Search

Content

Showing posts with label Entertainment. Show all posts
Showing posts with label Entertainment. Show all posts
0 comments

Best of LGBT Artists in 2017

ဘာလိုလိုနဲ့ နှစ်တစ်နှစ် ကုန်သွားခဲ့ပြန်ပါပြီ။ ​၂၀၁၇ မှာလည်း LGBTQ / လိင်တူချစ်သူအသိုင်းအဝိုင်းက တရားမျှတမှုအတွက် ဆက်လက်ကျိုးပမ်းမှုတွေနဲ့ အရေးပါခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်က လိင်တူချစ်သူအခွင့်အရေးတွေကို လိုက်ပယ်ဖျက်တာတွေ၊ မလေးမစားလုပ်တာတွေရှိခဲ့ပေမဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ ကျနော်တို့ရဲ့ဘဝတိုးတက်မှုရရှိခဲ့ကြပါတယ်။ ဆက်လက်ပြီး ဂျာမနီ၊ ဖင်လန်၊ မော်လတာနဲ့ သြစတြေးလျနိုင်ငံတွေမှာ လိင်တူချစ်သူလက်ထပ်ခွင့်ရခဲ့သလို လိင်တူချစ်သူနိုင်ငံရေးသမား အများအပြားလည်း ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံရေးကဏ္ဍတွင်သာမက အနုပညာလောကမှာလည်း ပါရမီရှင်လိင်တူချစ်သူတွေက သူတို့ရဲ့စွမ်းဆောင်ရည်ကို သူတို့ရဲ့ နိုင်ငံအသီးသီးမှာ ပြသကျိုးပမ်းခဲ့ကြပါတယ်။

အခုတော့ လုလင်မဂ္ဂဇင်း စာဖတ်သူထဲက နိုင်ငံတကာသီချင်းကြိုက်တတ်သူတွေအဖို့ ၂၀၁၇ မှာထွက်ခဲ့တဲ့ သီချင်းကောင်းတွေနဲ့ အဆိုတော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ စာဖတ်သူတို့လည်းနားဆင်နိုင်ဖို့ စုစည်းပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ လိင်တူချစ်သူတွေက အနုပညာ နှင့် မီဒီယာမှတဆင့် ကမ္ဘာကို သူတို့ရဲ့ အစွမ်းအစတွေကိုပြသနေကြပြီး အမေရိကန်သီချင်း အများအပြားကို ၂၀၁၇ မှာလည်း သီဆိုရိုက်ကူးနိုင်ခဲ့ကြပေမဲ့ ထူးချွန်ထက်မြက်တဲ့ LGBTQ အဆိုတော်တွေကတော့ တကမ္ဘာလုံးမှာရှိကြတယ်ဆိုတာကို မေ့လို့မရပါဘူး။ ပုံမှန်ဆိုရင် အမေရိကန်သီချင်းတွေကို အလွယ်တကူတွေ့ရှိနားထောင်နိုင်ကြတာမို့ လုလင်မဂ္ဂဇင်းကတော့ မြင်ရခဲတဲ့ ကမ္ဘာတဝှမ်းက ထွေပြားစုံလင်လှတဲ့ အနုပညာဖန်းတီးမှုတွေကိုတင်ပြပေးထားပါတယ်။

ဒါ့ကြောင့် စာဖတ်သူပရိသတ်တွေ လေ့လာနားထောင်စရာ နိုင်ငံပေါင်း ၁၅ နိုင်ငံက အနုပညာရှင်တွေရဲ့ ၂၀၁၇ မှာ ထွက်ရှိထားသမျှထဲမှ မြန်မာပရိသတ်ကြိုက်တတ်မယ့် အကောင်းဆုံးသီချင်းတွေကို စုဆောင်းထားပေးထားပါတယ်။

ပွင့်လင်းစွာပြောသော လိင်တူချစ်သူအဆိုတော် အနုပညာရှင်များကို  ဂုဏ်နေပြုတဲ့အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူတွေထဲက အကောင်းဆုံးသီချင်း အပုဒ် (၃၀) ပဲဖြစ်ပါတယ်။ သောတရှင်များ ပျော်ရွင်ကြည်နှုးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီသီချင်းအနုပညာတွေကတဆင့် ထွေပြားစုံလင်မှုရဲ့ အနှစ်အရသာကို ခံစားနိုင်ကြပြီး သက်တန့်တလျှောက်လုံးမှ ရောင်စဥ်များအားလုံး တောက်ပနိုင်ကြပါစေ။

30. Leon Markcus (SINGAPORE)

စင်္ကပူ အဆိုတော် Leon Markcus ဟာ လူငယ်တွေ အနိုင်ကျင့်ခံရတာတွေနဲ့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာတွေနဲ့ ပက်သက်ပြီး သူ့သီချင်းထဲမှာ သရုပ်ဖော်ထားပါတယ်။ လိင်တူချစ်သူတွေအတွက် သိပ်မပွင့်လင်းတဲ့ နိုင်ငံဖြစ်တဲ့ စင်္ကပူလိုနိုင်ငံမျိုးမှာ လိင်တူချစ်သူအဆိုတော်တွေက အနုပညာနဲ့ ရှေးတန်းထွက် ကိုယ်စားပြုပေးတာမျိုးက ရှားလည်းရှားပြီး Leon Markcus  ရဲ့ Alive က သီချင်းကောင်းတစ်ပုဒ်လည်းဖြစ်တာမို့လို့ သူ့သီချင်းဟာ စင်္ကပူမှာ အထိုက်အလျောက် လူကြိုက်များခဲ့ပါတယ်။

Alive


29. Mila Jam (UNITED STATES)

အမေရိကန် Youtube အဆိုတော် Mila Jam ကျားမပြောင်းသူ အခွင့်အရေးလှုပ်ရှားသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူ့သီချင်း Faces ကို အမေရိကန် လိင်တူချစ်သူ အခွင့်အရေးလှုပ်ရှားမှုများမှာ အသုံးပြုခဲ့ကြပါသည်။

Faces


28. Mary Lambert (UNITES STATES)

အမျိုးသမီးလိင်တူချစ်သူ အဆိုတော် Mary Lambert က လွန်ခဲ့တဲ့ ၅ နှစ်က Same Love သီချင်းနဲ့ စကျော်ကြားပြီးကတည်းက ဆက်တိုက်သီချင်းကောင်းတွေကို ထုတ်ဝေနေလျက်ရှိပါတယ်။  ၂၀၁၇ မှာလည်း Know Your Name သီချင်းကို ထပ်မံ ထုတ်ဝေထားပါတယ်။

Know Your Name

27. Rainbow Riots (UGANDA)

အာဖရိက နိုင်ငံအတော်အများမှာ လိင်တူချစ်သူ အခ္ငင့်အရေးတွေ အဆိုးဆုံး ဖောက်ဖျက်ခံနေရတာတွေကို ခုခံဖို့ Uganda, Jamaica နဲ့ Malawi စတဲ့ နိုင်ငံတွေက လိင်တူချစ်သူ အနုပညာရှင်တွေက Rainbow Riots ဆိုတဲ့ ဂီတအနုပညာလှုပ်ရှားမှုစီမံကိန်းကို ၂၀၁၇ မှာပြုလုပ်ခဲ့ကြပါတယ်။ အခုဖေါ်ပြထားတဲ့ Freedom ဆိုတဲ့သီချင်းက Uganda နိုင်ငံက အဆိုတော်တွေ ဖန်တီးထားတာပဲဖြစ်ပါတယ်။

Freedom 

26. A JAY (SRI LANKA)

လုလင်မဂ္ဂဇင်းက ဒီ သီရိလင်ကာသီချင်းအကြောင်းကို သိပ်မသိရပေမယ့် ဒီလိုနိုင်ငံမျိုးမှာ လိင်တူချစ်သူများအကြောင်းကို ရိုက်ကူးသီဆိုထားတဲ့ အနုပညာမျိုးကို တွေ့ရမြင်ရခဲတာမို့လို့ ဒီသီချင်းကောင်းလေးကို ရွေးချယ်ဖော်ပြပေးလို်က်ရပါတယ်။​ သီချင်းထဲမှာ သရုပ်ဆောင်မင်းသားက မိန်းကလေးရီးစားရှိနေပေမဲ့ အခြားကောင်လေးတစ်ယောက်ကို ချစ်နေတဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်။

Asammatha Pemak (රතු තොල්)

25. Fangoria (SPAIN)

စပိန်က drag အဆိုတော် Fangoria ဟာလည်း ၂၀၁၇ မှာ အကသီချင်းတွေဆက်ဆိုထားပြီး ဥရောပမှာ လူကြိုက်များခဲ့ပါတယ်၊။ Espectacular ဆိုတဲ့ ဒစ္စကို သီချင်းကို လုလင်မဂ္ဂဇင်း ပရိသတ်နားဆင်နိုင်အောင် ရွေးချယ်ပေးထားပါတယ်။

Espectacular


24. Denis Ng (HONG KONG)

ဟောင်ကောင် လိင်တူချစ်သူအဆိုတော် Denis Ng က ၂၀၁၇ မှာ သီချင်းတစ်ပုဒ်ကို ဆက်လက်ထုတ်ဝေထားပါတယ်။​ ဟောင်ကောင် LGBT တွေကို ကိုယ်စားပြုနေတဲ့ အနုပညာရှင် Denis Ng ရဲ့ သီချင်းအေးအေးငြိမ့်ငြိမ့်လေးပဲဖြစ်ပါတယ်။

傷城故事 (Injury Story)

23. ĐÀO BÁ LỘC  (VIETNAM)

ဗီယက်နမ် နိုင်ငံမှာ အချစ်သီချင်းအဆွေးသီချင်းက လူကြိုက်များပါတယ်။ ဒီနှစ်မှာလည်း ဗီယက်နမ်ရဲ့  The Voice သီချင်းဆိုပြိုင်ပွဲလိုမျိုး နိုင်ငံတော်အဆိုပြိုင်ပွဲမှာ ဆုရလူငယ်အဆိုတော် ĐÀO BÁ LỘC က အချစ်အဆွေးသီချင်းကောင်းတစ်ပုဒ်ကို လိင်တူချစ်သူ ဇာတ်လမ်းလေးနဲ့ သီဆိုရိုက်ကူးထားပါတယ်။

THANH XUÂN

22. Superfruit (UNITED STATES)

ဒီနှစ်မှ​ အသစ်ဖွဲ့စည်းလိုက်တဲ့ အမေရိကန်အဖွဲ့  Superfruit က တစ်နှစ်အတွင်း Imaginary Parties, BAD 4 US, Worth It (Perfect), နဲ့ Vacation အစရှိတဲ့ သီချင်းတွေ အများကြီးထုတ်ဝေထားပါတယ်။ အမေရိကမှာ လိင်တူချစ်သူတွေအကြားလူကြိုက်များလာတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ အဲ့ထဲမှာ သူတို့ရဲ့ Fantasy သီချင်းကို ရွေးပြထားပါတယ်။

Fantasy (feat. Amber Liu)


21. Lizzo (UNITED STATES)

အမေရိကန်အဆိုတော် Lizzo က ၂၀၁၆ တုန်းက Good as Hell သီချင်းနဲ့ လူကြိုက်များခဲ့ပြီးတော့ ၂၀၁၇ မှာလည်း သူရဲ့အနုပညာနဲ့ LGBT အသိုင်းအဝိုင်းနဲ့​ လူမဲအမျိုးသမီးများရဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ဖို့ ကျိုးပမ်းနေသူဖြစ်ပါတယ်။

Water Me


20. Francisco Victoria (CHILE)

ချီလီနိုင်ငံက လူငယ်အဆိုတော်လေး Francisco Rojas ဟာ ပရိသတ်ကို သူ့ရဲ့ ပွဲဦးထွက်သီချင်းနဲ့ အံသြသွားစေပြီး လိင်တူချစ်သူ ဂီတနှစ်သက်သူများကို ကြေနပ်အားရစေခဲ့ပါတယ်။ ဆန်းဆန်းငြိမ့်ငြိ်မ့်လေးနဲ့ Marinos ဆိုတဲ့သီချင်းဟာ လက်တင်အမေရိကမှ ၂၀၁၇ အတွက် သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Marinos

19. Neon Trees  (UNITED STATES)

လိင်တူချစ်သူအသံရှင် Tyler Glenn ပါဝင်တဲ့ ရော့ခ်အဖွဲ့ Neon Trees ဟာ သီချင်းမြူးတစ်ပုဒ်ကို ၂၀၁၇ မှာ ထပ်သီဆိုလိုက်ပါတယ်။ အမေရိကန်/အင်္ဂလိပ် သီချင်းကြိုက်သူများအတွက် Neon Tree ရဲ့ Feel Good ကို နံပါတ် ၂၀ မြောက်မှာ ရွေးချ​ယ်ပေးထားပါတယ်။

Feel Good

18. Titica (ANGOLA)

အန်ဂိုလာနိုင်ငံက လိင်ပြောင်းအဆိုအတော် Titica ဟာ ပေါ်တူဂီစကားပြောနိုင်ငံ​တွေမှာ ကျော်ကြားလူကြိုက်များတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။​ လိင်တူချစ်သူတွေကို မုန်းတီးမှုများပြားတဲ့ အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အန်ဂိုလာမှာ အခက်အခဲတွေကို အံတုပြီး အောင်မြင်လူကြိုက်များတဲ့ အဆိုတော်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တဲ့ အနုပညာပါရမီရှင် Titica ဟာ နိုင်ငံတကာ မီဒီယာတွေရဲ့ အသိမှတ်ပြုချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ ၂၀၁၇ မှာ ခပ်မြူးမြူးဆန်းဆန်း ခပ်ကြမ်းကြမ်း Sobra Raiva သီချင်းက သီချင်းကောင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

Sobra Raiva

17. Alfie Arcuri - (AUSTRALIA)

သြစတြီးလျနိုင်ငံက The Voice အဆိုပြိုင်ပွဲအနိုင်ရသူ Alfie Arcuri က ပေါ့ပ်သီချင်းအဆွေး If They Only Knew  ကို ၂၀၁၇ မှာ ဒုတိယပွဲဦးထွက် သီဆိုထားတာကို လိ်င်တူချစ်သူ ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သူက သြစတြီးလျနိုင်ငံ လိင်တူချစ်သူတန်းတူ လက်ထပ်နိုင်ရေး တောင်းဆိုရာမှာပါဝင်ဖို့ Love Is Love ဆိုတဲ့ သီချင်းကိုလည်း ထုတ်ဝေထားပါသေးတယ်။

If They Only Knew

16. Aof Pongsak (THAILAND)

Aof လို့လူသိများတဲ့ Pongsak Rattanapong က ထိုင်းနိုင်ငံက ဂေးအဆိုတော်ဖြစ်ပါတယ်။ အာရှအဆွေးသီချင်းတွေကို ခံစားတတ်တဲ့ ပရိသတ်တွေအဖို့  Aof ရဲ့ ၂၀၁၇ အသစ်ထွက် Waiting for the Miracles ဆိုတဲ့သီချင်းကို ရွေးချယ်ထားပါတယ်။ 

รอปาฏิหาริย์ (Waiting for the Miracles) 

15. Harel Skaat (ISRAEL)

Harel ဟာ အစ္စရေးနိုင်ငံရဲ့ ပရိသတ်အသည်းစွဲ အဆိုတော်ဖြစ်ပြီး ဥရောပတိုက်မှာ လိင်တူချစ်သူများ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တစ်ဦးပါ။ ၂၀၁၇ မှာ အင်္ဂလိပ်လို Radio ဆိုတဲ့သီချင်းကို ဂေးပရိသတ်များက ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

Radio

14. Nakhane (SOUTH AFRICA)

တောင်အာဖရိကရဲ့ လိင်တူချစ်သူအဆိုတော် Nakhane က ဂီတအနုပညာကို ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ နိုက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေနဲ့ သူ့သီချင်းတွေက သူလိင်တူချစ်သူတစ်ယောက်အနေနဲ့ ရုန်းကန်ရတွေကို ဖော်ကျူးထားပါတယ်။

Clairvoyant

13. LP (UNITED STATES)

အမေရိကန် တေးရေးအဆိုတော် Laura Pergolizzi က ၂၀၁၆ ကစပြီး Lost On You သီချင်းနဲ့ တကမ္ဘာလုံး၏ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၇ မှာ Other People, Tightrope, No Witness, နဲ့ When We're High အစရှိတဲ့ သီချင်းတွေကိုလည်း ထုတ်ဝေခဲ့ပါတယ်၊။

Other People

12. Tokio Hotel (GERMANY)

ရော့ခ်သီချင်းနှစ်သက်သူ ပရိသတ်တွေအဖို့ ၂၀၁၇ နှစ်မှာ  ဂျာမန်ရောခ့် အဖွဲ့ Tokio Hotel က What If, Boys Don't Cry, နဲ့ Something New စတဲ့ သီချင်းတွေ ထုတ်ဝေခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်အဆိုတော် BILLY က သူ့ရဲ့အသွင်အပြင်ကြောင့် လိင်တူချစ်သူပရိသတ် ကြိုက်နှစ်သက်မှုကို ရရှိနေပါတယ်။ သူက လိင်တူကော လိင်ကွဲကော မခွဲခြားပဲ သူ့ကို ပျော်ရွင်အောင် လုပ်တဲ့သူကိုကြိုက်မယ်လို့ပြောပါတယ်။

What If

11. Todrick Hall (UNITED STATES)

Drag သီချင်းတွေကြိုက်တဲ့ ပရိသတ်တွေအတွက် Todrick Hall နဲ့ RuPaul တို့ရဲ့ ခပ်မြူးမြူးရွရွ Low ဆိုတဲ့ အကသီချင်းကို ၂၀၁၇ ရဲ့ သီချင်းကောင်းတစ်ပုဒ်အဖြစ်ရွေးချယ်ပေးထားပါတယ်။

Low

10. Ivri Lider (ISRAEL)

အစ္စရေးရဲ့ နိုင်ငံကျော်အဆိုတော် Ivri Lider ဟာ ၂၀၁၇ မှာ သီချင်းအသစ် Moogzam နဲ့ ပြန်လာခဲ့ပါတယ်။​ လိင်တူချစ်သူတစ်ဦးဖြစ်သူ Ivri Lider က အစ္စရေး ဂေးအချစ်ရုပ်ရှင်တွေဖြစ်တဲ့ Yossi and Jagger နဲ့ The Bubble တို့မှာ ဇာတ်ဝင်သီချင်းတွေ သီဆိုခဲ့ဖူးပြီး နိုင်ငံပရိသတ်အသည်းစွဲ​အဆိုတော်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။

Moogzam

9. Hayley Kiyoko (UNITED STATES)

အမေရိကန် အဆိုတော်မလေး Hayley Kiyoko က ၂၀၁၇ မှာ Feelings နဲ့ Sleepover သီချင်းကောင်းနှစ်ပုဒ်ကို ဆက်လက်ထုတ်ဝေလိုက်ပြီး သူ့သီချင်းတွေမှာ သူကြိုက်တဲ့ မိန်းကလေးချစ်သူတွေကို ပိုးပန်းရတဲ့ အကြောင်းတွေကို သီဆိုထားပါတယ်။

Feelings

8. Michele Bravi (ITALY)

လူငယ်အဆိုတော် Michele Bravi က အီတလီရဲ့ X Factor သီချင်းဆိုပြိုင်ပွဲကို အနိုင်ရရှိပြီး နိုင်ငံကျော်အဆိုတော်ဖြစ်လာပါတယ်။ ၂၀၁၇ မှာ သူ့ရဲ့ ဒုတိယောက်မြောက်အခွေ Anime di carta က အရောင်းရကောင်းဆုံး အခွေတစ်ခွေဖြစ်ခဲ့ပါတယ်။  အဲ့ထဲမှာ သီချင်းတွေအများကြီးထဲက Solo Per Un Po ကလည်း နံပါတ်တစ်သီချင်းနေရာကိုလည်း ရောက်ရှိခဲ့ပါတယ်။ နောက်ပြီး သူ့သီချင်း Il Diario Degli Errori ကလည်း အီတလီ​နိုင်ငံတော် သီချင်းဆိုပြိုင်ပွဲ Sanremo 2017 မှာလည်း နံပါတ်လေးအဆင့်ရရှိခဲ့ပါတယ်။

Solo Per Un Po

7. Toya Delazy (SOUTH AFRICA)

တောင်အာဖရိက လိင်တူချစ်သူ အမျိုးသမီး အဆိုတော် Toya Delazy ဟာ သူ့နိုင်ငံမှာ ဆုများစွာဆွတ်ခူးထားတဲ့သူတစ်ဦးဖြစ်ပြီး လိင်တူချစ်သူအခွင့်အရေးကို တစ်တက်တစ်အား ပါဝင်နေသူဖြစ်ပါတယ်။ ၂၀၁၇ မှာလည်း သီချင်းသစ်တွေ ထပ်သီဆိုထားပြီး သူ့သီချင်း Greatest ကို ၂၀၁၇ ရဲ့ လိင်တူချစ်သူအဆိုတော်များရဲ့ သီချင်းကောင်းတစ်ပုဒ်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။

Greatest


6. Mashrou' Leila (LEBANON)

လက်ဘနွန် အဖွဲ့ Mashrou' Leila ရဲ့ အဖွဲ့ခေါင်းဆောင်ဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေမှာ ပွင့်လင်းစွာပြောတဲ့ လိင်တူချစ်သူ အနုပညာရှင်တွေကို တွေ့ရမြင်ရခဲပါတယ်။ ဒါပေမဲ့ Mashrou' Leila ကတော့ ဆန်းသစ်တဲ့ သီချင်းတွေနဲ့ ပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုကို ရယူထားနိုင်ယုံသာမက သူတို့ရဲ့သီချင်းတွေနဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ ပြဿနာတွေကို ထောက်ပြတတ်လေ့ရှိပါတယ်။ ၂၀၁၇ မှာထွက်တဲ့ သူတို့ရဲ့ Roman ဆိုတဲ့ အာရဗီသီချင်းဟာ အမျိုးသမီးတွေပေါ်ထားတဲ့ တစ်ဖက်စောင်းနင်းအမြင်(stereotypes) တွေကို ခုခံတွန်းလှန်တဲ့ဟန်တဲ့ ဖော်ကျူးရိုက်ကူးပြထားပါတယ်။

Roman



5. Logi, Alessia Cara & Khalid - 1-800-273-8255 (UNITED STARES)

အဆိုတော်တွေက လိင်တူချစ်သူတွေမဟုတ်ပေမဲ့ လိင်တူချစ်သူတွေ စိတ်ဓာတ်ကျမှုတွေဖြစ်ကာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာကို ကာကွယ်ဖို့ ဖုန်းနံပါတ် 1-800-273-8255 ကို သီချင်းနာမည်ပေးပြီး သီဆိုထားတဲ့သီချင်းက အမေရိကန်သီချင်း chart ဖြစ်တဲ့ Billboard မှာ နံပါတ်တစ်နေရာကိုရောက်ခဲ့ပြီး နိုင်ငံအမြောက်အများမှာ အရောင်းကောင်းခဲ့ပါတယ်။

4. Sam Smith (UNITED KINGDOM)

ဗြိတိသျှအဆိုတော် Sam Smith ကိုတော့ အထူးမိတ်ဆက်ပေးစရာမလိုပဲ လူတိုင်းသိပြီးနေပြီလိုထင်ပါတယ်။ ဒီနှစ်မှာလည်း သူ့ရဲ့သီချင်းအသစ် Too Good At Goodbyes က တကမ္ဘာလုံးမှာ လူကြိုက်များခဲ့ပါသေးတယ်။ Youtube မှာ ကြညိ့ရှုကြိမ်ပေါင်း သန်း ၆၀၀ ရောက်တော့မှာပဲဖြစ်ပါတယ်။

Too Good At Goodbyes

3. Troye Sivan feat. Betty Who - HEAVEN (AUSTRALIA)

ဂေးပရိတ်သတ်တိုင်းအသည်းစွဲ​ လူငယ်အဆိုတော် Troye Sivan က ၂၀၁၅ ခုနှစ်ကတည်းက လူငယ်အသည်းစွဲသီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ထုတ်ဝေခဲ့တာ မငြီးငွေ့ရအောင်ပါပဲ။ ဒီနှစ်ထဲမှာလည်း Martin Garrix နဲ့ပေါင်းပြီး There For You ဆိုတဲ့သီချင်းထုတ်ဝေခဲ့ပြန်တာ Youtube မှာ ကြည့်ရှုကြိမ် သန်း ၁၇၀ နီးပါးရှိပါတယ်။ လုလင် မဂ္ဂဇင်း ကတော့ သူ Betty Who နဲ့ သြစတြေးလျ လိင်တူချစ်သူချင်း လက်ထပ်ခွင့် တောင်းဆိုမှုကျိုးပမ်းမှုအတွက် သီဆိုထားတဲ့ HEAVEN ဆိုတဲ့ သီချင်းကို နံပါတ်သုံးနေရာမှာ ရွေးချယ်ပေးလိုက်ပါတယ်။

HEAVEN

2. MUNA (UNITED STATES)

လိင်တူချစ်သူ မိန်းကလေးသုံးယောက်ဖွဲ့စည်းထားတဲ့ MUNA အဖွဲ့ က ၂၀၁၇ မှာ သူတို့ရဲ့ ပထမဆုံး တေးအခွေ About U ကို ထုတ်ဝေလိုက်ပါတယ်။ သူတို့ဟာ သီချင်းအနုပညာအသုံးပြုပြီး လူငယ်တွေတွေ့ကြုံရတဲ့ ဒုက္ခအခက်ခဲတွေပေါ်မှာ လက်မလျှော့ပဲ အားတက်စေဖို့ရာ သီဆိုဖျော်ဖြေနေကြသူများ ဖြစ်ပါတယ်။​ LGBT အသိုင်းအဝိုင်းအတွက် အားကျိုးမန်တက် ရှေ့တန်းကပါဝင်ပြောဆိုကြတဲ့ အဖွဲ့ဖြစ်ရုံသာမက သူတို့ရဲ့ electronic သီချင်းတွေရဲ့ စာသားတွေက ငြိမ့်ညောင်းအားတက်စရာကောင်းပါတယ်။ သူတို့ရဲ့ Loudspeaker ဆိုတဲ့ သီချင်းက အိမ်တွင်းအကြမ်းဖက်တဲ့အကြောင်းကိုသီဆိုထားတာဖြစ်ပြီး​၊​ အခုရွေးချယ်ထားတဲ့ I Know A Place သီချင်းကတော့ လူသားတိုင်းကြောက်လန့်စရာမလိုပဲ အားလုံးလက်နက်ချတဲ့ မေတ္တာနဲ့တည်ဆောက်ထားတဲ့ နေရာလေးတစ်ခုရှိတယ်ဆိုတာကို သီဆိုထားတဲ့ ၂၀၁၇ ရဲ့သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

I Know A Place

1. Wrabel (UNITED STATES)

Wrabel ကို ၂၀၁၄ မှာ Afrojack ရဲ့ Ten Feet Tall သီချင်းနဲ့ ပရိသတ်စသိခဲ့တာပါ။ သူရဲ့ စူးရှတဲ့အသံနဲ့ ဆန်းပြားတဲ့ စာသားတွေနဲ့  Wrabel က နိုင်ငံတကာ ပရိတ်သတ်ကို အမှတ်ရစေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းနှစ်တွေမှာ ဆက်လက်ပြီး သီချင်းသစ်တွေကို တေးသံသွင်းအကြီးစားတွေရဲ့ အကူအညီမပါပဲ တစ်သီးပုဂ္ဂလ တေးသံထုတ်ဝေခဲ့ရာမှာ မီဒီယာဌာနကြီးတွေရဲ့ အသိမှတ်ပြုခံခဲ့ရပါတယ်။ ဆက်လက်ပြီး ၂၀၁၆ မှာ Marshmello ရဲ့ Ritual ဆိုတဲ့သီချင်း၊​ ၂၀၁၇ Kygo ရဲ့ With You ဆိုတဲ့ သီချင်းတွေမှာ အသံပါဝင်သီဆိုပေးခဲ့ပါတယ်။ သူကိုယ်တိုင် ၂၀၁၆ မှာတော့ သူ့ရဲ့ ပထမဆုံးကိုယ်ပိုင်သီချင်း 11 Blocks ဟာ ပရိသတ်ကြိုက်နှစ်သက်မှုရရှိပြီး အသိမှတ်ပြုရရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။ ၂၀၁၇ မှာ Bloodstain နဲ့ We Could Be Beautiful ဆိုတဲ့သီချင်းတွေကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်။

၂၀၁၇ ဖေဖော်ဝါရီမှာ ဒေါ်နယ်ထရမ့်က ကျောင်းတွေမှာ လိင်ပြောင်းနဲ့ ကျားမပြောင်း ကျောင်းသူကျောင်းသားတွေကို ကာကွယ်မှုပေးထားတဲ့ နိုင်ငံတော်ဥပဒေကို ပယ်ဖျက်လိုက်တာကြောင့်  Wrabel က သူ့ရဲ့ သီချင်း The Village နဲ့ လိင်ပြောင်းနဲ့ ကျားမပြောင်းသူတွေရဲ့ အခွင့်အရေးကို လူ့အခွင့်အရေးအဖြစ် သီဆိုကာ တောင်းဆိုထားတဲ့ သီချင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Wrabel ကို ၂၀၁၇ ရဲ့ အကြိုက်နှစ်သက်ဆုံး လိင်တူချစ်သူ အနုပညာရှင်အဖြစ်ရွေးချယ်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံက လိင်တူချစ်သူ ဂီတပရိသတ်လည်း လုလင်မဂ္ဂဇင်းရွေးချယ်ထားတဲ့ ကမ္ဘာအနှံမှသီချင်းများကို ကြိုက်နှစ်လိမ့်မယ်လို့ မျှော်လင့်ရင်း လှပတဲ့ ၂၀၁၈ ကို ပိုင်နိုင်စေပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂၀၁၈ မှာလည်း ကမ္ဘာတစ်ဝှမ်းမှ လိင်တူချစ်သူအနုပညာရှင်များဟာ သူတို့၏ အနုပညာနဲ့ ကမ္ဘာကြီးကို လှပအောင်အရောင်ချယ်ရင်း အကျိုးပြုနေကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။

The Village

Best of LGBT Artists in 2016 မှာလည်း သီချင်းကောင်းများကို နားထောင်ပါ

Best of LGBT Artists in 2015 မှာလည်း သီချင်းကောင်းများကို နားထောင်ပါ

0 comments

အရစ္စတိုတယ် နှင့် ဒန်တေ တို့ စကြဝဠာ၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့ကြသည် (အခန်း - ၁)

ကျွန်တော်တို့တတွေ ဘာကြောင့် ပြုံးကြတာလဲ။ ဘာကြောင့် ရယ်ကြတာလဲ။ ဘာကြောင့် အထီးကျန်ဆန်သလို ခံစားကြရတာလဲ။ ကျွန်တော်တို့ ဘာကြောင့် ဝမ်းနည်းတွေဝေကြတာလဲ။ ဘာကြောင့် ကဗျာတွေဖတ်ကြသလဲ။ ပန်းချီကားတစ်ချပ်ကို မြင်တဲ့အခါ ကျွန်တော်တို့ ငိုမိတာ ဘာကြောင့်လဲ။ ကျွန်တော်တို့ ချစ်မိတဲ့အခါ နှလုံးသားထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာ ဘာကြောင့်လဲ။ ကျွန်တော်တို့ ဘာကြောင့် အရှက်တရားကို ခံစားကြတာလဲ။ အဇ္စျတ္တထဲက စိတ်ဆန္ဒဆိုတဲ့အရာက ဘာကြီးလဲ။
နွေရာသီ၏ စည်းကမ်းချက်များ

ပြဿနာကတော့ ကျွန်တော့်ဘဝဟာ တခြားသူတစ်ယောက်ရဲ့ အကြံအစည်၊ အတွေးအမြင်ဖြစ်နေတာပါပဲ။

တစ်

ကျွန်တော် နိုးလာတဲ့အခါ လောကကြီးက တစ်မျိုးတစ်ဖုံပြောင်းလဲသွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ခုသောနွေညမှာ ကျွန်တော် အိပ်ပျော်သွားခဲ့တယ်။ မနက်ရောက်လို့ ကျွန်တော့်မျက်လုံးတွေ ဖွင့်လိုက်တဲ့အခါ အရာရာဟာ အရင်အတိုင်းပဲ၊ ဘာမှပြောင်းလဲမသွားဘူး။

ပြတင်းပေါက်ကနေဝင်လာတဲ့နေရှိန်တွေကြောင့် ကျွန်တော် စောင်တွေကို ခွာချလိုက်တယ်။ ပြီးတော့ ဆက်လှဲနေလိုက်တယ်။

ကျွန်တော့်လက်က ရေဒီယိုခလုတ်ပေါ်ရောက်သွားတယ်။ ရေဒီယိုမှာ “တစ်ယောက်တည်း” ဆိုတဲ့သီချင်း လာနေတယ်။ လခွမ်း ။ Heart ဆိုတဲ့ အဆိုတော်အဖွဲ့ရဲ့ “တစ်ယောက်တည်း” ဆိုတဲ့သီချင်း။ ကျွန်တော်ကြိုက်တဲ့သီချင်းမဟုတ်ဘူး။ ကျွန်တော်ကြိုက်တဲ့အဆိုတော်အဖွဲ့လည်းမဟုတ်ဘူး။ ကျွန်တော်ကြိုက်တဲ့အကြောင်းအရာလည်းမဟုတ်ဘူး။ “ငါ ဘယ်လောက်စောင့်နေခဲ့ရတယ်ဆိုတာ မင်းမသိဘူး . . .”

ကျွန်တော့်အသက် ဆယ့်ငါးနှစ်။

ကျွန်တော်ဟာ ငြီးငွေ့နေတယ်။

ကျွန်တော်ဟာ စိတ်ပျက်စရာကောင်းနေတယ်။

နေက ကောင်းကင်အပြာရောင်ကြီးကို အရည်ဖျော်ပစ်ဖို့ ကောင်းတယ်။ ဒါမှ ကောင်းကင်ကြီးလည်း ကျွန်တော့်လို စိတ်ပျက်စရာကောင်းသွားမှာ။

ရေဒီယိုတင်ဆက်သူက သောက်ရေးမပါတာတွေ လျှောက်ပြောနေတယ်။ “နွေရာသီရောက်ခဲ့ပါပြီ။ အပြင်မှာတော့ ပူနေမှာပဲ” ဆိုတာမျိုးတွေပေါ့။ အဲဒီ့နောက် သူ လုန်းရိန်ဂျာတီးလုံးကို ဖွင့်တယ်။ မနက်တိုင်းဖွင့်နေကျပဲ။ အဲဒါက မနက်ခင်းမှာ လောကကြီးကို လှုပ်နိုးဖို့ အထာကျတယ်လို့ ထင်လို့နေမှာပေါ့။ “ဟေးရို့ … ဆေးလ်ဗား!” ဘယ်သူကများ ဒီလိုလူကို အလုပ်ခန့်လိုက်ပါလိမ့်။ တကယ်စိတ်လေတယ်။ ဝီလျံတဲလ်တေးသွားအဖွင့်ကို နားထောင်နေတုန်းမှာ လုန်းရိန်ဂျာနဲ့ တွန်တို တို့ ကန္တာရထဲမှာ မြင်းစီးနေတာကို မြင်ယောင်နေရမယ်ထင်တယ်။ ကျွန်တော်တို့တွေ ဆယ်နှစ်ငါးကလေးတွေမဟုတ်တော့ဘူးလို့ တစ်ယောက်ယောက်က ရေဒီယိုတင်ဆက်သူကို သွားပြောမှပါ။ “ဟေးရို့ … ဆေးလ်ဗား!” ချီးထုပ်ပဲ။ ရေဒီယိုတင်ဆက်သူ လေလှိုင်းပေါ် ရောက်လာပြန်တယ်။ “အယ်လ်ပဆိုရေ … ထတော့ဟေ့။ ဒီနေ့ တနင်္လာနေ့လေ။ ၁၉၈၇ ဇွန်လ ဆယ့်ငါးရက်နေ့လေ။ ၁၉၈၇ ခုနှစ်လေ။ ယုံနိုင်ကြရဲ့လား။ ဒီနေ့မှာ အသက်ငါးဆယ်ပြည့်တဲ့ ဝေးလွန်ဂျန်နင်းစ် အတွက် ဟက်ပီးဘက်ဒေးပါခင်ဗျား” ဝေးလွန်ဂျန်နင်းစ် ဟုတ်လား။ ဒါ ရော့ခ်ဂီတအသံလွှင့်ရုံလေကွာ။ ဘက်ဒီဟိုလီ နဲ့ ရစ်ချီဗယ်လန်စ် တို့ ဆုံးသွားတဲ့ ၁၉၅၉ ခုနှစ်က လေယာဉ်ပျံကျမှုမှာ ဝေးလွန်ဂျန်နင်းစ် ဘယ်လို အသက်ရှင်ကျန်ရစ်ခဲ့သလဲဆိုတဲ့အကြောင်း ပြောပြနေတယ်။ အဲဒီ့နောက် သူ Los Lobos ပြန်ဆိုတဲ့ “La Bamba” ကို ဖွင့်တယ်။

“La Bamba” ကျွန်တော် ခံစားလို့ရတဲ့ သီချင်းပဲ။

ကျွန်တော် သစ်သားကြမ်းပြင်ကို ခြေဖဝါးနဲ့ ပုတ်တယ်။ စည်းချက်အတိုင်း ခေါင်းကို ခါရမ်းနေတုန်း လေယာဉ်ပျံ မြေပြင်ပေါ်ထိုးမကျခင်ရဲ့ ခေါင်းထဲ ဘာတွေများတွေးနေခဲ့မလဲ သိချင်လာတယ်။ ဟေး ကောင်လေး၊ တေးဂီတက အဆုံးသတ်သွားပြီ။

မကြာခင်ပြီးဆုံးတော့မယ့် ဂီတအတွက်။ အစပျိုးခါရှိသေး အဆုံးသတ်သွားရတော့မယ့် ဂီတအတွက်။ သိပ်ဝမ်းနည်းဖို့ကောင်းတာပဲ။

နှစ်

ကျွန်တော် မီးဖိုချောင်ထဲ လျှောက်လာခဲ့တယ်။ အမေ ကက်သလစ်ဘုရားကျောင်းကမိတ်ဆွေတွေနဲ့ သွားတွေ့ဖို့ နေ့လယ်စာပြင်နေတယ်။ ကျွန်တော် လိမ္မော်ရည်တစ်ခွက် ငှဲ့တယ်။

အမေက ကျွန်တော့်ကို ပြုံးပြတယ်။ “ဂွတ်မောနင်းလို့ ပြောတော့ပြောဦးမှာလား”
“ပြောရင်ကောင်းမလား စဉ်းစားနေတယ်” လို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။

“ဟုတ်ပါပြီ။ အနည်းဆုံးတော့ မင်း အိပ်ရာထဲကနေ ကုန်းရုန်းထခဲ့သေးသားပဲ”

“အဲဒါလည်း အကြာကြီးစဉ်းစားလိုက်ရသေးတယ်”

“ဘာအကြောင်းလဲ။ ကောင်လေးတွေနဲ့ အိပ်စက်ခြင်း အကြောင်းလား”

“ကျွန်တော်တို့ကောင်လေးတွေက အိပ်တဲ့နေရာမှာ တော်ကိုတော်တာပါ” အမေ ရယ်တယ်။ “ကျွန်တော် အိပ်နေတာမဟုတ်ပါဘူး။ ‘La Bamba’ နားထောင်နေတာ”

“ရစ်ချီဗယ်လန်စ် ပေါ့” အမေက ခပ်တိုးတိုးရေရွတ်တယ်။ “တကယ်ဝမ်းနည်းစရာပဲ”

“အမေ့ရဲ့ ပက်စီကလိုင်းလိုပေါ့”

အမေ ခေါင်းညိမ့်တယ်။ အမေ တစ်ခါတစ်လေ အဲဒီ့ “Crazy” ဆိုတဲ့သီချင်းကိုဆိုနေတာ ကျွန်တော်ကြားဖူးတယ်။ အဲဒီ့အခါ ကျွန်တော် ပြုံးမိတယ်။ အမေလည်း လိုက်ပြုံးတတ်တယ်။

နှစ်ယောက်တည်းသိတဲ့ လျှို့ဝှက်ချက်တစ်ခုအတိုင်းပဲ။ အမေက အသံကောင်းတယ်။

“လေယာဉ်ပျက်ကျတာ” အမေ ခပ်ဖွဖွရေရွတ်တယ်။ အမေ ကျွန်တော့်ကို ပြောနေတယ်ဆိုတာထက် သူ့ကိုယ်သူပြန်ပြောနေတာလို့ ကျွန်တော် ထင်တယ်။

“ရစ်ချီဗယ်လန်စ်ဟာ ငယ်ငယ်ရွယ်ရွယ်လေး ဆုံးသွားတာဟုတ်ချင်ဟုတ်မယ်။ ဒါပေမယ့် သူက တစ်ခုခု လုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော်ဆိုလိုချင်တာက သူ တစ်ခုခုကို တကယ်လုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော်ရော။ ကျွန်တော် ဘာလုပ်ခဲ့ပြီးပြီလဲ”

“မင့်မှာ အချိန်ရှိပါသေးတယ်” အမေကပြောတယ်။ “အချိန်တွေ အများကြီးကျန်ပါသေးတယ်”

ထာဝရအကောင်းမြင်ဝါဒီပဲ။

“အရင်ဆုံးတော့ လူရာဝင်အောင် ကြိုးစားရမှာ” လို့ ကျွန်တော် ပြောလိုက်တယ်။

အမေက အဖြစ်သည်းတတ်ရန်ကောလို့ ကြည့်တယ်။

“ကျွန်တော် ဆယ့်ငါးနှစ်ရှိနေပြီ”

“မင့်အသက်ဘယ်လောက်မှန်း ငါသိနေတာပဲ”

“ဆယ့်ငါးနှစ်အရွယ်ချာတိတ်တွေကို လူရာမသွင်းကြပါဘူးဗျာ”

အမေ ရယ်တယ်။ သူက အထက်တန်းကျောင်းဆရာမ။ သူ ကျွန်တော့်အမြင်ကို တစ်ဝက်တော့သဘောတူတယ်ဆိုတာ ကျွန်တော်သိတယ်။

“ဒီနေ့ တွေ့ဆုံပွဲက ဘာအတွက်လဲ”

“အာဟာရဘဏ် ပြန်ထူထောင်မလို့”

“အာဟာရဘဏ်ဟုတ်လား”

“လူတိုင်း နပ်မှန်အောင်စားသောက်နိုင်သင့်တယ်လေ”

အမေက လူဆင်းရဲတွေနဲ့ပတ်သက်ရင် မနေနိုင်ဘူး။ အရင်တုန်းကလည်း ဒီအတိုင်းပဲ။ သူက ကျွန်တော် ဘယ်တော့မှမသိနိုင်တဲ့ ဆာလောင်မှုအကြောင်းတွေကို သိတယ်။

“ဟုတ်တာပေါ့။ ကျွန်တော်လည်း အဲဒီ့လိုယူဆပါတယ်”

“မင်း ငါတို့ကို လာကူနိုင်တာပဲ”

“ကောင်းပြီလေ” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။ ကျွန်တော် စေတနာ့ဝန်ထမ်းလုပ်ရတာကို မုန်းတယ်။ ပြဿနာကတော့ ကျွန်တော့်ဘဝက တခြားသူတစ်ယောက်ရဲ့ အကြံအစည်၊ အတွေးအမြင် ဖြစ်နေရတာပဲ။

“ဒီနေ့ မင်း ဘာလုပ်မှာလဲ” စိန်ခေါ်မှုတစ်ခုအတိုင်းပဲ။

“ကျွန်တော် ဂိုဏ်းတစ်ခုထဲ ဝင်မလို့”

“ဟာသလုပ်စရာမဟုတ်ဘူး”

“ကျွန်တော်က မက်ဆီကန်လေ။ ဂိုဏ်းတစ်ခုခုထဲဝင်တာ မက်ဆီကန်တွေအလုပ်ပဲမို့လား”

“မရယ်ရဘူး”

“ဟုတ်ပ မရယ်ရဘူး” လို့ ကျွန်တော် လိုက်ပြောတယ်။ အိုခေလေ၊ မရယ်ရဘူးဆိုတော့လည်း မရယ်ရဘူးပေါ့။

ကျွန်တော် အိမ်အပြင်ထွက်ချင်လာတယ်။ သွားစရာတစ်နေရာရာရှိလို့တော့မဟုတ်ဘူး။

အိမ်ကို ဘုရားကျောင်းက အမေ့မိတ်ဆွေတွေလာရင် ကျွန်တော် နေရကျပ်တယ်။ သူတို့တွေက ငါးဆယ်ကျော်တွေမို့လို့တော့ မဟုတ်ဘူး။ သူတို့မျက်စိရှေ့တင် ကျွန်တော်လူကြီးဖြစ်လာတာ ဘယ်လောက်မြန်သလဲဆိုတဲ့ မှတ်ချက်တွေကြောင့်လည်း မဟုတ်ဘူး။ ဆိုလိုချင်တာက ကြားလိုက်တာနဲ့ သောက်ရေးမပါတာတွေပြောနေပြီဆိုတာ ကျွန်တော်တန်းသိတယ်။ သူတို့မျက်စိရှေ့တင် ကျွန်တော် ဘယ်လို လူကြီးဖြစ်လာခဲ့တာဘာညာပြောတဲ့ မှတ်ချက်တွေကြောင့် မဟုတ်ပါဘူး။ ပြောချင်တာက ကျွန်တော် တစ်ခုခုကြားရင် ချီးထုပ်ဟုတ်ဟုတ်သိတယ်။ ချီးထုပ်ဆိုပေမယ့် ချစ်ဖို့ကောင်းတဲ့ အရှုပ်အထုပ်ပါပဲ။ ကျွန်တော့်ပခုံးကို ဆွဲကိုင်ပြီး ပြောကြတာကို သည်းခံလို့ရပါတယ်။ “ကြည့်ရအောင်။ အို ကောင်လေးက အချောလေးပဲ။ ဖအေတူလေးပဲ” ကြည့်စရာလည်း မရှိပါဘူး။ ကျွန်တော်ဟာ ကျွန်တော်ပဲဟာ။ အင်းလေ၊ ကျွန်တော် အဖေနဲ့တူတယ်ဆိုတာ ဟုတ်တယ်လေ။ အဲဒါ အထွေအထူးပြောစရာကိစ္စမှမဟုတ်တာ။

ကျွန်တော့်ကို စိတ်ရှုပ်စေတာက အမေ့မှာ ကျွန်တော့်ထက် မိတ်ဆွေပိုများနေတဲ့အချက်ပဲ။ ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလိုက်သလဲ။

ကျွန်တော် မန်မိုရီယယ်ပန်းခြံရေကူးကန်မှာ ရေသွားကူးဖို့ ဆုံးဖြတ်လိုက်တယ်။ အသေးအဖွဲကိစ္စပဲ။ ဒါပေမယ့် အနည်းဆုံးတော့ ဒါက ကျွန်တော့်ကိုယ်ပိုင်အကြံအစည်ဟုတ်နေသေးတယ်။

ကျွန်တော် တံခါးပေါက်ဆီလျှောက်အသွားမှာ အမေ ကျွန်တော့်ပခုံးပေါ်က တဘက်အဟောင်းကို ယူပြီး ပိုကောင်းတဲ့တစ်ထည်နဲ့ လဲပေးတယ်။ အမေ့မှာ တဘက် နဲ့ပတ်သက်လို့ စည်းကမ်းချက်တွေ ရှိပြီးသား။

ကျွန်တော်တော့ နားမလည်ဘူး။ ပြီးတော့ စည်းကမ်းချက်တွေက တဘက်တွေမှာတင် ရပ်မသွားဘူး။
အမေက ကျွန်တော့်တီရှပ်ကို တစ်ချက်ရှိုးတယ်။

အမေ့အကြည့်ထဲမှာ ခွင့်မပြုမယ့်အရိပ်အယောင်တွေကို ကျွန်တော် တွေ့လိုက်တယ်။ အမေ ကျွန်တော့်ကို သွားမလဲခိုင်းခင် ကျွန်တော် ပြန်ကြည့်ပေးလိုက်တယ်။ “ဒါ ကျွန်တော်အကြိုက်ဆုံးတီရှပ်လေ”

“မနေ့က ဝတ်ပြီးသားကြီးမို့လား”

“ဟုတ်တယ်” လို့ ကျွန်တော် ပြန်ဖြေတယ်။ “အဲဒါ ကားလို့စ်စန်တာနားလေ”

“အဲဒါ ဘယ်သူလဲ ငါသိပါတယ်” လို့ အမေက ပြောတယ်။

“အဖေ ကျွန်တော့်မွေးနေ့တုန်းက လက်ဆောင်ပေးထားတာ”

“ငါသိရသလောက် အဲဒီ့လက်ဆောင်ကို ဖွင့်ဖောက်တုန်းက မင်း အဲလောက်ကြီးကြိုက်ပုံလည်းမပေါ်ပါဘူး”

“ကျွန်တော်က တခြားတစ်ခုခုကို မျှော်လင့်ထားလို့လေ”

“ဘယ်လိုတခြားတစ်ခုခုလဲ”

“မပြောတတ်ဘူး။ တခြားတစ်ခုခုပေါ့။ မွေးနေ့လက်ဆောင်က တီရှပ်တစ်ထည်ဆိုတာကတော့ …”

ကျွန်တော် အမေ့ကို ကြည့်တယ်။ “ကျွန်တော် အဖေ့ကို နားမလည်ဘူး”

“သူ အဲဒီ့လောက်သိရမခက်ပါဘူး၊ အေရီ”

“သူက စကားလည်း မဟဘူး”

“တစ်ခါတစ်လေ လူတွေ စကားပြောတဲ့အခါ အမှန်ကို အမြဲတမ်းမပြောကြပါဘူး”

“ဟုတ်ပါပြီ။ ဘာပဲပြောပြော၊ ဒီတီရှပ်ကို ခု ကျွန်တော် တကယ်သဘောကျနေတာပဲ”

“ငါ ခုသိပါပြီ” အမေ ပြုံးနေတယ်။

ကျွန်တော်လည်း ပြုံးနေတယ်။ “အဖေ သူ့ပထမဆုံးရှိုးပွဲမှာ ဝယ်လာခဲ့တာ”

“ငါလည်း ပါတာပဲ။ မှတ်မိတာပေါ့။ တီရှပ်က နွမ်းဖတ်ညစ်ထပ်နေပါပြီ”

“ကျွန်တော် အတည်ပြောနေတာ”

“အေးပါ”

“အမေ၊ နွေရာသီရောက်ပြီနော်”

“ဟုတ်တယ်။ နွေရောက်ပြီ”

“စည်းကမ်းချက်တွေ” လို့ ကျွန်တော်ပြောတယ်။

“စည်းကမ်းချက်တွေ” အမေသံယောင်လိုက်တယ်။

ကျွန်တော် နွေရာသီရဲ့စည်းကမ်းချက်အမျိုးမျိုးကို သဘောကျတယ်။ အမေကလည်း သည်းညည်းခံပါတယ်။
အမေ အနားရောက်လာပြီး ကျွန်တော့်ဆံပင်ကို သူ့လက်ချောင်းတွေနဲ့ သပ်ပေးတယ်။ “ဒီတီရှပ်ကို မနက်ဖြန်မဝတ်တော့ဘူးလို့ ကတိပေးစမ်းပါ”

“အိုခေ။ ကျွန်တော် ကတိပေးတယ်။ ဒါပေမယ့် အမေလည်း ဒီတီရှပ်ကို အခြောက်ခံစက်ထဲ မထည့်ပါဘူးလို့ ကတိပေးရမယ်”

“အင်း … ဒီဟာကို မင်းဖာသာလျှော်ခိုင်းမှထင်တယ်” အမေ ကျွန်တော့်ကို ပြုံးပြတယ်။ “ရေမနစ်စေနဲ့နော်”

ကျွန်တော် ပြန်ပြုံးပြတယ်။ “နစ်ခဲ့ရင်လည်း ကျွန်တော့်ခွေးလေးကို သူများပေးမပစ်ပါနဲ့”

ခွေးကိစ္စက ဟာသလုပ်တာပါ။ ကျွန်တော်တို့အိမ်မှာ ခွေးမမွေးထားပါဘူး။

အမေ ကျွန်တော့်ဟာသကို နားလည်တယ်။ ကျွန်တော်လည်း အမေ့ဟာသကို ပေါက်တယ်။

ကျွန်တော်တို့နှစ်ယောက် အဲဒီ့လို အတိုင်အဖောက်ညီကြတယ်။ အမေက သိရမခက်လို့တော့ မဟုတ်ဘူး။

အဖေဘာကြောင့် အမေ့ကို ချစ်သွားခဲ့သလဲဆိုတာကို ကျွန်တော် လုံးဝနားလည်တယ်။ အမေ အဖေ့ကို ဘာကြောင့်ချစ်သွားခဲ့သလဲဆိုတာတော့ ကျွန်တော့်အတွက် ခုချိန်ထိ ပုစ္ဆာတစ်ပုဒ်ပဲ။ ကျွန်တော် ခြောက်နှစ်ခုနစ်နှစ်သားလောက်တုန်းက အဖေ့ကို စိတ်ဆိုးဖူးတယ်။ ကျွန်တော် သူ့ကို ကျွန်တော်နဲ့ကစားစေချင်တာကို လျစ်လျူရှုထားခဲ့လို့လေ။ ကျွန်တော့်ကို ဖုတ်လေတဲ့ငါးပိလို့တောင် သဘောထားပုံမပေါ်ဘူး။ ကျွန်တော်လည်း ချာတိတ်တုန်းက ဒေါသနဲ့ အမေ့ကို မေးတာပေါ့။ “အမေ ဒီလိုလူကို ဘာလိုလုပ် လက်ထပ်ခဲ့ရတာလဲ”

အမေက ပြုံးပြီး ကျွန်တော့်ဆံပင်ကို လက်နဲ့သပ်ပေးတယ်။ အဲဒါ အမေ့အကျင့်ပဲ။ အမေက ကျွန်တော့်မျက်လုံးထဲ တည့်တည့်ကြည့်ပြီး အေးအေးဆေးဆေးပြန်ဖြေတယ်။ “မင့်အဖေက လှတယ်လေ” အမေ မတွန့်ဆုတ်၊ မတွေဝေဘဲ ဖြေတယ်။

အဲဒီ့အလှတရားတွေ ဘာဖြစ်သွားသလဲ အမေ့ကို မေးချင်ခဲ့တယ်။

သုံး

ကျွန်တော် နေပူကြီးထဲ ထွက်လာခဲ့တယ်။ ပုတ်သင်ညိုတွေတောင် အိမ်တွင်းအောင်းနေကြတယ်။ ငှက်တွေတောင် ခပ်နိမ့်နိမ့်ပဲ ပျံကြတော့တယ်။ လမ်းချိုင့်ကွက်တွေထဲက ကတ္တရာစေးတွေတောင် အရည်ပျော်ကုန်ပြီ။ ကောင်းကင်ရဲ့အပြာရောင်လည်း ဖျော့တော့နေတယ်။ လူတွေအားလုံး ပူလွန်းလို့ မြို့ထဲကနေ ထွက်ပြေးကြကုန်တာများလား။ ဒါမှမဟုတ် သိပ္ပံရုပ်ရှင်တွေထဲကလို လူတွေအားလုံးသေသွားပြီး ကျွန်တော်က နောက်ဆုံးအသက်ရှင်ကျန်ခဲ့သူဖြစ်နေတာများလား။ ဒါပေမယ့် ခေါင်းထဲ အဲဒီ့အတွေးရောက်အလာမှာပဲ အိမ်နီးနားချင်းဘဲတစ်သိုက်က စက်ဘီးကိုယ်စီနဲ့ ကျွန်တော့်ဘေး ဖြတ်လာကြတယ်။ အဲဒီ့ကျမှ ကျွန်တော် နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့လူသားဖြစ်ချင်သွားတော့တယ်။ သူတို့တွေ ရယ်မော၊ ဗရုတ်ကျနေတယ်။ ကြည့်ရတာ ပွဲကောင်းနေပုံပဲ။ သူတို့ထဲကတစ်ကောင်က ကျွန်တော့်ကို လှမ်းအော်ပြောတယ်။ “ဟေး မန်ဒိုဇာ၊ မင့်သူငယ်ချင်းတွေနဲ့ ထွက်လည်နေတာလား”

ကျွန်တော် ဟန်ဆောင်ပန်ဆောင်နဲ့ လက်ပြတယ်။ ဟား ဟား ဟား။ အဲဒီ့နောက် ကျွန်တော် လက်ခလယ်ထောင်ပြလိုက်တယ်။

သူတို့ထဲက တစ်ကောင် စက်ဘီးနဲ့ နောက်ပြန်လှည့်လာတယ်။ ကျွန်တော့်ကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလုပ်တယ်။“မင်း ထပ်လုပ်ဦးမှာလား”

ကျွန်တော် သူ့ကို နောက်တစ်ကြိမ် လက်ခလယ်ထောင်ပြလိုက်တယ်။

သူ စက်ဘီးကို ကျွန်တော့်ရှေ့တည့်တည့်မှာ ရပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်ဖို့ ကြိုးစားတယ်။

သူ့အကြံအစည်မအောင်မြင်ပါဘူး။ ဒီကောင်ဘယ်သူလဲ ကျွန်တော်သိတယ်။ တစ်ခါတုန်းက သူ့အစ်ကို ဇာဗီယာ ကျွန်တော့်ကို လာကျပ်ဖို့ ကြိုးစားဖူးတယ်။ ကျွန်တော် ပစ်ထိုးလိုက်တယ်။ တစ်သက်စာရန်သူတွေဖြစ်သွားတာပဲ။ အဲဒီ့အတွက်လည်း ကျွန်တော် စိတ်မကောင်းမဖြစ်ဘူးရယ်။ ဟုတ်တယ်၊ ကျွန်တော် စိတ်ကြီးတယ်။ အဲဒါကို ဝန်ခံတယ်။

သူ အသံမာမာနဲ့ပြောတယ်။ ကျွန်တော်ကြောက်မယ်ဆိုတဲ့ထင်တစ်လုံးနဲ့ပေါ့လေ။ “ငါ့လာမကျပ် နဲ့နော်၊ မန်ဒိုဇာ”

ကျွန်တော် လက်ခလယ်ထပ်ထောင်ပြပြီး လက်ခလယ်နဲ့ သူ့မျက်နှာကို သေနတ်တစ်လက်လို ချိန်လိုက်တယ်။ သူ စက်ဘီးနဲ့ ပြန်ထွက်သွားတယ်။ ကျွန်တော်ကြောက်တဲ့အရာတော်တော်များများရှိတယ်။ ဒါပမယ့် ဒီလိုကောင်တွေတော့ မပါဘူး။

ဘဲတော်တော်များများ ကျွန်တော့်ကို မကျပ်ကြဘူး။ အုပ်စုလိုက်နေတဲ့ကောင်တွေတောင်မှပဲ။ သူတို့တွေစက်ဘီးပေါ်တက်ပြီး ပြန်ထွက်သွားကြတယ်။ ဟိုအော်ဒီအော် အော်သွားကြတယ်။ ဒီကောင်တွေက ဆယ့်သုံး၊ ဆယ့်လေးပဲရှိသေးတာ။ ကျွန်တော့်လိုကောင်ကို လာကျပ်တယ်ဆိုတာ အကဲစမ်းတဲ့သဘောပဲ။ သူတို့အော်သံတွေ တဖြည်းဖြည်းဝေးသွားတော့ ကျွန်တော် ကိုယ့်ကိုယ့်ကိုယ် သနားလာတယ်။

ကိုယ့်ကိုယ့်ကိုယ်ပြန်သနားရတာက အနုပညာတစ်ခုပဲ။ ကျွန်တော့်ရဲ့အစိတ်အပိုင်းတစ်ခုက အဲဒီ့လိုသနားရတာကို ကြိုက်တယ်ထင်ရဲ့။ အငယ်ဆုံးဖြစ်နေတာကြောင့်လည်း ပါမယ်ထင်တယ်။ ကျွန်တော် တစ်ဦးတည်းသောသားလိုလိုဖြစ်နေတာကို သဘောမကျဘူး။ ကိုယ့်ကိုယ်ကိုယ်တခြားဘယ်လိုတွေးရမှန်းလဲ မသိဘူး။ ကျွန်တော်က တစ်ဦးတည်းသောသားမဟုတ်ဘဲ ဟုတ်သလိုလိုဖြစ်နေတာ။ စိတ်ပျက်ဖို့ကောင်းတာပဲ။

ကျွန်တော့်အမြွှာအစ်မနှစ်ယောက်က ကျွန်တော့်ထက် ဆယ့်နှစ်နှစ်ကြီးတယ်။ ဆယ့်နှစ်နှစ်ဆိုတာ တစ်ဘဝစာပဲ။ ကျွန်တော် သေချာပေါက်ပြောရဲတယ်။ ပြီးတော့ သူတို့တွေက ကျွန်တော့်ဆို ကလေးတစ်ယောက်လိုပဲ ဆက်ဆံတယ်။ ဒါမှမဟုတ် အရုပ်တစ်ရုပ်လို၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်လို။ ကျွန်တော် ခွေးတွေကို ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ ကျွန်တော်ဟာ အိမ်မွေးခွေးတစ်ကောင်ထက်မပိုဘူးလို့ အတွေးဝင်မိရော။ မက်စ်ကိုတို ဆိုတာ စပိန်လို အိမ်မွေးခွေးကိုပြောတာ။ မက်စ်ကော့(အိမ်မွေးခွေး)။ သိပ်ကိုဂေါ်တာပဲ။ အိမ်မွေးခွေးကလေး အေရီ။

ကျွန်တော့်အစ်ကိုက ကျွန်တော့်ထက်ဆယ့်တစ်နှစ်ကြီးတယ်။ သူကတော့ ကျွန်တော့်အစ်မတွေထက် ပိုအနေဝေးတယ်။ ကျွန်တော့်မှာ သူ့နာမည်ကိုတောင် ထုတ်ပြောခွင့်မရှိဘူး။ ထောင်နန်းစံနေတဲ့အစ်ကိုတွေအကြောင်း ဘယ်ကောင်ကပြောချင်မှာတဲ့လဲ။ ကျွန်တော့အဖေနဲ့အမေက မပြောချင်တာတော့ သေချာတယ်။ ကျွန်တော့်အစ်မတွေရောပဲ။ ကျွန်တော့်အစ်ကိုအကြောင်း နှုတ်ဟခွင့်မရှိတာက ကျွန်တော့်ကို တစ်ခုခုဖြစ်စေတယ်ထင်တာပဲ။ ပြောခွင့်ဆိုခွင့်မရတာဟာ ကောင်လေးတစ်ယောက်ကို အထီးကျန်ဆန်စေပါတယ်။

ကျွန်တော့်အစ်ကိုနဲ့ အစ်မတွေကို မွေးတုန်းက ကျွန်တော့်မိဘတွေ ငယ်ကြသေးတယ်။ ပြီးတော့ ရုန်းကန်ခဲ့ကြရတယ်။ “ရုန်းကန်” ဆိုတဲ့စကားလုံးကို ကျွန်တော့်မိဘတွေ အတော်အာရုံကျတယ်။ ကလေးသုံးယောက်မွေးအပြီး ကောလိပ်လည်းအပြီးမှာ အဖေ ရေတပ်ထဲဝင်တယ်။ အဲဒီ့နောက် သူ စစ်ထဲဝင်သွားတယ်။

စစ်က သူ့ကို ပြောင်းလဲပစ်ခဲ့တယ်။

သူ အိမ်ပြန်လာပြီးတော့ ကျွန်တော်ထွန်းကားတာပဲ။

အဖေ့မှာ အမာရွတ်တွေ ရှိနေတယ်လို့ ကျွန်တော် တစ်ခါတစ်လေတွေးမိတယ်။ သူ့နှလုံးသားပေါ်မှာ။ သူ့ခေါင်းထဲမှာ။ သူ့တစ်ကိုယ်လုံးမှာ။ စစ်ထဲဝင်ဖူးတဲ့လူတစ်ယောက်ရဲ့သားဖြစ်ရတာ မလွယ်တဲ့ကိစ္စပဲ။ ကျွန်တော် ရှစ်နှစ်သားမှာ အမေ ဖုန်းထဲကနေ အဒေါ်အိုဖီးလီယာကို ပြောနေတာကို နားစွန်နားဖျားကြားဖူးတယ်။ “သူ့အတွက်တော့ စစ်ကဘယ်တော့မှပြီးဆုံးမသွားတော့ဘူး ထင်တာပဲ” နောင် ကျွန်တော် အဒေါ့်ကို ပြန်မေးတော့ “အေး၊ ဟုတ်တယ်” လို့ပြန်ဖြေတယ်။

“စစ်က အဖေ့ကို ဘာလို့ အေးအေးဆေးဆေးနေခွင့်မပြုတာလဲဟင်”

“မင့်အဖေမှာ သိစိတ်ရှိနေလို့ပေါ့”

“စစ်ထဲမှာ အဖေဘာဖြစ်ခဲ့တာလဲ”

“ဘယ်သူသိနိုင်မှာလဲ”

“ဘာလို့ အဖေက ပြောမပြတာလဲ”

“ပြောမပြနိုင်လို့ပေါ့”

ဒီလိုနဲ့ ပြီးသွားတယ်။ ကျွန်တော် ရှစ်နှစ်အရွယ်တုန်းက စစ်အကြောင်းဘာမှမသိခဲ့ဘူး။ သိစိတ် ဆိုတာကိုတောင် ဘာမှန်းမသိခဲ့ဘူး။ ကျွန်တော်သိတာ အဖေတစ်ခါတစ်လေ ဝမ်းနည်းမှိုင်တွေနေတတ်တယ်ဆိုတာပဲ။ အဖေ အဲဒီ့လိုဝမ်းနည်းနေတာကို ကျွန်တော် မုန်းတယ်။ ကျွန်တော်ပါ ဝမ်းနည်းလာရော။ ဝမ်းနည်းမှုကို ကျွန်တော် မကြိုက်ဘူး။

ကျွန်တော်ဟာ သူ့ကိုယ်ထဲမှာ ဗီယက်နမ်ရှိနေတဲ့ လူတစ်ယောက်ရဲ့သားဖြစ်ခဲ့တယ်။ ဟုတ်ပ၊ ကျွန်တော့်မှာ ကိုယ့်ကိုယ့်ကိုယ်ပြန်သနားလာအောင် တွေးဖို့ အကြောင်းပြချက်မျိုးစုံရှိနေတတ်တယ်။ အသက်ဆယ့်ငါးနှစ် ပြည့်လည်းမထူးပါဘူး။ တစ်ခါတစ်လေများဆို ဆယ့်ငါးနှစ်အရွယ်ဖြစ်နေတာဟာ အဆိုးရွားဆုံးအဖြစ်ဆိုးလို့တောင် တွေးမိတယ်။

လေး

ရေကူးကန်ရောက်တော့ ကျွန်တော် ရေချိုးရတယ်။ အဲဒါ စည်းကမ်းတစ်ခုပဲ။ ဟုတ်ပ၊ စည်းကမ်းတွေ။ ကျွန်တော် တခြားကောင်တွေနဲ့ရေအတူတူချိုးရတာကို မုန်းတယ်။ ဘာကြောင့်မှန်းတော့မသိ၊ ကြိုက်တော့မကြိုက်ဘူး။ သိတဲ့အတိုင်းပဲ၊ တချို့ကောင်တွေက သောက်ရမ်းစကားပေါတာ။ ရေအတူတူချိုးရင်း သူအမုန်းဆုံးဆရာအကြောင်း၊ ဒါမှမဟုတ် နောက်ဆုံးကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်း၊ ဒါမှမဟုတ် သူတစ်ခုခုလုပ်ချင်နေတဲ့စော်လေးအကြောင်း ပြောတာကို အားနာစရာလို့ မမြင်တဲ့ပုံပဲ။ ကျွန်တော်ကတော့ အဲဒီ့လိုမဟုတ်ဘူး။ ကျွန်တော့်မှာ ပြောစရာမရှိဘူး။ ဘဲတွေနဲ့ ရေအတူချိုးဖို့ဆိုတာ ကျွန်တော့်အတွက်မဟုတ်ဘူး။

ကျွန်တော် ရေကူးကန်ဆီ လမ်းလျှောက်သွားတယ်။ ရေတိမ်တဲ့နားမှာ ထိုင်ပြီး ကျွန်တော့်ခြေထောက်တွေကို ရေထဲနှစ်တယ်။

ရေမကူးတတ်ရင် ရေကူးကန်မှာ ဘာလုပ်ရမှာလဲ။ သင်ရမှာပေါ့။ ကျွန်တော် ကိုယ်တော့ဖော့တတ်တယ်။ ရူပဗေဒနိယာမတချို့ကိုအသုံးချပြီး တတ်သွားတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဖာသာတတ်သွားတာပဲ။

အရာရာ ကိုယ့်ဖာသာ။ အဲဒီ့စကားစုကို ကျွန်တော် သဘောကျတယ်။ ကျွန်တော်က အကူအညီတောင်းတဲ့နေရာမှာ မကျွမ်းဘူး။ အဖေ့ဆီက အမွေရတဲ့အကျင့်ဆိုးပေါ့။ ပြီးတော့ သူတို့ကိုယ်သူတို့ သက်စောင့်လို့ ခေါ်ကြတဲ့ ရေကူးနည်းပြတွေက စိတ်ပျက်ဖို့ကောင်းတယ်။ သူတို့က ဆယ့်ငါးနှစ်အရွယ်ပိန်ညောင်ညောင်ကောင်လေးကို သင်ပေးဖို့ သိပ်စိတ်မဝင်စားကြဘူးရယ်။ သူတို့စိတ်ဝင်စားတာက နို့စူထွက်ခါစစကီလေးတွေပဲ။ သူတို့တွေက နို့ဆို ငမ်းငမ်းတက်လေ။ အဲဒါ အမှန်တရားပဲ။ တစ်ယောက်က တခြားတစ်ယောက်ကို လှမ်းပြောတာ ကျွန်တော် ကြားဖူးတယ်။ တကယ်က အဲဒီ့အချိန်မှာ သူက ကလေးငယ်အုပ်စုတစ်စုကို စောင့်ကြည့်ပေးဖို့ တာဝန်ကျနေတာ။ 
“စော်တစ်ယောက်ဟာ အရွက်တွေဝေဆာနေတဲ့သစ်ပင်တစ်ပင်နဲ့တူတယ်။ တက်ပြီးတော့ အရွက်တွေ ခြွေချင်နေတော့တာပဲ”

တခြားတစ်ယောက်က ရယ်တယ်။ “မင်းက ချီးထုပ်ပဲ” လို့ သူက ပြောတယ်။

“မဟုတ်ပါဘူး။ ငါ ကဗျာဆရာတစ်ယောက်ပါကွာ” လို့ပြောတယ်။ “ခန္ဓာဗေဒကဗျာဆရာပေါ့”

အဲဒီ့နောက် သူတို့နှစ်ယောက်လုံး အော်ရယ်ကြတယ်။

ဟုတ်ပါလိမ့်မယ်၊ သူတို့တွေက ဝေါ့(တ်)ဝှစ်မန်းအလောင်းအလျာလေးတွေပါပဲ။ တွေ့လား၊ ဘဲတွေနဲ့ပတ်သက်ရင် ကျွန်တော်က သူတို့နဲ့ ဖက်လဲတကင်းနေဖို့ စိတ်မဝင်စားတာပဲ။ ဆိုလိုတာက ဘဲတွေက ကျွန်တော့်ကို စိတ်မသက်မသာဖြစ်စေတယ်။ ဘာကြောင့်ရယ်တော့ အတိအကျမသိဘူး။ ကျွန်တော်နဲ့ ကီးမကိုက်တာပဲသိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘဲတစ်ဗွေဖြစ်နေရတာကို သောက်ရမ်းရှက်တာပဲ။ တစ်နေ့ ကျွန်တော်အရွယ်ရောက်လို့ အဲဒီ့လိုကျက်သတုံးတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့အသိက စိတ်ဓာတ်ကျဖို့ကောင်းတယ်။ စော်တစ်ယောက်ဟာ သစ်ပင်တစ်ပင်နဲ့တူတယ်ဟုတ်လား။ ဟုတ်မှာပေါ့၊ ဒါဆို ဘဲတစ်ဗွေက ခြစားနေတဲ့ သစ်တုံးတစ်တုံးနဲ့တူလိမ့်မယ်။ ကျွန်တော့်အမေကတော့ သူတို့တွေ အကူးအပြောင်းကာလတစ်ခုကို ဖြတ်သန်းနေတာပါလို့ ပြောမှာပဲ။ မကြာခင်မှာ သူတို့ခေါင်းထဲ ဦးနှောက်တွေ ပြန်ရောက်လာမှာပါလေ။ သူတို့တွေ အုန်းလေးသုံး စဉ်းစားတတ်လာမှာပါ။

ဘဝဆိုတာ အကူးအပြောင်းကာလတွေ စုစည်းထားတာဖြစ်မှာပေါ့။ သုံးလေးနှစ်အကြာမှာ ကျွန်တော်လည်း ဆယ့်ရှစ်နှစ်သားသက်စောင့်တွေလို အကူးအပြောင်းကာလကို ဖြတ်ချင်ဖြတ်ရနိုင်တာပဲ။ အမေပြောတဲ့ အကူးအပြောင်းသီအိုရီကို သိပ်ယုံလှတယ်တော့ မဟုတ်ပါဘူး။ အဲဒီ့သီအိုရီက ရှင်းလင်းချက်နဲ့ မတူဘူး၊ ဆင်ခြေဆင်လက်ပေးတာလို့ မြင်တယ်။ အမေ ယောကျ်ားလေးတွေအကြောင်း အကုန်အစင်မသိဘူးလို့ ထင်တာပဲ။ ပြောရရင် ကျွန်တော်လည်း မသိဘူးရယ်။ ဒါပေမယ့် ကျွန်တော် ယောကျ်ားလေးတစ်ယောက်ဖြစ်နေခဲ့တယ်။

ကျွန်တော် တစ်ခုခုလွဲချော်နေတယ်လို့ ခံစားရတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်အတွက်တောင်မှ ဒဏ္ဍာရီတစ်ခုဖြစ်နေသလားမှမသိတာ။ စိတ်လေစရာပဲ။ ကျွန်တော့်မှာ ပြဿနာကြီးကြီးမားမားတွေရှိနေတယ်။

သေချာတာတစ်ခုကတော့ ကျွန်တော့်ကို ရေကူးသင်ပေးဖို့ ဟိုလဒူတွေဆီ သွားအကူအညီတောင်းမှာ မဟုတ်ဘူး ဆိုတာပါပဲ။ တစ်ယောက်တည်း စိတ်ပျက်စရာကောင်းတာကမှ ပိုကောင်းဦးမယ်။ ရေနစ်တာကမှ ပိုခံသာသေးတယ်။

အဲဒါနဲ့ ကျွန်တော် ကိုယ့်ဖာသာတစ်ယောက်တည်း အေးဆေးနေပြီး ကိုယ်ဖော့နေလိုက်တယ်။ ပျော်နေတာတော့မဟုတ်ဘူး။

အဲဒီ့တုန်းမှာ သူ့တကျွိကျွိကို ကြားလိုက်ရတယ်။ “ငါ မင်းကို ရေကူးသင်ပေးလို့ရတယ်”

ကျွန်တော် ရေကူးကန်ရဲ့တစ်ဖက်ဆီ လှမ်းသွားပြီး ရေထဲမှာပဲ မတ်တပ်ရပ်တယ်။ နေရောင်ထဲကို မျက်စိမှေးပြီးကြည့်တယ်။ သူ ရေကူးကန်ရဲ့အစွန်းမှာ ထိုင်နေတာ။ ကျွန်တော် သူ့ကို သံသယမျက်လုံးနဲ့ ကြည့်တယ်။ ဘဲတစ်ပွေက ကျွန်တော့်ကို ရေကူးသင်ပေးဖို့ လာကမ်းလှမ်းတယ်ဆိုရင် ဒီကောင်လည်း လူရာမဝင်လို့ပဲနေမှာ။ အရာသွင်းမခံရတဲ့ ဘဲနှစ်ပွေ။ ပျော်ဖို့တော့ကောင်းဦးမှာပဲ။

ကျွန်တော့်မှာ တခြားတစ်ယောက်ယောက်နဲ့ ငြီးငွေ့နေတာထက် တစ်ကိုယ်ရည်ငြီးငွေ့နေရတာ ပိုကောင်းတယ်ဆိုတဲ့ စည်းကမ်းချက်တစ်ခုရှိတယ်။ အဲဒီ့စည်းကမ်းအတိုင်း ကျင့်သုံးတယ်။ အဲဒါကြောင့် ကျွန်တော့်မှာ သူငယ်ချင်းမရှိတာနေမှာပေါ့။

သူ ကျွန်တော့်ကို ကြည့်တယ်။ စောင့်ဆိုင်းတယ်။ အဲဒီ့နောက် ထပ်မေးပြန်တယ်။ “ငါ မင်းကို ရေကူးသင်ပေးလို့ရတယ်။ မင်း သင်ပေးစေချင်ရင်ပေါ့”

ကျွန်တော် သူ့အသံကို သဘောကျသလိုလိုပဲ။ သူ့အသံက အအေးမိနေတဲ့အတိုင်းပဲ၊ အသံဝင်တော့မယ့်အတိုင်းပဲ။ “မင်းစကားပြောတာ ရယ်ချင်စရာကြီး” လို့ ကျွန်တော်ပြောတယ်။

“အလာဂျီရှိလို့” လို့ သူက ပြန်ဖြေတယ်။

“ဘာကို အလာဂျီဖြစ်တာလဲ”

“လေကို”

ကျွန်တော် ရယ်မိသွားတယ်။

“ငါ့နာမည် ဒန်တေပါ” လို့ သူက မိတ်ဆက်တယ်။

ဒီတစ်ခါ ပိုကျယ်ကျယ် ရယ်မိတယ်။ “ဆောရီးကွာ” လို့ ကျွန်တော်တောင်းပန်တယ်။

“ရပါတယ်။ လူတွေ ငါ့နာမည်ကို ရယ်နေကျပါ”

“မဟုတ်ဘူး၊ မဟုတ်သေးဘူး” ကျွန်တော် ဆက်ပြောတယ်။ “ငါ့နာမည်ကလည်း အရစ္စတိုတယ်တဲ့။

တွေ့ပြီလား”

သူ့မျက်လုံးတွေ အရောင်လက်သွားတယ်။ ဒီကောင် ကျွန်တော်ပြောသမျှစကားလုံးတိုင်းကို နားထောင်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုလိုချင်တာ။

“အရစ္စတိုတယ်” လို့ ကျွန်တော် ထပ်ပြောလိုက်တယ်။

အဲဒီ့နောက် ကျွန်တော်တို့နှစ်ယောက် ခဏလောက် ရူးကြောင်ကြောင် ရယ်မိကြတယ်။

“ငါ့အဖေက အင်္ဂလိပ်စာပါမောက္ခလေ” လို့ သူက ပြောတယ်။

“မင်းကမှ အကြောင်းပြချက်ပေးစရာရှိသေးတယ်။ ငါ့အဖေက စာပို့သမား။ အရစ္စတိုတယ်ဆိုတာ ငါ့အဘိုးရဲ့ အင်္ဂလိပ်လိုနာမည်လေ” အဲဒီ့နောက် ကျွန်တော် အဘိုးနာမည်ကို မက်ဆီကန်လေယူလေသိမ်းနဲ့ အသံထွက်ပြလိုက်တယ်။ “အရစ္စတို ပြီးတော့ ငါ့ငယ်နာမည်က အိန်ဂျယ်” အဲဒီ့နောက် ကျွန်တော် စပိန်လို အသံထွက်ပြတယ်။ “အိန်ဂျယ်

“ဒါဆို မင့်နာမည်က အိန်ဂျယ်အရစ္စတိုတယ်ပေါ့”

“ဟုတ်ပ။ အဲဒါ ငါ့နာမည်ပဲ”

ကျွန်တော်တို့ ရယ်မိကြပြန်ရော။ အတောမသတ်နိုင်အောင် ရယ်ကြတယ်။ ကျွန်တော်တို့ ဘာအကြောင်းကို ရယ်နေကြတာပါလိမ့်။ ကျွန်တော်တို့ရဲ့နာမည်တွေကိုလား။ စိတ်ပေါ့ပါးသွားလို့ ရယ်မိကြတာလား။ ပျော်လို့လား။ ရယ်သံတွေဟာ ဘဝရဲ့ပဟေဠိတွေထဲက တစ်ခုပဲ။

“လူတွေကို ငါ့နာမည် ဒန်လို့ ပြောလေ့ရှိတယ်။ တစ်လုံးတည်းဖြုတ်လိုက်တာလေ။ ဒါပေမယ့် ခု အဲဒီ့လိုမလုပ်တော့ဘူး။ မရိုးမသားလုပ်ရာကျတယ်လေ။ ပြီးတော့ သူတို့ ငါ့နာမည်ကို နောက်တော့သိသွားကြတာပဲမို့လေ။ အဲဒီ့တော့ ငါ အလိမ်အညာကောင်ကြီးလို ခံစားရတယ်။ ငပိန်းတစ်ကောင်လို ခံစားရတယ်။ ငါကိုယ်ငါ ရှက်နေတာကြီးကို ရှက်မိတယ်။ အဲဒီ့ခံစားချက်ကြီးကို မုန်းတယ်” သူ ပခုံးတွန့်တယ်။

“လူတိုင်း ငါ့ကို အေရီလို့ ခေါ်ကြတယ်” လို့ ကျွန်တော် ပြောလိုက်တယ်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ အေရီ”

တွေ့ရတာ ဝမ်းသာပါတယ်၊ အေရီ လို့ သူပြောပုံလေးကို ကျွန်တော် သဘောကျတယ်။

တကယ်စိတ်ထဲကပါတဲ့ပုံပဲ။

“ကောင်းပြီ၊ ငါ့ကို ရေကူးသင်ပေး” လို့ ကျွန်တော် ပြောလိုက်တယ်။ ကျွန်တော်ကပဲ သူ့ကို အခွင့်အရေးတစ်ခုပေးလိုက်သလိုပုံစံမျိုး ပြောမိတယ်ထင်ရဲ့။ သူကတော့ သတိထားမိပုံမပေါ်သလို ဂရုထားဟန်လည်း မတူဘူး။

ဒန်တေက အတော့်ကို တိကျတဲ့ ဆရာသမားပဲ။ သူက တကယ့်ရေကူးသမားစစ်စစ်။ ခြေလက်လှုပ်ရှားပုံကအစ၊ အသက်ရှူပုံအမျိုးမျိုးအလယ်၊ ရေထဲမှာ လူ့ခန္ဓာကိုယ်ဘယ်လိုအလုပ်လုပ်သလဲအဆုံး အကုန် ခရေစေ့တွင်းကျ သိတယ်။ ရေက သူ သဘောကျတဲ့၊ သူအလေးထားတဲ့ အရာတစ်ခုပဲ။ သူ ရေရဲ့အလှတရား၊ ရေရဲ့ဘေးဥပဒ်တွေအကုန် နားလည်သိထားတယ်။ သူ ရေကူးတဲ့အကြောင်းကို ဘဝနေနည်းတစ်ခုလိုလို သဘောထားပြီးပြောတယ်။ သူ့အသက်က ဆယ့်ငါးနှစ်။ ဒီကောင် ဘယ်လိုလူလဲဟ။ သူ့ကြည့်ရတာက နည်းနည်းနုဖတ်သလိုရှိပေမယ့် တကယ်က အဲဒီ့လိုမဟုတ်ဘူးရယ်။ သူက စည်းစနစ်ကျတယ်၊ စိတ်မာတယ်၊ ဗဟုသုတစုံတယ်။ ပြီးတော့ သူ ခပ်ဒူဒူသာမန်ကောင်လို့လည်း ဟန်မဆောင်တတ်ဘူး။

သူက ဟာသပြောတတ်တယ်၊ ပြတ်သားတယ်၊ ခက်ထန်တယ်။ ဆိုလိုချင်တာက ခက်ထန်ချင် ခက်ထန်လို့ရတဲ့ကာင်မျိုး။ သူ ရက်တော့မရက်စက်ဘူး။ မညှာတာတတ်တဲ့လောကကြီးထဲမှာ ကြမ်းကြုတ်မှုက ကိုယ့်လာမထိပါးအောင် ဘယ်လိုများနေသလဲ ကျွန်တော်ဖြင့် စဉ်းစားလို့ကို မရဘူး။ ယောကျ်ားလေးတစ်ယောက်ဟာ ကြမ်းတမ်းရက်စက်မှုမရှိဘဲ ဘယ်လိုများ နေမှာပါလိမ့်။

ပဟေဠိတွေနဲ့ ပြည့်နှက်နေတဲ့ စကြဝဠာထဲမှာ ဒန်တေဟာ နောက်ထပ်ပဟေဠိတစ်ခုဖြစ်လာခဲ့တယ်။
အဲဒီ့တစ်နွေလုံး ကျွန်တော်တို့ ရေကူးတယ်၊ ရုပ်ပြတွေဖတ်တယ်၊ စာအုပ်တွေဖတ်တယ်၊ အဲဒီ့စာအုပ်တွေအကြောင်း ငြင်းကြခုန်ကြတယ်။ ဒန်တေ့မှာ သူ့အဖေရဲ့ စူပါမင်းရုပ်ပြစာအုပ်အဟောင်းတွေ အစုံရှိတယ်။ သူ အဲဒီ့ရုပ်ပြတွေကို ကြိုက်တယ်။ သူ အာချီနဲ့ ဗာရိုနီကာ ကိုလည်း သဘောကျတယ်။ ကျွန်တော်ကတော့ အဲဒီ့စောက်ပေါစာအုပ်ကို မုန်းတယ်။ “စောက်ပေါစာအုပ်မဟုတ်ပါဘူးဟ” လို့ သူက ချေပတယ်။

ကျွန်တော်ကတော့ လင်းနို့လူသားရယ်၊ ပင့်ကူလူသားရယ်၊ Incredible Hulk ရယ်ကို ကြိုက်တယ်။

“သိရခက်လွန်းတယ်” လို့ ဒန်တေက မှတ်ချက်ပေးတယ်။

“ကွန်းရက်ဒ် ရဲ့ နက်နဲသောနှလုံးသား ကိုကြိုက်တဲ့ကောင်ကပြောတာတဲ့”

“မတူဘူးလေ။ ကွန်းရက်ဒ်က စာကြီးပေကြီးရေးတာ” လို့ သူက ပြောတယ်။

ရုပ်ပြစာအုပ်တွေကလည်း စာပေစာရင်းဝင်တယ်လို့ ကျွန်တော်အမြဲတမ်း ငြင်းလေ့ရှိတယ်။ ဒါပေမယ့် စာပေဆိုတာ ဒန်တေ့လိုလူမျိုးအတွက် တကယ့်အလေးအနက်ထားတဲ့ကိစ္စတစ်ခုပဲ။ ကျွန်တော် သူနဲ့ငြင်းတိုင်း အနိုင်ရတယ်ရယ်လို့ မရှိဖူးဘူး။ သူက စကားရည်လုပိုကျွမ်းတယ်။ စာလည်း ပိုဖတ်နိုင်တယ်။ ကျွန်တော် ကွန်းရက်ဒ် ရဲ့စာအုပ်ကို ဖတ်ဖြစ်တာ သူ့ကြောင့်ပေါ့။ ဖတ်လည်းပြီးရော ကျွန်တော် အဲဒီ့စာအုပ်ကို မကြိုက်ဘူးလို့ သူ့ကို ပြောလိုက်တယ်။ “တစ်ခုပဲ၊ စာအုပ်ထဲမှာရေးထားတာတွေက အမှန်တရားတွေပဲ။ ကမ္ဘာကြီးက မိုက်မှောင်တဲ့နေရာတစ်ခုပဲ”

“မင့်ကမ္ဘာကတော့ ဟုတ်ချင်ဟုတ်မှာပေါ့ အေရီ၊ ငါ့ကမ္ဘာကတော့ အဲဒီ့လိုမဟုတ်ဘူး”

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” လို့ ကျွန်တော်ပြောတယ်။

“ဟုတ်တယ်၊ ဟုတ်တယ်” လို့ သူ သံယောင်လိုက်တယ်။

တကယ်က ကျွန်တော် သူ့ကို ညာပြောလိုက်တာရယ်။ ကျွန်တော် အဲဒီ့စာအုပ်ကို သဘောကျတယ်။ ကျွန်တော်ဖတ်ဖူးသမျှထဲ ချစ်ဖို့အကောင်းဆုံးလို့ထင်တယ်။ ကျွန်တော် အဲဒီ့စာအုပ်ဖတ်နေတာ အဖေတွေ့သွားတော့ သူ့အကြိုက်ဆုံးစာအုပ်ထဲမှာပါတယ်လို့ ကျွန်တော့်ကို ပြောလာတယ်။ သူ ဗီယက်နမ်စစ်ထဲ မဝင်ခင် ဖတ်တာလား၊ ဝင်ပြီးမှ ဖတ်တာလား မေးချင်ပေမယ့် အဖေ့ကို မေးခွန်းတွေ မေးတာ အပိုပဲရယ်။ ဘယ်တော့မှ ပြန်မဖြေဘူးလေ။

ဒန်တေက စာဖတ်ရတာကြိုက်လို့ ဖတ်တာ၊ ကျွန်တော်ကတော့ တခြားဘာမှလုပ်စရာမရှိလို့ စာဖတ်တာ ဆိုတဲ့ အတွေးဝင်လာတယ်။ သူက အရာရာကို ပိုင်းခြားစိတ်ဖြာကြည့်တယ်။ ကျွန်တော်ကတော့ စာလုံးတွေ ဖတ်လိုက်တာပဲ။ သူအဘိဓာန်ကြည့်ရတာထက် ကျွန်တော် ပိုကြည့်ရတယ်လို့ ထင်တယ်။

ကျွန်တော်က သူ့ထက် ပိုမှောင်တယ်။ အသားရောင်ကိုတင် ပြောတာမဟုတ်ဘူး။ ကျွန်တော့်မှာ ဘဝနဲ့ပတ်သက်လို့ ကြေကွဲတဲ့အမြင်ရှိတယ်လို့ သူက ပြောတယ်။ “အဲဒါကြောင့် မင်း စပိုက်ဒါမန်းကို ကြိုက်တာပေါ့”

“ငါ မက်ဆီကန်ပိုဆန်လို့ပါ။ မက်ဆီကန်တွေက ကြေကွဲတတ်တဲ့လူတွေလေ”

“အင်း ဟုတ်ချင်ဟုတ်မှာပေါ့” လို့ သူက ပြောတယ်။

“မင်းက အကောင်းမြင်တတ်တဲ့ အမေရိကန်ပဲ”

“အဲဒါ စော်ကားတာလား”

“ဟုတ်ချင်ဟုတ်မှာပေါ့” လို့ ကျွန်တော်ပြန်ဖြေတယ်။

ကျွန်တော်တို့ ရယ်မိကြပြန်တယ်။ ကျွန်တော်တို့ အမြဲလိုလို ရယ်နေကြတာပါပဲ။

ဒန်တေနဲ့ ကျွန်တော်တို့က သိပ်တူတယ်ရယ်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ တူတဲ့အချက်နည်းနည်းတော့ရှိတယ်။ ဥပမာတစ်ခုပြောရရင် ကျွန်တော်တို့နှစ်ယောက်လုံးကို အိမ်ကမိဘတွေက ရုပ်မြင်သံကြားကြည့်ခွင့်မပေးဘူး။ ကျွန်တော်တို့မိဘတွေက တီဗွီက ကောင်လေးတစ်ယောက်ရဲ့စိတ်ကို ပြောင်းလဲချယ်လှယ်တာကို မကြိုက်ဘူး။ ကျွန်တော်တို့နှစ်ယောက်လုံး ယောကျ်ားလေးပဲ။ အပြင်လောကကြီးထဲထွက်ပြီး တစ်ခုခုလုပ်နေစမ်းပါ။ တစ်လောကလုံး မင်းကို စောင့်ဆိုင်းနေတယ် ဆိုတဲ့ လက်ချာမျိုးတွေနဲ့ ကြီးပြင်းလာခဲ့ကြတာ။

ဒန်တေနဲ့ ကျွန်တော်တို့ဟာ အမေရိကမှာ တီဗွီမပါဘဲကြီးပြင်းလာတဲ့ နောက်ဆုံးမျိုးဆက်ကောင်လေးနှစ်ယောက်ပါပဲ။ တစ်နေ့မှာ သူက ကျွန်တော့်ကို မေးလာတယ်။ “ငါတို့ကို စောင့်ဆိုင်းနေတဲ့ လောကကြီးရှိနေတယ် ဆိုတဲ့ ငါတို့မိဘတွေပြောတာကို ဟုတ်မယ်ထင်သလား”

“မထင်ပေါင်” လို့ ကျွန်တော် ပြန်ဖြေတယ်။

သူ ရယ်တယ်။

အဲဒီ့နောက် ကျွန်တော် အကြံတစ်ခုရတယ်။ “ဘပ်စ်ကားစီးပြီး အပြင်လောကကြီးထဲ သွားကြည့်ရအောင်ကွာ”

ဒန်တေ ပြုံးတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ဘပ်စ်ကားစီးရတာကို သဘောကျခဲ့ကြပါတယ်။
 တစ်ခါတစ်လေမှာဆို ဘပ်စ်ကားပေါ်မှာ တစ်နေ့ခင်းလုံး လိုက်စီးကြတယ်။ ကျွန်တော် ဒန်တေကို ပြောတယ်။ “သူဌေးတွေ ဘပ်စ်ကားမစီးကြဘူးကွ”

“အဲဒါကြောင့် ငါတို့ ဘပ်စ်ကားစီးရတာ သဘောကျတာပေါ့”

“ဆိုတော့ ငါတို့ ဆင်းရဲတာလား” လို့ ကျွန်တော် မေးတယ်။

“မဟုတ်ပါဘူး” အဲဒီ့နောက် သူ ပြုံးတယ်။ “အိမ်ကနေဆင်းရင်တော့ ငါတို့နှစ်ယောက်လုံး ငမွဲတွေဖြစ်သွားမှာပေါ့”

ကျွန်တော်ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စလို့ ထင်တယ်။

“မင်း အိမ်ကနေ ပြေးဖူးလား” လို့ ကျွန်တော် မေးတယ်။

“ဟင့်အင်း”

“ဘာလို့လဲ”

“မင်းကို လျို့ဝှက်ချက်တစ်ခု ပြောပြစေချင်သလား”

“သိချင်တာပေါ့”

“ငါ အမေနဲ့အဖေကို သိပ်ချစ်တာ”

ကျွန်တော် တကယ်ပြုံးမိသွားတယ်။ ကျွန်တော် လူတွေ သူတို့မိဘတွေအကြောင်း ပြောတာ မကြားဖူးဘူး။ ဆိုလိုချင်တာက ဘယ်သူမှ ကိုယ့်မိဘတွေကို တုန်နေအောင်ချစ်တယ်လို့ မပြောကြဘူးလေ။ ဒန်တေကလွဲလို့ပေါ့။

အဲဒီ့နောက် သူ ကျွန်တော့်နားထဲ တိုးတိုးလေးပြောပြတယ်။ “ငါတို့ရှေ့နှစ်ခုံကျော်ကဘွားတော်ကို တွေ့လား။ သူ ခိုးစားနေတယ်လို့ ငါထင်တယ်”

“မင်းက ဘယ်လိုလုပ်သိတာလဲ” ကျွန်တော် တိုးတိုးလေး ပြန်မေးတယ်။

“သူ ကားပေါ်ရောက်ရောက်ချင်း လက်ထပ်လက်စွပ်ကို ချွတ်ပစ်တယ်လေ”

ကျွန်တော် ခေါင်းညိမ့်ပြီး ပြုံးတယ်။

ကျွန်တော်တို့ တခြားခရီးသည်တွေကိုလည်း ဇာတ်လမ်းတွေဆင်ပစ်တယ်။ သူတို့လည်း ကျွန်တော်တို့အကြောင်း ဇာတ်လမ်းဆင်နေကြမှာ။

ကျွန်တော် တခြားသူတွေနဲ့ ဘယ်တုန်းကမှ ရင်းရင်းနှီးနှီးမနေဖူးဘူး။ ကျွန်တော်က တစ်ကိုယ်တော်သိုင်းသမားဆန်တယ်။ ကျွန်တော် ဘတ်စကက်ဘော၊ ဘော့စ်ဘောကစားတယ်။ ကင်းထောက်လူငယ်ထဲ ဝင်တယ်။ ကင်းထောက်ထဲဝင်ပေမယ့် တခြားကောင်တွေနဲ့ ခပ်ကင်းကင်းနေတယ်။ ကျွန်တော်ဟာ သူတို့လောကထဲက အစိတ်အပိုင်းတစ်ခုလို့ ဘယ်တုန်းကမှ မခံစားရဖူးဘူး။

ယောကျ်ားလေးတွေကို ကျွန်တော် စောင့်ကြည့်တယ်။ လေ့လာတယ်။ အကဲခတ်တယ်။

အဆုံးသတ်မှာ ကျွန်တော့်အနီးဝန်းကျင်ကကောင်တွေကို စိတ်ဝင်စားစရာမကောင်းဘူးလို့ သိလာတယ်။ တကယ်က ကျွန်တော် စိတ်ကိုလေသွားတာ။

ကျွန်တော်က နည်းနည်းပိုမြင့်လို့နေမှာပေါ့။ မဟုတ်ပါဘူး၊ ကျွန်တော် တခြားသူတွေထက် ပိုမြင့်မြတ်တယ်လို့ မထင်မိပါဘူး။ ကျွန်တော် သူတို့နဲ့ ဘယ်လိုပြောရမလဲ နားမလည်တာ။ သူတို့နားမှာ ကျွန်တော် ပုံမှန်အတိုင်း မနေတတ်တာ။ ယောကျ်ားလေးတွေနဲ့ရောရောနှောနှောနေတာနဲ့ ပိုတော်သွားတယ်လို့ မခံစားရဘူး။ အဲဒီ့လိုနေရရင် ခပ်ဒူဒူခံစားရတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာ။ ဘာနဲ့တူသလဲဆိုတော့ သူတို့က ဒီကလပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပြီး ကျွန်တော်က အဖွဲ့ဝင်မဟုတ်သလိုပဲ။

ကျွန်တော် အရွယ်ရတော့ ကင်းထောက်အဖွဲ့ထဲက ထွက်ချင်တယ်လို့ အဖေ့ကို ပြောတယ်။ ဆက်သည်းမခံနိုင်တော့ဘူး။

“တစ်နှစ်လောက် ဆက်နေကြည့်ပါဦး” လို့ အဖေက ပြောတယ်။ ကျွန်တော် တစ်ခါတစ်လေ တိုက်ရခိုက်ရတာ စိတ်ပါမှန်း အဖေသိတယ်။ သူ ကျွန်တော့်ကို ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအကြောင်း လက်ချာပေးနေကျ။ ကျွန်တော့်ကို ကျောင်းက လူမိုက်ဂိုဏ်းတွေနဲ့ ဝေးဝေးနေဖို့ ပြောနေကျ။ သူ ကျွန်တော့်ကို အစ်ကိုလို ဂျေးအောင်းတဲ့ဘဝမရောက်အောင် ကြိုးစားနေတာ။ စကားထဲတောင် ထည့်မပြောရတဲ့အစ်ကို့ကြောင့် ကျွန်တော် ကင်းထောက်လူငယ်ကောင်းတစ်ယောက်ဖြစ်လာရတယ်။ စိတ်ပျက်စရာပဲ။ လူဆိုးအစ်ကိုတစ်ယောက်ရှိတာနဲ့ပဲ ကျွန်တော်က လူလိမ္မာလေးလို နေရတော့မှာလား။ အမေနဲ့အဖေ တွက်ချက်ပုံကို မုန်းတာပဲ။

ကျွန်တော် အဖေစိတ်ချမ်းသာအောင် တစ်နှစ်အောင့်အည်းနေခဲ့တယ်။ ကျွန်တော် ကင်းထောက်အလုပ်ကို မုန်းတယ်။ နှလုံး-အဆုတ်အသက်ကယ်နည်းသင်ရတာကလွဲလို့ပေ့ါ။ ပြောချင်တာက တခြားတစ်ယောက်ရဲ့ပါးစပ်ထဲ လေမှုတ်ရတာတော့ ဘယ်ကြိုက်မလဲ။ ခွကျကျနိုင်တာပေါ့။ ဒါပေမယ့် နှလုံးပြန်ခုန်လာအောင်လုပ်နိုင်တာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာကြောင့် နှလုံးပြန်ခုန်သလဲတော့ သိပ္ပံနည်းကျမသိဘူးပေါ့။ လူတစ်ယောက်ကို အသက်ဘယ်လိုကယ်ရမလဲဆိုတာ တတ်ပြီး တံဆိပ်လည်းရတော့ ကင်းထောက်အဖွဲ့ထဲက ထွက်လာခဲ့တယ်။ အိမ်ရောက်တော့ တံဆိပ်ကို အဖေ့ပေးတယ်။

“မင်းတော့ နောင်တရတော့မှာပဲ” အဖေ အဲဒီ့လောက်ပဲ ပြောတယ်။

ကျွန်တော် ထောင်ထဲအရောက်ခံမှာမဟုတ်ဘူး ကျွန်တော် အဲဒီ့လိုပြောလိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့ဘူး။ အဲဒီ့အစား ကျွန်တော် ပြန်အော်ခဲ့တယ်။ “အဖေ ကျွန်တော့်ကို ပြန်သွားခိုင်းမယ်ဆိုရင် ကျွန်တော် ဆေးရှူ မှာ။ အဲဒီ့ကျမှ ကျွန်တော့်အဆိုးမဆိုနဲ့”

အဖေက အထူးတဆန်းကြည့်တယ်။ “မင်းဘဝနဲ့မင်းလေ” လို့ ပြောတယ်။ တကယ်လည်း အဲဒီ့လိုဖြစ်နေတဲ့အတိုင်းပဲ။ ကျွန်တော့်အဖေက လက်ချာသိပ်ပေးလေ့မရှိဘူး။ အဲဒါတွေ ကျွန်တော် စိတ်ကုန်တာ။ အဖေက မစာမနာပြောတတ်သူမဟုတ်ဘူး။ ဒေါသလည်း မကြီးဘူး။ စကားကို တိုတိုတုတ်တုတ်ပဲပြောတယ်။ “မင်းဘဝနဲ့မင်းလေ” တို့ “ကြိုးစားကြည့်စမ်းပါ” တို့ “လုပ်ချင်တာသေချာရဲ့လား” တို့။ အဖေ ဘာလို့ စကားအပြန်အလှန်မပြောနိုင်ရတာလဲ။ စကားပြောမကြည့်ဘဲနဲ့ အဖေ့ကို ကျွန်တော်ဘယ်လိုသိနိုင်မှာလဲ။ မုန်းတယ်။

ကျွန်တော် ဒီလိုပဲ ရှေ့ဆက်ခဲ့တယ်။ ကျွန်တော့်မှာ ကျောင်းကသူငယ်ချင်းတချို့ရှိတယ်။ ကျွန်တော် အတန်းထဲမှာ ပေါ်ပြူလာသိပ်မဖြစ်ဘူး။ ပေါ်ပြူလာဖြစ်ဖို့ဆို လူတွေ ကိုယ့်ကို စိတ်ဝင်စားလာအောင် လုပ်နေရမှာလေ။ ကျွန်တော် မညာချင်ဘူး။

ကျွန်တော်နဲ့ ပေါင်းနေကျသူငယ်ချင်းတချို့ရှိတယ်။ ဂိုးမက်ဇ်တို့ညီအစ်ကိုပေါ့။ ဒါပေမယ့် သူတို့ နယ်ပြောင်းသွားပြီ။ မိန်းကလေးသူငယ်ချင်းတွေလည်းရှိပါတယ်။ ဂျီနာနာဗာရိုရယ်၊ ဆူဇီဘဒ်ရယ်။ သူတို့က ကျွန်တော့်ကို အပျော်သဘောပဲထားတာပါ။ မိန်းကလေးတွေ။ သူတို့ကလည်း သိရခက်တယ်။ အရာအားလုံးက ပဟေဠိပါပဲ။

သိပ်မဆိုးလှဘူးတော့ ထင်တာပဲ။ လူတိုင်းချစ်တဲ့သူတစ်ယောက်မဟုတ်ပေမယ့် လူတိုင်းမုန်းတဲ့သူတစ်ယောက်လည်း မဟုတ်ခဲ့ဘူးလေ။

ကျွန်တော် ထိုးကြိတ်တဲ့နေရာမှာ တော်တော့ ဘယ်သူမှ လာမဆွရဲကြဘူး။

ကျွန်တော်ဟာ ကိုယ်ပျောက်နေသူတစ်ယောက်လိုပဲ။ အဲဒီ့လိုလေးပဲ သဘောကျပါတယ်။

အဲဒီ့နောက် ကျွန်တော့်ဘဝထဲ ဒန်တေရောက်လာခဲ့တယ်။

ငါး

စတုတ္ထအကြိမ်မြောက်ရေကူးနည်းသင်ခန်းစာအပြီးမှာ ဒန်တေက ကျွန်တော့်ကို သူ့အိမ်လိုက်လည်ဖို့ ခေါ်တယ်။ သူ့အိမ်က ရေကူးကန်နဲ့ တစ်ပြလောက်ပဲဝေးတယ်။ ပန်းခြံကနေ လမ်းကူးသွားလိုက်ရုံတင်။ အိမ်ကြီးရခိုင်ပဲ။

သူက ကျွန်တော့်ကို သူ့အဖေအင်္ဂလိပ်စာပါမောက္ခနဲ့ မိတ်ဆက်ပေးတယ်။ ကျွန်တော် မက်ဆီကန်-အမေရိကန်လူမျိုး အင်္ဂလိပ်စာပါမောက္ခနဲ့ တစ်ခါမှမတွေ့ဖူးဘူး။ အဲဒီ့လိုရှိမှန်းတောင် မသိခဲ့ဘူး။ သူက ပါမောက္ခတစ်ယောက်နဲ့ မတူဘူးရယ်။ သူက အသက်သိပ်မကြီးသေးတဲ့အပြင် ရုပ်လည်းသန့်တယ်။ အပူအပင်ထားပုံလည်းမပေါ်ဘူး။ ကြည့်ရတာ သူ့ရဲ့အစိတ်အပိုင်းတစ်ခုက ငယ်စိတ်မပျောက်သေးဘူးထင်တယ်။ ရှင်သန်နေထိုင်ရတာကို ပျော်မွေ့နေတဲ့သူတစ်ယောက်နဲ့တူတယ်။ ကမ္ဘာကြီးနဲ့ ကင်းကင်းရှင်းရှင်းနေတဲ့ ကျွန်တော့်အဖေနဲ့ ကွာလိုက်တာ။ ကျွန်တော့်အဖေမှာ ကျွန်တော်နားမလည်တဲ့ အမှောင်ဘက်ခြမ်းတစ်ခုရှိတယ်။ ဒန်တေ့အဖေမှာ အမှောင်ဘက်ခြမ်းမရှိဘူး။ သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေတောင် လင်းလက်တောက်ပနေသလိုပဲ။

အဲဒီ့နေ့လယ်က ဒန်တေ့အဖေ ဂျင်းဘောင်းဘီနဲ့ တီရှပ်ဝတ်ထားတယ်။ သူ့ရုံးခန်းထဲက သားရေကုလားထိုင်ပေါ်မှာ စာဖတ်နေတယ်။ ကျွန်တော် အိမ်မှာ ရုံးထိုင်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးဘူး။

ဒန်တေ သူ့အဖေဆီလျှောက်သွားပြီး ပါးကို နမ်းတယ်။ ကျွန်တော် ဘယ်တော့မှ အဲဒီ့လို နမ်းမှာမဟုတ်ဘူး။ လုံးဝပဲ။

“အဖေ ဒီမနက် မုတ်ဆိတ်မွေးလည်း မရိတ်ဘူး”

“နွေရာသီလေကွာ” လို့ သူ့အဖေက ပြန်ပြောတယ်။

“ဆိုလိုတာက အဖေ အလုပ်သွားစရာမလိုဘူးပေါ့”

“ဆိုလိုတာက ငါ့စာအုပ်ကို ပြီးအောင်ရေးရမှာ”

“စာအုပ်ထိုင်ရေးတာ အလုပ်မှမဟုတ်တာ”

ပြောရင်းတန်းလန်း ဒန်တေ့အဖေ အားရပါးရရယ်တယ်။ “အလုပ်အကြောင်း မင်းအများကြီး သင်ယူရဦးမှာပါကွာ”

“နွေရာသီလေ အဖေ။ အလုပ်အကြောင်း မကြားချင်ဘူး”

“မင်းက အလုပ်အကြောင်း ဘယ်တုန်းကမှ နားထောင်ချင်တာမဟုတ်ပါဘူးကွာ”

စကားဆက်ပြောရင် ဘယ်ရောက်မယ်ဆိုတာ ဒန်တေသိတယ်။ အဲဒါကြောင့် သူ အကြောင်းအရာပြောင်းဖို့ ကြိုးစားတယ်။ “မုတ်ဆိတ်မွေးအရှည်ကြီး ထားမလို့လား”

“မဟုတ်ပါဘူးကွာ” သူ ရယ်တယ်။ “ပူလွန်းတယ်လေ။ ပြီးတော့ မရိတ်ဘဲနေရင် မင့်အမေက ငါ့အနမ်းခံမှာမဟုတ်ဘူးဟ”

“ဝိုး၊ အမေက စည်းကမ်းတင်းကျပ်တာပဲ”

“ဟုတ်ပ”

“အနမ်းမခံဘူးဆို ဘယ်လိုလုပ်မလဲ”

သူက ပြုံးဖြဲဖြဲလုပ်တယ်။ ပြီးတော့ ကျွန်တော့်ဆီ အကြည့်ရောက်လာတယ်။ “ဒီကောင်နဲ့ မင်း ဘယ်လိုပေါင်းလဲကွာ။ မင်း အေရီဖြစ်ရမယ်၊ ဟုတ်တယ်ဟုတ်”

“ဟုတ်ကဲ့ခင်ဗျ” ကျွန်တော် ခြေလက်တွေအေးစက်နေတယ်။ ကျွန်တော် သူငယ်ချင်းမိဘတွေနဲ့ ရင်းရင်းနှီးနှီး မပြောဖူးဘူး။ ကျွန်တော့်ဘဝမှာ တွေ့ဖူးခဲ့တဲ့ မိဘအများစုကလည်း ကျွန်တော်နဲ့ ဟိုဟိုဒီဒီပြောဖို့ စိတ်မပါကြဘူး။

သူ ကုလားထိုင်ကနေ ထပြီး စာအုပ်ကို အောက်ချတယ်။ ကျွန်တော့်ဆီ လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်တယ်။ “ငါ့နာမည် စမ်ပါ” လို့ ပြောတယ်။ “စမ်ကွင်တားနား”
“တွေ့ရတာ ဝမ်းသာပါတယ်၊ မစ္စတာ ကွင်တားနား”

ကျွန်တော် တွေ့ရတာ ဝမ်းသာပါတယ် ဆိုတဲ့စကားကို အကြိမ်ပေါင်းများစွာ ကြားဖူးတယ်။ ဒန်တေ ပြောတုန်းက တကယ်စိတ်ထဲကပါတဲ့အတိုင်းပဲ။ ဒါပေမယ့် ခု ကျွန်တော်ပြောတော့ နှုတ်ခမ်းဖျားလေးနဲ့ ပြောလိုက်သလိုပဲ။ ကျွန်တော် တစ်နေရာရာမှာ ပြေးပုန်းလိုက်ချင်တော့တာပဲ။

“ငါ့ကို စမ်လို့ ခေါ်လို့ရပါတယ်”

“မရပါဘူး” လို့ ကျွန်တော ပြောလိုက်တယ်။ ဘုုရားသခင်၊ ကျွန်တော် တကယ် ပြေးပုန်းချင်နေပြီ။

သူက ခေါင်းတဆတ်ဆတ်ညိမ့်တယ်။ “ချစ်စရာကောင်းတာပဲ” လို့ သူက ပြောတယ်။ “ပြီးတော့ တလေးတစားလည်းရှိတယ်”

“ချစ်စရာကောင်းတာပဲ” ဆိုတဲ့စကား ကျွန်တော့်အဖေ့နှုတ်ခမ်းဝက ဘယ်တုန်းကမှ ထွက်မလာဖူးဘူး။

သူ ဒန်တေ့ကို တစ်ချက်ကြည့်တယ်။ “ဒီလူငယ်လေးက လေးစားသမှုရှိတယ်။ မင်း သူ့ဆီက တစ်ခုခု အတုယူနိုင်မယ်ထင်တာပဲ ဒန်တေ”

“ကျွန်တော် အဖေ့ကို မစ္စတာကွင်တားနားလို့ ခေါ်စေချင်တာလား”

သူတို့နှစ်ယောက်လုံး ရယ်ကြပြန်တယ်။ အဲဒီ့နောက် သူ ကျွန်တော့်ဘက် အာရုံစိုက်တယ်။ “ရေကူးတာ ဘယ်လိုနေလဲ”

“ဒန်တေက ရေကူးသင်ပေးတဲ့နေရာမှာ တော်ပါတယ်” လို့ ကျွန်တော် ပြန်ဖြေတယ်။

“ဒန်တေက တော်တော်များများမှာ တော်ပါတယ်။ ဒါပေမယ့် သူ့အခန်းသူရှင်းတဲ့နေရာမှာတော့ မတော်ဘူးဟေ့။ အခန်းရှင်းတယ်ဆိုတဲ့ကိစ္စကို အလုပ် လို့မထင်တာလားမသိပါဘူးကွာ”
ဒန်တေက သူ့အဖေကို ကြည့်တယ်။ “အဲဒါ အရိပ်အမြွက်လား”

“မင်း သွက်သွက်လက်လက်ရှိပါတယ် ဒန်တေရာ။ မင့်အမေဆီက အမွေရတာဖြစ်ရမယ်”

“စဆရကမလုပ်စမ်းပါနဲ့ အဖေရာ”

“မင်းသုံးလိုက်တဲ့စကားလုံးက ဘာကြီးလဲဟ”

“အဖေ့ကို စော်ကားသလိုဖြစ်သွားလို့လား”

“စကားလုံးကြောင့်မဟုတ်ဘူး။ မင့်စိတ်အခံကြောင့်နေမှာပေါ့”

ဒန်တေ မျက်ခုံးပင့်ပြီး သူ့အဖေ့ကုလားထိုင်ပေါ် ထိုင်တယ်။ သူ တင်းနစ်ရှူးတွေကို ချွတ်တယ်။

“သိပ်ဇိမ်ခံမနေနဲ့” “ဟိုမှာ မင့်နာမည်ရေးထိုးထားတဲ့ ဝက်ခြံရှိတယ်”

ကျွန်တော် ပြုံးမိသွားတယ်။ သူတို့ အတိုင်အဖောက်ညီနေတာ၊ သူတို့အချင်းချင်းစကားပြောတဲ့အခါ ရှောရှောရှူရှူရှိတာ၊ ကြင်ကြင်နာနာရှိတာများ အဖေတစ်ယောက်နှင့် သားတစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဟာ ဘာမှရှုပ်ထွေးမှုမရှိတဲ့အတိုင်းပဲ။ အမေနဲ့ ကျွန်တော့်ကြားဆက်ဆံရေးက လွယ်ကူရိုးရှင်းပါတယ်။ ဒါပေမယ့် အဖေနဲ့ ကျွန်တော့်ကြားမှာတော့ အဲဒီ့လိုမဟုတ်ဘူး။ ကျွန်တော် အဖေ့ကို နမ်းတဲ့အခါ ဘယ်လိုများဖြစ်မလဲ တွေးနေမိတယ်။

ကျွန်တော်တို့ အပေါ်ထပ်တက်တယ်။ ဒန်တေက သူ့အခန်းလိုက်ပြတယ်။ အခန်းကကျတယ်။ မျက်နှာကျက်က ခပ်မြင့်မြင့်။ သစ်သားကြမ်းပြင်တွေရယ်၊ အလင်းများများဝင်ဖို့ ပြတင်းပေါက်အများကြီးရယ်။ နေရာတကာမှာ သူ့ပစ္စည်းတွေနဲ့ ပြည့်နေတယ်။ ကြမ်းပြင်ပေါ်မှာ အဝတ်တွေ ပြန့်ကျဲနေတယ်။ ဓာတ်ပုံအယ်လ်ဘမ်အဟောင်းပုံတွေ၊ စာအုပ်တွေလည်း ပြန့်ကျဲလို့။ ရေးခြစ်ထားတဲ့ မှတ်စုစာရွက်တွေ၊ ပိုလာရွိုက်ဓာတ်ပုံတွေ၊ ကင်မရာသုံးလေးသုံး၊ ကြိုးမပါတဲ့ဂစ်တာတစ်လုံး၊ ဂီတနုတ်စာရွက်၊ မှတ်စုစာရွက်တွေ၊ ပုံတွေနဲ့ ပြည့်နေတဲ့ နို့တစ်ဘုတ်တစ်ချပ်ရယ်။

သူ သီချင်းကောက်ဖွင့်တယ်။ သူ့မှာ ဓာတ်စက်တစ်လုံးရှိတယ်။ ခြောက်ဆယ်ခုနှစ်များဆီက တကယ့်ဓာတ်စက်ပဲ။ “အဲဒါ ငါ့အမေ့ဟာလေ” လို့ သူက ပြောတယ်။ “အမေက အဲဒါကို လွှင့်ပစ်တော့မယ်ဆိုလို့ ယူထားတာ။ စဉ်းစားကြည့် ငါ့ကောင်ရေ” သူက သူ့အကြိုက်ဆုံးသီချင်းခွေ Abbey Road ကို ဖွင့်တယ်။ “တကယ့်ဗီနိုင်းဓာတ်ပြားပဲ။ ကက်ဆက်ခွေတွေနဲ့ တခြားစီပဲ” လို့ သူက ပြောတယ်။

“ကက်ဆက်တွေက ဘာဖြစ်လို့လဲ”

“ငါ ကက်ဆက်ခွေတွေကို အယုံအကြည်မရှိဘူး”

အဲဒီ့လိုပြောတာ ရယ်ချင်စရာကြီးလို့ ကျွန်တော်ထင်တယ်။ “ဓာတ်ပြားတွေက ခြစ်ရာထင်လွယ်တယ်လေ”
“ဂရုတစိုက်မကိုင်မှပါ”

ရှုပ်ပွနေတဲ့သူ့အခန်းထဲ ကျွန်တော် မျက်စိကစားတယ်။ “မင်း ပစ္စည်းတွေကို ဂရုတစိုက်ထားတတ်တယ်ဆိုတာ ငါ တွေ့နေရပါတယ်ကွာ”

သူ ဒေါသထွက်မသွားဘူး။ ရယ်ပဲရယ်တယ်။

သူက စာအုပ်တစ်အုပ်လှမ်းပေးတယ်။ “ဒီမှာ … ငါ အခန်းရှင်းနေတုန်း ဒီစာအုပ်ဖတ်နေလို့ရတယ်”
“ငါ ပြန်လိုက်တော့မှလားလို့ …” ကျွန်တော် စကားစကို ရပ်ထားတယ်။ ကျွန်တော့်မျက်လုံးတွေက ရှုပ်ပွနေတဲ့အခန်းထဲ ဝေ့ကြည့်တယ်။ “ဒီမှာ ကြောက်စရာကောင်းလာလို့”

သူ ပြုံးတယ်။ “မပြန်ပါနဲ့။ ငါ အခန်းရှင်းရတာ မုန်းတယ်”

“ရှင်းရမယ့်ပစ္စည်းမများရင် မုန်းချင်မှမုန်းမှာပါ”

“ဟိုဟာဒီဟာတွေနဲ့ ရှုပ်နေတာ” လို့ သူက ပြောတယ်။

ကျွန်တော် ဘာမှမပြောဖြစ်ဘူး။ ကျွန်တော့်အခန်းထဲမှာ ပစ္စည်းတွေ အများကြီးမရှိဘူး။

“မင်းရှိိနေရင် သိပ်မဆိုးလောက်ဘူး”

ကျွန်တော် ဘယ်လိုနေရမှန်းမသိဖြစ်သွားတယ်။ ဒါပေမယ့် “ကောင်းပြီလေ” လို့ ကျွန်တော် ပြောလိုက်တယ်။ “ငါ ကူရှင်းပေးရမလား”

“မလိုပါဘူး။ ဒါ ငါ့အလုပ်ပဲဟာ” သူက ကြိတ်မှိတ်သည်းခံနေရတဲ့လေသံနဲ့ ပြောတယ်။ “ငါ့အမေပြောသလိုပဲ ဒါ ငါ့တာဝန်ပဲ။ အမေက တာဝန်ယူမှုဆိုတဲ့ စကားလုံးကို အတော်သဘောကျတယ်။ အမေက အဖေ ငါ့ကို အလိုလိုက်လွန်းတယ်လို့ မြင်တယ်။ ဟုတ်တော့လည်းဟုတ်နေတာပါပဲလေ။ ဒါပေမယ့် ငါပြောချင်တာက အဖေက အတင်းတွန်းမယ့်လူစားမှမဟုတ်တာ။ ကိုယ်လက်ထပ်ယူထားတဲ့ယောကျ်ား ဘယ်လိုလူစားလဲ မသိဘူးလားကွာ”

“မင်း မင့်မိဘတွေကို အမြဲတမ်းဆန်းစစ်တတ်သလား”

“သူတို့ ငါတို့ကို ဆန်းစစ်တယ်လေကွာ၊ မဟုတ်ဘူးလား”

“အဲဒါ သူတို့အလုပ်ပဲလေ၊ ဒန်တေ”

“မင်းရော ငါ့လိုမလုပ်တာကျနေတာပဲ”

“အင်း၊ ငါလည်း သူတို့ကို ဆန်းစစ်တယ်ထင်တာပဲ။ ဒါပေမယ့် မထူးပါဘူးကွာ။ သူတို့ကို ငါ ကောင်းကောင်းမသိဘူး”

“ငါကတော့ အဖေ့အကြောင်းသိတယ်။ ဒါပေမယ့် အမေ့ကိုတော့ ကောင်းကောင်းမသိဘူး။ အမေက ဒီလောကမှာ အခက်ခဲဆုံးပဟေဠိတစ်ပုဒ်ပဲ။ ဆိုဆုံးမတဲ့နေရာမှာတော့ သိရမခက်ဘူးပေါ့။ ဒါပေမယ့် အမေက တကယ့်ကို ဂမ္ဘီရဆန်တယ်”

“ဂမ္ဘီရဆန်တယ်” အိမ်ရောက်ရင် အဘိဓာန်လှန်ရဦးမှာပဲ။

ဒန်တေက ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော့်အလှည့်ဆိုတဲ့ အကြည့်နဲ့။

“ငါကတော့ အမေ့ကို နားလည်တယ်။ ခက်တာက ငါ့အဖေ။ သူလည်း ဂမ္ဘီရဆန်တာပဲ” အဲဒီ့စကားလုံးကို သုံးလိုက်မိတာ ဖိုးတွမ်တီးလို ခံစားရတယ်။ ကျွန်တော်ဟာ တကယ်ပဲ အလိမ်အညာကောင်မို့နေမှာပေါ့။

သူက ကျွန်တော့်ကို ကဗျာစာအုပ်တစ်အုပ် ကမ်းပေးတယ်။ “ဒါ ဖတ်ကြည့်” လို့ သူက ပြောတယ်။ ကျွန်တော် ကဗျာစာအုပ်တစ်ခါမှ မဖတ်ဖူးဘူး။ ကဗျာကို ဘယ်လို ဖတ်ရမှန်းလည်း ကောင်းကောင်းမသိဘူးထင်တာပဲ။ ကျွန်တော် သူ့ကို ငေးငေးငိုင်ငိုင်ကြည့်တယ်။

“ကဗျာတွေပါကွာ။ အဆိပ်မရှိပါဘူးဟ။ ကဗျာဖတ်လို့ မသေပါဘူး” လို့ သူက ပြောတယ်။

“သေရင် ဘယ်လိုလုပ်မလဲ။ ကဗျာဖတ်ရင်း ပျင်းလွန်းလို့ သေသွားတဲ့ကောင်လေးဆိုပြီး နာမည်ကြီးနေပါဦးမယ်”

သူ မရယ်မိအောင် ကြိုးစားတယ်။ ဒါပေမယ့် သူက စိတ်ထဲရယ်ချင်နေရင် ထိန်းမထားနိုင်တဲ့ကောင်။ သူ ခေါင်းကို ခါရမ်းတယ်။ ကြမ်းပြင်ပေါ်က အဝတ်တွေကို ကောက်တယ်။

သူက ထိုင်ခုံကို လက်ညှိုးထိုးပြတယ်။ “အဲ့ပေါ်ကဟာတွေ ကြမ်းပြင်ပေါ်ချပြီး ထိုင်လိုက်”
ကျွန်တော် ပန်းချီစာအုပ်အထပ်လိုက်နဲ့ ပုံဆွဲစာအုပ်တစ်အုပ်ကို ကောက်ယူပြီး ကြမ်းပြင်ပေါ်ချတယ်။ “ဒါ ဘာကြီးလဲ”

“ပုံဆွဲစာအုပ်လေ”

“ငါ ကြည့်လို့ရလား”

သူ ခေါင်းခါပြတယ်။ “ငါ ဘယ်သူ့ကိုမှ မပြချင်ဘူး”

သူ့မှာ လျှို့ဝှက်ချက်တွေ ရှိတာပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်။

သူက ကဗျာစာအုပ်ကို လက်ညှိုးထိုးပြပြန်တယ်။ “ကဗျာဖတ်လို့ မသေပါဘူးဆို”

တစ်နေ့ခင်းလုံး ဒန်တေ အခန်းရှင်းနေခဲ့တယ်။ ကျွန်တော်ကတော့ သူပြောတဲ့ကဗျာစာအုပ်ကို ဖတ်နေခဲ့တယ်။ ကဗျာဆရာနာမည်က ဝီလျံကားလို့စ်ဝီလျံစ်တဲ့။ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ အင်း … ကျွန်တော် ဘယ်ကဗျာဆရာမှ မကြားဖူးတာပါလေ။ ကျွန်တော် တချို့ကဗျာတွေကို နားလည်တယ်။ အကုန်လုံးတော့မဟုတ်ဘူး။ ကျွန်တော် အဲဒီ့ကဗျာတွေကို သဘောမကျမဖြစ်မိဘူး။ ကိုယ့်ဖာသာတောင် အံ့သြသွားတယ်။ ကဗျာတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ အပေါစားမဆန်ဘူး၊ ပေါကြောင်ကြောင် မနိုင်ဘူး၊ စာသံပေသံလည်း အတင်းကြီးမပေါက်ဘူး။ ကျွန်တော် ထင်ထားခဲ့သလိုမဟုတ်ဘူးဆိုပါတော့။ တချို့ကဗျာတွေက ဖတ်ရလွယ်တယ်။ တချို့ကတော့ ဂမ္ဘီရဆန်တယ်။ ဂမ္ဘီရဆန်တယ် ဆိုတဲ့စကားလုံးရဲ့ဆိုလိုရင်းကို ကျွန်တော်သိတယ်လို့ တွေးနေမိပြီ။

ကဗျာတွေဟာ လူတွေနဲ့တူတယ်လို့ တွေးမိတယ်။ တချို့လူတွေကို ချက်ချင်းသိနိုင်တယ်။ တချို့တွေကိုတော့ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။

ဒန်တေ အခန်းထဲမှာ ပစ္စည်းတွေ အစီအစဉ်တကျနေရာချတတ်တာကို အထင်ကြီးသွားတယ်။ အခန်းထဲ လာစဝင်လာတုန်းက အားလုံးဖရိုဖရဲဖြစ်နေတာ။ သူ အခန်းထဲရှင်းပြီးရော အကုန် သူ့နေရာနဲ့သူ ဖြစ်သွားတယ်။

ဒန်တေရဲ့ကမ္ဘာမှာ အစီအစဉ်ကျမှုရှိတယ်။

သူ သူ့စာအုပ်တွေကို စာအုပ်စင်ပေါ်မှာ၊ စားပွဲခုံပေါ်မှာ စီတယ်။ “ငါ နောက်ဖတ်မယ့်စာအုပ်တွေကို စားပွဲခုံပေါ်တင်တာ” လို့ သူကပြောတယ်။ စားပွဲခုံ။ တကယ့်စာရေးစားပွဲခုံစစ်စစ်။ ကျွန်တော် တစ်ခုခုရေးစရာရှိရင် မီးဖိုချောင်ထဲက စားပွဲပေါ် တင်ရေးရတယ်။

သူ ကဗျာစာအုပ်ကို ကျွန်တော့်လက်ထဲက ဆွဲယူပြီး ကဗျာတစ်ပုဒ်ကို လိုက်ရှာတယ်။ ခေါင်းစဉ်က သေခြင်းတရား တဲ့။ သန့်ရှင်းသပ်ရပ်သွားတဲ့အခန်းထဲမှာ နေရောင်က အနောက်ဖက်ကနေ တိုးဝင်လာပြီး သူ့မျက်နှာပေါ် လာရိုက်ခတ်တယ်။ အဲဒီ့နောက် သူ့လက်ထဲက စာအုပ်ပေါ်။ စာအုပ်ဟာ သူ့လက်ထဲမှာ အကိုင်ခံရဖို့ ဖြစ်တည်လာခဲ့သလိုမျိုး လိုက်ဖက်လွန်းနေတယ်။ ကျွန်တော် သူ ကဗျာရွတ်သံကို သဘောကျတယ်။ သူရွတ်နေပုံက သူရေးထားတဲ့ကဗျာ သူပြန်ရွတ်နေတဲ့အတိုင်းပဲ။

သူ သေဆုံးသွားခဲ့ပြီ

အာလူးတွေ အေးခဲမသွားဖို့

ခွေးကလေး ရင်ငွေ့ပေး အိပ်စက်စရာ မလိုအပ်တော့

သူ သေဆုံးသွားခဲ့ပြီ

ခွေးမသားကြီး

ဒန်တေ “ခွေးမသား” ဆိုတဲ့စကားလုံးကို ရွတ်တော့ သူပြုံးတယ်။ သူ အဲဒါကို ရွတ်ရတာ ဘာကြောင့်ကြိုက်မှန်း ကျွန်တော်သိတယ်။ သူ အိမ်မှာ သုံးခွင့်မရတဲ့၊ တားမြစ်ထားခဲ့ စကားလုံးဖြစ်နေလို့ပေါ့။ ဒါပေမယ့် သူ့အခန်းထဲမှာတော့ သူ အဲဒါကို စိတ်တိုင်းကျရွတ်နိုင်တယ်။

တစ်နေ့ခင်းလုံး ကျွန်တော် ဒန်တေ့အခန်းထဲက ဇိမ်ကျတဲ့ကုလားထိုင်ပေါ် ထိုင်ခဲ့တယ်။ သူက သူ့အိပ်ရာအသစ်ပေါ် လှဲတယ်။ ပြီးတော့ သူ ကဗျာတွေရွတ်တယ်။

ကျွန်တော် ကဗျာတွေကို နားလည်မလည် စိတ်မပူဘူး။ ဘာကိုဆိုလိုသလဲလည်း ဂရုမထားဘူး။ ဘာလို့လဲဆိုတော့ ခုအရေးကြီးတာ ဒန်တေ့အသံက ဟန်ဆောင်မှုကင်းနေလို့ပဲ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း အစစ်အမှန်လောကတစ်ခုလို ခံစားရတယ်။ ဒန်တေနဲ့ မတွေ့ခင်က ကျွန်တော့်အဖို့ တခြားသူတွေနဲ့ အတူရှိရတာက အခက်ခဲဆုံးကိစ္စတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒန်တေ့အတွက် စကားပြောရတာ၊ အတူရှိနေရတာ၊ ခံစားရတာ အားလုံးက သဘာဝကျကျလုပ်သွားသလိုပဲ။ ကျွန်တော့်ဘက်မှာတော့ အဲဒီ့လိုမဟုတ်ဘူး။ ကျွန်တော့်အဖို့ တခြားသူတွေနဲ့ အတူရှိရတာဟာ အခက်ခဲဆုံးအလုပ်ဖြစ်ခဲ့တယ်။ ဒန်တေနဲ့ မတွေ့ခင်အထိပေါ့။

ကျွန်တော်အိမ်ရောက်တော့ “ဂမ္ဘီရဆန်တယ်” ဆိုတဲ့ စကားလုံးကို ရှာကြည့်တယ်။ သိရခက်တယ်လို့ ဆိုလိုတာတဲ့။ ကျွန်တော့်နေ့စဉ်မှတ်တမ်းထဲမှာ ကြောင်းတူသံကွဲစကားလုံးတွေကို ရေးချတယ်။ “ကွယ်ဝှက်တယ်” “နက်နဲတယ်” “နားလည်ရခက်တယ်” “သိရခက်တယ်”

အဲဒီ့နေ့လယ်က ကျွန်တော် စကားလုံးအသစ်နှစ်လုံးကို သိသွားတယ်။ “ဂမ္ဘီရဆန်တယ်” ရယ်။ ပြီးတော့ “မိတ်ဆွေ” ဆိုတဲ့စကားလုံးရယ်။

စကားလုံးတွေဟာ ကိုယ့်အတွင်းသားထဲရောက်သွားရင် တမူပြောင်းလဲသွားတယ်။

အခန်း ( ၂ ) ဆက်ရန်... 
Benjamin Alire Sáenz ရေးသားသော မူရင်းဝတ္ထု Aristotle and Dante Discover the Secrets of the Universe မှ နေသန် မြန်မာဘာသာသို့ ပြန်ဆိုသည်။


0 comments

'နှလုံးခုန်သံတစ်ချက်' - စိတ်နှလုံးကြည်နူးဖွယ် လူငယ်အချစ် ရုပ်ပုံဇာတ်လမ်းတို



'နှလုံးခုန်သံတစ်ချက်'လို့အမည်ရတဲ့ ကောင်လေးနှစ်ယောက်ကြားရင်ခုံမှုလေးကို ဖော်ကျူးထားတဲ့ ရုပ်ပုံဇာတ်လမ်းတိုလေးဟာ အင်တာနက်မှာလူတိုင်းရဲ့ စိတ်နှလုံးကို ကြည်နှုးသွားစေပါတယ်။ ဇာတ်လမ်း (animation) ဆွဲသူ Beth David နဲ့ Esteban Bravo ကတော့ လူငယ်တိုင်းအား မေတ္တာနှင့် ထွေးပိုက်လက်ခံခြင်းဆိုတဲ့အကြောင်းကို မြင်စေချင်တာမို့  လိင်တူချစ်သူမေတ္တာဇာတ်လမ်းတစ်ခုကိုရေးဆွဲဖို့ အရေးကြီးလှတယ်လို့ ပြောပါတယ်။ အထူးမိမိကိုယ်ကို လိင်တူချစ်သူတစ်ဦးဖြစ်ခြင်းအပေါ်  လက်ခံပေးရန်ခက်ခဲပြီး အခြားတစ်ယောက်ကို ချစ်ရမှာကို မဝံရဲတဲ့ လိင်တူချစ်သူလူငယ်များကို မေတ္တာနှင့် လက်ခံမှုဟာ အရေးကြီးကြောင်း သဘောပေါက်စေချင်တာပါ။



ရှပ်ရှင်ပွဲတော်အများအပြားက သက်ဝင်တဲ့ဇာတ်ကောင်းလေးနဲ့ ကြည်နူးစရာ နောက်ခံသီချင်းလေးပါတဲ့ ဒီဇာတ်လမ်းလေးကို ချီးကျူး ထောမနာပြုခဲ့ကြပါတယ်။ ကဲ ၄ မိနစ်သာသာပဲရှိတာမို့ ဇာတ်လမ်းလေးကို အောက်မှာကြည့်ကြည့်လို့ရပါတယ်။


0 comments

Best of LGBT Artists in 2016


၂၀၁၆ ကုန်သွားခဲ့ပါပြီ။ ဒီနှစ်ထဲမှာ ဆက်လက်၍ ကမ္ဘာအရပ်ရပ်ရှိ အနုပညာ အသိုင်းအဝန်းမှ လိင်တူချစ်သူ အဆိုတော်များဟာ ပွင့်ပွင့်လင်းလင်း မိမိကိုယ်ရည် အနုပညာအစွမ်းအား ကမ္ဘာကို ဂုဏ်ယူစွာနှင့် ပြသနိုင်ခဲ့ကြသလို အနုပညာကိုသုံးကာ လိင်တူချစ်သူ အခွင့်အရေးနှင့် တန်းတူညီမျှရေးကို ဆက်လက်ကာ တတပ်တအား တိုက်ပွဲဝင်ပေးနိုင်ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ သီချင်းချစ်သူများအတွက် သီချင်းကောင်းများ နားထောင်နိုင်စေရန်နှင့် ပွင့်လင်းစွာပြောသော လိင်တူချစ်သူအဆိုတော် အနုပညာရှင်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကမ္ဘာအရပ်ရပ်မှ အကောင်းဆုံး သီချင်း အပုဒ် (၃၀) ကို စုစည်းပေးလိုက်ပါသည်။ သောတရှင်များ ပျော်ရွင်ကြည်နှုးနိုင်ကြပါစေ။

30. Harel Skaat - את לי הכל (at li hakol) (For me you are everything) (ISRAEL)

Harel Skaat ဟာ ၂၀၁၀ တုန်းက Milim ဆိုတဲ့ သီချင်းနဲ့ Eurovision သီချင်းဆိုပြိုင်ပွဲကနေစပြီး ဥရောပမှာ လူသိများလာတဲ့ အစ္စရေး အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အစ္စရေးသူ့နိုင်ငံမှာတော့ သူဟာ လေးနက်တဲ့ အချစ်သီချင်းအေးအေးလေးတွေဆိုပြီး ပရိသတ်အသည်းစွဲအဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂေးအဆိုတော် Harel Skaat ဟာ ၂၀၁၆ ခုနှစ်မှာ At Li Hakol ဆိုတဲ့ ဇာတ်ဝင်သီချင်းကို ထုတ်ဝေထားပါတယ်။

29. Bright Light Bright Light feat. Elton John - All In The Name (UNITED KINGDOM)

Bright Light Bright Light နာမည်နဲ့ ဗြိတိသျှ အဆိုတော် Rod Thomas ဟာ ၂၀၁၆ အတွင်း သူ့ရဲ့ အသစ်ထွက်တဲ့ အခွေထဲမှာ ဗြိတိသျှ ပြည်သူချစ်အဆိုတော်ကြီး Elton John နဲ့တွဲဖက်ကာ All In The Name ဆိုတဲ့ သီချင်းကို ထုတ်ဝေထားပါတယ်။

28. Anh Tú - Giấc Mơ Không Nhoà (VIETNAM)

အဆိုတော် Anh Tú သည်ဆိုထားတဲ့ ဗီယက်နမ် ရုပ်ရှင် Thần Tiên Cũng Nỗi Điên ရဲ့ ဇာတ်ဝင်သီချင်း Giấc Mơ Không Nhoà သီချင်းဟာလည်း ၂၀၁၆ ရဲ့ လိင်တူချစ်သူအကြာင်းပါတဲ့ အဆွေးသီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

27. Toya Delazy - Nu High (SOUTH AFRICA)

တောင်အာဖရိက လိင်တူချစ်သူ အမျိုးသမီးအဆိုတော် Toya Delazy ဟာ သူ့နိုင်ငံမှာ ၂၀၁၃ ခုနှစ်က သူရဲ့ ပထမဆုံး အခွေနဲ့ ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၆ မှာလည်း ဆက်လက်ပြီး ဆန်းသစ်တဲ့သီချင်းအမျိုးအစားနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

26. "เหงา" [OST. The Rain Stories เมื่อฝนหยดลงบนหัว] (THAILAND)

လိင်တူချစ်သူလူငယ်များရဲ့  အချစ်ဇာတ်လမ်းရိုက်ထားတဲ့ တက်သစ်စ ထိုင်းဒါရိုက်တာ Nichaphoom Chaianan ရဲ့ ရုပ်ရှင် The Rain Stories မှ ၂၀၁၆ ခုနှစ်ရဲ့ ထိုင်းဇာတ်ဝင်သီချင်းကောင်းနောက်တစ်ပုဒ်ပါ။

25. A Great Big World - Won't Stop Running (UNITED STATES)

လိင်တူချစ်သူ Chad King ပါဝင်တဲ့ A Great Big World အဖွဲ့ရဲ့ ဆက်လက်ထွက်ရှိနေတဲ့ သီချင်းများထဲက ဘဝကို တိုက်ပွဲဝင်နေတဲ့သူများကို ဂုဏ်ပြုသီဆိုထားတဲ့ Won't Stop Running ဆိုတဲ့သီချင်းကို ၂၀၁၆ ရဲ့ အကောင်းဆုံး သီချင်းများထဲက တစ်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

24. Parson James - A Sinner Like You (UNITED STATES)

တက်သစ်စ အမေရိကန် လူငယ် လိင်တူချစ်သူ အဆိုတော် Parson James ဟာ ၂၀၁၆ မှာ သူ့ တကိုယ်တော် သီချင်းများကို စတင် ထုတ်ဝေခဲ့ပါတယ်။ Parson James ဟာ နော်ဝေးနိုင်ငံမှ DJ ဖြစ်သူ Kygo ရဲ့  Stole the Show ဆိုတဲ့ သီချင်းမှာ အသံပါဝင်သီဆိုခဲ့တာကြောင့် ကမ္ဘာကျော်သူတစ်ဦးဖြစ်ပါတယ်။

23. Hương Giang (Idol) - Mùa Để Yêu Thương (VIETNAM)

ဗီယက်နမ် အနုပညာရှင် Hương Giang ဟာ ၂၀၁၂ ခုနစ် က ဗီယက်နမ် Idol မှာဆုရပြီးနောက် ပြည်သူအားပေးတဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ကို ဗီယက်နမ် Idol ဝင်သူတွေထဲက အချောဆုံး အဆိုတော်တစ်ယောက်လို့ သတ်မှတ်ကြပါတယ်။ သူဟာ ငယ်ငယ်တုန်းက ယောက်ျားလေးအဖြစ်နှင့် မွေးဖွားခဲ့ပြီး နောက်ပိုင်းမှ မိန်းမအဖြစ် လိင်ပြောင်းထားတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ခပ်လန်းလန်း သီချင်းတွေ ဆိုတတ်တဲ့ Hương Giang (Idol) က ၂၀၁၆ မှာ အချစ်သီချင်းအေးအေးလေး တစ်ပုဒ်ထပ်ဆိုထားပြီး ဗီယက်နမ်မှာ လူကြိုက်များပါတယ်။

22. Steve Grand - We Are the Night (UNITED STATES)

အမေရိကန် ဂေးပရိသတ်ရဲ့ အသည်းစွဲ country သီချင်း အဆိုတော် Steve Grand ဟာ သူ့အခွေဟောင်းထဲက သီချင်း We Are the Night ကို DJ ဖြစ်သူ Dave Aude နဲ့ ပြန်လည် ဆန်းသစ်ပြီး ဗီဒီယိုသစ်ရိုက်ထားတာမှာ မြူးကြွတဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ သူ့သီချင်းက လိင်တူချစ်သူ လူငယ်တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

21. Markus Feehily - Sanctuary (IRELAND)

ကျွန်တော်တို့ ကလေးဘဝအသည်းစွဲ Westlife အဖွဲ့ရဲ့ အဖွဲ့ဝင် Markus Feehily ဟာလည်း လိင်တူချစ်သူဖြစ်တာ အားလုံးသိကြမှာပါ။ ၂၀၁၅ နဲ့ ၂၀၁၆ မှာ Markus Feehily ဟာ တစ်ကိုယ်တော်သီချင်းတွေကို ပြန်လည်ထုတ်ဝေနေပါတယ်။ ၂၀၁၆ ထဲမှာ ထွက်တဲ့ သီချင်း Sanctuary ကတော့ ယောက်ျားနှစ်ယောက်အကြား အချစ်ဇာတ်လမ်းကို နက်နက်ရှိုင်းရှိုင်းရိုက်ပြထားပါတယ်။

20. MIKA - Hurts (UNITED KINGDOM)

ပြင်သစ်-ဗြိတိသျှ အဆိုတော် MIKA က သူ့နောက်ဆုံး အခွေထဲမှ ၂၀၁၅ တစ်နှစ်လုံး သီချင်းတွေ ဆက်တိုက်ထုတ်ဝေခဲ့ပြီး ၂၀၁၆ အထိ အနောက်ဆုံးအနေနဲ့ Hurts ဆိုတဲ့ သီချင်းကို မြူးမြူးကြွကြွလေး ပြန်လည်ဆန်းသစ် သီဆိုထားပါတယ်။ ဒါ့ကြောင့် ၂၀၁၆ ရဲ့ လိင်တူချစ်သူ အနုပညာရှင်များရဲ့ သီချင်းကောင်းတစ်ပုဒ် အဖြစ်ရွေးချယ်လိုက်ပါတယ်။

19. Mary Lambert - Hang Out With You (UNITED STATES)

အမေရိကန် လိင်တူချစ်သူ မိန်းခလေး အဆိုတော် Mary Lambert က ကမ္ဘာကျော် Hip-Hop သီချင်း Same Love မှာ ပါဝင်သီဆိုထားတာ ကြားဖူးကြမှာပါ။ သူတကိုယ်သီချင်းတွေ စထုတ်ဝေထားတော့လဲ အမေရိကန် LGBT ပရိသတ်ရဲ့ ကျေနပ်အားရမှုကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် သူရဲ့ ကြည်နူးစရာ Hang Out With You ဆိုတဲ့ သီချင်းကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။

18. Adam Lambert - Welcome to the Show (UNITED STATES)

မြန်မာပရိသတ်အားလုံး ကြိုက်တဲ့ Adam Lambert ရဲ့  ၂၀၁၆ နှစ်မှာထွက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Welcome to the Show ဆိုတဲ့ သီချင်းကိုလည်း ရွေးချယ်ထားပါတယ်။

17. Eli Lieb & Steve Grand - Look Away (UNITED STATES)

အမေရိကန်ရဲ့ လိင်တူချစ်သူ ပရိသတ်တိုင်း တောင့်တတဲ့ ဂေးအဆိုတော်နှစ်ဦး Eli Lieb နဲ့ Steve Grand ပေါင်းပြီ စုံတွဲသီချင်းဆိုလိုက်တာ သူတို့ရဲ့ ပရိသတ်တွေ အတော်ကို ရင်ခုန်ခဲ့ရပါတယ်။ ဒါ့ကြောင့်သူတို့ရဲ့ စုံတွဲသီချင်းဟာ ၂၀၁၆ ရဲ့ အမှတ်ရစရာ အနုပညာဖန်တီးမှု တစ်ခုပါပဲ။

16. Lyon Hart - Falling for You (UNITED STATES)

နယူးယောက် အခြေစိုက် တပိုင်တနိုင် အဆိုတော် Lyon Hart ဟာ သူဆန်းဆန်းပြားပြားရိုက်ကူးတဲ့ ဗီဒီယိုထဲမှာ ဘဲလေးအက ကသူ ယောက်ျားနှစ်ယောက်ရဲ့  အချစ်ပုံပြင်ကို ရင်ခုန်ဖွယ်ရာရိုက်ပြထားရာ ၂၀၁၆ မှာ လိင်တူချစ်သူများ ကြိုက်နှစ်သက်နေတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

15. Rayvon Owen - Can't Fight It (UNITED STATES)

အမေရိကန် Idol ရဲ့  စတုတ္ထဆုရ အဆိုတော်သစ် Rayvon Owen ရဲ့ ပွဲဦးထွက်သီချင်း Can't Fight It ဟာ ၂၀၁၆ ခုနှစ်ထဲမှ အဆိုတော်သစ်တွေရဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းဗီဒီယိုထဲမှာ အချစ်ဇာတ်လမ်းတစ်ခုနဲ့ သူဟာ လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်ပြောပြထားပါတယ်။

14. Jess Glynne - Ain't Got Far To Go (UNITED KINGDOM)

ဗြိတိသျှ လိင်တူချစ်သူအမျိုးသမီ အဆိုတော် Jess Glynne က Rather Be သီချင်းနဲ့ ကမ္ဘာကျော်လာပြီးနောက်မှာ တစ်ကိုယ်တော် သီချင်းတွေ ဆက်လက်ထုတ်ဝေလျှက်ရှိပြီး ၂၀၁၆ မှာလဲ Ain't Got Far To Go သီချင်းက သီချင်းကောင်းတစ်ပုဒ်ပါ။

13. 6 Pack Band - Ae Raju (INDIA)

၂၀၁၆ ခုနှစ်ထဲမှာ အိန္ဒိယ ပရိသတ်တွေကို သီချင်းကောင်းအများကြီး ယူဆောင်လာပေးခဲ့တဲ့ တတိယလိင် Hijra (ဟီဂျရာ) အဆိုတော် ၆ ဦးပါဝင်တဲ့ 6 Pack Band အဖွဲ့ရဲ့ သီချင်းတွေအထဲမှာ Ae Raju သီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းမှာ  Bollywood မင်းသားကြီး Hrithik Roshan ပါဝင်သီဆိုသရုပ်ဆောင် ပေးထားပါတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းရဲ့ အထောက်အပံ့နဲ့ အိန္ဒိယ LGBT အသိုင်းအဝိုင်းရဲ့  ဂုဏ်ဆောင်အဖွဲ့ 6 Pack Band လို အဆိုတော်မျိုးဟာ အခြားအဆိုတော်ကြီးတွေလို စီးပွားဖြစ် ဖြန့်ချီတာမျိုးကို မပြုလုပ်နိုင်ပဲ တစ်ပိုင်တစ်နိုင် အနုပညာပြုလုပ်တာတောင် သူတို့ရဲ့ သီချင်းဟာ Youtube မှာ ကြည့်ရှုကြိမ် ၁ သန်းကျော်ရရှိခဲ့ပါတယ်။

12. Tegan and Sara - Boyfriend (CANADA)

အမွာနှစ်ယောက်ပါဝင်တဲ့ ကနေဒါက အဖွဲ့ Tegan and Sara ဟာ ၂၀၁၆ ခုနှစ်အထိ အခွေ ၈ ခွေထုတ်ဝေပြီးပြီ ဖြစ်ပါတယ်။ ညီအမနှစ်ယောက်လုံး လိင်တူချစ်သူများဖြစ်တဲ့ Tegan and Sara အဖွဲ့ဟာ သူတို့ရဲ့ ခပ်ဆန်းဆန်း ခပ်ငြိမ့်ငြိမ့် သီချင်းတွေနဲ့ လိင်တူချစ်သူ ဂီတပရိသတ်များရဲ့ အားပေးမှုကို ဆက်လက်ပြီး ရယူနေဆဲပါပဲ။ ၂၀၁၆ ခုနှစ်မှာသူတို့ ဟာ ယူကေ၊ ဟောင်ကောင်၊ ထိုင်ဝမ် အပါအဝင် နိုင်ငံအတော်များမှာ လှည့်လည်ပြီး ဂီတပွဲများ သီဆိုခဲ့ကြသလို ကမ္ဘာကျော် Electronic သီချင်းဖန်တီးသူများနှင့်လည်း ပူးပေါင်း သီဆိုခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ လိင်တူချစ်သူ အခွင့်အရေးအတွက် ရှေ့တန်းမှ ပါဝင်လှုပ်ရှားနေတဲ့ အဆိုတော်များလည်း ဖြစ်ကြပါတယ်။ သူတို့ရဲ့သီချင်း Boyfriend ဟာ ၂၀၁၆ မှာ လိင်တူချစ်သူ ဂီတပရိသတ်များရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

11. Wrabel - 11 Blocks (UNITED STATES)

အမေရိကန် တက်သစ်စ အဆိုတော် Wrabel ဟာ တပိုင်တနိုင် သီချင်းရေးသီဆိုကာ ၂၀၁၆ မှာ သူ့ရဲ့ ပွဲဦးထွက် တကိုယ်တော်သီချင်း 11 Blocks ကိုထုတ်ဝေခဲ့ပါတယ်။ မဂ္ဂဇင်းကြီးတွေက သူ့ကို ချီးကျူးသုံးသပ်ချက်တွေပေးကာ တက်သစ်စ အကောင်းဆုံးအဆိုတော်တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ သူ့ရဲ့ လေးနက်စူးရှတဲ့အသံနဲ့ DJ Afrojack ရဲ့ Ten Feet Tall သီချင်းမှာ အသံပါဝင်သီဆိုပေးခဲ့ပြီး သူဟာ ကမ္ဘာကျော်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုလင်မဂ္ဂဇင်းကလည်း ၂၀၁၆ ရဲ့ အကောင်းဆုံး သီချင်းတွေမှာ လိင်တူချစ်သူအဆိုတော်သစ် Wrabel ရဲ့ သီချင်းကို ဂုဏ်ပြုထည့်သွင်းလိုက်ပါတယ်။

10. Shura - What's It Gonna Be? (UNITED KINGDOM)

ဗြိတိသျှ အဆိုအတော်သစ် လိင်တူချစ်သူ မိန်းခလေးအဆိုတော် Shura က ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ အနုပညာစွမ်းရည်ကို စတင်ထုတ်ဖော်ပြသလိုက်ပါတယ်။ Electropop သီချင်းအမျိုးအစားဟာ ဗြိတိသျှမှာ ရေပန်းစားလာတဲ့အလျှောက် Shura ရဲ့သီချင်းတွေကတော့ တမူထူးခြားပြီး လူစိတ်ဝင်စားမှုရစေတဲ့အပြင် သူဟာ အနုပညာကိုသုံးကာ လိင်တူချစ်သူများအပေါ် အမြင်စောင်းခြင်းကို တိုက်ဖျက်မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကြည်နူးစရာ What's It Gonna Be ဆိုတဲ့သီချင်းကို ၂၀၁၆ ရဲ့ အတက်သစ်စ အဆိုတော်များထဲက သီချင်းကောင်းတစ်ပုဒ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

9. Years & Years ft. Tove Lo - Desire (UK - SWEDEN)

Years & Years အဖွဲ့ခေါင်းဆောင် Olly Alexander ဟာ ၂၀၁၅ ခုနှစ်မှာ လိင်တူချစ်သူ အသိုင်းအဝိုင်း နှင့် မီဒီယာ တို့ရဲ့ စိတ်အဝင်စားဆုံး သူတစ်ဦးဖြစ်ခဲ့ပြီး သူတို့အဖွဲ့ရဲ့ သီချင်းတွေဟာ အောင်မြင်မှု အများကြီးရရှိခဲ့တာကို မှတ်မိမှာပါ။ ၂၀၁၆ မှာတော့ ဗြိတိသျှအဆိုတော်က ဆွီဒင်အဆိုတော် Tove Lo နဲ့ ပေါင်းပြီး သူ့ရဲ့ ၂၀၁၄ က သီချင်းဟောင်း Desire ဆိုတဲ့ သီချင်းကို ပြန်လည် သီဆိုကာ လိင်တူချစ်သူ အသိုင်းအဝန်းအတွက် ဗီဒီယိုအသစ် ထုတ်ဝေထားပါတယ်။ Years & Years အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာလည်း လူကြိုက်များတဲ့ သီချင်းတွေကို ဆက်လက်ပြီး ထုတ်ဝေနိုင်ခဲ့ပါတယ်။

8. Gun Achi (กันอชิ) - I Believe True Love Exists (เชื่อว่ารักแท้มีจริง) (THAILAND)

၂၀၁၆ ခုနှစ်ဟာ ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ လူငယ်များရဲ့ အချစ်ဇာတ်လမ်းတွဲများကို ထူးထူခြားခြား ထုတ်ဝေခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ၂၀၁၆ မှာ ထုတ်ဝေတဲ့ လူငယ်တွေရဲ့ ကျောင်းသားဘဝ အချစ်ရေးအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Make it Right (รักออกเดิน) ရုပ်သံဇာတ်လမ်းတွဲဟာ ထိုင်းပရိသတ်သာမက အရှေ့တောင်အာရှ ပရိသတ်များရဲ့ အသဲစွဲဖြစ်ရတဲ့ ဇာတ်လမ်းတွဲတစ်တွဲပါပဲ။ Gun Achi သီဆိုထားတဲ့ အဲ့ဒီဇာတ်လမ်းတွဲရဲ့ အဖွင့်ဇာတ်ဝင်သီချင်း I Believe True Love Exists (เชื่อว่ารักแท้มีจริง) ဆိုတဲ့သီချင်းဟာလည်း ထိုင်းပရိသတ်ရဲ့ အားပေးမှုနဲ့ Youtube မှာ ကြည့်ရှုကြိမ် ၂ သန်းခွဲ ရရှိခဲ့ပါတယ်။



7. Gun Achi and Amp (กันอชิ,แอมป์) - The Secret in Our Hearts (ความลับในใจ) (THAILAND)

နောက်ထပ် ၂၀၁၆ မှာ ပရိသတ်ကို အသည်းစွဲစေခဲ့တဲ့ ထိုင်းဇာတ် လူငယ်အချစ်လမ်းတွဲတစ်တွဲကတော့ SOTUS The Series (พี่ว้ากตัวร้ายกับนายปีหนึ่ง) ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကိုလည်း Gun Achi က ပဲ Amp နဲ့အတူ သီဆိုထားပါတယ်။

6. Tiziano Ferro - Potremmo Ritornare (ITALY)

Tiziano Ferro ဟာ အီတလီနိုင်ငံရဲ့ ဂုဏ်ဆောင် ထိပ်တန်းအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ်မှာ ကမ္ဘာကြီးကို သူဟာ လိင်တူချစ်သူ အဆိုတော်တစ်ဦးဖြစ်ကြောင်း ဖွင့်ဟ မပြောကြားခင်ကတည်းက အီတလီမှာ အလွန်အောင်မြင်တဲ့ နိုင်ငံအသည်းစွဲ အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ သူ့ရဲ့ နက်နဲပြီးခံစားချက်ပြင်းထန်တဲ့ အချစ်သီချင်းတွေက အီတလီ နိုင်ငံနှင့် စပိန်စကားပြောနိုင်ငံတွေမှာ အောင်မြင်မှုအကောင်းဆုံးဖြစ်ပါတယ်။ သူထုတ်သမျှ အခွေတိုင်းဟာလည်း အီတလီနိုင်ငံနှင့် လက်တင်အမေရိကမှာ ရောင်းရအကောင်းဆုံးအခွေဖြစ်နေကြမို့ ၂၀၁၆ မှာဆက်လက်ထုတ်ဝေမယ့် အခွေထဲက Potremmo Ritornare ဆိုတဲ့ ပထမဆုံးသီချင်းဟာလည်း ကြည့်ရှုကြိမ် ၁၃ သန်းရရှိပြီးပြီ ဖြစ်ပါတယ်။

5. Troye Sivan - YOUTH (AUSTRALIA)

လူငယ်အဆိုတော် Torye Sivan ရဲ့  အောင်မြင်မှုဟာ ၂၀၁၅ မှာ သူ့ရဲ့ ပထမဆုံး အခွေနဲ့ စတင်ခဲ့ပါတယ်။ လိင်တူချစ်မီဒီယာတွေ အကြိုက်ဆုံး အဆိုတော်တစ်ဦးအဖြစ် အမြဲတမ်းအရေးခံရသလို လိင်တူချစ်သူ အသိုင်းအဝိုင်းအတွက် စံပြလူငယ် ပုဂ္ဂိုတစ်ဦးလို့လည်းသူ့ကို အားလုံးက ချီးကျူးကြပါတယ်။ သူဟာ သူ့နိုင်ငံ သြစတြေးလျမှာ လိင်တူချစ်သူ အခွင့်အရေးအတွက် မီဒီယာ နှင့် အနုပညာမှတဆင့် တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ သူ့သီချင်းများဟာ လိင်တူချစ်သူများသာမက ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အားပေးမှု ရရှိပါတယ်။ ၂၀၁၆ မှာ ထွက်ရှိတဲ့ YOUTH ဆိုတဲ့သီချင်းဟာ Youtube မှာပဲ ကြည့်ရှုကြိမ် သန်း ၆၀ ကျော် ရရှိနေပါတယ်။



4. LP - Lost On You (UNITED STATES)

LP ဆိုတဲ့နာမည်နဲ့ သီချင်းဆိုတဲ့ Laura Pergolizzi ရဲ့ Lost On You ဆိုတဲ့သီချင်းဟာ ၂၀၁၆ နှစ်အောင် အအောင်မြင်ဆုံး သီချင်းများထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။ ဥရောပမှာ နိုင်ငံ ၇ နိုင်ငံ မှာ ဒီသီချင်းဟာ နံပါတ် (၁) နေရာကို ရောက်ရှိခဲ့ပြီး Youtube မှာ ကြည့်ရှုကြိမ် ၈၅ သန်းကျော်ရှိနေပါတယ်။ လိင်တူချစ်သူ အဆိုတော် Laura Pergolizziဟာ ကမ္ဘာကျော် အဆိုကြီးတွေအတွက်လည်း သီချင်းများရေးပေးခဲ့သလို သူကိုယ်တိုင်ရေးဆိုတဲ့ သီချင်းတွေကလည်း အောင်မြင်ပါတယ်။



3. Ricky Martin feat. Maluma- Vente Pa' Ca (PUERTO RICO)

လူတိုင်းသိကြတဲ့ Puerto Rico က စပိန်သီချင်းအဆိုတော် Ricky Martin ဟာ လိင်တူချစ်သူတိုင်းလိုချင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှ ပရိသတ်များအသည်းစွဲဖြစ်တဲ့ Ricky Martin ဟာ ၂၀၁၀ ခုနှစ် မှာ ဂေးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ သူထုတ်ဝေခဲ့တဲ့ Vente Pa' Ca သီချင်းဟာ လက်တင်အမေရိက နိုင်ငံများအားလုံးမှာ ဟိုးလေးတကျော်အောင်မြင်ပြီး လူတိုင်းကြိုက်တဲ့ မြူးကြွတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လေးလအတွင်းပင်ပဲ Youtube မှာ သူ့ သီချင်းဟား ကြည့်ရှုကြိမ် သန်း ၅၀၀ နီးပါး ရောက်ရှိနေပြီး ယနေ့ထက်တိုင် လူကြိုက်များတဲ့သီချင်းအဖြစ် ရပ်တည်နေပါသေးတယ်။

2. Sia - The Greatest (AUSTRALIA)

လိင်တူချစ်သူများရဲ့ ရှေ့ဆောင်ကြယ်ပွင့်တစ်ဦးဖြစ်သူ လိင်တူလိင်ကွဲနှစ်ဦးစလုံးချစ်သူ အဆိုတော် Sia  ဟာ သူ့နိုင်ငံ သြစတြေးလျမှာ လိင်တူချစ်သူများအတွက် ရှေ့ဆောင်တစ်ဦးဖြစ်သလို အနုပညာလောကမှာလည်း တစ်ကမ္ဘာလုံးကြိုက်တဲ့ အဆိုတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာ သူရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ The Greatest ကို အမေရိကန်နိုင်ငံ  Orlando ရှိ ဝမ်းနည်းစရာအကြမ်းဖက်မှုမှာ သေဆုံးသွားတဲ့ လိင်တူချစ်သူများအတွက် ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဒီသီချင်းဟာ နိုင်ငံအမြောက်အများမှာ ထိပ်တမ်းနေရာကိုလည်း ရောက်ရှိခဲ့ပါတယ်။ ဒါ့ကြောင့် Sia ရဲ့ လိင်တူချစ်သူများအတွက် ဂုဏ်ပြုသီချင်း The Greatest ကို ၂၀၁၆ ရဲ့ အကောင်းဆုံးသီချင်း နံပါတ်၂ နေရာမှာ ရွေးချယ်ပေးလိုက်ပါတယ်။

1. 6 Pack Band feat. Sonu Nigam - Sab Rab De Bande (INDIA)

အိန္ဒိယရဲ့ ပထမဆုံး ကျားမပြောင်းသူ အမျိုးသမီး ၆ ဦးနှင့် ဖွဲ့စည်းထားတဲ့ 6 Pack Band အဖွဲ့ဟာ LGBT အသိုင်းအဝိုင်းအတွက်ဂုဏ်ယူစရာ စံပြပုဂ္ဂိုလ်များအဖြစ် ပေါ်ထွက်လာရုံသာမက ၂၀၁၆ ခုနှစ်ကို လုပအောင်ရောင်စုံချယ်သပေးခဲ့တဲ့ အနုပညာဖန်းတီးသူများဖြစ်ပါတယ်။ တတိယလိင် သို့မဟုတ် hijra (ဟီဂျရာ) လို့ခေါ်တဲ့ ကျားမပြောင်းသူများဟာ အိန္ဒိယမှာ ခန့်မှန်းချေ ၁.၉ သန်းရှိပါတယ်။ သူတို့ဟာ လူ့အသိုင်းအဝန်းမှ ရိုင်းဆိုင်းစွာဆက်ဆံခြင်း၊ ကျဥ်ပယ်ခြင်း၊ နှိမ့်ချခြင်း၊ အမြင်စောင်းခြင်း နဲ့ မလိုမုန်းထားခြင်းတို့ကို နေ့စဥ်ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ သူတို့အသိုင်းအဝိုင်းထဲက အနုပညာပါရမီရှင် ၆ ဦးဟာ 6 Pack Bandကို ဖွဲ့စည်းပြီး ရှေ့တန်းထွက်ကာ လူတိုင်းရဲ့ လေးစားမှုနှင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ရယူဆွတ်ခူပေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အဖွဲ့ဟာ ကျားမပြောင်းသူ အသိုင်းအဝန်းတစ်ခုတည်းအတွက် လှုပ်ရှားနေသူတွေမဟုတ်ပါဘူး။ အိန္ဒိယရဲ့  ဖိနှိပ်ခဲ့ရသူ၊ အနိုင်ကျင့်ခံရသူ၊ ခွဲခြားဆက်ခံရသူတိုင်းအတွက် ကိုယ်စားပြုတိုက်ပွဲဝင်ပေးနေပြီး လူသားတိုင်း ခင်မင်ရင်းနှီးမှု နှင့် လက်ခံမှုကို ရရှိရေးကို တောင်းဆိုပေးနေသူများဖြစ်ပါတယ်။


သူတို့အဖွဲ့ရဲ့ အကြောင်းကို ၂၀၁၆ နှစ်ဦးပိုင်းမှာ စတင်ထွက်ရှိခဲ့တဲ့ Pharrell Williams ရဲ့ Happy ကို ပြန်လည်ဆန်းသစ်ထားတဲ့ သီချင်းအကြောင်းနဲ့ ပက်သက်ပြီး လုလင်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးပါတယ်။ သူတို့ရဲ့ ပထမဆုံး Hum Hain Happy သီချင်းဟာ စထွက်ထွက်ချင်း ရက်အနည်းငယ်ထဲမှာပဲ ကြည့်ရှုကြိမ် ၁.၅ သန်းကျော်သွားပါတယ်။ အဲ့ဒီနောက် ၂၀၁၆ တနှစ်ပတ်လုံး သူတို့ဟာ အိန္ဒိယတနိုင်ငံလုံးကို သူတို့ရဲ့ အနုပညာနဲ့ ကောင်းမွန်စွာကိုယ်စားပြုသူ စံပြပုဂ္ဂိုလ်များအနေနှင့် ဆက်လက်အကျိုးပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတလျှောက် Bollywood မှ ထိပ်တန်းအဆိုတော်ကြီးများရဲ့ ထောက်ပံ့ပါဝင်ပူးပေါင်းမှုဖြင့် Sab Rab De Bande, Hil Pori Hila, Ae Raju, Raula Paye Gaya စတဲ့ သီချင်းတွေအပါအဝင် လူကြိုက်များတဲ့ သီချင်း ၆ ပုဒ်ကို ထုတ်ဝေရိုက်ကူးခဲ့ပါတယ်။ အိန္ဒိယလူထုကို ကောင်းမွန်တဲ့အဆိုအမိန့်တွေကို ပေးစွမ်းတဲ့ သူတို့ရဲ့ အနုပညာတီထွင်ကြံဆမှုအတွက် ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာ Cannes ပွဲတော်မှ ထိပ်တန်းဆု (Cannes Grand Prix Glass Lion) ကို သူတို့ဟာ ရယူဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီမတိုင်ခင်က လူမှုရေးလှုပ်ရှားတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာ Webby Award ကိုလည်း ရရှိခဲ့ကြပါသေးတယ်။ သူတို့နိုင်ငံ အိန္ဒိယတဝန်းမှာတော့ အနုပညာပွဲတော်များကို သူတို့ တက်ရောက်ချီးမြင့်ခဲ့ကြပါတယ်။


ဒါ့ကြောင့် 6 Pack Band အဖွဲ့ရဲ့ သီချင်းတွေထဲမှ Sab Rab De Bande သီချင်းကို ၂၀၁၆ ရဲ့ အကောင်းဆုံးသီချင်းအဖြစ် ရွေးချယ်ပေးလိုက်ပြီး မြန်မာပြည်မှ လိင်တူချစ်သူ ဂီတပရိသတ်လည်း လုလင်မဂ္ဂဇင်းရွေးချယ်ထားတဲ့ နိုင်ငံတကာသီချင်းများကို ကြိုက်နှစ်လိမ့်မယ်လို့ မျှော်လင့်ရင်း လှပတဲ့ ၂၀၁၇ ကို ပိုင်နိုင်စေပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂၀၁၇ မှာလည်း ကမ္ဘာတစ်ဝှမ်းမှ လိင်တူချစ်သူ အနုပညာရှင်များဟာ သူတို့၏ အနုပညာနဲ့ ကမ္ဘာကြီးကို လှပအောင်အရောင်ချယ်ရင်း အကျိုးပြုနေကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။


0 comments

ဓာတ်ပုံဆရာ Teddy Tzeng ရဲ့ 2017 Candy Crush ဓာတ်ပုံအတွဲထဲက ရင်ခုံစရာ ထိုင်ဝမ် လုလင်ချောများ


ထိုင်ဝမ် ဓာတ်ပုံဆရာ Teddy Tzeng ဟာ လတ်တလောမှာပဲ သူ့နိုင်ငံက မော်ဒယ်ချောတွေတဲ့ ရင်ခုန်ဖွယ်ရာ အဝတ်ဗလာ ဓာတ်ပုံတွေကို ၂၀၁၇ Candy Crush ခေါင်းစဥ်နဲ့ ဓာတ်ပုံအတွဲလိုက်ရိုက်ကူးလိုက်ပါတယ်။ Candy Crush ထဲကလိုရောင်စုံဆေးရေတွေ သူတို့ခန္ဓာကိုယ်အနှံ ပတ်ဖြန်းပြီးတော့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက စွဲမက်စရာပါ။ အဲ့ဒီ ဓာတ်ပုံတွေနဲ့ ပြက္ကဒိန်လည်းဝယ်လို့ရပါတယ်။ Teddy Tzeng ရဲ့လက်ရာစွမ်းကတော့ ကမ္ဘာကို ထိုင်ဝမ်က ကောင်လေးတွေ ဘယ်လောက်လှကြောင်း ပြသလိုက်တာပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ဖြစ်တဲ့ အချိန်မှာ ကြည့်တာပိုကောင်း ပါလိမ့်မယ်။ ;)























Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ