Search

Content

Showing posts with label အလှအပ. Show all posts
Showing posts with label အလှအပ. Show all posts
1 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၃) အရေပြား)


လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း ၂) ကို ဖတ်ရန်

အပိုင်း (၃) - အရေပြား

၄ ကီလိုဂရမ် (၉ ပေါင်) မျှလေးသော အရေပြားသည် ခန္ဓာကိုယ်တစ်ခုလုံး၏ မျက်နှာပြင်ကို ဖုံးအုပ်ထားပြီး ခန္ဓာကိုယ်၏ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ကြံ့ခိုင်သော ပရိုတင်း keratin နှင့် ပြုလုပ်ထားပြီး ၎င်းသည် လူ့ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်၊ ဘက်တီးရီးယား နှင့် အခြားပြင်ပမှ ဇီဝရုပ်ကောင်များမှ ကာကွယ်ပေးပါသည်။

အရေပြားသည် အလိုအလျောက် သူ့ဘာသာသူ ပြန်ပြင်ပြီး ပြန်ရှင်သန်လာနိုင်ကာ မပျက်ဆီးမကျိုးပဲ့သော အရေပြားသည် ရေစိမ့်ဝင်မှုတားဆီးပြီး ခန္ဓာကိုယ်ကို အန္တရာယ်ရှိသော နေရောင်ခြည်များမှ ကာကွယ်ပေးသည်။ ၎င်းသည် မယ်လနင် (melanin) ခေါ် အမဲအရောင်အသားရောင်ချယ်ကို ထုတ်လုပ်ပြီး နေရောင်ခြည်တွင်ရှိသော ခရမ်းလွန်ရောင်ခြည်များစုတ်ယူထားကာ အသားရေကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် နေပူထဲထွက်ခြင်းကြောင့် အသားညိုရခြင်းဖြစ်သည်။

အရေပြားသည် ခန္ဓာကိုယ်၏ အပူချိန်နှင့်ရေဓာတ်ထိန်းညှိမှုကိုလည်း ပြုလုပ်ပေးပါသည်။ ဥပမာ ကိုယ်ပေါ်ရှိ အမွေးများသည် အေးသောရာသီဥတုတွင် ထောင်မတ်လာကာ နွေးသောလေများကို ခန္ဓာကိုယ်နှင့် နီးအောင် သိမ်းယူထားပေးသည်။ ရာသီဥတုအရမ်းပူသောအခါ ချွေးများထုတ်ပေးကာ ခန္ဓာကိုယ်ကို အေးအောင်လုပ်ပေးသည်။ အာရုံခံစားသော အကြောများသည် အရေပြားပေါ်တွင်အပြည့်ရှိပြီး ပတ်ဝန်းကျင်တွင်ရှိသော ထိတွေ့မှု၊ ဖိအား၊ နာကျင်မှု နှင့် အပူချိန်များကို ဦးနှောက်သို့ နာလည်းနိုင်ရန် ပို့ပေးကာ ပတ်ဝန်းကျင်အခြေအနေကို သိရှိစေပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ကူညီပေးသည်။ ထို့ကြောင့် အရေပြားသည် ခန္ဓာကိုယ်တွင် အလွန်အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ်ပါသည်။

အရေပြားသည် collagen (ကိုလာဂျင်) ဟုခေါ်သော ဆန့်ကျုံ့နိုင်သည့် အသားမျှင်ပါသော ခန္ဓာတစ်ရှူးများနှင့် ချိတ်ဆက်ထားသည်။ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ နေရောင်ခြည် နှင့် သဘာဝဒါဏ်ကို ခံလာရသော ခန္ဓာအစိတ်အပိုင်းများ (ဥပမာ မျက်နှာ၊ လည်ပင်း နှင့် လက် စသည်) တို့သည့် ကိုလာဂျင်များပျက်ဆီးမှုကြောင့် မဆန့်ကျုံ့နိုင်တော့ပဲ အသားရေတွန့်လာခြင်းဖြစ်သည်။

အရေပြား၏ အဓိက တာဝန်မှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်မှ ကာကွယ်ရန် ဖြစ်သည့် အလျောက် အချိန်နှင့်အမျှ အရေပြားပျက်စီးသည်မှာ အံ့သြစရာတော့ မဟုတ်ပါ။ အရေပြားပြသနာများသည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သော အရာများမဟုတ်ပဲ အလွယ်တကူ ကုသ၍ရနိုင်သော်လည်း ၎င်းတို့၏ ဘေးထွက်ဆိုးကျိုးများ နှင့် အခြားသွယ်ဝိုက်သက်ရောက်မှုများသည် ကျွန်ုပ်တို့ကို ထိခိုက်နိုင်သော အရာများဖြစ်ကြသည်။ အထူးသဖြင့် ထပ်ခါတလဲလဲဖြစ်ပေါ် အရေပြားရောဂါများသည် ကျွန်ုပ်တို့ကို အထူးထိခိုက်နိုင်သည်။

ဖြစ်လေ့များသော အရေပြားပြသနာများမှာ

ဝက်ခြံပေါက်ခြင်း - ဟော်မုန်းကြောင့် အရေပြားအောက်ရှိမွေးညင်းပေါက်များသည် အဆီအပိုထုတ်လုပ်လာသဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယောက်ျားလေးများကို လူပျိုဖြစ်စအချိန်တွင် အဖြစ်များလေ့ရှိသော်လည်း နောက်ပိုင်း အရွယ်တွင်လည်း ဖြစ်နိုင်သေးသည်။

Eczema/နှင်းခူနာ (သို့) အရေပြား အလွန်ခြောက်သွေ့ခြင်း - ရောင်ရမ်းသော၊ ယားယံသော၊ ခြောက်သွေ့သည့် အလွှာများကွာကျသော အရေပြားအခြေအနေဖြစ်သည့်။ တခါတရံတွင် ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်သော်လည်း အရေပြားအလွန်ခြောက်သွေ့ခြင်းကြောင့်အပါအဝင် အခြားအကြောင်းအရင်းအမျိုးမျိုးကြောင့်လည်း ဖြစ်ပေါ်ပါသည်။

(ခြေထောက်) သဲဝဲ - ဝဲဆွဲစေသော မှို (သို့မဟုတ်) ဘက်တီးရီးယားကူးစက်မှုကြောင့် ခြေချောင်းများအကြား ယားယံပြီးစပ်သော နာများဖြစ်ခြင်းဖြစ်သည်။ ဘွတ်ဖိနပ်ဝတ်ပြီး ချွေးထွက်သော ခြေထောက်များတွင် အဖြစ်လွယ်သည်။

ကိုယ့်ကိုယ်ကို ထိန်းသိမ်းကုသခြင်း

  • သင့် အရေအပြားအခြေအနေ၏ ရောဂါအကြောင်း နှင့် ကုသနည်းကို ကောင်းကောင်းမသိပါက သင့်ဆရာဝန်၏ အကူအညီကိုယူပါ။
  • ဝက်ခြံကို ကုသ၍ မရသော်လည်း ပိုမဆိုးလာအောင် ထိန်းသိမ်းထားသင့်ပါသည်။ ဝက်ခြံသည် တစ်ကိုယ်ရေညစ်ပတ်ခြင်းအကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ခဏခဏ မျက်နှာသစ်ခြင်းကြောင့် ပျောက်သွားမည်မဟုတ်ပဲ ၎င်းသည် အရေပြားကို ခြောက်သွေ့ယားယံစေပြီး အနာများကိုသာ ပိုဆိုးစေပါသည်။ သင်ဝက်ခြံပေါက်သူဖြစ်ပါက တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီး မျက်နှာကို မသစ်ပါနှင့်။ အလွန်ပူသော၊အလွန်အေးသောရေသည် ဝက်ခြံကို ပိုဆိုးစေသည်။ ဝက်ခြံရှိ အမဲစက်များကို မြန်မြန်ထွက်အောင် မညှစ်ပစ်ပါနှင့်။ အမာရွတ်များကျန်တတ်သည်။ ဆံပင်ရှည်လျှင် ဆံပင်ပုံမှန် သန့်ရှင်းရေးလုပ်ပါ။ ဆံပင်ကို မျက်နှာပေါ်မကျစေပါနှင့်။ အလွန်အဆီပြန်စေသော မျက်နှာနှင့်ဆံပင်လိမ်းဆေးများကို ရှောင်ပါ။ ၎င်းတို့သည် သင့်အရေပြား၏ လေဝင်လေထွက်ကို ပိတ်ထားနိုင်ပါသည်။ ဝက်ခြံပိုဆိုးလာပါက ဆရာဝန်နှင့် အရင်တိုင်ပင်ကာ ထိရောက်သော ဆေးများကို ရယူပြီး အခြေအနေထိန်းထားနိုင်ပါသည်။
  • နှင်းခူနာ (သို့) အရေပြား အလွန်ခြောက်သွေ့ခြင်းဖြစ်ပေါ်နေပါက moisturizer လိမ်းဆေးများကို အသုံးပြုပြီး အသားရေကို စိုဆွတ်အောင်လုပ်ပါ။ အလွန်ပူသောရေကိုသုံးခြင်း၊ အကြာကြီးရေချိုးခြင်းရှောင်ပါ။ အလွန်ပြင်းသော အမွှေးနံများပြင်းသော ဆပ်ပြာများသည် အသားရေကို ခြောက်သွေ့စေပါသည်။ ဆပ်ပြာအများကြီးသုံးခြင်းရှောင်ပါ။ တခါတရံ ကိုယ်စားသော အစားသောက်အထဲမှအချို့သည် အရေပြားကို ယားယံစေပါသည်။ အချို့အစားအစာကို ပြောင်းလဲခြင်းဖြင့်လည်း ပြသနာကို သက်သာအောင်ပြုလုပ်နိုင်ပါသည်။ ဥပမာ အချို့ နှင်းခူနာဖြစ်သူအချို့သည် နို့ထွက်အစားအစာများကို ရှောင်ခြင်းဖြင့်သက်သာကြသည်။ စိတ်ဖိစီးမှုသည် အရေပြားပြသနာများကို ဖြစ်စေသလို ပို၍လည်းဆိုးရွားစေနိုင်ပါသည်။ သင့်ကို စိတ်ဖိစီးမှု ဖြစ်စေသော အရာများကို ရှောင်ပါ၊ ဖြေရှင်းပါ။ နေရောင်ခြည်ကို ရယူခြင်းဖြင့်လည်း အရေပြားအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်ပါသည်။ သို့သော် နေမလောင်မိစေရန်လည်း အထူးသတိပြုရမည်ဖြစ်သည်။
  • ခြေထောက် သဲဝဲ ပေါက်ပါက အလွယ်တကူပျောက်ကင်းစေသော လိမ်းဆေး၊ အမှုန့်နှင့်၊ ဖြန်းဆေးများ ဆေးဆိုင်တွင် မေးမြန်းဝယ်နိုင်ပါသည်။

အရေပြားကင်ဆင်ကာ ရှိမှရှိ ကိုယ့်ဖာသာ စစ်ဆေးခြင်း

အရေပြားကင်ဆာသည် ကိုယ်ဖာသာ စစ်ဆေးခြင်းဖြင့် စောစီးစွာသိရှိနိုင်ပါသည်။ ဝှေးစိကင်ဆာ ကဲသို့ပင် အရေပြားကင်ဆာသည် စောစီးစွာသိရှိပါက အောင်မြင်ကုသပျောက်ကင်းနိုင်ပါသည်။ အရေပြားကင်ဆာဟု သံသယရှိဖွယ် သင်္ကေတများမှာ -
  • တဖြည်းဖြည်း ကြီးလာသော အဖု (သို့) အကြိတ်
  • အရေပြားအရောင်၊ အသားအရေ ပြောင်းလဲသွားခြင်း
  • ပုံစံ၊ အရွယ်အသားနှင့် အရောင်ပြောင်းလဲသွားပြီး ယား၊ စပ်၊ (သို့) သွေးထွက်လာသော မှဲ့ (သို့) အမဲစက်
  • ရုတ်တရက်ပေါ်လာသော မှဲ့အသစ်
  • သုံးပတ်ကျော်ကြာသည်အထိ မကျက်သော အနာ၊ ဖက်ခွက်နာ၊ ပြည်နာ
သို့သော် အလွန်တရာတော့ သံသယ မကြီးပါနှင့်။ သင်အသက်ကြီးလာသည်နှင့် အမျှ ခန္ဓာကိုယ်ကိုသည် အမြင်ပုံပန်း ပြောင်းလဲတာလည်း ဖြစ်တတ်ပါသည်။

အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု အလေ့အကျင့်ကောင်းများ

  • သင်စားသော အစားအသောက်တွင် လတ်ဆတ်သော သစ်သီးများ နှင့် ဟင်းသီးဟင်းရွက်များ များများပါပါစေ။
  • တစ်နေ့လျှင် ရေသန့်ရေရှစ်ခွက်အနည်းဆုံး သောက်ပါ။ လက်ဖက်ရည်၊ ကော်ဖီ နှင့် အခြား အချိုရေများကို မဆိုလိုပါ။
  • ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။ အရွယ်မတိုင်ခင် အသားတွန့်ခြင်းကို ဖြစ်စေပါသည်။
  • ရေပုံမှန်ချိုးကာ မပြင်းထန်သောဆပ်ပြာနှင့် အညစ်အကျေးများနှင့် ဆဲလ်အသေများကို ဆေးချပါ။ ရေချိုးလျှင် ဆပ်ပြာပြောင်အောင်ချိုးပါ။
  • ရေပူရေနွေးနှင့်ချိုးပါက ရေကို အရမ်းမပူစေပါနှင့်၊ ရေပူနှင့် အလွန်အကြာကြီးချိုးခြင်း စိမ်ခြင်းကို ရှောင်ပါ။ ၎င်းသည် အသားရေကိုခြောက်သွေ့သွားစေပါသည်။
  • ကိုယ့်အသားရေနှင့် လိုက်ဖက်သော moisturizer ကို ရှာသုံးပါ။
  • ရေချိုးပြီးလျှင် ခြေချောင်းများ လက်ချောင်းများအကြား ဂရုတစိုက်ခြောက်အောင်သုတ်ပါ။
  • နေပူထဲသို့ထွက်လျှင် နေရောင်ထိသော နေရာများကို နေရောင်ခြည်ကာကွယ်လိမ်းဆေး (သို့) ထီးဆောင်ခြင်း၊ မျက်နှာကို ဦးထုပ်ဆောင်း ကာကွယ်ခြင်း၊ မျက်လုံးများကို မျက်မှန်တပ်ကာကွယ်ခြင်း စသည်တို့ဖြင့် နေလောင်ခြင်းမှ ကာကွယ်ပါ။
  • အေးသော လေပြင်းထန်သော ရာသီများတွင် လုံလုံခြုံခြုံဝတ်ဆင်ပါ။
  • အရေပြားကို ထိခိုက်ပျက်ဆီးစေသော ဆေးများ (ဥပမာ အက်စက်ပါသော အိမ်တွင်းသုံး ကြွေပြားအစွန်းချွတ်ဆေး စသည်)ကို တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကျင်ပါ။ 

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန် 

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

 

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၂) ခြေသည်းလက်သည်း နှင့် ဆံပင်)


လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

အပိုင်း (၂) - ခြေသည်းလက်သည်း

အရေပြားကဲ့သို့ ခြေသည်းလက်သည်းများသည် keratin ခေါ် ပရိုတင်းတစ်မျိုးဖြင့်ပြုလုပ်ထားပြီး ကျွန်ုပ်တို့၏ လက်ချောင်းခြေချောင်းများကို ကာကွယ်ပေးသည်။ လက်သည်းများသည် ပုံမှန်အခြေအနေတွင် အောက်ခြေမှနေ ထိပ်ဆုံးထိ ရှည်လာရန် ၅ လ မှ ၆ လအထိကြာသည်။ ခြေသည်းများမှာတော့ လက်သည်းထက် နှစ်ဆမျှ ရှည်ရန်ပိုကြာသဖြင့် လက်သည်းညှပ်သလောက် ခြေသည်းကို ညှပ်စရာ မလိုပါ။

ပျက်ဆီးမှု နှင့် အချက်ပြလက္ခဏာများ

ခြေသည်းလက်သည်းများသည်လည်း ထိခိုက်ဒဏ်ရာရမှု နှင့် ထုခြေခံရမှုတို့ကြောင့် ပျက်ဆီးမှုဖြစ်နိုင်သလို ဘက်တီးရီးယား နှင့် မှို ကူးစက်မှုကို ခံရလည်းလွယ်ပါသည်။ ကြွပ်ပြီးကျိုးလွယ်သော (သို့) ပြော့ကြောင်းထိုးသော ခြေသည်းလက်သည်း၊ လက်သည်းအောက်တွင် အမဲရောင်လှိုင်းအမှတ်များ နှင့် လက်သည်းရောင် အပြာ (သို့) အစိမ်းသို့ ပြောင်းလဲခြင်းတို့သည် ဗီတာမင်ချို့တဲ့မှု နှင့် အခြားရောဂါများ၏ အချက်ပြလက္ခဏာများ ဖြစ်ကြသည်။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်ခြင်းသည် စိတ်လှုပ်ရှားမှုမှ အကျိုးဆက်ဖြစ်လာသော အကျင့်ဖြစ်သည်။ ဆိုးရွားစွာကိုက်ထားသော လက်သည်းသည် နာကျင်မှု၊ သွေးထွက်မှု တို့ဖြစ်လွယ်ပြီး ရောဂါပိုး အလွယ်တကူ ဝင်နိုင်ပါသည်။ သန့်ရှင်းလှပပြီး လက်သည်းများကို ရရှိဖို့ မိမိကိုယ်ကို ထိန်းပြီး လက်သည်းကိုက်သည့် အကျင့်ကို ဖယ်ရှားသင့်ပါသည်။

လက်သည်း ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • လက်သည်းများအောက်မှ ဂျီးများ ဖုန်များကို တိုက်ထုတ်ခြင်းဖြင့် သန့်ရှင်းရေးလုပ်ပါ။
  • လက်သည်းမညှပ်ခင် ရေနွေးဖြင့် လက်ဆေးခြင်းဖြင့် လက်သည်းများပြော့အောင်လုပ်ပါက ပိုညှပ်ရလွယ်ပါသည်။
  • လက်သည်းများကို အရမ်းတိုအောင် မညှပ်ပါနှင့်။
  • လက်သည်းကို မကိုက်ပါနှင့်။ ကျန်းမာရေးအတွက် မကောင်းသလို လူကြားမြင်မကောင်းလည်း ဖြစ်ပါသည်။
  • လက်သည်းပိုးဝင်ခြင်းမှ ကာကွယ်ရန် လက်များကို ရေထဲတွင် အကြာကြီး အလုပ်လုပ်ရမည်ဆိုပါက ရာဘာလက်အိပ်ဝတ်ပြီး မှလုပ်ပါ။
  • လက်သည်းများ အရောင်ပြောင်း၊ ပြော့ (သို့) ကြွပ်လာပါက ဆရာဝန်ပြပါ။ မှိုကိုက်သောကြောင့် ဖြစ်ခြင်း ဖြစ်နိုင်ပါသည်။ အလွယ်တကူ ကုသ၍ ရနိုင်ပါသည်။

ခြေဖဝါး နှင့် ခြေသည်း ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • ခြေဆွယ်ငုပ်ခြင်းမှ ကာကွယ်ရန် ခြေသည်းများကို ဖြောင့်ဖြောင့်တည့်တည့် ညှပ်ပါ။
  • ရေချိုးတိုင်း ခြေဖဝါး၊ ခြေချောင်းများနှင့် ခြေသည်းများကို သန့်ရှင်းရေးလုပ်ရန် မမေ့ပါနှင့်။ ရေချိုးပြီးတိုင်း ခြေထောက်ကို ခြောက်အောက်သုတ်ပါ။ အထူးသဖြင့် ခြေချောင်းများအကြား ခြောက်သွေ့အောင်သုတ်ဖို့ မမေ့ပါနှင့်။
  • အရေပြားရောဂါများ မှိုများ ကူးစက်လွယ်သူဖြစ်ပါက၊ အနာပေါက်သည့်နေရာတွင် လိမ်းရန် လိမ်းဆေး၊ အမှုန့်ဆေး (သို့) မှုတ်ဆေးများ အမြဲတမ်းဆောင်ထားပါ။ ခြေထောက်ကို သုတ်ရန် တံပတ်သတ်သတ်ထားပါ (အထူးသဖြင့် ခြေထောက်သုတ်ပြီး မျက်နှာကို မသုတ်မည့် တံပတ်ပေါ့)။
  • ဘွတ်ဖိနပ်စီးပါက ခြေထောက်အနံမနံအောင် ခြေအိပ်ကို နေ့တိုင်းလဲပါ။
  • ခြေဖနှေင့်နှင့် ခြေဖဝါးများ မှ ခြေအသားမာများမတက်အောင် ကျောက်ပွ (သို့) ရေမြှပ်ကျောက် ဖြင့် ဆဲလ် အသေများကို အသာအယာ ချွတ်ပါ။
  • အလွန်ဟောင်းနေသော ဖိနပ်များ၊ မတော်တော့သော ဖိနပ်များကို မဝတ်ပါနှင့်။
  • ပူပြင်းသော ရာသီဥတုများတွင် ခြေထောက်ချွေးအရမ်းထွက်စေသော ဖိနပ်များကို ရှောင်ပါ။ သဘာဝ အရာများဖြင့် ပြုလုပ်ထားသော (ဥပမာ) ချည်ထည် ခြေအိပ်၊ လည်သာ ဖိနပ်၊ ကတီပါ ဖိနပ် စသည်တို့ကို ရွေးချယ်ပါ။

ဆံပင် နှင့် အမွေးအမြင်များ

အရေပြားနှင့် ခြေသည်းလက်သည်းကဲ့သို့ပင် ဆံပင်သည်လည်း keratin နှင့် ပြုလုပ်ထားသည်။ ဆံပင် နှင့် အမွေးအမြင်များသည် ခန္ဓာကိုယ်ကို အကာကွယ်ပေးသော အတားအဆီးများ ဖြစ်ကြသည်။ ဥပမာ မျက်တောင်သည် မျက်လုံးများကို ကာကွယ်သည်။ နှာခေါင်း နှင့် နားအတွင်းရှိ အမွေးများသည် အတွင်းသို့ ပြင်ပမှအရာများ ဝင်မလာစေရန် တားဆီးပေးသည်။ မျက်ခုံးသည် မျက်လုံးအတွင်းသို့ ချွေးများမဝင်စေရန် တားဆီးသည်။ အမွေးတစ်ပင်စီ၏ အမြစ်တွင် ကပ်နေသော ကြွက်သားများကို ခန္ဓာကိုယ်၏ အပူချိန်နှင့် စိတ်ခံစား ဖိစီးမှုများမှ နှိုးဆွပေးသည်။ ဥပမာ ခန္ဓာကိုယ်အေးလာသောအခါတွင် ကြွက်သားများ ကျုံ့လာပြီး အမွေးများထောင်လာကာ လေကိုဖမ်းထားပြီး အပူဓာတ်ကို ထိန်းသိမ်းပေးပါသည်။ အမွေးတပင်သည် ၅ နှစ် ကြာသည်ထိ ရှည်လာနိုင်ပြီးနောက် ရှင်သန်မှု ရပ်တံ့သွားပါသည်။ ရှည်လာမှုရပ်တံသွားသောအခါ ဆံပင်သည် ကျွတ်သွားပြီး နောက် ၃ လအကြာတွင် နောက်တပင်ပေါက်ပါသည်။ လူတစ်ဦးနှင့် တစ်ဦး အမွေးအမြင် အရေအတွက် မတူသည်မှာ အသိအသာပင်ဖြစ်သည်။ ဆံပင်အရောင်သည် ဆံပင်တွင် pigment ခေါ် ခန္ဓာအရောင်ချယ်အရာများ မည်မျှ ရှိသလဲပေါ်မူတည်ပါသည်။ အသက်ကြီးလာသည်နှင့် အမျှ pigment ထုတ်လုပ်မှုနည်းသွားသောကြောင့် ဆံပင်များ ဖြူလာရခြင်းဖြစ်သည်။

ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်း အမျိုးမျိုးရှိပါသည်။ ဥပမာအချို့မှာ ခန္ဓာကိုယ်ဖျားနာခြင်း၊ အရေပြားရောဂါ၊ ဓာတ်မတည့်မှု ဖြစ်ပေါ်ခြင်း နှင့် စိတ်ဖိစီးမှုတို့ကြောင့် ဖြစ်သည်။ အဖြစ်များသော ဆံပင်ကျွတ်ခြင်းမှာ ထိပ်ပြောင်ခြင်းဖြစ်သည်။ ၎င်းမှာ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့် အမျှ ခန္ဓာကိုယ်အတွင်း ဟောမုန်းပြောင်းလဲမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ သဘာဝ ဖြစ်စဥ်ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း အချို့ယောက်ျားများအတွက် အထူးသဖြင့်ငယ်ရွယ်စဥ် ထိပ်ပြောင်ခြင်းသည် စိတ်ညစ်စရာ ကိစ္စတစ်ခုဖြစ်နိုင်သည်။ အကယ်၍ ထိပ်ပြောင်ခြင်းသည် သင့်အတွက် စိတ်ဖိစီးစရာ၊ စိတ်ဓာတ်ကျစရာဖြစ်ပါက လိမ်းဆေးများ ဆံပင်စိုက်ကုသမှုများအား ပိုက်ဆံအကုန်ခံပြီး မပြုလုပ်မီ ဆရာဝန်နှင့် အရင်မေးမြန်းဆွေးနွေးသင့်ပါသည်။

ဗောက်

ဗောက်သည် လူတိုင်းတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပြီး သာမာန်တွင် အန္တရာယ်တော့ မရှိပါ။ ဗောက်သည် ဦးရေပြားမှ ဆဲလ်အသေများ ခွာချသောအခါ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်တွင် ကုသမှုသည် ဗောက်ပြောက်သော ခေါင်းလျှော်ရည်ကိုသုံးပြီး ထိန်းသိမ်း၍ရသော်လည်း အလွန်ခေါင်းယားပြီး ဗောက်များအခြေအနေဆိုးပါက ဆရာဝန်ညွှန်ကြားသော ဆေးများကို အသုံးပြီး ကုသ၍ရနိုင်ပါသည်။

ဆံပင် နှင့် ဦးရေပြား ဂရုစိုက်ခြင်း အလေ့ကျင့်ကောင်းများ

  • ခေါင်းလျှော်ရည်သုံပြီး အဆီနှင့် အညစ်အကြေးများကင်းစင်အောင် ပုံမှန် ဦးခေါင်းကို ဆေးကြောပေးပါ။ ပြင်းပြီးကြမ်းသော ဗောက်ပျောက်ခေါင်းလျှော်ရည် သုံးမည်ဆိုပါက အရင် ဆေးဆိုင် (သို့) ဆရာဝန်နှင့် ဆွေးနွေးပါ။
  • ခေါင်းလျှော်နေစဥ် ဦးရေပြားကို ဖိနှိပ်ပြီး ဦးခေါင်းသို့ သွေးစီးစင်းမှုကောင်းအောင်ပြုလုပ်ပြီး အကြောများလျော့သွားအောင် ပြုလုပ်နိုင်ပါသည်။
  • ခေါင်းလျှော်ရည်ဆပ်ပြာများ ပြောင်အောင် သေချာဆေးချပါ။
  • Hairdryer သုံးပါက အပူကြောင့် ပျက်ဆီးခြင်း မဖြစ်အောင် ခပ်ဝေးဝေးကနေ လေမှုတ်ပါ။
  • ဆံပင်အစိုကို ရေခြောက်ရန် တံပတ်နှင့်သုတ်ရာတွင် အရမ်းကြမ်းတမ်းစွာ မပွတ်ပါနှင့်။ ဆံပင်စိုနေချိန်တွင် ဘီးမဖီးပါနှင့်။ ဆံပင်များသည် ရေစိုနေချိန်တွင် အားပြော့သောကြောင့် ကျိုးတတ်ပါသည်။
  • နှာခေါင်း နှင့် နားတွင်းရှိ အမွေးများသည် ရှည်လာတတ်သဖြင့် ကြည့်ရဆိုးသော ထွက်နေသော အမွေးများကို တိုအောင်ညှပ်ပစ် နိုင်ပါသည်။

အရေပြားအကြောင်း (အပိုင်း-၃) ကို ဆက်လက်ဖတ်ရှုရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန်

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

0 comments

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၁) သွား နှင့် ခံတွင်း)



လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကျန်းမာရေးစောင့်ရှောက်ရာတွင် ကျွန်ုပ်တို့၏ ခန္ဓာဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ နှင့် ရောဂါဖြစ်ပွားပုံ စသည်တို့ကို သိထားပါက ဖျားနာရောဂါများကို မဖြစ်ခင်ကတည်းက ကြိုတင်တားဆီး နိုင်မည်ဖြစ်ပါသည်။ ထိုအခါ ကျန်းမာပျော်ရွင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါမည်။ ခန္ဓာကျန်းမာမှ စိတ်ကျန်းမာမည်။ စိတ်ကျန်းမာသည့်အခါ မိမိ ပတ်ဝန်းကျင်ရှိ မိသားစု၊ သူငယ်ချင်း၊ လက်တွဲဖော် စသည်တို့နှင့် ပျော်ရွင်သော လူမှုဘဝကိုပိုင်ဆိုင်နိုင်မည်။ နောက်ဆုံး ကျန်းမာသော လူမှုဘဝ မှတဆင့် ဘဝ အောင်မြင်မှုများကို ရရှိနိုင်လာမည်။ ထို့အပြင် ချစ်သူလက်တွဲဖော် နှင့် မိမိအကြား နှစ်ဦးလုံးကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါက မေတ္တာရေး နှင့် လိင်မှုဘဝတွင်လည်း သာလွန်ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည်။ ထို့ကြောင့် မိမိ ခန္ဓာကိုယ်အကြောင်းနှင့် ဖျားနာမှုရောဂါများအကြောင်း အခြေခံ ဗဟုသုတရှိပါက ဘဝအတွက် အကျိုးရှိပါသည်။ သို့ဖြစ်၍ လုလင်မဂ္ဂဇင်းမှ စာဖတ်သူများအတွက် အကျိုးရှိမည့် လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေးအကြောင်းကို အတွဲလိုက် တင်ပြပေးလိုက်ပါသည်။

အပိုင်း (၁) သွား နှင့် ခံတွင်း

လူကြီးတစ်ယောက်တွင် အံဆုံးသွား ပေါက်မပေါက်ပေါ်မူတည်၍ သွား ၂၈ ချောင်းကနေ ၃၂ ချောင်းထိရှိပါသည်။ အံဆုံးသည် လူတိုင်းတွင် မပေါက်ပါ။ သွား၏ အတွင်းသားထဲတွင် သွေးကြောများနှင့်အာရုံကြောများရှိပြီး အပြင်တွင် dentin ဟု ခေါ်သော နံရံရှိသည်။ ကျွန်ုပ်တို့မြင်နေရသော အပြင်ဆုံးအပိုင်းကို crown ဟုခေါ်ပြီး ၂ မီလီမီတာခန့်ရှိသော ကြွေလွာကဖုံးအုပ်ထားပါသည်။ သွားဖုံး၏ အောက်အတွင်းပိုင်းတွင် သွားအမြစ်ကို cementum နှင့် ပြုလုပ်ထားသည်။ dentin နှင့် cementum နှစ်ခုစလုံးသည် အရိုးကဲ့သို့အလွန်မာကြောသော အရာဝတ္ထုများဖြစ်ကြသည်။ သွားများကို သွားဖုံးထဲတွင် အထူးအမှေးပါးတစ်မျိုးက သွားအအိမ်အတွင်းကို ကပ်နေအောင် ချုပ်ကပ်ထားပါသည်။ ခံတွင်းသန့်ရှင်းမှုမရှိခြင်း၊ သွားပုံမှန်မတိုက်ခြင်း၊ သွားချောင်းများအကြား ကျိုးနှင့်သန့်ရှင်းမှုမပြုလုပ်ခြင်းဖြင့် ခံတွင်းသည် ကူးစက်ရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်းကို ကျဆင်းပြီး သွားများအား သွားဖုံးအတွင်းသို့ ချုပ်ထားသော အမှေးပါးများကို အားလျော့စေပါသည်။ ခံတွင်းအတွင်းရှိ တံတွေးသည် သဘာဝအလျောက် အစွန်းချွတ်ပြီး ပိုးများကိုသေစေနိုင်သော်လည်း ခံတွင်းသန့်ရှင်းရေးကင်းမဲ့ခြင်း၏ အကျိုးဆက်ကြောင့် ပါးစပ်တွင်းအနာပေါက်ခြင်း၊ သွားဖုံးသွေးယိုခြင်းတို့ဖြစ်ပေါ်ကာ နောက်ဆုံး သွားဖုံးရောင်ရောဂါဖြစ်ပြီး အသည်းရောင်အသားဝါပိုး၊ HIV ပိုးများ စသည့် ကူးစက်ရောဂါပိုးများလည်း အလွယ်တကူဝင်ရောက်လာရန် လမ်းကြောင်းကို ဖြစ်ပေါ်စေပါသည်။

ခံတွင်း အနံ့ဆိုးခြင်း

ခံတွင်းအနံ့ဆိုးခြင်းသည် ဘက်တီးရီးယားပိုးများမှ သွားယို့စေယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် အစားအသောက်အချို့ကြောင့် ဖြစ်ပေါ်ပါသည်။ အထူးသဖြင့် ညဘက်အရက်သောက်ပြီး နောက်တနေ့နံနက်တွင် ခံတွင်းအနံ့ဆိုးရွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ညအခါ အိပ်နေစဥ်တွင် သင်၏ခန္ဓာကိုယ်သည် သဘာဝအလျောက် ပါးစပ်ကိုဆေးကြောပေးသည့် တံတွေးကို ထုတ်လုပ်မှုနည်းသောကြောင့် သွား၊ သွာဖုံးနှင့် လျှာပေါ်တွင် ပါးလွားသော အမြုပ်ပုံစံ အလွှာတစ်ခုဖြစ်ပေါ်လာသည်။ ကျန်းမာရေးကို အထောက်အပံ့ပြုသော ဘက်တီးရီးယားများသည် ၎င်းအလွှာကို ဖြိုဖျက်ရာတွင် အနံဆိုး၊အရသာဆိုးသော အဆိပ်အပြော့စားတစ်မျိုးကို စွန့်ထုတ်ခြင်းကြောင့် ခံတွင်းအနံ့ဆိုးခြင်းဖြစ်သည်။ အချို့အခြေအနေမျိုးတွင် ခံတွင်းအနံ့ဆိုးခြင်းသည် မှီဝဲနေရသော ဆေးများကြောင့်သော်လည်းကောင်း အစာအိမ်တွင်အနာဖြစ်နေသောကြောင့်သော်လည်းကောင်း အနံ့ဆိုးတတ်သည်။

သွားချေး

သွားချေးဆိုသည်မှာ တံတွေး၊ ဘက်တီးရီးယား နှင့် အစာအကြွင်းအကျန်များ စုပေါင်းထားသော သွားပေါ်တွင်ဖြစ်ပေါ်လာသည့် ကပ်စည်းစည်းအလွှာတစ်ခုဖြစ်သည်။ ၎င်းသည် သွားယို့ယွင်းခြင်း သွားဖုံးရောင်ခြင်း စသည်တို့၏ အဓိက တရားခံဖြစ်သည်။ သန့်ရှင်းရေးမလုပ်ပဲ ထိုအတိုင်း စုပြုံလာအောင်ထားပါက မာကြောလာပြီး ဖယ်ရှားရခက်ခဲလာသည်။ သွားချေးများသည် သွားတိုက်ပြီး နာရီအနည်းငယ်အတွင်း ပြန်ဖြစ်ပေါ်လာတတ်သည်။ သွားဖုံးများ မကျန်းမာပါက သွားချေးများ ပိုမိုလျှင်မြန်စွာ ပြန့်နှံ့နိုင်သည်။ ထိုအခါ ဘက်တီးရီးယားများသည် သွားကြွေလွှာများကို မြန်မြန် တိုက်စားလာနိုင်ပြီး နောက်ဆုံး သွားအခေါင်းပေါက်များ တခုချင်းစီ ဖြစ်လာမည်။ ထို့ကြောင့် သွားချေးများကို တစ်နေ့လျှင် အနည်းဆုံးနှစ်ခါမျှ သွားတိုက်သန့်ရှင်းခြင်း၊ သွားချောင်းများအကြားကျိုးဖြင့် အစာအကြွင်းအကျန်များကိုရှင်းခြင်း စသည်တို့ကို ပြုလုပ်သင့်ပါသည်။

သွားဖုံးရောင်ခြင်း

သွားဖုံးရောင်ခြင်းသည် သွားချေးများ ချိုးကပ်ခြင်းဆိုးရွားမှုကြောင့် ဖြစ်လေ့ရှိသည်။ သွားချိုးများအတွင်းမှ ဘက်တီးရီးယားများမှ ထုတ်လွှတ်သော အဆိပ်များသည် သွားဖုံးကို ယားယံစေပြီး ပိုးဝင်၍ နာကျင်လာစေကာ ရောက်ကိုင်းလာစေပါသည်။ သွားဖုံးရောင်ခြင်းသည် သွားကြမ်းတမ်းစွာ တိုက်ခြင်းကြောင့်လည်း သွားဖုံးများ ဒါဏ်ရာရခြင်းမှာလည်း ဖြစ်ပေါ်နိုင်ပါသည်။ ကျန်းမာသော သွားဖုံးသည် ပန်းရောင် သို့မဟုတ် အညှိရောင်ရှိပြီး တောင့်တင်းသည်။ မကျန်းမာသော သွားဖုန်းသည် အနီသန်းသောခရမ်းရောင်ရှိပြီး ပျော့ပြဲကာ ဖောရောင်သည်။ သွားတိုက်စဥ် သွားဖုံးသွေးယိုမှုကို လွယ်ကူစွာဖြစ်ပေါ်နိုင်ပြီး သွားဖုံးများနာကျင်မှုကို ဖြစ်ပေါ်သည်။ အစကတည်းက သွားချေးများနှင့် သွားချိုးများ ခံတွင်းအတွင်း မစုပြုံစေခြင်းသည် သွားဖုံးရောင်ရောဂါကို ကာကွယ်ခြင်းဖြစ်သောကြောင့် ခံတွင်းသန့်ရှင်းရေးပုံမှန်ပြုလုပ်ခြင်းသည် သွားဖုံးရောင်ခြင်းကို ကာကွယ်ကုသနိုင်သည့် အဓိကနည်းလမ်းပင် ဖြစ်သည်။

ခံတွင်းကျန်းမာရေး ဂရုစိုက်မှု အလေ့အကျင့်ကောင်းများ
  • သင့်တွင် သွားနှင့်ပက်သက်သော ပြသနာမရှိသည့်တိုင် သင်သည် သွားဆရာဝန်နှင့် ၆ လ (သို့) ၁ နှစ် တစ်ခါ ပုံမုန် သတိရတိုင်း စစ်ဆေးသင့်သည်။ သို့မဟုတ်ပဲ ခံတွင်းအတွင်း တစ်ခုခုနာကျင်သည်အထိ လစ်လျူရှုထားပါက  ပိုမိုးဆိုးရွားသော ပြဿနာများနှင့် ကြုံတွေ့ရနိုင်သည်။
  • တစ်နေ့ နှစ်ကြိမ် ခံတွင်းကို သန့်ရှင်းရေးလုပ်ပါ။ အစာစားပြီးတိုင်း သန့်ရှင်းလုပ်နိုင်ပါက အကောင်းဆုံးဖြစ်သည်။ သွားတစ်ကြိမ်တိုက်လျှင် ၃ - ၄ မိနစ် ထက်မနည်း တိုက်သင့်သည်။
  • သွားတိုက်တံကို နှစ်လတစ်ခါ (သို့မဟုတ်) ညစ်ပတ်မှုပေါ်မူတည်ပြီး အသစ်လဲပါ။
  • တစ်နေ့ အနည်းဆုံးတစ်ကြိမ် သွားချောင်းများအကြားကို ကျိုးဖြင့် အစာအကြွင်းအကျန်များ ဖယ်ရှားသန့်ရှင်းရေးလုပ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သွားဖုံးများ ဆုတ်ယုတ်ခြင်းမှကာကွယ်ပြီး ရေရှည်တွင် သွားဆုံးရှုံးမှုမှ ကာကွယ်ပေးပါသည်။
  • ပီကေဝါးခြင်းသည် ခံတွင်းတွင် တံတွေးဖြင့်စိုစွတ်စေပြီး ဘက်တီးရီးယားများကို သေစေပါသည်။ သကြားမပါသော ပီကေကို ရှာစားပါ။
  • သကြားသည် သွားများကို ပုပ်စေပါသည်။ သကြားနည်းသော/မပါသော အချိုရည်၊ သရေစာနှင့် အစားအစာများကို ရွေးချယ်ပါ။
  • ပါးစပ်ဆေးရည်များသည် ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးခြင်းမဟုတ်ပဲ ဖုံးအုပ်ပေးထားခြင်းသာ ဖြစ်သည်။ ခံတွင်းအနံဆိုးခြင်း ပြဿနာကို မဖြေရှင်းနိုင်ပါ။
  • သွားဖြူဆေးများသည် အစွန်းချွတ်ဆေးပါသောကြောင့် သွားကြွေလွှာကို ထိခိုက်နိုင်သည်။ မသုံးခင် သွားဆရာဝန်နှင့် အရင်စစ်ဆေးမှုပြုလုပ်ပါ။

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း-၂) ကို ဆက်လက်ဖတ်ရှုရန်

အရေပြားအကြောင်း (အပိုင်း-၃) ကို ဆက်လက်ဖတ်ရှုရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဆက်လက်ဖတ်ရှုရန်

ဝှေးစေ့ နှင့် ဆီးကြိတ် အကြောင်း (အပိုင်း-၅) ကို ဆက်လက်ဖတ်ရှုရန် 

ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်အကြောင်း (အပိုင်း-၆)ကို ဆက်လက်ဖတ်ရှုရန်

 

 

0 comments

ယောက်ျားပီသပြီး လှတဲ့အလှဆိုတာကို ကမ္ဘာအရပ်ရပ်က မြင်တဲ့အမြင်

Buzzfeed Website က နိုင်ငံ ၁၂ နိုင်ငံက မော်ဒယ်တွေ နှင့် သူတို့နိုင်ငံအသီးသီးမှာ ယောက်ျားပီသတယ်ဆိုတာနှင့်ပက်သက်တဲ့ အမြင်တွေ ဘယ်လိုကွာခြားလဲဆိုတာကို တင်ပြထားပါတယ်။

မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေ၊ ကြေညာတွေ၊ ဇာတ်လမ်းတွဲတွေလိုနေရာမျိုးတွေမှာ အလှဆုံးလို့သတ်မှတ်ထားတဲ့ အသွင်အပြင်နဲ့ ယောက်ျားတွေကို အာရုံစိုက် ဖော်ပြနေပါတယ်။

အခုခေတ်မှာ ကိုယ်ခန္ဓာကိုယ်အလှက မော်ဒယ်တွေလိုစံနှုံးရှိတဲ့ ပုံမျိုးကိုလိုက်မမှီလို့ ကိုယ့်ခန္ဓာကိုယ်ကို အဆိုးမြင်တာက အမျိုးသမီးတွေမှာ ဖြစ်တာတင်မကတော့ပဲ အမျိုးသားတွေမှာပါ ဖြစ်ပေါ်မှုတွေ မြင့်တက်လာပါ။ အလှဆုံး ရုပ်သ္ဌာန်လို့ လူအများ သတ်မှတ်ထားတဲ့ အချိုးအစားတွေကို ကိုယ်က မရတဲ့အခါ ဒီလို ခန္ဓာ၊ ဒီလို အသားအရောင်၊ ဒီလို ရုပ်မျိုး မရှိလို့ဆိုပြီး ကိုယ့်ကိုယ်ကို ဖိအားတွေရလာပါတယ်။ Mass media ကြောင့် ဒီအလှဆုံးပုံဆိုတဲ့ လက္ခာတွေအပေါ်မှာ ပူပင်မှုတွေက အထူးသဖြင့် လူငယ်တွေအပါအဝင် ယောက်ျားတွေအားလုံးနီးပါး အပေါ် သက်ရောက်နေပါတယ်။ ယောက်ျားအလှကုန် စျေးကွက်ကလည်း ၂၀၁၂ နှင့် ၂၀၁၄ ၂ နှစ်အတွင်းမှာ ရ၀% မြင့်တက်လာပါတယ်။ တကမ္ဘာလုံးမှာ ယောက်ျား skincare ရောင်းအားက ၂၀၁၃ မှာ ဒေါ်လာသန်း၃ထောင် ရှိပါတယ်။ 

အဲ့ဒါကြောင့် ယောက်ျားတွေက မိမိကိုယ်ကို ဘယ်လိုပုံရှိတယ်ဆိုတာကို ပူပန်နေရပြီး အဲဒါအပေါ်မူတည်၍ ကိုယ့်ကိုယ်ကိုအပေါ်မြင်ပုံကို ထိခိုက်လာပါတယ်။ Buzzfeed Website က ဒီဗီဒီယိုမှာ ဖျော်ဖြေရေးကဏ္ဍနှင့် ဆိုရှယ်မီဒီယာမှာ အများကြိုက် ယဉ်ကျေးမှုက ကျွန်တော်တို့ ယောက်ျားအလှဆိုတာကို မြင်ပုံကို ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ပြပါတယ်။



၁) အမေရိကန်
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Chris Evans, Channing Tatum, Chris Pratt
- နိုင်ငံတကာမှာ အမေရိကန်က ဘို(လူဖြူ )ယောက်ျားတွေက တခြား နိုင်ငံတကာမှာ ယောက်ျားအလှကို သတ်မှတ်ပုံမှာ လွမ်းမိုးထားပါတယ်။
- အသားစိုင်တွေ နှင့် တောင့်တင်းပြီး မုတ်ဆိတ်ရှိကာ လူဖြူ ဖြစ်ပါက ယောကျာ်းပီသပါတယ်လို့ သတ်မှတ်ပါတယ်။
- V ပုံသ္ဌာန်ခန္ဓာကိုယ်က လှတယ်လို့ သတ်မှတ်ပါတယ်။
- အကွက်ဆင်ပါတဲ့ အင်္ကျီဝတ်ပြီး မုတ်ဆိတ်ပါတာက ယောက်ျားပီသတယ်ဆိုပြီး အခုလတ်တလောမှာ ခေတ်စားလာပါတယ်။
- ၂၀၁၃ ခုနှစ်က Hollywood ရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသား ၈၃%က လူဖြူ ယောက်ျားတွေပါ။

၂ ) မက္ကဆီကို


- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက David Zepeda, Erick Elías, Gael García Bernal
- သူတို့နိုင်ငံမှာ မက္ကဆီကို ယဉ်ကျေးမှုပုံစံနေသူတွေက ယောက်ျားမာန်ဖီတဲ့ အပြုအမူကို ပိုတန်ဖိုးထားပါတယ်။ သူ့ရဲ့ဆန့်ကျင်ဘက်ကတော့ မွန်မွန်ရည်ရည်ရှိတဲ့ ယောက်ျားအမျိုးအစားပါ။
- မက္ကဆီကိုက စိတ်ကြီးတဲ့ နေထိုင်ပုံစရိုက်ရှိတဲ့ ယောက်ျားတွေရှိတဲ့နိုင်ငံထဲမှာ ကမ္ဘာပေါ်မှာ ဒုတိယပါ။ (ပထမက ဗင်နီဇွဲလားပါ)။

၃) ဘရာဇီး
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Rodrigo Santoro, Bruno Gagliasso, Cauã Reymond
- ဘရာဇီးမှာ ၄၇.၇% က လူဖြူ ၊ ရ.၆ % က လူမည်း၊ ၄၃.၁%က ကပြားအစပ်ဖြစ်ပါတယ်။
- ဆင်းရဲချမ်းသာ အရမ်းကွာဟပြီး လူဖြူတွေက လူမည်းထက်ပို အရေးပါတယ်လို့ သတ်မှတ်ပါတယ်။
- ဂျာမန် အစပ်ဖြစ်ပြီး ကြေးနီရောင် (နေလောင်ထားတဲ့) အသားအရည်ရှိပါက အချောဆုံးလို့ သတ်မှတ်ပါတယ်။
- မျက်နှာခွဲစိတ်ပြုပြင်တာက ယောက်ျားတွေအကြားမှာ ခေတ်စားပါတယ်။
- ကြွက်သားတွေ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ကိုမှ ယောက်ျားပီသတယ် သတ်မှတ်ပါတယ်။

၄ ) တောင်အာဖရိက
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Dean Geyer, Devin Paisley
- သူတို့ နိုင်ငံမှာ မီဒီယာတိုက်ကို ပိုင်တဲ့လူပေါ်မှာ မူတည်ပြီး ဖော်ပြမှုက ကွာပါတယ်။ လူဦးရေ ရ၀% ကျော်က လူမည်းတွေဖြစ်ပေမယ့် လူဖြူ တွေက ၀င်ငွေကောင်းပြီးနေရာရတဲ့အတွက် မီဒီယာကို လူဖြူတွေက အုပ်စိုးထားပါတယ်။
-  Men’s Health South Africa နဲ့ GQ South Africa မျက်နှာဖုံးတွေမှာ ရ၀% က လူဖြူ ယောက်ျားတွေပါ။
- လူဖြူ  နှင့် အာဖရိကန် ယောက်ျားတွေရဲ့ အလှကို သတ်မှတ်တဲ့ အခါမှာ အာဖရိကန်တွေက ပိန်တယ်လို့ သတ်မှတ်ပါတယ်။
- လေ့လာမှုတွေအရ အာဖရိကန်တွေကပါ အနောက်တိုင်းယဉ်ကျေးမှုရဲ့ ယောက်ျားအလှသတ်မှတ်ပုံတွေကို လိုက်စားလာတယ်လို့ ဖော်ပြပါတယ်။
- အသားဖြူ လိမ်းဆေးတွေက သူတို့နိုင်ငံမှာ အလွန်ခေတ်စားပါတယ်။

၅ ) နိုင်ဂျီးရီးယား
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက D’banj, David Agbodiji, Iyanya
- နိုင်ဂျီးရီးယား ရိုးရာယဉ်ကျေးမှုအရ ကြံ့ခိုင်မှု နှင့် အားကောင်းမောင်းသန်မှုကို ယောက်ျားပီသတယ်လို့ သတ်မှတ်ပါတယ်။ သူတို့ ရိုးရာမှာ ယောက်ျားပီသာခြင်းက မိန်းမတွေထက်တပန်းသာတယ်လို့ ဆိုပါတယ်။
- နိုင်ဂျီးရီးယား ရိုးရာယဉ်ကျေးမှုမှာ ယောက်ျားပီသစေတဲ့ အဓိက လက္ခဏာတွေက ခန္ဓာသန်စွမ်းမှု၊ ရဲရင့်မှု၊ ကာကွယ်လိုစိတ်ရှိမှု၊ ခိုင်ခိုင်မာမာ ပြုမူပြောဆိုမှု၊ သန်မာသွက်လက်မှု နှင့် ခံစားချက်ကင်းမဲ့မှုတို့ ဖြစ်ပါတယ်။

၆ ) တူရကီ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Tolgahan Sayisman, Kıvanç Tatlıtuğ, Burak Özçivit
- တူရကီ ဇာတ်လမ်းတွဲက အာရပ်နိုင်ငံတွေမှာ အလွန်ရေပန်းစားပါတယ်။
- သူတို့ဇာတ်လမ်းတွဲတွေက အနောက်တိုင်း ယဉ်ကျေးမှု နေထိုင်ပုံကို အစ္စလမ် အစဉ်အလာတွေနှင့် နောက်ခံထားပြီး ပြုလုပ်ထားတာပါ။
- ရိုးရာအရ ယောက်ျားပီသပုံကို ဖော်ပြမှုဟာ ကြည်နှုးဖွယ်ရှိသော၊ စာနာတတ်သော၊ နူးညံံ့သော၊ ဦးဆောင်တတ်သော အပြုအမူရှိတဲ့ ယောက်ျားပုံစံကို တဖြည်းဖြည်း ကူးပြောင်းလာပါတယ်။
- အမွေးရိတ်တဲ့ ယောက်ျားအလှပြင်လုပ်ငန်းတွေက လူကြိုက်များပါတယ်။ လေ့လာမှုအရ အမျိုးသမီးတွေက ရင်ဘတ်မွေးမရှိတဲ့ ယောက်ျားတွေကို ပိုသဘောကျတယ်လို့ ပြောပါတယ်။

၇ ) အီတလီ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Raoul Bova, Claudio Marchisio, Giulio Berruti
- အီတလီက ကမ္ဘာမှာ ယောက်ျားဖက်ရှင်နဲ့ ပက်သက်ရင် ထိပ်တန်းမှာရှိပါတယ်။ ယောက်ျားတွေက သေချာအသေးစိတ် ချုပ်ထားတဲ့ အင်္ကျီဝတ်စုံတွေကို ၀တ်လေ့ရှိပါတယ်။ ခြေအိတ်မလိုတဲ့ ခြေစွတ်ဖိနပ် နှင့် အကျအိတ်ထဲမှာ လက်ကိုင်ပဝါထည့်ဝတ်တဲ့ပုံစံလိုမျိုး အသေးစိတ် ဟန်ထုတ်ဝတ်တာ များပါတယ်။ တီရှပ်ဝတ်တာနည်းပါတယ်။
- အရောင်တောက်လွင်တဲ့ အင်္ကျီတွေဝတ်ဖို့လည်း ၀န်မလေးပါဘူး။ အထူးသဖြင့် မိန်းမဆန်တယ်ဆိုတဲ့ အရောင်တွေဖြစ်တဲ့ ပန်းရောင်၊ ခရမ်းရောင်တွေကိုလည်း ၀တ်ရဲပါတယ်။
- ယောက်ျားတွေက အလှပြင်တာနဲ့လည်း ရင်းနှီးကျွမ်းဝင်ပါတယ်။ ဥပမာ မျက်ခုံးမွှေး ရိတ်တာ။
- သေချာဟန်ဆောင်ပြီး အမှုမထားသလို ခပ်တည်တည်နဲ့ ဟန်ရှိတဲ့ ယောက်ျားတွေက ကျားကျားယားယားရှိတယ်လို့ သတ်မှတ်ပါတယ်။

၈ ) ယူကေ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက David Beckham, Jamie Dornan, Robert Pattinson
- မော်ဒယ်တွေနဲ့ ပညာရှင်အဆင့် ဘောလုံးသမားတွေရဲ့ ယောက်ျားခန္ဓာတွေက အထိ်တ်အထိပ်အလှလို့ သတ်မှတ်ပါတယ်။
- မျက်နှာမှာ အမွေးရှိတာကလည်း လတ်တလော နှစ်တွေမှာ ခေတ်စားလာပါတယ်။
- ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အမွေးရိတ်တာကလည်း အရမ်းခေတ်စားလာပါတယ်။
- လတ်တလော နှစ်တွေမှာ ယောက်ျားပီသပုံကို သတ်မှတ်ရာမှာ အလှအပကို အရမ်းဂရုစိုက်တဲ့ ယောက်ျားအမျိုးအစား နှင့် ဗရုတ်ကျတဲ့ လူပျိုပေါက်ဆိုတဲ့ အမျိုးအစားဆိုပြီး နှစ်မျိုးကွဲနေပါတယ်။ ခေတ် ဗြိတိသျှ ယောက်ျားတွေက ကျန်းမာရေးနှင့် ယဉ်ကျေးမှုကို လိုက်စားပါတယ်။
- လူကြီးငါးယောက်မှာ တစ်ယောက်က ဆေးမင်ကြောင်ထိုးပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ ဆေးမြင်ကြောင်ထိုးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

၉ ) အိန္ဒိယ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Siddharth Malhotra, Ranbir Kapoor, Varun Dhawan
- ကမ္ဘာပေါ်မှာ ယောက်ျား အသားရည် အလှကုန်သုံးစွဲသူ အများဆုံးက အာရှ ပစိဖတ်ဒေသပါ။ ကမ္ဘာ့ရောင်းအားရဲ့ ၆၅% ရှိပါတယ်။
- ဘောလီဝုတ်က အိန္ဒီယရဲ့ အကြီးမားဆုံး နှင့် လွှမ်းမိုးမှု အရှိဆုံး ရုပ်ရှင် ထုတ်လုပ်မှုလုပ်ငန်းကြီးဖြစ်ပါတယ်။
- အိန္ဒိယရဲ့ ခေတ်သစ် ယောက်ျားပီသပုံ သတ်မှတ်ရာမှာ  ရုပ်ရှင်တွေထဲမှာ ဖော်ပြတာတွေနှင့်လည်း ချိတ်ဆက်ကြည့်ရင် ကိုယ့်ကိုယ်ကို ယုံကျဉ်မှုရှိတဲ့ ယောက်ျားပုံစံ ပြီးတော့ သူတို့ရဲ့ သြဇာကို မိန်းမတွေအပါအဝင် အခြားသူတွေ အပေါ်မှာပါ အုပ်စိုးနိုင်တဲ့ ပုံစံမျိုးလို့ သတ်မှတ််ပါတယ်။
- အသားဖြူ  လိမ်းဆေးတွေက တဖြည်းဖြည်း ရေပမ်းစားလာပြီး ဘောလီဝုတ် မင်းသားတွေ ခရစ်ကက် အားကစားသမားတွေကပါ ထောက်ခံချက်ပေးတာတွေပါ လုပ်လာပါတယ်။

၁၀ ) တောင်ကိုရီးယား
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Won Bin, G-Dragon, EXO အဖွဲ့က အဆိုတော်တွေ
- ဟန့်ဂူ ခေါ် ကိုရီးယားလှိုင်းလို့ သိကြတယ့် တောင်ကိုရီးယား ပေါ်ပြူ လာ သီချင်း၊ ရုပ်ရှင် နှင့် ဇာတ်လမ်းတွဲတွေက တကမ္ဘာလုံးကို ပြန့်နေပြီး အာရှတိုက်ကိုတော့ အုပ်စိုးထားပါတယ်။
- ကေပေါ့ မင်းသားတွေက တောင့်တင်းတဲ့ ကြွက်သားကောင်းကောင်း ခန္ဓာကိုယ်ကို နူးညံ့တဲ့ ရုပ်ရည်နှင့် ပေါင်းပြီး ဟန်အပြည့်ရှိတဲ့ ၀တ်စားထားတဲ့ ပုံစံမျိုးပါ။
- မျက်နှာခွဲစိတ်ပြုု ပြင်တာကလည်း ယောက်ျားတွေအကြားမှာ ခေတ်စားပါတယ်။ အသားဖြူ လိမ်းဆေးတွေကလည်း လူကြိုက်များပါတယ်။ ယောက်ျားအလှကုန်တွေကို ၂၀၁၃ မှာ ဒေါ်လာ ၆၃၅ သန်းဖိုး ရောင်းရပါတယ်။
-  မျက်နှာခွဲစိတ်ပြုပြင်ရာမှာ လိုချင်တဲ့ပုံစံတွေက မျက်ရစ်၊ မျက်လုံကြီးကြီး၊ နှာတံလွင်လွင် ပုံစံမျိုးပါ။

၁၁ ) ဖိလစ်ပိုင်
 - သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက James Reid, Daniel Padilla, Piolo Pascual
- အခုခေတ် ဖိလစ်ပိုင်ရဲ့ ယောက်ျားပီသမှုက ဒေသခံတွေရဲ့အမြင်တွေကို အမေရိကန်၊ စပိန်တို့ရဲ့ အုပ်ချုပ်မှုကြောင့် လွှမ်းမိုးမှုတွေ နှင့် ပေါင်းစပ်ထားတဲ့ ရလာဒ်ပါ။
- ရိုးရာ ဖိလစ်ပိုင်ရဲ့ ယောက်ျားပီသမှုက မိသားစုကို စောင့်ရှောက်ခြင်း၊ လ်ိင်စွမ်းဆောင်မှုကောင်းခြင်းနှင့် ထိမ်းချုပ်နိုင်စွမ်းရှိခြင်းတို့ ဖြစ်ပါတယ်။
- လတ်တလော နှစ်တွေမှာ ယောက်ျားတွေက အလှအပကို အရမ်းလိုက်စားလာတဲ့အလျှောက် စျေးကွက်က ကျားယားမှုဆိုတာ လှပမှုဆိုတဲ့ ပုံစံမျိုးနှင့် ဦးတည်လာပါတယ်။
- ၂၀၀၄ ခုနှစ် လေ့လာချက်တစ်ခုမှာ မနီလာက ယောက်ျား ၈၄% က ရုပ်ရည်က အရေးကြီးဆုံးဆိုတဲ့ အချက်ကို သဘောတူတယ်လို့ပြောပါတယ်။
- အခုခေတ် ယောက်ျားပီသမှုကို မြင်ပုံက ယခင်က အမေရိကန် နှင့် စပိန်တို့ရဲ့လွှမ်းမိုးမှုတွေပါတဲ့အပြင် ကိုရီးယားကလည်း လွှမ်းမိုးပါတယ်လို့ ပြောပါတယ်။

၁၂ ) သြစတြေးလျ
- သူတို့နိုင်ငံမှာ အချောဆုံးလို့ပြောတဲ့ မင်းသားတွေက Hugh Jackman, Ryan Kwanten, the Hemsworth brothers
- လေ့လာမှု အမျိုးမျိုးမှာ သြစတြေးလျက ယောက်ျားတွေက သူတို့လက်ရှိပုံစံတွေကို ပြောင်းပစ်ချင်ပါတယ်လို့ ပြောပါတယ်။ သူတို့က ပိုကြီးပြီး ကြွက်သားများပြီး ပိန်တဲ့ ခန္ဓာမျိုးကို လိုချင်ပါတယ်တဲ့။
- ခွဲစိတ်ပြုပြင်တာကို အများဆုံးလုပ်လေ့လုပ်ထရှိတာက နှာခေါင်း၊ မျက်ခွံ၊ နုတ်ခမ်း၊ နား စသည်တို့ကို ပြင်ခြင်း၊ မျက်နှာ အသားတင်းအောင်ပြု ပြင်ခြင်း နှင့် လိင်တံကြီးအောင်ပြုလုပ်ခြင်း တို့ုဖြစ်ပါတယ်။
- တကမ္ဘာလုံးမှာ သြစတြေးလျ ယောက်ျားတွေက လိင်ဆွဲဆောင်မှု အကောင်းဆုံလို့ အများသတ်မှတ်ကြပါတယ်။

အနာဂတ်
- တကမ္ဘာလုံးမှာ ယောက်ျားတွေရဲ့ အလှအပ အပါအဝင် အလှအပကို ရှုမြင်ပုံက အစဉ်တစိုက် ပြောင်းလဲနေပါတယ်။
- ၂၀၁၀ က လေ့လာမှု တစ်ခုမှာ လူမျိုးပေါင်းစုံအကြားထဲမှာ ကပြားအစပ်တွေက ဆွဲဆောင်မှုအရှိဆုံးလို့ ပြောပါတယ်။

Translated from Buzzfeed

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ