Search

Content

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts
0 comments

လိင်တူချစ်သူကို တခြားဘာသာစကားတွေမှာ ဘယ်လိုခေါ်ဆိုပါသလဲ။


ကျနော်တို့လို ကိုယ်နဲ့လိင်တူတဲ့သူကိုမှ စွဲလမ်းတဲ့သူတွေကို ခေါ်ဝေါ်သတ်မှတ်တဲ့ စကားလုံးများဟာ ဘာသာစကားတိုင်းမှာရှိပါတယ်။ အင်္ဂလိပ်လို 'ဂေး'ဆိုပြီး ယောက်ျားချင်းချစ်သူတွေကိုခေါ်ဆိုကြပါတယ်။ မြန်မာစကားမှာလည်း ဂေးကို မွေးစားစကားအဖြစ်သုံးသလို အင်္ဂလိပ်စာလုံး homosexual ကို အဓိပ္ပါယ်ကောက်ပြီး လိင်တူချစ်သူဆိုပြီး စကားလုံးတီထွင်ထားကြပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ ယောက်ျားချင်းချစ်သူတွေကို 'အခြောက်'လို့ခေါ်ဝေါ်ရာကနေ နှိမ့်ချတဲ့အနက်ဆောင်တာကြောင့် လိင်တူချစ်သူလို့သုံးဖို့ ပိုအားသန်လာပါတယ်။ အဲ့လိုပဲ အင်္ဂလိပ်လိုမှာလဲ နှိမ့်ချစော်ကားသော စကာလုံးများရှိနေပါတယ်။ ဒါပေမဲ့ အချိန်နဲ့အမျှ ကျွန်ုပ်တို့ပြောသော ဘာသာစကားတွေကလဲ လိုက်ပြောင်းလဲတာမို့လို့ အရင်တုန်းက သုံးတဲ့အခေါ်အဝေါ်နဲ့ အခုအခေါ်အဝေါ် အနက်ပြောင်းတာတွေ အသုံးနှုံးပြောင်းတာတွေရှိပါတယ်။ ဥပမာ ထူဆန်းသည်လို့ အဓိပ္ပါယ်ရှိတဲ့ အင်္ဂလိပ်စကားလုံး queer ဟာ အရင်းတုံးက 'အခြောက်'လို့ဆိုတဲ့ပုံစံမျိုး နှိမ့်ချခေါ်ဆိုပေမယ့် အခုခေတ်မှာတော့ queer ကို တမူထူခြားသူဆိုတဲ့ပုံစံမျိုးနဲ့ လိင်တူချစ်သူတွေကို ဂုဏ်ယူခေါ်ဆိုတာဖြစ်သွားပါတယ်။ Homosexual ဆိုတဲ့စာလုံးကလည်း ၁၉ ရာစု လောက်ကမှ စတီထွင်လိုက်တဲ့ စကားလုံးပါ။ အဲ့လိုဆိုလိုက်ပေမဲ့ လိင်တူချစ်ခြင်းဆိုတာ ၁၉ ရာစုလောက်မှ ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုမဟုတ်ပါဘူး။ လူသားမျိုးနွယ်ရှိကတည်း လိင်တူချစ်ခြင်းဆိုတာ သဘာဝနှင့် ဒွန်တွဲတည်ရှိနေတာပါ။ အဲ့ဒါကြောင့်လည်း ဘာသာစကားတိုင်မှာ ကျနော်တို့အတွက် စကားလုံးတွေရှိနေတာပေါ့။ ကျနော်တို့ လိင်တူချစ်သူတွေကို လေးစားလက်ခံတဲ့ လူ့အသိုင်းအဝိုင်းရှိသလို၊ နှိမ့်ချဖိနှိပ်တဲ့ လူ့အသိုင်းအဝိုင်းတွေလည်းရှိပြီး၊ လိင်တူချစ်သူများကိုယ်တိုင် ထူးချွန်မှုကိုရယူကာ လူ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာကို ရယူနိုင်တာလည်းရှိပါတယ်။ အဲ့တော့ ဘာသာစကားတစ်မျိုးစီမှာ အနက်မတူတဲ့ စကားလုံးတွေလည်းရှိနေတာပေ့ါ။

အခုခေတ်မှာ အနောက်တိုင်း အနုပညာနဲ့ အင်္ဂလိပ်စကားရဲ့ လွှမ်းမိုးမှုအားကောင်းတာကြောင့် ဘာသာစကားအများအပြားမှာ ဂေးဆိုသော စကားလုံးကို တိုက်ရိုက်မွေးစားတာများသလို လိင်တူချစ်သူ (homosexual) ကို ဘာသာပြန်တာလည်းများပါတယ်။ တချို့ဘာသာတွေမှာ ဟိုမိုလို့ခေါ်တာရှိပါတယ်။ မြန်မာစကားလည်း ထို့အတူပဲ တစ်ခုအပါအဝင်ပေါ့။ ကဲအဲ့အထဲမှာမှ တချို့ဘာသာစကားတွေရဲ့ စကားလုံးတွေထဲက နှိမ်တာမဟုတ်ပဲ ကောင်းမွန်တဲ့အနက်ဆောင်တဲ့ ကိုယ်ပိုင်စကားလုံးများကို ဗဟုသုတတိုးပွားအောင် လေ့လာကြည့်ရအောင်။ (အသံထွက်ကို မြန်မာအက္ခရာဖြင့်အနီးဆက်ဆုံးသာ ကျိုးစားပေါင်းထားလို့ အသံထွက် တိကျမှန်ကန်မည်မဟုတ်ပါ။)

အင်္ဂလိပ်
gay - ဂေး
ပျော်ရွင်သည်၊ ရွင်မြသည်ဟု တိုက်ရိုက်အဓိပ္ပါယ်ရှိသော စာလုံးမှ ဆင်းသက်လာသည်။

အာရဗီ
مثلي  - မသ္သလီ
တူညီသည်ဟုအဓိပ္ပါယ်ရှိသည်။

ဂျာမန်
schwul - ရှဗူး
နွေးထွေးသည်ဟူသော စကားလုံးမှ ဆင်းသက်လာသည်။

ဂရိ
ομοφυλόφιλους - Omofylófilos - အိုမိုဖီလို့ဖီလောစ်
လိင်တူမိတ်ဆွေဟု အဓိပ္ပါယ်ရှိသည်။

ဂျပန်
同性愛者 - dōseiaisha - ဒိုးဆေးအိုင်းရှာ
လိင်တူချစ်သူဟု အဓိပ္ပါယ်ရှိသည်။ (မှတ်ချက် ကိုရီးယားတွင်လည်း ဂျပန်စာလုံးကို မွေးစားပြီး 동성애자 (Dongseong-aeja) ဒုန်ဆေရုံးအိုင်ဂျာ ဟုခေါ်သည်။)

ဆွာဟီလီ
shoga - ရှိုဂါ
လိင်တူချစ်သူယောက်ျားများကို ခေါ်ဆိုရာတွင်သုံးပြီး မိန်းခလးအချင်းချင်းကြားခေါ်ဆိုရာတွင် သူငယ်ချင်းဟူ၍လည်း သုံးသည်။

နော်ဝေး
skeiv - စကိ
မဖြောင့်ဘူး/ကောက်သည်ဟု အဓိပ္ပါယ်ရှိသည်။

တရုတ်
同性恋 - tóngxìnglián - တုံရှင်းလျန်
လိင်တူချစ်သူကို ဘာသာပြန်ထားခြင်းဖြစ်သည်။

同志 - tóngzhì - တုန်းကျိ
ရဲဘော်ဟု အဓိပ္ပါယ်ရှိသည်။

ပိုလန်
kochający inaczej
မတူသောအချစ်ကိုချစ်တတ်သောသူဟု အဓိပ္ပါယ်ရှိသည်။

မာအိုရီ (နယူးဇီလန်)
takatāpui - တကတာပွီး
လိင်တူမိတ်ဆွေဟု အဓိပ္ပါယ်ရှိသည်။ ရိုးရာ ဒန္တာရီမှာ နာမည်ကို အခြေခံပြီးဆင်းသက်လာသည်။

ဟီဘရူး
גאה - ge'e - ဂေအေး
ဂုဏ်ယူသည်ဟု အဓိပ္ပါယ်ရှိသည်။

עליז - aliz - အာလိဇ်
ပျော်ရွင်သည်ဟု အဓိပ္ပါယ်ရှိသည်။

ဟန်ဂေရီ
meleg - မေလေဂ့်
နွေးထွေးသည်ဟု အဓိပ္ပါယ်ရှိသည်။

ဟင်ဒီ
समलैंगिक - samalingakami
လိင်တူချစ်သူဟု အဓိပ္ပါယ်ရှိသည်။
ကဲမြန်မာစကားမှာလည်း ဘယ်လိုခေါ်ကြရင်ကောင်းမလဲ။
0 comments

လိင်တူချစ်ခြင်းဟာ သဘာဝကိုဆန့်ကျင်တဲ့အရာလို့ ထင်ပါသလား၊ ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ။


အချို့လူတွေက လိင်တူချစ်ခြင်းဟာ လူတွေသဘာဝကို ဆန့်ကျင်ပြီးလုပ်တဲ့အရာလို့ စွပ်စွဲကြပါတယ်။ ဒါပေမယ့် မိမိရဲ့ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ။ လိင်တူချစ်ခြင်းဟာ သတ္တဝါတိုင်းမှာရှိတဲ့ သဘာဝ ဖြစ်စဥ်တစ်ခုပါ။ အဲ့ဒါကို ဒီချစ်စရာကောင်းတဲ့တိရစ္ဆာန်တွေမှာ ဥပမာအနေနှင့်ကြည့်ကြည့်ပါက လူတွေသာ လိင်တူချင်းချစ်တတ် တွယ်တာတတ်တာ မဟုတ်ဘူးဆိုတာကို တွေ့မြင်နိုင်ပါတယ်။

သူတို့ဆီမှာ gay (သို့မဟုတ်) အခြောက်ဆိုတဲ့ လူတွေလုပ်ထားတဲ့ အမှတ်သညာတွေ မရှိပါဘူး။ သတ္တဝါတစ်ဦးမှ အခြားသတ္တဝါတစ်ဦးကို တွယ်တာစွဲမက်တာပဲရှိပါတယ်။ တခါတရံမှာ ဒီတိရစ္ဆာန်တွေမှာ အနှောင်အဖွဲ့ သံယောဇဥ်များတည်ကာ တစ်ဦးကိုတစ်ဦးမခွဲပဲ နေထိုင်ကြတာလဲရှိပါတယ်။ သူတို့တွေမှာ တစ်မူထူးခြားတဲ့ မိတ်လိုက်ပုံအသီးသီးလည်း ရှိတတ်ကြပါတယ်။ သူတို့အတွက်တော့ ဒါဟာ မဆန်းပါဘူ။ သဘာဝလို့ခေါ်ပါတယ်။

၁) သစ်ကုလားအုပ်


သစ်ကုလားအုပ်များ မိတ်လိုက်တဲ့ထဲမှာ လိင်တူချင်းဆက်ဆံမှုဟာ ၉၄ ရာခိုင်နှုံးမျှရှိပါတယ်။ သစ်ကုလားအုပ်ထီးများ အချင်းချင်းရည်ငံပုံဟာ တခြားဘယ်သတ္တဝါတွေမှာမှ မရှိတဲ့ လည်ချင်းယှက်တာပါ။ အထီးနှစ်ကောက်သည် ယှဥ်တွဲလျက်ရပ်ကာ တစ်ဦးခန္ဓာကိုတစ်ဦး ခေါင်း၊ ကိုယ်လုံး၊ လည်ပင်း၊ ပေါင်ရင်း နှင့် ပေါင်တို့ကို လည်ပင်းနှင့် ပွတ်သပ်ပါတယ်။ ၎င်းက တစ်ခါတစ်လေ ၁ နာရီလောက်ထိ ကြာတတ်ပါတယ်။ အဲ့ဒီကနေ လိင်စိတ်တက်ကြွမှုကို ရရှိစေပါတယ်။ ပြီးရင်တော့ မိတ်တက်လိုက်ကြပါတယ်။

ဒီအပြုအမူဟာ သစ်ကုလားအုပ်ထီးတွေ အမတွေအနားမှာမရှိလို့ လုပ်တဲ့ အလုပ်မဟုတ်ပါဘူး။ အမတွေဘေးမှာ ရှိနေလည်း အထီးအချင်းချင်း လည်ချင်းယှက်တာတွေပြုလုပ်ပြီး ဘေးနားမှာရှိနေတဲ့ အမတွေက ဂရုမပြုပဲနေကြပါတယ်။

၂) ဘိုနိုဘို မျောက်

ဘိုနိုဘို မျောက်တွေဟာလည်း အမအချင်းချင်း မိတ်လိုက်တတ်ပါတယ်။ သူတို့ရဲ့ ခန္ဒာများကို အနီးကပ် ပွတ်သပ်ချင်းဖြင့် အချင်းချင်း အနှောင်အဖွဲ့ပြုပါတယ်။ အချို့သိပ္ပံပညာရှင်များက သူတို့၏ အင်္ဂါခန္ဓာဖွဲ့စည်းပုံဟာ အမချင်း မိတ်လိုက်နိုင်ဖို့ စဥ့်ကဲပြောင်းလဲ ဖြစ်ပေါ်လာတယ်လို့တောင် ယူဆပါတယ်။

၃) ကြိုးကြာနီ

ကြိုးကြာနီတွေက တလင်တမယားကျင့်သုံးတဲ့ တိရစ္ဆာန်တွေပါ။ အဲ့ဒီအထဲမှာ အထီးနှစ်ကောင် သို့မဟုတ် အမနှစ်ကောင် လည်းပါပါတယ်။

သဘာဝရဲ့ ကြည်နူးဖွယ် ဥပမာတစ်ခုက စကော့တလန်နိုင်ငံ အီဒင်ဘရာမြို့က တိရစ္ဆာန်ရုံက ကြိုးကြားနီ အထီးစုံတွဲဟာ မွေးကင်းစကြိုးကြာလေးတစ်ကောင် အသိုက်ကနေ ပြုတ်ကျကျန်ခဲ့ပြီးတဲ့နောက် သူ့ကို မိဘအဖြစ် ကောက်ယူမွေးစားခဲ့ပါတယ်။

၃) လင်းပိုင်



လင်းပိုင်အားလုံး၏ သုံးပုံတစ်ပုံဟာ လိင်တူချင်း စုံတွဲဖွဲ့တတ်လေ့ရှိပြီး သူတို့ထဲက တော်တော်များများဟာ တဘဝလုံး လက်တွဲသွားတတ်ပါတယ်။ လက်တွဲဖော်သေသွားတဲ့အခါ ကြေကွဲလွမ်းဆွတ်မှုကို ကြာရှာစွာပြုလုပ်တတ်ကြလို့လဲ ဇီဝဗေဒပညာရှင်တွေ မြင်တွေ့ကြပါတယ်။ သူတို့သည် နောက်ထပ် လက်တွဲဖော် ထပ်ရှာကြပြန်ရင်လည်း မအောင်မြင်တတ်ကြပါဘူး၊ ဘာလို့လဲဆိုတော့ အထီးတော်တော်များများဟာ လက်တွဲဖော်ရှိပြီးနေပြီမို့လို့ပါ။ သို့သော်လည်း သူသည် အခြားမုတ်ဆိုးဖိုကို ရှိပါက သူတို့ တွဲနိုင်သွားပါတယ်။

၄) လင်းနို့

Vampire bats လို့ခေါ်တဲ့ သွေးစုတ်လင်းနို့အမျိုးအစားတွေမှာလည်း သုံးပုံမှတစ်ဝက်နီးပါးဟာ အမအချင်းချင်းအကြား မိတ်ဖွဲ့လေ့ရှိပါတယ်။ သူတို့ အချင်းချင်း တွယ်တာပုံပြတာကတော့ တကယ့်ကို ဆန်းပါတယ်။ အမတစ်ကောင်က သူ့အဖော်သုံးဆောင်ဖို့ သူရဲ့သွေးကို အန်ထုတ်ပြီး လှူပေးပါတယ်။ အဲ့လိုလုပ်တယ်ဆိုရင် သူတို့ဟာ ၁၀ နှစ်ကျော်လောက်ထိ ပေါင်းသင်းပြီးပြီ ဖြစ်ပါတယ်။

၅) ပင်လယ်ဖျံ

နယူးဇီလန်၏ ပင်လယ်ဖျံအထီး ၈၀ ရာခိုင်နှုန်းကျော်ဟာ အခြားဖျံအထီးတွေနှင့်သာ မိတ်လိုက်လေ့ရှိပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ အားပြိုင်ဆော့ကစားခြင်း၏ ရလာဒ်တစ်ပိုင်းတစ်ဆကြောင့်ဖြစ်ပါတယ်။ အထီးတစ်ကောင်နှင့် တစ်ကောက် ရင်ဘက်ခြင်းယှဥ်ကာ တွန်းကြပြီး ဘယ်သူကအားသာတယ်ဆိုတာ ပြိုင်ကြပါတယ်။ အားသာတဲ့သူကို ဆုံးဖြတ်ပြီးရင်တော့ အားသာသူကအားနည်းသူကို မိတ်တက်လိုက်ပါတယ်။ ထို့ကြောင့် မကြာခဏ သန်စွမ်းတဲ့ အသက်ငယ် ဖျံတွေက အသက်ကြီးတဲ့ ဖျံတွေကို မိတ်တက်လိုက်ပါတယ်။

၆) ဝေလငါး

ဝေလာငါး အထီတွေ၏ ၃ ပုံတစ်ပုံ အထူးသဖြင့် ကြီးကောင်ဝင်ချိန်အရွယ်တွေမှာ အများအပြား အထီးချင်းမိတ်လိုက်ကြပါတယ်။ တိရစ္ဆာန်တော်အများမိတ်လိုက်ပုံတွေမှာ တစ်ကောက်ကတစ်ကောင်ကို အပေါ်စီးကနေ မိတ်တက်လိုက်တတ်တဲ့ အလေ့အထမျိုးရှိပေမယ့် ဝေလငါးတွေကတော့ ၉၀ရာခိုင်နှုံးဟာ အပြန်အလှန်မိတ်တက်လိုက်ကြပါတယ်။ အချို့တွေဟာဆိုရင် အကြိုက်ဆုံး မိတ်လိုက်ဖော်ကို နှစ်တွေအများကြီး ထားထားတတ်ပါတယ်။

၇) ပင်ဂွမ်း

နောက်ဆုံးအနေနှင့်ကတော့ လိင်တူဘဝဘက်တွဲဖော်တွေထားတတ်တဲ့ ပင်ဂွမ်းလေးတွေပဲဖြစ်ပါတယ်။
အခြားတိရစ္ဆာန်နှင့် မတူတဲ့အချက်က အခြားတိရစ္ဆာန်အတော်အများက အထီးအမ-မရွေးတာမျိုး၊ မတော်တဆ လိင်တူချင်းမိတ်လိုက်မိတာမျိုး ရှိတတ်ပေမဲ့ ပင်ဂွမ်းတွေက အဲ့လိုမျိုးမဟုတ်ပါဘူး။ အချို့ အထီးတွေက သူတို့၏ လက်တွဲဖော်သေဆုံးသွားရင် နောက်ထပ် အထီးကိုပဲ ထပ်ရှာလေ့ရှိပါတယ်။
ပြီးတော့ လိင်တူချစ်သူ ပင်ဂွမ်းများဟာ ကောင်းမွန်တဲ့ မိဘတွေလည်းဖြစ်တတ်ပါတယ်။


ဒီဥပမာ ၇ မျိုးအပြင် ထောင်ပေါင်းများစွာသော တိရစ္ဆာန် မျိုးစိတ်တွေထဲမှာ လိင်တူချင်း အပြုအမူစရိုက်တွေ ပြကြပါတယ်။ ဒီအချက်က ကျွန်တော်တို့ကို လိင်တူချစ်ချင်းဟာ လုံးဝ သဘာဝ ဖြစ်စဥ်တစ်ခုလို့ပြနေပါတယ်။ တကယ်တော့ လိင်တူချစ်သူများကို မုန်းတီးနှိမ့်ချခြင်းကသာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါ။
0 comments

လိင်တူချစ်သူများကို ရာဇဝတ် မပြုသော မူစလင်နိုင်ငံ ၅ နိုင်ငံ

This post is translated into Burmese from the blog LGBT Muslim.

ဤဆောင်းပါသည် LGBT Muslim ဘလော့မှ ရေးသားထားသော ဆောင်းပါးကို တိုက်ရိုက်ဘာသာ ပြန်ဆိုထားသော စာပုဒ် ဖြစ်ပါသည်။

စာရေးသူမှာ Afdhere Jama ဖြစ်ပါသည်။ 
တူရကီနိုင်ငံ လိင်တူချစ်သူ ဂုဏ်ယူချီတန်းလှည့်လည်ပွဲ
လိင်တူချစ်သူများကို ရာဇဝတ်မှု မပြုသော မွတ်စလင်နိုင်ငံ ငါးနိုင်ငံ ရှိပါသည်။ သူတို့အားလုံးမှာ တူညီသည့် ဘုံအချက်တစ်ခု ရှိပါသည်။ ထိုနိုင်ငံထဲမှ မည်သည့်နိုင်ငံကမှ ဗြိတိသျှအင်ပါယာ ကိုလိုနီခဲ့ထွင်မှုကို မခံခဲ့ကြရပါ။ မူဆလင်နိုင်ငံဖြစ်စေ သို့မဟုတ် တခြားနိုင်ငံပဲဖြစ်စေ ကမ္ဘာ့တောင်ပိုင်း နိုင်ငံအများအပြားဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်ရှေးဟောင်း ဥပဒေကြမ်းတွေ မဟုတ်တဲ့ ကိုလိုနီခေတ်မှ ဥပဒေများကို သုံးပြီး အရွယ်ရောက် ကိုယ်တိုင် ဆုံးဖြစ်နိုင်ခွင့်ရှိသူများ အကြား လိင်တူချင်း ချစ်ခြင်းမေတ္တာရှိခြင်းကို ရာဇဝတ်မှု ပြုနေကြခြင်း ဖြစ်ပါသည်။ အနောက်အာဖရိက ပဲဖြစ်ဖြစ် သို့မဟုတ် အရှေ့တောင် အာရှ ပဲဖြစ်ဖြစ် ဥရောပ သို့မဟုတ် အရှေ့အလယ်ပိုင်းဒေသပဲ ပဲဖြစ်ဖြစ် လိင်တူချစ်သူများအပေါ် တယူသန်စွဲခြင်းဟာ အများထင်သလို ဒေသယဥ်ကျေးမှုကြောင့် မဟုတ်ပါ။

မာလီနိုင်ငံ

ဤအာဖရိက နိုင်ငံမှ လိင်တူချစ်သူများဟာ မုန်းတီးခြင်းကို ရင်ဆိုင်နိုင်ရကောင်း ရင်ဆိုင်ရမည်။ သို့ပေမဲ့ တရားဥပဒေသည် ၄င်းတို့ဘက်မှာ ရပ်တည်နေပါသည်။ မာလီ ပြစ်မှုဆိုင်ရာ အပိုဒ် ၁၇၉ က လိင်ကွဲချစ်သူ/လိင်တူချစ်သူ လိင်ပိုင်းဆိုင်ရာ အကြောင်းကိစ္စများကို ခွဲခြား သတ်မှတ်ထားခြင်း မရှိပဲ လူအများမြင်ဖွယ်ရာနေရာများတွင် မဖွယ်မရာ ပြုမှုကိုသာ တားမြစ်ထားပါသည်။ အာဖရိကတွင် ရှိသော နိုင်ငံပေါင်း ၃၈ နိုင်ငံဟာ လိင်တူဆက်ဆံခြင်းကို သေဒဏ် အပါအဝင် ပြင်းထန်သော အပြစ်ပေးမှုများ ပေးနိုင်သည့် ဥပဒေများကို ထားရှိပါသည်။

ဂျော်ဒန်

ဂျော်ဒန်သည် အော်တိုမန် အင်ပါယာ၏ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့ပြီး အင်ပါယာဟာ အခြားနိုင်ငံများထက် ၇၅ နှစ်စောပြီး လိင်တူချစ်သူများကို ဥပဒေပြုခဲ့ပါသည်။ သို့သော် ၁၉၅၁ တွင် လွတ်လပ်ရေးရတဲ့သည် ဂျော်ဒန် နိုင်ငံသစ်ဟာ လိင်တူချစ်ခြင်းကို တရားဝင်စေခဲ့ပါသည်။ အခြား လူ့အသိုင်းအဝန်းတွေနဲ့ ယှဉ်သောအခါ ဂျော်ဒန်မှ လူများသည် စိတ်ဓာတ်ပွင့်လင်းကြပြီး သည်းခံလက်ခံစိတ်ပိုမို မြင့်မားပါသည်။ အစ္စလာမ် တိုင်းပြည်တစ်ခု ဖြစ်တဲ့ အလျောက် ယဉ်ကျေးမှုမှ  ဖိအားတွေပေးနိုင်ပေမဲ့ လိင်တူချစ်သူများကို ထိခိုက်တာမျိုး မရှိပါ။

အင်ဒိုနီးရှား

အင်ဒိုနီးရှားသည် လိင်တူချစ်သူများကို ဘယ်တုန်းကမှ ရာဇဝတ် မပြုခဲ့ပါ။ ထို့အပြင် အာရှမှ အရှည်ကြာဆုံး လိင်တူချစ်သူအဖွဲ့အစည်းများလည်း ရှိပါသည်။ မွတ်စလင်လူဦးရေ အကြီးဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်နေသော်လည်း အင်ဒိုနီးရှားဟာ ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားမှု၏ အရေးပါမှုကို ပြသသော စံနမူနာကောင်း တစ်ခုအနေနှင့် ရပ်တည်နေပါသည်။ အခြားတစ်ဖက်တွင်မှု ၄င်း၏ အိမ်နီးချင်းများ ဖြစ်ကြသော စင်္ကာပူ (မူဆလင်နိုင်ငံမဟုတ်) နှင့်မလေးရှား (မူဆလင်နိုင်ငံ) တို့မှာ လိင်တူချစ်သူများကို တားမြစ်သော ဥပဒေများရှိပြီး အဆိုပါ နိုင်ငံ ၂ ခုစလုံးမှာ ဗြိတိသျှအင်ပါယာ၏ ကိုလိုနီများ ဖြစ်ခဲ့ကြသည်။

တူရကီ

၁၈၅၈ ခုနှစ်ကတည်းက အော်တိုမန် အင်ပါဟာ၏ အစ္စလမ် ဘုရင်ကြီးမှ လိင်တူချစ်သူများကို ရာဇဝတ်ပြုခြင်းကို ပယ်ဖျက်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်းသည် တိုက် ၃တိုက် အတွင်းရှိ နိုင်ငံအများအပြားအပေါ် အကျိုးသက်ရောက်ခဲ့သည်။ ၁၉၂၀ တွင် တူရကီ သီးသန့် နိုင်ငံ ဖြစ်လာသောအခါ ဥပဒေကို ပြောင်းလဲပစ်ရန် မလိုအပ်ခဲ့ပါ။ တူရကီတွင်ရှိသော အကြီးဆုံး လိင်တူချစ်သူအဖွဲ့အစည်းသည်လည်း ဘယ်သောအခါမှ တားဆီးခြင်း မခံရပါ။

အယ်လ်ဘေးနီးယား

အယ်လ်ဘေးနီးယားသည် လိင်တူချစ်ခြင်းကို ၁၉၉၅ ခုနှစ်ကတည်းက ရာဇဝတ်မှုပြုခြင်းကို ပယ်ဖျက်ခဲ့သည်။ မူစလင် အများစုနေနိုင်သော ဤနိုင်ငံသည် ဘော်ကန်ဒေအတွင်းတွင် လိင်တူချစ်သူများအပေါ် လက်ခံမှုအကောင်းဆုံးဖြစ်ပြီး ဒေသတွင်းတွင် လိင်တူချစ်သူ အခွင့်အရေးကို ရှေ့တန်းမှ တောင်းဆိုခဲ့သော နိုင်ငံဖြစ်သည်။ အစိုးရဘက်မှလည်း လိုလိုလားလားရှိကာ ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေများလည်း ရှိပါသည်။

ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေသည် အလွန်အရေးကြီးပါသည် အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးအား လိင်စိတ်ကွဲပြားမှုကို အခြေခံ၍ အသိုင်းအဝန်းမှ ခွဲခြားဖိနှိပ်ခြင်း ပြုလုပ်ခဲ့သည်ရှိသော် ဥပဒေမှ အကာအကွယ်ပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

မွတ်ဆလင်လူဦးရေ အများအပြားရှိပြီး လိင်တူချစ်ခြင်း တရားဝင်သော အခြားနိုင်ငံအချို့မှာ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဘာကီနာ ဖာဆို၊ ချဒ်၊ ဂျီဘူတီနိုင်ငံ၊ အီရတ်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ ကာဂျစ္စတန်၊ နိုင်ဂျာ၊ မြောက်ပိုင်း ဆိုက်ပရပ်စ်၊ ပါလက်စတိုင်းနှင့် တာဂျီကစ္စတန် တို့ဖြစ်ကြပါသည်။

အထက်ဖော်ပြပါနိုင်ငံများသည် ကမ္ဘာပေါ်မှ အခြားနိုင်ငံများကဲ့သို့ပင် လိင်တူချစ်သူများအတွက် အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ သို့သော် တရားဥပဒေသည် ၄င်းတို့ဘက်မှ ရပ်တည်နေသည် ဆိုသည့်အချက်သည် ထိုနိုင်ငံများတွင် နေထိုင်ရခြင်းမှာ မိမိတို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် အင်အားတစ်ရပ် ပေးနေသလို ဖြစ်ကာ တနေ့နေ့တွင် လွတ်လပ်မှုအတွက် မျော်လင့်ချက်တစ်ခုဖြစ်နေပြီး တစ်ချိန်တွင် အများလိင်ကွဲချစ်သူများနှင့် တန်းတူ ကွဲပြားမခြားနားပဲ နေထိုင်နိုင်ရန် အိပ်မက်မက်ဖို့ မျှော်မှန်းနိုင်ခြင်းပင် ဖြစ်ပါသည်။
0 comments

နိုင်ငံတကာသုံး ဂေး ဝေါဟာရများ

ယနေ့ခေတ်မှာ နိုင်ငံတကာရှိ ဂေး ယဉ်ကျေးမှု နှင့် အသိုင်းအဝန်းအကြား၌ ပေါ်ထွန်းလာတဲ့ အသုံးအနှုံး အခေါ်အဝေါ်တွေ ရှိပါတယ်။ အများသောအားဖြင့် အနောက်တိုင်းနိုင်ငံများမှာ စလေ့ရှိကြပြီး ထိုယဉ်ကျေးမှုကို တကမ္ဘာလုံးက မွေးစားကျင့်သုံး လေ့ရှိကြပါတယ်။ နိုင်ငံတကာ အခေါ်အဝေါ် ဆိုပေမဲ့ အင်္ဂလိပ်စကားက ကမ္ဘာသုံးစကား ဖြစ်နေတော့ အင်္ဂလိပ်စာလုံးတွေကို ပြောတာပါပဲ။ ဒါပေမဲ့ ဒီစာလုံးတွေကို တကမ္ဘာလုံးက သုံးစွဲနေကြတော့ နိုင်ငံတကာ ဂေးအသိုင်းအဝန်းရဲ့ စကားလုံးတွေ ဖြစ်သွားတာပေါ့ ။ မြန်မာမှာလည်း ဂေး အခေါ်အဝေါ်တွေ ရှိသလို နိုင်ငံအလိုက်၊ ဘာသာအလိုက် သူတို့ ဒေသသုံး စာလုံးတွေတော့ ရှိတာပေါ့။ ဝေါဟာရ ဆိုတာ လူတွေ ပြုတဲ့ အပြုအမှု၊ အလေ့အထ၊ ပတ်ဝန်းကျင် နှင့် ယုံကြည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူတွေရဲ့ အတွေးအခေါ်ကို ဖမ်းယူထားတဲ့ အရာတွေမို့ ထိုစာလုံးတွေကို ကြည့်ခြင်းအားဖြင့် သူတို့ကို အများကြီး နားလည်နိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ်က ဗဟုသုတတွေ အများကြီးရှိထားရင် သူများက ကိုယ့်ကို လာလိမ်ညာလို့မရသလို ကိုယ်ကလည်း အမြင်ကျယ်ပြီး စဉ်းစားတွေးတောမှုပို ကောင်းတာပေါ့။ အချို့ အလေ့အထများကတော့ ကိုယ်နေထိုင်ရာ ယဉ်ကျေးမှုနှင့် မကိုက်ညီ မစပ်ဟပ်ပါက ကိုယ့်အနေနှင့် ဘာမှ လိုက်နာ ကျင့်သုံးနေစရာ မလိုပေမဲ့ ဗဟုသုအနေနှင့်တော့ သိကောင်းပါတယ်။

အဲ့ဒီအထဲမှာမှ အသုံးများတဲ့ ဝေါဟာရ အချို့ကို ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။ တိုက်ရိုက် ဘာသာပြန်ထားတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ အနီးစပ်ဆုံး အဓိပ္ပာယ် ကောက်ယူလို့ရတဲ့ စာလုံးကို ဖော်ပြထားပါတယ်။

Bear - ဝက်ဝံ
ခပ်ဝဝ၊ အသက်ကြီးကြီး၊ ကိုယ်မွေးထူထူ လိင်တူချစ်သူ ယောက်ျား။

Bisexual - လိင်တူလိင်ကွဲချစ်သူ
လိင်တူကော လိင်ကွဲကော နှစ်မျိုးစလုံးကို စွဲမက်သူ။

Bottom - လက်ခံသူ
စအိုနှင့် လိင်တူဆက်ဆံရာတွင် လိင်တံထိုးသွင်းမှုကို ခံယူသူ။

Closeted - အပုန်း
အင်္ဂလိပ်စာလုံး closet (နံရံအတွင်း အဝတ်ဘီဒို) ကို တင်စားခေါ်ထားသော စကားလုံးကို အခြေခံထားသည်။ လူတွေကို မရင်ဆိုင်ရဲလို့ အဝတ်ဘီဒို ထဲတွင် ပုန်းကွယ်နေသော သူတစ်ယောက်နှင့် နှိုင်းယှဉ်ကာ မိမိ လိင်တူချစ်သူ ဖြစ်ကြောင်းကို လူအများကို ဖွင့်မပြောပဲသော ဖုံးကွယ်နေသော ဂေး ယောက်ျားကို ခေါ်ဝေါ်ခြင်းဖြစ်သည်။

Coming Out - ပွင့်လင်းစွာ ဖွင့်ပြောခြင်း
မိမိ လိင်တူချစ်သူ ဖြစ်ကြောင်းကို ပွင့်လင်းစွာ ပြောကြားသည့် အဖြစ်ကို ဘီဒိုထဲမှ ထွက်လာသည်ဟု တင်စားလျှက် ထွက်လာသည်ဟု အဓိပ္ပာယ်ဖြင့် ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် Out ဆိုသော နာမဝိသေသနကို အပွင့် ဟု သုံးသည်။


Cub - ဝက်ဝံငယ်
အသက်ငယ်ငယ်၊ ခပ်ဝဝ၊ ကိုယ်မွေးထူထူ လိင်တူချစ်သူ ယောက်ျား။

Cut -  အရေပြားဖြတ်ထားသူ
ဘာသာရေးအရကြောင့် သော်လည်းကောင်း ကျန်းမာရေးအရကြောင့် သော်လည်းကောင်း လိင်တံထိပ် အရေးပြားကို ဖြတ်ထားသူကို ဆိုလိုသည်။ ၄င်း၏ ဆန့်ကျင်ဘက် အရေပြားမဖြတ်ထားသူ အငုံကိုတော့ un-cut ဟု သုံးသည်။

Daddy -  ဒယ်ဒီ
အသက်ကြီးကြီး ချမ်းသာသော လိင်တူချစ်သူ ယောက်ျား။

Discreet - သိုသိပ်သူ
မိမိ၏ ဘဝနေထိုင်ပုံ၊ လက်တွဲဖော်၊ (လိင်ဆက်ဆံရန်) အခြားယောက်ျားများနှင့် ချိန်းတွေ့မှုများ စသည်တို့ကို မည်သူမှ မရိပ်မိအောင် သိုသိုသိပ်သိပ်နေထိုင်တတ်သော/သူ။

Diva - ဘုရင်မ
အရာရာကို ရင်ဆိုင်ရဲ၊ ယုံကြည်မှု အပြည့်အဝရှိပြီး၊ အားမငယ် ကြိုးစားသော စိတ်ဓာတ်ရှိသူ လင်တူချစ်သူ ယောက်ျား၊ အမျိုးသမီးကဲ့သို့ ဝတ်ဆင်သော ယောက်ျား၊ လိင်ပြောင်းသူ/ကျားမပြောင်းသူ အမျိုးသမီး (သို့)
ပင်ကိုယ် အမျိုးသမီး။

Dominant - လွှမ်းမိုးသူ
လိင်တူချစ်သူ ဆက်ဆံရေး နှင့် လိင်ကိစ္စများတွင် အပေါ်စီးမှ လွှမ်းမိုးစိတ်ရှိသူ/လွမ်းမိုးလေ့ရှိသူ။

Drag Queen - အလုဖန်တီးရှင်
ရွန်းလဲ့ တောက်ပသော အမျိုးသမီး ဝတ်အစားများကို ဝတ်ဆင်ပြီး မိတ်ကပ်များ ချယ်သထားသော ယောက်ျား၊ လိင်တူချစ်သူ ယောက်ျား၊ လိင်ပြောင်းသူ/ကျားမပြောင်းသူ အမျိုးသမီး (သို့) ပင်ကိုယ် အမျိုးသမီး။

Gay - ဂေး
ယောက်ျားချင်း ချစ်သူ။ (တခါတရံ ဂေးမိန်းမဟု ဆိုကာ မိန်းမချင်းချစ်သူများကိုလည်း ရည်ညွန်းရန် သုံးသည်။)

Gay-curious - လိင်တူ စမ်းသပ်ချင်သူ
မိမိကိုယ်ကို လိင်တူချစ်သူမှန်း မသေချာသေး၍ (သို့မဟုတ်) အတွေ့အကြုံရလို၍ အခြား လိင်တူတစ်ယောက်နှင့် စမ်းသပ်လိုသူ။

Gaydar - ဂေးအာရုံ
ဂေးနှင့် ရေဒါ ကို ပေါင်းစပ်ထားသော စာလုံးဖြစ်ပြီး အခြားယောက်ျားတစ်ယောက်ကို ကြည့်ခြင်းအားဖြင့် သူသည် ဂေးဟုတ်မဟုတ်ကို မှန်းလို့ရသော အာရုံ။ ဂေးတစ်ယောက်မှ အခြား ဂေးယောက်ျား တစ်ယောက်ကို မှန်းဆ ခွဲခြားနိုင်သော အရည်အချင်း။

Geek - စာဂျပိုး
စာဖတ်ခြင်း၊ ဝါသနာများ၊  စဉ်းစားတွေးခေါ်ရသော အရာများကို လိုက်စားသူ ဂေး ယောက်ျား။

Ginger - ဂျင်းနီ
ဆံပင်အနီရောင်ရှိသော ဂေးယောက်ျား။

Heterosexual - လိင်ကွဲချစ်သူ
မိမိ၏ ဆန့်ကျင်ဘက် လိင်ကို စွဲမက်သူ။

Hook-up - တွေ့ဆုံ ပျော်ပါးခြင်း
လိင်ဆက်ဆံရန် တွေ့ဆုံမှု။

Homosexual - လိင်တူချစ်သူ
မိမိ၏ လိင်နှင့် မျိုးတူသူကို စွဲမက်သူ။

Homophobia - လိင်တူချစ်သူများကို မုန်းတီးမှု
လိင်တူချစ်သူများ၊ ၄င်းတို့၏ အကြောင်းများ နှင့် ပက်သက်မှုကို မုန်းတီးခြင်း။

Jock - အားကစားသမား
အားကစားခုံမင်ပြီး တောင့်တင်းသော အားကစား ခန္ဓာရှိသူ ဂေးယောက်ျား။

Kink - အဆန်းအပြား
သမရိုးကျ လိင်ဆက်ဆံမှုကို ကျော်လွန်ပြီး ထွေလီစွာ တီထွင်ကြံဆမှုများကို စိတ်ဝင်စားခြင်း၊ ကျင့်သုံးခြင်း။

Leather - လည်သာ
သားရေ(လည်သာ)ဖြင့် ပြုလုပ်လုပ်ထားသော အဝတ်များ၊ လိင်အရုပ်များ/တံဆာပလာများကို ခုံမင်/အသုံးပြုခြင်း/သူ။

Military - စစ်သား
စစ်သား (သို့) စစ်တပ် နောက်ခံရှိသူ လိင်တူချစ်သူယောက်ျား။

NSA - နှောင်ကြိုးမဲ့
အင်္ဂလိပ်လို no strings attached ဟုခေါ်သော စကားစု၏ အတိုကောက်ဖြစ်ပြီး လိင်ဆက်ဆံရန်သာ ပက်သက်လိုပြီး နောက်ဆက်တွဲ ဘာမှ ပက်သက်ရန် အလိုမရှိဟု ဆိုလိုခြင်းဖြစ်သည်။

Poz / positive - အပေါင်းလက္ခဏာ
HIV ပိုးသယ်ဆောင်ထားသူ။ HIV + ကို ရည်ညွန်းခြင်း ဖြစ်သည်။

Smooth - အမွှေးပြောင်
ခန္ဓာကိုယ် အပေါ်တွင် မည်သည့်အမွှေးမရှိသော (သို့) ဖယ်ရှားထားသော ဂေးယောက်ျား။

Submissive - နာခံသူ
လိင်တူချစ်သူ ဆက်ဆံရေး နှင့် လိင်ကိစ္စများတွင် အခြားသူ လွှမ်းမိုးခြင်းမှ နာခံကျိုးနွံ့လိုသူ/လေ့ရှိသူ။

Top - ထိုးသွင်းသူ
စအိုနှင့် လိင်တူဆက်ဆံရာတွင် လိင်တံထိုးသွင်းမှုကို ပြုလုပ်သူ။
 

Transgender - ကျားမပြောင်းသူ
မိမိ၏ မွေးရာပါလိင်နှင့်စိတ်ကို မခံယူပဲ ဆန့်ကျင်ဘက်လိင်၏ စိတ်နှင့်ခန္ဓာကို အစစ်အမှန်ဟု သတ်မှတ်ပြီး ခံယူသူ။

Transexual - လိင်ပြောင်းသူ
မိမိ၏ မွေးရာပါ လိင်ကို ခွဲစိတ်ကုသကာ ဆန့်ကျင်ဘက် လိင်ကို ပြောင်းသူ။

Twink - သူငယ်
အသက်ငယ်ငယ် နုနုနုယ်နုယ် ဂေး ယောက်ျား။
 
Vanilla - ဗင်နီလာ
(အဆန်းအပြား ပေါင်းစပ်မှုမပါသော) သမရိုးကျ လိင်မှုကိစ္စ/ကျင့်သုံးသူ။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ