Search

Content

Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts
1 comments

ဘော်တွမ်တို့အတွက် ကျန်းမာတဲ့ ကိုယ်ခန္ဒာ



ကျန်းမာတဲ့ နေထိုင်မှုမျိုးကို ရရှိလိုတဲ့ ဂေးဘော်တွမ်တို့အတွက် ကျန်းမာရေး အလေ့အကျင့် ကောင်းလေးတွေ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ဘာမှ ထွေထွေထူးထူးလုပ်စရာ မလိုပါဘူး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို မှီဝဲပြီး နေထိုင်ပုံကို အနည်းငယ်ပြုပြင်လိုက်ရုံနဲ့ ရရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့ -

၁) ရေများများသောက်ပါ - ခန္ဒာကိုယ်ကို ရေဓာတ်လုံလောက်အောင် ဖြည့်တင်းပေးထားခြင်းဖြင့် ခန္ဒာကိုယ် အပြင်ပိုင်းကော အတွင်းသားတွေပါ ပြော့ပြောင်းစိုပြေအောင် ပြုလုပ်နိုင်သလို အစာချေဖျက်မှုကိုလည်း ကူညီပြီး ဝမ်းမှန်စေပါတယ်။
၂) Fibre (အမြှင်) များများစားပါ - အမြှင်များက အူလမ်းကြောင်းအတွက် သဘာဝဆေးတစ်လက်လိုပါပဲ။ အစာချေဖျက်မှုကို အကောင်းကောင်းကူညီပေးသလို စအိုနှင့် အူလမ်ကြောင်း တလျှောက်မှာရှိတဲ့ အကျွင်းအကျန်တွေကို သံလိုက်လို အကုန်ကပ်ယူပြီး သင့်  စအိုကို သန့်ရှင်းနေအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်တွေ၊ ဆန်ကြမ်းနဲ့ ဂျုံကြမ်းတွေ၊ အစေ့အစံအမျိုးမျိုး နှင့် ပဲအမျိုးမျိုး စသည်တို့နဲ့ အသီးအနှံအခွံတွေမှာ Fibre (အမြှင်)ကောင်းကောင်း ပါပါတယ်။
၃) သဘာဝအစားအစာတွေကိုပဲ ရွေးချယ်ပါ - သဘာဝ မဟုတ်တဲ့ ဆိုးဆေး၊ အရောင်တင်မှုံ့နဲ့ ဓာတုဆေးများပါဝင်သော အစားအစာများ၊ fastfood များဖြစ်တဲ့ အသင့်ပြုလုပ်ပြီးသော အစားအစာများ၊ အသင့်စားခေါက်ဆွဲထုတ်များ အပါအဝင် လတ်လတ်ဆတ်ဆတ် ပြုလုပ်မထားတဲ့ အစားအသောက်များကို ရှောင်ပြီး လတ်ဆတ်ပြီး သေချာချက်ထားတဲ့ အစားအသောက်များကို သာရွေးချယ်ပါ။
၄) မနက်စာ မရှောင်ပါနဲ့ - နံနက်ပိုင်း အဟာအရနှင့် စွမ်းအင်အလုံအလောက် ရထားရင် တနေ့လုံး ပန်ပင်းမှုကိုမခံစားရပဲ လန်းဆန်းနေမှာဖြစ်သလို အစာအိမ်ကိုလည်း ကျန်းမာစေပါတယ်။
၅) လိင်ဆက်ဆံခါနီး အစာအများကြီးစားတာရှောင်ပါ - လိင်ဆက်ဆံခါနီး ထမင်းအများကြီးစားထားပြီး ဗိုက်တင်းနေတာမျိုးကို မဖြစ်စေပဲ အတတ်နိုင်ဆုံး ၃-၄ နာရီလောက်ကြိုစားထားပါ။ လိင်ဆက်ဆံခါနီးမှ အိမ်သာသွားတာကိုလည်းရှောင်ပါ။ လိင်ဆက်ဆံဖို့ စီစဉ်ထားရင် ၄-၅ နာရီလောက်ကတည်းက ဝမ်းကိုရှင်းထားပါ။
၆) ဝမ်းနှတ်ဆေး ဘယ်တော့မှမသုံးပါနဲ့ - ဆေးတွေကို အားကိုးတာထက် ကျန်းမာတဲ့ နေထိုင်စားသောက်ပုံကို ကျင့်သုံးခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြင်ဆင်နိုင်သလို ဝမ်းမကောင်းရင် စအိုနဲ့ လိင်ဆက်ဆံတာကို ရှောင်လိုက်ပါ။ ဝမ်းနှတ်ဆေးကို လိင်ဆက်ဆံဖို့ ပြင်ဆင်တာမှာ လုံးဝမသုံးဖို့နဲ့ ကျန်းမာရေးအကြောင်းအရင်းကြောင့်သာ သုံးပါ။ မဟုတ်ရင် လိင်ဆက်ဆံနေစဉ် အဆင်မပြေစရာတွေ ဖြစ်လာပါလိမ့်မယ်။
၇) စအိုထဲကို ရေထည့်ပြီး ဆေးမယ်ဆိုရင် အလွန်အကျွန်မလုပ်ပါနဲ့ - အချို့ ဘော်တွန်တွေက လုံးဝကို ပြောင်ရှင်းနေမှ သဘောကျနဲ့အတွက် စအိုထဲကို ဆေးကျောတာလုပ်ချင်လုပ်ချင်တယ်ဆိုရင် အရေးကြီးဆုံးက ရေကိုပဲသုံးပါ။ ခန္ဒာကိုယ် အပူချိန်နဲ့ ကိုက်ညီတဲ့ မရမ်းမပူမအေးတဲ့ ရေအပူချိန်ကို အရင်ရအောင်လုပ်ပါ။ စပ်ပြာနဲ့ အခြားဓာတုတွေ မထည့်ပါနဲ့။ ဆေးခွက်ကိုလည်း အတင်းထိုးမထည့်ပါနဲ့။ ဆေးရင်လဲ ရေအများကြီးနဲ့ အကြိမ်ကြိမ် အလွန်အကျွန်မဆေးပါနဲ့။ စအိုအတွင်းသားရှိ သဘာဝ ချောဆီများ ကုန်သွားပြီး ချောက်သွေ့ကာ ယားယံမှုကို ဖြစ်ပေါ်စေတာမို့ ရောဂါပိုးတွေဝင်နိုင်ပါတယ်။

လိင်ဆက်ဆံတယ်ဆိုတာ လေ့ကျင့်ခန်းတစ်ခုလိုပါပဲ။ ကောင်မွန်တဲ့ လိင်ဆက်ဆံဖို့ ခွန်အား၊ သက်လုံ နှင့် ပျော့ပြောင်းမှုတို့ကို လိုအပ်ပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးအဆစ်အနေနဲ့ အိမ်မှာတစ်ယောက်တည်း ယောဂလေ့ကျင့်ခန်းကောင်းကောင်း လုပ်တတ်ကြတဲ့ ဂေးဘော်တွမ်တို့အတွက် ပျော့ပြောင်းသွက်လက်တဲ့ ခန္ဒာကိုယ်ကို ရရှိစေဖို့ လေ့ကျင့်ခန်းခန္ဒာကိုယ်အနေအထား အချို့ကို ရှာဖွေပေးလိုက်ပါတယ်။ လွယ်ကူအညောင်းပြေပြီး သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို ဘော်တွမ်တို့ ချစ်သူနဲ့ အချစ်ပွဲဆင်နွဲတဲ့အခါ ကိုယ့်ခန္ဒာကိုယ်ကို ပိုမိုကောင်းမွန်တဲ့ ထန်းချုပ်မှုမျိုးရတာပေါ့။ လေ့ကျင့်ခန်းတွေက ရိုးရိုးရှင်းရှင်းတွေမို့ ဘာမှ အထူးရှင်းပြစရာ မလိုဘူးပေါ့နော်။ အဓိကတော့ အသက်မှန်မှန်ရှူဖို့ မနေ့နော်။ လေ့ကျင်းခန့်စမလုပ်ခင် စိတ်ငြိမ်သက်သွားအောင် အရင်သက်ရှူလေ့ကျင့်ခန်းအဖြစ် ပထမ ၅-၁၀ စက္ကန့်လောက် သက်ကို ပြင်းပြင်းရှူသွင်း၊ ပြီးရင် ၂-၄ စက္ကန့်လောက် အသက်အောင့်ထားပြီးတော့ ဖြည်းဖြည်းချင်း ရှူထုတ်။ အဲ့လိုမျိုး ၁၀ ခါလောက်လုပ်ပြီးတော့ လေ့ကျင့်ခန်းစပါမယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် အသက်ပုံမုန်ရှူဖို့လည်း မမေ့နဲ့နော်။ ကဲစမ်းကြည့်လိုက်ပေါ့။







ကဲ ... ဘော်တွမ်တို့ ကိုယ့်ခန္ဒာကိုယ်ကို ဘယ်လို ကျန်းမာအောင် နေထိုင်ရမလဲ ဆိုတာသိပြီနော်...
0 comments

LGBT အားကစားသမားတွေ ပြောတဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်

ကျွန်တော်တို့ ယောက်ျားချင်းချစ်သူများထဲက အလှကြိုက်သူတွေဟာ လူတွေပြောကြတဲ့ လှပတယ်ဆိုတဲ့ ခန္ဓာကိုယ်မျိုးကို ရရှိဖို့ကို တမ်းတကြပါတယ်။ အတော်အများဟာ gym အားကစားရုံတွေမှာ အချိန်တွေ သုံးပြီးတော့ လေ့ကျင့်ခန်းတွေလုပ်ကာ တောင့်တင်းလှပတဲ့ ခန္ဓာကိုယ်ကို ရရှိအောင် ကြိုးပမ်းကြပါတယ်။

မီဒီယာတွေမှာ အများဆုံး ဖော်ပြလေ့ရှိတဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် (perfect body) ဆိုတဲ့ ပုံစံက လူဖြူယောက်ျားတွေရဲ့ အားကစားလုပ်ထားတဲ့ ရင်အုံဖြိုးမောက်ကာ လက်မောင်းတုတ်ခိုင်ပြီး ဗိုက်သားအဖုအထစ်များနှင့် တင်ပါးများ ပြည့်တင်းနေသော ခန္ဓာကို ဖော်ပြလေ့ရှိပါတယ်။ 
 
ဒါပေမဲ့ ကျွန်တော်တို့ လူတွေဟာ တစ်ဦးနှင့် တစ်ဦး မတူကြပါဘူး။ မျိုးရိုးဗီဇကွာသလို ခန္ဓာကိုယ်ဖွဲ့စည်းပုံ နှင့် ဇီဝဖြစ်ပျက်မှုတွေ လဲကွာခြားကြပါတယ်။ ဒါပေမဲ့ မီဒီယာတွေက ပုံသေဆွဲပြီး ဖော်ပြတာကြောင့် ကျွန်တော်တို့ လှတယ်ဆိုတဲ့ အမြင်ဟာ ဒီလိုဖြစ်မှပဲ လှတယ်လို့ မြင်လာပြီး အဲ့လိုပုံ မရရှိပါက မိမိကိုယ်မိမိ ယုံကြည်မှုကို သံသယရှိလာနိုင်ပါတယ်။

ဒါပေမဲ့ လှပတဲ့ ခန္ဓာကိုယ်ဆိုတာကို မြင်တဲ့ အမြင်တွေကို မတူကွဲပြားကြပါတယ်။

Buzzfeed ကပြုလုပ်တဲ့ ဒီဗီဒီယိုလေးက LGBT အားကစားသမားတွေကို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဟာ ဘယ်လိုပုံစံလို့ ထင်ပါသလဲဆိုပြီး မေးထားပါတယ်။ ဗီဒီယိုထဲက သူတို့ ဖြေထားတာကို ဘာသာပြန်ပြီး ဒီ ဘလော့မှာ ဖော်ပြလိုက်ပါတယ် ခင်ဗျာ။




“ဒီဟာက ခက်ခဲတဲ့ မေးခွန်းတစ်ခုပါပဲ။ အထူးသဖြင့် အားကစားပိုင်းမှာပေါ့”

Pat Manuel - လက်ဝေ့ကစားသမား

"ကျွန်တော့် အနေနှင့် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် ဆိုတာကို ကြားရင် ကျွန်တော့် ခေါင်းထဲဝင်လာတာက ဖိနှိပ်မှုရှိတယ်ဆိုတဲ့ အတွေးတစ်ခုပဲ။ ကျွန်တော်တို့ လူအသိုင်းအဝန်းမှာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာနှင့် ပက်သတ်တဲ့ စံနှုန်းတွေ သတ်မှတ်ထားတာရှိပြီး အဲ့ဒါတွေက အရမ်း သေးသိမ်ပါတယ်။"

"ကိုယ့်ရဲ့ ကျားမဖြစ်ပုံနှင့် စိတ်မချမ်းမြေ့ရုံတင်မက လူမဲယောကျ်ားတစ်ဦးအဖြစ် ခန္ဓာကိုယ်ဆိုင်ရာ အခက်အခဲတွေနဲ့ပက်သက်ပြီး ရုန်းကန်နေရတဲ့ လူတစ်ယောက်အနေနှင့်ပေါ့… ဘယ်လိုပြောမလဲ… ငယ်ငယ်တုန်းကဆို ရေးကူးသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်လိုမျိုး အရပ်ရှည်ပြီး ကျစ်လစ်တဲ့ ခန္ဓာမျိုးကို လိုချင်ခဲ့မိတာ… ဒါပေမဲ့ အဲ့ဒါက ကျွန်တော့် ခန္ဓာကိုယ် အမျိုးအစားမဟုတ်ဘူး။ "

"အထူးသဖြင့် အားကစားနည်းပြ တစ်ဦးအနေနှင့် (ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတဲအရာက) အလွန်မွန်းကျပ်စေပါတယ်။"

Robbie Rogers - ဘောလုံးသမား

"ကျွန်တော် စပြီးတွေးမိတာက ကျွန်တော်အားကစားလုပ်တဲ့ အချိန် အသင့်ဆုံး ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆီ၊ ကြွက်သား သိပ်သည်းမှုတွေ စသဖြင့်ပေါ့။"

"အဲ့တော့ ကျွန်တော်ကတော့ လူအတော်များ တွေးခေါ်ပုံနှင့် မတူတဲ့ အမြင်ရှိတာပေါ့။
လူတွေအတော်အများက ဗိုက်က အဖု၆လုံး (6 packs) နဲ့တို့ ဘာတို့ဘာတို့ပေါ့။ ကျွန်တော်ကတော့ အားကစားအတွက် လိုအပ်တဲ့ ၈ မိုင် ၉ မိုင်လောက်ကို ပြေးနိုင်နေသရွေ့တော့ ကိုယ့်ကိုယ်ကို ရေကူးဝတ်စုံဝတ်လိုက်လို့ ဘယ်လိုမျိုးပုံစံ ပေါ်လဲဆိုတာကို သိပ်ဂရုမစိုက်ဘူး။"

"အားကစား မလုပ်တဲ့ ရာသီမှာဆိုရင် ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ မနာကျင်တဲ့ ခန္ဓာကိုယ်။ သက်တောင့်သက်သာရှိပြီး အနားယူနေတဲ့ ခန္ဓာကိုယ်ပါ။ ဒါပေမဲ့ ကျွန်တော် လျှောက်လည်ထားသမျှကြောင့် ဖြစ်နေတဲ့ နေလှုံထားတဲ့အရောင် (ကြေးနီရောင်)လေးလဲ ပါမှာပေါ့။" 

Julie Shaw - ဘက်စကတ်ဘော နည်းပြ

"ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ သင် ကိုယ့်ကိုကိုယ် သက်တောင့်သက်သာ ရှိတဲ့ ခန္ဓာပါ။ နောက်ထပ်ဖြည့်ချင်တာက ကျန်းမာတာ။ သင့်အတွက် ကျန်းမာတဲ့ ခန္ဓာကိုယ် ပေါ့။"

"ပြီးပြည့်စုံတယ်ဆိုတာ ကျွန်မ အမြင်မှာတော့ အချိန်နှင့်အချိန် မရနိုင်ပါဘူး။ အထူးသဖြင့် သင်ရဲ့ ကျန်းမာရေး နှင့် ခန္ဓာ အကြောင်းကို ပြောမယ်ဆိုရင် ပြီးတော့ အမျိုးသမီးနှင့် အားကစားနှင့်ပက်သက်ပြီး လုပ်ရမယ်ဆိုရင် အဲ့လို (ပြီးပြည့်စုံတယ်ဆိုတာကို) ပြောတာက ဖိစီးမှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။" 

"ဘာလို့လဲဆိုတော့ ကျွန်မအမြင်က ကျွန်မတို့အားလုံးက ကိုယ့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရပါမယ် ပြီးတော့ ကိုယ့်အတွက် ဘာက ကောင်းတယ်၊ ဘာက ကျန်းမာစေတယ်ဆိုကို သိရပါမယ်။ ကျန်းမာရမယ် ဆိုတဲ့အပိုင်းက အရမ်းရမ်းကို အရေးကြီးတယ်လို့ ထင်ပါတယ်။" 

Lypheng Kim – USC Dragon Boat

"ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာ လူမျိုးစွဲကြီးနဲ့ လာတာလည်း ပါပါတယ်။ ဘာလို့ ကမ္ဘာကြီးက လူဖြူတွေရဲ့ ပြီးပြည့်စုံတဲ့ ရုပ်သွင်ကို မြတ်နိုးကိုးကွယ်နေရတာလဲပေါ့။"

"ကျွန်တော့် တဘဝလုံး ပိန်ပြီးတော့ပဲ ကြီးပြင်းလာခဲ့တယ်။ တကယ့်စိတ်ထဲမှာတော့ အဲ့လောက် မပိန်ရင်ကောင်းမှာပဲလို့ ဆုတောင်းခဲ့မိတယ်။ အဲ့လောက်မြန်တဲ့ ဇီဝတွင်းဖြစ်ပျက်မှု (metabolism) မရှိရင်ကောင်းမှာပဲပေါ့။ "

"ဒါပေါ့… ကျွန်တော်ကိုယ့်ကိုယ်ကို ကျွန်တော့် ခန္ဓာ၊ ပြီးတော့ ကျွန်တော့် ဘယ်သူလဲဆိုတာနှင့် ပက်သက်လို့ အကောင်းဆုံးလို့ မထင်ခဲ့တဲ့ အချိန်တွေလည်းရှိခဲတာပေါ့။ ဒါပေမဲ့ ကျွန်တော်ကိုယ့်ကိုယ်ကို ဒီဟာက ကျွန်တော်ရရှိထားတဲ့ အရာတွေပဲဆိုတာကို လက်ခံပေးရဖို့ပါ။ အဲဒီတော့ ကျွန်တော်အနေနှင့် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ဆိုတာက ကျွန်တော့် အရှိ အရှိအတိုင်းပါ။ ကျွန်တော်ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပြီး ဒီလိုပုံစံကိုပဲ မြတ်နိုးမယ် ဆိုတဲ့ပုံစံမျိုးပဲ ဖြစ်သင့်တာပါ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ