Search

Content

Showing posts with label LGBTအခွင့်အရေး. Show all posts
Showing posts with label LGBTအခွင့်အရေး. Show all posts
0 comments

မြန်မာနိုင်ငံမှာ လိင်တူချစ်သူများအနေနှင့်လည်း အမျိုးသမီးတူညီမျှရေးအတွက် ဘာကြောင့် အတူတူတိုက်ပွဲဝင်ပေးသင့်သလဲ


ဒီကနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် မည်သည်ကြောင့် လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများကို အမြင်စောင်း၊ နှိမ့်ချ၊ ရွံမုန်း၊ အထင်သေး၊ လှောင်ပြောင်လိုသည့် စိတ်ဓာတ်များအရင်းစွဲတည်ရှိနေရပါသလဲ။ လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများကို ခြုံငုံ၍ နှိမ့်ချခေါ်လေ့ရှိသည့် "အခြောက်"ဟူသော နာမည်နောက်ရှိ မည်ကဲ့သို့သော အယူအဆများက ကျွန်တော်တို့၏ အတွေးအေခါ်ကို လွှမ်းမိုးပုံသွင်းနေပါသလဲ။

လူ့အဖွဲ့အစည်းအတော်အများသည် ယောက်ျားမိန်းမကို တန်ဖိုးခွဲတတ်ကြလေ့ရှိပါသည်။ ရှေးရိုးစဉ်လာအရ အမျိုးသမီးများကို ယောက်ျားများနှင့်ယှဥ်လျှင် ဒုတိယအဆင့်တွင် ရှိကြသည်ဟု ရှုမြင်လေ့ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် လူအများ ရှေးရိုးစွဲ အပြောတစ်ခုရှိပါသည်။ ၎င်းမှာ "ယောက်ျားစစ်ရင် ရဲရင့်တယ်၊ ယောက်ျားဘသား" စသဖြင့် အယူအဆ ဝိသေသတစ်ခုဖြစ်သည်။ သို့သော် ယောက်ျားစစ်သည် မစစ်ဘူးဆိုသည်အား မည်ကဲ့သို့ သတ်မှတ်၍ရနိုင်ပါသလဲ။ ယောက်ျား-မိန်းမ ဆိုသည်မှာ လူ့ပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှုက သတ်မှတ်ထားသည့် အရာများဖြစ်ပါသည်။ ယဉ်ကျေးမှုတစ်ခုနှင့်တစ်ခုလည်း မတူကြပါ။

ယောက်ျားအချင်းချင်း မေတ္တာသက်ဝင်ကြလျှင် သူတို့ထဲမှ တစ်ဦး (သို့မဟုတ်) နှစ်ဦးစလုံးဟာ ယောက်ျားအဖြစ်မှ နှိမ့်ကျပြီး မိန်းမစိတ်ဝင်သည် သို့မဟုတ် မိန်းမအဖြစ်သို့ ရောက်ရှိသွားပြီး နှိမ့်ကျသူအဖြစ် အမြင်ခံရသည့်ပုံစံ ဖြစ်သွားတတ်သည်။ လိင်ကွဲချစ်သူများ (Straight) ဖြစ်သည်ဆိုသည်မှာ ပုံမှန်ဆိုလျှင် ဆန့်ကျင်လိင်ကို စိတ်ဝင်စားခြင်းကို ဆိုလိုပါသည်။ လိင်တူချစ်သူ (ဂေး) ဖြစ်သည်ဆိုသည်မှာ ပုံမှန်ဆိုလျှင် လိင်တူကို စိတ်ဝင်စားခြင်းကို ဆိုလိုပါသည်။ ပင်ကိုယ်စိတ်နှင့် ပြုမူနေထိုင်ပုံနှင့် မည်သို့မျှ မသက်ဆိုင်ပါ။

သို့သော် မိန်းမစိတ်ဆိုသည်မှာလည်း မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသည်တွင်လည်း မူတည်ပါသည်။ ကျွန်တော်တို့ မြန်မာ့လူ့အသိုင်းအဝိုင်းတွင် အရည်အချင်းတစ်ခုကို ယောက်ျားနှင့်သာ သို့မဟုတ် မိန်းမနှင့်သာ ဆိုင်သည်ဟု သတ်မှတ်ထားတတ်လေ့ရှိပါသည်။ လူတစ်ယောက်နှင့် တစ်ယောက်မတူနိုင်ပါ။ ထို့ကြောင့် ဥပမာ ကြောက်တတ်သည့် စိတ် (သို့) စိတ်နုကိုယ်နုခြင်းသည် မိန်းမအရည်အချင်းဟု ပြော၍မရပါ။ ယောက်ျားများအထဲမှ စိတ်ကြံ့ခိုင်သူရှိနိုင်သလို စိတ်နုသည့်သူများလည်း ရှိနိုင်ပါတယ်။ ထို့အတူ မိန်းမများထဲမှာလည်း စိတ်ကြံ့ခိုင်သူအများကြီးရှိသည်။ ၎င်းတို့ဟာ ပင်ကိုယ်အနေအထားနှင့် ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်နှင့်သာ ဆိုင်ပါသည်။ ယောက်ျားမိန်းမဖြစ်ခြင်းနှင့် ဒွန်တွဲသတ်မှတ်၍ မရနိုင်ပါ။  စိတ်နေသဘောထားဆိုတာ ယောက်ျား-မိန်းမနှင့် မဆိုင်သလို ကြောက်တတ်သည့်စိတ်ကိုလည်း ညံ့သည်ဟုပြောလျှင် မှားပါသည်။ ဤအချက်တချက်ကို ခွဲခြားထားရမယ်။ ထို့ကြောင့် အမြဲတမ်း ထိုအရည်အသွေးအများကြောင့် ယောက်ျာစိတ်ဝင်ခြင်း မိန်းမစိတ်ဝင်ခြင်းဖြစ်ကာ လိင်တူချစ်ခြင်းဖြစ်ရသည်ဟု ပုံသေသတ်မှတ်၍ မရပါ။ 

ဒုတိယအချက်မှာ ကျွန်ုပ်တို့ မြန်မာအတွေးအခေါ်တွင် အဆင့်အတန်း အလွန်ခွဲခြားတတ်သည်။ လူတစ်နဲ့တစ်ဦး မည်သူက ပိုသာသည်ကို အမြဲတစေ မသိစိတ်က အဆင့်သတ်မှတ်နေတတ်သည်။ မြန်မာနိုင်ငံအပါအဝင် မတိုးတက်သေးသော လူ့အဖွဲ့အစည်းအများအပြားသည် အမျိုးသမီးများ၏ တန်ဖိုးကို နှိမ့်ချလေ့ရှိကြသည်။ သို့သော် အမှန်တော့ လူသားတိုင်း အတူတူသာ မွေးဖွားလာသည်ဆိုသော အချက်ကို မြင်ရမည်။ လိင်တူချစ်သူများအပါအဝင် မြန်မာနိုင်ငံရှိလူအတော်အများ၏ စိတ်ထဲတွင် ယောက်ျား၊ မိန်းမ၊ ဂေး၊ straight စသည်တို့ကို အဆင့်များ ခွဲခြားထားတတ်ကြသည်။ မိန်းမသည် ယောက်ျားထက် ပိုနိမ့်ကျသည်ဟု ထင်နေတတ်သည်။ ဂေးဆိုတာ straight ထက်ပိုနိမ့်ကျသည်ဟု ထင်နေတတ်သည်။ ထိုအမြင်မှားကို အရင်ဖြေရှင်းဖို့လိုအပ်မည်။ အမှန်တကယ်တွင် ဤကဲ့သို့မဟုတ်ပါ။ မည်သူကမှ မည်သူထက် မနိမ့်ကျသလို မည်သူကမှ ပိုမြင့်မြတ်တယ်ဆိုသည်မျိုးလည်း မရှိပါ။ အားလုံးသည် တန်းတူဖြစ်ပါသည်။ ထို့အပြင် မကောင်းသည့်အကျင့်များသည် မိန်းမအရည်အချင်းဖြစ်သည်ဟု မြင်၍လည်းမရပါ။ ယောက်ျားကော မိန်းမမှာပါ ကောင်းသည့်အရည်အချင်းကော မကောင်းသည့်အရည်အချင်းပါ ရှိနိုင်တယ်။ ထို့ကြောင့် သပ်သပ်စီ ခွဲမြင်ရပါမည်။ လူတစ်ယောက်ယောက်ကို သူလုပ်သည့် အလုပ်နှင့် အကျင့်ကိုသာ ကြည့်ပြီး၍သာ ကောင်းသည် မကောင်းသည်ကို သတ်မှတ်နိုင်ပါသည်။ နှိမ့်ကျခြင်းသည် စာရိတ္တနှင့်သာ ဆိုင်ပါသည်။ ဗုဒ္ဓဘာသာအမြင်ရှုထောင့်မှ ကြည့်မည်ဆိုပါကလည်း ကျားမ၊ ဂေး၊ straight မည်သူမှ မနှိမ့်ကျပါ။ သူယောက်ျားဖြစ်၍ မိန်းမဖြစ်၍ ဟူ၍နှင့်လည်း မဆိုင်ပါ။ မည်သူ့ကို စွဲလမ်းတယ်ဆိုသည်နှင့်လည်း မဆိုင်ပါ။

ယောက်ျားတစ်ယောက်ကို စွဲလမ်းခြင်း သို့မဟုတ် မိန်းမတစ်ယောက်ကို စွဲလမ်းခြင်း သို့မဟုတ် ကျားမနှစ်မျိုးစလုံးကိုတပြိုင်နက်စွဲလမ်းခြင်းသည် ယောက်ျားစိတ်ရှိခြင်း မိန်းမစိတ်ရှိခြင်းကို မဆိုလိုပါ။
လူတစ်ယောက်သည် ယောက်ျားတစ်ယောက်၊ (သို့) မိန်းမတစ်ယောက်၊ (သို့) နှစ်ယောက်စလုံးကို စွဲလမ်းနိုင်ပါတယ်။ ယောက်ျားကိုစွဲလမ်းခြင်းသည် မိန်းမစိတ်မဟုတ်သလို၊ မိန်းမကို စွဲလမ်းခြင်းသည်လည်း ယောက်ျားစိတ် မဟုတ်ပါ။ ၎င်းကို မည်သို့မှ အဓိပ္ပါယ်ကောက်၍မရပါ၊ မိန်းမစိတ်၊ ယောက်ျားစိတ်ဆိုသည်မှာ လွဲမှားပြီး ကျဉ်းမြောင်းစွာ သတ်မှတ်ထားသည့် အတွေးအခေါ် နှင့် အခေါ်အဝေါ်များသာ ဖြစ်ပါသည်။ ထိုမှတစ်ဆင့် နိမ့်ချလိုသော စိတ်များဖြစ်ပေါ်စေပါသည်။
ထို့ကြောင့် မြန်မာလူအများ၏ မသိစိတ်ထဲတွင် (လိင်တူချစ်သူများ၏ စိတ်ထဲတွင်အပါအဝင်) အခြားပတ်ဝန်းကျင်ရှိလူများကို ကျားမ၊ ဂေး စသည်တို့ကို အခြေခံကာ နှိမ်လိုစိတ်များသည် ကိန်းအောင်းနေပြီး လူတစ်ဦးကို အလျှင်စလို တန်ဖိုးဖြတ်တတ်ကြပါသည်။ ထိုနှိမ်စိတ်မှတဆင့် ပိုဆိုးလာသည့်အခါ ကြောက်စိတ်အဖြစ် ပြောင်းလဲသွားပါတယ်။ ထို့နောက် ကြောက်စိတ်ကနေတဆင့် မုန်းတီးစိတ်ကို ပြောင်းလဲသွားပါသည်။ လိင်တူချစ်သူများ ကိုယ်၌ပင်တွင်လည်း မည်သူက ပိုမြင့်မြတ်သည် မည်သူက နှိမ့်ကျသည်ဟူသော အမြင်မှားများကြောင့် ထိုနိမ့်ကျသည်ဟု ထင်ထားသည့်ဘက်သို့ ကျဆင်းသွားမည်ကို ကြောက်စိတ် ဖြစ်နေခြင်းသာ ဖြစ်သည်။

တနည်းဆိုရသော် လိင်တူချစ်သူများကိုယ်၌က မိမိကိုယ်ကိုယ် မိန်းမစိတ်ဝင်နေသည်၊ မိန်းမစိတ်ဆိုသည်မှာမကောင်း၊ မိန်းမသည်နိမ့်ကျသည်ဟူသော နှိမ်စိတ်ကနေ ကြောက်ရွှံ့ခြင်းဖြစ်လာကာ ထိုမှတဆင့် မိမိကိုယ်ကိုယ် ယုံကြည်မှုကျဆင်း (သို့) မုန်းတီးမှုများ ဖြစ်လာနိုင်ပါသည်။ မိမိကိုယ်ကို မုန်းတီးရာမှ အခြားသူများကိုပါအလားတူ မုန်းတီးစိတ်ဝင်လာပါသည်။

ထို့အပြင် အထူးသဖြင့် ယောက်ျားချင်းချစ်သူ အချင်းချင်းအကြားမှာပင် လိင်ဆက်ဆံရာတွင် (top နဲ့ bottom) ပေးသူနဲ့ လက်ခံသူဆိုပြီး ခွဲခြားလေ့ရှိရာမှ လက်ခံသူကို နှိမ့်ချမြင်ကြပြီး မိန်းမနှင့်နှိုင်းကာ မိန်းမအဆင့်ရှိသူ၊ အဆင့်နိမ့်သူအဖြစ် မြင်ကြတတ်ပါသည်။ ဒီနေရာမှ လက်ခံသူက မိန်းမအလုပ်၊ မိန်းမသာသာရှိသည်ဟူသော အမြင်ကို မြင်နေခြင်းသည် မြန်မာ့ လူ့အသိုင်းအဝန်း၏ မသိစိတ်မှ အမျိုးသမီးများကို အဆင့်နိမ့်သည်ဟု တွေးဆချက်ကနေ အခြေတည်နေပါတယ်။ ထို့ကြောင့် အခြားယောက်ျားတစ်ဦးကို ချစ်ရခြင်းဟာ သို့မဟုတ် ယောက်ျားချင်းချစ်ရခြင်းဟာ မိန်းမဖြစ်နေသောကြောင့်ဟုဆိုကာ လိင်တူချစ်သူများကို နှိမ့်ချလိုကြပါသည်။ ထိုနှိမ့်ချလိုစိတ်မှာ မြန်မာလူ့အသိုင်းရှိ လူများစု လိင်ကွဲချစ်သူများတွင် ရှိနေသလို လူနည်းစု လိင်တူချစ်သူများတွင်လည်း အလားတူပင်ရှိနေသည်။

ထို့ကြောင့် လူ့အဖွဲ့အစည်းတွင် လိင်တူချစ်သူများ၊ အထူးအဖြင့် ကျားမပြောင်းသူများအား တန်းတူဆက်ဆံမှု နှင့် လူ့ဂုဏ်သိက္ခာလေးစားမှကိုရရှိရန် ပထမဆုံးအနေနှင့်  လိင်တူချစ်သူ အသိုင်းအဝိုင်းထဲမှပင်စ၍ အမျိုးသမီးများအပေါ်ထားသော အမြင်မှားများကို အရင်ပြင်ရပါမည်။ သို့မှသာ ကိုယ့်ကိုယ်ကိုအနေနှင့် လူတိုင်းကို တန်းတူဟု မြင်နိုင်သည့်အခါ မိမိကိုယ်၌လည်းတန်းတူ ဖြစ်သွားပါမည်။ ပြီးမှ ကျွန်တော်တို့ဟာ အမျိုးသမီးများ တန်းတူဆက်ဆံမှု ရရှိနိုင်ရေးအတွက် အတူတူတိုက်ပွဲဝင်ကာ လူသားအားလုံး ဂုဏ်သိက္ခာဖြင့် တန်းတူနေထိုင်နိုင်သော ကမ္ဘာကြီးကို အတူတကွ တည်ဆောက်သွားကြရပါမည်။
0 comments

လိင်တူချစ်သူတို့၏ ဂုဏ်ယူသက်တံအလံ ကောင်းကင်သို့ လွှင့်တင်ခြင်း


Planting Peace ဆိုတဲ့ လူမှုရေးအဖွဲ့အစည်းဟာ အာကာသကောင်းကင်ကို လိင်တူချစ်သူများကို ဖော်ရွေသော ဒေသတစ်ခုအဖြစ် ကြေညာလိုက်ပါတယ်။ ထိုအဖွဲ့အစည်းဟာ အမြင့်ပျံသန်းနိုင်တဲ့ လေဘောလုံးပေါ်မှာ လိင်တူချစ်သူများကို ကိုယ်စားပြုတဲ့ ဂုဏ်ယူသက်တံအလံကို ကောင်းကင်သို့ လွှင့်တင်တာကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ ဒီအလံဟာ ကမ္ဘာမြေပြင်မှ ၂၁.၁ မိုင်အမြင့်သို့ ပျံတက်ခဲ့ပြီး ကောင်းကင်ပေါ်တွင် ၃နာရီတိကြာကြာနေခဲ့ပြီးမှ မြေပေါ်သို့ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် အာကာသကောင်းကင်ဟာလည်း လိင်တူချစ်သူများကို မခွဲခြားပဲ ဖော်ရွေသော နယ်ပယ်တစ်ခုအဖြစ် သင်္ကေတတစ်ခု ထူနိုင်ခဲ့ပါတယ်။

Planting Peace ရဲ့ အဖွဲ့ခေါင်းဆောင် Aaron Jackson က "ဒီအလံကိုလွှင့်တင်ခြင်းဟာ ကမ္ဘာအရပ်ရပ်မှာ လူနည်းစု လိင်တူချစ်သူများ လူတန်းစေ့ တန်းတူ ဂုဏ်သိက္ခာအပြည့်နှင့် ဆက်ဆံခံရတဲ့အထိ လိင်တူချစ်သူအခွင့်အရေးအတွက် တိုက်ပွဲဝင်တာ ရပ်မှာမဟုတ်ဘူးဆိုတာကို ပြသဖို့အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်" ဟု ပြောပါတယ်။

0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၄)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။

ရေးသားပေးပို့ရန် စိတ်ဝင်စားပါ heinhtutsoe@gmail.com သို့ရေးသားနိုင်ပါသည်။ အကယ်၍ သင်သည် မူရင်းရေးသားသူဖြစ်ပြီး ကူးယူဖော်ပြမှုကို မနှစ်သက်ပါကလည်း ပယ်ဖျက်ပေးရန် ဆက်သွယ်နိုင်ပါသည်။  

ယခု အမြင်ကတော့ Equality Myanmar ဒါရိုက်တာ အောင်မျိုးမင်း၏ Facebook wall ပေါ်မှ ၎င်း၏ အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။  
LGBT တွေ အပေါ် သဘာဝလွန်အမူအယာတွေနဲ့ ဟာသလုပ်စရာ၊ စော်ကားစရာ၊ လှောင်ပြောင်စရာ၊ အမြင်ကပ်စရာ အသားပေးရိုက်နေတဲ့ ရုပ်ရှင်တွေအကြောင်း သမီး Shin Thant က တင်ပြသွားတဲ့ရက်မှာပဲ ရုပ်ရှင်လောကသားတွေနဲ့ ဒီအကြောင်းတွေ ပြောဖြစ်ခဲ့ပါတယ်...

၂၀၁၇ နှစ်ထဲ ရုံတင်မဲ့ကားတွေထဲမှာ ဒီလိုပုံစံမျိုးနဲ့ ကားတွေ အများကြီးပါနေဆဲပါတဲ့.. အောက်လုံးတွေနဲ့ ပြောဆိုခိုင်း၊ သရုပ်ဆောင်ခိုင်းတာတွေက တပုံတပင်ပါဘဲ.. တချို့ဒါရိုက်တာဆိုရင် ရိုက်သမျှကားတိုင်းမှာ ဒီလိုဇာတ်ကောင်မျိုးတွေကို မပါပါအောင် ထည့်ရိုက်နေပါတယ်...

ဒီလူတွေကလဲ လူ့လောကဇာတ်ခုံမှာ ပါ၀င်နေတဲ့အတွက် သူတို့အကြောင်းတွေကလဲ ဇာတ်လမ်းတွေပါပဲ... ဒါကိုလက်ခံပါတယ်... ဒါပေမဲ့ တခါလာလဲ ဒီလို မထော်မနမ်းတွေ ၀တ်ပြ၊ သဘာဝလွန် အမူအယာတွေ လုပ်ပြ၊ အောက်ပိုင်း ဟာသတွေပဲ ပြောပြနေတာကတော့ လွန်လွန်းလာပါပြီ... ဒီလိုမျိုးရိုက်ပြတာတွေဟာ LGBT တွေအထင်အမြင်လွဲပြီး ဟာသလုပ်စရာ၊ စော်ကားစရာ၊ လှောင်ပြောင်စရာ၊ အမြင်ကပ်စရာ၊ အကြမ်းဖက်စရာဆိုတဲ့ ပုံစံခွက်ကို ဖန်တီးပေးရာရောက်နေပါတယ်...

သူတို့ဟာ ပျော်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း ဟာသလုပ် ပြောင်လှောင်စရာမဟုတ်ပါဘူး... သူတို့ဟာ အလှကြိုက်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း လူတွေမျက်မုန်းကျိုးလောက်တဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ မနေပါဘူး...
သူတို့ဟာ စကားအဆန်းတွေ ထွင်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း ညစ်ညမ်းတဲ့စကားတွေဘဲ ထွင်နေတာမဟုတ်ပါဘူး...
သူတို့ဟာ ချစ်တတ်ပါတယ်... ဒါပေမဲ့ အမြဲတမ်း လိင်ကိစ္စဘဲ စဉ်းစား၊ ကြံစည်၊ လုပ်ဆောင်နေတာမဟုတ်ပါဘူး...

သူတို့အပေါ် အထင်အမြင်လွဲမှားပြီး အထင်သေးစရာ ပုံစံခွက်တင်ဆက်နေမှုတွေနဲ့ ပတ်သက်လို့ ကျနော်တခုခုကို ထိထိရောက်ရောက် လုပ်ဆောင်ပါ့မယ်... ၀ိုင်းဝန်းအားပေးကြပါ...
0 comments

လိင်တူချစ်သူများ တန်းတူဖြစ်ရေး ဘာ့ကြောင့်အရေးပါသလဲဆိုတာ

LGBT များအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု ရပ်တန့်ပါ။

မေလ ၁၇ ရက်နေ့မှာကျရောက်တဲ့ လိင်တူချစ်သူများနှင့် ကျားမပြောင်းသူများကို မုန်းတီးမှု အပြည်ပြည်ဆိုင်ရာ တိုက်ဖျက်မှုရေးနေ့ (International Day Against Homophobia, Biphobia and Transphobia) (IDAHOT) အတွက် ကမ္ဘာ့ကုလသမ္မဂမှ ပြုလုပ်ထားတဲ့ ဗီဒီယိုမှာ ကမ္ဘာအရပ်ရပ်မှ လိင်တူချစ်သူ အခွင့်အရေးတောင်းဆိုသူများဟာ ၎င်းတို့ ဘာ့ကြောင့် ရှေ့တန်းကနေ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိဖို့ တိုက်ပွဲဝင်နေရတယ်ဆိုတာကို ပြောပြထားပါတယ်။

အောက်ကနိုင်ငံ ၂၁ နိုင်ငံ ထဲမှ တချို့နိုင်ငံတွေကတော့ လုံခြုံရေးအတွက်၊ အချို့ကတော့ ခွဲခြားဆက်ဆံမှုပပြောက်ရေးအတွက် တိုက်ပွဲဝင်နေသလို တခြားနိုင်ငံတွေမှာတော့ ထွေပြားစုံလုံမှုအားလုံးတန်းတူဖြစ်ရေးနှင့် မိသားစုဘဝ ပိုမိုအကောင်းမွန်ရေးတို့အတွက် ကျိုးပမ်းနေကြပါတယ်။


ကမ္ဘောဒီးယား
တန်းတူဆက်ဆံခံရရေးနှင့် ဥပဒေဖြင့် အသိပြုခွင့်ရရေး

ကာဂျစ္စတန်
ခွဲခြားဆက်ဆံမှု အဆုံးသပ်ရေး
ရုရှား
ထွေပြားစုံလင်မှုရရှိရေး
ဘရာဇီး
လွတ်မြောက်လွတ်လပ်ရေး
ဖီဂျီ
လိင်တူချစ်သူများကို အနိုင်ကျင့်ခြင်းကို တိုက်ဖျက်ရေး
အာဂျင်တီးနား
ပိုမိုတရားမျှတသော လူ့အဖွဲ့အစည်းအတွက်
ဗန်နီဇွဲလား
တန်းတူအခွင့်အရေးများအတွက်
ကိပ်ဗာဒေး
လွတ်လပ်ကာ တန်းတူဖြစ်ရေး
ဂူယာနာ
ကျားမ မမျှတမှုကို အဆုံးသတ်ရေး
ဂျပန်
မိသားစုများ ထွေပြားစုံလင်ရေး
ပိုလန်
တန်းတူအခွင့်အရေးများအတွက်
ကူဝိတ်
လုံခြုံမှုရရှိရေးအတွက်
ကော်စတာ ရီကာ
မိသားစုအတွက်
လက်ဘနွန်
ရာဇဝတ်မှုပြုခြင်းကို ပယ်ဖျက်ရေးအတွက်
ဂျမေကာ
လိင်တူချစ်သူများ နှင့် ကျားမပြောင်းသူများ၏ အခွင့်အရေးသည်လည်း လူအခွင့်အရေးဖြစ်ပါသည်။
အမေရိကန် ပြည်ထောင်စု
ကျားမပြောင်းသူများကို မုန်းတီးသတ်ဖျက်မှုနှင့် လူငယ်များ အိုးအိမ်မဲ့ခြင်းကို အဆုံးသတ်နိုင်ရေး
ဗြိတိန်
ချွင်းချက်မရှိ လက်ခံမှု ရရှိရေး
ယူဂန်ဒါ
လိင်တူချစ်သူအမျိုးသမီးများနှင့် ကျားမပြောင်းအမျိုးသမီးများအား စွမ်းရည်မြင့်တင်ရေး
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
မေတ္တာနှင့် နားလည်မှုရရှိရေး
အိန္ဒိယ
လိင်တူချစ်ခြင်းကို ဥပဒေနှင့် အသိမှတ်ပြုရေး
ထိုင်း
တန်းတူညီမျှရေး၊ ဂုဏ်သိက္ခာ နှင့် လူမှုတရားမျှတရေး
0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၃)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။


ယခု အမြင်ကတော့ လင်းလက်ကြယ်စင်က မေးမြန်းထားတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းက အမျိုးသမီးချင်းချစ်သူများအပေါ်ထားတဲ့ အထင်အမြင်များကို တင်ဆက်ထားတဲ့ podcast ကိုဝေမျှပေးချင်ပါတယ်။

0 comments

မြန်မာ လိင်တူချစ်သူများ အလုပ်ခွင်မှာ ဘယ်လိုအခက်အခဲများ ကြုံတွေ့ရပါသလဲ။

လူတစ်ယောက် အရည်အချင်းဆိုတာ သူ၏ လိင်စိတ်ဝင်စားမှုနှင့် ဘာမှ မဆိုင်ဘူးဆိုတာ အထင်အရှားပါ။ ဒါပေမဲ့ လူမှုပတ်ဝန်းကျင်၏ ဖိအားပေးမှုများ၊ အယူမှားမှုများ၊ အစွဲမှားမှုများကြောင့် လိင်တူချစ်သူများ အထူးသဖြင့် ကျားမပြောင်းသူများဟာ အလုပ်ရှင်များမှ ခွဲခြားဆက်ဆံပြီး အလုပ်မပေးတာတွေ၊ အခွင့်အရေးတန်းတူမပေးတာတွေ၊ အလုပ်ခွင်မှာ ဖိနှိပ်တာတွေ၊ လုပ်ဖော်ကိုင်ဖက်များက နှောင့်ယှက်တာတွေကို ကြုံတွေ့ကြရပါတယ်။ ဒါတွေကြောင့် လိင်တူချစ်သူများဟာ သူတို့ရဲ့စွမ်းရည်ကို တန်းတူ အသုံးမချနိုင်သောကြောင့် ပတ်ဝန်းကျင်နှင့် တိုင်းပြည်ကို အပြည့်အဝ အကျိုးမပြုနိုင်ပဲ ဖြစ်ကြရပါမယ်။ လိင်တူချစ်သူများ အလုပ်ခွင်မှာ တွေ့ရတဲ့ အခက်အခဲ၊ အတွေ့အကြုံများနှင့် ပက်သက်လို့ လင်းလက်ကြယ်စင် ရေဒီယို podcast လေးက မေးမြန်းထားတာလေးကို နားဆင်ကြည့်ပါ။

0 comments

ဗြိတိသျှ စစ်တပ်ဟာ လိင်ပြောင်းသူများကိုလည်း တန်းတူ တာဝန်ထမ်းဆောင်ခွင့်ပြု

ဖွံ့ဖြိုးအတိုးတက်ဆုံး  ကမ္ဘာ့ ခေါင်းဆောင်နိုင်ငံ တစ်ခု၏ စစ်တပ်ကို တစေ့တစောင်း ကြည့်မည်ဆိုပါက ရဲရင့်မှု၊ ထူးချွန်မှု နှင့် ထက်မြက်မှုဆိုတာမျိုးဟာ ယောက်ျားဖြစ်မှ၊ ကြမ်းတမ်းခက်ထန်မှ၊ ဗလအားကောင်း မောင်းသန်မှ ဆိုတာမျိုးလို့ ယူဆပြီး တာဝန်ထမ်းဆောင်ခွင့်ပေးတယ် လို့ မသတ်မှတ်ပါဘူး။ သူတို့အတွက် လူတိုင်းဟာ တန်းတူအရည်အသွေးရှိနိုင်တာကို အသိအမှတ်ပြုတဲ့အတွက် သင့်တော်ရာနေရာမှာ တာဝန်ထမ်းနိုင်ဖို့ ယောက်ျားမိန်းမ မခွဲခြားပဲ နိုင်ငံကိုကာကွယ်တဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ပြုတဲ့ အထဲမှာ ကျားမပြောင်းသူ လိင်ပြောင်းလဲသူများကိုလည်း အကာအကွယ်ပေးပြီး တန်းတူအခွင့်အရေး ပေးပါတယ်။ သူတို့အတွက်တော့ လုပ်နိုင်စွမ်း နှင့် အရည်အချင်းဆိုတာ ဇီဝခန္ဓာဖွဲ့စည်းပုံ နှင့် ဘာမှ မဆိုင်ပါဘူး။ လူတိုင်းရဲ့ ကျိုးစားနိုင်မှုနှင့်သာ ဆိုင်တာပါ။

ဗြိတိသျှ မီဒီယာ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ All About Trans မှ ပြုလုပ်ထားသော လိင်ပြောင်းသူများ၏ ဘဝ အကြောင်းကို လူအများ နားလည်းသဘောပေါက်အောင် ပြုလုပ်ထားတဲ့ အောက်က ဗီဒီယိုထဲတွင် စစ်တပ်ထဲက လိင်ပြောင်း စစ်သားများ အကြောင်းကို လေ့လာနိုင်ပါတယ်။


တပ်ကြပ် Hannah Winterbourne ဟာ ဗြိတိသျှ စစ်တပ်မှာ ရာထူးအမြင့်ဆုံး လိင်ပြောင်း အမျိုးသမီး တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဟန်နာဟာ ယခင်က ယောက်ျားစစ်သားအနေနှင့် အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က လိင်ပြောင်းခဲ့ပါတယ်။ သူအဲ့လို ပြောင်းလဲဖို့လည်း စစ်တပ် အထောက်အပံတွေ ပေးခဲ့ပါတယ်။ သူအသက် ၂၃ အရွယ် တုန်းက သူဟာ မိန်းမတစ်ယောက်ဖြစ်တယ်ဆိုတာကို သဘောပေါက်ပြီး ပြောင်းလဲဖို့ စတင်ခဲ့ပါတယ်။ သူ့ကိုသူ ကျားမပြောင်းသူ မိန်ခလေးတစ်ယောက်ပါလို့ ဖွင့်ပြောနိုင်ဖို့ သတ္တိတွေအများကြီးလိုအပ်ခဲ့ပြီး အခက်အခဲများလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဖွင့်ပြောပြီးကတည်းက စစ်တပ်က သူ့အတွက် အကောင်းဆုံး အလုပ်ခွင်တစ်ခုလို ဆက်ဆံခဲ့ပါတယ်ဟု ပြောပါတယ်။

သူ့ကို စစ်တပ်က လေးစားပါတယ် ဘာကြောင့်လဲဆိုတော့ စစ်တပ်ထဲမှာက စွမ်းဆောင်ရည်နဲ့ ရလာဒ်တွေကိုသာကြည့်လို့ပါဟု သူကပြောပါတယ်။ ထို့အပြင် စစ်တပ်က သူ့ရဲ့ တက္ကသိုလ်ပညာရေးကို ပြီးမြောက်အောင်ပါ ပံ့ပိုးပေး ခဲ့ပါသေးတယ်။ ဗြိတိသျှ စစ်တပ်ဟာ ၁၉၉၉ ခုနှစ်ကတည်းက ကျားမပြောင်းသူများကို တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ မူဝါဒတွေ ချမှတ်ပေးထားတာပါ။

ယခုတော့ ဟန်နာ က  ဗြိတိသျှ စစ်တပ်၏ ကျားမပြောင်းသူ တာဝန်းဆောင်သူများ၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး စစ်တပ်ထဲမှ ကျားမပြောင်းသူများ၏ အခက်အခဲ ဖြေရှင်းပေးဖို့နှင့် ကောင်းကျိုးအတွက်လည်း တာဝန်ယူနေပါတယ်။

ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း အမျိုးသမီးအခွင့်အရေးနှင့် တန်းတူညီမျှမှုကို ရရှိအောင် ပြုလုပ်မည်ဆိုပါက ကျားမပြောင်းသူများ (အရပ်အခေါ် ယောက်ျားလျှာ မိန်းမလျှာ) တို့၏ အခွင့်အရေးကို လှစ်လျှူရှုလို့ မရပါဘူး။ ဘာကြောင်လဲဆိုတော့ မိန်းမလျှာတစ်ယောက်ကို ပင်ကို ယောက်ျာလိုမနေပဲ ကျားကျားယားယားမရှိတာ မိန်းမဖြစ်ချင်တာ မကောင်းဘူးဆိုတဲ့ အမြင်နဲ့ ကြည့်နေသေးသရွေ့ လူတွေရဲ့စိတ်ထဲမှာ မိန်းမဆိုတာ မကောင်းဘူးဆိုတဲ့ အတွေးတွေ ရှိနေသေးလို့ပါပဲ။ ထို့အတူပဲ ယောက်ျားလျှာတစ်ဦးကို မိန်းမဆန်ဘူး မသိမ်မွေ့ဘူးလို့ မြင်နေသရွေ့ မိန်းမဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်ရမယ်ဆိုပြီး ဖိနှိပ်နေလို့ပါပဲ။ ထို့ကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ယောက်ျားကမှ ဘုန်းကြီးတယ် ဘယ်သူကမှ ပိုမြင့်မြတ်တယ် အစရှိတဲ့ အယူမှားတွေအားလုံးကို ဖယ်ရှားပြီး အားလုံးဟာ တန်းတူဖြစ်တယ်ဆိုတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ကို လက်ခံနိုင်ပါမှ နိုင်ငံကို တိုးတက်အောင် ချီလှမ်းနိုင်မှာပါ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး မပေးပဲ ခွဲခြားဆက်ဆံနေပါက သူတို့ယူဆောင်လာနိုင်တဲ့ အရည်အချင်းတွေကို နိုင်ငံတော်အနေနဲ့ အများကြီး ဆုံးရှုံးနေတာပဲ။ ထို့အတူပင် LGBT/လိင်တူချစ်သူ နှင့် ကျားမပြောင်းသူများ၏ တန်းတူအခွင့်အရေးအတွက် မလုပ်ဆောင်ပဲ ခွဲခြားဆက်ဆံပြီး လူ့အဖွဲ့အစည်းမှ ပစ်ပယ်နေခြင်းဟာ သူတို့မှ ပေးစွမ်းနိုင်မယ့် လူ့စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ခုပါပဲ။

0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၂)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။ 

ရေးသားပေးပို့ရန် စိတ်ဝင်စားပါ heinhtutsoe@gmail.com သို့ရေးသားနိုင်ပါသည်။ အကယ်၍ သင်သည် မူရင်းရေးသားသူဖြစ်ပြီး ကူးယူဖော်ပြမှုကို မနှစ်သက်ပါကလည်း ပယ်ဖျက်ပေးရန် ဆက်သွယ်နိုင်ပါသည်။


ယခု အမြင်ကတော့ Facebook အသုံးပြုသူတစ်ဦးမှ ဝေမျှထားသော အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။ (မူရင်းရေးသားသူကို မရှာဖွေနိုင်တော့သဖြင့် အသိအမှတ်မပြုပေးနိုင်သည်ကို တောင်းပန်ပါသည်။ မူရင်းရေးသားသူကို အထူး အသိအမှတ်ပြုပါသည်။)
မနက်က ဆွမ်းခံအိမ်က ဟင်းမကျက်တကျက် ဖြစ်နေတာကြောင့် ငါးမိနစ်လောက် စောင့်ပေးပါဘုရားဆိုလို့ စောင့်နေတုန်းမှာ ဘေးအိမ်က ဖခင်ဖြစ်သူက ၁၆/၁၇အရွယ်လောက်ရှိဦးမယ့် သားဖြစ်သူကို သားရေခါးပတ်နဲ့ ပယ်ပယ်နယ်နယ် ဆော်နေတာကို မြင်လိုက်ရပါတယ်။ ကလေးကလည်း ထွက်မပြေးပါဘူး ပေခံနေပါတယ်။ နောက်မအေလုပ်သူက သားဖြစ်သူကို သူ့ကိုယ်နဲ့ ဝင်ကွယ်ပေးတော့မှပဲ ဖအေလုပ်သူက ရိုက်တာကို ရပ်လိုက်ပါတယ်။ စိတ်မကောင်းစရာပါပဲ။ ကိုယ်စိတ်ဝင်စားတာကို ရိပ်မိလို့ထင်ပါတယ် ဆွမ်းခံအိမ်က ဒကာမကြီးက ဆွမ်းလောင်းရင်းနဲ့ "ကလေးက ခပ်ခြောက်ခြောက်လေး ဖြစ်နေလို့ ဖအေလုပ်သူက ရိုက်တာဘုရား။ တပည့်တော်တို့လည်း အိမ်ချင်းကကပ်နေတော့ စိတ်မချမ်းသာဘူး" လို့ လျှောက်ပါတယ်။ အကြောင်းစုံသိရတော့ ကိုယ်လဲ စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်တော့ ဒီပြဿနာက ရိုက်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာလည်း မဟုတ်ပါဘူး။ "ယောက်ျားချင်းချစ်ကြိုက်တဲ့သူ မိန်းမချင်းချစ်ကြိုက်တဲ့သူတွေဟာ ကမ္ဘာဦးကာလ လူ့အသက်တမ်းငါးရာရှည် စဉ်တုန်းက စတင်ပေါ်ပေါက်ခဲ့တယ်" လို့ ဘုရားရှင်က ပါထိကဝဂ္ဂပါဠိတော် အဂ္ဂညသုတ်မှာ ဟောကြားခဲ့ပါတယ်။ ကမ္ဘာဦးကတည်းက ရှိလာခဲ့တဲ့အရာကို အခုချိန်ထိ လက်မခံနိုင်သေးတာဟာ လူအတ္တကြောင့် ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ တချို့သောအရာက မဖြစ်မနေကို လက်ခံပေးရမှာပါ။ ဒီလိုမှမဟုတ်ရင် ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။
ကာမေသုမိစ္ဆာရကံ အားကြီးသောသူ၌ ၁) မလိုမုန်းထားသူ ပေါများခြင်း၊ ၂) မုန်းရုံမက ရန်သူလည်းများခြင်း၊ ၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း။ ၄) ချမ်းသာမှကင်းဆိတ်ခြင်း၊ ၅) မိန်းမဖြစ်ရခြင်း၊ ၆) မိန်းမမဟုတ် ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊ ၈) ယောကျာ်းဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊ ၉) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊ ၁၀) အင်္ဂါလက္ခဏာ ဣန္ဒြေတို့ ယွင်းသွေချို့သေးသိမ်ခြင်း၊ ၁၁) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊ ၁၂) ချစ်သူနှင့် ကွေကွင်းရခြင်း ဆိုတဲ့ ဆိုးကျိုးတွေကို ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူများဟာ ၀ဋ်အနေနဲ့ ခံစားရတယ်လို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်။ ဒီဟောကြားချက်ကြောင့် မိန်းမဖြစ်သူတိုင်း Gayဖြစ်နေသူတိုင်းဟာ ကာမေသုမိစ္ဆာရကံ ကျူးလွန်ခဲ့သူတွေ ဖြစ်တယ်လို့ တစ်ထစ်ချထင်မှတ်နေကြကာ ယုတ်ညံ့သူများအဖြစ် သတ်မှတ်ထားကြပါတယ်။ တကယ်တော့ ဘုရားရှင်က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြများ ဒီအကျိုးဆက်တွေကို ၀ဋ်အနေနဲ့ ခံစားရတတ်တယ်လို့သာ ဟောကြားလိုရင်း ဖြစ်ပါတယ်။ မိန်းမဖြစ်နေသူတိုင်း Gayဖြစ်နေသူတိုင်းဟာ ကာမေသုမိစ္ဆာစာရကံကြောင့်သာ ဖြစ်နေကြရတယ်လို့ ဟောကြားလိုရင်း မဟုတ်ပါဘူး။ အကြင်မိန်းမသည် မိမိ၏ မိန်းမဣန္ဒြေ၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမမာန်၊ မိန်းမဆန္ဒ၊ မိန်းမအသံ၊ မိန်းမအဝတ်တန်ဆာတို့ကို နှလုံးသွင်း၏။ ထိုမိန်းမဣန္ဒြေစသည်တို့၌ တပ်မက်မွေ့လျော်၏။ ယောက်ျား၏ ယောက်ျားဣန္ဒြေတို့၌လည်း တပ်မက်မွေ့လျော်၏။ ယောက်ျားနှင့် ပေါင်းဖော်ရန်အလိုရှိ၏။ ထိုမိန်းမသည် မိန်းမအဖြစ်(မိန်းမဘဝ)ကို မလွန်မြောက်သေး။ အကြင်မိန်းမသည်ကား မိမိ၏ မိန်းမဣန္ဒြေစသည်တို့ကို နှလုံးမသွင်း၊ မိန်းမဣန္ဒြေစသည်တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ၊ ယောက်ျား၏ ယောက်ျားဣန္ဒြေစသည်တို့ကိုလည်း နှလုံးမသွင်း တပ်မက်နှစ်သက်ခြင်း မရှိ၊ ယောက်ျားနှင့်ပေါင်းဖော်ရန်လည်း အလိုမရှိ၊ ထိုမိန်းမသည်ကား မိန်းမအဖြစ်ကို လွန်မြောက်၏။ (မိန်းမဘဝမှ ယောက်ျားဘဝသို့ ပြန်လည်ရရှိ၏) အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ၊ ယောက်ျားအမူအရာ စသည်တို့ကို နှလုံးသွင်း၏။ ထိုယောက်ျားဣန္ဒြေ စသည်တို့၌ တပ်မက်မွေ့လျော်၏။ ထိုမိန်းမဣန္ဒြေစသည်တို့ကိုလည်း တပ်မက်မွေ့လျော်၏။ မိန်းမနှင့်ပေါင်းဖော်ရန်လည်း အလိုရှိ၏။ ထိုယောက်ျားသည် ယောက်ျားအဖြစ်ကို မလွန်မြောက်ချေ။ အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ စသည်တို့ကို နှလုံးမသွင်း၊ အကြင်ယောက်ျားသည် မိမိ၏ ယောက်ျားဣန္ဒြေ စသည်တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ။ ထိုမိန်းမဣန္ဒြေ စသည်တို့ကိုလည်း နှလုံးမသွင်း၊ ထိုမိန်းမဣန္ဒြေ စသည်တို့၌လည်း တက်မက်မွေ့လျော်ခြင်းမရှိ။ မိန်းမနှင့် ပေါင်းဖော်ရန်လည်း အလိုမရှိ။ ထိုယောက်ျားသည်ကား ယောကျာ်းအဖြစ်ကို လွန်မြောက်၏ လို့ အင်္ဂုတ္ထိုရ်ပါဠိတော် သံယောဂသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ (နောင်ဘဝ ယောက်ျားမဖြစ်တော့ပဲ သူ့နှစ်သက်ရာ မိန်းမ Gayစသည်ဖြစ်သွား၏-ဟူလို) ဒီဟောကြားချက်နှစ်ခုကို နှိုင်းယှဉ်သုံးသပ်ကြည့်လိုက်ရင် မိန်းမတိုင်းဟာ Gayတိုင်းဟာ ကာမေသုကံကြောင့် ဖြစ်နေရတာ မဟုတ်ဘူး။ အချို့က ကာမေသုကံကြောင့်၊ အချို့က မိန်းမဖြစ်ရတာ (သို့) Gayဖြစ်ရတာကို ကြိုက်နှစ်သက်တပ်မက်တဲ့ စိတ်ဆန္ဒကြောင့်၊ မိန်းမဖြစ်နေရတယ် Gayဖြစ်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ ယသော်ဓရာဟာ လေးအသချေင်္နဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး မိန်းမချည်းပဲဖြစ်ခဲ့ရတာ ကာမေသုမိစ္ဆာစာရကံကြောင့် မဟုတ်ပါဘူး။ ဘုရားအလောင်းကို ချစ်တဲ့ အချစ်စိတ်ကြောင့် မိန်းမဖြစ်ရတာပါ။ ဘုရားအလောင်းတော်ဟာ လေးအသေချင်္နဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ယောက်ျားပဲဖြစ်တော့မှာပါ။ ဒီတော့ ဘုရားအလောင်းတော်ကို ချစ်မိသွားပြီး ဘဝဆက်တိုင်း ဘုရားအလောင်းတော်နဲ့အတူ လက်တွဲနေထိုင်လိုတဲ့ ယသော်ဓရာအဖို့ မိန်းမဘဝတစ်ပါး ရွေးချယ်စရာနည်းလမ်းမရှိတော့ပါဘူး။ Gayတွေလည်း ဒီသဘောတရားအတိုင်းပဲ ဖြစ်နိုင်ပါတယ်။ မယ်တော်မာယာ၊ မိထွေးတော်ဂေါတမီ၊ ယသော်ဓရာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ ဓမ္မဒိန္နာထေရီ၊ ၀ိသာခါ စတဲ့ အကျော်အမော် ပညာရှိသူတော်ကောင်း အမျိုးသမီးကြီးများဟာ ယောက်ျားဖြစ်ခဲ့တယ်လို့ ကျမ်းဂန်များ မတွေ့ရှိရပါဘူး။ သူတို့လို ပညာရှိသူတော်ကောင်း အမျိုးသမီးကြီးတွေ မိန်းမဘဝချည်းပဲ ဖြစ်နေကြတာ ကာမေသုကံကြောင့် မိန်းမဖြစ်နေကြရတာမဟုတ်ပဲ မိန်းမဘဝကို သူတို့ကိုယ်တိုင်က ကြိုက်နှစ်သက်လို့ မိန်းမဖြစ်နေကြရတယ်ဆိုတာ ထင်ရှားပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ ကာမေသုကံကြောင့် မိန်းမဖြစ်တယ် Gayဖြစ်တယ်ဆိုပါစို့။ သူဟာ အထက်မှာ ဘုရားရှင်ဟောခဲ့သလို မိန်းမဖြစ်ရတာကို မကြိုက်ဘူး မနှစ်သက်ဘူး။ Gayဖြစ်ရတာကို မကြိုက်ဘူး မနှစ်သက်ဘူးဆိုရင် ကာမေသုကံအကျိုးဆက်ကုန်တာနဲ့ သူအလိုရှိတဲ့ ဘဝကို ပြန်ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ မိန်းမဖြစ်ရတာ ကြိုက်တယ် နှစ်သက်တယ်။ Gayဖြစ်ရတာ ကြိုက်တယ်နှစ်သက်တယ်ဆိုရင်တော့ ကာမေသုမိစ္ဆာစာရကံရဲ့ အကျိုးဆက်ကုန်သွားပေမယ့်လည်း သူ့စိတ်ဆန္ဒအရ သူ့ကြိုက်နှစ်သက်ရာ ဘဝကို ဆက်ဖြစ်နေဦးမယ်ဆိုတဲ့ သဘောပါပဲ။
သတ္တာ နာမ ၀ဋ္ဋေ ၀ိစရန္တာ နိစ္စကာလံ အပ္ပမတ္တော ဟုတွာ ပုညကမ္မမေဝ န ကရောန္တိ၊ ပမာဒိနော ဟုတွာ ပါပကမ္မမ္ပိ ကရောန္တိ။ သံသရာဝဋ်၌ ကျင်လည်ကျက်စားနေကြကုန်သော သတ္တဝါတို့သည် အမြဲတစေ မမေ့မလျော့သော သတိတရားဖြင့် ကောင်းမှုချည်းပဲ ပြုလုပ်နေကြကုန်သည် မဟုတ်။ တစ်ရံတစ်ခါ မေ့လျော့သည်ဖြစ်၍ မကောင်းမှုကိုလည်း ပြုမိတတ်ကြကုန်၏ လို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ အတိုင်း အရှင်အာနန္ဒာ မထေရ်အလောင်းလျာဟာလည်း တစ်ခုသော ရွှေကုန်သည် သူဌေးသားဖြစ်စဉ်မှာ ကာမေသုမိစ္ဆာရကံအမှုကို မက်မက်စက်စက် ကျူးလွန် ပြုကျင့်ခဲ့ပါတယ်။ အဲဒီကျူးလွန်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ငရဲရောက်ပါတယ်။ ငရဲလွတ်တော့ ဆိတ် နွား မျောက်ဖြစ်ပြီး ဝှေ့စေ့ထုတ်ခံရ သင်းကွပ်ရစတဲ့ အကျိုးဆက်ကို ခံစားရတယ်။ ပြီးတော့ Gay ဖြစ်ပြန်တယ်။ ပြီးတော့ သိကြားမင်းရဲ့ မိဖုရား ငါးဘဝဆက်ဖြစ်တယ်။ ပြီးတော့ နတ်သားတစ်ယောက်ရဲ့ မိဖုရားဖြစ်ပြန်တယ်။ ပြီးတော့ အင်္ဂတိမင်းကြီးရဲ့သမီးတော် ရုစာမင်းသမီးဖြစ်ပြန်တယ်။ ရုစာမင်းသမီးဘဝပြီးတော့ ယောက်ျားပြန်ဖြစ်တယ်။ အရှင် အာနန္ဒာအလောင်းလျာဟာ ကာမေသုကံကြောင့် မိန်းမဖြစ်တယ် Gayဖြစ်တယ်။ ဒါပေမယ့် အဲဒီဘဝတွေကို သူမသာယာ မနှစ်သက်ဘူး။ ဒါကြောင့် ကံရဲ့အကျိုးဆက်ကုန်တာနဲ့ ယောက်ျားပြန်ဖြစ်တယ်။ အကယ်၍ အဲဒီဘဝတွေကို နှစ်သက်တပ်မက်သွားမယ်ဆိုရင် သူဟာ ကာမေသုကံရဲ့ အကျိုးဆက်ကုန်သော်လည်း သူနှစ်သက်တဲ့ အဲဒီဘဝတွေကို သူ့စိတ်ဆန္ဒအရ ဆက်ဖြစ်နေဦးမှာပါပဲ။ တကယ်တော့ ကာမေသုကံဆိုတာ မိန်းမဖြစ်ရခြင်း Gayဖြစ်ရခြင်း အကြောင်းရင်းများစွာထဲက တစ်ခုသာဖြစ်တယ်။ မိန်းမတိုင်း Gayတိုင်းဟာ ကာမေသုကံကြောင့်ချည်း ဖြစ်နေရတာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ဘဝသံသရာ ခရီးရှည်ကြီးကို လျှောက်လှမ်းနေစဉ်မှာ လိင်မပြန်တော့တဲ့သူဆိုလို့ သေချာပေါက် သဗ္ဗညုဘုရားဖြစ်လိမ့်မယ်လို့ သက်တော်ထင်ရှား သဗ္ဗညုဘုရားရှင်ဆီကနေ နိယတဗျာဒိတ်တော်ရပြီးထားတဲ့ ဘုရားအလောင်းတော်များကလွဲရင် သတ္တဝါတိုင်းဟာ လိင်ပြန်နိုင်ပါသေးတယ်။ ဒါကြောင့် လက်ရှိ ပစ္စက္ခအခြေအနေလေးကိုပဲ ကြည့်ပြီး ငါယောကျာ်းပဲဆိုပြီး လိင်အပေါ်မှာ အမှီပြုပြီး မာန်တက်နေစရာ မလိုပါဘူး။ ဒီဘဝယောက်ျား၊ နောက်ဘဝ မိန်းမ၊ Gay ဖြစ်သွားနိုင်ပါတယ်။
ဘုရားရှင်ကလည်း Gayတွေကို ကိုယ့် ကိလေသာကိုယ်ထိန်းနိုင်တဲ့ Gayဆိုရင် ရဟန်းဝတ်ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ Gayတွေကို ဘုရားရှင်ကိုယ်တော်တိုင်က နားလည်လက်ခံပြီး အသိအမှတ်ပြုတဲ့သဘော၊ လူတစ်ယောက်အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပေးတဲ့သဘောဖြစ်ပါတယ်။ သိမ်ထဲမှာ "သင်ဟာ ယောက်ျားစင်စစ် ဧကန်ဖြစ်ရဲ့လား"ဆိုတဲ့ မေးခွန်းကြောင့် အချို့က Gayတွေကို လုံးဝ ရဟန်းပြုခွင့်မရှိလို့ ထင်မှတ်နေတတ်ကြတယ်။ ဒါနဲ့ပတ်သက်လို့ ၀ိနယပိဋက မဟာဝါပါဠိတော်ကနေ ထုတ်နှုတ်ပြီး ရှင်းပြလိုပါတယ်။ ဘုရားရှင်လက်တော်က ပဏ္ဍုတ်တစ်ယောက်ဟာ ရဟန်းပြုတယ်။ ရဟန်းပြုပြီး သူရာဂစိတ်ကို သူမထိန်းနိုင်တော့ ညအခါမှာ ရဟန်းငယ်တွေဆီသွားပြီး သူ့ကို လိင်မှုကိစ္စပြုလပ်ပေးဖို့ တောင်းဆိုတယ်။ ရဟန်းငယ်တွေက နှင်ထုတ်လိုက်တယ်။ ဒီတော့ ကိုရင်ကြီးတွေဆီသွားပြီး တောင်းဆိုပြန်တယ်။ ကိုရင်ကြီးတွေကလည်း မလိုက်လျောဘူး။ ဒါနဲ့သူဟာ ကြံရာမရတဲ့အဆုံး မြင်းထိန်းတွေဆီသွားပြီး တောင်းဆိုတယ်။ မြင်းထိန်းတွေက သူ့ဆန္ဒဖြည့်ဆည်းပေးလိုက်တယ်။ မြင်းထိန်းတွေဟာ နောက်နေ့ကြတော့ ဘုရားသား ရဟန်းသာမဏေဆိုသူတွေဟာ ယောက်ျားမဟုတ်ကြဘူး အခြောက်တွေပဲဆိုပြီး ကဲ့ရဲ့ကြတယ်။ ဒါကြောင့် ဘုရားရှင်က Gayတွေကို ရဟန်းခံမပေးနဲ့လို့ တားမြစ်ခဲ့တာ ဖြစ်တယ်။ ပြီးတော့ ရဟန်းခံခါနီးမှာ ယောက်ျားစင်စစ် ဧကန်ဖြစ်ရဲ့လားလို့လည်း မေးခိုင်းခဲ့တာ ဖြစ်တယ်။ ပဏ္ဍုတ်ငါးမျိုးရှိတယ်။ ဘုရားရှင်ရဲ့ တားမြစ်ချက်ဟာ ငါးမျိုးလုံးကို တားမြစ်ခဲ့တာမဟုတ်ဘူး။ ၁) အာသိတ္ထပဏ္ဍုတ်=သူတစ်ပါးရဲ့ အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် သုတ်သွေးအား စုတ်ယူရမှ ကိလောသာပူပန်မှု ငြိမ်းအေးသောသူ၊ ၂) ဥဿုယပဏ္ဍုတ်=သူတစ်ပါး မှီဝဲပေါင်းဖော်နေတာကို ချောင်းမြောင်းကြည့်ရမှ ကိလေသာပူပန်းမှု ငြိမ်းအေးသောသူ၊ ၃) သြပက္ကမိကပဏ္ဍုတ်=ဝှေးစေ့ကို သင်းကွပ်ထုတ်ပစ်ထားသောသူ၊ ၄) ပက္ခပဏ္ဍုတ်=အကုသိုလ် ၀ိပါက်အာနုဘော်ကြောင့် လဆုတ်ပက္ခမှာ ကိလေသာထကြွသောင်းကျန်း၍ လဆန်းပက္ခမှာ ငြိမ်းအေးတဲ့သူ၊ လဆန်းပက္ခမှာ ကိလေသာထကြွသောင်းကျန်း၍ လဆုတ်ပက္ခမှာ ငြိမ်းအေးသူ၊ ၅) နပုံသကပဏ္ဍုတ်=မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်ပါးလုံး ထင်ထင်ရှားရှား မပါသောသူ၊ လို့ ပဏ္ဍုတ်ငါးမျိုးရှိတယ်။ ဒီငါးမျိုးမှာ နံပါတ် (တစ်) (နှစ်) ဖြစ်တဲ့ အာသိတ္ထပဏ္ဍုတ်နဲ့ ဥဿုယပဏ္ဍုတ်ကို ရဟန်းပြုပေးကောင်းတယ်။ ရဟန်းဝတ်လိုက ၀တ်နိုင်တယ်။ နံပါတ် (သုံး) (ငါး) ဖြစ်တဲ့ သြပက္ကမိကပဏ္ဍုတ်နဲ့ နပုံသကပဏ္ဍုတ်က လုံးဝ ရဟန်းမဝတ်ကောင်းဘူး။ ရဟန်းလဲ ပြုမပေးကောင်းဘူး။ အကယ်၍ မသိလို့ ရဟန်းပြုပေးမိခဲ့တယ် ဆိုရင်တောင် သိတဲ့အချိန်မှာ ချက်ခြင်းပဲ လူထွက်စေရမယ်။ နံပါတ် (လေး) ဖြစ်တဲ့ ပက္ခပဏ္ဍုတ်ကတော့ သူကိလေသာငြိမ်အေးတဲ့ ပက္ခမှာ ရဟန်းပြုပေးကောင်းတယ်။ ၀တ်ကောင်းတယ်။ ရဟန်းမပြုကောင်းတဲ့ ပဏ္ဍုတ်နှစ်မျိုးကတော့ ရဟန်းမှမဟုတ်ဘူး ကိုရင်ခေါ်သာမဏေလဲ မပြုကောင်းဘူး။ ပဏ္ဍုတ်တွေကို ဘာလို့ ရဟန်းမပြုစေတာလဲဆိုတော့ ကိလေသာကို မထိန်းသိမ်းနိုင်လို့ ဖြစ်တယ်။ ကိလေသာကို ထိန်းနိုင်ရင် ရဟန်းဝတ်နိုင်ပါတယ်။ ယောက်ျားစင်စစ်ဧကန်ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းက သြပက္ကမိကပဏ္ဍုတ်=ဝှေးစေ့ကို သင်းကွပ်ထုတ်ပစ်ထားသောသူနဲ့ နပုံသကပဏ္ဍုတ်=မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်ပါးလုံး ထင်ထင်ရှားရှား မပါသောသူနှစ်ဦးကိုသာ ရည်ရွယ်ပြီး မေးရင်းဖြစ်တယ်။
တကယ်တော့ ဗုဒ္ဓဘာသာအလိုအရ ယောက်ျားဖြစ်နေသူတိုင်းဟာ မမြင့်မြတ်သလို မိန်းမဖြစ်နေသူတိုင်း လိင်ပြန်နေသူတိုင်းဟာလည်း ယုတ်ညံ့သူများ မဟုတ်ကြပါဘူး။ မြင့်မြတ်ခြင်း ယုတ်ညံ့ခြင်းဟာ လိင်နဲ့ အသွင်သဏ္ဍာန်နဲ့ မဆိုင်ပါဘူး။ အပြုအမူအပြောအဆို စိတ်နေသဘောထားနဲ့သာ သက်ဆိုင်ပါတယ်။ ဒါကြောင့် ယောက်ျားချင်း ချစ်ကြိုက်နေသူ မိန်းမချင်း ချစ်ကြိုက်နေသူတိုင်းဟာ ယုတ်ညံ့သူတွေလို့ ထင်နေရင် အဲဒီထင်မြင်မှုဟာ မှားယွင်းသော ထင်မြင်မှု သက်သက်သာ ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ် ကျမ်းပြုအကျော် ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးကတော့ "အနှစ်ပညာ မရှိပါက အင်္ဂါခြေလက် ယောကျ်ားလျက်လည်း မိန်းမထက်သာ ယုတ်မာဆိုးရွား မိုက်လုံးထွားသည်။ နွားနှင့်ကျားနှင့် အတူတူတည်း။" လို့ စပ်ဆိုတော်မူခဲ့ပါတယ်။
ဒီနေ့ဒီအချိန်အခါဟာ လိင်ခွဲခြားဆက်ဆံပြုမူရမယ့် အချိန်အခါ မဟုတ်တော့ဘူး။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ Gayဖြစ်စေ သူတော်ကောင်းပညာရှိမှန်ရင် နိုင်ငံတော်တိုးတက်ဖို့အတွက် နေရာပေးပြီး အလေးထား ဆက်ဆံရတော့မယ့် အချိန်အခါပါ။ ပြီးခဲ့တဲ့ ဆီးဂိမ်းပွဲတော်ကြီးဟာ ယောက်ျား မိန်းမ Gayတို့ စည်းလုံးညီညွတ်စွာနဲ့ လက်တွဲပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံသူနိုင်ငံသားများ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွား နိုင်ခဲ့ကြတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။ လူသားအားလုံးက တန်ဖိုးရှိတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ့်မိသားစုထဲမှာ လိင်တူချင်း ချစ်ကြိုက်သူပါလာခဲ့ရင် ဖိနှိပ်ဖုံးကွယ်မထားပဲ နားလည်လက်ခံပေးပြီး သူ့ကို တန်ဖိုးရှိတဲ့ သူတော်ကောင်းပညာရှိ လူကောင်းသူကောင်းဖြစ်အောင် ပြုစုပျိုးထောင်ပေးကပြီး လူတစ်ယောက်ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေကို ပေးကြရပါမယ်။ အတ္တကို လျှော့ချလိုက်ပါ။ ဒါဆိုရင် သေချာပေါက်နားလည်လက်ခံနိုင်မှာပါ။
0 comments

လိင်တူချစ်သူများကို ရာဇဝတ် မပြုသော မူစလင်နိုင်ငံ ၅ နိုင်ငံ

This post is translated into Burmese from the blog LGBT Muslim.

ဤဆောင်းပါသည် LGBT Muslim ဘလော့မှ ရေးသားထားသော ဆောင်းပါးကို တိုက်ရိုက်ဘာသာ ပြန်ဆိုထားသော စာပုဒ် ဖြစ်ပါသည်။

စာရေးသူမှာ Afdhere Jama ဖြစ်ပါသည်။ 
တူရကီနိုင်ငံ လိင်တူချစ်သူ ဂုဏ်ယူချီတန်းလှည့်လည်ပွဲ
လိင်တူချစ်သူများကို ရာဇဝတ်မှု မပြုသော မွတ်စလင်နိုင်ငံ ငါးနိုင်ငံ ရှိပါသည်။ သူတို့အားလုံးမှာ တူညီသည့် ဘုံအချက်တစ်ခု ရှိပါသည်။ ထိုနိုင်ငံထဲမှ မည်သည့်နိုင်ငံကမှ ဗြိတိသျှအင်ပါယာ ကိုလိုနီခဲ့ထွင်မှုကို မခံခဲ့ကြရပါ။ မူဆလင်နိုင်ငံဖြစ်စေ သို့မဟုတ် တခြားနိုင်ငံပဲဖြစ်စေ ကမ္ဘာ့တောင်ပိုင်း နိုင်ငံအများအပြားဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်ရှေးဟောင်း ဥပဒေကြမ်းတွေ မဟုတ်တဲ့ ကိုလိုနီခေတ်မှ ဥပဒေများကို သုံးပြီး အရွယ်ရောက် ကိုယ်တိုင် ဆုံးဖြစ်နိုင်ခွင့်ရှိသူများ အကြား လိင်တူချင်း ချစ်ခြင်းမေတ္တာရှိခြင်းကို ရာဇဝတ်မှု ပြုနေကြခြင်း ဖြစ်ပါသည်။ အနောက်အာဖရိက ပဲဖြစ်ဖြစ် သို့မဟုတ် အရှေ့တောင် အာရှ ပဲဖြစ်ဖြစ် ဥရောပ သို့မဟုတ် အရှေ့အလယ်ပိုင်းဒေသပဲ ပဲဖြစ်ဖြစ် လိင်တူချစ်သူများအပေါ် တယူသန်စွဲခြင်းဟာ အများထင်သလို ဒေသယဥ်ကျေးမှုကြောင့် မဟုတ်ပါ။

မာလီနိုင်ငံ

ဤအာဖရိက နိုင်ငံမှ လိင်တူချစ်သူများဟာ မုန်းတီးခြင်းကို ရင်ဆိုင်နိုင်ရကောင်း ရင်ဆိုင်ရမည်။ သို့ပေမဲ့ တရားဥပဒေသည် ၄င်းတို့ဘက်မှာ ရပ်တည်နေပါသည်။ မာလီ ပြစ်မှုဆိုင်ရာ အပိုဒ် ၁၇၉ က လိင်ကွဲချစ်သူ/လိင်တူချစ်သူ လိင်ပိုင်းဆိုင်ရာ အကြောင်းကိစ္စများကို ခွဲခြား သတ်မှတ်ထားခြင်း မရှိပဲ လူအများမြင်ဖွယ်ရာနေရာများတွင် မဖွယ်မရာ ပြုမှုကိုသာ တားမြစ်ထားပါသည်။ အာဖရိကတွင် ရှိသော နိုင်ငံပေါင်း ၃၈ နိုင်ငံဟာ လိင်တူဆက်ဆံခြင်းကို သေဒဏ် အပါအဝင် ပြင်းထန်သော အပြစ်ပေးမှုများ ပေးနိုင်သည့် ဥပဒေများကို ထားရှိပါသည်။

ဂျော်ဒန်

ဂျော်ဒန်သည် အော်တိုမန် အင်ပါယာ၏ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့ပြီး အင်ပါယာဟာ အခြားနိုင်ငံများထက် ၇၅ နှစ်စောပြီး လိင်တူချစ်သူများကို ဥပဒေပြုခဲ့ပါသည်။ သို့သော် ၁၉၅၁ တွင် လွတ်လပ်ရေးရတဲ့သည် ဂျော်ဒန် နိုင်ငံသစ်ဟာ လိင်တူချစ်ခြင်းကို တရားဝင်စေခဲ့ပါသည်။ အခြား လူ့အသိုင်းအဝန်းတွေနဲ့ ယှဉ်သောအခါ ဂျော်ဒန်မှ လူများသည် စိတ်ဓာတ်ပွင့်လင်းကြပြီး သည်းခံလက်ခံစိတ်ပိုမို မြင့်မားပါသည်။ အစ္စလာမ် တိုင်းပြည်တစ်ခု ဖြစ်တဲ့ အလျောက် ယဉ်ကျေးမှုမှ  ဖိအားတွေပေးနိုင်ပေမဲ့ လိင်တူချစ်သူများကို ထိခိုက်တာမျိုး မရှိပါ။

အင်ဒိုနီးရှား

အင်ဒိုနီးရှားသည် လိင်တူချစ်သူများကို ဘယ်တုန်းကမှ ရာဇဝတ် မပြုခဲ့ပါ။ ထို့အပြင် အာရှမှ အရှည်ကြာဆုံး လိင်တူချစ်သူအဖွဲ့အစည်းများလည်း ရှိပါသည်။ မွတ်စလင်လူဦးရေ အကြီးဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်နေသော်လည်း အင်ဒိုနီးရှားဟာ ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားမှု၏ အရေးပါမှုကို ပြသသော စံနမူနာကောင်း တစ်ခုအနေနှင့် ရပ်တည်နေပါသည်။ အခြားတစ်ဖက်တွင်မှု ၄င်း၏ အိမ်နီးချင်းများ ဖြစ်ကြသော စင်္ကာပူ (မူဆလင်နိုင်ငံမဟုတ်) နှင့်မလေးရှား (မူဆလင်နိုင်ငံ) တို့မှာ လိင်တူချစ်သူများကို တားမြစ်သော ဥပဒေများရှိပြီး အဆိုပါ နိုင်ငံ ၂ ခုစလုံးမှာ ဗြိတိသျှအင်ပါယာ၏ ကိုလိုနီများ ဖြစ်ခဲ့ကြသည်။

တူရကီ

၁၈၅၈ ခုနှစ်ကတည်းက အော်တိုမန် အင်ပါဟာ၏ အစ္စလမ် ဘုရင်ကြီးမှ လိင်တူချစ်သူများကို ရာဇဝတ်ပြုခြင်းကို ပယ်ဖျက်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်းသည် တိုက် ၃တိုက် အတွင်းရှိ နိုင်ငံအများအပြားအပေါ် အကျိုးသက်ရောက်ခဲ့သည်။ ၁၉၂၀ တွင် တူရကီ သီးသန့် နိုင်ငံ ဖြစ်လာသောအခါ ဥပဒေကို ပြောင်းလဲပစ်ရန် မလိုအပ်ခဲ့ပါ။ တူရကီတွင်ရှိသော အကြီးဆုံး လိင်တူချစ်သူအဖွဲ့အစည်းသည်လည်း ဘယ်သောအခါမှ တားဆီးခြင်း မခံရပါ။

အယ်လ်ဘေးနီးယား

အယ်လ်ဘေးနီးယားသည် လိင်တူချစ်ခြင်းကို ၁၉၉၅ ခုနှစ်ကတည်းက ရာဇဝတ်မှုပြုခြင်းကို ပယ်ဖျက်ခဲ့သည်။ မူစလင် အများစုနေနိုင်သော ဤနိုင်ငံသည် ဘော်ကန်ဒေအတွင်းတွင် လိင်တူချစ်သူများအပေါ် လက်ခံမှုအကောင်းဆုံးဖြစ်ပြီး ဒေသတွင်းတွင် လိင်တူချစ်သူ အခွင့်အရေးကို ရှေ့တန်းမှ တောင်းဆိုခဲ့သော နိုင်ငံဖြစ်သည်။ အစိုးရဘက်မှလည်း လိုလိုလားလားရှိကာ ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေများလည်း ရှိပါသည်။

ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သော ဥပဒေသည် အလွန်အရေးကြီးပါသည် အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးအား လိင်စိတ်ကွဲပြားမှုကို အခြေခံ၍ အသိုင်းအဝန်းမှ ခွဲခြားဖိနှိပ်ခြင်း ပြုလုပ်ခဲ့သည်ရှိသော် ဥပဒေမှ အကာအကွယ်ပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

မွတ်ဆလင်လူဦးရေ အများအပြားရှိပြီး လိင်တူချစ်ခြင်း တရားဝင်သော အခြားနိုင်ငံအချို့မှာ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဘာကီနာ ဖာဆို၊ ချဒ်၊ ဂျီဘူတီနိုင်ငံ၊ အီရတ်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ ကာဂျစ္စတန်၊ နိုင်ဂျာ၊ မြောက်ပိုင်း ဆိုက်ပရပ်စ်၊ ပါလက်စတိုင်းနှင့် တာဂျီကစ္စတန် တို့ဖြစ်ကြပါသည်။

အထက်ဖော်ပြပါနိုင်ငံများသည် ကမ္ဘာပေါ်မှ အခြားနိုင်ငံများကဲ့သို့ပင် လိင်တူချစ်သူများအတွက် အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ သို့သော် တရားဥပဒေသည် ၄င်းတို့ဘက်မှ ရပ်တည်နေသည် ဆိုသည့်အချက်သည် ထိုနိုင်ငံများတွင် နေထိုင်ရခြင်းမှာ မိမိတို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် အင်အားတစ်ရပ် ပေးနေသလို ဖြစ်ကာ တနေ့နေ့တွင် လွတ်လပ်မှုအတွက် မျော်လင့်ချက်တစ်ခုဖြစ်နေပြီး တစ်ချိန်တွင် အများလိင်ကွဲချစ်သူများနှင့် တန်းတူ ကွဲပြားမခြားနားပဲ နေထိုင်နိုင်ရန် အိပ်မက်မက်ဖို့ မျှော်မှန်းနိုင်ခြင်းပင် ဖြစ်ပါသည်။
0 comments

မြန်မာ့ လူအသိုင်းအဝန်းနှင့် လိင်တူချစ်သူ အပေါ်အတွေးအမြင်များ (၁)

ဤ ဆောင်းပါးစုစဉ်းမှုသည် မြန်မာနိုင်ငံရှိ လိင်တူချစ်သူ LGBT အသိုင်းအဝိုင်း အတွက် အကျိုးရှိစေမည့် ပြည်သူများ၏ အတွေးအမြင်များကို စုစဉ်း တင်ပြခြင်းဖြစ်ပါသည်။


ယခု အမြင်ကတော့ Facebook စာမျက်နှာမှ အရှင် တစ်ပါး ရေးသားထားသော post မှ သူ၏ အတွေးအမြင်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။

LGBT ISSUE က ထိလွယ်ရှလွယ် ဖြစ်လွန်းလှတဲ့အတွက် အကြိမ်ကြိမ် စဉ်းစားချင့်ချိန်ပြီးမှ ဒီပို့စ်ကို တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်…။
လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ပြောကြမယ်ဆိုရင် နှစ်ပိုင်းခွဲခြားပြီး မြင်ဖို့လိုအပ်ပါတယ်…။

ပထမတစ်ခုက ဖြစ်တည်မှုအပိုင်းနဲ့ နောက်တစ်ခုက ရွေးချယ်မှုအပိုင်း…။
လောကကြီးမှာ လိင်စိတ်တိမ်းညွှတ်မှု အမျိုးအစားပေါင်း အကြမ်းအားဖြင့် (၁၆) မျိုး ရှိပါတယ်…။
အဲဒါက မွေးကတည်းက ပါလာပြီး ပြောင်းလဲလို့ မရတဲ့ ဖြစ်တည်မှု…။
အဲဒီဖြစ်တည်မှုဟာ နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်…။
အဲဒီဖြစ်တည်မှုအတွက် ဘာအကြောင်းကြောင်းကြောင့်မှ ကဲ့ရဲ့ပြစ်တင်ဖို့ မလိုအပ်ပါဘူး…။

လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ်(၁) အရ လူတိုင်းဟာ လူ့ဂုဏ်သိက္ခာရှိစွာ အသက် ရှင်သန်ပိုင်ခွင့် ရှိပါတယ်…။
ဘယ်လိုသော အကြောင်းတွေကြောင့်မှ လူသားတွေကို လူ့ဂုဏ်သိက္ခာ ကင်းမဲ့သွားအောင် လုပ်ခွင့်မရှိပါဘူး…။
ဗုဒ္ဓရဲ့ အဆုံးအမအရဆိုရင်လည်း သမာနတ္တတာ=အားလုံးကို မိမိနဲ့ ထပ်တူပြုပြီး ပြုမူပြောဆို ဆက်ဆံရမယ်လို့ တရားတော်ထဲမှာ ညွှန်ကြားထားပါတယ်…။

နောက်တစ်ခုကတော့ လိင်တူခြင်း လက်ထပ်ထိမ်းမြှားမှုဆိုတဲ့ ရွေးချယ်မှုအပိုင်း…။
ဒီအပိုင်းမှာတော့ ဘာသာတွေ လူမျိုးတွေ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေ ပါလာပါပြီ…။

တချို့သော ဘာသာတရားတွေမှာ လိင်တူ လက်ထပ်ထိမ်းမြှားခြင်းမှ မဟုတ်ပါဘူး…။ လင်မယားချင်းတောင် ပုံမှန်မဟုတ်သော လိင်ဆက်ဆံမျိုးတွေ၊ အလိုမတူတဲ့ လိင်ဆက်ဆံခြင်းမျိုးတွေကိုတောင် တားမြစ်ထားတာတွေ ရှိပါတယ်…။
တားမြစ်ချက်အားလုံးကို ကိုယ်ကိုယ်တိုင်ရော ဘယ်လောက်ထိ လိုက်နာကျင့်သုံး နိုင်ပြီလဲ…။
ဒါက ဘာသာတရား တစ်ခုရဲ့ ဘောင်အတွင်းက လူတွေအတွက်ပါ…။ ဒါဆို ဘာသာမရှိတဲ့ သူတွေအတွက်ရော ဘယ်လို စဉ်းစားမလဲ…။

လူရယ်လို့ ဖြစ်လာခဲ့ရင် လူ့ပတ်ဝန်းကျင်က လူတွေသတ်မှတ်ထားတဲ့ စည်းကမ်းတွေဆိုတာ ရှိပါတယ်…။
လူသားတစ်ရပ်လုံးလိုက်နာရမယ့် စည်းကမ်း၊ နိုင်ငံသားတွေ လိုက်နာရမယ့် စည်းကမ်း၊ ဘာသာဝင်တွေ လိုက်နာရမယ့် စည်းကမ်း၊ အဖွဲ့အစည်းတွေ လိုက်နာရမယ့် စည်းကမ်း စသဖြင့် စည်းကမ်းတွေမှာလည်း ပုံစံအမျိုးမျိုးနဲ့ အဆင့်ဆင့် ရှိကြပါတယ်…။
အဲဒီစည်းကမ်းတွေရဲ့ ပုံစံတွေဟာလည်း သတ်မှတ်ထားခဲ့တဲ့ သူတွေရဲ့ အသိဉာဏ် အတိမ်အနက် ဖွဲ့စည်းတည်ဆောက်ပုံ ယုံကြည်ချက်တွေအပေါ် အများကြီး မူတည်ပါတယ်…။

ခက်တာက လူမှုပုံသွတ်သွင်းမှုအရ လူတော်တော်များများဟာ မိမိမွေးဖွါးရာ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ဘာလူမျိုး ညာလူမျိုး ဘယ်ဘာသာဝင် ညာဘာသာဝင်ဆိုပြီး ဖြစ်လာကြပါတယ်…။
ကိုယ်က ဘာရွေးချယ်ခွင့်မှ မရှိပါဘဲ အဖွဲ့အစည်း တစ်ခုထဲကို အလိုလိုရောက်ရှိသွားပြီး အဲဒီအဖွဲ့အစည်းရဲ့ စည်းကမ်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လိုက်နာရပါတော့တယ်…။

အဲဒီအဖွဲ့ဝင်တွေကလည်း ကိုယ့်ကို သူတို့လို ဖြစ်အောင် ပုံသွင်းပါတော့တယ်…။
ဒါတင် အားမရသေးဘဲ ကိုယ်နဲ့ယုံကြည်ချက်မတူတဲ့ တခြားအဖွဲ့အစည်းက လူတွေကိုလည်း ကိုယ့်အဖွဲ့အစည်းရဲ့ ပေတံတွေနဲ့တိုင်းပြီး ကဲ့ရဲ့ပြစ်တင် ရှုံ့ချဖို့ လုပ်လာပါတော့တယ်…။
ပက်ကွီအိုက အခုလို ဖြစ်နေတာပါ…။

အမှန်တော့ လုပ်သင့်တယ်ဆိုတာက လူသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပြီး လုပ်ကိုလုပ်ရမယ်ဆိုတာက မိမိရဲ့ အဖွဲ့အစည်းနဲ့သာ ဆိုင်တဲ့ကိစ္စပါ…။
တချို့ဘာသာရေး အဖွဲ့အစည်းမှာတော့ လိင်တူတွေနဲ့တင်မက လိင်ကွဲတွေနဲ့လည်း လက်ထပ်ခွင့် မရှိပါဘူး…။
ကိုယ့်အဖွဲ့အစည်းက စည်းကမ်းတွေကို ကိုယ့်အဖွဲ့အစည်း မဟုတ်တဲ့ တခြားသူတွေအပေါ် အတင်းအကြပ် လိုက်နာခိုင်းလို့ မရပါဘူး…။
ပြုသင့် မပြုသင့် စဉ်းစားဝေဖန်နိုင်အောင်သာ လမ်းညွှန်ပေးရမှာပါ…။ အရာအားလုံးကို ရောထွေးပြီး မမြင်ဘဲ သီးသန့်စီ ရှင်းလင်းနေအောင် မြင်တတ်ဖို့ အရမ်းကို အရေးကြီးပါတယ်…။

လူသားတွေဟာ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင် အနေအထား အတွေ့အကြုံတွေ မတူညီကြတဲ့အတွက်ကြောင့် ယုံကြည်ချက် ခံယူချက်တွေလည်း တူညီကြမှာ မဟုတ်ပါဘူး…။ ဒါကြောင့် အားလုံးကို နေရာတိုင်းမှာ ထပ်တူပြုပြီး မကြည့်မိဖို့ အရေးကြီးပါတယ်…။

ပက်ကွီအိုရဲ့ ပြောဆိုချက်တွေကို သုံးသပ်ကြည့်လိုက်ရင်
သူဟာ လူသားတွေရဲ့ ဖြစ်တည်မှုကိုသာမက တိရစ္ဆာန်တွေရဲ့ ဖြစ်တည်မှုတွေကို အနည်းငယ်မျှတောင် သိရှိ နားလည်ဟန် မတူပါဘူး …။
လိင်စိတ်ခံယူမှု ကွဲပြားခြင်းဟာ ပြုပြင်ပြောင်းလဲလို့ မရတဲ့ ဖြစ်တည်မှုဆိုတာနဲ့ လူတွေမှာသာမက တိရစ္ဆာန် မျိုးစိတ်ပေါင်း (၁၅၀၀)ကျော်မှာလည်း လိင်စိတ်ခံယူမှု ကွဲပြားခြင်းတွေ တည်ရှိနေတယ် ဆိုတာတွေကို
Google ထဲ တစ်ခါလောက်တောင် ၀င်ပြီး မလေ့လာဖူးဘူး ထင်ပါတယ်…။

ဘယ်သူကမှ ငါကတော့ ဘယ်လိုလိင်စိတ် တိမ်းညွှတ်မှု လိုချင်ပါတယ်ဆိုပြီး ရွေးချယ်ခွင့် မရှိခဲ့ပါဘူး…။
ဒါကို နားလည်သဘောပေါက်ထားလို့ လိုအပ်ပါတယ်…။
မြင့်မြတ်ခြင်း ယုတ်ည့ံခြင်းဆိုတာ ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်း LGBT ဖြစ်ခြင်းနဲ့ ဘယ်လိုများ သက်ဆိုင်ပါသလဲ…။
ဘုရားရှင်ကတော့ လူတွေရဲ့ မြင့်မြတ်ခြင်း ယုတ်ည့ံခြင်းကို ကိုယ်ကျင့်တရားနဲ့ပဲ တိုင်းတာရပါမယ်လို့ ညွှန်ကြားခဲ့ပါတယ်…။
လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ အဓိက ကွာခြားချက်က အသိဉာဏ်ပါ…။
စိတ်ထားလှပပြီး သစ္စာစောင့်သိတဲ့ တိရစ္ဆာန်တွေ တစ်ပုံကြီး ရှိသလို ယုတ်ည့ံတဲ့ လူတွေလည်း အများကြီး ရှိပါတယ်…။

နောက်ပြီး ပက်ကွီအိုဟာ သူကျင်လည် ကြီးပြင်းရာ ပတ်ဝန်းကျင်ကနေ ကျဉ်းမြောင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ ဘာသာတရားရဲ့ အဆုံးအမတွေကိုလည်း ပြည့်ပြည့်စုံစုံ နားလည်သွားအောင် သေချာကြိုးစားသင့်တယ်…။
ဒါကိုတွေ သိလျှက်နဲ့ ပြောနေတာပါ ဆိုရင်တော့လည်း ပက်ကွီအိုဟာ သူယုံကြည်ရာ ဘာသာတရားကို မထီမဲ့မြင် ပြုနေတာပဲ လို့ မှတ်ယူလိုက်ရုံပါပဲ…။

လိင်စိတ်ကွဲပြားမှုဆိုတာ ဘာသာတိုင်း လူမျိုးတိုင်း နေရာတိုင်းမှာ သူ့အလိုလိုကို ရှိနေတာပဲ…။
အတိတ်ကလည်း ရှိခဲ့ ခုလည်း ရှိနေ နှောင်လည်း ရှိနေဦးမှာပါပဲ…။ လိင်စိတ်ကွဲပြားသူတွေဟာ လူတိုင်းရဲ့ ပတ်ဝန်းကျင် ဆွေမျိုး မိဘ ဘိုးဘွား သားသမီး မြေး မြစ် အဆက်ဆက်တွေမှာ မရှိချင်လည်း ရှိနေမှာပဲ …။
ဘာလို့လဲဆိုတော့ ဒါဟာ သဘာဝတရား ဖြစ်နေလို့ပါပဲ…။
လိင်စိတ်ကွဲပြားသူတွေကို ကဲ့ရဲ့ ပြစ်တင် ရှုံ့ချနေတာဟာ ကိုယ်မသိနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ မိဘဘိုးဘွား အဆက်ဆက်က လိင်စိတ်ကွဲဲပြားသူတွေ၊ ကိုယ့်အပေါ် ကျေးဇူးပြုဖူးတဲ့ ကိုယ်မသိလိုက်တဲ့ လိင်စိတ်ကွဲပြားသူတွေအပေါ် စော်ကားလိုက်တာနဲ့ အတူတူပါပဲ…။

ဒီလို လူသားတွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြု နားလည်ပေးဖို့ မကြိုးစားဘဲ ပတ်ဝန်းကျင်ရဲ့ လူမှုပုံသွင်းမှုအတိုင်း ကိုယ်နဲ့မတူတဲ့သူမှန်သမျှကို မုန်းတီး လှောင်ပြောင် ပျက်ရယ်ပြုနေတဲ့ သူတွေဟာ လူသားတွေရဲ့ ဖြစ်တည်မှုကို နားလည်သဘောမပေါက်ကြတဲ့အတွက် တကယ့်ကို သနားဖို့လည်း ကောင်းလှပါတယ်…။

မြန်မာပြည်မှာလည်း လူသားတွေရဲ့ ဖြစ်တည်မှုတွေနဲ့ ပတ်သက်ပြီး ကဲ့ရဲ့လှောင်ပြောင်မှုတွေကို နေရာအနှံ့အပြားမှာ တွေ့မြင်နေရပါတယ်…။ အများဆုံးမြင်တွေ့နေရတဲ့ နေရာကတော့ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာပါပဲ…။
LGBT တွေ အသားမည်းတဲ့သူတွေ ခန္ဓာကိုယ် အဝလွန်တဲ့သူတွေ စကားဝဲတဲ့ တိုင်းရင်းသားတွေ အစရှိတဲ့သူတွေရဲ့ ဖြစ်တည်မှုတွေကို ရယ်စရာအဖြစ် ထည့်သွင်းထားတဲ့ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေရဲ့ လုပ်ရပ်တွေဟာ လူ့ဂုဏ်သိက္ခာကို ရိုက်ချိုးဖျက်ဆီး ပစ်နေတာပါပဲ…။

LGBT ကို လက်မခံနိုင်တဲ့ သူတွေက ပြောလေ့ရှိကြတယ်…။
LGBT တွေက သဘာဝနဲ့ ဆန့်ကျင်နေတယ် တဲ့…။
ကဲ ဒါဆို သဘာဝဆိုတာ ဘာလဲ…။
ကိုယ်လက်ခံနိုင်တာကမှ သဘာဝလား…။
ဘယ်ပေတံနဲ့မှ လာမတိုင်းနဲ့…။
ကိုယ်ချင်းစာတရားထက် ကောင်းထက် ပေတံ လောကမှာ မရှိဘူး…။
ဘယ်သူမှလည်း ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် ရွေးချယ်ခွင့် မရှိခဲ့ဘူး…။
တခြားအရာတွေက ပြောင်းလဲလို့ ရနိုင်ပေမယ့် ဖြစ်တည်မှုဆိုတာ ပြောင်းလည်းလို့ ရနိုင်မယ် မထင်ဘူး…။

ကလေးဘဝတုန်းက ဗွီဒီယို တစ်ကား ကြည့်ခဲ့ဖူးတယ်…။
သရုပ်ဆောင်က မေတ္တာနဲ့ တင့်တင့်ထွန်း…။
အဲဒီကားထဲမှာ တင့်တင့်ထွန်းက လက်စဘီယံ…။
သူတို့နှစ်ယောက် ခရီးအတူသွားရင်း လမ်းမှာ ကားပျက်လို့ ညတစ်ညကို နှစ်ယောက်တည်း ကျော်ဖြတ်ခဲ့တယ်…။
မနက်မိုးလင်းတော့ တင့်တင့်ထွန်းက မိန်းမစိတ်ပြန်ဝင်သွားတယ်…။
ဖြစ်တည်မှုကို နားလည်မှု လွဲမှားသွားစေတဲ့ ဇာတ်ကားပါ…။

ဟိုနေ့က အမအိမ်သွားလိုက်တော့ သူတို့အိမ်မှာ ဖွင့်ပြီး ကြည့်နေတဲ့ ဇာတ်ကားနာမည်က ဟင့်အင်း တဲ့…။
အဲဒီဇာတ်ကားမှာ မင်းသားက ဂေး…။
မင်းသမီးက လက်စဘီယံ…။
သူတို့ အချင်းချင်း အပြန်အလှန် ချစ်ကြိုက်ရာကနေ အပေါ်က ပြောခဲ့သလို ညတစ်ညကို အတူတူ ဖြတ်သန်းပြီးတော့ မင်းသားက ယောက်ျားပြန်ဖြစ်သွားပြီး မင်းသမီးက မိန်းမပြန်ဖြစ်သွားတယ်…။
မဖြစ်နိုင်တာ ယုတ္တိမဲ့တာတွေကို ကိုယ့်အထင်နဲ့ ရိုက်ကူးထားတာတွေပါ…။
အသိဉာဏ်နုနယ်သေးတဲ့ ကလေးတွေရဲ့ ဦးဏှောက်ကို အသိမှား အမြင်မှားတွေ ထိုးထည့်ပေးနေတာပါ…။
အပေါ်က ဇာတ်ကားတွေနည်းတူ အလားတူ အခြားဇာတ်ကားတွေလည်း အများကြီး ရှိဦးမှာပါ…။

ဘယ်လောက်ပဲ ရိုးရိုးသားသား ရိုက်ကူး ထုတ်လုပ်ခဲ့သည် ဖြစ်ပါစေ အဲဒီလို ဇာတ်ကားတွေဟာ လူသားတွေရဲ့ ဖြစ်တည်မှုတွေကို အကြီးအကျယ် လွဲမှားသွားစေပါတယ်…။
ဟိုအရင်ကတော့ ဒီလိုဇာတ်ကားတွေ ပေါ်ထွက်လာတယ်ဆိုတာ ဆေးပညာတွေကို လက်လှမ်းမမီသေးလို့ ဆိုပြီး နားလည်ပေးလို့ ရနိုင်ပါသေးတယ်…။
အခုလို ခေတ်အထားမှာတော့ အဲဒီလို ဇာတ်ကားတွေက မရှိသင့်တော့ပါဘူး…။

နောက်ပြီး ဖေ့ဘုတ်ပေါ်မှာ ခင်စန်းဝင်းရဲ့ ဓာတ်ပုံတွေ ပိုစ့်တွေတင် ဖိုတိုကောမန့်တွေလုပ်ပြီး လှောင်ပြောင်နေတာဟာလည်း မဖြစ်သင့်တဲ့ ကိစ္စပါ…။
သူဟာ ဒီအနေအထားကို ရောက်လာဖို့ ရှေးရိုးစွဲ လူတွေရဲ့ ကဲ့ရဲ့ပစ်တင် ဝေဖန်မှုပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ရတာပါ…။
လူတိုင်းဟာ အမှားမကင်းနိုင်ပါဘူး…။
လူသားမဆန်တဲ့ ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေကို သတိထားကြည့်ပြီး အချိန်မီ ပြုပြင်နိုင်ဖို့ အရေးကြီးပါတယ်…။

ဘယ်လို ခွဲခြားဆက်ဆံမှုမျိုးကိုမဆို လျော့နည်း ပပျောက်သွားစေဖို့ လူသားတိုင်း လူ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင် နေထိုင်နိုင်ဖို့ လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးနိုင်မယ့် တရားမျှတတဲ့ ဥပဒေတွေ ပေါ်ပေါက်လာပြီး အဲဒီတရားဥပဒေတွေ အသက်ဝင်နေဖို့ လိုအပ်ပါတယ်…။

ကိုယ့်အပေါ် ခွဲခြားဆက်ဆံမှုကို မလိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း တခြားသူတွေအပေါ် ဘာအကြောင်းကြောင့်မှ မခွဲခြားနဲ့ပေါ့…။
အမြင်မတူမှုတိုင်းကို နားလည်ပေးနိုင်ပေမယ့် ဘာသုတေသန ဘာအထောက်အထားမှ မပါတဲ့ ပုံသွင်းခံ တုန့်ပြန်မှုမျိုးအတွက်တော့ အချိန်ပေးပြီး ဖြေရှင်းသွားမှာ မဟုတ်ပါဘူး…။
0 comments

သီရိလင်္ကာမှ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားမှု သီချင်း

သီရိလင်္ကာမှ Equal Ground ကနေ ဒေသခံ လူထု အရပ်ဖက် အဖွဲ့အစည်းများနှင့် ပြုလုပ်ထားတဲ့ လိင်တူချစ်သူ အခွင့်အရေး သီချင်း Nothing But Pride သီချင်းဗီဒီယိုကို ၂၀၁၅ ဇူလိုင်လက ထုတ်လိုက်ပါတယ်။ ဒါရိုက်တာ Rehan Mudannayake နှင့် Jason Rajasinghe လက်စွမ်းပြထားတဲ့ သီချင်းဗီဒီယိုဟာ လှပ လက်ရာမြောက်လှပြီး သီချင်းက အားတက်စရာ ကောင်းလှပါတယ်။ ဘာမှ ဖုံးကွယ်စရာ မလိုဘူးဆိုတဲ့ သီချင်းက Colombo မြို့တော် ၂၀၁၅ ခု Pride ပွဲတော် အတွက် အချိန်ကိုက် ထုတ်လိုက်တာပါ။

0 comments

၂၀၁၅ ခုနှစ်သည် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှုအတွက် အောင်ပွဲခံသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်

ဤဆောင်းပါးကို မူရင်း စာမျက်နှာ ကမ္ဘာ့အသံမြန်မာ (Global Voices) မှ တိုက်ရိုက် ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။
ရေးသားသူမှာ Jaime Vidal Melero ဖြစ်ပြီး
Thant Sin မှ ဘာသာပြန် ထားပါသည်။

LGBT parade in front of La Moneda, Santiago de Chile in 2009. In 2015 Chile became the seventh South American country to recognise same-sex unions. PHOTO: By CiudadanoGay (Picasa) [CC BY 3.0) via Wikimedia Commons
၂၀၀၉ ခုနှစ် ချီလီ နိုင်ငံ La Moneda အရှေ့ရှိ LGBT စီတန်းလှည့်လည်ပွဲ။ ၂၀၁၅ တွင် ချီလီနိုင်ငံသည် တောင်အမေရိက နိုင်ငံများထဲမှ လိင်တူချင်း တရားဝင် ပေါင်းစဉ်းမှုကို အသိအမှတ်ပြုသော ၇ နိုင်ငံမြောက် ဖြစ်လာသည်။ PHOTO: By CiudadanoGay (Picasa) [CC BY 3.0) via Wikimedia Commons
၂၀၁၅ ခုနှစ်သည် လိင်တူချစ်သူ (LGBTI) အခွင့်အရေးများနှင့် ကမ္ဘာတစ်ဝှမ်းတွင် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှု (Sexual Diversity) နယ်ပယ်တွင် (အထူးသဖြင့် တန်းတူ ထိမ်းမြားလက်ထပ်ခွင့် နှင့် လိင်တူချစ်သူများ တရားဝင် ပေါင်းစည်းနိုင်ခွင့် တို့တွင်) အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

ပထမဆုံး သတင်းကောင်းမှာ ကက်သလစ်ဘာသာဝင် အများစုနေထိုင်နေသော၊ ၁၉၉၃ ခုနှစ်ကမှ လိင်တူချစ်ခြင်းကို ပြစ်မှုစာရင်းမှ ထုတ်ပယ်ခဲ့သော အိုင်ယာလန်တွင် မေလ ၂၂ ရက်နေ့၌ နိုင်ငံသားများအား ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ လိင်ပေါ်အခြေခံကာ ခွဲခြားသတ်မှတ်ထားခြင်း ရှိသင့်မရှိသင့် မဲခွဲဆုံးဖြတ်ဖို့ ခေါ်ယူခြင်းဖြင့် စတင်ရောက်ရှိလာပါသည်။ အိုင်ယာလန်၏ မဲပေးသူများသည် ၆၂ ရာခိုင်နှုန်း မဲအသာဖြင့် တန်းတူညီမျှထိမ်းမြားလက်ထပ်ခွင့်ကို အသိအမှတ်ပြုဖို့ ထောက်ခံခဲ့ကြရာ အိုင်ယာလန်သည် လိင်တူချစ်သူများ ထိမ်းမြားလက်ထပ်ခွင့်ကို လူအများစုမဲနှင့် ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

နောက်တစ်လအကြာ ဇွန်လ ၂၆ ရက်တွင် အိုဘာဂီဖဲလ် နှင့် ဟော့ဂျ် တို့၏ အမှုအပေါ် အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်က အဆုံးအဖြတ်ကို ရည်ညွှန်းသော ချစ်ခြင်းမေတ္တာ အောင်နိုင်ပြီ ဟု အဓိပ္ပါယ်ရသည့် #LoveWins hashtag များဖြင့် ကမ္ဘာတစ်ဝန်း လူမှုကွန်ရက်များ၌ တောက်ပလာခဲ့သည်။ ထိုအမှုတွင် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရ လိင်တူချစ်သူစုံတွဲများကို ပြည်နယ်တိုင်းမှ ထိမ်းမြားလက်ထပ်ခွင့် ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။ တရားသူကြီး အန်ထော်နီအမ်ကနေဒီသည် သမိုင်းဝင်ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အောက်ပါအတိုင်း ဆိုခဲ့သည်။
No union is more profound than marriage, for it embodies the highest ideals of love, fidelity, devotion, sacrifice, and family. In forming a marital union, two people become something greater than once they were. As some of the petitioners in these cases demonstrate, marriage embodies a love that may endure even past death. (…) Their hope is not to be condemned to live in loneliness, excluded from one of civilization's oldest institutions. They ask for equal dignity in the eyes of the law. The Constitution grants them that right.
လက်ထပ်ခြင်းထက် ကြီးမြတ်တဲ့ ပေါင်းစည်းမှုဆိုတာ မရှိပါဘူး။ အကြောင်းကတော့ လက်ထပ်ခြင်းဟာ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ တစ်ဦးပေါ်တစ်ဦး ပေးအပ်မြှုပ်နှံခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း နဲ့ မိသားစု တို့ရဲ့ အမြင့်မားဆုံးစံနှုန်းတွေကို ဖော်ကျူးလို့ပါပဲ။ လက်ထပ်ထိမ်းမြားတဲ့အခါမှာ လူနှစ်ယောက်ဟာ အရင်ကထက် ပိုမိုကြီးမြတ်လာပါတယ်။ လက်ထပ်ခြင်းဟာ သေလွန်ပြီးတဲ့နောက် ဆက်လက်တည်တံ့တဲ့အချစ်ကို ဖော်ကျူးတယ်ဆိုတာ ဒီဖြစ်စဉ်တွေမှာ လက်မှတ်ထိုးတောင်းဆိုသူတွေက သက်သေပြခဲ့ပါပြီ။ (…) သူတို့ကို လူ့ဘောင် ယဉ်ကျေးမှု၏ အဓွန့်အရှည်ကြာဆုံး ထုံးတမ်းဓလေ့မှ ဖယ်ကျဉ်မထားကာ သူတို့ရဲ့ မျှော်လင့်ချက်တွေကို အထီးကျန်မှုထဲမှာ ကျန်မနေရအောင် ရှုတ်ချမှု မပြုအပ်ပါ။ သူတို့ဟာ တရားဥပဒေရဲ့အောက်မှာ တန်းတူညီမျှစွာ သိက္ခာရှိရှိ နေနိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက အဲဒီ့အခွင့်အရေးကို အပ်နှင်းပေးလိုက်တာပါပဲ။
ဇွန်လ ၂၁ ရက်တွင် အီတလီနိုင်ငံသည် လိင်တူချစ်သူစုံတွဲများကို အသိအမှတ်ပြုရန်နှင့် အကာအကွယ်ပေးရန် တရားဥပဒေ မူဘောင်ကို ထောက်ပံ့ပေးဖို့ ပယ်ချခြင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပကွန်ဗင်းရှင်း အပိုဒ်ခွဲ ၈ ကို ချိုးဖောက်ရာကျသည်ဟု လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုအပိုဒ်ခွဲ ၈ အရ လူတိုင်း၏ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ဘဝနှင့် မိသားစုဘဝကို လေးစား အသိအမှတ်ပြုပေးရမည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်မှာ တူးနန်နှင့် သြစတြေးလျပြည် အမှုမှ လိင်တူဆက်ဆံခြင်းကို တားမြစ်ထားသော သြစတြေးလျ ဥပဒေကို ပယ်ဖျက်စေခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ လိင်တူချစ်သူ အခွင့်အရေးနယ်ပယ်၌ ဥပဒေဆိုင်ရာ အောင်မြင်မှုကြီး တစ်ခုဖြစ်ကောင်း ဖြစ်နိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ ၁၉၉၄ ဆုံးဖြတ်ချက်အရလည်း အရွယ်ရောက်ပြီးသူများကြား လိင်ဆက်ဆံမှုကို နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ သဘောတူညီမှု အပိုဒ်ခွဲ ၁၇ အရ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ဘဝဟူသော ခေါင်းစဉ်အောက်၌ အကာအကွယ်ပေးထားပြီး ဖြစ်သည်။

SCOTUS Marriage Equality 2015: Supreme Court of the United States ends marriage discrimination. PHOTO: Ted Eytan (CC BY-SA 2.0)
SCOTUS ၂၀၁၅ တန်းတူ လက်ထပ်ထိမ်းမြားခွင့်။ ။အမေရိကန်ပြည်ထောင်စု နိုင်ငံတော် တရားရုံးချုပ်သည် လက်ထပ် ထိမ်းမြားခွင့် ခွဲခြားထားခြင်းကို အဆုံးသတ်သည်။ PHOTO: Ted Eytan (CC BY-SA 2.0)
၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ချီလီကလည်း လိင်တူစုံတွဲများ ထိမ်းမြားလက်ထပ်ခွင့်ရရှိခြင်းအတွက် အောင်ပွဲဆင်နိုင်ခဲ့ရာ ၄င်းသည် လိင်တူချင်း ထိမ်းမြားမှုကို တရားဥပဒေအရ အသိအမှတ်ပြုသော သတ္တမမြောက် တောင်အမေရိကနိုင်ငံ ဖြစ်လာခဲ့သည်။ လိင်တူချစ်သူများကို လူရာမဝင်သူများဟုဆိုတာ ဖမ်းဆီးပြီး အကျဉ်သား စခန်းများတွင် နှိပ်စက်ခဲ့သော သမ္မတ အီဘန်ညက်ဇ် ဒယ် ကမ်ပို (Ibañez del Campo) ၏ ဆိုးရွားသော နေ့ရက်များမှာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ဆာလဗာဒေါလ် အာလန်ဒီ (Salvador Allende) ၏ လူအများစုပေါင်းစည်းညီညွတ်ရေးပါတီ နှင့်အတူ လိင်တူချစ်သူမုန်းတီးရေးများကို ဖြန့်ဝေခဲ့သည့် လက်ဝဲယိမ်းသတင်းစာ ကလာရင် (Clarin) သည်လည်း အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

ကိုလံဘီယာ၏ တရားလွှတ်တော်တရားရုံးက လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ကို ခွင့်ပြုပေးခဲ့
တန်းတူညီမျှအခွင့်အရေးများကို အသိအမှတ်ပြုခြင်းမှာ လိင်တူစုံတွဲများ ကလေးမွေးခွင့် ရရှိခြင်းလည်း ပါဝင်သည်။ နိုဝင်ဘာလ ၄ ရက်တွင် ကိုလံဘီယာတရားရုံးက ကလေးမွေးစားခြင်း ဝန်ဆောင်မှုအေဂျင်စီများကို လိင်တူစုံတွဲများအား ခွဲခြားခြင်းမပြုရန် ညွှန်ကြားခဲ့သည်။ ၉ နာရီကြာ အပြန်အလှန်ငြင်းခုန်အပြီး လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ပေးရန် တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။ လူတစ်ယောက်၏ လိင်စိတ်ကိုင်းညွတ်မှု သပ်သပ်ဟာ ကလေးမွေးစားဖို့ ကျင့်ဝတ်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ သင့်တော်မှု ချို့တဲ့ခြင်းကို မညွှန်းဆိုနိုင်ပါဘူး ဟု တရားသူကြီး မာရီယာ ဗစ်တိုးရီးယား ကာရေး ကောရေးယား (Maria Victoria Calle Correa) က ဆိုသည်။ လိင်တူလက်ထပ်ခွင့်ကို လွန်ခဲ့သောငါးနှစ်က ခွင့်ပြုခဲ့သော ပေါ်တူဂီကလည်း လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ကို ခွင့်ပြုခဲ့ပြန်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် လွှတ်တော်ရှိ လက်ဝဲဝါဒီများသည် လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ရရှိရေးနှင့် intro-vitro fertilisation ကို လက်လှမ်းမှီ ရရှိရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ထိုတောင်းဆိုမှုများကို နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးခဲ့ပြီး သမ္မတမှ လက်မှတ်ထိုးရန်သာ ကျန်တော့သည်။

ထိုသို့ ၂၀၁၅ သည် လူအများအတွက် အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ခဲ့သော်လည်း LBGTI အသိုင်းအဝန်းရှိ transgender နှင့် intersex လူဦးရေ အတွက်တော့ သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ကျားမကူပြောင်းထားသူ (Transgender) နှင့် လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ (Intersex) တို့၏ အသိုင်းအဝန်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး အချို့နေရာများတွင် ဘဝ ကောင်းကောင်း တိုးတက်လာသည် မရှိသေးပါ။ ယခုလက်ရှိတွင် ထိုသူများမှာ အခြားသူများနှင့် ယှဉ်လျင် တန်းတူနေရာ မရနိုင်သေးပဲနှင့် အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး လွန်ကဲသော လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းများလည်း တွေကြုံနေရသေးသည်။
(လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ရုပ်ဝိသေသ) #SOGI အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှုများ။ #EU တွင် လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူများ အပေါ် ဆိုးရွားသော နည်းလည်မှု
လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူများ အဖို့အတွက်မူ ဝမ်းနည်းစရာကောင်းသည်မှာ လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ ကလေးများကို မလိုအပ်သော ခွဲစိတ်ကုသမှုများနှင့် အခြားကုထုံးများကို အသုံးပြုကာ ကျား သို့မဟုတ် မ ဟူသော ပုံသေစွဲထားသည့် နှစ်မျိုးထဲမှ တစ်မျိုးကို ဆန့်ဝင်ရန် ပြုလုပ်ခြင်းမှာ ပုံမှန်လုပ်လေ့လုပ်ထရှိသော အလေ့အကျင့်တစ်ခုလို ဖြစ်နေသည်။ နောက်ပြန်ဆုတ်၍ မရသော ထို ခွဲစိတ်မှုအဆင့်ဆင့်ကြောင့် သေရာပါထိ သားသမီးမရနိုင်ခြင်း၊ နာကျင်မှု၊ ဆီးမထိန်းနိုင်ခြင်း၊ ကာမ ထိတွေ့မှု မခံစားနိုင်တော့ခြင်း နှင့် တသက်လုံး စိတ်ကျန်းမာရေးထိခိုက်ခြင်း အစရှိသည့် ဆိုးကျိုးများ ဖြစ်လာနိုင်သည်။ ထို့အပြင် ထိုခွဲစိတ်မှုများကို ကာယကံရှင်၏ ခွင့်ပြုချက်နှင့် ဆန္ဒလိုက်လျောက်ခြင်း မပါပဲ ပြုလုပ်နေကြခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် ဧပြီလတွင် Transgender Europe အမည်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းသည် ဘာသာစကားစုံ အွန်လိုင်းဂျာနယ် လီမီနယ်လစ်နှင့် ပူးပေါင်း၍ ကျားမကူပြောင်းထားသူ အသတ်ခံရမှုများနှင့် ပက်သက်သော အချက်အလက်စုဆောင်းခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စိစစ်ခြင်းများပြုလုပ်သော သုတေသန စီမံကိန်းတစ်ခုကို စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ်အစပိုင်းကတည်းက ကျားမကူပြောင်းထားသူများသည် ပျမ်းမျှအားဖြင့် သုံးရက်လျှင် တစ်ယောက် အသတ်ခံနေရသည်။ ထို စီမံကိန်း (Transgender Europe ၏ Trans Murder Monitoring project) အရ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလအထိ လူသတ်မှု အနည်းဆုံ ၂၇၁ မှုရှိခဲ့ရာ သုံးဆယ့်ခြောက်နာရီတွင် တစ်ယောက်မျှ အသတ်ခံနေရခြင်းပင် ဖြစ်သည်။
ဒီနေ့ဟာ အရေးကြီးတဲ့နေ့ပါ။ ဒီနေ့ဟာ ကျားမကူပြောင်းထားသူများအတွက် အမှတ်တရနေ့ #TDOR ပါ။ ဒါကို ငါတို့အားလုံး အမှတ်ရနေကြပါတယ်။
ယခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆယ့်ခြောက်ကြိမ်မြောက် နှစ်စဉ် ကျားမကူပြောင်းထားသူများအတွက် အမှတ်တရနေ့ကို ကျင်းပခဲ့ ကြသည်။ ၁၉၉၈ ခုနှစ်တွင် မက်ဆာချူးဆက်၌ ကျားမပြောင်းလဲထားသူ အမျိုးသမီး ရီတာ ဟက်စတာ အသတ်ခံရပြီးနောက် ၄င်းကို တုန့်ပြန်သည့် အနေဖြင့် ၁၉၉၉ ခုနှစ်မှစ၍ စတင်ကျင်းပခဲ့သည်။ ထိုမှစ၍ ကျားမပြောင်းလဲထားသူများအား မှန်းတီးမှုဖြင့် အကြမ်းဖက်မှုကြောင့် သေဆုံးသွားရရှာသော ဘဝများကို အမှတ်ရ ဂုဏ်ပြုသည့် အနေဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ထိုကဲ့သို့ များပြားလှသော ထိခိုက်ခံနေရသည့် အရေအတွက်များကြောင့် အချို့ ကျားမကူပြောင်းသူ အခွင့်လှုပ်ရှားသူများနှင့် မဟာမိတ်များသည် အမှတ်တရနေ့အစား ကျားမပြောင်းလဲထားသူများ ကြံကြံခံ ရှင်သန်နိုင်သောနေ့ (Transgender Day of Resilience) ဟု ပြောင်းလဲကျင်းပရန် အဆိုပြုခဲ့ကြသည်။ ကျားမပြောင်းလဲထားသူ ဂျာနယ်လစ် Claire-Renee Kohner က Bustle တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။
Transwomen are the most visible on the trans-spectrum and it’s easy to forget that transmen exist and experience a greater level of erasure than us women. Transman Michael Hughes, who brought the recent influx of bathroom bill legislation into perspective by posting selfies of himself in a women’s restroom, told Bustle, “I'm glad there's a 'day' that people new to the table, new to these conversations, can get involved. But like you, I feel every day is a day of visibility for us; It's 24/7/365 for trans people.”
ကျားမကူးပြောင်းသူ အမျိုးသမီးများဟာ ကျားမကူးပြောင်းသူ နယ်တစ်ဝန်းတစ်လျားမှာ လူအများ သိမြင်တာ ရှိပါတယ်။ ဒါပေမဲ့ ကျားမကူးပြောင်းသူ အမျိုးသားများလည်း ရှိသေးပြီး အမျိုးသမီးတွေလောက်ကိုပဲ ပစ်ပယ်ခံနေရတယ် ဆိုတာကိုတော့ မေ့လွယ်ပါတယ်။ အမျိုးသမီး သန့်စင်ခန်းတွေထဲမှာ ကိုယ့်ကိုယ်ကိုဓာတ်ပုံတွေရိုက်ပြီး အများသုံး သန့်စင်ခန်း ဥပဒေ ပြဌာန်းဖို့ လူအများ သဘောပေါက် လာအောင် ပြုလုပ်ခဲ့တဲ့ ကျားမကူးပြောင်းသူ အမျိုးသားများ မိုက်ကယ် ဟုဂျက်စ် က Bustle ကို ဒီလိုပြောပါတယ် "အသစ်အဆန်း ဖြစ်နေတဲ့ လူတွေနဲ့ ဒီအကြောင်းကို ဆွေးနွေးဖို့ ဆန်းနေတဲ့ လူတွေအတွက် ပါဝင်လာဖို့ ဒီလိုမျိုး 'ရက်တစ်ရက်' ရှိနေတာကို ကျွန်တော် ဝမ်းသာပါတယ်။ ဒါပေမဲ့ ခင်ဗျားလိုပါပဲ ကျွန်တော်အတွက်တော့ နေ့စဉ်နေ့တိုင်းဟာ ကျွန်တော်တို့ ထင်ရှားမြင်သာစေရမယ့် နေ့တွေပါပဲ။ ကျားမပြောင်းသူတွေ အတွက်ကတော့ ဒီဟာက ၂၄/၇/၃၆၅ ပါပဲ။
လှပပါတယ်။ လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ အခွင့်အရေးလှုပ်ရှားသူများနှင့် ဟီဂျရာ (ကျားမပြောင်းလဲထားသူ အမျိုးသမီး) တွေ အိန္ဒိယမှာ ခွဲခြားဆက်ခံမှုကို ဆန္ဒပြဖို့ စုရုံးနေကြပါတယ်။
0 comments

အရှေ့ အာရှမှ လိင်တူချစ်သူ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲ ဓာတ်ပုံများ

Pride Parade အတိုကောက် Pride လို့ခေါ်တဲ့ လိင်တူချစ်သူတွေရဲ့ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲတွေဟာ အမေရိကန်မှာ စခဲ့တာပါ။ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုများကို တောင်းဆိုရန် ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်တုန်းက နယူးယော့က လိင်တူချစ်သူတွေရှိတဲ့ ရပ်ကွက်မှာ စတုန်းဝေါဆိုတဲ့ တည်းခိုခန်းကို ရဲတွေက ဝင်စီးပြီး နောက်ပိုင်းမှာ လိင်တူချစ်သူ အသိုင်းအဝန်းက မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဂုဏ်ယူကြောင်း စီတန်းလှည့်လည်ကာ ဆင်နွဲခဲ့ကြရာက နေစတင်ခဲ့ပါတယ်။ ယနေ့မှာတော့ အနောက်တိုင်းနိုင်ငံတွေမှာ ဇွန်လဝန်းကျင်ဆိုရင် ချိမ့်ချိမ့်သဲသဲ ကျင်းပလေ့ရှိပါတယ်။

ကျွန်တော်တို့ အာရှတိုက်မှာလည်း လူ့အဖွဲ့အစည်းက အမြင်စောင်းမှုများ အစိုးရများက ဖိနှိပ် ချုပ်ချယ်မှုများအကြားမှ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသူများက ဦးဆောင်ကာ အကြီးအကျယ်မဟုတ်သော်လည်း ကျင်းပပြုလုပ်လျှက်ရှိ ပါတယ်။ အဲ့ဒီ အထဲကမှ ဥပမာအနေနှင့် နီပေါ၊ အိန္ဒိယ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေမှ ပြုလုပ်ပြီးသွားတဲ့ လှည့်လည်ပွဲအချို့ရဲ့ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ရပါတယ်။

နီပေါ
နီပေါနိုင်ငံမှာ ၂၀၁၅ လတ်တလောကမှာ ပြုလုပ်သွားတဲ့ လိင်တူချစ်သူ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲ အပါအဝင် နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ Prideတွေရဲ့ ရောင်စုံ ဝေဆာနေတဲ့ ပုံရိပ်များပါ။













ဟောင်ကောင်
ဟောင်ကောင်မှာလဲ စီတန်းလှည့်လည်ပွဲကို ကျင်းပနေတာ ၅ နှစ်ရှိခဲ့ပါပြီ။







ထိုင်ဝမ်
ထိုင်ဝမ်နိုင်ငံ၏ မြို့တော် တိုင်ပေမှာလည်း ၂၀၀၃ ခုနှစ်ကတည်း ကျင်းပလာခဲ့တာ ၉ နှစ်ရှိခဲ့ပါပြီ။










ဖိလစ်ပိုင်
မနီလာမှ ပုံရိပ်အချို့ပါ။





အိန္ဒိယ 
အိန္ဒိယ နယူဒေလီနှင့် မွန်ဘိုင်းတို့မှာလည်း စီတန်းလှည့်လည်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။







ဗီယက်နမ်
အရှေ့တောင်အာရှမှာတော့ ဗီယက်နမ်က အကြီးစားမဟုတ်ပေမဲ့ ပထမဆုံးနိုင်ငံအဖြစ် စတင်ပြုလုပ်နိုင်ခဲ့ပါပြီ။






Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ