး သင့်မှာ တက်စတိုစတီရုန်း လျော့နည်း နေတယ်လို့ စိတ်ပူနေရင် သူ့ကို ရအောင် လေ့ကျင့်ခန်းလုပ်၊ ခန္ဓာအလေးချိန်ကျအောင်ပြုလုပ်ပြီး အိပ်ရေးဝအောင်အိပ်ပါ။ ချက်ချင်းတော့ ပြန်မတက်လာနိုင်ပေမဲ့ ပုံမှန်ပြုလုပ်သွားရင် ပြန်ကောင်းလာမှာပါ။

၂) Dopamine ဒိုပါမင်း
ဒိုပါမင်း ကတော့ အာရုံ အရသာ ခံစားမှုနှင့် ပက်သက်သော ဟောမုန်းဖြစ်ပါတယ်။ အစားအစာ၊ မူးယစ်ဆေး နှင့် လိင်ဆက်ဆံမှုတွေက ခံစားမှုကောင်းတာဟာ ယင်းကြောင့်ပဲ ဖြစ်ပါတယ်။ ယင်းဟာ ကျွန်တော်တို့ ဘာကိုပဲ အရသာခံခံ ခံစားမှု ကောင်းအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒိုပါမင်း ရဲ့ ကျေးကျွန်တွေလိုပါပဲ။

ဒါပေမဲ့ ဒိုပါမင်း က သိပ်ကောင်းလွန်းတာကြောင့် လိုချင်တမ်းတတာ များလာတဲ့ အခါ တခါတလေ ကျွန်တော်တို့ကို ဖျက်ဆီးရာ ရောက်နိုင်ပါတယ်။ တန်ဆေး လွန်ဘေး မဟုတ်လား။ ဒိုပါမင်းဟာ မဖြတ်နိုင်ပဲ စွဲနေမှုကို ဖြစ်စေတာမို့ ဖြတ်မရရင် အကူအညီယူပြီး ကုစားသင့်ပါတယ်။



၃) Serotonin စီရိုတိုနင်
လိင်ဆက်ဆံပြီး အထိတ်အထိပ် ရောက်တဲ့အခါမှာ ခန္ဓာကိုယ်က စီရိုတိုနင်ကို ထုတ်လွှတ်လိုက်ပါတယ်။ သူကတော့လိင်စိတ် ပိုတက်ကြွလာအောင် ပြုလုပ်ပေးတာတော့ မဟုတ်ပဲ လိင်စိတ်ကို ခဏ အနားပေးလိုက်သလို ပါပဲ။ ယောက်ျားတွေမှာ အထိတ်အထိပ်ရောက်ပြီးပြီးချင်း အင်္ဂါတောင့်တင်းမှုကို ခဏ တာဆီးထားတာလဲဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ လိင်ဆက်ဆံပြီးပြီးချင်းရရှိတဲ့ ပီတိစိတ်၊ တည်ငြိမ်မှု နှင့် စိတ်ရွင်လန်းမှုတို့ကို ရရှိအောင်ပြုလုပ်ပေးတာပါ။ သူဟာ အခြားလူသားတစ်ဦးနှင့် လက်တွဲရာမှနေ စိတ်ခံစား ပျော်ရွင်မှုတွေကို ပြုလုပ်ပေးပါတယ်။

ဒါပေမဲ့ စီရိုတိုနင်ကို မထုတ်တော့တဲ့အခါ စိတ်ဓာတ်ကျမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ချစ်သူနှင့် လမ်းကွဲတဲ့အခါ ဝမ်းနည်း၊ စိတ်ဆိုး အစရှိတဲ့ အသဲကွဲတဲ့ ခံစားမှုတွေကို ခံစားနေရတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချစ်သူနဲ့ အတူရှိနေစဥ်က စီရိုတိုနင်တွေ ပုံမုန်ထုတ်နေပြီးတော့ ကွဲသွားတဲ့ အခါ ဆက်မထုတ်တော့တာကို ခန္ဓာကိုယ်က အကျင့်မရသေးလို့ပါ။ အဲ့ဒါဆို သင် အသည်းကွဲပြီး ဝမ်းနည်းနေရင် တခြား သဘာဝအလျှောက် စီရိုတိုနင်ကို ရနိုင်တဲ့ နည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပါ၊ နေရောင်ခြည်ရရှိလုပ်ပါ၊ tryptophan များတဲ့ အစားအစာ (ဥပမာ အစေ့အစံ၊ ပဲနို့၊ ချိစ်၊ နှင့် အသားများ) ကို စားသုံးပါ။ ဒါဆို စီရိုတိုနင်ကို ပြန်မြှင့်တင်နိုင်မှာပါ။

၄) Oxytocin အောက်စီတိုစင်
အောက်စီတိုစင် ဆိုတဲ့ ဟော်မုန်းကတော့ လူသားချင်း ဆက်နွယ်မှု၊ အချစ် မေတ္တာနှင့် စာရိတ္တတို့ဖြင့် ပက်သက်သော ဇီဝ ဓာတုတစ်မျိုးပါ။ သူ့ကို အခြားလူတစ်နှင့် လွန်စွာရင်းနှီး ထိတွေ့တဲ့ အခါ (ဥပမာ ပြုစုတဲ့အခါ၊ ပွေ့ဖက်တဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါ) ထွက်လာတဲ့ ဟော်မုန်းပါ။ ယင်းဟာ စိတ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး သင့်ကို ကိုယ်ချင်းစာတတ်သူ၊ ဂရုစိုက်တတ်သူ နှင့် ကျင်နာတတ်သူတစ်ဦးဖြစ်အောင် ပြုလုပ်ပေးပါတယ်။

ဒါ့ကြောင့် သင်နဲ့ လက်တွဲ နေသူနှင့် ချစ်မိသွားတာ ဖြစ်နိုင်ပါတယ်။


၅) Vasopressin ဗက်ဆိုပရက်စင်
ဗက်ဆိုပရက်စင် ကတော့ တစ်လင်တစ်မယား မော်လီကြူးလို့လည်း ခေါ်ပါတယ်။ ယင်းဟာ လိင်ဟော်မုန်းတစ်မျိုးဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းနှင့် ရေရှည်လက်တွဲမှုကို ဖြစ်စေတဲ့ ဟော်မုန်းပါ။ တကယ်တော့ ဗက်ဆိုပရက်စင် အလုံအလောက်မထုတ်တဲ့ ယောက်ျား နှင့် မိန်းမတွေဟာ လူတွေနဲ့ လက်တွဲပေါင်းသင်းဖို့အတွက် သူ့တို့ စိတ်ဝင်စားမှု နှင့် အားရကျေနပ်မှု မရှိပါဘူး။
အဲ့ဒါကြောင့် သင်လိင်ဆက်ဆံနေတဲ့သူနဲ့ သင်က အလွန့်အလွန် ချစ်မိနေပြီး သူက သင့်ကို ရေရှည်လက်တွဲဖို့ စိတ်မဝင်စားဘူး ဆိုရင်၊ သင့်မှာတော့ ဘာပြဿနာမှ မရှိပါဘူး။ သူ့မှာ ဗက်ဆိုပရက်စင်နဲ့ ပက်သက်တဲ့ ဗီဇကြောင့် ဖြစ်နိုင်ပါတယ်။

၆) Estrogen အက်စရိုဂျင်
ပုံမုန်ဆိုလျှင် အက်စရိုဂျင်ဟာ မိန်းမဟော်မုန်းလို့ အသိများကြပါတယ်။ ယင်းဟာ အမျိုးသမီးတွေမှာ မခန္ဓာလက္ခဏာတွေ ဖွံဖြိုးလာအောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ သုတေသန အသစ်တွေမှာ သိပ္ပံပညာရှင်တွေက အက်စရိုဂျင်ဟာလည်း လိင်စိတ်ဖြစ်ပေါ်နှင့် အရေးပါသော ဟော်မုန်းတစ်ခုလို့ တွေ့ရှိလာပါတယ်။ လိင်စိတ်နည်းပါးတဲ့ ယောက်ျားတွေကို အရင်တုန်းက တက်စတိုစတီရုန်း တစ်ခုတည်းကို ထိုးပေးရာမှာ သိပ်ထိရောက်မှ မရှိလှပါဘူး။ ဒါပေမဲ့ အက်စရိုဂျင်ကိုပါ မုန်ကန်တဲ့ အချိုးအစ နှင့် ပေါင်းထိုးပေးရင်တော့ ပိုထိရောက်တာကို တွေ့ရှိရပါတယ်။

ကဲ... ကျန်းမာ ပျော်ရွင်ပြီး လက်တွဲဖော်နှင့် ဘဝ သက်ဆုံး ပေါင်းသင်းနိုင်ပါစေ။

0 comments

အရှေ့ အာရှမှ လိင်တူချစ်သူ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲ ဓာတ်ပုံများ

Pride Parade အတိုကောက် Pride လို့ခေါ်တဲ့ လိင်တူချစ်သူတွေရဲ့ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲတွေဟာ အမေရိကန်မှာ စခဲ့တာပါ။ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုများကို တောင်းဆိုရန် ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်တုန်းက နယူးယော့က လိင်တူချစ်သူတွေရှိတဲ့ ရပ်ကွက်မှာ စတုန်းဝေါဆိုတဲ့ တည်းခိုခန်းကို ရဲတွေက ဝင်စီးပြီး နောက်ပိုင်းမှာ လိင်တူချစ်သူ အသိုင်းအဝန်းက မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဂုဏ်ယူကြောင်း စီတန်းလှည့်လည်ကာ ဆင်နွဲခဲ့ကြရာက နေစတင်ခဲ့ပါတယ်။ ယနေ့မှာတော့ အနောက်တိုင်းနိုင်ငံတွေမှာ ဇွန်လဝန်းကျင်ဆိုရင် ချိမ့်ချိမ့်သဲသဲ ကျင်းပလေ့ရှိပါတယ်။

ကျွန်တော်တို့ အာရှတိုက်မှာလည်း လူ့အဖွဲ့အစည်းက အမြင်စောင်းမှုများ အစိုးရများက ဖိနှိပ် ချုပ်ချယ်မှုများအကြားမှ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသူများက ဦးဆောင်ကာ အကြီးအကျယ်မဟုတ်သော်လည်း ကျင်းပပြုလုပ်လျှက်ရှိ ပါတယ်။ အဲ့ဒီ အထဲကမှ ဥပမာအနေနှင့် နီပေါ၊ အိန္ဒိယ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေမှ ပြုလုပ်ပြီးသွားတဲ့ လှည့်လည်ပွဲအချို့ရဲ့ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ရပါတယ်။

နီပေါ
နီပေါနိုင်ငံမှာ ၂၀၁၅ လတ်တလောကမှာ ပြုလုပ်သွားတဲ့ လိင်တူချစ်သူ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲ အပါအဝင် နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ Prideတွေရဲ့ ရောင်စုံ ဝေဆာနေတဲ့ ပုံရိပ်များပါ။













ဟောင်ကောင်
ဟောင်ကောင်မှာလဲ စီတန်းလှည့်လည်ပွဲကို ကျင်းပနေတာ ၅ နှစ်ရှိခဲ့ပါပြီ။







ထိုင်ဝမ်
ထိုင်ဝမ်နိုင်ငံ၏ မြို့တော် တိုင်ပေမှာလည်း ၂၀၀၃ ခုနှစ်ကတည်း ကျင်းပလာခဲ့တာ ၉ နှစ်ရှိခဲ့ပါပြီ။










ဖိလစ်ပိုင်
မနီလာမှ ပုံရိပ်အချို့ပါ။





အိန္ဒိယ 
အိန္ဒိယ နယူဒေလီနှင့် မွန်ဘိုင်းတို့မှာလည်း စီတန်းလှည့်လည်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။







ဗီယက်နမ်
အရှေ့တောင်အာရှမှာတော့ ဗီယက်နမ်က အကြီးစားမဟုတ်ပေမဲ့ ပထမဆုံးနိုင်ငံအဖြစ် စတင်ပြုလုပ်နိုင်ခဲ့ပါပြီ။






မာတိကာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ