Search

Content

0 comments

International LGBT music (2015 November - December)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ လိင်တူချစ်သူ ဂီတဝါသနာရှင်တို့အတွက် ၂၀၁၅ နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှာ ကမ္ဘာအရပ်အရပ်မှ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။

ဒီတစ်ခေါက် အတွက်တော့ တောင်အာဖရိက မှအဆိုတော် Nakhane Touré ၊ ဟောင်ကောင် အဆိုတော် HUSH ၊ အင်္ဂလိပ်အဖွဲ့ Bloc Party တို့နှင့်အတူ သီချင်းကောင်း ၁၁ ပုဒ် စုဆောင်းထားပါတယ်။


Nakhane Touré - The Plague

တောင်အာဖရိ အဆိုတော် Nakhane Touré ဟာ လိင်တူချစ်သူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဆန်းပြားတဲ့ သီချင်းပုံစံတွေအတူ သူ့နိုင်ငံမှာ အောင်မြင်တဲ့ အဆိုတစ်ယောက်ဖြစ်ပါတယ်။



Brendan Maclean - Tectonic

သြစတြေးလျ နိုင်ငံမှ Brendan Maclean ဟာ တက်သစ်စ လိင်တူချစ်သူ အကဆိုတော် တစ်ဦးဖြစ်ပြီး သူ့ရဲ့ သီချင်းအသစ်မှာ သူ့ရဲ့ အကကြောင့် ဗီဒီယိုကို ကြိုက်နှစ်သက်သူတွေ များနေပါတယ်။



Asbjørn - Scandinavian Love 

Asbjørn ဆိုတာ နော်ဝေးနိုင်ငံမှ လူငယ်လိင်တူချစ်သူ အဆိုတော် အသစ်ကလေးပါ။ သူ့ရဲ့ သူချင်းတွေ အောင်မြင်ပြီးနောက် သူရဲ့ ပထမဆုံး အခွေကို ထုတ်လိုက်ပါပြီ။ Scandinavian Love က အဲ့ဒီအခွေထဲက ပထမဆုံး သီချင်းပါ။



Bloc Party - The Love Within 

အောင်မြင်တဲ့ ဗြိတိသျှ အဖွဲ့  Bloc Party ထဲက ရှေ့ထွက် အဆိုရှင် Kele Okereke ဟာ လိင်တူချစ်သူတစ်ဦး ဖြစ်ပါတယ်။



Adrian Ross - Stuttering

အမေရိကန် နိုင်ငံက တက်သစ်စ  အဆိုတော် Adrian Ross ရဲ့ သီချင်းဗီဒီယိုကလည်း ကြည်နူးစရာပါ။



Will Young - What The World Needs Now Is Love

အင်္ဂလိပ် လိင်တူချစ်သူ အဆိုကျော် Will Young ရဲ့ အသစ်ထွက် တဲ့သီချင်းပါ။



Jah Rsiam - GOLD OR HUBBY?

ထိုင်းနိုင်ငံက ဒီခပ်မြူးမြူး သီချင်းထဲမှာ ထိုင်း drag queen တစ်ကယောက်ကလည်း သီချင်းမြိုင်သွားအောင် ပါဝင် ထားပါသေးတယ်။



HUSH - Same

ထိုင်ဝမ် လိင်တူချစ်သူ အဆိုတော် HUSH က သူ့နိုင်ငံမှာ လိင်တူချစ်သူများ တန်းတူ လပ်ထပ်ခွင့် အခွင့်အရေးအတွက် သီဆိုထားတဲ့သီချင်းပါ။



Emmanuel Moire - Tout le monde

ပြင်သစ် ဂေးအဆိုတော်ရဲ့  သီချင်းအသစ်က အေးအေးလေးနှင့် ကောင်းပါတယ်။



Man Meadow - Everybody 2015

ဆီဒင်က အကအဆိုတော် နှစ်ယောက်ရဲ့ သီချင်းကတော့ ကချင်စရာ ခပ်မြူးမြူးပါ။



KAZAKY - YOUR STYLE

နောက်ဆုံးအနေနှင့် ယူကရိန်း နိုင်ငံက အကအလန်းတွေနဲ့ ကမ္ဘာကျော်တဲ့  KAZAKY ရဲ့ သီချင်းအသစ်ကတော့ သူတို့ရဲ့ လုံးဝကို မရိုးရလေအောင် ကောင်းပါတယ်။



0 comments

အင်တာနက် ဖူးစာရှာဖွေခြင်းနှင့် ဘေးကင်းလုံခြုံရေး

Written by Min Thuta
မင်းသုတ ရေးသားသည်။


ကျွန်တော်တို့ လိင်တူချစ်သူတွေ အနေနှင့် အခြား လိင်တူတစ်ယောက်ဟာ ကိုယ့်လိုပဲ လိင်တူချစ်သူတစ်ယောက်လား ဆိုတာကို အမြင်နှင့် မှန်အောင် မှန်းဆဖို့ဆိုတာ ခဲယဉ်းပါတယ်။ လိင်ကွဲချစ်သူလို ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားရင် ရည်စားစကား သွားပြောဖို့လောက် မမြန်နိုင်ပါဘူး။ အဲ့ဒီလို မသေချာတဲ့ အထဲမှာ စိတ်ဝင်စားသူ လိင်တူတစ်ယောက်ကို ကိုယ့်အနေနှင့် စကားသွားပြောဖို့ အခွင့်အလမ်း အမြဲမရှိနိုင်တာကြောင့် ကျွန်ုပ်တို့ အများစုမှာ ချစ်သူရည်းစားရဖို့ အတော်ကျိုးပမ်းရ၊ စောင့်ရပါတယ်။ လိင်တူချစ်သူတွေ စုဆည်းတဲ့နေရာမျိုးကို သွားမှသာ သေချာပါတယ်။ ဒါမျိုးက လိင်တူချစ်သူတိုင်းအတွက် မလွယ်လှပါဘူး။

ဒါပေမဲ့ အင်တာနက် နည်းပညာကြောင့် ကျွန်တော်တို့ရဲ့ ဘဝတွေက ဖူးစာရှာဖို့ ပိုလွယ်လာပြီလို့ ပြောလို့ရပါတယ်။ လိင်တူချစ်သူတွေသာ အသုံးအပြုတဲ့ website တွေ နှင့် ဖုန်း application တွေ အများကြီး ပေါ်နေပြီမို့ အသုံးများလာတာကို တွေ့ရပါတယ်။ အင်တာနက်ပေါ်မှာ Facebook ပဲဖြစ်ဖြစ်၊ dating websiteမှာ ပဲဖြစ်ဖြစ်၊ ဖုန်းပေါ်က ဖူးစာရှာ/အပျော်ရှာတဲ့ app ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ့်ကို လူမသိအောင် သိုသိုဝှက်ဝှက် account တစ်ခုဖွင့်ပြီး ချစ်သူ/အဖော်ရှာဖွေ နိုင်ပါတယ်။ အထူးသဖြင့် လိင်တူချစ်သူတွေမှန်း လူမသိစေလိုတဲ့ သူတွေများစုဟာ ကိုယ့်ရဲ့ ရုပ် နဲ့ နာမည်ရင်းကို ဝှက်ထားလေ့ရှိကြပါတယ်။ အဲ့ဒီအခါမှာ ကိုယ်က onlineမှာ စကားပြောနေတဲ့ သူက ဘယ်သူလဲဆိုတာ တော်တော်နဲ့ မသိနိုင်ပါဘူး။ လူချင်းမတွေ့တော့ ပြောချင်ရာ ပြောရင်လည်း လိမ်ပြောမှန်း ခွဲခြားဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ကိုယ် online မှာ ပြောနေတဲ့သူက လူကောင်းလား မသမာသူလားဆိုတာ ဘယ်လိုမှ မတွေ့မချင်း ပြောလို့မရပါဘူး။ အဓိက ကတော့ အားလုံးဟာ လူကောင်းနဲ့ ရေစက်ပါပြီး ဖူးစာဆုံဖို့ ဆိုတာ ဖြစ်ပေမဲ့၊ ကိုယ့်အတွက် မသေချာတဲ့ အခါ အမြဲ သတိထားတာ ကောင်းပါတယ်။ သူက ကိုယ့်ကို မသမာမှု ပြုချင်လို့ ချိန်းတွေ့ရအောင် ဖိတ်ခေါ်ရင် ခက်ပြီ။

အဲ့တော့ကိုယ် online မှာ အဆင်အပြေနေပြီး တစ်ခါမှ မမြင်ဖူးတဲ့ လူစိမ်းတစ်ယောက်နဲ့ နောက်ဆုံး အပြင်မှာ ချိန်းတွေ့တော့မယ်ဆိုရင် ကိုယ့်လုံခြုံရေးကိုလည်း အရေးတယူ စဉ်းစားသင့်ပါတယ်။ အဲ့တော့ နောက်တစ်ခါ တစိမ်းတစ်ယောက်ကို အင်တာနက်မှာ တွေ့ပြီးနောက် အပြင်မှာ ချိန်းတွေ့ဖို့ ဆိုကာရင် အောက်ကရိုးရှင်းတဲ့ အချက်လေးတွေကို လိုက်နာပြီး ကိုယ့်ကိုယ်ကို သတိ ဂရုပြုလို့ရပါတယ်။


- အများပြည်သူရှိတဲ့နေရများကို တွေ့ဖို့ရွေးချယ်ပါ။ ဥပမာ လူများတဲ့ လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ပန်းခြံတို့လိုမျိုးပါ။ လူပြတ်တဲ့နေရာတွေကို ဖိတ်ခေါ်တဲ့အခါ လက်မခံပါနှင့်။ ထိုသူက လူကောင်းဆိုတာ လုံးဝ အပြည့်အဝ မယုံကြည်ရဘူးဆိုရင် သူ့အိမ်၊ကိုယ့်အိမ် သွားဖို့ မစီစဉ်တာ အကောင်းဆုံးပါ။ အပြင်မှာသာ အရင်တွေ့ပါ။
- အိမ်လိပ်စာ အတိအကျ မပေးပါနဲ့။ ကိုယ့်ရဲ့ တစ်ကိုယ်ရည် အသေးစိတ်အချက်အလက်တွေ တစ်ခုမှ မပေးပါနဲ့။ အလုပ်နေရာ၊ ကျောင်းနေရာတွေလည်း မလိုအပ်ရင် မပြောပါနဲ့။ ငွေရေးကြေးရေး ကိစ္စတွေနဲ့ ဘဏ်ကိစ္စတွေ ဘာမှဆွေးဖို့ မလိုဘူးဆိုတာ ရှင်းရှင်းလေးပါ။
- ဖြစ်နိုင်မယ်ဆိုရင် သင်သွားတွေ့မယ်ဆိုတာ အချိန်နှင့် နေရာကို ရင်းနှီးသူတစ်ဦးကို ပြောထားပါ။ ဘယ်ချိန်ပြန်ရောက် မယ်ဆိုတာကိုလည်း ပြောထားပါ။ 
- ကိုယ်သွားမဲ့ နေရာ နှင့် သွားမယ့် လမ်းကြောင်းကို လေ့လာ သိရှိထားပါ။ အသွား နှင့် အပြန်ကော ကြိုတင်စီစဉ်ထားပါ။ 
- အရက် အတူ သောက်မယ်ဆိုရင် အလွန်အကျွန် မသောက်ပါနဲ့။ ကိုယ့်ရဲ့ ခွက်ကို လက်လွှတ်စပယ် မထားပါနဲ့။ ဆေးတစ်ခုခု ထည့်သွားနိုင်ပါတယ်။
- အရေးအကြောင်းအတွက် ကိုယ့်ရဲ့ ဖုန်းကို အားအပြည့်သွင်းထားပါ။ 
- တစ်ခုခု မူမှန်ဘူးလို့ သတိထားမိရန် ချက်ချန်း ချိန်းတွေ့တာကို ရပ်ပြီး ပြန်သင့်ပါတယ်။

ကဲ နောက်ဆုံးတစ်ခုကတော့ ကိုယ်က သူ့ရဲ့ နောက်ကြောင်းသမိုင်း နှင့် ကျန်းမာရေး အခြေအနေကို မသိသေးပဲနဲ့ လိင်ဆက်ဆံမယ်ဆိုရင်တော့ ကွန်ဒုံးသုံးဖို့ လုံးဝ မမေ့ပါနဲ့။ ကွန်ဒုံး မပါပဲနဲ့ ဘာမှာ လုပ်ဖို့ မရှိဆိုတာ သူ့ကို ပြောပြလိုက်ပါ။

ဒီလိုဆိုရင်တော့ ဘေးကင်းပြီး ပျော်ရွင်တဲ့ ချိန်းတွေးတဲ့ အတွေ့အကြုံလေးကို ရရှိမှာပဲ ဖြစ်ပါတယ်။

လူကောင်းတွေနှင့် တွေ့ပြီး ကိုယ်နဲ့ တကယ်ရေစက်ပါတဲ့ ဖူးစာနှင့် တွေ့နိုင်ကြပါစေ။


Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ