ကဲ လုလင် မဂ္ဂဇင်း စာဖတ်သူ ချစ်ပရိသတ်ပေါင်းတို့ရေ မအားလပ်တဲ့အတွက် မရေးတာလည်း ကြာသွားပြီဖြစ်တဲ့အတွက် အရင်းဆုံး တောင်းပန်ပါရစေ။ ဒီတစ်ခေါက်တော့ အနောက်တိုင်းက ထူးချွန်တဲ့ လိင်တူချစ်သူ ခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်၊ ပြည်သူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ စာရေးဆရာတွေပြောခဲ့တဲ့ စိတ်အားတက်ဖွယ်ရာ သူတို့ရဲ့ အဆိုအမိန့်တွေကို စုဆောင်းပေးလိုက်ပါတယ်။ ပြန်ဝေမျှရတာ လွယ်ကူအောင်လို့လည်း ဓာတ်ပုံလေးတွေနဲ့ တစ်ပုံချင်းစီ လှလှလေးတွေ လုပ်ပေးထားလို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုအမိန့်ကို ကိုယ့်သူချင်းတွေအတွက် နှလုံးသားအဟာရကြွေးဖို့ ပြန်ဝေမျှပေးလိုက်နော်။
Content
Showing posts with label ဘဝ. Show all posts
Showing posts with label ဘဝ. Show all posts
ကျွန်တော်တို့ အမြဲတမ်းသိချင်နေတဲ့ လိင်တူဆက်ဆံခြင်းအကြောင်း
ကျနော်တို့ လူတိုင်းလူတိုင်းဟာ ဘဝမှာ တွေဝေစရာအကြောင်းအရာတွေကို ကြုံရစမြဲပါ။ ဘဝဆိုတာ မသိရင်ရှာဖွေ၊ စမ်းသပ် သို့မဟုတ် လေ့လာရင်းနှင့်မှ တဖြည်းဖြည်း ရင့်ကျက်လာတဲ့ သင်ယူမှုဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။
ဒါပေမယ့် ကျနော်တို့ လိင်တူချစ်သူတွေအဖို့ တခါတရံ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကို မသေချာမရေရာ ဟုတ်လားမဟုတ်လား ဖြစ်နေတာမျိုးရှိတဲ့အခါ အဖြေရှာဖွေဖို့နေရာ ရှာမတွေ့တာဖြစ်တတ်ပါတယ်။ ဘယ်နားကစရမလဲမသိဖြစ်ကြတတ်ပါတယ်။ ရှားပါးတဲ့စာအုပ်တွေလိုက်ရှာဖတ်လိုက်ရ သို့မဟုတ် အင်တာနက်မှာပြေးရှာဖို့ဆိုတာကလည်း လိင်တူချစ်သူတွေအကြောင်းကို မြန်မာလိုရှင်းပြတာမျိုက တော်တော်ရှာရခက်မှာပါ။ မရှိသလောက်လည်း ရှားနေပါသေးတယ်။ အဲ့တော့ ပတ်ဝန်းကျင်က ကိုယ့်ထက်တွေ့အကြုံများတဲ့သူတွေကို မေးရင်မေး၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေစီက ကြားဖူးနားဝတွေနဲ့လေ့လာကြပါတယ်။ အဲ့တော့ ဘဝအကြောင်းအပြင် လိင်ကိစ္စအကြောင်းဆိုရင် ပိုပြီးမေးရမှာခက်၊ ရှာဖွေရမှာလည်းခက်တဲ့ အဖြစ်ပါ။ အဲ့တော့နောက်ဆုံး ကျနော်တို့ အများဆုံးလေ့လာခဲ့တဲ့နေရာကတော့ လိင်ရုပ်ရှင်တွေကပါ။ ဒါပေမယ့် လိင်ရုပ်ရှင်ဆိုတာ ဖန်တီးမှုပါ။ အမြင်အာရုံကို ကြေနပ်အားရဖို့ကို လုပ်ကြံထားတာပါ။ အပြင်တကယ့်ဘဝမှာ အဲ့ဒီအတိုင်းအမြဲတမ်းမဖြစ်ပါဘူး။ ပြီးတော့ အရပ်ထဲမှာ လျှောက်ပြောတတ်ကြတဲ့ အယူမှားတွေကို ယုံကြည်မိမှ ကိုယ့်အတွက် ထိခိုက်စရာဖြစ်နေပါမယ်။
ဒါ့ကြောင့်ကျနော်တို့ လိင်တူချစ်သူများအဖို့ဟာ ဗဟုသုတအမှန်ရဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ ကျောင်းမှာ ဒါတွေကို လေ့လာရဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါ။ အဲ့ဒါကြောင့် လိင်တူဆက်ဆံခြင်းနှင့် ပက်သက်တဲ့ ကျနော်တို့ သိသင့်သိထိုက်တာတွေ၊ အကြံပေးချက်တွေနဲ့ အယူမှားများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။
၆ ။ လိင်ဆက်ဆံရာတွင် သန့်ရှင်းရေးလုပ်ဖို့ အဝတ်၊ တံပတ် (သို့) စက္ကူချော အမြဲဆောင်ထားပါ။
ရုတ်တရက် ရှုပ်ပွသွားလို့ ဖတ်ခနဲ ရှင်းစရာတစ်တစ်ခု ရှာမတွေ့တာက စိတ်ရှုပ်စရာကြီးပါ။ အကယ်၍ ဘေးနားမှာ တံပတ်ဖြစ်ဖြစ် အသင့်ရှိနေရင် ပိုနေတဲ့ ချောဆီတွေပဲ့ဖြစ်ဖြစ် ဘာတွေထွက်လာတာပဲ့ဖြစ်ဖြစ် မြန်မြန် သန့်ရှင်းအောင်လုပ်လိုက်လို့ရပါတယ်။ အဲ့တော့ ဆက်ပြီးသန့်သန့်ရှင်းရှင်းလိင်ဆက်ဆံလို့ရပါတယ်။
ဒါပေမယ့် ကျနော်တို့ လိင်တူချစ်သူတွေအဖို့ တခါတရံ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကို မသေချာမရေရာ ဟုတ်လားမဟုတ်လား ဖြစ်နေတာမျိုးရှိတဲ့အခါ အဖြေရှာဖွေဖို့နေရာ ရှာမတွေ့တာဖြစ်တတ်ပါတယ်။ ဘယ်နားကစရမလဲမသိဖြစ်ကြတတ်ပါတယ်။ ရှားပါးတဲ့စာအုပ်တွေလိုက်ရှာဖတ်လိုက်ရ သို့မဟုတ် အင်တာနက်မှာပြေးရှာဖို့ဆိုတာကလည်း လိင်တူချစ်သူတွေအကြောင်းကို မြန်မာလိုရှင်းပြတာမျိုက တော်တော်ရှာရခက်မှာပါ။ မရှိသလောက်လည်း ရှားနေပါသေးတယ်။ အဲ့တော့ ပတ်ဝန်းကျင်က ကိုယ့်ထက်တွေ့အကြုံများတဲ့သူတွေကို မေးရင်မေး၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေစီက ကြားဖူးနားဝတွေနဲ့လေ့လာကြပါတယ်။ အဲ့တော့ ဘဝအကြောင်းအပြင် လိင်ကိစ္စအကြောင်းဆိုရင် ပိုပြီးမေးရမှာခက်၊ ရှာဖွေရမှာလည်းခက်တဲ့ အဖြစ်ပါ။ အဲ့တော့နောက်ဆုံး ကျနော်တို့ အများဆုံးလေ့လာခဲ့တဲ့နေရာကတော့ လိင်ရုပ်ရှင်တွေကပါ။ ဒါပေမယ့် လိင်ရုပ်ရှင်ဆိုတာ ဖန်တီးမှုပါ။ အမြင်အာရုံကို ကြေနပ်အားရဖို့ကို လုပ်ကြံထားတာပါ။ အပြင်တကယ့်ဘဝမှာ အဲ့ဒီအတိုင်းအမြဲတမ်းမဖြစ်ပါဘူး။ ပြီးတော့ အရပ်ထဲမှာ လျှောက်ပြောတတ်ကြတဲ့ အယူမှားတွေကို ယုံကြည်မိမှ ကိုယ့်အတွက် ထိခိုက်စရာဖြစ်နေပါမယ်။
ဒါ့ကြောင့်ကျနော်တို့ လိင်တူချစ်သူများအဖို့ဟာ ဗဟုသုတအမှန်ရဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ ကျောင်းမှာ ဒါတွေကို လေ့လာရဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါ။ အဲ့ဒါကြောင့် လိင်တူဆက်ဆံခြင်းနှင့် ပက်သက်တဲ့ ကျနော်တို့ သိသင့်သိထိုက်တာတွေ၊ အကြံပေးချက်တွေနဲ့ အယူမှားများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။
အကြံပြုချက်များ
၁ ။ လိင်ဆက်ဆံဖို့အတွက် အန္တရာယ်များတဲ့ အလုပ်တွေမလုပ်ပါနဲ့။
သင်ငယ်ရွယ်တဲ့ အချိန်မှာဆိုရင် လိင်ဆက်ဆံဖို့ဆိုတာ ဘဝရဲ့ အရေးကြီးဆုံးအရာလို့ ထင်တတ်ကြပါတယ်။ တချိန်တည်းမှာပဲ လိင်ဆက်ဆံရဖို့ အခွင့်အလမ်းဟာ ရှားပါးတယ်လို့ ထင်ကြပါတယ်။ အမှန်တော့ လိင်ဆက်ဆံဖို့ဆိုတာ မရှားပါဘူး။ အချိန်တန်တဲ့အခါ မှန်ကန်တဲ့သူနဲ့ သင်ကြိုက်သလောက် လိင်ဆက်ဆံလို့ရပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံဖို့အတွက်တော့ သင့်ကိုယ်သင် အန္တရာယ်များတဲ့အဖြစ်ကို ဘယ်တော့မှ မရောက်စေပါနဲ့။၂ ။ အလုံခြုံဆုံးလိင်ဆက်ဆံမှုဟာ အကောင်းဆုံးလိင်ဆက်ဆံမှုပါ။
လိင်မှတဆင့်ကူးဆက်တဲ့ရောဂါတွေဟာ အလျှံအပယ်ပါ။ လိင်ဆက်ဆံတယ်ဆိုတာက လူနှစ်ဦး ခန္ဓာကိုယ်ကို အနီးကပ်ဆုံးဖလှယ်ခြင်းဖြစ်တာကြောင့် တစ်ခုမှမတွေ့ဖူးသေးတဲ့သူ (သို့) ကောင်းကောင်းမသိတဲ့သူနဲ့ဆိုရင် သူ့ဆီမှာ ဘာရောဂါရှိလဲ၊ ကိုယ့်ဆီကို အဲ့ရောဂါက ဘယ်လိုကူးဆက်လာမလဲ မသိနိုင်ပါဘူး။ ကွန်ဒုံးသုံးပြီး ဘေးကင်းစွာပြုမူမှသာ ကိုယ့်အတွက် လုံခြုံအောင်ကာကွယ်နိုင်ပါမယ်။ လိင်ပညာပေးတွေဟာ ကျွန်တော်တို့ကို ရောဂါကူးစက်ပုံအကြောင်းတွေကို အထိကထားပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒုံးသုံးခြင်းမသုံးခြင်းက ကျွန်တော်တို့၏ စိတ်အနေအထားပေါ်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ပြောပြလေ့မရှိပါဘူး။ ကျွန်တော်တို့ဟာ အထူးသဖြင့် ကွန်ဒုံးမသုံးပဲ ဆက်ဆံတဲ့အခါ ကိုယ့်ကို HIV နဲ့ အခြား လိင်မှတဆင့်ကူးဆက်တဲ့ရောဂါ တွေ ဘယ်လိုဝင်လာမလဲဆိုတာကို ပူပန်နေရပါမယ်။ အဲ့လို ပူပန်ပြီး လိင်ဆက်ဆံရတာ မတန်ပါဘူး။ လိင်ဆက်ဆံနေတုန်း ကြောက်စိတ်ပူပန်စိတ်တွေဖြစ်နေတာမျိုး မလိုချင်ပါဘူး။ ဒါကြောင့် လုံခြုံအောင်လုပ်ပြီး စိတ်ချလက်ချ လိင်ဆက်ဆံရတာကသာ ပျော်စရာအကောင်းဆုံးပါ။၃ ။ လိင်ဆက်ဆံချိန် ချောဆီထည့်ဖို့ မနှမြောပါနဲ့။
လိင်ဆက်ဆံချိန်မှာ ချောမွေ့မှုမရှိရင် နာကျင်ပြီး ပွန်းကာ ခန္ဓာကိုယ်ထိခိုက်နိုင်ပါတယ်။ ချောဆီဘယ်တော့မှများတယ်ဆိုတာမရှိပါဘူး။ ကိုယ့်အတွက် အကိုက်ဆုံးဖြစ်မယ့် ချောဆီ(lube)ကို တစ်ခုပြီးတစ်ခု စမ်းသပ်ပါ။ ပြီးလျှင်အဲ့တစ်ခုကို ကိုယ့်အတွက် ဖူဖူလုံလုံဝယ်ထားပါ။၄ ။ ကွန်ဒုံးဝယ်ဖို့ မနှမြောပါနဲ့။
ကိုယ်မသိတဲ့သူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ့်ရဲ့ အသက်ကာကွယ်ပေးတဲ့အရာတစ်ခု လိုပါပဲ။ တချို့ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အဖွဲ့အစည်းတွေက ကွန်ဒုံးအလကားပေးတာတွေ ရှိပါတယ်။ တကယ်လို့ သင်ပိုက်ဆံတတ်နိုင်ဆိုရင်တော့ ကိုယ့်အတွက်အကိုက်ဆုံးဖြစ်မယ့် ကွန်ဒုံးကောာင်းကောင်း ဝယ်သုံးသင့်ပါတယ်။၅။ ဆီးကျိတ်ဟာ ယောက်ျားချင်းလိင်တူဆက်ဆံခြင်းရဲ့ အဓိကသော့ချက်ပါ။
ယောက်ျားတွေမှာရှိတဲ့ သုတ်ရည်ထုတ်လုပ်ပေးတဲ့ ဆီးကျိတ်အကြောင်းကို လေ့လာသိထားသင့်ပါတယ်။ စအိုအတွင်း ၃ လက်မလောက်မှာရှိတဲ့ ဇီးစေ့အရွယ်ဆီးကျိတ်ကို ပွတ်တိုက်နှိပ်နှုယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုံဆော်မှုဟာ သုခကို ဖြစ်ပေါ်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ သင့်အတွက် ဘယ်လိုမျိုး အနေအထားမျိုးက ဆီးကျိတ်ကိုအကောင်းဆုံးလှုံ့ဆော်မှုဖြစ်စေသလဲဆိုတာကို စမ်းသပ်ရမှာပဲဖြစ်ပါတယ်။၆ ။ လိင်ဆက်ဆံရာတွင် သန့်ရှင်းရေးလုပ်ဖို့ အဝတ်၊ တံပတ် (သို့) စက္ကူချော အမြဲဆောင်ထားပါ။
ရုတ်တရက် ရှုပ်ပွသွားလို့ ဖတ်ခနဲ ရှင်းစရာတစ်တစ်ခု ရှာမတွေ့တာက စိတ်ရှုပ်စရာကြီးပါ။ အကယ်၍ ဘေးနားမှာ တံပတ်ဖြစ်ဖြစ် အသင့်ရှိနေရင် ပိုနေတဲ့ ချောဆီတွေပဲ့ဖြစ်ဖြစ် ဘာတွေထွက်လာတာပဲ့ဖြစ်ဖြစ် မြန်မြန် သန့်ရှင်းအောင်လုပ်လိုက်လို့ရပါတယ်။ အဲ့တော့ ဆက်ပြီးသန့်သန့်ရှင်းရှင်းလိင်ဆက်ဆံလို့ရပါတယ်။
၇ ။ လက်သည်းညှပ်ပါ။
သင့်လက်ချောင်းတွေကို ကိုယ့်ခန္ဓာထဲပဲဖြစ်ဖြစ် သူများခန္ဓာကိုယ်ထဲပဲဖြစ်ဖြစ် မထည့်ခင် လက်သည်းတွေကို တိုနိုင်သမျှတိုအောင်ညှပ်ထားပါ။ လက်သည်းများမှ ခန္ဓာကိုယ်တွင်း နူးညံ့သောအသားများကို ပွန်းပဲ့မှုဖြစ်စေနိုင်ပါသည်။၈ ။ လေ့ကျင့်မှု နှင့် အတွေ့အကြုံကြောင့်သာ သင့်လိင်မှုကျွမ်းကျင်မှု တိုးတက်လာနိုင်ပါတယ်။
ပထမဆုံး လိင်ဆက်ဆံမှုဆိုတာ ကျွန်ုပ်တို့ အများစုအတွက်တော့ ထင်ထားသလို အလွန်တရာကောင်းမွန်တဲ့ မမေ့နိုင်စရာ ညတစ်ညဖြစ်တယ်ဆိုတာရှားပါတယ်။ အကယ်လို့ သင်အဲ့လို ကောင်းမွန်တဲ့ အတွေ့အကြုံရခဲ့ရ သင်ဟာအလွန်ကံကောင်းသူပါပဲ။ ပထမဆုံးလိင်ဆက်ဆံမှုဆိုတာ ကျွန်ုပ်တို့ အများစုအတွက်တော့ အဆင်မပြေမှုတွေကြုံကြတာများပါတယ်။ အဲ့အတွက်တော့ စိတ်မပျက်ပါတဲ့။ ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ နောက်တစ်ကြိမ်ပြန်ကျိုးစားကြည့်ပါ။ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။၉ ။ ကိုယ့်အတွက် ဘယ်လိင်ဆက်ဆံတဲ့အနေအထားက အကောင်းဆုံးလဲကိုရှာဖွေပါ။
စမ်းသပ်ပါ။ ကိုယ့်အတွက် ဘယ်လိုအနေအထားမျိုးက နာကျင်မှုမရှိစေပဲ ထိမိအောင်ခံစားနိုင်သလဲဆိုတာကို ရှာဖွေပါ။ အဖြည်းဖြည်းနဲ့ ကိုယ့်ကိုခံစားမှုကောင်းကောင်းပေးနိုင်မယ့် ကိုယ်အကြိုက်ဆုံးလိင်ဆက်ဆံတဲ့အနေအထားတွေ ကောင်းကောင်းနားလည်လာပါမယ်။၁၀ ။ ပါစပ်နှင့် လိင်ဆက်ဆံမှုကို ကျွမ်းကျင်အောင်လုပ်ပါ။
လေ့ကျင့်ပါ။ အင်တာနက်ပေါ်မှာ နည်းလမ်းကောင်းတွေလိုက်ရှာဖတ်ကြည့်ပါ။ သင့်ရဲ့ချစ်သူကို အိပ်ရာထဲမှာ အရူးအမူးဖြစ်သွားစေရပါမယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် သာလွန်တဲ့လိင်မှုသုခပေးတာကြောင့် ဘာမှာနစ်နာစရာလည်းမရှိပါဘူး။ လူနှစ်ဦးကြား ခိုင်မာတဲ့မေတ္တာရေးထဲမှာ ကောင်းမွန်တဲ့ လိင်မှုဘဝဆိုတာကလည်း သော့ချက်တစ်ခုဖြစ်နိုင်ပါတယ်။၁၁ ။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံပြီး ဆီးသွားပါ။
ဆီးအောင့်နေလျှင် ကာမပြီးမြောက်ဖို့ ခက်ခဲသလို လိင်ဆက်ပြီးဆီးသွားပါက လိင်တံပြွန်ထဲမှာကျန်နေသမျှ ရှင်းထုတ်ပေးသလိုဖြစ်ပါတယ်။၁၂ ။ သင် စအိုနဲ့ လိင်ဆက်ဆံချင်တယ်ဆိုရင် ၂ရက်၂နာရီ စည်းကမ်းလေးကို မှတ်ထားပါ။
ကျွန်တော်တို့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရတဲ အပိုင်းတွေများကြီးရှိပါတယ်။ ကျွန်တော်တို့ လိင်တူချစ်သူတွေဖို့ ကိုယ်ထဲက အညစ်အကြေးတွေကို ကိုယ်စိတ်ကြိုက်ရှင်းချင်တဲ့အချိန်ရှင်းလို့ရရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် မဖြစ်နိုင်ပါ။ အဲ့တော့ စအိုနဲ့လိင်ဆက်ဆံချင်ရင် လိင်မဆက်ဆံခင် ၂ ရက်အတွင်း အိမ်သာမတက်ရသေးရင် ဒါမှမဟုတ် လိင်မဆက်ဆံခင် ၂ နာရီအလိုမှာ အိမ်သာတက်ထားရင် စအိုနဲ့ထိုးသွင်းလိင်မဆက်ဆံသင့်ပါဘူး။ ရှုပ်ပွတဲ့ အဖြစ်မျိုးကြုံနိုင်ပါတယ်။၁၃ ။ သင့်လိင်ဆက်ဆံဖော်ကို အာရုံစိုက်ပါ။
လိင်ဆက်ဆံနေစဉ် သင်ကောင်းမွန်စေဖို့ သင့်ကိုယ်သင်ပဲ အာရုံစိုက်မနေပါနဲ့။ အကောင်းအကြံပြုချင်တာကတော့ လိင်ဆက်ဆံနေစဉ် သင့်အဖော်ကို ဘယ်လိုအကောင်းအောင်လုပ်ပေးရမလဲဆိုတာပါ။ သင့်အဖော် သင့်ကြောင့် ဘယ်လောက်ထိ ရင်ခုန်လာသလဲကို ကြည့်ခြင်းဖြင့် သင်ကိုယ်တိုင် အားရကျေနပ်တာလောက်ကောင်းတဲ လိင်ဆက်ဆံမှုမျိုးမရှိပါဘူး။၁၄ ။ သင့် လိင်ဆက်ဆံဖော်ကို သင်ဘာကြိုက်တတ်လဲပြောပြပါ။
သင့် လိင်ဆက်ဆံဖော်နှင့် ပွင့်ပွင့်လင်းလင်း တစ်ယောက်အကြိုက်တစ်ယောက် ဆွေးနွေးပြောပြသင့်ပါတယ်။ စိတ်ကိုဖတ်ပြီး နားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ပြောပြမှ သိမှမို့ ပိုမိုနားလည်နေတဲ့အခါ ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိမှာဖြစ်ပါတယ်။၁၅ ။ အကြင်နာပေးခြင်းက လိင်ဆက်ဆံမှုရေး အရေးကြီးဆုံး နှင့် စိတ်လှုပ်ရှားမှု အဖြစ်စေနိုင်ဆုံးအပိုင်းပါ။
လိင်ဆက်ဆံနေစဉ် နှစ်ယောက်နှတ်ခမ်းချင်းနမ်းခြင်းက လိင်ဆက်ဆံမှုမှာ စိတ်တက်ကြွမှုကို အားကောင်းစေနိုင်တာ အာလုံးသိပါတယ်။ အဲ့တော့ လိင်ဆက်ဆံနေစဉ် ကိုယ့်ချစ်သူကို အားမနာတမ်းသာနမ်းလို့ရပါတယ်။ ဒါနဲ့စကားမစပ် နမ်းရာမှာ တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပါ။ တချို့က ပါးစပ်ဖွင့်ရတာပိုအားသန်သလို တချို့က ပါးစပ်ပိတ် နမ်းရတာကို သဘောကျပါတယ်။ အဲ့တော့ နှစ်ယောက် အဆင်ပြေအောင် ညှိနှိုင်းလို့ရပါတယ်။ အင်တာနက်ပေါ်မှာ ပိုကောင်းအောင် ဘယ်လို နမ်းရမလဲဆိုတာသင်ပေးထားတာတွေ ရှာဖတ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် လူတွေ ကိုယ့်အကျင့်နဲ့ကိုယ်ပါ။ စမ်းသပ်ပြီး ညှိညှိနှိုင်းနှိုင်းလုပ်ပေါ့။သိသင့်သိထိုက်စရာများ
၁ ။ လိင်တူဆက်ဆံမှုဆိုတာ စအိုနှင့်ထိုးသွင်းဆက်ဆံမှသာ လိင်ဆက်ဆံခြင်းဖြစ်တယ်လို့မဆိုလိုပါဘူး။
လိင်တူချစ်သူယောက်ျားနှစ်ဦးအကြား ခန္ဓာရင်းနှီးမှုပြုလုပ်ပြီး ကာမသုခခံစားတယ်ဆိုတာ လိင်ရုပ်ရှင်ထဲကလို ထိုးသွင်းဆက်ဆံမှဖြစ်ရမယ်လို့မဟုတ်ပါ။ လူနှစ်ဦးနီးကပ်မှုရရှိအောင် (သို့) မေတ္တာမျှဝေခြင်းကို ပြုလုပ်ဖို့ နည်းလမ်းမျိုးစုံဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် ဘယ်ဟာအကောင်းဆုံးလဲဆိုတာကို ကိုယ့်ဖာသာကိုယ် ရှာဖွေရမှာဖြစ်ပါတယ်။၂ ။ သင် top (သို့) bottom ဖြစ်တယ်ဆိုတာက သင့်ကို ဘယ်လိုလူစားလဲလို့ မသတ်မှတ်ပါဘူး။
လိင်ဆက်ဆံရာမှာ သင်ဘယ်လိုနှစ်သက်တယ်ဆိုတာ သင်ဘဝနဲ့ ဘာမှမဆိုင်ပါဘူး။ သင် Top (သို့) Bottom ဖြစ်ချင်တယ်ဆိုတာက သင်ဘယ်လိုလိင်ဆက်ဆံရတာကို ကြိုက်တယ်ဆိုတာကိုသာ ပြောတာပါ။ ဒါကိုထောက်ပြီး လူတွေက သင့်ကို နှိမ့်ချတာ၊ အနိုင်ကျင့်တာ၊ အသုံးချတာ သို့မဟုတ် သင့်ဘဝယုံကြည်မှုကို သေးသိမ်အောင်လုပ်တာတွေ လုပ်စရာအကြောင်းမရှိပါဘူး။၃ ။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ နှစ်မျိုးသာ တသတ်မှတ်တည်းရှိတာမဟုတ်ပါဘူး။
လိင်တူပဲစိတ်ဝင်စားရမယ်၊ လိင်ကွဲပဲစိတ်ဝင်စားရမယ်ဆိုပြီး အသေသတ်မှတ်ရမယ် ဆိုတာမျိုးမရှိပါဘူး။ လိင်စိတ်တိမ်းညွှတ်မှုဟာ နယ်ပယ်တလျှောက်လုံး ဘယ်နေရာမဆို ရှိနိုင်ပါတယ်။ ကိုယ်က ဘယ်ဘက်ကိုပိုတိမ်းညွှတ်တယ်ဆိုတာမျိုးပါပဲ။ အလယ်မှာ လိင်တူကော၊လိင်ကွဲကော စိတ်ဝင်စားတာမျိုးက လုံးဝပုံမှန်ပါပဲ။၄ ။ လိင်ဆက်ဆံဖော်ရှာဖွေရာမှာ လူမျိုးခွဲခြားတယ်ဆိုတာ တကယ်ကြီးမားတဲ့ ပြဿနာပါ။
လိင်တူချစ်သူအသိုင်းအဝိုင်းမှာ လူမျိုးခွဲခြားခြင်းဆိုတာ တကယ်ရှိပြီး လူတွေကိုထိခိုက်နာကျင်စေတဲ့ ဆိုးရွားတဲ့ အပြုမှုနဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ တခါတရံ တချို့သူတွေက ဆက်ဆံဖော်ရွေးချယ်ရာမှာ ကိုယ်ပိုသဘောကျတဲ့ လက္ခဏာရှိတဲ့'လူမျိုး'ကိုသာအလိုရှိတယ်လို့ဆိုပြီး ခွဲခြားရွေးချယ်တာဟာ ကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ လူမျိုးခွဲခြားတဲ့ အမူအကျင့်တွေပါ။ ထိုနည်းအတူ အဲ့လိုပယ်ကျင်တဲ့အပြင် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး သူ့ကို အသားယူပြောဆိုတာ၊ ကိုယ့်ရဲ့လိင်ဆက်ဆံမှုလိုအပ်ချက်အတွက်အသုံးချတာ(sexual objectification) စတာတွေဟာလည်း ထပ်တူညီတဲ့ လူမျိုးခွဲခြားတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုပြုမူခြင်းဟာ တဖက်သားလူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။၅ ။ နွဲ့တဲ့သူတွေကိုမုန်းတီးတာဟာ လိင်တူချစ်သူတွေအသိုင်းအဝိုင်းမှာ တကယ်ကြီးမားတဲ့ ပြဿနာပါ။
နွဲ့တဲ့သူတွေကို မုန်းတီးတာ၊ ကျားမပြောင်းသူတွေကို မုန်းတီးတာ၊ လှောင်တာ၊ နှိမ့်ချတာဟာ တကိုယ်ကောင်းဆန်တဲ့ အပြုမှုနဲ့စိတ်ဓာတ်ပါ။ ဒီလိုပြုမူခြင်းဟာ လူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးကိုယ့်အကြိုက်ကိုယ်ရှိကြပေမဲ့ လိင်ဆက်ဆံဖော်ရှာဖွေတဲ့အခါမှာ နွဲ့တဲ့သူ၊ ပိန်/ဝတဲ့သူတွေ၊ အရပ်ပု/ရှည်တဲ့သူစသဖြင့် သူတို့ရဲ့ကာယလက္ခဏာတွေပေါ်အခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ ခွဲခြားဆက်ဆံတဲ့ အမူအကျင့်တွေပါ။ လူအများကလက်မခံတဲ့အပြုအမူပါ။ အဆိုးဆုံးက dating app တွေမှာ နွဲ့တဲ့သူ၊ဝတဲ့သူတွေ လာမပြောနဲ့ (not fat/no fem)လို့ရေးတာဟာ ရှက်စရာကောင်းတဲ့ အပြုမူပါ။၆ ။ အသက်ကြီးတယ်ဆိုတာ ကိန်းဂဏန်းတစ်ခုတိုးသွားတာသာပါပဲ။
သင့်ကိုယ်သင် အသက်ကြီးပြီဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ဘာမှသက်ရောက်မှုမရှိသင့်ပါဘူး။ ကိုယ့်အတွက်တော့ အတွေ့ကြုံများပြီး ပိုရင့်ကျက်လာတယ်ဆိုတဲ့ သဘောပါ။ အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ လိင်ဆက်ဆံတာကလည်း ကိုယ့်အတွက် အကျိုးကျေးဇူးရနိုင်တဲ့ အတွေ့ကြုံမျိုးပါ။ သူတို့က ကိုယ့်ထက်ပို ကျွမ်းကျင်မှုရှိတဲ့သူတွေဖြစ်တဲ့အတွက် ကိုယ်ပညာရပါတယ်။ ဒါကြောင့် ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ခွဲခြားမဆက်ဆံပါနဲ့။၇ ။ ကိုယ့်ရဲ့ HIV အခြေနေကို သိထားသင့်ပါတယ်။
ဒီခေတ်မှာ HIV ရှိတိုင်း AIDS ဖြစ်တဲ့အဆင့်ကို မရောက်တော့ပါဘူး။ စောစောစီးစီးသိရှိပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခြင်းဖြင့် ပိုးအရေအတွက်ကို မရှိသလောက်ဖြစ်အောင် ထိန်းထားနိုင်ပြီး သက်တန်းစေ့နေထိုင်သွားနိုင်ပါပြီ။ ဒါကြောင့် ကိုယ်ဟာ လိင်ဆက်ဆံဖော်များပြီး HIV ပိုးကူးနိုင်တဲ့ အပြုအမူနေထိုင်မှုလုပ်နေသူတစ်ဦးဆိုရင် မသိကျိုးကျွန်လုပ်ပြီး မစစ်ပဲနေတာထက် စောစီးစွာသိရှိပြီး ပိုးသတ်နိုင်ရင် ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်သလိုပါပဲ။ ဒါ့ကြောင့် ကိုယ့်လိင်ဆက်ဆံဖော်ရဲ့ HIV အခြေအနေကိုလည်း အမြဲတမ်း အားမနာပဲ မေးသင့်သလို ကိုယ့်ရဲ့ အခြေအနေကိုလည်း တာဝန်သိသိ စစ်ထားသင့်ပါတယ်။ ဘာပဲပြောပြော ကွန်ဒုံးသုံးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။၈ ။ လိင်တံတောင့်တင်းမှု မရခြင်းသည် လူငယ်လူလတ်ရွယ်များတွင်လည်း ဖြစ်တတ်လေ့ရှိတယ်။
ကျန်းမာပြီး ငယ်ရွယ်တဲ့ ယောက်ျားတွေအကြားမှာလည်း လိင်တံတောင့်တင်းမရခြင်းဖြစ်နိုင်ပါတယ်။ အဖြစ်များစေတဲ့ အကြောင်းတွေကတော့ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့် စိတ်ဖိစီးခြင်းတို့ကြောင့် အဖြစ်များတတ်ကြပါတယ်။ စိုးရိမ်ကြောင့်ကြမှုကြောင့်လည်း တခါတရံ လိင်ဆက်ဆံချိန်မှာ တောင့်တင်းမှုမရနိုင်လည်းဖြစ်နိုင်ပါတယ်။ တခါတရံ လူသားတိုင်းကြုံရပြဿနာမျိုးမို့လို့ ကိုယ့်ကိုယ်ကို ဘာမှ စိတ်ဓာတ်ကျစရာမလိုပါ။ ဒါပေမယ့် ရေရှည်ကြာမြင့်လာရင် ဆို့တော့ ဆရာဝန်နဲ့ စစ်ဆေးမှုပြုလုပ်ဖို့လိုပါမယ်။၉ ။ လိင်တူဆက်ဆံစဉ် အနံဆိုးများထွက်လာနိုင်တယ်။
တခါတရံ အနံ့အာရုံများကောင်းမွန်အောင်ပြုလုပ်ထားနိုင်သကဲ့သသို့ တခါတရံလည်း လိင်ဆက်ဆံနေစဉ် အနံဆိုးများထွက်လာနိုင်ပါတယ်။ ဒါက ဘာမှမဆန်းတဲ့အရာမို့ စိတ်ပျက်မသွားပါနဲ့။၁၀ ။ လိင်ဆက်ဆံနေစဉ် အညစ်အကြေးများထွက်လာတတ်တာ မဆန်းပါ။
ဒါက သဘာဝသာဖြစ်ပါတယ်။ ဘာမှပူစရာ အရေးတယူလုပ်စရာမလိုပါ။ နှစ်ယောက်လုံး ပြုံပြီးသာ ရှင်းလင်းလိုက်ပါ။၁၁ ။ လက်တွေ့လိင်ဆက်ဆံမှုမှာ သင်လိင်တံတင်းမာဖို့ ခက်ခဲနေလျှင် သင်လိင်ရုပ်ရှင်တွေကြည့်တာတွေရပ်ပါတော့။
လက်တွေ့ဘဝမှာ တခြားယောက်ျားတယောက်အတွက် ရင်မခုန်ပဲလိင်တံတောင့်တင်းဖို့ ခက်ခဲနေရင် သင့်လိင်ရုပ်ရှင်တွေထဲက ယောကျ်ားတွေရဲ့ ပြီးပြည့်စုံတဲ့ အမြင်အာရုံကို သင့်ဦးနှောက်က အရမ်းစွဲလမ်းနေလို့ပါ။ ဒါ့ကြောင့်လက်တွေ့မှာ ကိုယ့်အဖော်က ကိုယ်မျှော်လင့်နေသလို သူတို့ကဲ့သို့ပြီးမပြည့်စုံတဲ့အခါ လိင်စိတ်တက်ကြွမှု မရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်ရုပ်ရှင်တွေကို ခဏရှောင်ပြီး သင့်အာရုံတွေကို အစက ပြန်စဖို့လိုပါမယ်။၁၂ ။ သူ့လိင်တံမတောင့်တင်းနိုင်တာ သင့်အမှားမဟုတ်ပါဘူး။ သူ့အမှားလည်းမဟုတ်ပါဘူး။
ဘာမှ အပြစ်ပြောစရာမလိုပါ။ တခါတရံ စိုးရိမ်တာများပြီး သူမတောင့်တင်းနိုင်တာဟာ သင်မလှလို့လည်းမဟုတ်ဘူး။ သူမကောင်းလို့လည်းမဟုတ်ပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ ခဏနားပြီး ပြန်ကျိုးစားကြည့်ပေါ့။၁၃ ။ မကြာမဏ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ။
သင် လိင်ဆက်ဆံဖော်များများနှင့် အမြဲတမ်းထိတွေ့နေသူဖြစ်လျှင် ကိုယ့်ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို အမြဲတမ်း ဆေးစစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။၁၄ ။ ဘဝတချိန်ချိန်မှာ တော်တော်ဆိုးဝါးတဲ့ လိင်ဆက်ဆံမှုကို တွေ့ကြုံရတာ မဆန်းပါ။
အကောင်းဆုံးအချိန်တွေရှိနေသလို ဆိုးတဲ့အချိန်လေးတွေရှိတာလည်း မဆန်းပါ။ မကောင်းတဲ့ လိင်ဆက်ဆံတာဖြစ်သွားတော့လည်း အတွေ့အကြုံရတာပေါ့။ နောက်တစ်ယောက်နဲ့ကျရင် ပိုကောင်းတာဖြစ်လာမှာပေါ့။ ဒါက ဘဝပါပဲ။၁၅ ။ သုတ်ထုတ်လွှတ်လိုက်ပြီးတာနဲ့ လိင်ဆက်ဆံတာ ပြီးသွာတာမဟုတ်ပါဘူး။
တချို့သူတွေက သုတ်ထုတ်လွှတ်တာမြန်လို့ မြန်မြန်ပြီးသွားပြီး ကိုယ့်အဖော်ကိုအားနာနေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်သုတ်ထုတ်လွှတ်လိုက်တာနဲ့ လိင်ဆက်ဆံတာဆုံးသွားစရာ မလိုပါဘူး။ တခြား ခန္ဓာကိုယ်အပိုင်းတွေနဲ့ အများကြီးလုပ်လို့ရတာတွေရှိပါတယ်။ လူနှစ်ဦး တရင်းတနှီး ခန္ဓာမျှဝေတဲ့နေရာမှာ နားလည်းမှု၊ ကျင်နာမှု နှင့် ယုယမှုတွေနဲ့ လိင်ဆက်ဆံလို့ရပါတယ်။အယူမှားများ
၁ ။ ကွန်ဒုံးသုံးတိုင်း ဘာရောဂါမှမရတော့ဘူးဆိုတာ မဟုတ်ပါ။
ကွန်ဒုံးက ကုသရခက်ခဲပြီးဒုက္ခများတဲ့ ရောဂါကြီးတွေဖြစ်တဲ့ HIV တို့ ကာလသားရောဂါတို့ကို ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံးပြင်ပနေရာတွေမှာနေကြတဲ့ ရောဂါပိုးတွေဖြစ်တဲ့ ရေယုန်၊ ဝဲ၊ သန်း၊ နှင့် HPV အစရှိတဲ့ ရောဂါပိုးတွေကတော့ ကူးနိုင်သေးပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဆက်ဆံဖော်ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါပဲ။၂ ။ လိင်တံကြီးမှ ပိုကောင်းပါတယ်ဆိုတာ မဟုတ်ပါ။
မှားပါတယ်။ လိင်တံအရွယ်အစားက ဘာမှကို မဆိုင်ပါ။ bottom တွေအဖို့လည့် ဆီးကျိတ်က ခန္ဓာအတွင်းသုံးလက်မစာလောက်သာရှိတာမို့ လှုံဆော်မှုရရန် အရှည်ကြီးမလိုပါ။ လိင်တံကြီးပါက အမြင်အာရုံအရသာကြည့်ကောင်းပေမယ့် တကယ်လက်တွေ့မှ အရွယ်သေးတွေထက် ပိုမိုစွမ်းဆောင်နိုင်တာမျိုးမရှိပါ။ ကိုယ့်ကို ဂရုမစိုက်ပဲ အတင်းဆောင့်ရိုက်နေတဲ့ တကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ တွေ့ရင် ကိုယ့်ကိုသာနာကျင်စေနိုင်တာသာ ထူးပါတယ်။၃ ။ ကားပေါ်မှာ လိင်ဆက်ဆံရတာ မလွယ်ပါ။
ရုပ်ရှင်တွေထဲမှာ ကားပေါ်မှာလိင်ဆက်ဆံတာကို ကြည့်ရတာ ရင်ခုန်စရာကောင်းသလောက် တကယ်တမ်းတော့ မလွယ်ပါ။ နေရာအလုံအလောက်မရှိနိုင်ပါ။ ထိခိုက်နိုင်ပါသည်။ ကားမောင်းနေလျှင် အန္တရာယ်အများဆုံးမို့ ရှောင်သင့်ပါတယ်။၄ ။ ရေထဲမှာလည်း လိင်ဆက်ဆံဖို့ မလွယ်ပါ။
ရေကန်/ရေကူးကန်ထဲ၊ ရေချိုးခန်းထဲမှာ လိင်ဆက်ဆံဖို့ တွေးကြည့်ပါက ရင်ခုန်စရာကောင်းသလောက် လက်တွေ့မှာ အမှန်တကယ်ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ပါ။ သင့်ခန္ဓာကိုယ်မှာ ချောမွေ့တဲ့ပွတ်သပ်မှုဖြစ်ဖို့ကို ရေကတားဆီးထားနိုင်ပါတယ်။ အတူတူဆော့ကစားလို့သာရပါမယ်။၅ ။ သင့်ကိုယ်သင် လိင်ရုပ်ရှင်မင်းသားတွေနဲ့ နှိင်းယှဉ်စရာမလိုပါ။
လိင်ရုပ်ရှင်မင်းသာတွေ ဘယ်လောက်ပြီးပြည့်စုံနေပစေ၊ ခန္ဓာရူပါကို လှပအောင်ထိန်းသိမ်းထားဖို့က သူတို့အလုပ်ပါ။ နောက်တစ်ခု လိင်ရုပ်ရှင်ဆိုတာဖန်တီးမှုပါ။ သူတို့လုပ်သမျှကို လက်တွေ့ဘဝမှာ လိုက်လုပ်စရာမလိုပါဘူး။၆ ။ လိင်ဆက်ဆံရာမှာ အမြဲတမ်း ခပ်ကြမ်းကြမ်းသွားလာစရာ မလိုပါဘူး။
လိင်ရုပ်ရှင်တွေထဲမှာ သူတို့အားရပါးရ ခပ်ကြမ်းကြမ်း ရိုက်သွင်းနေတာမျိုးက တွေးကြည့်ရင်သာ အကောင်းတာပါ။ တကယ်လက်တွေ့မှ တစ်ဦးတစ်ယောက်ချင်းစီနဲ့သာဆိုင်တာပါ။ ကိုယ်စိတ်ပါလာလို့ ခပ်ကြမ်းကြမ်းလုပ်ခိုင်းလို့ ကိုယ်ကအဆင်ပြေနေရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူများရတိုင်း ကိုယ်ရမယ်လို့ ပြောလို့မရပါ။ ကိုယ့်ကို နာကျင်စေရင် လုံးဝ မလုပ်သင့်ပါ။ ပြီးတော့ လုပ်နေတဲ့ သူအနေနှင့်လည်း ကိုယ့်ကြောင့် သူများကို နာကျင်စေအောင် မလုပ်သင့်ပါဘူး။ ကိုယ်ချင်းစာတတ်ပါ။ ကျင်နာတတ်ပါ။ ကိုယ့်လိင်ဆက်ဆံဖော်ကို ယုယပါ။ ဒါမှသာ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိပါမယ်။၇ ။ HIV ရတိုင်း ကမ္ဘာပျက်တာမျိုး မဟုတ်ပါဘူး။
ယနေ့ခေတ်မှာ ကိုယ် HIV ရှိနေမှန်းသိရင် ဆေးတွေက ပိုးကောင်ရေ မရှိသလောက်ဖြစ်အောင် ထိန်းထားလို့ရပါတယ်။ HIV ရှိလည်း သက်တန်းစေ့နေနိုင်သလို ချစ်သူနဲ့လည်း အသက်ထက်ဆုံးနေသွားလို့ရပါပြီ။ ဒါပေမယ့် အဲ့လိုဖြစ်တိုင်း ကူးချင်ကူးပစေဆိုပြီး လုပ်ရမယ်လို့ မဆိုလိုပါ။ ဘေးကင်းတဲ့ လိင်ဆက်ဆက်မှုကို အမြဲကျင့်သုံးပါ။၈ ။ လိင်ဆက်ဆံသူနှစ်ယောက်စလုံး HIV ရှိနေရင် ဘာအကာကွယ်မှမလိုတော့ဘူးလို့ လုပ်လို့မရပါဘူး။
HIV ရှိနေသူတစ်ယောက်က တခြား HIV ရှိတဲ့သူဘယ်သူနဲ့မဆို ကြိုက်သလိုလုပ်လို့ရပြီဆိုတာမျိုးက မှားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာရှိတဲ့ HIV ဗီဇအမျိုးအစားမတူကြပါ။ သူ့ဗီဇကိုယ့်ထဲကိုယ်ဝင်လာရင် အစက ပြန်ကုရပါလိမ့်မယ်။ ဒါ့ကြောင့် အကာအကွယ်သုံးဖို့ လိုကိုလိုပါတယ်။၉ ။ Grindr လို app တွေပေါ်မှာ ရှိနေတဲ့လူတိုင်း တစ်ညတာအိပ်ဖို့ (one night stand) စိတ်ဝင်စားတဲ့လူတွေ မဟုတ်ကြပါဘူး။
ဒီလို app တွေက လိင်တူချစ်သူတွေကို လုံခြုံစိတ်ချစွာ တစ်ဦးကိုတစ်ဦး ချိတ်ဆက်နိုင်အောင် ပြုလုပ်ပေးနေတဲ့ နည်းပညာတွေပါ။ လိင်တူချစ်သူများအတွက် လူမှုကွန်ရက်တစ်ခုပေါ့်။ အဲ့ဒီမှာရှိနေတဲ့လူတိုင်းက လိင်ဆက်ဆံဖို့ လူလိုက်ရှာနေမျိုး ဟုတ်ချင်မှဟုတ်မှာပါ။ တချို့လူတွေကတော့ တခြားနည်းလမ်းမရှိလို့၊ မသိလို့ Grindr လို app မျိုးကို ရောက်နေတာပါလည်း ဖြစ်နိုင်တာပဲ။ လိင်ဆက်ဆံဖော်များတာမျိုးကို မကြိုက်တဲ့သူရှိသလို ဘဝလက်တွဲဖော်ရှာနေသူတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် သုံးနေတဲ့သူတိုင်းကို ကိုယ်နဲ့လိင်ဆက်ဆံမယ့်သူလို့ အပိုင်မတွက်ပါနဲ့။ မေးမြန်းပါ။ သဘောတူညီမှု ရယူပါ။ လူတစ်ဦးနဲ့တစ်ဦး အပြင်မှာမြင်နေရတာမျိုးမဟုတ်ပေမဲ့လည်း တဖက်သားကို လေးစားမှုနဲ့ ခင်မင်ဖွယ်ကောင်းတဲ့ လိင်တူချစ်သူကွန်ရက်အသိုင်းအဝိုင်းကို တည်ထောင်ကြပါစို့။၁၀ ။ မတောင်းပဲနဲ့ လိင်ပုံတွေမပို့ပါနဲ့။
Grindr လို app မျိုးတွေမှာ လိင်ပုံတွေပို့တာက ကြည့်ချင်တဲ့သူတွေအတွက်သာ ပျော်ဖို့ကောင်းတာပါ။ တဖက်က ကိုယ်မသိတဲ့ လူတစ်ယောက်ကို မတောင်းပဲနဲ့ ပို့တာမျိုးက ရိုင်းပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမျိုးသာဖြစ်ပါတယ်။နောက်ဆုံးအရေးကြီးဆုံးနှစ်ချက်ကတော့
၁။ လူနှစ်ဦးအကြား ခန္ဓာနှီးနှောသွားလာရာမှာ စိတ်ဆန္ဓဆိုသည်မှာ အလွန်အရေးကြီးပါသည်။
တစ်ဦးက ခွင့်မပြုသည့် ကိစ္စကို နောက်တစ်ယောက်က ဘာမှရှေ့ဆက်တိုးခွင့်မရှိပါ။ သင်စိတ်မပါပဲနဲ့ မစခင်ပဲဖြစ်စေ ဘယ်အဆင့်ပဲရောက်နေပစေ သင့်မှာ ရပ်တော့ဟုပြောနိုင်ခွင့်ရှိသည်။ သင့်ခန္ဓာသင့်ဆုံးဖြတ်ခွင့်သာဖြစ်သည်။ လူနှစ်ဦးကြည်ဖြူသဘောတူမှသာ လိင်ဆက်ဆံမှုဖြစ်သင့်သည်။၂။ လေးစားပါ။
ယောက်ျားချင်းပဲဖြစ်စေ လိင်ဆက်ဆံသည်ဆိုသည်မှာ လူနှစ်ဦးကြား အရင်းနှီးဆုံး အခြေအနေကို ရောက်ရှိခြင်းဖြစ်ပြီး နှစ်ဦးအတူခန္ဓာဖြင့်သုခရှာဖွေခြင်းဖြစ်သည်။ ခန္ဓာကိုယ်ဆိုသည်မှာ ပစ္စည်းတစ်ခုလို အသုံးပြုစရာမဟုတ်ပါ၊ နှိမ့်ချစရာမဟုတ်ပါ၊ မတရားပြုလုပ်စရာလဲမဟုတ်ပါ။ မိမိသည် ကိုယ့်ခန္ဓာကိုယ်ကို ချစ်မြတ်နှိုးသလို သူတပါး၏ ခန္ဓာကိုယ်ကိုလည်း လေးစားပါ။ လူနှစ်ဦးအကြား ဆက်ဆံရေးကို လေးစားမှု၊ ရိုးသားမှု၊ ယုံကြည်မှုတို့ဖြင့် တည်ဆောက်ပါ။ သို့မှသာ နှစ်ဦးသား ပျော်ရွင်ကောင်းမွန်တဲ့ အတွေ့အကြုံကိုရရှိမည်သာဖြစ်သည်။အားလုံးပဲ ပျော်ရွင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
ကမ္ဘာတစ်ဝှမ်းက စိတ်ကြည်နူးဖွယ် လိင်တူချစ်သူ လက်ထပ်ဓာတ်ပုံများ
အချစ်မေတ္တာဆိုတာ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ကျားမ၊ အသက်အရွယ် တို့ကို မခွဲခြားပါဘူး။ ကျွနု်ပ်တို့အားလုံး အသဲနှလုံး၊ ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုကိုရယူလိုချင်ကြတာကြီးပါပဲ။ ကိုယ်ချစ်ရတဲ့ ဘဝလက်တွဲဖော်နဲ့ တစ်သက်သာပေါင်းသင်းဖို့ဆုံးဖြတ်လိုက်ပြီးနောက် အဲ့ဒီပျော်ရွင်ပျော်ရွှင်ဖွယ် အချိန်လေးကို ခန်းနားစွာကျင်းပပြီး ဝင့်ကြွားစွာ ကိုယ့်မိသားစုမိတ်ဆွေကိုအသိပေးတာက လက်ထက်ရခြင်းရဲ့ အကြောင်းတစ်ခုပါပဲ။ ကျနော်တို့ လိင်တူချစ်သူများဟာလည်း အားလုံးနဲ့အတူ ကိုယ့်ဘဝလက်တွဲဖော်နဲ့ အဲ့လို ကြည်နူးဖွယ်နေ့ထူးလေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ အခုစုဆောင်းပေးလိုက်တဲ့ ဓာတ်ပုံတွေကတော့ ကမ္ဘာတစ်ဝှမ်းက လိင်တူချစ်သူများ သူတို့ရဲ့ လက်ထပ်မင်္ဂလာအတွက် ရိုက်ထားတဲ့ လုပတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါတယ်။ ဝါကျွတ် ရုံးပိတ်ရက်အတွင်းလုလင်မဂ္ဂဇင်း စာဖတ်သူများလည်း စိတ်ကြည်နူးစေဖို့ရာ အပျင်းကြည့်ဖို့ စုဆောင်းဖော်ပြပေးလိုက်ပါတယ်။
A post shared by Mario Cueto (@mariocuetoc) on
A post shared by Paul Grace (@pgracephoto) on
A post shared by Matt Hastings (@mattrhastings) on
A post shared by Gay Military Dudes (@gaymilitarydudes) on
A post shared by Tal Gilboa Rabani (@talgilboa) on
A post shared by Marcus Anthony Photography (@marcusanthonyphoto) on
A post shared by Shine Dharan (@world_of_shine) on
A post shared by Neil Thomas Douglas (@neilthomasdouglas) on
A post shared by Marga Llull (pere&marga) (@pereandmarga) on
မြန်မာနိုင်ငံမှာ လိင်တူချစ်သူများအနေနှင့်လည်း အမျိုးသမီးတူညီမျှရေးအတွက် ဘာကြောင့် အတူတူတိုက်ပွဲဝင်ပေးသင့်သလဲ
ဒီကနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် မည်သည်ကြောင့် လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများကို အမြင်စောင်း၊ နှိမ့်ချ၊ ရွံမုန်း၊ အထင်သေး၊ လှောင်ပြောင်လိုသည့် စိတ်ဓာတ်များအရင်းစွဲတည်ရှိနေရပါသလဲ။ လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများကို ခြုံငုံ၍ နှိမ့်ချခေါ်လေ့ရှိသည့် "အခြောက်"ဟူသော နာမည်နောက်ရှိ မည်ကဲ့သို့သော အယူအဆများက ကျွန်တော်တို့၏ အတွေးအေခါ်ကို လွှမ်းမိုးပုံသွင်းနေပါသလဲ။
လူ့အဖွဲ့အစည်းအတော်အများသည် ယောက်ျားမိန်းမကို တန်ဖိုးခွဲတတ်ကြလေ့ရှိပါသည်။ ရှေးရိုးစဉ်လာအရ အမျိုးသမီးများကို ယောက်ျားများနှင့်ယှဥ်လျှင် ဒုတိယအဆင့်တွင် ရှိကြသည်ဟု ရှုမြင်လေ့ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် လူအများ ရှေးရိုးစွဲ အပြောတစ်ခုရှိပါသည်။ ၎င်းမှာ "ယောက်ျားစစ်ရင် ရဲရင့်တယ်၊ ယောက်ျားဘသား" စသဖြင့် အယူအဆ ဝိသေသတစ်ခုဖြစ်သည်။ သို့သော် ယောက်ျားစစ်သည် မစစ်ဘူးဆိုသည်အား မည်ကဲ့သို့ သတ်မှတ်၍ရနိုင်ပါသလဲ။ ယောက်ျား-မိန်းမ ဆိုသည်မှာ လူ့ပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှုက သတ်မှတ်ထားသည့် အရာများဖြစ်ပါသည်။ ယဉ်ကျေးမှုတစ်ခုနှင့်တစ်ခုလည်း မတူကြပါ။
ယောက်ျားအချင်းချင်း မေတ္တာသက်ဝင်ကြလျှင် သူတို့ထဲမှ တစ်ဦး (သို့မဟုတ်) နှစ်ဦးစလုံးဟာ ယောက်ျားအဖြစ်မှ နှိမ့်ကျပြီး မိန်းမစိတ်ဝင်သည် သို့မဟုတ် မိန်းမအဖြစ်သို့ ရောက်ရှိသွားပြီး နှိမ့်ကျသူအဖြစ် အမြင်ခံရသည့်ပုံစံ ဖြစ်သွားတတ်သည်။ လိင်ကွဲချစ်သူများ (Straight) ဖြစ်သည်ဆိုသည်မှာ ပုံမှန်ဆိုလျှင် ဆန့်ကျင်လိင်ကို စိတ်ဝင်စားခြင်းကို ဆိုလိုပါသည်။ လိင်တူချစ်သူ (ဂေး) ဖြစ်သည်ဆိုသည်မှာ ပုံမှန်ဆိုလျှင် လိင်တူကို စိတ်ဝင်စားခြင်းကို ဆိုလိုပါသည်။ ပင်ကိုယ်စိတ်နှင့် ပြုမူနေထိုင်ပုံနှင့် မည်သို့မျှ မသက်ဆိုင်ပါ။
သို့သော် မိန်းမစိတ်ဆိုသည်မှာလည်း မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသည်တွင်လည်း မူတည်ပါသည်။ ကျွန်တော်တို့ မြန်မာ့လူ့အသိုင်းအဝိုင်းတွင် အရည်အချင်းတစ်ခုကို ယောက်ျားနှင့်သာ သို့မဟုတ် မိန်းမနှင့်သာ ဆိုင်သည်ဟု သတ်မှတ်ထားတတ်လေ့ရှိပါသည်။ လူတစ်ယောက်နှင့် တစ်ယောက်မတူနိုင်ပါ။ ထို့ကြောင့် ဥပမာ ကြောက်တတ်သည့် စိတ် (သို့) စိတ်နုကိုယ်နုခြင်းသည် မိန်းမအရည်အချင်းဟု ပြော၍မရပါ။ ယောက်ျားများအထဲမှ စိတ်ကြံ့ခိုင်သူရှိနိုင်သလို စိတ်နုသည့်သူများလည်း ရှိနိုင်ပါတယ်။ ထို့အတူ မိန်းမများထဲမှာလည်း စိတ်ကြံ့ခိုင်သူအများကြီးရှိသည်။ ၎င်းတို့ဟာ ပင်ကိုယ်အနေအထားနှင့် ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်နှင့်သာ ဆိုင်ပါသည်။ ယောက်ျားမိန်းမဖြစ်ခြင်းနှင့် ဒွန်တွဲသတ်မှတ်၍ မရနိုင်ပါ။ စိတ်နေသဘောထားဆိုတာ ယောက်ျား-မိန်းမနှင့် မဆိုင်သလို ကြောက်တတ်သည့်စိတ်ကိုလည်း ညံ့သည်ဟုပြောလျှင် မှားပါသည်။ ဤအချက်တချက်ကို ခွဲခြားထားရမယ်။ ထို့ကြောင့် အမြဲတမ်း ထိုအရည်အသွေးအများကြောင့် ယောက်ျာစိတ်ဝင်ခြင်း မိန်းမစိတ်ဝင်ခြင်းဖြစ်ကာ လိင်တူချစ်ခြင်းဖြစ်ရသည်ဟု ပုံသေသတ်မှတ်၍ မရပါ။
ဒုတိယအချက်မှာ ကျွန်ုပ်တို့ မြန်မာအတွေးအခေါ်တွင် အဆင့်အတန်း အလွန်ခွဲခြားတတ်သည်။ လူတစ်နဲ့တစ်ဦး မည်သူက ပိုသာသည်ကို အမြဲတစေ မသိစိတ်က အဆင့်သတ်မှတ်နေတတ်သည်။ မြန်မာနိုင်ငံအပါအဝင် မတိုးတက်သေးသော လူ့အဖွဲ့အစည်းအများအပြားသည် အမျိုးသမီးများ၏ တန်ဖိုးကို နှိမ့်ချလေ့ရှိကြသည်။ သို့သော် အမှန်တော့ လူသားတိုင်း အတူတူသာ မွေးဖွားလာသည်ဆိုသော အချက်ကို မြင်ရမည်။ လိင်တူချစ်သူများအပါအဝင် မြန်မာနိုင်ငံရှိလူအတော်အများ၏ စိတ်ထဲတွင် ယောက်ျား၊ မိန်းမ၊ ဂေး၊ straight စသည်တို့ကို အဆင့်များ ခွဲခြားထားတတ်ကြသည်။ မိန်းမသည် ယောက်ျားထက် ပိုနိမ့်ကျသည်ဟု ထင်နေတတ်သည်။ ဂေးဆိုတာ straight ထက်ပိုနိမ့်ကျသည်ဟု ထင်နေတတ်သည်။ ထိုအမြင်မှားကို အရင်ဖြေရှင်းဖို့လိုအပ်မည်။ အမှန်တကယ်တွင် ဤကဲ့သို့မဟုတ်ပါ။ မည်သူကမှ မည်သူထက် မနိမ့်ကျသလို မည်သူကမှ ပိုမြင့်မြတ်တယ်ဆိုသည်မျိုးလည်း မရှိပါ။ အားလုံးသည် တန်းတူဖြစ်ပါသည်။ ထို့အပြင် မကောင်းသည့်အကျင့်များသည် မိန်းမအရည်အချင်းဖြစ်သည်ဟု မြင်၍လည်းမရပါ။ ယောက်ျားကော မိန်းမမှာပါ ကောင်းသည့်အရည်အချင်းကော မကောင်းသည့်အရည်အချင်းပါ ရှိနိုင်တယ်။ ထို့ကြောင့် သပ်သပ်စီ ခွဲမြင်ရပါမည်။ လူတစ်ယောက်ယောက်ကို သူလုပ်သည့် အလုပ်နှင့် အကျင့်ကိုသာ ကြည့်ပြီး၍သာ ကောင်းသည် မကောင်းသည်ကို သတ်မှတ်နိုင်ပါသည်။ နှိမ့်ကျခြင်းသည် စာရိတ္တနှင့်သာ ဆိုင်ပါသည်။ ဗုဒ္ဓဘာသာအမြင်ရှုထောင့်မှ ကြည့်မည်ဆိုပါကလည်း ကျားမ၊ ဂေး၊ straight မည်သူမှ မနှိမ့်ကျပါ။ သူယောက်ျားဖြစ်၍ မိန်းမဖြစ်၍ ဟူ၍နှင့်လည်း မဆိုင်ပါ။ မည်သူ့ကို စွဲလမ်းတယ်ဆိုသည်နှင့်လည်း မဆိုင်ပါ။
ယောက်ျားတစ်ယောက်ကို စွဲလမ်းခြင်း သို့မဟုတ် မိန်းမတစ်ယောက်ကို စွဲလမ်းခြင်း သို့မဟုတ် ကျားမနှစ်မျိုးစလုံးကိုတပြိုင်နက်စွဲလမ်းခြင်းသည် ယောက်ျားစိတ်ရှိခြင်း မိန်းမစိတ်ရှိခြင်းကို မဆိုလိုပါ။
လူတစ်ယောက်သည် ယောက်ျားတစ်ယောက်၊ (သို့) မိန်းမတစ်ယောက်၊ (သို့) နှစ်ယောက်စလုံးကို စွဲလမ်းနိုင်ပါတယ်။ ယောက်ျားကိုစွဲလမ်းခြင်းသည် မိန်းမစိတ်မဟုတ်သလို၊ မိန်းမကို စွဲလမ်းခြင်းသည်လည်း ယောက်ျားစိတ် မဟုတ်ပါ။ ၎င်းကို မည်သို့မှ အဓိပ္ပါယ်ကောက်၍မရပါ၊ မိန်းမစိတ်၊ ယောက်ျားစိတ်ဆိုသည်မှာ လွဲမှားပြီး ကျဉ်းမြောင်းစွာ သတ်မှတ်ထားသည့် အတွေးအခေါ် နှင့် အခေါ်အဝေါ်များသာ ဖြစ်ပါသည်။ ထိုမှတစ်ဆင့် နိမ့်ချလိုသော စိတ်များဖြစ်ပေါ်စေပါသည်။
ထို့ကြောင့် မြန်မာလူအများ၏ မသိစိတ်ထဲတွင် (လိင်တူချစ်သူများ၏ စိတ်ထဲတွင်အပါအဝင်) အခြားပတ်ဝန်းကျင်ရှိလူများကို ကျားမ၊ ဂေး စသည်တို့ကို အခြေခံကာ နှိမ်လိုစိတ်များသည် ကိန်းအောင်းနေပြီး လူတစ်ဦးကို အလျှင်စလို တန်ဖိုးဖြတ်တတ်ကြပါသည်။ ထိုနှိမ်စိတ်မှတဆင့် ပိုဆိုးလာသည့်အခါ ကြောက်စိတ်အဖြစ် ပြောင်းလဲသွားပါတယ်။ ထို့နောက် ကြောက်စိတ်ကနေတဆင့် မုန်းတီးစိတ်ကို ပြောင်းလဲသွားပါသည်။ လိင်တူချစ်သူများ ကိုယ်၌ပင်တွင်လည်း မည်သူက ပိုမြင့်မြတ်သည် မည်သူက နှိမ့်ကျသည်ဟူသော အမြင်မှားများကြောင့် ထိုနိမ့်ကျသည်ဟု ထင်ထားသည့်ဘက်သို့ ကျဆင်းသွားမည်ကို ကြောက်စိတ် ဖြစ်နေခြင်းသာ ဖြစ်သည်။
တနည်းဆိုရသော် လိင်တူချစ်သူများကိုယ်၌က မိမိကိုယ်ကိုယ် မိန်းမစိတ်ဝင်နေသည်၊ မိန်းမစိတ်ဆိုသည်မှာမကောင်း၊ မိန်းမသည်နိမ့်ကျသည်ဟူသော နှိမ်စိတ်ကနေ ကြောက်ရွှံ့ခြင်းဖြစ်လာကာ ထိုမှတဆင့် မိမိကိုယ်ကိုယ် ယုံကြည်မှုကျဆင်း (သို့) မုန်းတီးမှုများ ဖြစ်လာနိုင်ပါသည်။ မိမိကိုယ်ကို မုန်းတီးရာမှ အခြားသူများကိုပါအလားတူ မုန်းတီးစိတ်ဝင်လာပါသည်။
ထို့အပြင် အထူးသဖြင့် ယောက်ျားချင်းချစ်သူ အချင်းချင်းအကြားမှာပင် လိင်ဆက်ဆံရာတွင် (top နဲ့ bottom) ပေးသူနဲ့ လက်ခံသူဆိုပြီး ခွဲခြားလေ့ရှိရာမှ လက်ခံသူကို နှိမ့်ချမြင်ကြပြီး မိန်းမနှင့်နှိုင်းကာ မိန်းမအဆင့်ရှိသူ၊ အဆင့်နိမ့်သူအဖြစ် မြင်ကြတတ်ပါသည်။ ဒီနေရာမှ လက်ခံသူက မိန်းမအလုပ်၊ မိန်းမသာသာရှိသည်ဟူသော အမြင်ကို မြင်နေခြင်းသည် မြန်မာ့ လူ့အသိုင်းအဝန်း၏ မသိစိတ်မှ အမျိုးသမီးများကို အဆင့်နိမ့်သည်ဟု တွေးဆချက်ကနေ အခြေတည်နေပါတယ်။ ထို့ကြောင့် အခြားယောက်ျားတစ်ဦးကို ချစ်ရခြင်းဟာ သို့မဟုတ် ယောက်ျားချင်းချစ်ရခြင်းဟာ မိန်းမဖြစ်နေသောကြောင့်ဟုဆိုကာ လိင်တူချစ်သူများကို နှိမ့်ချလိုကြပါသည်။ ထိုနှိမ့်ချလိုစိတ်မှာ မြန်မာလူ့အသိုင်းရှိ လူများစု လိင်ကွဲချစ်သူများတွင် ရှိနေသလို လူနည်းစု လိင်တူချစ်သူများတွင်လည်း အလားတူပင်ရှိနေသည်။
ထို့ကြောင့် လူ့အဖွဲ့အစည်းတွင် လိင်တူချစ်သူများ၊ အထူးအဖြင့် ကျားမပြောင်းသူများအား တန်းတူဆက်ဆံမှု နှင့် လူ့ဂုဏ်သိက္ခာလေးစားမှကိုရရှိရန် ပထမဆုံးအနေနှင့် လိင်တူချစ်သူ အသိုင်းအဝိုင်းထဲမှပင်စ၍ အမျိုးသမီးများအပေါ်ထားသော အမြင်မှားများကို အရင်ပြင်ရပါမည်။ သို့မှသာ ကိုယ့်ကိုယ်ကိုအနေနှင့် လူတိုင်းကို တန်းတူဟု မြင်နိုင်သည့်အခါ မိမိကိုယ်၌လည်းတန်းတူ ဖြစ်သွားပါမည်။ ပြီးမှ ကျွန်တော်တို့ဟာ အမျိုးသမီးများ တန်းတူဆက်ဆံမှု ရရှိနိုင်ရေးအတွက် အတူတူတိုက်ပွဲဝင်ကာ လူသားအားလုံး ဂုဏ်သိက္ခာဖြင့် တန်းတူနေထိုင်နိုင်သော ကမ္ဘာကြီးကို အတူတကွ တည်ဆောက်သွားကြရပါမည်။
မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၄)
ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT
အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို
စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။
ရေးသားပေးပို့ရန် စိတ်ဝင်စားပါ heinhtutsoe@gmail.com သို့ရေးသားနိုင်ပါသည်။ အကယ်၍ သင်သည် မူရင်းရေးသားသူဖြစ်ပြီး ကူးယူဖော်ပြမှုကို မနှစ်သက်ပါကလည်း ပယ်ဖျက်ပေးရန် ဆက်သွယ်နိုင်ပါသည်။
ယခု အမြင်ကတော့ Equality Myanmar ဒါရိုက်တာ အောင်မျိုးမင်း၏ Facebook wall ပေါ်မှ ၎င်း၏ အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ရေးသားပေးပို့ရန် စိတ်ဝင်စားပါ heinhtutsoe@gmail.com သို့ရေးသားနိုင်ပါသည်။ အကယ်၍ သင်သည် မူရင်းရေးသားသူဖြစ်ပြီး ကူးယူဖော်ပြမှုကို မနှစ်သက်ပါကလည်း ပယ်ဖျက်ပေးရန် ဆက်သွယ်နိုင်ပါသည်။
ယခု အမြင်ကတော့ Equality Myanmar ဒါရိုက်တာ အောင်မျိုးမင်း၏ Facebook wall ပေါ်မှ ၎င်း၏ အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
LGBT တွေ အပေါ် သဘာဝလွန်အမူအယာတွေနဲ့ ဟာသလုပ်စရာ၊ စော်ကားစရာ၊ လှောင်ပြောင်စရာ၊ အမြင်ကပ်စရာ အသားပေးရိုက်နေတဲ့ ရုပ်ရှင်တွေအကြောင်း သမီး Shin Thant က တင်ပြသွားတဲ့ရက်မှာပဲ ရုပ်ရှင်လောကသားတွေနဲ့ ဒီအကြောင်းတွေ ပြောဖြစ်ခဲ့ပါတယ်...
၂၀၁၇ နှစ်ထဲ ရုံတင်မဲ့ကားတွေထဲမှာ ဒီလိုပုံစံမျိုးနဲ့ ကားတွေ အများကြီးပါနေဆဲပါတဲ့.. အောက်လုံးတွေနဲ့ ပြောဆိုခိုင်း၊ သရုပ်ဆောင်ခိုင်းတာတွေက တပုံတပင်ပါဘဲ.. တချို့ဒါရိုက်တာဆိုရင် ရိုက်သမျှကားတိုင်းမှာ ဒီလိုဇာတ်ကောင်မျိုးတွေကို မပါပါအောင် ထည့်ရိုက်နေပါတယ်...
ဒီလူတွေကလဲ လူ့လောကဇာတ်ခုံမှာ ပါ၀င်နေတဲ့အတွက် သူတို့အကြောင်းတွေကလဲ ဇာတ်လမ်းတွေပါပဲ... ဒါကိုလက်ခံပါတယ်... ဒါပေမဲ့ တခါလာလဲ ဒီလို မထော်မနမ်းတွေ ၀တ်ပြ၊ သဘာဝလွန် အမူအယာတွေ လုပ်ပြ၊ အောက်ပိုင်း ဟာသတွေပဲ ပြောပြနေတာကတော့ လွန်လွန်းလာပါပြီ... ဒီလိုမျိုးရိုက်ပြတာတွေဟာ LGBT တွေအထင်အမြင်လွဲပြီး ဟာသလုပ်စရာ၊ စော်ကားစရာ၊ လှောင်ပြောင်စရာ၊ အမြင်ကပ်စရာ၊ အကြမ်းဖက်စရာဆိုတဲ့ ပုံစံခွက်ကို ဖန်တီးပေးရာရောက်နေပါတယ်...
သူတို့ဟာ ပျော်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း ဟာသလုပ် ပြောင်လှောင်စရာမဟုတ်ပါဘူး... သူတို့ဟာ အလှကြိုက်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း လူတွေမျက်မုန်းကျိုးလောက်တဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ မနေပါဘူး...
သူတို့ဟာ စကားအဆန်းတွေ ထွင်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း ညစ်ညမ်းတဲ့စကားတွေဘဲ ထွင်နေတာမဟုတ်ပါဘူး...
သူတို့ဟာ ချစ်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း လိင်ကိစ္စဘဲ စဉ်းစား၊ ကြံစည်၊ လုပ်ဆောင်နေတာမဟုတ်ပါဘူး...
သူတို့အပေါ် အထင်အမြင်လွဲမှားပြီး အထင်သေးစရာ ပုံစံခွက်တင်ဆက်နေမှုတွေနဲ့ ပတ်သက်လို့ ကျနော်တခုခုကို ထိထိရောက်ရောက် လုပ်ဆောင်ပါ့မယ်... ၀ိုင်းဝန်းအားပေးကြပါ...
လိင်တူချစ်ခြင်းဟာ သဘာဝကိုဆန့်ကျင်တဲ့အရာလို့ ထင်ပါသလား၊ ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ။
အချို့လူတွေက လိင်တူချစ်ခြင်းဟာ လူတွေသဘာဝကို ဆန့်ကျင်ပြီးလုပ်တဲ့အရာလို့ စွပ်စွဲကြပါတယ်။ ဒါပေမယ့် မိမိရဲ့ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ။ လိင်တူချစ်ခြင်းဟာ သတ္တဝါတိုင်းမှာရှိတဲ့ သဘာဝ ဖြစ်စဥ်တစ်ခုပါ။ အဲ့ဒါကို ဒီချစ်စရာကောင်းတဲ့တိရစ္ဆာန်တွေမှာ ဥပမာအနေနှင့်ကြည့်ကြည့်ပါက လူတွေသာ လိင်တူချင်းချစ်တတ် တွယ်တာတတ်တာ မဟုတ်ဘူးဆိုတာကို တွေ့မြင်နိုင်ပါတယ်။
သူတို့ဆီမှာ gay (သို့မဟုတ်) အခြောက်ဆိုတဲ့ လူတွေလုပ်ထားတဲ့ အမှတ်သညာတွေ မရှိပါဘူး။ သတ္တဝါတစ်ဦးမှ အခြားသတ္တဝါတစ်ဦးကို တွယ်တာစွဲမက်တာပဲရှိပါတယ်။ တခါတရံမှာ ဒီတိရစ္ဆာန်တွေမှာ အနှောင်အဖွဲ့ သံယောဇဥ်များတည်ကာ တစ်ဦးကိုတစ်ဦးမခွဲပဲ နေထိုင်ကြတာလဲရှိပါတယ်။ သူတို့တွေမှာ တစ်မူထူးခြားတဲ့ မိတ်လိုက်ပုံအသီးသီးလည်း ရှိတတ်ကြပါတယ်။ သူတို့အတွက်တော့ ဒါဟာ မဆန်းပါဘူ။ သဘာဝလို့ခေါ်ပါတယ်။
၁) သစ်ကုလားအုပ်
သစ်ကုလားအုပ်များ မိတ်လိုက်တဲ့ထဲမှာ လိင်တူချင်းဆက်ဆံမှုဟာ ၉၄ ရာခိုင်နှုံးမျှရှိပါတယ်။ သစ်ကုလားအုပ်ထီးများ အချင်းချင်းရည်ငံပုံဟာ တခြားဘယ်သတ္တဝါတွေမှာမှ မရှိတဲ့ လည်ချင်းယှက်တာပါ။ အထီးနှစ်ကောက်သည် ယှဥ်တွဲလျက်ရပ်ကာ တစ်ဦးခန္ဓာကိုတစ်ဦး ခေါင်း၊ ကိုယ်လုံး၊ လည်ပင်း၊ ပေါင်ရင်း နှင့် ပေါင်တို့ကို လည်ပင်းနှင့် ပွတ်သပ်ပါတယ်။ ၎င်းက တစ်ခါတစ်လေ ၁ နာရီလောက်ထိ ကြာတတ်ပါတယ်။ အဲ့ဒီကနေ လိင်စိတ်တက်ကြွမှုကို ရရှိစေပါတယ်။ ပြီးရင်တော့ မိတ်တက်လိုက်ကြပါတယ်။
ဒီအပြုအမူဟာ သစ်ကုလားအုပ်ထီးတွေ အမတွေအနားမှာမရှိလို့ လုပ်တဲ့ အလုပ်မဟုတ်ပါဘူး။ အမတွေဘေးမှာ ရှိနေလည်း အထီးအချင်းချင်း လည်ချင်းယှက်တာတွေပြုလုပ်ပြီး ဘေးနားမှာရှိနေတဲ့ အမတွေက ဂရုမပြုပဲနေကြပါတယ်။
၂) ဘိုနိုဘို မျောက်
ဘိုနိုဘို မျောက်တွေဟာလည်း အမအချင်းချင်း မိတ်လိုက်တတ်ပါတယ်။ သူတို့ရဲ့ ခန္ဒာများကို အနီးကပ် ပွတ်သပ်ချင်းဖြင့် အချင်းချင်း အနှောင်အဖွဲ့ပြုပါတယ်။ အချို့သိပ္ပံပညာရှင်များက သူတို့၏ အင်္ဂါခန္ဓာဖွဲ့စည်းပုံဟာ အမချင်း မိတ်လိုက်နိုင်ဖို့ စဥ့်ကဲပြောင်းလဲ ဖြစ်ပေါ်လာတယ်လို့တောင် ယူဆပါတယ်။၃) ကြိုးကြာနီ
ကြိုးကြာနီတွေက တလင်တမယားကျင့်သုံးတဲ့ တိရစ္ဆာန်တွေပါ။ အဲ့ဒီအထဲမှာ အထီးနှစ်ကောင် သို့မဟုတ် အမနှစ်ကောင် လည်းပါပါတယ်။သဘာဝရဲ့ ကြည်နူးဖွယ် ဥပမာတစ်ခုက စကော့တလန်နိုင်ငံ အီဒင်ဘရာမြို့က တိရစ္ဆာန်ရုံက ကြိုးကြားနီ အထီးစုံတွဲဟာ မွေးကင်းစကြိုးကြာလေးတစ်ကောင် အသိုက်ကနေ ပြုတ်ကျကျန်ခဲ့ပြီးတဲ့နောက် သူ့ကို မိဘအဖြစ် ကောက်ယူမွေးစားခဲ့ပါတယ်။
၃) လင်းပိုင်
လင်းပိုင်အားလုံး၏ သုံးပုံတစ်ပုံဟာ လိင်တူချင်း စုံတွဲဖွဲ့တတ်လေ့ရှိပြီး သူတို့ထဲက တော်တော်များများဟာ တဘဝလုံး လက်တွဲသွားတတ်ပါတယ်။ လက်တွဲဖော်သေသွားတဲ့အခါ ကြေကွဲလွမ်းဆွတ်မှုကို ကြာရှာစွာပြုလုပ်တတ်ကြလို့လဲ ဇီဝဗေဒပညာရှင်တွေ မြင်တွေ့ကြပါတယ်။ သူတို့သည် နောက်ထပ် လက်တွဲဖော် ထပ်ရှာကြပြန်ရင်လည်း မအောင်မြင်တတ်ကြပါဘူး၊ ဘာလို့လဲဆိုတော့ အထီးတော်တော်များများဟာ လက်တွဲဖော်ရှိပြီးနေပြီမို့လို့ပါ။ သို့သော်လည်း သူသည် အခြားမုတ်ဆိုးဖိုကို ရှိပါက သူတို့ တွဲနိုင်သွားပါတယ်။
၄) လင်းနို့
Vampire bats လို့ခေါ်တဲ့ သွေးစုတ်လင်းနို့အမျိုးအစားတွေမှာလည်း သုံးပုံမှတစ်ဝက်နီးပါးဟာ အမအချင်းချင်းအကြား မိတ်ဖွဲ့လေ့ရှိပါတယ်။ သူတို့ အချင်းချင်း တွယ်တာပုံပြတာကတော့ တကယ့်ကို ဆန်းပါတယ်။ အမတစ်ကောင်က သူ့အဖော်သုံးဆောင်ဖို့ သူရဲ့သွေးကို အန်ထုတ်ပြီး လှူပေးပါတယ်။ အဲ့လိုလုပ်တယ်ဆိုရင် သူတို့ဟာ ၁၀ နှစ်ကျော်လောက်ထိ ပေါင်းသင်းပြီးပြီ ဖြစ်ပါတယ်။၅) ပင်လယ်ဖျံ
နယူးဇီလန်၏ ပင်လယ်ဖျံအထီး ၈၀ ရာခိုင်နှုန်းကျော်ဟာ အခြားဖျံအထီးတွေနှင့်သာ မိတ်လိုက်လေ့ရှိပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ အားပြိုင်ဆော့ကစားခြင်း၏ ရလာဒ်တစ်ပိုင်းတစ်ဆကြောင့်ဖြစ်ပါတယ်။ အထီးတစ်ကောင်နှင့် တစ်ကောက် ရင်ဘက်ခြင်းယှဥ်ကာ တွန်းကြပြီး ဘယ်သူကအားသာတယ်ဆိုတာ ပြိုင်ကြပါတယ်။ အားသာတဲ့သူကို ဆုံးဖြတ်ပြီးရင်တော့ အားသာသူကအားနည်းသူကို မိတ်တက်လိုက်ပါတယ်။ ထို့ကြောင့် မကြာခဏ သန်စွမ်းတဲ့ အသက်ငယ် ဖျံတွေက အသက်ကြီးတဲ့ ဖျံတွေကို မိတ်တက်လိုက်ပါတယ်။၆) ဝေလငါး
ဝေလာငါး အထီတွေ၏ ၃ ပုံတစ်ပုံ အထူးသဖြင့် ကြီးကောင်ဝင်ချိန်အရွယ်တွေမှာ အများအပြား အထီးချင်းမိတ်လိုက်ကြပါတယ်။ တိရစ္ဆာန်တော်အများမိတ်လိုက်ပုံတွေမှာ တစ်ကောက်ကတစ်ကောင်ကို အပေါ်စီးကနေ မိတ်တက်လိုက်တတ်တဲ့ အလေ့အထမျိုးရှိပေမယ့် ဝေလငါးတွေကတော့ ၉၀ရာခိုင်နှုံးဟာ အပြန်အလှန်မိတ်တက်လိုက်ကြပါတယ်။ အချို့တွေဟာဆိုရင် အကြိုက်ဆုံး မိတ်လိုက်ဖော်ကို နှစ်တွေအများကြီး ထားထားတတ်ပါတယ်။၇) ပင်ဂွမ်း
နောက်ဆုံးအနေနှင့်ကတော့ လိင်တူဘဝဘက်တွဲဖော်တွေထားတတ်တဲ့ ပင်ဂွမ်းလေးတွေပဲဖြစ်ပါတယ်။အခြားတိရစ္ဆာန်နှင့် မတူတဲ့အချက်က အခြားတိရစ္ဆာန်အတော်အများက အထီးအမ-မရွေးတာမျိုး၊ မတော်တဆ လိင်တူချင်းမိတ်လိုက်မိတာမျိုး ရှိတတ်ပေမဲ့ ပင်ဂွမ်းတွေက အဲ့လိုမျိုးမဟုတ်ပါဘူး။ အချို့ အထီးတွေက သူတို့၏ လက်တွဲဖော်သေဆုံးသွားရင် နောက်ထပ် အထီးကိုပဲ ထပ်ရှာလေ့ရှိပါတယ်။
ပြီးတော့ လိင်တူချစ်သူ ပင်ဂွမ်းများဟာ ကောင်းမွန်တဲ့ မိဘတွေလည်းဖြစ်တတ်ပါတယ်။
ဒီဥပမာ ၇ မျိုးအပြင် ထောင်ပေါင်းများစွာသော တိရစ္ဆာန် မျိုးစိတ်တွေထဲမှာ လိင်တူချင်း အပြုအမူစရိုက်တွေ ပြကြပါတယ်။ ဒီအချက်က ကျွန်တော်တို့ကို လိင်တူချစ်ချင်းဟာ လုံးဝ သဘာဝ ဖြစ်စဥ်တစ်ခုလို့ပြနေပါတယ်။ တကယ်တော့ လိင်တူချစ်သူများကို မုန်းတီးနှိမ့်ချခြင်းကသာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါ။
ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုအပေါ် ကိုယ့်ကိုယ်ကို သံသယရှိနေပါလား
စာဖတ်သူတစ်ဦးက သူ့ကိုယ်သူ လိင်တူချစ်သူဖြစ်နိုင်တယ်ဟု သံသယရှိနေကြောင်း လာပြောပြပါတယ်။ သူက အခြားလိင်တူချစ်သူတစ်ယောက်နဲ့ အတူနေရင် သူလည်း လိင်တူချစ်သူ ဖြစ်သွားနိုင်သလားလို့ မေးပါတယ်။ အဲ့ဒါအဖြေနဲ့ ပက်သက်ပြီး ကျွန်တော်ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။
လိင်စိတ်တိမ်းညွှတ်မှု (အင်္ဂလိပ်လို sexual orientation) နဲ့ပက်သက်ပြီးတော့ ကိုယ့်ကိုယ်ကို လိင်တူချစ်သူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူအဖြစ် မသေချာသေးပဲ သံသယရှိနေသူ၊ စူးစမ်းနေသူ၊ စမ်းသပ်နေသူတွေလည်း ရှိပါတယ်။ သူတို့ကို အင်္ဂလိပ်လို Questionting လို့ ခေါ်ပါတယ်။ LGBTQ ထဲမှ Q က ကိုယ်စားပြုတာပေါ့။ မေးခွန်းမေးနေသူလို့ တိုက်ရိုက်ဘာသာ ပြန်လို့ရပါတယ်။ အဲ့ဒါကလည်း ထူးဆန်းတဲ့ ဖြစ်ရပ်မဟုတ်ပါဘူး။ လူအတော်အများ ကြုံတွေ့ကြရပါတယ်။
လူတစ်ဦးဟာ ဆန့်ကျင်ဘက်လိင် သို့မဟုတ် လိင်တူအပေါ် လိင်စိတ်တိမ်းညွတ်မှုကိုမူတည်ကာ ကိုယ့်ကိုယ်ကို မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ရာမှာ စွဲမက်မှုအမျိုးမျိုးကနေ အနည်းနှင့်အများ သဘောပေါက်တတ်ကြပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ယောက်ျား (သို့) မိန်းမ ဒါမှမဟုတ် နှစ်ဦးစလုံးအပေါ်မှာ စိတ်ခံစားချက်၊ မေတ္တာစိတ် နှင့် လိင်စိတ် အစရှိသည်တို့မှ အားလုံး (သို့) တခုခုနဲ့ စွဲမက်မှု ရှိနေခြင်းကို ဆိုလိုပါတယ် (လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပက်သက်ပြီး အကျယ်တဝင့် ဤနေရာမှာ ဖတ်ပါ)။
အဲ့ဒီအထဲမှာ စိတ်ခံစားချက်ဆိုတာက ယောက်ျားအချင်းချင်းအကြားပဲဖြစ်ဖြစ် မိန်းမအချင်းချင်းအကြားပဲဖြစ်ဖြစ် ယောက်ျားနှင့်မိန်းမအကြားပဲဖြစ်ဖြစ် လူတစ်ယောက် နောက်လူတစ်ဦးတစ်ယောက်အပေါ်မှာ ထားရှိတဲ့ ခံစားချက်တွေနဲ့ စွဲမက်မှု (အင်္ဂလိပ်လို emotional attraction)ကို ခေါ်ပါတယ်။ ခံစားချက်တွေကို ဥပမာအနေနဲ့ ပေးရရင် လူသားနှစ်ဦးအကြား လွမ်းဆွတ်ခြင်း၊ တမ်းတခြင်း၊ စေတနာ၊ ခင်မင်မှု၊ ဂရုဏာစိတ်၊ မုဒိတာစိတ်၊ အပြန်အလှန်မှီခိုလိုစိတ်၊ ဖေးမလိုစိတ်၊ စွဲလမ်းခြင်း အစရှိသည်တို့အပြင် တခါတရံ ရှောင်လွဲလို့မရတဲ့ ခံစားမှုတွေလည်းဖြစ်တဲ့ ပူပန်ခြင်း၊ ဝန်တိုခြင်း နှင့် သောကရောက်ခြင်း စသည်တို့လည်း ပါဝင်နိုင်ပါတယ်။
မေတ္တာစိတ်နဲ့ စွဲမက်မှု (romantic attraction) ဆိုတာကတာ့ ချစ်မိခြင်း၊ မေတ္တာသက်ခြင်း၊ လက်တွဲလိုစိတ်၊ ရင်ခုန်ခြင်း စသည်တို့ ပါပါတယ်။ လိင်စိတ်နဲ့ စွဲမက်မှု (sexual attraction)ဆိုတာကတော့ အဲ့ဒီလူရဲ့ ခန္ဒာနဲ့ ရူပါကို စွဲမက်ကာ ကာမသွားလာလိုစိတ် ဖြစ်ပေါ်ခြင်းကို ဆိုလိုပါတယ်။
လူတစ်ယောက်က အခြားလူတစ်ယောက်ပေါ် စွဲလမ်းတယ်ဆိုတာ အခုပြောတဲ့ စိတ်သုံးမျိုးထဲက တစ်ခုတည်းနဲ့ပဲဖြစ်ဖြစ် နှစ်ခု သို့မဟုတ် သုံးခုစလုံးပဲဖြစ်ဖြစ် စိတ်ဖြစ်ပေါ်နေတာကို ဆိုလိုတာပါ။ ဥပမာ လူတစ်ယောက်က အခြားလူတစ်ယောက်နဲ့ လိင်ဆက်ဆံလိုစိတ်တော့မရှိပဲ သူ့ပေါ် မေတ္တာသက်ဝင်ပြီး ချစ်ခင်တာမျိုးပဲ သပ်သပ်ရှိနိုင်သလို သူရဲ့ ခန္ဓာ နဲ့ ရူပါက ကိုယ့်ရဲ့ ရာဂစိတ် နှိုးဆွပေးတာကလွဲလို့ တခြား ဘာစိတ်ခံစားချက် မဖြစ်ပေါ်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ အများသောအားဖြင့်တော့ စိတ်သုံးခုစလုံး တစ်ပြိုင်နက် ဖြစ်ပေါ်လေ့ ရှိကြပါတယ်။
ကျွန်တော်တို့အထဲမှ အတော်အများက ငယ်ငယ်လေးကနေ ပျိုဖော်ဝင်ချိန်လောက်ကတည်းက ကိုယ့်ကိုယ်ကို လိင်တူချစ်သူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ အဖြစ်စောစောသိပြီး ရှင်းလင်းသွားကြပါတယ်။ ဒါပေမဲ့လည်း အချို့ကျတော့ အသက်အရွယ်တစ်ခုကျမှ အတွေ့အကြုံအသစ်တွေကြောင့် ကိုယ်မရှာဖွေရသေးတဲ့ ခံစားချက်တွေကို ရှာဖွေတွေ့ရှိသွားပြီးမှ ပိုသဘောပေါက်သွားပါတယ်။ အသက်ကြီးပြီးမှ ယောက်ျားနဲ့ပဲဖြစ်စေ မိန်းမနဲ့ပဲဖြစ်စေ ကိုယ့်အတွက်တကယ်ပဲ စစ်မှန်တဲ့သူနဲ့တွေပြီး ကိုယ့်ကိုယ်ကို ပိုမိုနားလည်သွားတာမျိုးလည်း ရှိကြပါတယ်။ အဲ့လိုလူတွေအများကြီးပါ။
အဓိကကတော့ ကိုယ့်မှာ ခံစားချက်အသစ်တွေရှိနေနိုင်တယ်လို့ သံသယရှိရင် စိတ်ဝင်စားပါက အဲ့ဒီခံစားချက်ကို ဖိနှိပ်မထားပဲ စမ်းသပ်ကြည့်သင့်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကို လိင်တူချစ်သူပဲဖြစ်ရမယ် သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ ပဲဖြစ်ရမယ်လို့ ခေါင်းစဉ်တပ်သတ်မှတ်ဖို့ အလျှင်စလို မပြုလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို သံသယရှိနေတဲ့ အရာတွေကို လက်ခံပေးပြီး ထိုသံသယတွေ တကယ်စစ်မှန် မစစ်မှန် စမ်းစစ်ကြည့်နိုင်ဖို့ ကိုယ့်ကိုယ်ကို ချုပ်တီးမထားပဲ ဖွင့်ဟထားပါ။
အဲ့တော့ လိင်တူချစ်သူနဲ့ပေါင်းရင် လိင်တူချစ်သူဖြစ်သွားနိုင်သလားဆိုတော့ ဖြစ်မယ်မဖြစ်ဘူး ဖြေလို့မရပါဘူး။ ကိုယ်က ပင်ကိုယ်ကတည်းက လိင်တူချစ်သူမဟုတ်ပဲ ဆန့်ကျင်ဘက်လိင်ကိုသာ သီးသန့်ကြိုက်တဲ့သူ၊ လိင်တူအပေါ်ဘာခံစားချက်မှ ရင်ခုန်လို့မရဘူးဆိုတာ သေချာနေရင် လိင်တူချစ်သူပြောင်းသွားမှာ မဟုတ်ပါဘူး။ ခဏတခိုက် စိတ်ဇေဝေဇဝါဖြစ်နေတဲ့အချိန်ကို ဖြတ်ကျော်နေရမျိုးတာ ဖြစ်နိုင်ပြီး အခု စမ်းသပ်လိုက်မှ ကိုယ့်ကိုယ်ကို ပိုရှင်းလင်းစွာ သိသွားတာပါ။
အဲ့လိုမဟုတ်ပဲ ကိုယ်ဘယ်တုန်းကမှ သတိမထားမိတဲ့ လိင်တူအပေါ်မှာ ပုန်းကွယ်နေတဲ့ ခံစားချက်တွေ၊ ရင်ခုန်မှုတွေ၊ လိင်စိတ်တွေက သူနဲ့စမ်းသပ်လိုက်မှ ဘွားကနဲပေါ်လာပြီး သဘောပေါက်လိုက်တဲ့ အဖြစ်မျိုးလည်း ရောက်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှ ကိုယ့်ကိုယ်ကို လိင်တူချစ်သူဆိုတာလည်း သေချာသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့ဒါအပြင် ဆန့်ကျင်ဘက်လိင်ပေါ်လည်း ရှိပြီးသား ခံစားချက်တွေ ပျောက်မသွားဘူးဆိုရင် ကိုယ်က ကျားမနှစ်မျိုးလုံးပေါ် စွဲမှတ်သူတစ်ဦးပါ။ ဒီခံစားချက်တွေက အလိုအလျှေက်ဖြစ်ပေါ်တာမို့ အတင်းမတရားလုပ်ယူလို့မရသလို ဖိနှိပ်ပြီးဖုန်းကွယ် ဖယ်ဖျောက်ပစ်လို့လည်းမရပါ။
အဓိကက ကိုယ့်ခံစားချက်ကို လိုလိုလားလား ဖွင့်ဟလက်ခံပေးဖို့အရေးပါတယ်။ ဒါပေမယ့် အခုချက်ချင်းပဲ ကိုယ့်ကိုယ်ကို လိင်တူချစ်သူပဲဖြစ်ကြောင်း သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူပဲဖြစ်ကြောင်း ကောက်ကာငင်ကာ သတ်မှတ်ဖို့ ဖိအားမျိုး မခံစားသင့်ပါဘူး။ ရှေ့ရှောက်ဖြစ်လာမယ့် ခံစားချက်တွေထပ်တွေ့လာရင် စမ်းစစ်ပေးနိုင်ဖို့ အမြဲတမ်း ကိုယ့်ကိုယ်ကို ဖွင့်ဟထားပါ။ ဒီအချိန်မှာ ဒီလူက ကိုယ့်တွက် မှန်ကန်တဲ့သူ မဟုတ်သေးရင် နောင်တစ်ချိန်မှာ မုန်ကန်တဲ့သူအပေါ် စွဲလမ်းမှုဖြစ်လာတဲ့အခါ မငြင်းပယ်ပါနဲ့။
အဲ့ဒါကြောင့် ခံစားချက်စွဲမက်မှုတွေဟာ အလိုအလျောက် ဖြစ်ပေါပြီး အတင်းလုပ်ယူလို့ မရတာမို့ လူတစ်ယောက်ကို လိင်တူချစ်သူကနေ ဆန့်ကျင်လိင်ချစ်သူဖြစ်အောင်၊ ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူကနေ လိင်တူချစ်သူဖြစ်အောင် ပြောင်းလဲပစ်လို့ ရကိုမရပါဘူး။ စွဲမက်မှုရှိရင် အလိုလိုဖြစ်လာမှာပါပဲ။
တစ်ခုရှိတာက ဒီကနေ့ လူ့အဖွဲ့အစည်းရဲ့ ပတ်ဝန်းကျင်မှာ လူနည်းစု လိင်တူချစ်သူတွေပေါ်ရှိနေတဲ့ မလိုမုန်ထားမှု၊ ခွဲခြားဆက်ဆံမှုနဲ့ အမြင်စောင်းမှုတွေကို ကြုံတွေ့ရမှာ စိုးရွံ့တာတွေကြောင့် လိင်တူချစ်သူတွေဟာ မိမိကိုယ်ကို လက်မခံပဲ ဖုန်းကွယ်ထားပြီး ကိုယ့်ကိုယ်ကို ဆန့်ကျင်ဘက်လိင်ချစ်သူအဖြစ် အလိုအလျောက်သတ်မှတ်ကာ အများနဲ့ဆန့်ဝင်အောင် နေထိုင်ဖို့ ကျိုးပန်းနေကြရပါတယ်။ အချို့အတွက်တော့ လွယ်ကူသလို အချို့အတွက်တော့ ရုန်းကန်ရပါတယ်။ ဒါပေမဲ့ ခံစားချက်အစစ်တွေက ကွယ်ပျောက်မသွားပါဘူး။
နောက်ဆုံးပြောချင်တာကတော့ စိတ်ပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်စိတ်တိမ်းညွှတ်မှုကို ကိုယ့်ကိုယ်ကို အတင်းလုပ်ယူလို့မရသလို အခြားသူတစ်ယောက်က လာပြောင်းလဲပစ်လို့လည်း မရပါဘူး။
ကိုယ့်ကိုယ်ကို မသေချာရင် စမ်းသပ်ဖို့ အမြဲ စိတ်နှလုံးကို ဖွင့်ထားပြီး တကယ်လို့ ခံစားချက်တွေ ပျောက်မသွားဘူး အမြဲရှိနေရင် ငြင်းပယ်မထားပါနဲ့။ နောက်ဆုံးအနေနှင့် ပတ်ဝန်းကျင်က ဘာပဲပြောပြော ကိုယ့်ကိုယ်ကိုသာ အယုံကြည်ရဆုံးပါ။
လိင်စိတ်တိမ်းညွှတ်မှု (အင်္ဂလိပ်လို sexual orientation) နဲ့ပက်သက်ပြီးတော့ ကိုယ့်ကိုယ်ကို လိင်တူချစ်သူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူအဖြစ် မသေချာသေးပဲ သံသယရှိနေသူ၊ စူးစမ်းနေသူ၊ စမ်းသပ်နေသူတွေလည်း ရှိပါတယ်။ သူတို့ကို အင်္ဂလိပ်လို Questionting လို့ ခေါ်ပါတယ်။ LGBTQ ထဲမှ Q က ကိုယ်စားပြုတာပေါ့။ မေးခွန်းမေးနေသူလို့ တိုက်ရိုက်ဘာသာ ပြန်လို့ရပါတယ်။ အဲ့ဒါကလည်း ထူးဆန်းတဲ့ ဖြစ်ရပ်မဟုတ်ပါဘူး။ လူအတော်အများ ကြုံတွေ့ကြရပါတယ်။
လူတစ်ဦးဟာ ဆန့်ကျင်ဘက်လိင် သို့မဟုတ် လိင်တူအပေါ် လိင်စိတ်တိမ်းညွတ်မှုကိုမူတည်ကာ ကိုယ့်ကိုယ်ကို မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ရာမှာ စွဲမက်မှုအမျိုးမျိုးကနေ အနည်းနှင့်အများ သဘောပေါက်တတ်ကြပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ယောက်ျား (သို့) မိန်းမ ဒါမှမဟုတ် နှစ်ဦးစလုံးအပေါ်မှာ စိတ်ခံစားချက်၊ မေတ္တာစိတ် နှင့် လိင်စိတ် အစရှိသည်တို့မှ အားလုံး (သို့) တခုခုနဲ့ စွဲမက်မှု ရှိနေခြင်းကို ဆိုလိုပါတယ် (လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပက်သက်ပြီး အကျယ်တဝင့် ဤနေရာမှာ ဖတ်ပါ)။
အဲ့ဒီအထဲမှာ စိတ်ခံစားချက်ဆိုတာက ယောက်ျားအချင်းချင်းအကြားပဲဖြစ်ဖြစ် မိန်းမအချင်းချင်းအကြားပဲဖြစ်ဖြစ် ယောက်ျားနှင့်မိန်းမအကြားပဲဖြစ်ဖြစ် လူတစ်ယောက် နောက်လူတစ်ဦးတစ်ယောက်အပေါ်မှာ ထားရှိတဲ့ ခံစားချက်တွေနဲ့ စွဲမက်မှု (အင်္ဂလိပ်လို emotional attraction)ကို ခေါ်ပါတယ်။ ခံစားချက်တွေကို ဥပမာအနေနဲ့ ပေးရရင် လူသားနှစ်ဦးအကြား လွမ်းဆွတ်ခြင်း၊ တမ်းတခြင်း၊ စေတနာ၊ ခင်မင်မှု၊ ဂရုဏာစိတ်၊ မုဒိတာစိတ်၊ အပြန်အလှန်မှီခိုလိုစိတ်၊ ဖေးမလိုစိတ်၊ စွဲလမ်းခြင်း အစရှိသည်တို့အပြင် တခါတရံ ရှောင်လွဲလို့မရတဲ့ ခံစားမှုတွေလည်းဖြစ်တဲ့ ပူပန်ခြင်း၊ ဝန်တိုခြင်း နှင့် သောကရောက်ခြင်း စသည်တို့လည်း ပါဝင်နိုင်ပါတယ်။
မေတ္တာစိတ်နဲ့ စွဲမက်မှု (romantic attraction) ဆိုတာကတာ့ ချစ်မိခြင်း၊ မေတ္တာသက်ခြင်း၊ လက်တွဲလိုစိတ်၊ ရင်ခုန်ခြင်း စသည်တို့ ပါပါတယ်။ လိင်စိတ်နဲ့ စွဲမက်မှု (sexual attraction)ဆိုတာကတော့ အဲ့ဒီလူရဲ့ ခန္ဒာနဲ့ ရူပါကို စွဲမက်ကာ ကာမသွားလာလိုစိတ် ဖြစ်ပေါ်ခြင်းကို ဆိုလိုပါတယ်။
လူတစ်ယောက်က အခြားလူတစ်ယောက်ပေါ် စွဲလမ်းတယ်ဆိုတာ အခုပြောတဲ့ စိတ်သုံးမျိုးထဲက တစ်ခုတည်းနဲ့ပဲဖြစ်ဖြစ် နှစ်ခု သို့မဟုတ် သုံးခုစလုံးပဲဖြစ်ဖြစ် စိတ်ဖြစ်ပေါ်နေတာကို ဆိုလိုတာပါ။ ဥပမာ လူတစ်ယောက်က အခြားလူတစ်ယောက်နဲ့ လိင်ဆက်ဆံလိုစိတ်တော့မရှိပဲ သူ့ပေါ် မေတ္တာသက်ဝင်ပြီး ချစ်ခင်တာမျိုးပဲ သပ်သပ်ရှိနိုင်သလို သူရဲ့ ခန္ဓာ နဲ့ ရူပါက ကိုယ့်ရဲ့ ရာဂစိတ် နှိုးဆွပေးတာကလွဲလို့ တခြား ဘာစိတ်ခံစားချက် မဖြစ်ပေါ်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ အများသောအားဖြင့်တော့ စိတ်သုံးခုစလုံး တစ်ပြိုင်နက် ဖြစ်ပေါ်လေ့ ရှိကြပါတယ်။
ကျွန်တော်တို့အထဲမှ အတော်အများက ငယ်ငယ်လေးကနေ ပျိုဖော်ဝင်ချိန်လောက်ကတည်းက ကိုယ့်ကိုယ်ကို လိင်တူချစ်သူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ အဖြစ်စောစောသိပြီး ရှင်းလင်းသွားကြပါတယ်။ ဒါပေမဲ့လည်း အချို့ကျတော့ အသက်အရွယ်တစ်ခုကျမှ အတွေ့အကြုံအသစ်တွေကြောင့် ကိုယ်မရှာဖွေရသေးတဲ့ ခံစားချက်တွေကို ရှာဖွေတွေ့ရှိသွားပြီးမှ ပိုသဘောပေါက်သွားပါတယ်။ အသက်ကြီးပြီးမှ ယောက်ျားနဲ့ပဲဖြစ်စေ မိန်းမနဲ့ပဲဖြစ်စေ ကိုယ့်အတွက်တကယ်ပဲ စစ်မှန်တဲ့သူနဲ့တွေပြီး ကိုယ့်ကိုယ်ကို ပိုမိုနားလည်သွားတာမျိုးလည်း ရှိကြပါတယ်။ အဲ့လိုလူတွေအများကြီးပါ။
အဓိကကတော့ ကိုယ့်မှာ ခံစားချက်အသစ်တွေရှိနေနိုင်တယ်လို့ သံသယရှိရင် စိတ်ဝင်စားပါက အဲ့ဒီခံစားချက်ကို ဖိနှိပ်မထားပဲ စမ်းသပ်ကြည့်သင့်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကို လိင်တူချစ်သူပဲဖြစ်ရမယ် သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ ပဲဖြစ်ရမယ်လို့ ခေါင်းစဉ်တပ်သတ်မှတ်ဖို့ အလျှင်စလို မပြုလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို သံသယရှိနေတဲ့ အရာတွေကို လက်ခံပေးပြီး ထိုသံသယတွေ တကယ်စစ်မှန် မစစ်မှန် စမ်းစစ်ကြည့်နိုင်ဖို့ ကိုယ့်ကိုယ်ကို ချုပ်တီးမထားပဲ ဖွင့်ဟထားပါ။
အဲ့တော့ လိင်တူချစ်သူနဲ့ပေါင်းရင် လိင်တူချစ်သူဖြစ်သွားနိုင်သလားဆိုတော့ ဖြစ်မယ်မဖြစ်ဘူး ဖြေလို့မရပါဘူး။ ကိုယ်က ပင်ကိုယ်ကတည်းက လိင်တူချစ်သူမဟုတ်ပဲ ဆန့်ကျင်ဘက်လိင်ကိုသာ သီးသန့်ကြိုက်တဲ့သူ၊ လိင်တူအပေါ်ဘာခံစားချက်မှ ရင်ခုန်လို့မရဘူးဆိုတာ သေချာနေရင် လိင်တူချစ်သူပြောင်းသွားမှာ မဟုတ်ပါဘူး။ ခဏတခိုက် စိတ်ဇေဝေဇဝါဖြစ်နေတဲ့အချိန်ကို ဖြတ်ကျော်နေရမျိုးတာ ဖြစ်နိုင်ပြီး အခု စမ်းသပ်လိုက်မှ ကိုယ့်ကိုယ်ကို ပိုရှင်းလင်းစွာ သိသွားတာပါ။
အဲ့လိုမဟုတ်ပဲ ကိုယ်ဘယ်တုန်းကမှ သတိမထားမိတဲ့ လိင်တူအပေါ်မှာ ပုန်းကွယ်နေတဲ့ ခံစားချက်တွေ၊ ရင်ခုန်မှုတွေ၊ လိင်စိတ်တွေက သူနဲ့စမ်းသပ်လိုက်မှ ဘွားကနဲပေါ်လာပြီး သဘောပေါက်လိုက်တဲ့ အဖြစ်မျိုးလည်း ရောက်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှ ကိုယ့်ကိုယ်ကို လိင်တူချစ်သူဆိုတာလည်း သေချာသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့ဒါအပြင် ဆန့်ကျင်ဘက်လိင်ပေါ်လည်း ရှိပြီးသား ခံစားချက်တွေ ပျောက်မသွားဘူးဆိုရင် ကိုယ်က ကျားမနှစ်မျိုးလုံးပေါ် စွဲမှတ်သူတစ်ဦးပါ။ ဒီခံစားချက်တွေက အလိုအလျှေက်ဖြစ်ပေါ်တာမို့ အတင်းမတရားလုပ်ယူလို့မရသလို ဖိနှိပ်ပြီးဖုန်းကွယ် ဖယ်ဖျောက်ပစ်လို့လည်းမရပါ။
အဓိကက ကိုယ့်ခံစားချက်ကို လိုလိုလားလား ဖွင့်ဟလက်ခံပေးဖို့အရေးပါတယ်။ ဒါပေမယ့် အခုချက်ချင်းပဲ ကိုယ့်ကိုယ်ကို လိင်တူချစ်သူပဲဖြစ်ကြောင်း သို့မဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူပဲဖြစ်ကြောင်း ကောက်ကာငင်ကာ သတ်မှတ်ဖို့ ဖိအားမျိုး မခံစားသင့်ပါဘူး။ ရှေ့ရှောက်ဖြစ်လာမယ့် ခံစားချက်တွေထပ်တွေ့လာရင် စမ်းစစ်ပေးနိုင်ဖို့ အမြဲတမ်း ကိုယ့်ကိုယ်ကို ဖွင့်ဟထားပါ။ ဒီအချိန်မှာ ဒီလူက ကိုယ့်တွက် မှန်ကန်တဲ့သူ မဟုတ်သေးရင် နောင်တစ်ချိန်မှာ မုန်ကန်တဲ့သူအပေါ် စွဲလမ်းမှုဖြစ်လာတဲ့အခါ မငြင်းပယ်ပါနဲ့။
အဲ့ဒါကြောင့် ခံစားချက်စွဲမက်မှုတွေဟာ အလိုအလျောက် ဖြစ်ပေါပြီး အတင်းလုပ်ယူလို့ မရတာမို့ လူတစ်ယောက်ကို လိင်တူချစ်သူကနေ ဆန့်ကျင်လိင်ချစ်သူဖြစ်အောင်၊ ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်ချစ်သူကနေ လိင်တူချစ်သူဖြစ်အောင် ပြောင်းလဲပစ်လို့ ရကိုမရပါဘူး။ စွဲမက်မှုရှိရင် အလိုလိုဖြစ်လာမှာပါပဲ။
တစ်ခုရှိတာက ဒီကနေ့ လူ့အဖွဲ့အစည်းရဲ့ ပတ်ဝန်းကျင်မှာ လူနည်းစု လိင်တူချစ်သူတွေပေါ်ရှိနေတဲ့ မလိုမုန်ထားမှု၊ ခွဲခြားဆက်ဆံမှုနဲ့ အမြင်စောင်းမှုတွေကို ကြုံတွေ့ရမှာ စိုးရွံ့တာတွေကြောင့် လိင်တူချစ်သူတွေဟာ မိမိကိုယ်ကို လက်မခံပဲ ဖုန်းကွယ်ထားပြီး ကိုယ့်ကိုယ်ကို ဆန့်ကျင်ဘက်လိင်ချစ်သူအဖြစ် အလိုအလျောက်သတ်မှတ်ကာ အများနဲ့ဆန့်ဝင်အောင် နေထိုင်ဖို့ ကျိုးပန်းနေကြရပါတယ်။ အချို့အတွက်တော့ လွယ်ကူသလို အချို့အတွက်တော့ ရုန်းကန်ရပါတယ်။ ဒါပေမဲ့ ခံစားချက်အစစ်တွေက ကွယ်ပျောက်မသွားပါဘူး။
နောက်ဆုံးပြောချင်တာကတော့ စိတ်ပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်စိတ်တိမ်းညွှတ်မှုကို ကိုယ့်ကိုယ်ကို အတင်းလုပ်ယူလို့မရသလို အခြားသူတစ်ယောက်က လာပြောင်းလဲပစ်လို့လည်း မရပါဘူး။
ကိုယ့်ကိုယ်ကို မသေချာရင် စမ်းသပ်ဖို့ အမြဲ စိတ်နှလုံးကို ဖွင့်ထားပြီး တကယ်လို့ ခံစားချက်တွေ ပျောက်မသွားဘူး အမြဲရှိနေရင် ငြင်းပယ်မထားပါနဲ့။ နောက်ဆုံးအနေနှင့် ပတ်ဝန်းကျင်က ဘာပဲပြောပြော ကိုယ့်ကိုယ်ကိုသာ အယုံကြည်ရဆုံးပါ။
ပျော်ရွင်နိုင်မယ့် လမ်းများကို လျှောက်လှမ်းနိုင်ကြပါစေ။
လိင်စိတ်တိမ်းညွှတ်မှု နှင့် လိင်တူချစ်ခြင်း (အမေရိကန်နိုင်ငံစိတ်ပညာအသင်း American Psychological Association ၏ ပြဠာန်းချက်)
မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့သည် လူပျိုအပျိုဖော်ဝင်လာချိန်ကတည်းက မိမိ၏ လိင်စိတ်ဝင်စားမှုသည် လိင်တူအပေါ်တွင်သာ ရှိသည်ကို သတိပြုမိကြပါသည်။ သို့သော် ကျွန်ုပ်တို့လိင်တူချစ်သူများအဖို့ အများနှင့်မတူပဲ ဖြစ်နေသည့်အတွက် ပျိုဖော်ဝင်ချိန် ဇီဝခန္ဓာပြောင်းလဲမှု ဖြစ်ပေါ်လာစဉ် ရှုပ်ထွေးနားမလည်မှုများအပေါ် နီးစပ်ရာကို မေးမြန်းရမည်ကို ကြောက်လန့်ခြင်း၊ မည်သူကို မေးရမည်ကို မသိခြင်း နှင့် မည်သည်ကို ရှာဖွေဖတ်ရှုရမည်ကို ရှာမတွေ့ (သို့) လက်လှမ်းမမှီခြင်း စသည်တို့ကြောင့် မေးခွန်းများ ပြည့်နှက်စွာဖြင့် ငယ်စဉ်ဘဝကို ရုန်းကန်ကြရပါသည်။ ဤကဲ့သို့ဖြင့် အဖြေရှာမရသည့်အခါ မိမိအပေါ် ကိုယ့်ကိုယ်ကိုယုံကြည်မှု တည်ဆောက်ရန်ခက်ခဲခြင်း၊ ဘဝကိုနားမလည်ခြင်း၊ ကိုယ့်ကိုယ်ကို လက်မခံနိုင်ခြင်း နှင့် စိတ်ဓာတ်ကျဆင်းခြင်း အစရှိသည့် အဆိုးရွားဆုံးအခြေအနေများကို တွေ့ကြုံနိုင်မည့် အန္တရာယ်များကို လိင်တူချစ်သူလူငယ်/လူကြီးအချို့ဟာ ကျော်ဖြတ်ရသည့် အဖြစ်မျိုး ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့ အဖြစ်များမှ ကာကွယ်နိုင်ရန် စစ်မှန်ပြီး အကျိုးပြုသော ဗဟုသုတ နှင့် သိရှိခြင်းများကို ရရှိကာ မိမိ၏အခြေအနေကို ပိုမိုနားလည်ပြီး မိမိဘဝကို အများနည်းတူ ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လိင်စိတ်တိမ်းညွတ်မှု နှင့် လိင်တူချစ်ခြင်းဖြင့်ပက်သက်သော ဆေးပညာ၊ သိပ္ပံသုတေသန နှင့် စိတ်ပညာအရ တရားဝင် သတ်မှတ်ပြဠာန်းမှုကို ရေးသားပေးလိုက်ရပါသည်။ ဤပြဠာန်းမှုသည် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုထားသော ပင်တိုင်သဘောတူညီမှုဖြစ်သည့် အမေရိကန် စိတ်ပညာအသင်း (American Psychological Association) ၏ ပြဠာန်းချက်ကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဆီလျှော်အောင် ပြန်ဆိုပေးထားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများ၏ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး၊ လူမှုကျန်းမာရေး စသည်တို့ ပြီးပြည့်စုံအောင် ရရှိနိုင်ပြီး လူတန်းစေ့ နေနိုင်ရေးအတွက် မလိုမှန်းထားမှုများ နှင့် ခွဲ့ခြားဆက်ဆံမှုများ ပပြောက်ရန်အလို့ငှာ အမြင်မှန် ဗဟုသုတများကို ဝေမျှခြင်းဖြင့် အတူလက်တွဲဆောင်ရွက်ကာ ပါဝင်နိုင်ပါသည်။
နိဒါန်း
၁၉၇၅ ခုနှစ်ကတည်းမှစ၍ အမေရိကန် စိတ်ပညာအသင်းသည် စိတ်ပညာရှင်များအား အမျိုးသားချင်းချစ်သူ၊ အမျိုးသမီးချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူတို့၏ လိင်စိတ်တိမ်းညွှတ်မှုအား စိတ်ရောဂါဟု သတ်မှတ်ထားသောအမဲစက်ကို ပယ်ဖျက်ရန် ရှေ့တန်းမှ ဦးဆောင်ဖို့ နှိုးဆော်ခဲ့ပါသည်။ စိတ်ပညာဗေဒ နယ်ပယ်သည် လူများ နှင့် လူအုပ်စုများ၏ ကျန်းမာသုခနှင့်အတူတကွ ထိုကျန်းမာသုခကို ထိခိုက်မည့် အန္တရာယ်များကို အလေးထားပါသည်။ အမျိုးသားချင်းချစ်သူ၊ အမျိုးသမီးချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူဟု မိမိကိုယ်ကိုသတ်မှတ်သူများသည် ခွဲခြားဆက်ဆံခံရခြင်း နှင့် မလိုမုန်းထား ပြုခံရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ပုံမှန်ခံစားရလေ့ရှိပါသည်။ ဤပြဠာန်းချက်သည် လိင်စိတ်တိမ်းညွှတ်မှု အကြောင်းနှင့် နှင့် မိမိကိုယ်ကို အမျိုးသားချင်းချစ်သူ၊ အမျိုးသမီးချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူဟု သတ်မှတ်သူများအပေါ် ခွဲခြားဆက်ဆံခြင်း နှင့် မလိုမုန်းထားပြုခြင်းတို့၏ သက်ရောက်မှုများအကြောင်းတို့ကို ပိုမိုကောင်းမွန်စွာ နားလည်လိုသူများ အတွက် တိကျသော အချက်အလက်များကို ထောက်ပံပေးရန် ရည်ရွယ်ပါသည်။
လိင်စိတ်တိမ်းညွှတ်မှု (Sexual Orientation) ဆိုသည်မှာ အဘယ်နည်း။
လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ယောက်ျား၊ မိန်းမ သို့မဟုတ် နှစ်ဦးစလုံးအပေါ်တွင် စိတ်ခံစားချက်၊ မေတ္တာစိတ် နှင့် လိင်စိတ် အစရှိသည်တို့မှ အားလုံး (သို့) တခုခု စွဲမက်မှု ရှိနေခြင်းကို ဆိုလိုပါသည်။ လိင်စိတ်တိမ်းညွှတ်မှုဆိုသည်မှာ ထိုစွဲမက်မှုများအပေါ်မူတည်၍ ဖြစ်ပေါ်လာသော လူတစ်ဦး၏ မိမိကိုယ်ကိုသတ်မှတ်မှုအပြင် ထိုကဲ့သို့ ထိုက်လျောက်ပတ်စွာ ပြုမှုနေထိုင်ပုံ နှင့် ထိုကဲ့သို့သောသူများ၏ အသိုင်းအဝိုင်းတွင် ပေါင်းသင်းပါဝင်မှု တို့ဖြင့် မိမိကိုယ်ကိုသတ်မှတ်မှုကိုလည်း ခေါ်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ပြီးခဲ့သော သုတေသနအများအပြားမှ ညွန်ပြသည်မှာ လိင်စိတ်တိမ်းညွှတ်မှုသည် နယ်ပယ်တစ်ကြောလုံးတွင် အတိုင်းအတာအမျိုးမျိုး ရှိနိုင်သည်။ ဆိုလိုသည်မှာ တိမ်းညွှတ်မှုသည် ဆန့်ကျင်ဘက်လိင်ကိုသာ လုံးဝသီးသန့်စွဲမက်မှုမှအစ လိင်တူကိုမှ လုံးဝသီးသန့်စွဲမက်မှုအဆုံး ရှိနိုင်ပါသည်။
သို့သော် လိင်စိတ်တိမ်းညွှတ်မှုကို ပုံမှန်အားဖြင့် အမျိုးအစားသုံးမျိုးဖြင့် ဆွေးနွေးလေ့ရှိကြသည်။ (၁) ဆန့်ကျင်ဘက်လိင်ချစ်သူ (အခြားလိင်အပါ် စိတ်ခံစားချက်၊ မေတ္တာစိတ် (သို့) လိင်စိတ်စွဲမက်မှု ရှိနေခြင်း)၊ (၂) လိင်တူချစ်သူ (သို့) အမျိုးသားချင်းချစ်သူ/အမျိုးသမီးချင်းချစ်သူ (မိမိ၏ ကိုယ်ပိုင်လိင်နှင့်တူသော လိင်အပေါ် စိတ်ခံစားချက်၊ မေတ္တာစိတ် (သို့) လိင်စိတ်စွဲမက်မှုရှိနေခြင်း) (၃) ကျားမနှစ်မျိုးလုံးချစ်သူ (ယောက်ျားကော မိန်းမအပေါ်ပါ စိတ်ခံစားချက်၊ မေတ္တာစိတ် (သို့) လိင်စိတ်စွဲမက်မှုရှိနေခြင်း)။ ဤပြုမှုနေထိုင်ပုံ နှင့် စွဲမက်ပုံ အမျိုးမျိုးတို့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံအမျိုးမျိုးနှင့် ယဉ်ကျေးမှုအမျိုးမျိုးတို့တွင် ဖော်ပြထားပြီးပြီ ဖြစ်သည်။ ယဉ်ကျေးမှု အတော် အများသည် ဤစွဲမက်မှုများကို ပြသသော လူများကို မည်သူမည်ဝါသတ်မှတ်သော အခေါ်အဝေါ် အမျိုးမျိုးရှိလေ့ရှိသည်။ အင်္ဂလိပ်စကား နှင့် အမေရိကန်နိုင်ငံတွင် အသုံးများလေ့ရှိသော အခေါ်အဝေါ်များမှာ lesbian (လက္စဘီးယန်း) (အမျိုးသမီးအချင်းချင်းစွဲမက်သူ)၊ gay (ဂေး) (ယောက်ျားအချင်းချင်းစွဲမက်သူများ) နှင့် bisexual (ဘိုင်) (ကျားမနှစ်မျိုးလုံးစွဲမက်သူ) တို့ဖြစ်ကြသည်။ သို့သော် အချို့လူများသည် အခြားအခေါ်အဝေါ်ကို သုံးချင်သုံးနိုင်သလို ဤအခေါ်အဝေါ်များကို လုံးဝမသုံးသည်လည်း ဖြစ်နိုင်သည်။
လိင်စိတ်တိမ်းညွှတ်မှုသည် လိင် (Sex) နှင့် ကျားမသတ်မှတ်မှု (gender) တို့နှင့် ကွဲပြားပါသည်။ ဇီဝလိင် (Sex) ဆိုသည်မှာ မွေးရာပါ ခန္ဓာကာယ၊ ဇီဝကမ္မ နှင့် မျိုးရိုးဗီဇတို့၏ ရလာဒ်ကြောင့် အထီး (သို့) အမ လိင်အင်္ဂါ လက္ခဏာများရှိခြင်းကို ခေါ်ပါသည်။ ကျားမသတ်မှတ်မှု (gender) ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာအရ မိမိကိုယ်ကို ယောက်ျား (သို့) မိန်းမ အဖြစ် သတ်မှတ်မှုကိုခေါ်ပြီး၊ လူမှုကျားမကဏ္ဍ (social gender role) ဆိုသည်မှာ ပတ်ဝန်းကျင် ယာဉ်ကျေးမှုမှ သတ်မှတ်ထားသော ယောက်ျားဆန်သော (သို့) မိန်းမဆန်သော အပြုအမူများကို ဆိုလိုသည်။
လိင်စိတ်တိမ်းညွှတ်မှုကို ဇီဝလိင်၊ ကျားမသတ်မှတ်ပုံ သို့မဟုတ် အသက်အရွယ်စသည်တို့ ကဲ့သို့ပင် လူတစ်ဦးတစ်ယောက်၏ တစ်ကိုယ်ရေလက္ခဏာသပ်သပ်တစ်ခုဟုသာ သာမာန်တွင် ဆွေးနွေးကြ လေ့ရှိသည်။ ဤရှုထောင့်မှာ မပြည့်စုံပါ။ အဘယ့်ကြောင့်ဆိုသော် လိင်စိတ်တိမ်းညွှတ်မှုသည် အခြားသူများ၏ ဆက်ဆံရေးအပေါ်ကိုမူတည်၍လည်း သတ်မှတ်ရသောသောကြောင့် ဖြစ်သည်။ လူများသည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို အခြားသူများနှင့် ပြုမှုနေထိုင်ပုံတို့နှင့် ပြသလေ့ရှိသည် (ဥပမာ ရင်းနှီးစွာသွားလာခြင်း၊ လက်ကိုင်ခြင်း၊ ပွေ့ဖက်ခြင်း စသည်)။ ထို့ကြောင့် လိင်စိတ်တိမ်းညွှတ်မှုသည် မေတ္တာရှိမှု၊ တွယ်တာမှု နှင့် ရင်းနှီးမှုတို့ကို ဝေမျှလိုသော ခံစားမှုများဖြင့် တည်ဆောက်ထားသော လူနှစ်ဦးကြား ရင်းချာသောဆက်ဆံရေးနှင့် ပက်သက်ဆက်စပ်နေသည်။
လိင်စိတ်အပြုအမူများအပြင် လူနှစ်ဦးကြား ဤအနှောင်အဖွဲ့များသည် ခန္ဓာတဏှာစိတ်မပါသော ချစ်ခြင်းမေတ္တာများ၊ ရည်မှန်းချက်ပန်းတိုင်များ နှင့် တန်ဖိုးထားမှုများ တူညီမှု၊ တစ်ဦးကိုတစ်ဦး ဖေးမမှု နှင့် စဉ်ဆက်မပျက် သစ္စာရှိမှုတို့လည်း ပါဝင်သည်။ ထို့ကြောင့် လိင်စိတ်တိမ်းညွှတ်မှုသည် လူတစ်ဦးတစ်ယောက်ထဲအတွင်းရှိ တစ်ကိုယ်ရေလက္ခဏာ သပ်သပ်သာ မဟုတ်ပါ။ သို့ဖြစ်၍ လိင်စိတ်တိမ်းညွှတ်မှုသည် လူတစ်ယောက်မှ မိမိကိုယ်ကို သတ်မှတ်ရာတွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည့် မေတ္တာမျှဝေမှုကို ကျေနပ်စွာ ဖြည့်စည်းပေးနိုင်သော ဆက်ဆံရေးကို ရှာဖွေနိုင်မည့် လူအုပ်စုတစ်စုတွင် ဆန့်ဝင်ခြင်းကိုလည်း ဆိုလိုပါသည်။
မိမိကိုယ်ကို အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ (သို့မဟုတ်) ကျားမနှစ်မျိုးလုံးချစ်သူ ဖြစ်သည်ဟု မည်ကဲ့သို့ သိနိုင်ပါသလဲ။
လက်ရှိ သိပ္ပံပညာ နှင့် ဆေးပညာ နားလည်မှုများအရ လူကြီးဘဝ လိင်စိတ်တိမ်းညွှတ်မှု၏ ပင်မအခြေတည်မှုသည် သာမာန်တွင် ကလေးငယ်စဉ်ဘဝနှောင်းပိုင်းနှင့် ပျိုဖော်ဝင်ချိန်အစဦးပိုင်း တို့တွင် စတင်ပေါ်ပေါက်လာသည်ဟု ဆိုပါသည်။ ဤ စိတ်ခံစားမှု၊ မေတ္တာစိတ် နှင့် လိင်စိတ် စွဲမက်မှု ပုံစံများသည် လိင်မှုကိစ္စ အတွေ့အကြုံမရှိပဲနှင့်လည်း ပေါ်ထွက်လာနိုင်ပါသည်။ ထို့ကြောင့် လူများသည် မည်သည့်တစ်ဦးတစ်ယောက်နှင့်မျှ လိင်ဆက်ဆံစရာမလိုပဲ ၎င်းတို့သည် လိင်တူကို သော်လည်းကောင်း လိင်ကွဲကို သော်လည်းကောင်း စွဲလမ်းစိတ်များဖြစ်ပေါ်နိုင်ပြီး မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို သိနိုင်ပါသည်။ ထို့ကြောင့် မိမိသည် လိင်တူချစ်သူ၊ ဆန့်ကျင်ဘက်လိင်ချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူ ဖြစ်သည်ဆိုသည်ကို လိင်ဆက်ဆံစရာမလိုပဲ သိနိုင်ပါသည်။
အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ တစ်ဦးချင်းစီသည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုနှင့် ပက်သက်၍ အတွေ့အကြုံအမျိုးမျိုး ကွဲပြားကြသည်။ အချို့မှာ သူတို့သည် လိင်တူချစ်သူများဖြစ်ကြောင်း အမှန်တကယ် အခြားသူများနှင့် ဆက်ဆံရေးမရှိခင် အစောကြီးတည်းက သိထားပြီးနှင့်ကြသည်။ အချို့မှာတော့ မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို နာမည်တပ်မသတ်မှတ်ခင် (လိင်တူနှင့်သော်လည်းကောင်း လိင်ကွဲနှင့်သော်လည်းကောင်း) လိင်မှုကိစ္စ အတွေ့အကြုံ အရင်ရယူပြီးမှသာ အသေအချာ အတည်ပြုသတ်မှတ်ကြသည်။ မလိုမုန်းထားပြုခြင်း နှင့် ခွဲခြားဆက်ဆံခြင်းတို့သည် လူအများအပြားအား ၎င်းတို့ ကိုယ့်ကိုကိုယ် လိင်စိတ်တိမ်းညွှတ်မှု လက်ခံသတ်မှတ်ရာတွင် အခက်အခဲဖြစ်စေသဖြင့် မိမိကိုယ်ကို အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူအဖြစ် သတ်မှတ်မှုသည် နှေးကွေးသည့် ဖြစ်စဉ် ဖြစ်ပါသည်။
လူတစ်ဦးတစ်ယောက်မှ လိင်စိတ်တိမ်းညွှတ်မှုတစ်ခုခု သတ်မှတ်အောင် မည်သည့်အရာများက ပြုလုပ်ပါသလဲ။
သိပ္ပံပညာတွင် လူတစ်ဦးတစ်ယောက်အား မိမိကိုယ်ကို ဆန့်ကျင်ဘက်လိင်ချစ်သူ၊ လိင်တူချစ်သူ သို့မဟုတ် ကျားမနှစ်မျိုးလုံးချစ်သူအဖြစ် သတ်မှတ်သွားစေသည့် တိကျသောအကြောင်းခံအပေါ် အများသဘောတူညီထားခြင်း မရှိပါ။ သုသေသနအတော်အများသည် ဗီဇ၊ ဟော်မှန်း၊ ဇီဝဖွံ့ဖြိုးမှု၊ လူမှုရေး၊ ယဉ်ကျေးမှု နှင့် ပတ်ဝန်းကျင် စသည်တို့မှ ဖြစ်နိုင်သော လိင်စိတ်တိမ်းညွှတ်မှုအပေါ် လွှမ်းမိုးမှုများကို ဆန်းစစ်ခဲ့သော်လည်း လိင်စိတ်တိမ်းညွှတ်မှုသည် အချက်တခုခုက သတ်မှတ်ထားသည်ဟု သိပ္ပံပညာရှင်များမှ ကောက်ချက်ချနိုင်သည့် ရှာဖွေတွေ့ရှိမှု မပေါ်ထွက်လာသေးပါ။ အများအထင်တွင် သဘာဝ နှင့် ပြုစုပျိုးထောင်မှု နှစ်မျိုးစလုံးသည် ရှုပ်ထွေးသောကဏ္ဍမှ ပါဝင်နေပြီး၊ လူအများမှာ လိင်စိတ်တိမ်းညွှတ်မှုကို ရွေးချယ်သည်ဆိုသော အတွေ့အကြုံ နည်းနည်းမှ မရှိကြပါ။
မလိုမုန်းထားပြုခြင်း နှင့် ခွဲခြားဆက်ဆံမှုသည် လိင်တူချစ်သူများ၏ ဘဝတွင် မည်သည့် ကဏ္ဍတွင် ပါဝင်နေသနည်း။
အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ တို့သည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုကြောင့် နိုင်ငံအတော်အများတွင် ကျယ်ပြန့်သော မလိုမုန်းထားပြုခံရမှု၊ ခွဲခြားဆက်ဆံခံရမှု နှင့် အကြမ်းဖက်ခံရမှုတို့ကို ကြုံတွေ့ကြရသည်။
လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းတွင် ပုံစံအမျိုးမျိုး ရှိသည်။ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ တို့အပေါ် နှောင့်ယှက်မှု နှင့် အကြမ်းဖက်မှု နှုန်းများပြားခြင်းသည် လိင်တူချစ်သူများပေါ် မလိုမုန်းထားမှု ပြင်းထန်ခြင်းကို ထင်ဟပ်နေသည်။ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ အားလုံးနီးပါးတို့သည် နှုတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု နှင့် ဆဲရေးတိုင်းထွာမှုတို့ကို ကြုံတွေ့ရသည်။ လိင်တူချစ်သူများအပေါ် လုပ်ငန်းခွင်များတွင် ခွဲခြားဆက်ဆံမှုသည်လည်း ကျယ်ပြန့်နေသေးသည်။
HIV နှင့် AIDS ကူးစက်ရောဂါနှင့် ပက်သက်လာလျှင် လိင်တူချစ်သူများအပေါ် မလိုမုန်းထားပြုခြင်း နှင့် ခွဲခြားဆက်ဆံခြင်းတို့သည် ဆိုးရွားသော သက်ရောက်မှုများ ရှိခဲ့သည်။
ရောဂါ စတင်ပေါ်ပေါက် ပြန့်ပွားစဉ်အခါက HIV/AIDS အား ဂေးရောဂါဟု မှန်းဆသတ်မှတ်မှုသည် AIDS ကြောင့် ဖြစ်ပေါ်လာသော ပြင်ထန်းသည့် လူမှုကသောင်းကနင်းဖြစ်မှုကို ဖြေရှင်းရန် နှေးကွေးစေခဲ့သည်။ ဤရောဂါကြောင့် အမျိုးသားချင်းချစ်သူများ နှင့် ကျားမနှစ်မျိုးလုံးချစ်သူ အများအပြားသည် မဖြစ်သင့်ပဲ မတန်တဆ ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။ HIV/AIDS အား အမျိုးသားချင်းချစ်သူများနှင့်ပက်သက်ခြင်း နှင့် လိင်တူချစ်သူတိုင်း ထိုရောဂါကူးစက်နေသည်ဟု အချို့လူများက မှားယွင်းစွာ ယုံကြည်ထားခြင်း စသည်တို့သည် လိင်တူချစ်သူများကို ပိုဆိုးရွားသော ကဲ့ရဲ့အပြစ်ဆိုမှုများ ဖြစ်စေခဲ့ပါသည်။
မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့ကြောင့် မည်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါသလဲ။
မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့သည် လူမှုရေး နှင့် တစ်ကိုယ်ရေ သက်ရောက်မှုများ ရှိနိုင်ပါသည်။ လူမှုရေးအဆင့်တွင် လိင်တူချစ်သူများအပေါ် ထားရှိသော မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့မှာ လိင်တူချစ်သူအသိုင်းအဝိုင်းမှ သူများအပေါ်တွင်ရှိသော တစ်ဖက်သက် အမြင်များတွင် ထင်ဟပ်နေသည်။ ထိုတစ်ဖက်သပ် ပုံသေစွဲမှုများသည် သက်သေအထောက်အထား မရှိပဲနဲ့ တည်တန့်နေကြပြီး၊ လိင်တူချစ်သူများအပေါ် တရားမမျှတသော ဆက်ဆံမှုများ ပြုလုပ်ရာတွင် ၎င်းတို့ကို အကြောင်းပြချက်အနေနှင့် သုံးသည်။ ဥပမာ အလုပ်အကိုင် အခွင့်အလမ်းများကို ကန့်သတ်ခြင်း၊ မိဘ ဖြစ်ပိုင်ခွင့် မပေးခြင်း နှင့် ၎င်းတို့၏ အချင်းချင်းအကြားမေတ္တာကို အသိအမှတ် မပြုခြင်း စသည်တို့ကို ပြုလုပ်ရာတွင် လိင်တူချစ်သူများအပေါ်ရှိသော တစ်ဖက်သပ် အယူစွဲမှုများဖြင့် အကြောင်းပြကြသည်။
တစ်ကိုယ်ရေ အဆင့်တွင်လည်း ထို မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့ကြောင့် အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူများသည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို ဖုံးကွယ်ပြီး မိမိကိုယ်ကို ငြင်းဆန်ပါက ဆိုးရွားသော အကျိုးဆက်များကို ဖြစ်စေပါသည်။ လိင်တူချစ်သူ အများအပြားသည် လိင်တူချစ်ခြင်းကို လူ့အသိုင်းအဝိုင်းမှ အဆိုးမြင်နေခြင်းကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းရှာဖွေနိုင်ကြသော်လည်း ဤကဲ့သို့ မလိုမုန်းထားမှု ဆက်လက်ဖြစ်ပေါ်နေမှုသည် ကျန်းမာရေးနှင့် ခန္ဓသုခအပေါ် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေနိုင်ပါသည်။ အခြား လက္ခဏာများ ဖြစ်ကြသော လူမျိုး၊ တိုင်းရင်းသား၊ ဘာသာ နှင့် မသန်စွမ်းမှု စသည်တို့အပေါ် အခြေခံ၍ ထိုသက်ရောက်မှုသည် သက်သာနိုင်သလို ပိုဆိုးရွားမှုလည်း ဖြစ်နိုင်ပါသည်။ အချို့ လိင်တူချစ်သူများသည် အဆိုးမြင်ခံရခြင်း နဲလျှင်နဲနိုင်ပေမဲ့ အချို့အတွက်တော့ ၎င်းတို့၏ လူမျိုး၊ တိုင်းရင်းသား၊ ဘာသာ၊ မသန်စွမ်းမှု စသည်တို့ကြောင့် မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့၏ သက်ရောက်မှုသည် ပိုမိုများပြားစွာ ဆိုးရွားသွားနိုင်ပါသည်။
လိင်တူချစ်သူများ မကြာခဏပြုခံရလေ့ရှိသည့် မလိုမုန်းထားမှု၊ ခွဲခြားဆက်ဆံမှု နှင့် အကြမ်းဖက်မှု စသည်တို့ ကျယ်ပြန့်နေခြင်းသည် စိတ်ကျန်းမာရေးအတွက် အရေးပါသော စိုးရိမ်စရာများ ဖြစ်ကြသည်။ ၎င်းတို့သည် လိင်တူချစ်သူများအဖို့ အဓိက စိတ်ဖိစီးစရာ အရင်းမြစ်များ ဖြစ်ကြသည်။ လူမှုရေးထောက်ပံ့မှုသည် ထို ဖိစီးမှုများကို ရင်ဆိုင်နိုင်ရန် အရေးပါသော်လည်း လိင်တူချစ်သူများကို ဆန့်ကျင်နေသော သဘောထားများနှင့် ခွဲခြားဆက်ဆံမှုတို့ ရှိနေခြင်းကြောင့် လိင်တူချစ်သူများအနေနှင့် ထိုကဲ့သို့ ထောက်ပံ့မှုကို ရှာဖွေရန် အခက်အခဲကို ဖြစ်စေပါသည်။
လိင်တူချင်းချစ်ခြင်းသည် စိတ်ရောဂါတစ်ခု ဖြစ်ပါသလား။
လိင်တူချင်းချစ်ခြင်းသည် စိတ်ရောဂါတစ်ခု မဟုတ်ပါ။
အမျိုးသမီးချင်းချစ်ခြင်း၊ အမျိုးသားချင်းချစ်ခြင်း နှင့် ကျားမနှစ်မျိုးလုံးချစ်ခြင်း စသည်တို့သည် ရောဂါများ မဟုတ်ပါ။ သုတေသနများသည် လိင်စိတ်တိမ်းညွှတ်မှု မည်သည့် တစ်ခု နှင့် စိတ်ဝေဒနာစွဲကပ်မှုအကြားတွင် ရှိရင်းစွဲ ပက်သက်မှုကို ရှာ၍မတွေ့ပါ။ လိင်တူချင်းစွဲလမ်းမှုကော လိင်ကွဲကိုစွဲလမ်းမှုကပါ လူသားများ၏ လိင်စိတ်လက္ခဏာ၏ သာမှန် အသွင်အပြင်များပင် ဖြစ်သည်။ ၎င်းတို့ နှစ်မျိုးလုံးကို ယဉ်ကျေးမှုအမျိုးအမျိုးနှင့် သမိုင်းခေတ်ကာလ အဆက်ဆက်တို့တွင် မှတ်တမ်းတင်ထားသည်ကို တွေ့နိုင်သည်။ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူတို့အား စိတ်မှားယွင်းသူဟု ဖော်ပြနေသော အမြင်မှားများ ရှိနေသော်လည်း၊ ဆယ်စုနှစ်ပေါင်းများစွာ စုပေါင်းလာသော သုသေသနများ နှင့် ဆေးကုသမှုနယ်ပယ်မှ အတွေ့အကြုံများသည် ဆေးပညာ နှင့် စိတ်ကျန်းမာရေးအဖွဲ့အစည်းများ အားလုံးကို မှတ်ချက်ချစေသည်မှာ မည်သည့် လိင်စိတ်တိမ်းညွှတ်မှုမဆို လူ့အတွေ့အကြုံ၏ သာမာန်သွင်ပြင်သာ ဖြစ်သည်ဟူ၍ပင်ဖြစ်သည်။ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူတို့၏ ဆက်ဆံရေးများမှာ လူသားများအနှောင်ဖွဲ့မှု၏ သာမှန်သွင်ပြင်သာ ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းများကြီးသည် လိင်တူချစ်ခြင်းအား စိတ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ခြင်းမှု စွန့်လွတ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
ဖွင့်ပြောခြင်း (အင်္ဂလိပ်လို coming out) ဆိုသည်မှာ ဘာပါလဲ။ အရေးကြီးပါသလား။
ဖွင့်ပြောခြင်း (coming out) ဆိုသော စကားလုံးမှာ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူ နှင့် ကျားမနှစ်မျိုးလုံးချစ်သူများ၏ ဘဝအတွေ့အကြုံများရှိ အခန်းကဏ္ဍအမျိုးမျိုးနှင့် ဆက်စပ်နေပါသည်။ ၎င်းတို့ထဲတွင် လိင်တူအပေါ်တွင် စွဲမက်နေသည်ကို မိမိကိုယ်ကို သတိပြုသိရှိပြီး အသိအမှတ်ပြုခြင်း၊ အခြားတစ်ဦးတစ်ယောက် (သို့မဟုတ်) အချို့ကို ထိုစွဲမက်မှုများကို ဖွင့်ပြောပြခြင်း၊ မိမိပတ်ဝန်းကျင်ရှိ လူအများကို ပွင့်လင်းစွာဝန်ခံခြင်း နှင့် လိင်တူချစ်သူအသိုင်းအဝိုင်းတွင် မိမိဆန့်ဝင်သည်ဟု မိမိကိုယ်ကို သတ်မှတ်ခြင်း စသည့်အဆင့်အမျိုးမျိုး ပါဝင်ပါသည်။ လူအများသည် မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုတို့အား ကြုံတွေ့ရမည့် အန္တရာယ်များကို ကြောက်ရွံ့သောကြောင့် ဖွင့်ပြောရန် စိုးရွံ့တတ်ပါသည်။ အချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုသတ်မှတ်ပုံကို လျှို့ဝှက်ထားကာ၊ အချို့မှာ အခြေအနေအမျိုးမျိုးအပေါ် မူတည်၍ ဖွင့်ပြောတတ်ကြပြီး၊ အချို့ကတော့ ပတ်ဝန်းကျင်ကို ပွင့်ပွင့်လင်းလင်း ပြောပြရန် ဆုံးဖြတ်ကြသည်။
ပုန်းကွယ်နေရာမှ ဖွင့်ပြောခြင်းသည် လိင်တူချစ်သူများအတွက် အရေးပါသော စိတ်ပိုင်းဆိုင်ရာ ခြေလှမ်းတစ်ခု ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို အပြုသဘောဆောင်သော ခံစားချက်ဖြင့်မြင်ပြီး ၎င်းကို မိမိဘဝအတွင်း အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထည့်သွင်းခြင်းသည် ထိုသူ၏ စိတ်ကျန်းမာရေးနှင့် ကျန်းမာသုခကို အများကြီး အထောက်အကူဖြစ်စေပါသည်ဟု သုတေသနများက ပြပါသည်။ လက်ခံထည့်သွင်းခြင်းဆိုသည်မှာ မိမိ မည်သူမည်ဝါဖြစ်ကြောင်းကို သူများအပေါ်ဖုံးကွယ်မထားခြင်းပါဝင်နိုင်သလို မိမိကဲ့သို့သော အခြားလိင်တူချစ်သူများ၏ အသိုင်းအဝိုင်းတွင် ပါဝင်ဆင်နွဲခြင်းလည်း ဖြစ်နိုင်သည်။ မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို အခြားသူများနှင့် ဆွေးနွေးနိုင်ခြင်းသည် လူမှုထောက်ပံ့မှု ရနိုင်မှုကို တိုးမြင့်ပြီး ထိုထောက်ပံ့မှုသည် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာသုခအတွက် အလွန်အရေးပါသည်။ ဆန့်ကျင်ဘက်လိင်ချစ်သူများ
ကဲ့သို့ပင် လိင်တူချစ်သူများသည်လည်း မိသားစု၊ သူငယ်ချင်းမိတ်ဆွေ နှင့် သိကျွမ်းသူများနှင့် မိမိ၏ ဘဝကိုဝေမျှပြီး ၎င်းတို့ဆီမှ အထောက်အပံ့ ရနိုင်ခြင်းမှ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ထိုကြောင့် မိမိ၏ လိင်စိတ်တိမ်းညွှတ်မှုကို ဖုံးကွယ်ထားရမည်ဟု ခံစားရသော လိင်တူချစ်သူများသည် ပိုမိုပွင့်လင်းသော လိင်တူချစ်သူများထက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများကို ပိုမိုကြုံတွေ့ရသည်မှာ မဆန်းပါ။
လိင်တူနှစ်ဦးအကြား၏ မေတ္တာရေးမှာ မည်သို့သော သဘောသဘာဝ ရှိပါသလဲ။
သုတေသနများမှ ဖော်ညွန်းသည်မှာ အမျိုးသမီးချင်းချစ်သူ နှင့် အမျိုးသားချင်းချစ်သူများသည် တစ်ဦးကိုတစ်ဦး သစ္စာရှိစွာလက်တွဲပေါင်းသင်းလိုစိတ်ရှိပြီး တကယ်ပင်ပေါင်းသင်းကြပါသည်။
သုသေသနများက မှားယွင်းကြောင်း ဖော်ပြထားသော်လည်း လိင်တူချစ်သူများနှင့် ပက်သက်သော အမြင်မှားမှုများသည် ဆက်လက်တည်ရှိနေသေးသည်။ ဥပမာ အမြင်မှားတစ်ခုမှာ လူအများသည် အမျိုးသမီးချင်းချစ်သူ နှင့် အမျိုးသားချင်းချစ်သူများ၏ မေတ္တာရေးသည် လက်တွေ့မကျပဲ မပျော်ရွှင်ဟု သတ်မှတ်ကျသည်။ သို့သော် လေ့လာမှုများသည် လိင်တူချစ်သူများ နှင့် ဆန့်ကျင်ဘက်လိင်ချစ်သူ စုံတွဲများသည် မေတ္တာရေးတွင် ကျေနပ်မှုရှိမှု နှင့် တစ်ဦးကိုတစ်ဦး သစ္စာရှိမှုတို့ကို တိုင်းတာရာတွင် တူညီကြောင်း ပြသသည်။
ဒုတိယ အမြင်မှားတစ်ခုမှာ လိင်တူချစ်သူများ၏ မေတ္တာရေးသည် မတည်မြဲဟူ၍ ဖြစ်သည်။ သို့သော် လူ့အသိုင်းအဝိုင်းမှ လိင်တူချစ်ခြင်းကို မုန်းတီးမှုပြသသော်လည်း သုတေသနမှ ပြသသည်မှာ လိင်တူချစ်သူများသည် ကြံ့ကြံ့ခံသော ဆက်ဆံရေးမျိုးရှိသည်ဟူ၍ ဖြစ်သည်။ နောက်တစ်ချက်မှာ လိင်တူချစ်သူစုံတွဲများသည် ဆန့်ကျင်ဘက်လိင်ချစ်သူစုံတွဲများကဲ့သို့ တူညီသော အထောက်အပံနှင့် အသိအမှတ်ပြမှုကိုရရှိပါက လူနှစ်ဦးမေတ္တာရေးဘဝ၏ တည်ငြိမ်မှုသည် ပိုမိုအားကောင်းလာမည်ဆိုသည်မှာ အကြောင်းအကျိုးသင့်ပါသည်။ အထောက်အပံ့ ဥပမာများမှာ လက်ထပ်ထိမ်းမြားမှုနှင့်ပက်သက်သော တာဝန်ဝတ္တရားများနှင့် တရားဥပဒေအရ ရသင့်ရပိုင်ခွင့်များ စသည်တို့ ဖြစ်ကြသည်။
တတိယ အမြင်မှားတစ်ခုမှာ အမျိုးသမီးချင်းချစ်သူ နှင့် အမျိုးသားချင်းချစ်သူ စုံတွဲများ၏ ရည်မှန်းချက် နှင့် တန်ဖိုးထားသောအရာများမှာ ဆန့်ကျင်ဘက်လိင်ချစ်သူစုံတွဲတို့၏ အရာများနှင့် ကွဲပြားသည်ဟူ၍ ဖြစ်သည်။ အမှန်တွင် သုတေသနများမှ ပြသသည်မှာ မေတ္တာရေး၏ ကျေနပ်မှု၊ သစ္စာရှိမှု နှင့် တည်ငြိမ်မှုတို့ကို လွှမ်းမိုးသော အချက်များမှာ အတူနေကြသော လိင်တူချစ်သူစုံတွဲများကော ဆန့်ကျင်ဘက်လိင်ချစ်သူ အိမ်ထောင်ရှင် စုံတွဲများ အတွက်ပါ အတူတူပင် ဖြစ်ကြသည်။
အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူများ နှင့် ကျားမနှစ်မျိုးလုံးချစ်သူတို့ အပေါ် ခွဲခြားဆက်ဆံမှု နှင့် မလိုမုန်းထားမှုတို့ကို လျှော့ချပယ်ပြောက်အောင် လူအများ မည်သို့လုပ်နိုင်မည်နည်း။
မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုကို လျှော့ချလိုသော လိင်တူချစ်သူများသည် မိမိတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို မိမိကိုယ်ကို ယုံကြည်စွာလက်ခံထားပြီး လိင်တူချစ်သူများကို ဆန့်ကျင်သည့် အယူမှားများ ရှိနေသည့် ပတ်ဝန်းကျင်တွင် မိမိ၏ ယုံကြည်မှုစနစ်ကို ပြန်လည်ဆန်းစစ်နိုင်စွမ်း ရှိရမည်။
လိင်တူချစ်သူများသည် ကိုယ့်အသိုင်းအဝိုင်းရှိ အခြားလိင်တူချစ်သူများဆီမှ အထောက်အပံ့များ ရရှိနိုင်သလို ကိုယ့်ဘက်မှ ရပ်တည်ပေးသော ဆန့်ကျင်ဘက်လိင်ချစ်သူများဆီမှလည်း အထောက်အပံ့ ရယူနိုင်ပါသည်။ လိင်တူချစ်သူများအပေါ်ရှိနေသော မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုကို လျှော့ချလိုသော ဆန့်ကျင်ဘက်လိင်ချစ်သူများအနေနှင့်လည်း လိင်တူချစ်သူများကို ဆန့်ကျင်သည့် မလိုမုန်းထားမှုနှင့် အယူလွဲအမြင်မှားများအပေါ် မိမိတို့၏ တုံ့ပြန်မှုကို ပြန်လည်ဆန်းစစ်ရမည်။ ဆန့်ကျင်ဘက် လိင်ချစ်သူများသည် ၎င်းတို့မှ လိင်တူချစ်သူများအပေါ် နားလည်သဘောပေါက်လာပုံကို အခြားသူများကို ပြန်ရှင်းပြနိုင်သလို လိင်တူချစ်သူများနှင့်အတူတကွ မလိုမုန်းထားမှု နှင့် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ရာတွင် အတူတကွ ဆောင်ရွက်ရမည်။ လိင်တူချစ်သူများနှင့် ယှဉ်လျှင် ဆန့်ကျင်ဘက်လိင်ချစ်သူများသည် အခြားဆန့်ကျင်ဘက်လိင်ချစ်သူများ၏ အပြုအမူနှင့် ယုံကြည်မှုတို့ရှိ မလိုမုန်းထားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုတို့ ဖြစ်နေစေသော သဘောသဘာဝများကို ပြန်လည် ဆင်ချင်တွေးတောရန် ပြောဆိုဖို့ ပိုမို အားသာသော အနေအထားတွင်ရှိသည်။ ဆန့်ကျင်ဘက်လိင်ချစ်သူ မဟာမိတ်များသည် မိမိတို့၏ ပတ်ဝန်းကျင်တွင် လိင်စိတ်တိမ်းညွှတ်မှု အမျိုးအစားအားလုံးကို အားလုံးပါဝင်စေမည့် ခွဲခြားဆက်ဆံမှုမရှိသော မူဝါဒများ ပြုလုပ်နိုင်အောင် အားပေးနိုင်သည်။ ၎င်းတို့သည် လိင်တူချစ်သူများက ဖွင့်ပြောလာလျှင် လုံခြုံမှုပေးနိုင်အောင် ပြုလုပ်နိုင်သည်။ အမျိုးသမီးချင်းချစ်သူ၊ အမျိုးသားချင်းချစ်သူများနှင့် ကျားမနှစ်မျိုးလုံး ချစ်သူများသည် ၎င်းတို့၏ လိင်စိတ်တိမ်းညွှတ်မှုကို အများကိုပြောပြနိုင်သော ခံစားမှုမျိုး ရရှိလာသောအခါတွင် ဆန့်ကျင်ဘက်လိင်ချစ်သူများအနေနှင့် ၎င်းတို့ကို သာမာန်လူသားများအဖြစ် မြင်နိုင်ပြီး ပိုမိုရင်းနှီးစွာ ဆက်ဆံတွေ့ကြုံနိုင်ကာ နားလည်မှု ပိုမိုကောင်း မွန်လာနိုင်မည်ဖြစ်သည်။
မလိုမုန်းထားမှုနှင့် ပက်သက်သော လေ့လာချက်များအရ လူများစုအုပ်စုထဲမှ လူများသည် လူနည်းစုအုပ်စုထဲမှ လူများနှင့် ဆက်ဆံတွေ့ကြုံမှုများ ပြုလုပ်ပါက မလိုမုန်းထားမှုသည် ကျဆင်းသွားကြောင်း ပြသသည်။ ထို့ကြောင့် ဆန့်ကျင်ဘက်လိင်ချစ်သူများမှ လိင်တူချစ်သူများကို လက်ခံလာမှုကို အကြီးမားဆုံးလွှမ်းမိုးနိုင်သည့် အချက်မှာ လိင်တူချစ်သူများနှင့် ရင်းနှီးစွာ တွေ့ကြုံဆက်ဆံခြင်းပင် ဖြစ်သည်။ မိသားစုအသိုင်းအဝိုင်းအတွင်း သို့မဟုတ် မိတ်ဆွေသူငယ်ချင်း အသိုင်းအဝိုင်းအကြားတွင် ဆန့်ကျင်ဘက်လိင်ချစ်သူများကို ပွင့်လင်းစွာ ဖွင့်ပြောထားသော လိင်တူချစ်သူများရှိသော အသိုင်းအဝိုင်းတွင် လိင်တူချစ်သူများကိုဆန့်ကျင်သော သဘောထားများ လွန်စွာ နည်းပါးလေ့ရှိသည်။
ဤ ပြဠာန်းချက်ကို အီလက်ထရောနစ် စာဆောင်အဖြစ် ရယူလိုပါက ဤနေရာတွင် PDF ကို ရယူနိုင်ပါသည်။ ဤစာဆောင်ကို မည်သူ့ကိုမဆိုဝေမျှနိုင်ပါသည်။ ပုံနှိပ်ပြီး မိမိ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို နားလည်မှု ပိုမိုကောင်းမွန်ပြုလုပ်လို၍ ပြသလိုပါကလည်း ဖြန့်ဝေနိုင်ပါသည်။

































