Search

Content

0 comments

International LGBT music (2015 September)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ဝါသနာရှင်တို့အတွက် ၂၀၁၅ စက်တင်ဘာ  အတွင်းမှာ ထွက်ရှိထားပြီး ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော   ရေပန်းစားနေတဲ့  လိင်တူချစ်သူအဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့  အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ  နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။

A Great Big World အဖွဲ့။ လိင်တူချစ်သူ အဆိုတော် Chad King (ဘယ်ဘက်)။
ဒီလမှာတော့ အမေရိကန်က The Great Big World ရဲ့အသစ်ထွက်တဲ့ သီချင်း၊ ယူကေက Years & Years ရဲ့နောက်ဆုံးသီချင်း နှင့် Westlife အဖွဲ့သားဟောင်း Mark Feehily ရဲ့ သီချင်းတို့ အပါအဝင် သီချင်းသစ် ၁၀ ပုဒ် စုဆောင်းထားပါတယ်။

Tom Goss feat. Matt Alber -  Breath and Sound

ပထမဦးဆုံးအနေ စတင်ချင်တဲ့သီချင်းကတော့ အမေရိကန်က လိင်တူချစ်သူ အဆိုများတော်ဖြစ်ကြတဲ့ Tom Goss နှင့် Matt Alber တို့ အတူတူဆိုထားတဲ့  Breath and Sound ဆိုတဲ့ ပေါ့ သီချင်းပါ။ ဗီဒီယိုထဲမှာ လိင်တူလိင်ကွဲ၊ အသားအရောင်၊ လူမျိုးမခြားပဲ အတူတူက နေတာကို တွေ့နိုင်ပါတယ်။


Courtney Act - Ugly

ဒုတိယတစ်ပုဒ်က သြစတြေးလျှနိုင်ငံက ကျားမပြောင်း အဆိုတော် Courtney Act ၏ သီချင်းပါ။



Aquilo - Calling Me 

အဆိုတော်တွေက လိင်တူချစ်သူ ဟုတ်မဟုတ်မသိရပေမဲ့ ဗြိတိသျှအဖွဲ့ Aquilo ၏ ဒီသီချင်းအေးအေးလေကတော့ သီချင်းဗီဒီယိုထဲမှာ လူငယ်ကျောင်းသားတစ်ယောက်ဟာ သူတိတ်တခိုး ချစ်ရတဲ့ သူက သူ့ကို ငြင်းဆန်ပြီး နောက်မှာတော့ အနိုင်ကျင့်သူတွေ အကြားမှာ သူ့ရဲ့ ကြေကွဲမှုကို အက နှင့် ဖြေဖျောက်တဲ့ ပုံစံ စမ်းစမ်းလေးရိုက်ထားပါတယ်။



Denis Ng - Loganis

ဟောင်ကောင် အဆိုတော် Denis Ng ကတော့ အိုလမ်ပစ်ရွှေတံဆိပ်ဆုရှင် LGBT အခွင့်အရေးလှုပ်ရှားသူ Greg Louganis ကို ဂုဏ်ပြုတဲ့ သီချင်း သီဆိုထားပါတယ်။



Of Monsters and Men - Empire

အိုင်စလန်က Of Monsters and Men အဖွဲ့ကတော့ လိင်တူချစ်သူအဖွဲ့ မဟုတ်ပေမဲ့ သူတို့ရဲ့ Empire ဆိုတဲ့ သီချင်းရဲ့ ဗီဒီယိုမှာတော့ အမျိုးသမီးနှစ်ယောက်ရဲ့ တမူထူးခြားတဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားပါတယ်။



Yoel - Bailemos

စပိန်က အဆိုတော် က ခပ်မြူးမြူး ပေါ့သီချင်းကို စပိန်လို တစ်ဝက် အဂ်လိပ်တစ်ဝက် သီဆိုထားပါတယ်။



Troye Sivan - WILD

အသက်၂၀ သာရှိသေးတဲ့ လူငယ် သြစတြေးလျှ Youtube ကြယ်ပွင့် Troye Sivan ရဲ့ သီချင်းသစ်ကတော့ လတ်တလော လူကြိုက်များနေပါတယ်။ လူငယ် အချစ်ဇာတ်လမ်းလေးနှင့် သီချင်းဗီဒီယိုကို ရိုက်ကူးထားသလို သီချင်းကလဲ ကောင်းပါတယ်။




Markus Feehily - Butterfly

ကျွန်ုပ်တို့ အသဲစွဲ Westlife အဖွဲ့ ရဲ့ အဖွဲ့ဝင်ဟောင်း Mark ဟာ သူ့ရဲ့ တစ်ကိုယ်တော် သီချင်းနောက်တစ်ပုဒ်ကို ထုတ်လိုက်ပါပြီ။ မာ့ခ်က ဂေးဆိုတာ အားလုံးသိကြပါတယ်နော်။



Years & Years - Real

ဂေးအဆိုတော် Olly Alexander ပါဝင်တဲ့ Years & Years အဖွဲ့ရဲ့ ထုတ်တဲ့ သီချင်းတိုင်းလိုလို အောင်မြင်မှုတွေရနေပါတယ်။ သူတို့ရဲ့ နောက်ဆုံးသီချင်း ဗီဒီယိုပါ။



A Great Big World - Hold Each Other ft. Futuristic

နောက်ဆုံးအနေနှင့် လတ်တလော လူတိုင် သဘောကျနေတဲ့ A Great Big World ရဲ့ ပေါ့သီချင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီအချစ်သီချင်း မြူးမြူးလေးဟာ လိင်တူချစ်သူ အဆိုတော် Chad King နဲ့ သူရဲ့ အဖွဲ့ဖော် လိင်ကွဲချစ်သူ တို့ အတူတူသီဆိုထားပြီး တလှည့်စီ သူတို့ဟာ ချစ်တဲ့သူ အကြောင်းကို သီဆိုတဲ့ အခါ မှန်ကန်တဲ့ နာမ်စားတွေကို ပြောင်းလဲသီဆိုသွားတာကို တွေ့ရမှ ဖြစ်ပါတယ်။


0 comments

သုတ်ရည်နှင့် ပက်သက်တဲ့ ပေါက်ပေါက်ရှာရှာ အချက်များ

ကျွန်တော်တို့ လူပျိုစဖြစ်ကတည်းက ယောက်ျားတွေရဲ့ ခန္ဓာကိုယ်က သုတ်ရည်ထွက်တယ်ဆိုတာကို သတိပြုမိကြပါတယ်။ ဇီဝ သဘာဝကြောင့် ဖြစ်ပေါ်လာတဲ့ ဒီအရာဟာ လူသား မျိုးဆက်ပြန့်ပွားဖို့ဆိုတာ နောက်တော့ သဘောပေါက်လာပါတယ်။ တကိုယ်ရည် အာသာဖြေရင်း ဒါမှမဟုတ် ချစ်သူနှင့် သွားလာပြီး ထွက်လာတဲ့ ကိုယ့်ရဲ့အရည်ပဲဖြစ်ဖြစ် ချစ်သူရဲ့ အရည်ပဲဖြစ်ဖြစ် ယောက်ျားတွေမို့ ဒီသုတ်ရည်ကို စိတ်ဝင်စားကြပါတာ။ ဒီဟာ ထူးထူးဆန်းဆန်းဖြစ်ပြီး တချို့က အနံခံကြည့်၊ လျှက်ပြီး အရသာခံကြည့်လုပ်သလို၊ တချို့ကတော့ ပြီးပြီဆိုတာနဲ့ မြန်မြန် သန့်ရှင်းလုပ်လိုက်ပါတယ်။ တချို့တလေကေတာ့ ခုန်ခုန်မင်မင် မှီဝဲကြလေရဲ့ (သူတို့အတွက်တော့ ချစ်သူပေးတဲ့ အားဆေးတလက်ပေါ့)။ ထားပါတော့။ ဒါပေမဲ့ သုတ်ရည်အကြောင်းကို စိတ်ဝင်စားတာ ယောက်ျားတိုင်းလိုလိုပါပဲ။ အထဲမှာ ဘာပါလဲ ဘာရှိလဲပေါ့။ အဲ့ဒါနဲ့ ပက်သက်ပြီး လေ့လာရှာဖွေသူတွေကတော့ ဒီလို အချက်တွေတွေ့ လေရဲ့ ပြီးတော့ ဒီလို ပေါက်ပေါက်ရှာရှာ တွေလည်း လုပ်လေရဲ့။

၁၀) သုတ်ပိုးကို ရှာဖွေတွေ့ရှိခြင်း
သုတ်ပိုးကို ၁၆၇၄ ခုနှစ်မှာ ပထမဆုံ ဒတ်(ချ) ဇီဝသိပ္ပံပညာရှင် အန်တိုနီ ဗန် လူဝင်ဟော့(ခ်) က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့ပုံကတော့ မစ္စတာ ဗန်လူဝင်ဟော့(ခ်)က တနေ့၌ အိမ်မှာပြင်းတာနဲ့ သူ့ရဲ့ သုတ်ရည်ကို အနုစိတ်မှန်ပြောင်းနဲ့ ကြည့်ကြည့်ဖို့ စိတ်ကူးရတာနဲ့ ကြည့်လိုက်တော့ အကောင်သေးသေးလေးတွေ ပြေးလွှားကူးခတ်နေတာကို တွေ့လိုက်ပါတယ်။ အဲ့ဒါနဲ့ သူ့ အတွေ့ရှိချက်တွေကို မှတ်စုရေးမှတ်ထားပြီး နောက် ၂ နှစ်လောက်ကြာမှ သူ့ရှာဖွေတွေ့ရှိချက်ကို ထုတ်ပြောတော့ လူတွေအကုန် ပြောစမှတ်စရာတွေ ဖြစ်ကုန်တယ်။

၉) သုတ်ရည်ထဲမှာ ပါ၀င်တဲ့အရာများ
အများထင်သလို သုတ်ရည်က သုတ်ကောင်တွေ အပြည့်နဲ့ ပြုလုပ်ထားတာမဟုတ်ပါဘူး။ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာမှာ သုတ်ပိုး ၁ ရာခိုင်နှုန်းသာ ပါတာပါ။ အခြား ၉၉ ရာခိုင်နှုန်းကတော့ ဗီတာမင် စီ၊ ကယ်စီယမ်၊ စစ်ထရစ် အက်စစ်၊ အင်ဇိုင်း၊ ဖရက်တို့ သကြား၊ ဖော့စဖိတ်၊ ပရိုတင်း၊ ဇင့် နှင့် ရေပဲဖြစ်ပါတယ်။

၈) သွား ယို့ယွင်းတာကာကွယ်တယ်

သုတ်ရည်မှာ ဇင့်၊ ကယ်စီယမ် နှင့် အခြား သတ္ထုတွေပါဝင်တယ်လို့ ခုနက ပြောတယ်နော်။ သူတို့တွေကို သွားယို့ယွင်းတာကို ကာကွယ်နိုင်တဲ့ စွမ်းတွေရှိသလို ကိုယ်ခံအားစနစ်နဲ့ အာရုံကြောစနစ်တွေကို အားဖြည့်ပေးပါတယ်။ အင်းပေါ့ သွားတိုက်ဆေးကို အစားထိုးလို့ရအောင်တော့ ဘယ်လိုလုပ် အစွမ်းထက်မလဲ။ ဒါပေမဲ့ ကို့ချစ်သူအိမ်မှာ သွားတိုက်တံရှာမရင်တော့ သိတယ်နော်။ သွားတိုက်ဆေးလိုတော့ ပူရှိန်းတဲ့ အနံလေး ပါးစပ်ထဲ ကျန်မနေခဲ့ဘူး ပေါ့နော်။

၇) အနံအရသာ ဆိုလို့
သုတ်ရည်ရဲ့ အရသာက သူဘာစားသောက်ထားတယ် ဆိုတာအပေါ် အများကြီးမူတည်ပါတယ်။ ဒါ့ကြောင့် သင့်ကောင်လေးရဲ့ အရသာက တစ်နေ့တစ်မျိုး ပြောင်းနေ ဖြစ်မယ်။
ဥပမာ။ ။ ကော်ဖီ၊ အရက်၊ စီးကရက်တွေ သောက်သုံးထားရင် ခါးတဲ့ အရသာ။
အသား၊ နို့ထွက်ပစ္စည်း၊ ဘရိုကိုလီ၊ ချောကလက်ဆိုရင် စူးရှတဲ့ အရသာ။
အသီးအနှံများများစားထားတာ ဥပမာ နာနတ်သီး၊ ပန်းသီး စတာတွေဆို အရသာက ပြော့ပါတယ်။
သဘာဝအချိုရည်တွေသောက်တာ ဒါမှမဟုတ် သွေးချိုရှိတယ်ဆိုရင် သုတ်ရည်က ချိုပါတယ်။

၆) ယောက်ျားအများစုဟာ (လိင်တူ/လိင်ကွဲချစ်သူ ဘယ်သူမဆို)သူတို့ သုတ်ကို မြည်းကြည့်ဖူးပြီး ကြိုက်တယ်တဲ့။

၂၀၁၀ ခုနှစ်မှာ လုပ်ခဲ့တဲ့ လေ့လာချက်မှာ လူတွေ ဖြေတဲ့ အဖြေအရ ပြောတာပါ။

၅) သင့် သုတ်ကို အရသာကောင်းအောင် လုပ်ပေးတဲ့ အရာတွေရှိတယ်ဆိုပဲ။
Semenex ဆိုတဲ့ စားဆေးက ၁၀၀ရာခိုင်နှုန်း သဘာဝထွက်ကုန်တွေနှင့် ယောက်ျားတွေအတွက် အထူးပြုလုပ်ထားတာတဲ့။ ရွှေဖရုံသီးလို အရသာ ဖြစ်အောင်ပြုလုပ်ထားပြီး အထူးရွေးချယ်ထားတဲ့ အသီးတွေနှင့် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါတယ်တဲ့။ တစ်ခါသောက်ပြီး ၂၄ နာရီကြာလာရင် သင့်သုတ်ရည် အရသာကောင်းလာတယ် ဆိုပဲ။ စျေးကတော့ ၁၀ ခါသောက် ၁ ဘူးကို ၅ သောင်းလောက်ပေးရတယ်။


၄) သုတ်ရည်က အသားရည်ကို နူးညံ့စေတယ်တဲ့
သုတ်ရည်မှာ ပါတဲ့ spermine ဆိုတဲ့ အင်တီ အောက်ဇီဒင့် က အသားတွန့်တာကို လျှော့ချပြီး
အသားရည်ကို ချောမွတ်စေသလို၊ ဝက်ခြံပျောက်စေပါတယ်။ အကုန်ကျ သက်သာတဲ့ အလုကုန်ပစ္စည်းလို့ ဆိုရမလား။ ပိုက်ဆံလုပ်လို့ရမယ့်နည်းရှိရင် ပိုက်ဆံရှာမယ်လူတွေ ပေါ်လာစမြဲဆိုတော့ ထူးထူးခြားခြား နော်ဝေးက ကုမ္ပဏီတစ်ခုက spermine ကိုထုတ်ဖေါ်ပြီး မျက်နှာလိမ်းဆေးကို လုပ်ပြီး တကမ္ဘာလုံးက စပါးတွေမှာ လိုက်ဖြန့်ပါတယ်တဲ့။ စျေးကတော့ မသေးဘူးပေါ့နော်။ ၁ ခါပေါင်းတင်ရင် ၃ သိန်းလောက်ကျမယ်။

၃) သုတ်ရည်နဲ့ ဟင်းချက်နည်းစာအုပ် ရှိတယ်တဲ့
စားဖိုမှုး Paul “Fotie” Photenhauer ရဲ့ ဟင်းချက်နည်းစာအုပ် Natural Harvest: A Collection of Semen-based Recipes က သုတ်ရည်သုံးပြီး ချက်တဲ့ ဟင်းလျှာ အမြောက်အများပါ ပါတယ်။ ဖြားဖြား ဒီလူကြီး ကြိုက်တတ်တဲ့ အစားအစာတွေက တော်ရုံတန်ရုံ မဟုတ်ပါလား။

၂) ကယ်လိုရီ နည်းတယ်။ ပရိုတင်းများတယ်။
လူတွေ အယူမှားနေကြတာက သုတ်တစ်ခါလွှတ်ရင် ကြက်ဥတစ်လုံးစာလောက် အားကုန်တယ်တဲ့။ အမှန်တော့ ယောက်ျားတစ်ယောက်ရဲ့ ပျဉ်းမျှ သုတ်တစ်ခါထွက်စာက ၀.၇ ကယ်လိုရီနဲ့ ပရိုတင်း ၁၇၁ မီလီဂရမ်ပဲ ပါတာပါ။ ကြက်ဥတစ်လုံးစာလောက် အဟာရရဖို့ဆိုရင် လူတွေယောက်က သုတ်ရည် ၄ အောင်စ မှီဝဲမှ ပဲရမယ်၊ ဒါပေမဲ့ အကိုတို့ တစ်ခါသုတ်လွှတ်ရင် ၀.၄ အောင်စ ၀န်းကျင်လောက်ဆိုတော့ သူ့ကို ဘယ်လောက်တောင်... အင်းတွေးကြည့်တာပါ။

၁) ကျန်းမာရေး အန္တရာယ်
ကိုယ့်ဟာကို ကိုယ်ပြန်မျိုချရင် ဘာအန္တရာယ်မှ မရှိပါဘူး။ ဒါပေမဲ့ သင့်ရဲ့ ရည်းစားက လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေရှိရင်တော့ သင့်ကို ကူးစက်သွားပါမယ်။ အထူးသဖြင့် ကာလသားရောဂါ။ ဂနို စသဖြင့် ရောဂါများ ကူးစက်စေပါတယ်။ ဒါတွေကို မဖြစ်အောင် ကွန်ဒုံးသုံစွဲခြင်းဖြင့် တားဆီးနိုင်ပါတယ်။ ပြီးတော့ အရသာပေါင်းစုံနှင့် ကွန်ဒုံးတွေရနိုင်နေပြီလေ။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ