Search

Content

0 comments

International LGBT music (2016 June-August)


(မအားလပ်တာမို့  သီချင်းအသစ်တွေရှာဖွေ မတင်ပေးနိုင်တာ အတော်ကြာနေကို တောင်းပန်ပါတယ်။ အခုတစ်ခေါက်တော့ လွန်ခဲ့တဲ့ ၅ လအတွင်း မှာမတင်ဆက်လိုက်ရတဲ့ သီချင်းတွေကို လက်လှမ်းမှီအောင် ပြန်လည်ရေးသား ပေးလိုက်ပါတယ်။)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ ဇွန်လ ကနေ သြဂုတ်လ အထိ ၃လအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်းကောင်း အသစ်တွေ  နားထောင်ကြည့်ဖို့ စုစည်းပေးလိုက်တာပါ။

ဒီတစ်ခေါက် အတွက်တော့

Favourite Artist  - Mary Lambert (USA)

အကြိုက်ဆုံး အဆိုတော် အဖြစ် အမေရိကန်အဆိုတော် အမျိုးသမီးချင်းချစ်သူ အဆိုတော် Mary Lambert ရဲ့ သီချင်း ငြိမ့်ငြိမ့်လေးဖြစ်တဲ့ Hang Out With You သီချင်း...
Mary Lambert - Hang Out With You


Mary Lambertရဲ့ အရင် ပထမထွက်ရှိထားတဲ့ သီချင်း...
Mary Lambert feat Angel Haze, K.Fla - Ribcage


အိန္ဒိယက ကျားမပြောင်းအနုပညာရှင် ၆ယောက်ပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့  နောက်ထက်ထပ်ထွက်တဲ့ ခပ်ဆန်းဆန်းသီချင်း...
6 Pack Band feat. Zanai Bhosle - Hil Pori Hila (Stomp Mix)
Country - India


ဗြိတိသျှ အဆိုတော်နှစ်ဦး ဖြစ်တဲ့ Bright Light Bright Light နဲ့ Elton John တို့ ပူးတွဲသီဆိုထားတဲ့ သီချင်း...
Bright Light Bright Light feat. Elton John - All In The Name
Country - UK


အမေရိကန် A Great Big World အဖွဲ့ရဲ့ နောက်ဆုံးထွက် သီချင်းသစ်...
A Great Big World - Won't Stop Running
Country -USA


အင်္ဂလိပ်အဆိုတော် Shura ရဲ့ ကြည်နူးဖွယ်ရာ ဗီဒီယို... 
Shura - What's It Gonna Be?
Country - UK


သြစတြေးလျ Idol ရဲ့ နောက်ဆုံးအဆင့်ရောက်ခဲ့သူ လိင်တူချစ်သူအဆိုတော် Greg Gould ရဲ့ လူအခွင့်အရေးအတွက် ရိုက်ကူးထားတဲ့ ဗီဒီယို ...
Greg Gould - Run To You
Country - Australia


ရုရှားက ကျားမပြောင်းသူများအပေါ် လူသားချင်းစာနာမှုကို ရိုက်ကူးထားတဲ့ ဗီဒီယို...
CorsA - Hiding in love (Remix)
Country -Russia


ချီလီနိုင်ငံက နာမည်ကျော် လိင်တူချစ်သူ အဆိုတော် Alex Anwandter ရဲ့ သီချင်းသစ်...
Alex Anwandter - Siempre Es Viernes En Mi Corazón
Country - Chile


ဗီယက်နမ်က လိင်ပြောင်း အမျိုးသမီး အဆိုတော် Hương Giangက ထပ်ထုတ်လိုက်တဲ့ သီချင်းအသစ်...
Hương Giang - Mùa Để Yêu Thương
Country - Vietnam


အမေရိကန် အဆိုတော် လူကြိုက်များ ဂေးအဆိုတော် Eli Lieb နဲ့ Steve Grand တို့ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ စုံတွဲသီချင်း...
Eli Lieb & Steve Grand - Look Away
Country - USA


အစရှိတဲ့ သီချင်းကောင်းများ အပါအဝင်

Featured Song of the Month

ဒီတခေါက်အတွက် အကြိုက်ဆုံး သီချင်းအနေနှင့် ထိုင်းဇာတ်လမ်းတွဲ Make it Right รักออกเดิน ရဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ကြည်နူးဖွယ်ရာ လူငယ်အချစ်သီချင်း I Believe True Love Exists เชื่อว่ารักแท้มีจริง စသည်တို့ကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Gun Achi กันอชิ - I Believe True Love Exists เชื่อว่ารักแท้มีจริง
Country - Thailand

1 comments

International LGBT music (2016 March-May)


 မအားလပ်တာမို့  သီချင်းအသစ်တွေရှာဖွေ မတင်ပေးနိုင်တာ အတော်ကြာနေကို တောင်းပန်ပါတယ်။ အခုတစ်ခေါက်တော့ လွန်ခဲ့တဲ့ ၅ လအတွင်း မှာမတင်ဆက်လိုက်ရတဲ့ သီချင်းတွေကို လက်လှမ်းမှီအောင် ပြန်လည်ရေးသား ပေးလိုက်ပါတယ်။

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၆ မတ်လ ကနေ မေလ အထိ ၃လအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်းကောင်း အသစ်တွေ  နားထောင်ကြည့်ဖို့ စုစည်းပေးလိုက်တာပါ။

ဒီတစ်ခေါက် အတွက်တော့

Favourite Artist  - Troye Sivan (Australia)

အကြိုက်ဆုံး အဆိုတော် အဖြစ် သြစတြေးလျနိုင်ငံကနေလာပြီး တကမ္ဘာလုံးမှာ အရမ်းအောင်မြင် ကျော်ကြားနေတဲ့ လူငယ်အဆိုတော် Troye Sivan...

Troye Sivan - YOUTH


ယူကေ ဂေးအဆိုတော် Olly Alexander ပါဝင်တဲ့ Years & Years အဖွဲ့က အဆိုကျော် Tove Lo နဲ့ အတူတွဲဆိုထားတဲ့ သီချင်...
Years & Years feat. Tove Lo - Desire
Country - UK & Sweden


အမေရိကန် ဂေးအဆိုတော် Steve Grand က သူ့သီချင်းကို ခပ်မြူးမြူး ပြန်တီးထားတဲ့ သီချင်း...
Steve Grand - We Are the Night (Dave Aude Remix)
Country - USA


ကမ္ဘာကျော် ပြင်သစ် အဆိုတော် မီကာ ရဲ့ သီချင်းသစ်...

MIKA - Hurts (Remix)
Country - UK/France


ယူကေ အမျိုးသမီးချင်းချစ်သူ အဆိုတော် Jess Glynne ရဲ့ နောက်ဆုံးထွက်သီချင်း...
Jess Glynne - Ain't Got Far To Go
Country - UK


ကနေဒါ အမျိုးသမီးချင်းချစ်သူ အဆိုတော် Ria Mae ရဲ့ သီချင်းသစ်...
Ria Mae - Gold
Country - Canada


လိင်တူချစ်သူ အဆိုတော် Chad King ပါဝင်တဲ့ အမေရိကန်အဖွဲ့ A Great Big World ရဲ့ သီချင်းအသစ်...

A Great Big World - Oasis
Country - USA


အမေရိကန် Idol ရဲ့ နောက်ဆုံးအဆင့်ရောက်ခဲ့သူ လိင်တူချစ်သူအဆိုတော်ရဲ့ ပွဲဦးထွက်သီချင်း...

Rayvon Owen - Can't Fight It
Country - USA


ကမ္ဘာကျော် အသဲစွဲ အဆိုတော် Ricky Martin ရဲ့ စပိန်လို သီချင်းအသစ်...
Ricky Martin - Perdóname
Country - Puerto Rico


ကျွန်တော်တို့ရဲ့ အသည်းစွဲ Westlife အဖွဲ့သား ဂေးအဆိုတော် Markus Feehily က အသစ်ထပ်ထုတ်လိုက်တဲ့သီချင်း...
Markus Feehily - Sanctuary
Country - Ireland


နီပေါနိုင်ငံက လိင်တူချစ်သူတွေ အကောင်းမြင်လာအောင် ကျိုးပန်းဖန်းတီးထားတဲ့ နီပေါရဲ့ ပထမဆုံးသော လိင်တူချစ်သူ ယောက်ျား တွေပါဝင်တဲ့ သီချင်း အေးအေးငြိမ့်ငြိမ်းလေး...
Samir Limbu - Timile Ta Sajilai
Country - Nepal


အဆိုတော်က လိင်တူချစ်သူမဟုတ်ပေမဲ့ လိင်တူချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းနဲ့ ရိုက်ကူးထားတဲ့ ကမ္ဘောဒီးယားမှ ပထမဆုံးသီချင်းဗီဒီယို...
បែកមួយជាតិ Bek Mouy Cheat - Takmaតាក់ម៉ា
Country - Cambodia


အင်တာနက် တရုတ်ဇာတ်လမ်းတွဲ Addicted ရဲ့ အဖွင့်သီချင်း...
Just You and Me 《海若有因》上瘾网路剧主题曲
Country - China


နယူးယောက်က အမျိုးသမီးချင်းချစ်သူ အဆိုတော် Sizzy Rocket ရဲ့ သီချင်း...
Sizzy Rocket - Need Somebody
Country - USA



အစရှိတဲ့ သီချင်းကောင်းများ အပါအဝင်

Featured Song of the Month

ဒီတခေါက်အတွက် အကြိုက်ဆုံး သီချင်းအနေနှင့် အိန္ဒိယက ပရိတ်သတ်၏ လေးစားမှုရရှိနေပြီး အောင်မြင်နေတဲ့ ကျားမပြောင်းအနုပညာရှင် ၆ယောက်ပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့  Youtube နားထောင်သူ ၃ သန်းကျော်ရရှိပြီးပြီ ဖြစ်တဲ့ Sab Rab De Bande သီချင်းကောင်း စသည်တို့ကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။


6 Pack Band feat. Sonu Nigam - Sab Rab De Bande
Country - India
0 comments

ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုအပေါ် ကိုယ့်ကိုယ်ကို သံသယရှိနေပါလား

စာဖတ်သူတစ်ဦးက သူ့ကိုယ်သူ လိင်တူချစ်သူဖြစ်နိုင်တယ်ဟု သံသယရှိနေကြောင်း လာပြောပြပါတယ်။ သူက အခြားလိင်တူချစ်သူတစ်ယောက်နဲ့ အတူနေရင် သူလည်း လိင်တူချစ်သူ ဖြစ်သွားနိုင်သလားလို့ မေးပါတယ်။ အဲ့ဒါအဖြေနဲ့ ပက်သက်ပြီး ကျွန်တော်ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။

လိင်စိတ်တိမ်းညွှတ်မှု (အင်္ဂလိပ်လို sexual orientation) နဲ့ပက်သက်ပြီးတော့ ကိုယ့်ကိုယ်ကို လိင်တူချစ်သူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူအဖြစ် မသေချာသေးပဲ သံသယရှိနေသူ၊ စူးစမ်းနေသူ၊ စမ်းသပ်နေသူတွေလည်း ရှိပါတယ်။ သူတို့ကို အင်္ဂလိပ်လို Questionting လို့ ခေါ်ပါတယ်။ LGBTQ ထဲမှ Q က ကိုယ်စားပြုတာပေါ့။ မေးခွန်းမေးနေသူလို့ တိုက်ရိုက်ဘာသာ ပြန်လို့ရပါတယ်။ အဲ့ဒါကလည်း ထူးဆန်းတဲ့ ဖြစ်ရပ်မဟုတ်ပါဘူး။ လူအတော်အများ ကြုံတွေ့ကြရပါတယ်။

လူတစ်ဦးဟာ ဆန့်ကျင်ဘက်လိင် သို့မဟုတ် လိင်တူအပေါ်  လိင်စိတ်တိမ်းညွတ်မှုကိုမူတည်ကာ ကိုယ့်ကိုယ်ကို မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ရာမှာ စွဲမက်မှုအမျိုးမျိုးကနေ အနည်းနှင့်အများ သဘောပေါက်တတ်ကြပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ယောက်ျား (သို့) မိန်းမ ဒါမှမဟုတ် နှစ်ဦးစလုံးအပေါ်မှာ စိတ်ခံစားချက်၊ မေတ္တာစိတ် နှင့် လိင်စိတ် အစရှိသည်တို့မှ အားလုံး (သို့) တခုခုနဲ့ စွဲမက်မှု ရှိနေခြင်းကို ဆိုလိုပါတယ် (လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပက်သက်ပြီး အကျယ်တဝင့် ဤနေရာမှာ ဖတ်ပါ)။

အဲ့ဒီအထဲမှာ စိတ်ခံစားချက်ဆိုတာက ယောက်ျားအချင်းချင်းအကြားပဲဖြစ်ဖြစ် မိန်းမအချင်းချင်းအကြားပဲဖြစ်ဖြစ် ယောက်ျားနှင့်မိန်းမအကြားပဲဖြစ်ဖြစ် လူတစ်ယောက် နောက်လူတစ်ဦးတစ်ယောက်အပေါ်မှာ ထားရှိတဲ့ ခံစားချက်တွေနဲ့ စွဲမက်မှု (အင်္ဂလိပ်လို emotional attraction)ကို ခေါ်ပါတယ်။ ခံစားချက်တွေကို ဥပမာအနေနဲ့ ပေးရရင် လူသားနှစ်ဦးအကြား လွမ်းဆွတ်ခြင်း၊ တမ်းတခြင်း၊ စေတနာ၊ ခင်မင်မှု၊ ဂရုဏာစိတ်၊ မုဒိတာစိတ်၊ အပြန်အလှန်မှီခိုလိုစိတ်၊ ဖေးမလိုစိတ်၊ စွဲလမ်းခြင်း အစရှိသည်တို့အပြင် တခါတရံ ရှောင်လွဲလို့မရတဲ့ ခံစားမှုတွေလည်းဖြစ်တဲ့ ပူပန်ခြင်း၊ ဝန်တိုခြင်း နှင့် သောကရောက်ခြင်း စသည်တို့လည်း ပါဝင်နိုင်ပါတယ်။

မေတ္တာစိတ်နဲ့ စွဲမက်မှု (romantic attraction) ဆိုတာကတာ့ ချစ်မိခြင်း၊ မေတ္တာသက်ခြင်း၊ လက်တွဲလိုစိတ်၊ ရင်ခုန်ခြင်း စသည်တို့ ပါပါတယ်။ လိင်စိတ်နဲ့ စွဲမက်မှု (sexual attraction)ဆိုတာကတော့ အဲ့ဒီလူရဲ့ ခန္ဒာနဲ့ ရူပါကို စွဲမက်ကာ ကာမသွားလာလိုစိတ် ဖြစ်ပေါ်ခြင်းကို ဆိုလိုပါတယ်။

လူတစ်ယောက်က အခြားလူတစ်ယောက်ပေါ် စွဲလမ်းတယ်ဆိုတာ အခုပြောတဲ့ စိတ်သုံးမျိုးထဲက တစ်ခုတည်းနဲ့ပဲဖြစ်ဖြစ် နှစ်ခု သို့မဟုတ် သုံးခုစလုံးပဲဖြစ်ဖြစ် စိတ်ဖြစ်ပေါ်နေတာကို ဆိုလိုတာပါ။ ဥပမာ လူတစ်ယောက်က အခြားလူတစ်ယောက်နဲ့ လိင်ဆက်ဆံလိုစိတ်တော့မရှိပဲ သူ့ပေါ် မေတ္တာသက်ဝင်ပြီး ချစ်ခင်တာမျိုးပဲ သပ်သပ်ရှိနိုင်သလို သူရဲ့ ခန္ဓာ နဲ့ ရူပါက ကိုယ့်ရဲ့ ရာဂစိတ် နှိုးဆွပေးတာကလွဲလို့ တခြား ဘာစိတ်ခံစားချက် မဖြစ်ပေါ်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ အများသောအားဖြင့်တော့ စိတ်သုံးခုစလုံး တစ်ပြိုင်နက် ဖြစ်ပေါ်လေ့ ရှိကြပါတယ်။

ကျွန်တော်တို့အထဲမှ အတော်အများက ငယ်ငယ်လေးကနေ ပျိုဖော်ဝင်ချိန်လောက်ကတည်းက ကိုယ့်ကိုယ်ကို လိင်တူချစ်သူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ အဖြစ်စောစောသိပြီး ရှင်းလင်းသွားကြပါတယ်။ ဒါပေမဲ့လည်း အချို့ကျတော့ အသက်အရွယ်တစ်ခုကျမှ အတွေ့အကြုံအသစ်တွေကြောင့် ကိုယ်မရှာဖွေရသေးတဲ့ ခံစားချက်တွေကို ရှာဖွေတွေ့ရှိသွားပြီးမှ ပိုသဘောပေါက်သွားပါတယ်။ အသက်ကြီးပြီးမှ ယောက်ျားနဲ့ပဲဖြစ်စေ မိန်းမနဲ့ပဲဖြစ်စေ ကိုယ့်အတွက်တကယ်ပဲ စစ်မှန်တဲ့သူနဲ့တွေပြီး ကိုယ့်ကိုယ်ကို ပိုမိုနားလည်သွားတာမျိုးလည်း ရှိကြပါတယ်။ အဲ့လိုလူတွေအများကြီးပါ။

အဓိကကတော့ ကိုယ့်မှာ ခံစားချက်အသစ်တွေရှိနေနိုင်တယ်လို့ သံသယရှိရင် စိတ်ဝင်စားပါက အဲ့ဒီခံစားချက်ကို ဖိနှိပ်မထားပဲ စမ်းသပ်ကြည့်သင့်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကို လိင်တူချစ်သူပဲဖြစ်ရမယ် သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ ပဲဖြစ်ရမယ်လို့ ခေါင်းစဉ်တပ်သတ်မှတ်ဖို့ အလျှင်စလို မပြုလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို သံသယရှိနေတဲ့ အရာတွေကို လက်ခံပေးပြီး ထိုသံသယတွေ တကယ်စစ်မှန် မစစ်မှန် စမ်းစစ်ကြည့်နိုင်ဖို့ ကိုယ့်ကိုယ်ကို ချုပ်တီးမထားပဲ ဖွင့်ဟထားပါ။

အဲ့တော့ လိင်တူချစ်သူနဲ့ပေါင်းရင် လိင်တူချစ်သူဖြစ်သွားနိုင်သလားဆိုတော့ ဖြစ်မယ်မဖြစ်ဘူး ဖြေလို့မရပါဘူး။ ကိုယ်က ပင်ကိုယ်ကတည်းက လိင်တူချစ်သူမဟုတ်ပဲ ဆန့်ကျင်ဘက်လိင်ကိုသာ သီးသန့်ကြိုက်တဲ့သူ၊ လိင်တူအပေါ်ဘာခံစားချက်မှ ရင်ခုန်လို့မရဘူးဆိုတာ သေချာနေရင် လိင်တူချစ်သူပြောင်းသွားမှာ မဟုတ်ပါဘူး။ ခဏတခိုက် စိတ်ဇေဝေဇဝါဖြစ်နေတဲ့အချိန်ကို ဖြတ်ကျော်နေရမျိုးတာ ဖြစ်နိုင်ပြီး အခု စမ်းသပ်လိုက်မှ ကိုယ့်ကိုယ်ကို ပိုရှင်းလင်းစွာ သိသွားတာပါ။

အဲ့လိုမဟုတ်ပဲ ကိုယ်ဘယ်တုန်းကမှ သတိမထားမိတဲ့ လိင်တူအပေါ်မှာ ပုန်းကွယ်နေတဲ့ ခံစားချက်တွေ၊ ရင်ခုန်မှုတွေ၊ လိင်စိတ်တွေက သူနဲ့စမ်းသပ်လိုက်မှ ဘွားကနဲပေါ်လာပြီး သဘောပေါက်လိုက်တဲ့ အဖြစ်မျိုးလည်း ရောက်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှ ကိုယ့်ကိုယ်ကို လိင်တူချစ်သူဆိုတာလည်း သေချာသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့ဒါအပြင် ဆန့်ကျင်ဘက်လိင်ပေါ်လည်း ရှိပြီးသား ခံစားချက်တွေ ပျောက်မသွားဘူးဆိုရင် ကိုယ်က ကျားမနှစ်မျိုးလုံးပေါ် စွဲမှတ်သူတစ်ဦးပါ။ ဒီခံစားချက်တွေက အလိုအလျှေက်ဖြစ်ပေါ်တာမို့ အတင်းမတရားလုပ်ယူလို့မရသလို ဖိနှိပ်ပြီးဖုန်းကွယ် ဖယ်ဖျောက်ပစ်လို့လည်းမရပါ။

အဓိကက ကိုယ့်ခံစားချက်ကို လိုလိုလားလား ဖွင့်ဟလက်ခံပေးဖို့အရေးပါတယ်။ ဒါပေမယ့် အခုချက်ချင်းပဲ ကိုယ့်ကိုယ်ကို လိင်တူချစ်သူပဲဖြစ်ကြောင်း သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူပဲဖြစ်ကြောင်း ကောက်ကာငင်ကာ သတ်မှတ်ဖို့ ဖိအားမျိုး မခံစားသင့်ပါဘူး။ ရှေ့ရှောက်ဖြစ်လာမယ့် ခံစားချက်တွေထပ်တွေ့လာရင် စမ်းစစ်ပေးနိုင်ဖို့ အမြဲတမ်း ကိုယ့်ကိုယ်ကို ဖွင့်ဟထားပါ။ ဒီအချိန်မှာ ဒီလူက ကိုယ့်တွက် မှန်ကန်တဲ့သူ မဟုတ်သေးရင် နောင်တစ်ချိန်မှာ မုန်ကန်တဲ့သူအပေါ် စွဲလမ်းမှုဖြစ်လာတဲ့အခါ မငြင်းပယ်ပါနဲ့။

အဲ့ဒါကြောင့် ခံစားချက်စွဲမက်မှုတွေဟာ အလိုအလျောက် ဖြစ်ပေါပြီး အတင်းလုပ်ယူလို့ မရတာမို့ လူတစ်ယောက်ကို လိင်တူချစ်သူကနေ ဆန့်ကျင်လိင်ချစ်သူဖြစ်အောင်၊ ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူကနေ လိင်တူချစ်သူဖြစ်အောင် ပြောင်းလဲပစ်လို့ ရကိုမရပါဘူး။ စွဲမက်မှုရှိရင် အလိုလိုဖြစ်လာမှာပါပဲ။

တစ်ခုရှိတာက ဒီကနေ့ လူ့အဖွဲ့အစည်းရဲ့ ပတ်ဝန်းကျင်မှာ လူနည်းစု လိင်တူချစ်သူတွေပေါ်ရှိနေတဲ့ မလိုမုန်ထားမှု၊ ခွဲခြားဆက်ဆံမှုနဲ့ အမြင်စောင်းမှုတွေကို ကြုံတွေ့ရမှာ စိုးရွံ့တာတွေကြောင့် လိင်တူချစ်သူတွေဟာ မိမိကိုယ်ကို လက်မခံပဲ ဖုန်းကွယ်ထားပြီး ကိုယ့်ကိုယ်ကို ဆန့်ကျင်ဘက်လိင်ချစ်သူအဖြစ် အလိုအလျောက်သတ်မှတ်ကာ အများနဲ့ဆန့်ဝင်အောင် နေထိုင်ဖို့ ကျိုးပန်းနေကြရပါတယ်။ အချို့အတွက်တော့ လွယ်ကူသလို အချို့အတွက်တော့ ရုန်းကန်ရပါတယ်။ ဒါပေမဲ့ ခံစားချက်အစစ်တွေက ကွယ်ပျောက်မသွားပါဘူး။

နောက်ဆုံးပြောချင်တာကတော့ စိတ်ပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်စိတ်တိမ်းညွှတ်မှုကို ကိုယ့်ကိုယ်ကို အတင်းလုပ်ယူလို့မရသလို အခြားသူတစ်ယောက်က လာပြောင်းလဲပစ်လို့လည်း မရပါဘူး။

ကိုယ့်ကိုယ်ကို မသေချာရင် စမ်းသပ်ဖို့ အမြဲ စိတ်နှလုံးကို ဖွင့်ထားပြီး တကယ်လို့ ခံစားချက်တွေ ပျောက်မသွားဘူး အမြဲရှိနေရင် ငြင်းပယ်မထားပါနဲ့။ နောက်ဆုံးအနေနှင့် ပတ်ဝန်းကျင်က ဘာပဲပြောပြော ကိုယ့်ကိုယ်ကိုသာ အယုံကြည်ရဆုံးပါ။

ပျော်ရွင်နိုင်မယ့် လမ်းများကို လျှောက်လှမ်းနိုင်ကြပါစေ။



0 comments

တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့် ပက်သက်သော အယူမှားများ


အရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်တည်းလွတ်လပ်ချိန်မှာ ကိုယ့်ကိုယ်ကို ကျေနပ်အားရအောင် နှိုးဆွပြီး အာသာဖြေတာက ကျွန်တော်တို့ အားလုံးနီးပါးလိုလို လုပ်ကြတဲ့အရာပါ။ ဒါပေမဲ့ အရပ်ထဲက ပြောကြသလို တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်တို့ လက်မှာ အမွေးပေါက်တယ်တို့ အမျိုးစုံကြုံတွေ့ဖူးမှာပါ။ အဲ့လို အယူမှားတွေနဲ့ တခါတရံ ကိုယ့်ကိုယ်ကို ယုံယုံမှားမှားတွေဖြစ်ပြီးတော့ လုပ်ရင်ကောင်းမလား မလုပ်ရင်ကောင်းလားဆိုပြီး တွေဝေတတ်ကြတာ အာလုံးဖြစ်ဖူးမယ် မဟုတ်လား။ ကဲအောက်မှာ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပက်သက်တဲ့ အယူမှားအချို့ကို ဖော်ပြထားပါတယ်။ တခြား ကိုယ်ကြားဖူးတာ ရှိရင်လည်း comment မှာ ဝင်ပြောပြပြီး ဆွေးနွေးလို့ရပါတယ်။

၁။ တစ်ကိုယ်ရည်အာသာဖြေတာများရင် လိင်တံပျက်စီးတတ်တယ်။

ဘာမှာ မဆိုင်ပါဘူး။ ပုံမှန် လက်နဲ့အာသာဖြေလို့ ဘာမှမဖြစ်ပါဘူး။ ကြိမ်ရေများလွန်းလို့ ပွတ်တိုက်တာများပြီး ရှားရှားပါးပါး ပွန်းတာလောက်ဖြစ်ချင်ဖြစ်မယ်၊ အဲ့တော့ အနားပေးလိုက်ပေါ့၊ ဒါမှမဟုတ် ချောဆီတို့ တံတွေးတို့သုံးပြီး ချောမွေ့အောင်လုပ်ပေးပေါ့ဗျာ။ အလွန်များရန် နာကျင်နိုင်တာဆိုတာကလည်း ရိုးရိုးလေးတွေးကြည့်ပေါ့ - လမ်းလျှောက်တာများရင် ခြေထောက်ကြွက်သားတွေ ယောင်းညာကိုက်ခဲလာသလို၊ လှုပ်ရှားမှုများလို့ ကြွက်သားတွေ ပင်ပန်းကုန်တာပါ။ အနားပေးလိုက်ပေါ့။

၂။ တစ်ကိုယ်ရည်အာသာဖြေတာများရင် ပိန်တယ်၊ အားကုန်တယ်၊ ဉာဏ်တုံးတယ်။

ဒါတွေက လူငယ်တွေကြောက်အောင် ပေါက်ပေါက်ရှာရှာ ထွင်ထားတာပါ။ လုပ်ပါများရင် လက်ညောင်းတာပဲရှိမှာပေါ့။ ယောက်ျားတစ်ယောက်ရဲ့ ပျဉ်းမျှ သုတ်တစ်ခါထွက်စာက ၀.၇ ကယ်လိုရီနဲ့ ပရိုတင်း ၁၇၁ မီလီဂရမ်ပဲ ပါတာပါ။ အဲ့ဒါက ဘာမှမပြောပလောက်တဲ့ အရေအတွက်ပါ။ ဆယ်ဆလောက်မှ ကြက်ဥ တစ်လုံးစာသာသာ ရှိမှာပါ။ ကိုယ်ခန္ဓာစွမ်းအား ကျဆင်းစရာလည်း မရှိပါဘူး။ တစ်ခုတော့ရှိတယ် နေ့နေ့ညည မအိပ်မစား လုပ်နေရင်တော့ အစားမစားလို့ အားကုန်ရင် ကုန်မှာပေါ့။ ဒါပေမဲ့ ပုံမှန် တန်ဆေးလွန်ဘေးလို ထိန်းသိမ်းထားရင်တော့ ဘာပြဿနာမှကို မရှိတာ။ ဉာဏ်တုံးစရာလို့လည်း ဘာမှာမဆိုင်ပါသူး။ ပတ်ဝန်းကျင်ကလျှောက်ပြောလို့ ကိုယ့်ကိုယ်ကို တစ်ကိုယ်ရည်အာသာဖြေပြီး အပြစ်ရှိသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြတာပဲ ရှိပါမယ်။ တကယ်တော့ ဆေးပညာအရ ဘာအပြစ်မှ မရှိပါဘူး။ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးရှုထောင့်တွေက အယူစွဲတွေထားကြလို့ လူတွေက မကောင်းဘူး ပြောကြတာပါ။ တကယ်တော့ ဒါက သဘာဝ ဖြစ်စဉ်တစ်ခုပါပဲ။

၃။  တစ်ကိုယ်ရည်အာသာဖြေရင် မျက်စိကန်းတယ်။

မှားပါတယ်။ မျက်စိနဲ့ သုတ်လွှတ်တာ ဘာဆိုဘာမှ မဆိုင်တာ။

၄။ တစ်ကိုယ်ရည်အာသာဖြေရင် သုတ်ကုန်သွားနိုင်တယ်။

မကုန်ပါဘူး။ သုတ်ရည်က အမြဲတမ်း ဝှေးစိကနေ ပြန်ထုတ်နေတာလည်း အသိပဲ။ ပိုသိချင်ရင် ၁၀ တန်း ဇီဝဗေဒ စာအုပ်မှာ သွားဖတ်ကြည့်။ မပြောတော့ဘူး မောတယ်။

၅။ တစ်ကိုယ်ရည်အာသာဖြေရင် ဝက်ခြံပေါက်တယ်။

ဘယ်သုတေသနကမှ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ဝက်ခြံပေါက်မှုနဲ့ ဆက်စပ်မှုကို ရှာမတွေ့သေးပါဘူး။ ဒါကလူငယ်တွေ သူတို့ ပျိုဖော်ဝင်ချိန်မှာ ဝက်ခြံပေါက်လာချိန်နဲ့ တိုက်ဆိုင်တာနဲ့ သက်သက်မဲ့ ခြောက်လန့်ချင်လို့ မဆီမဆိုင် တစ်ကိုယ်ရည်အာသာဖြေတာကို လွှဲချတာပါ။ ဝက်ခြံပေါက်တာက တကယ်တော့ ဟော်မုန်းတို့၊ စားတဲ့အစားအစာ၊ တစ်ကိုယ်သန့်ရှင်းမှုတို့နဲ့ တစိတ်တပိုင်း ဆိုင်မှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့တော့ မဆိုင်ပါဘူး။

၆။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ စာရိတ္တပျက်ပြားတယ်။

ဒီအချက်နဲ့ ပက်သက်လို့ အမြင်အမျိုးမျိုး ရှိကြပါလိမ့်မယ်။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ လူတစ်ယောက်၏ ဇီဝသဘာဝဖြစ်စဉ်ကြောင့် တစ်ကိုယ်ရည်လွတ်လပ်မှုမှာ ကိုယ်ပိုင်ဆုံးဖြတ် ပြုလုပ်နိုင်ခွင့်ပါ။ ကိုယ်အနေ့နှင့် ဘယ်သူ့ကိုမှ ထိခိုက်အောင် မပြုလုပ်သရွေ့ ဘယ်လိုမှ ဆိုးတဲ့အရာ မဖြစ်နိုင်ပါဘူး။ ယဉ်ကျေးမှုမျိုးမျိုး၊ လူ့အဖွဲ့အစည်းအမျိုးမျိုး နဲ့ ဘာသာအမျိုးမျိုး တစ်ခုချင်းစီက ရှုထောင့်အစုံအလင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ အရပ်ထဲက အယူမှားတွေက စာရိတ္တကို ခုတုံးလုပ်ပြီး မကောင်းဘူးပြောကြတာကြောင့်ပဲ အများက ဆိုးတယ်လို့မြင်ကြတာပေါ။

၇။ အိပ်ပျော်နေစဥ် သုတ်လွတ်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။

အိပ်ပျော်နေတဲ့အချိန် သုတ်လွတ်ထုတ်တာ ဘာဆိုးကျိုးမှ မရှိပါဘူး။ မသိစိတ်က ဟော်မုန်းတွေကြောင့် လိင်စိတ်ရှိလာပြီး၊ ခန္ဓာကိုယ်က စုပြုံလာတဲ့ သုတ်တွေကို အလိုလျောက် အိပ်နေစဉ် အပြင်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။ တချို့က အဖြစ်များပြီး၊ အချို့ကတော့ ဖြစ်ပေါ်တာ နည်းပါတယ်။ ယောက်ျားလေးတွေမှာ လူပျိုဝင်ချိန်မှာ အဖြစ်များပါတယ်။ ကိုယ့်ဘာသာလှုံဆော်ပြီး တကိုယ်ရည်အာသာဖြေရင်း ပုံမှန်သုတ်လွှတ်ရင်တော့ အိပ်ပျော်နေစဉ် ထုတ်လွတ်တာနည်းပါမယ်။ ခန္ဓာကိုယ်က သဘာဝဟော်မုန်းတွေကြောင့် သုတ်ကောင်တွေ အမြဲထုတ်လုပ်နေပြီး ကိုယ်ကိုယ်တိုင် အပြင်မထုတ်ပေးရင် ခန္ဓာကိုယ်က အလိုလျောက်ထုတ်ပေးလိုက်မယ်ဆိုတာမျိုးပါ။ ကျန်းမာရေးနဲ့ဘာမှမဆိုင်ပါဘူး။ သဘာဝဖြစ်စဉ်တစ်ခုပါ။

တကယ်တော့ ဆေးပညာရှုထောင့်က ကြည့်ရင် တစ်ကိုယ်ရည်အာသာဖြေခြင်းက အကျိုးရလာဒ်တွေ အများကြီးပေးနိုင်ပါတယ်။ ပုံမှန်ပြုလုပ်ပေးခြင်းက ဆီးကြိတ်ကင်ဆင်ကိုလည်း ကာကွယ်နိုင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေပြီး ရရှိလာတဲ့ အထိတ်အထပ်ရောက်မှုကြောင့် ခန္ဓာကိုယ်ထဲမှ ထွက်လာတဲ့ဟောမုန်းတွေက စိတ်ဓာတ်ကျမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်နဲ့ စိတ်ရွှင်လန်းမှုကို မြှင့်တင်ပေးပါ။ ဤအချက်တွေအပြင် တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေနဲ့ ပက်သက်တဲ့ သုတေသနအကြောင်းတွေကို ရှာဖွေဖတ်ရှုကြည့်လို့ရပါတယ်။

နောက်ဆုံးအနေနှင့် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ် အာသာဖြေခြင်းဟာ ဘေးကင်းလုံခြုံဆုံး လိင်စိတ်ကျေနပ်မှုကို ရရှိနိုင်သော လိင်မှုကိစ္စတစ်ခုပင်ဖြစ်ပါတယ်။




Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ