Search

Content

0 comments

International LGBT music (2015 May)


၂၀၁၅ မေအတွင်းမှာ ကမ္ဘာအရပ်အရပ်မှာ လက်ရှိ ရေပန်းစားနေတဲ့ လိင်တူချစ်သူအဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနှင့် ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်းတွေ စုစည်းထားတာဖြစ်ပါတယ်။

MIKA - Talk About You
Country - UK
Language - English
Genre - Pop
Year - 2015

ကမ္ဘာကျော် အင်္ဂလိပ် ပြင်သစ် အဆိုတော် Mika ရဲ့ နောက်ဆုံးထွက် No Place In Heaven ဆိုတဲ့အခွေရဲ့နောက်ထွက်ရှိလာတဲ့ သီချင်း ဗီဒီယိုတွေဖြစ်ပါတယ်။



MIKA - Good Guys
ဒီတစ်ပုဒ်ကတော့ အရင်တုန်းက ကျော်ကြားခဲ့တဲ့ ဂေးအဆိုတော်တွေကို ဂုဏ်ပြုပြီး သီဆိုထားတာပါ။



Adam Lambert - Ghost Town
Country - US
Language - English
Genre - Pop
Year - 2015

American Idol ကနေ နာမည်ကြီးခဲ့တဲ့ အဆိုတော် Adam Lambert ရဲ့ နောက်ဆုံးထွက် သီချင်းကတော့ ကမ္ဘာအရပ်အရပ်က ယောကျ်ားချင်းချစ်သူ ပရိသတ်တွေ အကြားမှာ ရေပန်းစားနေပါပြီ။



Joey Graceffa - Don't Wait
Country - US
Language - English
Genre - Pop
Year - 2015

အင်တာနက် Youtube မှာ နာမည်ကြီးနေတဲ့ Youbtube personality Joey Graceffa က သူ့ကိုယ်သူဂေးလို့ သူ့ပရိသတ်တွေကို ပြောပြီးနောက်ပိုင်းမှာ ဒီ သီချင်းဗီဒီယိုကို ရိုက်လိုက်တာပါ။



Tiziano Ferro  - Lo Stadio
Country - Italy
Language - Italian
Genre - Pop
Year - 2015

အီတလီနိုင်ငံ၏ အရောင်းရဆုံး နှင့် အကျော်ကြားဆုံး အမျိုးသားအဆိုတော်လဲဖြစ် ကျားချင်းကြိုက်သူ တစ်ယော်က်လဲဖြစ်တဲ့ အဆိုတော် Tiziano Ferroရဲ့ သူ့အကောင်းဆုံး တေးသီချင်းတွေ စုစည်းမှု အခွေထဲက နောက်ဆုံးထွက် ဗီဒီယိုဖြစ်ပါတယ်။



Nick Deutsch  - Twenty Something
Country - US
Language - English
Genre - Pop
Year - 2015

New York အခြေဆိုက် အဆိုတော် Nick Deutsch ကတော့ တဖြည်းဖြည်း နာမည်ရလာပါပြီ။ သူ့ရဲ့သီချင်းအသစ်ဖြစ်ပါတယ်။



Nader Assaf  - Quem Disse
Country - Brazil
Language - Portuguese
Genre - Pop
Year - 2015

ဘရာဇီး အဆိုတော်သစ်ကလေး Nader Assaf က သိပ်နာမည်မကြီးသေးပေမယ့် သူ့ရဲ့ ဘရာဇီး ကျေးလက်သံစဉ်နှင့် သီချင်းတွေကိုတော့ ဂေးပရိသတ်တွေ ကြိုက်ကြပါတယ်။



Doug Locke  - King
Country - US
Language - English
Genre - Pop
Year - 2015

သရုပ်ဆောင် Doug Locke သီချင်းအသစ်ကတော့ စိတ်အားတက်စရာ သံစဉ် စာသားတွေနဲ့ သီဆိုထားရာမှာ လူကြိုက်များပါတယ်။



Matt Gold - Low
Country - US
Language - English
Genre - Pop
Year - 2015

အမေရိကန်အဆိုတော် Matt Gold က သူ့ရဲ့နောက်ဆုံးထွက် သီချင်းကို သူ့ရဲ့ဘဝ အတွေ့အကြုံပေါ် မူတည်ပြီး ရေးစပ်ခဲ့တာပါ။

0 comments

Gay Cosplay ဓာတ်ပုံများ

တစ်နှစ်တစ်ခါ လုပ်လေ့ရှိတဲ့ Comic-con လို့ခေါ်တဲ့ ကိုယ့်ရဲ့စိတ်ကြိုက် စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေလို ၀တ်ဆင်ပြီး ပြိုင်ပွဲဝင်ရတဲ့ ပွဲတွေ ကမ္ဘာအရပ်ရပ်မှာ ရှိပါတယ်။ ကာတွန်း၊ ဗီဒီယိုဂိမ်း နှင့် စိတ်ကူးယဉ် ဇာတ်လမ်း ၀ါသနာအိုးတွေက မိမိ အကြိုက်ဆုံး ဇာတ်ကောင်တွေလို ၀တ်ဆင်ပြီး တက်ရောက်ကြပါတယ်။ အဲ့ဒီထဲမှာ gay nerds တွေဖြစ်ကြတဲ့ စိတ်ကူးယဉ် ဇာတ်လမ်း နှင့် ဂိမ်း ၀ါသနာရှင် လိင်တူချစ်သူတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ဗီဒီယိုဂိမ်း ကစားတာ အလွန်ဝါသနာပါတဲ့ ဂေးတွေကိုတော့ gaymer လို့ခေါ်ပါတယ်။ Comic-conကို တစ်ချို့က ဇာတ်လမ်းထဲက စုံတွဲတွေလို အတွဲလိုက် ၀တ်ဆင်ကြပါတယ်။ တချို့အတွက်တော့ ကိုယ့်နဲ့ ၀ါသနာတူ အနာဂတ်ချစ်သူတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဘာပဲပြောပြော စိတ်ကူးယဉ်တတ်သူတွေ အတွက်တော့ အမြဲတမ်းတနေတဲ့ ကိုယ့်အိမ်မက်ထဲက ချစ်သူသူရဲကောင်း ယောက်ျားတွေ အမုန်တကယ်ဖြစ်လာတဲ့ ခံစားမှုမျိုးကို ပွဲတက်တဲ့အခါမှာ ကြည်နူးရပါတယ်။

အခုတော့  ကမ္ဘာအရပ်ရပ်က ရင်ခုန်ဖွယ်ရာ ချောမောလှပတဲ့ costume player ယောက်ျားတွေရဲ့ ဓာတ်ပုံတွေကို ရှုစားကြပါ။ 




















0 comments

HIV ရှိသူ လက်တွဲဖော် နှင့် အသက်ထက်ဆုံး ပေါင်းသင်းသွားဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ HIV positive ဖြစ်တဲ့သူတွေဟာ သူတို့ရဲ့ ပိုးရှိမရှိ အခြေအနေ (HIV status) တစ်ခုတည်းကြောင့် လိင်ဆက်ဆံဖို့၊ လက်တွဲဖို့ အတွက်ကို ငြင်းပယ်ခြင်းခံကြရပါတယ်။

လူတိုင်းက ကိုယ်သဘောကျတဲ့ လိင်ဆက်ဆံဖော် သို့မဟုတ် လက်တွဲဖော်ကို လွတ်လပ်စွာ လက်ခံပိုင်ခွင့် ငြင်းပယ်ပိုင်ခွင့်ရှိတယ်ဆိုတာကလည်း မှန်ပါတယ်။ ဒါပေမယ့် ကိုယ် တကယ်မေတ္တာရှိတဲ့အတွက် HIV positive ဖြစ်တဲ့သူတစ်ဦးနှင့် ပေါင်းသင်းမယ်ဆိုပါက လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။

ပထမတစ်ချက်က HIV ကူးမှာကြောက်လို့ HIV positive ဖြစ်တဲ့သူကိုရှောင်တိုင်း လုံးဝ အန္တရာယ်ကင်းတာ မဟုတ်ပါဘူး။ အကြောင်းက HIV ပိုးထိန်းတဲ့ဆေးကုသမှုခံယူနေတဲ့သူတွေဆီက ပိုးကူးနိုင်ချေ အလွန်နည်းပါးပါတယ်။ ဆေးကုသမှုကို မခံယူတဲ့သူနှင့် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံခြင်းက ဆေးကုသမှုကို ခံယူနေပြီး (undetectable viral load) ပိုးအရေအတွက် မတွေ့ရအာင်နည်းပါးတဲ့ သူနှင့် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံခြင်းထက် ပိုးကူးဖို့ အများကြီးပိုဖြစ်နိုင်ပါတယ်။

ဆိုလိုချင်တာက ဆေးကုသမှုခံယူနေတဲ့သူတစ်ယောက်ကို ပိုးရှိတဲ့အတွက် ငြင်းပယ်ပြီး HIV ပိုးရှိမရှိမသိရတဲ့ သူတစ်ယောက်နှင့် လိင်ဆက်ဆံဖို့ လက်ခံခြင်းက ကိုယ့်အတွက် ပိုကြီးမားတဲ့ အန္တရာယ်ဖြစ်နေနိုင်ပါတယ်။ HIV ကူးစက်ခြင်း အများဆုံး ဖြစ်ရခြင်းကတော့ HIV ပိုးရှိနေတာကို ဆေးမစစ်ပဲ မကုသပဲနေထိုင်နေသူတွေဆီကနေ အများဆုံးကူးစက်ခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်က ကိုယ့်လက်တွဲဖော်မှာ HIVရှိနေလို့ ကိုယ့်ကို ပစ်ပြီး ဘဝကြီးက အရင်ထွက်သွားမယ်လို့ စိုးရိမ်နေပါသလား။ အဲ့တာတွေက လွန်ခဲ့တဲ့ နှစ်၃၀လောက်က HIV ဆေးနည်းပညာ မတိုးတက်ခင်က အတွေးအခေါ်တွေပါ။ ယနေ့ခေတ်မှာ လူတစ်ယောက်ဟာ သူ့ကိုယ်ခံအားစနစ်က ကောင်းမွန် ကျန်းမာနေစဉ် HIV ပိုးတွေ့ရှိပါက သူသည် လူတိုင်းလို သက်စေ့နေထိုင်သွားနိုင်ပါပြီ။ ဖြစ်နိုင်တာက သူတို့ဟာ ပိုးမရှိတဲ့ သူတွေထက်ကို ပိုပြီး အသက်ရှည်နိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ သူများတွေ သူတို့ ကျန်းမာရေးကို လစ်လျူရှုနေတဲ့အချိန်မှာ ပိုးရှိသူတွေက ပုံမှန် အမြဲတစေ ဆေးစစ်နေလို့ပါ။

နောက်ဆုံးတစ်ခုကတော့ သင်သည် HIV ပိုးရှိသူတစ်ဦး ကို မသန့်ရှင်းသူတစ်ဦးလို့ သတ်မှတ်နေပါသလား။ HIV ဆိုတာ ပိုး (virus) တစ်မျိုး သာဖြစ်ပါတယ်။ စာရိတ္တပျက်ပျားခြင်းလည်း မဟုတ်သလို နိမ့်ကျတဲ့သူတွေလည်း မဟုတ်ပါ။ ပိုးရှိသူတွေ အကြားမှာလည်း ဖြူစင်သူတွေရှိသလို ပိုးမရှိတဲ့သူတွေမှာလည်း ဖြူစင်သူတွေပါပါတယ်။ ပိုးရှိသူတွေကို မြင်တာနှင့် နှိမ့်ချပြီး မတူမတန်ပြုုခြင်းကမှ အမဲစက်တစ်ခုပါ။ လူတွေဟာ ကိုယ့်ရဲ့ HIV status ကို ပွင်းလင်းစွာ ဆွေးနွေးနိုင်ဖို့ လိုအပ်ပါတယ်။ ပိုးရှိသူတွေ ပုံသေထားပြီး ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်း နှင့် နှိမ့်ချခြင်းပြုလုပ်ပါက လူတွေသည် မိမိရဲ့ ပိုးအခြေအနေကို ပွင့်လင်းစွာ နှင့် ရိုးသားစွာ ပြောပြနိုင်ဖို့ ကြောက်လန့်နေမှာဖြစ်ပြီး ဆက်လက် မသိကျိုးကျွန်ပြုနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမြင်ကစပြီး ပြောင်းလဲဖို့ လိုပါမယ်။

တစ်ကမ္ဘာလုံးမှာ ပိုးပြန့်ပွားမှုကို တိုက်ဖျက်မယ်ဆိုပါက ယနေ့ခေတ်မှာ HIV ကို ကာကွယ်မှုကို ကျွန်တော်တို့ နားလည်းထားပုံကို ပြန်လည်တွေးတောဖို့ သင့်ပါပြီ။ မှတ်ထားဖို့က -

၁) ပိုးရှိပြီး ကုသမှုခံယူနေတဲ့သူထက် ပိုးရှိတာကိုမသိပဲ ပိုးကောင်ရေ များနေတဲ့သူတစ်ယောက်ဆီကနေ ကူးစက်ဖို့လွယ်ပါတယ်။

၂) Undetectable viral load ပိုးအရေအတွက် မတွေ့ရအာင်နည်းပါးပါက HIV ကူးနိုင်ချေ ၉၆% နည်းပါးပါတယ်။ အထူးသဖြင့် PrEPကုထုံးခံယူပြီး ကွန်ဒုံးသုံးပါက ကူးစက်မှု လုံးဝမဖြစ်နိုင်ပါ။ ကုသမှုဟာလည်း ကူးစက်မှုကိုကာကွယ်ခြင်း (Treatment as Prevention – TasP) ဖြစ်ပါတယ်။

၃) အသက် ၂၀ ၀န်းကျင်မှာ HIV အခြေအနေကို သိရှိခဲ့ပြီး ကုသမှုခံယူ လာပါက နောက်ထပ် အနှစ် ၅၀ ဆက်လက်နေထိုင်လို့ ရပါတယ်။


လူတိုင်း ကျန်းမာပျော်ရွင်ပြီး သာယာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ