Search

Content

Wednesday, March 18, 2015

သမိုင်းတစ်လျှောက်မှ လိင်တူချစ်သူများနှင့် ပက်သက်တဲ့ အဆန်းဆုံး နှင့် အမိုက်ဆုံး အချက်များ

၁ ) လွန်ခဲ့တဲ့နှစ် ၃၀၀၀ လောက်ကရှိခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး လိင်အသားပေး ကျောက်ဆစ်ရုပ်ပုံများ (world's oldest porn) ဟာ ယောက်ျားယောက်ျားချင်း၊ မိန်းမမိန်းမချင်း၊ ယောက်ျားမိန်းမ အတွဲပုံတွေ ဖြစ်ပါတယ်။

၂ ) ရှေးအကျဆုံး မှတ်တမ်းတင်ထားသည့် ရည်းစားစကားသည် ယောက်ျားနှစ်ယောက်အကြား ဖြစ်သည်။ ရှေးပဝေသဏီ အီဂျစ်က ဒဏ္ဍာရီ ပုံပြင်တစ်ခုမှာ နတ်ဘုရား စက် (Seth) နှင့် ဟိုးရက်(စ်) (Horus) တို့က ဘယ်သူက အုပ်ချုပ်သူ ဖြစ်သင့်သလဲဆိုတာကို နှစ်ပေါင်း ၈၀ ကြာအောင် ငြင်းခဲ့ကြပါတယ်။ စက် အကြံတစ်ခုရတာက တကယ်လို့ ဟိုးရက်(စ်)ကို အိပ်ရာထဲမှာ လွှမ်းမိုးနိုင်ရင် သူက အင်အားကြီးမားသူ ဖြစ်မယ်ပေါ့။ အဲ့လိုနဲ့ သူက ဟိုးရက်(စ်)ကို အတူတူအိပ်ဖို့ ဖြားယောင်းပါတယ်။ ဒါကြောင့် “မင်းရဲ့တင်ပါးလေးတွေက လှလိုက်တာ၊ မင်းရဲ့ပေါင်တံ့လေးတွေကလည်း ပြည့်ဖြိုးလိုက်တာ” ဆိုပြီး ရည်းစားစကားကို ပြောခဲ့ပါတယ်။ ပြီးတော့ သူတို့ လိင်ဆက်ဆံကြပါတယ်။

အန်း(ခ)ခနွမ် Niankhkhnum နှင့် ခနွမ်ဟိုတပ် တို့၏ အုပ်ဂူမှ ဆေးရေးပန်းချီ
၃ ) အီဂျစ်က တော်ဝင်နန်းတော်မှာ အလုပ်လုပ်တဲ့ လက်သည်းထိုးသူ ယောက်ျားနှစ်ယောက်ဖြစ်တဲ့ နီအန်း(ခ)ခနွမ် Niankhkhnum နှင့် ခနွမ်ဟိုတပ် Khnumhotep တို့ဟာ အုတ်ဂူတစ်ခုထဲမှာ အတူတကွ လက်ထက်ထားတဲ့ လင်မယားစုံတွဲတွေလို မြှုပ်နှုံထားတာ တွေ့ရပါတယ်။ သူတို့ရဲ့ ကမ္ပည်းစာမှာ “သက်ရှိစဉ်ကလည်း ပေါင်းဆုံသည်၊ သေသည့်အခါတွင်လည်း ပေါင်းဆုံသည်”ဟု ရေးသားထားပါတယ်။ ဘီစီ ၂၄၀၀ လောက်က နေထိုင်ခဲ့တဲ့ သူတို့ဟာ ကမ္ဘာ့ သက်တမ်းအကြာဆုံး မှတ်တမ်းတင်ထားတဲ့ ယောက်ျားချင်းချစ်သူ စုံတွဲလို့ သတ်မှတ်နိုင်ပါတယ်။

အလက်ဇန်းဒါးဘုရင် ရုပ်ထု
၄ ) ရှေးက ဘုန်းတန်ခိုးကြီးတဲ့ ဘုရင်အချို့က သူတို့ ချစ်သူယောက်ျားတွေ သေသွားတဲ့အခါမှာ သူတို့ကို နတ်ဘုရားအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဂရိဘုရင် အလက်ဇန်းဒါး (Alexander the Great) က သူကလေးဘဝကတည်းက ချစ်ခဲ့သူ စစ်သူကြီး ဟီဖေစတီယွန် (Hephaestion) သေတဲ့အခါ သူ့ကို နတ်ဘုရားအဖြစ် ကြေငြာဖို့ ကြိုးစားခဲ့ပေမဲ့ နတ်သူရဲကောင်း တစ်ယောက်အဖြစ်သာ သတ်မှတ်ခွင့် ရခဲ့ပါတယ်။ ရောမ ဧကရာဇ် ဟေဒရီယန် (Hadrian) ကတော့ သူရဲ့ ချစ်သူ အန်တီနက်(စ်) (Antinous) နိုင်းမြစ်မှာ ရေနစ်သေဆုံးသွားပြီးနောက် သူ့ကို နတ်ဘုရား တစ်ယောက်အဖြစ် အောင်မြင်စွာ သတ်မှတ်နိုင်ခဲ့ပါတယ်။

ရှေးခေတ် ဂရိ နံရံဆေးရေးပန်းချီတစ်ခု ယောက်ျားချင်းချစ်သူများ
၅ ) ဂရိ စာဆို အရိစတိုဖေးနက်(စ်) Aristophanes ရေးသားခဲ့တဲ့ "ဒဏ္ဍာရီ ဖန်တီးမှု"ဆိုတဲ့ စာပေထဲမှာ လိင်အမျိုးအစား ၃ မျိုးရှိ ပါတယ်။ နေက ဆင်းသက်လာတဲ့ ယောက်ျားခေါင်းနှစ်လုံးနဲ့ သတ္တဝါ၊ ကမ္ဘာမြေက ဆင်းသက်လာတဲ့ မိန်းမခေါင်းနှစ်လုံးနဲ့ သတ္တဝါ၊ ပြီးတော့ လက ဆင်းသက်လာတဲ့ ယောက်ျားခေါင်းတစ်လုံး မိန်းမခေါင်းတစ်လုံးနဲ့ သတ္တဝါဆိုပြီး ရှိပါတယ်။ တစ်ချိန်တော့ ဇူးအက်(စ်) (Zeus) နတ်မင်းက ဒေါသထွက်တဲ့အတွက် သူတို့ကို တစ်ဝက်စီ နှစ်ချမ်းခွဲပြီး ပြစ်ဒဏ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့ဟာ ပြန်လည်ပြီးပြည့်ဆုံဖို့ ပျောက်ဆုံးနေတဲ့ ကျွန်တော်တို့ရဲ့ နောက်တဝက်ကို လိုက်လို့ရှာနေရပါတယ်။ ဒီဒဏ္ဍာရီကို အချစ်ရဲ့ အစ (Origin of Love) ဟုလည်း ခေါ်ကြပါတယ်။


၆ ) ရှေးခေတ် ဂရိလူမျိုးတွေက လိင်ကွဲချင်းချစ်ခြင်း (heterosexual) လိင်တူချင်းချစ်ခြင်း (homosexual) ဆိုပြီး ခွဲခြားသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ active နှင့် passive ဆိုတဲ့ လွမ်းမိုးသူ နှင့် လက်ခံသူ ဆိုတာကိုတော့ လက်ခံထားပါတယ်။ ယောက်ျားအချင်းချင်း ကြိုက်တဲ့အထဲမှာ အများဆုံး ဖြစ်လေ့ရှိတာက အသက်ပိုကြီးပြီး ပညာဗဟုသုတ အတွေ့အကြုံ ပိုရှိတဲ့ ယောက်ျား (erastes)က ညွန်ပြသူဆရာအနေနှင့်ကော ချစ်သူအဖြစ်နှင့်ကော အသက်ငယ်တဲ့ လူပျို (eromenos)ကို လက်ခံပေါင်းသင်းတာမျိုးပါ။ သူတို့ယုံကြည်တာက ယောက်ျားသုတ်ရည်ထဲမှာ ပညာဗဟုသုတတွေပါပြီး လက်ဆင့်ကမ်းပေးလို့ ရတယ်လို့ ယုံကြည်ပါတယ်။


၇ ) ရှေးဂရိနိုင်ငံ သီဘီး (Thebes) မြို့မှာ ယောက်ျားချင်းစုံတွဲ ၁၅၀ လောက်ပါ၀င်တဲ့ စစ်တပ်တစ်တပ် ရှိပါတယ်။ သူတို့က စပါတာ စစ်တပ်ကို ခြေမှုန်းခဲ့ပြီး နှစ်ပေါင်း ၃၀ လောက် အရှုံးဆိုတာ မရှိခဲ့ပါဘူး။ သူတို့ကို Sacred Band of Thebes သီဘီးရဲ့ အထိတ်အမြတ် အဖွဲ့လို့ ခေါ်ဝေါ်ပါတယ်။


၈ ) ရှေးတရုတ်နိုင်ငံမှာ ယောက်ျားချင်း ချစ်ခြင်းကို “ကိုက်ပြီးသား မက်မွန်သီးကို ကြည်နူးမှု” ဟုခေါ်ပါတယ်။ ဖြစ်ပေါ်လာပုံကတော့ တစ်ချိန်တုန်းက နယ်စားကြီး တစ်ယောက်က ပုံမှန်ဆိုလျှင် စားပြီးသားအသီးကို ကြွေးတာမျိုးက ရိုင်းတယ်လို့ သတ်မှတ်ထားပေမဲ့ သူ့ချစ်သူကောင်လေးကြွေးတဲ့ ကိုက်စားပြီးသား မက်မွန်သီးကို စားတဲ့အခါ ဗွေမယူခဲ့ပါဘူး။ အဲ့ဒါကို အစွဲပြုပြီး ခေါ်ဆိုခဲ့ပါတယ်။။ နောက်တစ်မျိုးကတော့ ဘုရင်တစ်ပါးက သူ့အင်္ကျီလက်ပေါ်မှာ အိပ်နေတဲ့ သူ့ချစ်သူကို မနှိုးရက်တဲ့အတွက် အင်္ကျီလက်ကိုဖြတ်ပြီး ညီလာခံကို တက်ခဲ့ပါတယ်။ အဲ့ဒါကို အစွဲပြုပြီး "အင်္ကျီလက်ပြတ်အချစ်"လို့လည်း ခေါ်ပါသေးတယ်။

၉ ) Drag ဆိုတဲ့ စာလုံးဟာ ရှိတ်စပီးယားခေတ်မှာ ပြဇာတ်သရုပ်ဆောင်တွေသုံးတဲ့ "Dress Resembling a Girl / မိန်းခလေးတစ်ယောက်နှင့် ဆင်သော အ၀တ်" ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။

၁၀ ) လန်ဒန်မြို့ ယခု ဘက်ကင်ဟမ် နန်းတော် (Buckingham Palace) ရှိတဲ့နေရာမှာ ၁၇ ရာစုနှစ် အစောပိုင်းတုန်းက ယောက်ျားချင်း ပြည့်တန်ဆာအိမ် တစ်ခု ဖွင့်ထားပါတယ်။

၁၁) အမေရိကတိုက် မူလ အမေရိကန် တိုင်းရင်းသား တစ်မျိုး ဖြစ်တဲ့ မီနီတာရီအက်(စ်) Minitarees (Native American Tribe) ထဲမှာ ယောက်ျားလေးတစ်ယောက်က မိန်းခလေးဆန်တဲ့၊ နွဲ့တဲ့ လက္ခဏာ ပြရင် သူတို့ကို မိန်းခလေးတွေနဲ့ အတူတူထား၊ အတူတူဝတ်စားဆင်ယင်၊ ကြီးပြင်းစေပြီးတော့ တခါတရံ ယောက်ျားပေးစားလိုက်ပါတယ်။


၁၂ ) အာဖရိကတိုက်ရဲ့ ယူဂန်ဒါနိုင်ငံမှာ ယောက်ျားတွေကို ကြိုက်တဲ့ ဂေးဘုရင် ရှိခဲ့ဖူးပါတယ်။ ဘုရင် မျွှန်ဂါ ဒုတိယ King Mwanga II က ၁၈၈၄ ကနေ ၁၈၈၈ အထိ အုပ်ချုပ်ခဲ့ပြီး သူ့ရဲ့ ယောက်ျား အစေဖော်တွေနှင့် ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်


၁၃ ) အမေရိကန်နိုင်ငံမှာ ဂေး သမ္မတ ရှိခဲ့ပြီးပြီလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ ၁၈၅၇ ကနေ ၁၈၆၁ အထိ ရုံးထိုင်ခဲ့တဲ့ ၁၅ယောက်မြောက် သမ္မတ James Buchanan ဟာ ဒုသမ္မတ William Rufus King နှင့် ၁၀ နှစ်တာ တိတ်တိတ်ပုံး ပေါင်းသင်းခဲ့တယ်လို့ လူအများ ဆိုစမှတ်ပြုကြပါတယ်။ အများအမြင်မှာတော့ သူဟာ အမေရိကန်၏ တစ်ဦးတည်းသော လူပျိုကြီး သမ္မတ ဖြစ်ပါတယ်။

၁၄ ) လက်ရှိ အင်္ဂလိပ်စကား မှာ ယောက်ျားချင်းချစ်သူတွေကို ခေါ်တဲ့ ဂေး gay ဆိုတဲ့စာလုံးက gaycat ဆိုတဲ့စာလုံးကနေ လာတာ ဖြစ်နိုင်ပါတယ်။ ခြေသလုံးအိမ်တိုင်သမားတွေ အကြားမှာသုံးတဲ့ ဗန်းစကားက လာတာ ဖြစ်ပါတယ်။ gaycat ဆိုတဲ့ အဓိပ္ပာယ်က အသက်ကြီးကြီး အတွေ့အကြုံများတဲ့ ခြေသလုံးအိမ်တိုင်သမား ယောက်ျားတွေဆီက အကာအကွယ်လိုချင်လို့ လိုက်ကပ်တဲ့ လူငယ်ကောင်လေးတွေကို ဆိုလိုတာမျိုး ရှိပါတယ်။


၁၅ ) ကျော်ကြားတဲ့ မင်းသားတွေအထဲမှာ သူတို့ကိုယ်သူတို့ ဂေးပါလို့ ပွင်းပွင်းလင်းလင်း ပထမဆုံး ဖွင့်ပြောခဲ့သူကတော့ Billy Haines ပါ။ ၁၉၃၃ ခုနှစ်မှာ ပြောခဲ့တာပါ။ သူ့အကြောင်းကို လူတွေစသိသွားချိန်မှာ သူ့ကုမ္ပဏီက သူ့ကို မိန်းမယူပြီး ဂေးဖြစ်ကြောင်းကို ငြင်းဆန်ဖို့ တွန်းအားပေးခဲ့တာကို သူက လက်မခံပဲ စာချုပ်ဖျက်သိမ်းလိုက်ပါတယ်။

၁၆ ) ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး တည်နေဆဲ LGBT အဖွဲ့အစည်းကတော့ နယ်သာလန်နိုင်ငံက ၁၉၄၆ မှာ တည်ထောင်ခဲ့တဲ့ Center for Culture and Leisure (COC) ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ တားမြစ်ထားတဲ့ အကြောင်းအရာဖြစ်လို့ နာမည်အစစ်ကို မသုံးနိုင်ခဲ့ပါဘူး။


၁၇ ) ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီ ဂျာမန်ရဲ့ ဂျူးးတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ (Holocuast) ကပ်ဆိုက်ရာမှာ အဖမ်းခံခဲ့ရတဲ့ ယောက်ျားချင်းချစ်သူတွေကို စစ်ပြီးနောက် အကျဉ်းစခန်းတွေကနေ လွတ်မြောက်လာပြီး နောက်မှာတောင် ရာဇဝတ်သားတွေလို့ ဆက်လက် သတ်မှတ်ပြီး သူတို့ရဲ့ အပြစ်ဒါဏ်ကို ထောင်မှာ ဆက်လက်ကျခံစေခဲ့ပါတယ်။

၁၈ ) ၁၉၅၀ နှစ်တွေမှာ မှာ ဂေးတွေက “homosexual - မျိုးတူလိင်” ဆိုတဲ့ စာလုံးကို “homophile” ဆိုတဲ့ “မျိုးတူချစ်” လိုမျိုး အဓိပ္ပာယ်ရတဲ့ စာလုံးနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ မြင်တာက “sexual - လိင်” ဆိုတဲ့ အဓိပ္ပာယ်အစား “phile - နှစ်သက်ခြင်း” ဆိုတဲ့ စာလုံးကို သုံးခြင်းအားဖြင့် မျိုးတူချင်းချစ်ချင်းကို အသားပေးပြီး လိင်တူဆက်ဆံခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို ရှောင်ဖယ်လျှင် အထောက်အကူဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်။

၁၉ ) Playboy မဂ္ဂဇင်းက မိန်းမတွေကို သဘောကျတဲ့ ယောက်ျားတွေ အလွန်ကြိုက်တဲ့ မဂ္ဂဇင်းတစ်ခုဖြစ်ပေမဲ့ သူ့ရဲ့ ဂုဏ်သတင်းကို ကျော်ကြားသွားစေတာကတော့ ဂေးပုံပြင်တို တစ်ပုဒ်ပါ။ ၁၉၅၅ ခုနှစ်တုန်းက လိင်တူချစ်သူတွေရှိတဲ့ ကမ္ဘာကြီးတစ်ခုမှာ လိင်ကွဲချစ်သူတွေက လူနည်းစုသာဖြစ်တယ်ဆိုတဲ့ ဇာတ်ခုံနဲ့ သိပ္ပံ စိတ်ကူးယာဉ် ပုံပြင်တစ်ပုဒ်ကို တခြားမဂ္ဂင်းတွေက ထည့်သွင်းရန် ငြင်းဆိုချိန်မှာ Playboy မဂ္ဂဇင်းမှ Hugh Hefner က လက်ခံခဲ့ပါတယ်။ စာဖတ်သူတွေက စာတွေရေးပို့လာတဲ့အခါမှာ သူကပြန်ဖြေခဲ့တာက “လိင်တူချစ်သူတွေ အများကြီးရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ လိင်ကွဲချစ်သူတွေကို နှိပ်စက်ညှဉ်းပန်းတာက မှားတယ်ဆိုလျှင်၊ အဲ့တာရဲ့ ဆန့်ကျင်ဘက်ကလည်း မှားပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

၂၀ ) ၁၉၆၀ ခုနှစ်တွေမှာ AC/DC ဆိုတာက လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူ (Bisexual) တို့ကို ခေါ်တဲ့ ဗန်းစကားတစ်ခုပါ။


၂၁ ) ပထမဆုံး ဂေး ကော်ရုပ် Gay Bob ကို ၁၉၉၇ မှာ စတင်ထုတ်လုပ်ပါတယ်။ အရုပ်က နားကပ်ပေါက်လည်းရှိပြီး အဝတ်ဘီဒိုပုံစံ ဘူးအတွင်းမှာ ထည့်ရောင်းပါတယ်။

၂၂ ) Leonard Matlovich ဟာ ယောက်ျားချင်းချစ်သူလို့ ဖွင့်ပြောခဲ့တဲ့ ပထမဆုံး အမေရိကန်စစ်သား ဖြစ်ပါတယ်။ သူသေတဲ့အခါ သူ့အုတ်ဂူမှာ သူ့နာမည် မရေးပဲ ဂေး ဗီယက်နမ် စစ်ပြန်လို့သာ ရေးထားပါတယ်။ သူ့ရဲ့ သချိုင်းစာမှာ ရေးထားတာကတော့ “စစ်တပ်ထဲမှာတုန်းက ကျွန်တော့်ကို သူတို့က ယောက်ျားနှစ်ယောက်ကို သတ်တဲ့အတွက် ဆုတံဆိပ်ပေးတယ်။ ယောက်ျားတစ်ယောက်ကို ချစ်မိတဲ့အတွက်တော့ တပ်ကနေ ထုတ်ပစ်တယ်” ဆိုပြီး ဖြစ်ပါတယ်။


၂၃ ) အမေရိကန် အစိုးရသည် “ဂေးဗုံး” ပြုလုပ်ဖို့ တစ်ခါ စဉ်းစားဖူးပါတယ်။ ၁၉၉၄ ခုနှစ်လောက်မှာ သိပ္ပံ ပညာရှင်တွေက ရန်သူစစ်တပ်တွေထဲကို မိန်းမလိင်ဟော်မုန်းတွေ ပစ်ချပေးပါက စစ်သားတွေ အချင်းချင်း ကြိုက်ကုန်ကြမယ်လို့ အတွေးရဖူး ခဲ့ကြပါတယ်။


၂၄ ) ၂၀၀၄ ခုနှစ်မှာ သြစတြေးလျနိုင်ငံက LGBT အခွင့်အရေး လှုပ်ရှားသူတွေက Gay and Lesbian Kingdom of the Coral Sea Islands (သန္တာကျောက် ပင်လယ်ကျွန်းများရဲ့ လိင်တူချစ်သူများ နိုင်ငံတော်) လို့ အမည်ရတဲ့ နိုင်ငံသေးလေးကို တည်ထောင်ခဲ့ပါတယ်။ နိုင်ငံတော် အလံက LGBT သင်္ကေတဖြစ်တဲ့ သက်တံရောင်စုံကို သုံးပြီး ငွေကြေးကတော့ ယူရို ဖြစ်ပါတယ်။ မည်သူမဆို လိင်တူချစ်သူဖြစ်ပါက နိုင်ငံသားဖြစ်ဖို့ အရည်အချင်း ပြည့်မှီပါတယ်တဲ့။

၂၅ ) ၂၀၁၂ ခုနှစ်တုန်းက ဆော်ဒီ အာရေးဗျ နိုင်ငံမှာ လိင်တူချင်းနမ်းတဲ့ ဇာတ်ဝင်ခန်းကို တီဗီမှာ ပထမဆုံး ထုတ်လွင့်ခဲ့ပါတယ်။ ၁၉၉၃ က အင်္ဂလိပ် ဇာတ်လမ်းတွဲ Brookside ထဲက အမျိုးသမီးနှစ်ဦး နမ်းတဲ့အခန်းကို ပြသခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပြသဖြစ်သွားတာကတော့ ၂၀၁၂ လန်ဒန် အိုလံပစ်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ လိင်တူချင်းချစ်ခြင်းကို တရားမဝင်လို့ သတ်မှတ်ပြီး ရက်စက်စွာ ပြစ်ဒါဏ်ချမှတ် လေ့ရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာ ပထမဆုံး တီဗီမှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

မာတိကာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ