Search

Content

Showing posts with label Relationship. Show all posts
Showing posts with label Relationship. Show all posts
0 comments

ကမ္ဘာတစ်ဝှမ်းက စိတ်ကြည်နူးဖွယ် လိင်တူချစ်သူ လက်ထပ်ဓာတ်ပုံများ

အချစ်မေတ္တာဆိုတာ အသားအရောင်၊​ လူမျိုး၊​ ဘာသာ၊​ ယဉ်ကျေးမှု၊​ ကျားမ၊​ အသက်အရွယ် တို့ကို မခွဲခြားပါဘူး။ ကျွနု်ပ်တို့အားလုံး အသဲနှလုံး၊ ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုကိုရယူလိုချင်ကြတာကြီးပါပဲ။ ကိုယ်ချစ်ရတဲ့ ဘဝလက်တွဲဖော်နဲ့ တစ်သက်သာပေါင်းသင်းဖို့ဆုံးဖြတ်လိုက်ပြီးနောက် အဲ့ဒီပျော်ရွင်ပျော်ရွှင်ဖွယ် အချိန်လေးကို ခန်းနားစွာကျင်းပပြီး ဝင့်ကြွားစွာ ကိုယ့်မိသားစုမိတ်ဆွေကိုအသိပေးတာက လက်ထက်ရခြင်းရဲ့ အကြောင်းတစ်ခုပါပဲ။ ကျနော်တို့ လိင်တူချစ်သူများဟာလည်း အားလုံးနဲ့အတူ ကိုယ့်ဘဝလက်တွဲဖော်နဲ့ အဲ့လို ကြည်နူးဖွယ်နေ့ထူးလေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ အခုစုဆောင်းပေးလိုက်တဲ့ ဓာတ်ပုံတွေကတော့ ကမ္ဘာတစ်ဝှမ်းက လိင်တူချစ်သူများ သူတို့ရဲ့ လက်ထပ်မင်္ဂလာအတွက် ရိုက်ထားတဲ့ လုပတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါတ​ယ်။​ ဝါကျွတ် ရုံးပိတ်ရက်အတွင်းလုလင်မဂ္ဂဇင်း စာဖတ်သူများလည်း စိတ်ကြည်နူးစေဖို့ရာ အပျင်းကြည့်ဖို့ စုဆောင်းဖော်ပြပေးလိုက်ပါတယ်။

























One year ago today, @johnhalbach and I said "I do" at Keys View in Joshua Tree National Park. Today, we drove out to the same spot to look out at the San Jacinto mountains and the Salton Sea, braving a rainstorm in the desert to say "I still do." I was struck by how perfect a metaphor for marriage it was, to find happiness in the midst of turmoil, to stick through adversity together, to cherish the past and look toward the future. It's a little corny, but I think it's more important than ever to appreciate these moments in the tumultuous time we are occupying in this country. I am so grateful to have found the love of my life, someone I can navigate this road with, the kindest man I know, a man that inspires me to be a better person, to treat others better, to treat myself better. I'm also grateful to our pal @cathybaroness for capturing our wedding so beautifully -- so grateful to have such great pictures to help us remember the day!
A post shared by Kit (@kitwilliamson) on


A post shared by Tal Gilboa Rabani (@talgilboa) on






A post shared by Shine Dharan (@world_of_shine) on






A post shared by Neil Thomas Douglas (@neilthomasdouglas) on


0 comments

ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ အနာဂတ်ချစ်သူကို ဘယ်လိုပိုးပန်းမလဲ


အခုခေတ်မှာ အင်တာနက်မှာ အနာဂတ်ချစ်သူကို ရှာလို့လွယ်ကူတာကြောင့် ချစ်သူရည်းစားတွေ အင်တာနက် နဲ့ ဖုန်းတွေကတဆင့် ဖူးစာဆုံသွားကြသူတွေ မနည်းပါဘူး။ အဲ့တော့ grindr တို့ Facebook တို့ ကလိုနေရာတွေကနေ ကိုယ့်အတွက် အလားအလာရှိတဲ့ သူတစ်ယောက်ကို စကားပြောနေပြီး တစ်ဦးနဲ့တစ်ဦးလည်း သဘောကျပြီး အဆင်ပြေနေပြီဆိုရင် အပြင်မှာ စတွေ့ကြဖို့ ပြောဆိုကြပါတော့မယ်။ အကယ်၍ ကိုယ်က သူ့ကို တစ်ညတာတွေ့ဖို့သက်သက်သာ မဟုတ်ပဲ အမှန်တကယ်ရေရှည်လက်တွဲဖို့ စဉ်းစားကြတယ်ဆိုရင် စတွေ့တဲ့အချိန်ကနေစပြီး အဆုံးထိ တည်တံ့သွားနိုင်အောင် ပထမစချိန်းတွေ့တဲ့နေ့မှာ ဂရုပြုရပါမယ်။ ဒါမှသာ သူကနောက်တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ တွေ့ချင်ကြမှာပေါ့။

အဲ့တော့ စတွေ့တော့မယ်ဆိုရင် ပထမ မတွေ့ခင် ဘာတွေပြင်ဆင်ရမလဲဆိုတဲ့အချက်တွေကို စိတ်ထဲမှာထားရမယ်။ ပြီးရင် တွေ့တဲ့အခါ ဘာအကြောင်းအပြောရမလဲပေါ့။

ပြီးတော့ တွေ့တဲ့အခါ ရှောင်ရမယ့်အချက်တွေကိုလည်း သိထားဖို့လိုမယ်။ ပြီးတော့ ဘယ်သူမှ ပြောနိုင်တာမဟုတ်ဘူးလေ ကိုယ့်လုံခြုံရေးကိုလည်း စဥ်းစားဖို့လိုမယ်။ အဲ့ဒါတွေပြီးသွားပြီဆိုရင်မှ ချစ်သူဖြစ်လာမယ့်သူကို ဘယ်လိုပိုးပမ်းရမလဲပေါ့။ လူတစ်ဦးနဲ့တစ်ဦး မတူကြတာကြောင့် ပုံသေပြောလို့မရတာ အသေအချာဆိုပေမယ့် အောက်ကအချက်လေးတွေက အားလုံးနဲ့ အကျုံးဝင်ပါတယ်။

၁) ချိန်းတွေ့ခါနီး မတိုင်ခင်အချိန်ကို အလေးထားပါ။
ဆိုလိုချင်တာက ကိုယ် သူနဲ့ ချိန်းတွေ့ဖို့ကတိပေးပြီးပြီဆိုရင် ပထမဆုံးချိန်တွေ့မယ့်နေ့ကို အလေးထားပါ။ မတွေ့ခင် တွေ့ခါနီး အဆက်အသွယ်မပျက်ပါစေနဲ့။ ရောက်မယ့်အချိန်၊ လာနေကြောင်းစသဖြင့် ပြောခြင်းဖြင့် သင်ဟာ သူ့ကို အလေးထားကြောင်းပြပါတယ်။ တချိန်လုံးလည်း အများကြီး ပြောစရာမလိုပါဘူး။ လိုသလောက်ပြောခြင်းဖြင့် သူနဲ့ အဆက်သွယ်ဖို့ အလေးထားတယ်ဆိုတာကို ပြပါတယ်။ နောက်ပြီး နောက်ကျလျှင် မည်မျှနောက်ကျမယ် စသဖြင့် အချိန်ကိုအတိအကျ ပြောခြင်းအားဖြင့်လည်း သူ့ကို လေးစားကြောင်းပြပါတယ်။

တွေ့ဖို့ကတိပေးပြီးရင် မဖျက်ပါနှင့် ဒါမှသို့မဟုတ် မပြောင်းလဲပါနဲ့။ ဘာလို့လဲဆိုတော့ အစီအစဥ်ကို တခြားကိစ္စတစ်ခုခုကြောင့် ဖျက်ဖြစ်တယ်ဆိုတာဟာ သူ့ကို တခြားကိစ္စတွေလောက် အစကတည်းက အလေးမထားဘူးဆိုတာကို ပြတာမျိုးလဲဖြစ်ပါတယ်။ ဒါကြောင့် ကတိတည်ဖို့လည်း အရေးကြီးပါတယ်။

၂) နေ့လည်ပိုင်းချိန်းမလား ညနေပိုင်းချိန်းမလား။
နှစ်ယောက်လုံးအားလပ်ရက်ဆိုရင် နေ့လည်စာအတူတူစားဖို့ စတွေ့ကြပြီးတော့ တနေ့တာအတူတူလျှောက်လည်ဖို့ အချိန်ရတာမို့ တစ်ယောက်နဲ့တစ်ယောက်ကောင်းကောင်း သိကျွမ်းဖို့ အခွင့်အရေးရပါတယ်။ ဒါမှမဟုတ်ပဲ ညနေဘက်ချိန်းပြီး ညစာအတူတူစားတာမျိုးကျတော့ ပိုပြီး တရင်းတနှီးပုံစံမျိုးနဲ့ဖြစ်ပြီး တွေ့တဲ့နေ့မှာပဲ တညတာ အတူတူကုန်ဆုံးဖို့ အစီအစဉ်ရှိတဲ့ သဘောမျိုးလည်း ကျရောက်ပါတယ်။ ဒီအချက်တွေက အားလုံးအတွက် ဒီလိုပုံစံမျိုးလာမယ်လို့ ပုံသေ သတ်မှတ်လို့မရပေမယ့် အချင်းချင်း ဘာလုပ်ချင်တယ်ဆိုတာကို အစကတည်းက အချက်ပြထားတော့ ချိန်းတွေ့တဲ့ နေ့က ပိုပျော်ဖို့အကောင်းတာပေ့ါ။

၃) သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားပါ။
ချိန်းတွေ့တဲ့အခါတိုင်း အကောင်းစားအင်္ကျီတွေ၊ ဖိနပ်တွေ၊ မျက်မှန်တွေနဲ့ အထင်ကြီးအောင် ဝတ်ဆင်သွားဖို့ ကို ဆိုလိုတာမဟုတ်ပါဘူး။ အနာဂတ်မှာ ချစ်သူဖြစ်လာမည့်သူနဲ့တွေ့ဖို့ အလေးထားပြီး သေသေချာချာ ပြင်ဆင်လာတာကို သပ်ရပ်သန့်ရှင်းတဲ့ အဝတ်အစားနဲ့ သေချာဖီးလိမ်းလာတယ်ဆိုတာနဲ့ ပြသခြင်း ဖြစ်ပါတယ်။

၄) အာရုံစိုက်ပေးပါ။
ချစ်သူလေးနဲ့ တွေ့နေတဲ့အခါ တွေ့နေတဲ့အချိန်ကို အလေးထားကြောင်း အာရုံစိုက်ကြောင်းပြဖို့ အရေးကြီးပါတယ်။ ပြန်ချင်သလိုလို၊ အလုပ်များနေသလို၊ တခြားသူတွေနဲ့ တခြားကိစ္စတွေရှိသလို၊ သူငယ်ချင်းတွေနဲ့ လုပ်စရာရှိနေသလိုလို၊ မိသားစုပြသနာ ရှင်းချင်သလို စသဖြင့် သူနဲ့တွေ့နေတဲ့ အချိန်ထဲ စိတ်မရောက်ပဲနေတာက အတော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲ့လိုမလုပ်ပဲ သူပြောတာကို တလေးတစားနားထောင်ပေးတာက ယုံကြည်မှုရစေပြီး နောက်ပိုင်းလာမည့် အချိန်တွေကို ဆက်လက်လျှောက်လှမ်းလိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။

၅) ပွင့်လင်းပါ။
အနာဂတ်ချစ်သူကို ကိုယ်တကယ်မဟုတ်တဲ့ အကြောင်းတွေနဲ့ အထင်အမြင်မှားအောင် လျှောက်ပြောမယ့်အစား ကိုယ့်တကယ့်အကြောင်းကို ပွင့်ပွင့်လင်းပြောပါက ကောင်းပါမယ်။ ကိုယ့်မှာရှိသမျှ ပြသနာတွေကို ကြောက်သွားအောင် ချပြခိုင်းတာ မဟုတ်ဘူးနော်။ အထင်ကြီးအောင် လိမ်ညာပြောတာတွေက နောက်ပိုင်းမှာတကယ်မဟုတ်လို့ စိတ်ပျက်ကုန်တာတွေ ဖြစ်စေပါတယ်။

၆) သူစိတ်ဝင်စားတဲ့ အကြောင်းတွေကို မေးပါ နားထောင်ပေးပါ။ 
ကိုယ့်အကြောင်းကြီးပဲ ထိုင်ပြောမနေပါနဲ့။ သူ့ကို ပြောဆိုလာနိုင်အောင် လမ်းခင်းပေးပါ။ ချစ်သူက ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို စိတ်ဝင်တစားနားထောင်နေတာလောက် ပျော်ဖို့ကောင်းတာ မရှိပါဘူး။

၇) သူ့ကို သိမ့်သိမ့်မွေ့မွေ့ ချီးကျူးပေးပါ။ 
နေရခက်အောင် သိသိသာသာကြီး မြောက်ပင့်ပြောတာထက် သူ့ရဲ့ထူးခြားတဲ့ အချက်တွေကို ချီးကျူးတာက စိတ်ရင်းအမှန်ကို ပြပါတယ်။ ပြီးတော့ ကိုယ့်ဘက်က ဘယ်လိုကြိုက်ကြောင်း တဖက်သက်ကြီးပြောမယ့်အစား သူ့ကို ဗဟိုပြုပါ။ ဥပမာ မင်းမျက်လုံးတွေကို ကိုယ်အရမ်းကြိုက်နေပြီလို့ ပြောမယ့်အစား မင်းမျက်လုံးတွေက လှပါတယ်လို့ပြောတာက ပိုပြီးကောင်းပါမယ်။ နောက်ပြီး နှစ်ဦးနှစ်ဖက်စလုံးက မြင်မြင်ချင်းချစ်မိတဲ့အဖြစ်မျိုး မဟုတ်လျှင် ကိုယ်က ဘယ်လောက်ကြိုက်နေကြောင်း ဇွတ်မပြောပါနဲ့။ လန့်သွားစေနိုင်ပါတယ်။ သူ့ကို တဖြည်းဖြည်းအချိန်ပေးပြီး သူတုန့်ပြန်ပုံကို အခြေခံပြီး လိုသလောက်သာပြောသင့်ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦးမတူတာမို့ ဒီအချက်တွေကို တသွေမသိမ်းလိုက်နာရမယ်လို့ မဆိုပေမယ့် ဒီအချက်လေးတွေက မသိမသာလေး သူ့စိတ်ကို စွဲဆောင်နိုင်မှာပါ။ ကိုယ့်ဘက်က ဆောင်ရန်ရှောင်ရန် အချက်လေးတွေနဲ့ ပြင်ဆင်လာတော့ ပုံမှန်ဖြစ်မယ့် ချိန်းတွေ့မှုလေးက ပိုပျော်စရာကောင်းတဲ့ ချိန်းတွေချိန်လေးဖြစ်သွားတာပေါ့။ ဘာပဲပြောပြော ကိုယ့်နဲ့ အနာဂတ်လက်တွဲဖော်ဖြစ်လာမယ့် ချစ်သူလေးနဲ့ ပထမဆုံး ချိန်းတွေ့တဲ့နေ့ကို ပျော်ပျော်ရွင်ရွင်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။



0 comments

ဖုန်းနဲ့ဖူးစာရှာရတဲ့ ဒို့ဂေးလူပျိုတွေရဲ့ ဘဝ


ဒါနဲ့ Valentine နေ့က ဘာလိုလိုနဲ့ နီးလာပြီဆိုတော့ သူများတွေ ချစ်သူနဲ့ ကိုယ်စီကိုယ်စီ လျောက်လည်ကြမှာဆိုတော့ ကိုယ်တွေလည်း အားကျတာပေ့ါ။ ဒီလိုနဲ့ပဲ ကိုယ့်မှာ ဒီနေ့အတွက် အဖော်ရဖို့ ကျိုးစားခဲ့ရတာလည်း ဟော... ၃၆၅ ရက် ကုန်သွားပြန်ပြီ။ ဒီနှစ်လည်း ကံမကောင်းပြန်သေး။

အဲ့ဒါနဲ့ ကိုယ့် straight သူငယ်ချင်းတွေ ပြောပြော နေကြတဲ့ လူသုံးများနေတဲ့ ဖုန်းနဲ့ အနီးအနားက ဖူးစာရှာတဲ့ tinder ဆိုလား... 
ကိုယ်တွေကပဲ အဲ့ဒါကို မသိတာ ခေတ်နောက်ကျ နေသလိုလို ဘာလိုလိုနဲ့

အစကတော့ သိပ်မယုံချင်ဘူးပေါ့လေ...

ဒါပေမဲ့လည်း ကြီးကျယ်နေတော့လည်း ဘာရမှာ မို့လို့လည်း...
လောလောဆယ် ကိုယ်တွေ ဘဝက ဒီလိုဆိုတော့

အဲ့တော့ နေပါဦး ဒီ app က ကိုယ်မကြိုက်တဲ့ သူတွေကို ဘယ်ဘက်ကိုပွတ် ကြိုက်ရင်ညာဘက် ပြီးတော့ ကိုယ်အရင် ကြိုက်မထားရင် သူတို့က ကိုယ့်ကို စကားလာပြောလို့ မရဘူး ဆိုတယ်တဲ့။ အလဲ့ တယ်ဟုတ်ပါ့လား...

ဆိုတော့လည်း ကိုယ့်ဖုန်းထဲကို ဆွဲလိုက်တာပေါ့။ ဟုတ်တယ်မလား ကိုယ့်ဘက်က ဘာနာစရာရှိလည်း...

ပထမဆုံး သင်သတိထားမိတာကတော့ တော်တော်များများက ပထမ ဓာတ်ပုံမှာ သူတို့ရဲ့ မျက်နှာမပါကြတာတွေ များတယ်...
မျက်နှာပုံများတွေ့ရမလား ဖွင့်ဖွင့်ကြည့်ရတာ စိတ်မရှေတယ်ဘူးလေ... data ဖိုးကုန်ပါတယ်ဆိုမှ ပန်းပုံတွေ ရှုခင်းပုံတွေ... လေတယ်...

 အဲ့ဒါနဲ့ တခြားပုံတွေ လိုက်ကြည့်လိုက်တော့လည်း...အင်း... သဘောပေါက်ပါတယ်။

အဲ့လိုနဲ့ ကိုယ်တွေစပြီး ဘယ်ညာ... ဘယ်ညာ... (ညာညာညာ)... ပွတ်လိုက်တယ်ပေါ့နော်။ 
ဟွင်းဟွင်း ဘာရမလဲ...

ဒါပေမဲ့ ဘယ်ဘက်ပွတ်လိုက်တာ မြန်မာပြည်မှာရှိတဲ့ ယောက်ျားလူဦးရေ ကုန်သွားသလားပဲ အောက်မေ့ရတယ်...
ဘာလိုလိုနဲ့ ၄ နာရီလောက်ကုန်သွားတာ သတိမထားမိလိုက်ဘူး

ပါးစပ်လေးတွေစူပြီး selfie ရိုက်ထားတဲ့ ငနဲတွေက ပွတ်ထုတ်လို့ကို မကုန်နိုင်...
ဒီလိုဟာတွေနဲ့ ကိုယ်တွေနဲ့ မဖြစ်သေးပါဘူး။

အဲ့လိုနဲ့ ဟဲ့ ဒါဘာဖြစ်တာတုန်း...
ဖြားဖြား...

“It doesn’t look like there’s anyone new around you.” တဲ့ ဆိုပါလား
အဲ့ဒါဆိုတာ..

ဟင်... ပွတ်စရာ ယောက်ျားတွေ ကုန်သွားပြီကိုပြောတာလား...
မဖြစ်နိုင်စရာ...

ဟင်...ကိုယ်တွေ ပွတ်လို့တောင် မဝသေးဘူး...

ဘာမှ မတတ်နိုင်တော့ဘူး...

ကိုယ်ရဲ့ ရှာပုံတော် စက်ဝန်းကြီးထပ်ချဲ့ပြီး ခပ်ဝေးဝေးက ယောက်ျားတွေကိုပါ ထပ်ရှာ...
တွေ့ပါစေ...

အဲ့လိုနဲ့ ယောက်ျားတွေ ပြန်ရောက်လာပါပြီ ခင်ဗျား...

ဤသို့နှင့် သင့်ရဲ့ ဖူးစာရှာပုံတော်ကြီး ဆက်လက် ဆောင်ရွက်နိုင်ပါပြီ။

ထိုစဉ်တွင်ပဲ...တိန်... ဟဲ့ ငြိသွားပြီတဲ့...

တွမ်ခရု မဟုတ်ရင်စိတ်မပျက်နဲ့...
ဆက်ရှာလို့။

တနေ့နေ့တော့ ဖူးစာပါတဲ့ အလှည့် ချစ်သူနဲ့ စုံစည်းရမှာမို့ ...

လောလောဆယ်တော့ ကိုယ့်ဘဝကိုပဲ ကိုယ်အချစ်ဆုံး...


ချစ်သူများနေ့မှာ ကိုယ်တွေလို တစ်ယောက်ထဲ ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲ့ ဖြစ်ဖြစ် ပျော်မယ့်သူများအတွက် အပြင်းပြေ။

စိတ်မဆိုးရဘူးနော်...

ဘဝကို ရယ်မောခြင်းဖြင့် အမောပြေနိုင်ကြပါစေ။....

0 comments

အင်တာနက် ဖူးစာရှာဖွေခြင်းနှင့် ဘေးကင်းလုံခြုံရေး

Written by Min Thuta
မင်းသုတ ရေးသားသည်။


ကျွန်တော်တို့ လိင်တူချစ်သူတွေ အနေနှင့် အခြား လိင်တူတစ်ယောက်ဟာ ကိုယ့်လိုပဲ လိင်တူချစ်သူတစ်ယောက်လား ဆိုတာကို အမြင်နှင့် မှန်အောင် မှန်းဆဖို့ဆိုတာ ခဲယဉ်းပါတယ်။ လိင်ကွဲချစ်သူလို ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားရင် ရည်စားစကား သွားပြောဖို့လောက် မမြန်နိုင်ပါဘူး။ အဲ့ဒီလို မသေချာတဲ့ အထဲမှာ စိတ်ဝင်စားသူ လိင်တူတစ်ယောက်ကို ကိုယ့်အနေနှင့် စကားသွားပြောဖို့ အခွင့်အလမ်း အမြဲမရှိနိုင်တာကြောင့် ကျွန်ုပ်တို့ အများစုမှာ ချစ်သူရည်းစားရဖို့ အတော်ကျိုးပမ်းရ၊ စောင့်ရပါတယ်။ လိင်တူချစ်သူတွေ စုဆည်းတဲ့နေရာမျိုးကို သွားမှသာ သေချာပါတယ်။ ဒါမျိုးက လိင်တူချစ်သူတိုင်းအတွက် မလွယ်လှပါဘူး။

ဒါပေမဲ့ အင်တာနက် နည်းပညာကြောင့် ကျွန်တော်တို့ရဲ့ ဘဝတွေက ဖူးစာရှာဖို့ ပိုလွယ်လာပြီလို့ ပြောလို့ရပါတယ်။ လိင်တူချစ်သူတွေသာ အသုံးအပြုတဲ့ website တွေ နှင့် ဖုန်း application တွေ အများကြီး ပေါ်နေပြီမို့ အသုံးများလာတာကို တွေ့ရပါတယ်။ အင်တာနက်ပေါ်မှာ Facebook ပဲဖြစ်ဖြစ်၊ dating websiteမှာ ပဲဖြစ်ဖြစ်၊ ဖုန်းပေါ်က ဖူးစာရှာ/အပျော်ရှာတဲ့ app ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ့်ကို လူမသိအောင် သိုသိုဝှက်ဝှက် account တစ်ခုဖွင့်ပြီး ချစ်သူ/အဖော်ရှာဖွေ နိုင်ပါတယ်။ အထူးသဖြင့် လိင်တူချစ်သူတွေမှန်း လူမသိစေလိုတဲ့ သူတွေများစုဟာ ကိုယ့်ရဲ့ ရုပ် နဲ့ နာမည်ရင်းကို ဝှက်ထားလေ့ရှိကြပါတယ်။ အဲ့ဒီအခါမှာ ကိုယ်က onlineမှာ စကားပြောနေတဲ့ သူက ဘယ်သူလဲဆိုတာ တော်တော်နဲ့ မသိနိုင်ပါဘူး။ လူချင်းမတွေ့တော့ ပြောချင်ရာ ပြောရင်လည်း လိမ်ပြောမှန်း ခွဲခြားဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ကိုယ် online မှာ ပြောနေတဲ့သူက လူကောင်းလား မသမာသူလားဆိုတာ ဘယ်လိုမှ မတွေ့မချင်း ပြောလို့မရပါဘူး။ အဓိက ကတော့ အားလုံးဟာ လူကောင်းနဲ့ ရေစက်ပါပြီး ဖူးစာဆုံဖို့ ဆိုတာ ဖြစ်ပေမဲ့၊ ကိုယ့်အတွက် မသေချာတဲ့ အခါ အမြဲ သတိထားတာ ကောင်းပါတယ်။ သူက ကိုယ့်ကို မသမာမှု ပြုချင်လို့ ချိန်းတွေ့ရအောင် ဖိတ်ခေါ်ရင် ခက်ပြီ။

အဲ့တော့ကိုယ် online မှာ အဆင်အပြေနေပြီး တစ်ခါမှ မမြင်ဖူးတဲ့ လူစိမ်းတစ်ယောက်နဲ့ နောက်ဆုံး အပြင်မှာ ချိန်းတွေ့တော့မယ်ဆိုရင် ကိုယ့်လုံခြုံရေးကိုလည်း အရေးတယူ စဉ်းစားသင့်ပါတယ်။ အဲ့တော့ နောက်တစ်ခါ တစိမ်းတစ်ယောက်ကို အင်တာနက်မှာ တွေ့ပြီးနောက် အပြင်မှာ ချိန်းတွေ့ဖို့ ဆိုကာရင် အောက်ကရိုးရှင်းတဲ့ အချက်လေးတွေကို လိုက်နာပြီး ကိုယ့်ကိုယ်ကို သတိ ဂရုပြုလို့ရပါတယ်။


- အများပြည်သူရှိတဲ့နေရများကို တွေ့ဖို့ရွေးချယ်ပါ။ ဥပမာ လူများတဲ့ လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ပန်းခြံတို့လိုမျိုးပါ။ လူပြတ်တဲ့နေရာတွေကို ဖိတ်ခေါ်တဲ့အခါ လက်မခံပါနှင့်။ ထိုသူက လူကောင်းဆိုတာ လုံးဝ အပြည့်အဝ မယုံကြည်ရဘူးဆိုရင် သူ့အိမ်၊ကိုယ့်အိမ် သွားဖို့ မစီစဉ်တာ အကောင်းဆုံးပါ။ အပြင်မှာသာ အရင်တွေ့ပါ။
- အိမ်လိပ်စာ အတိအကျ မပေးပါနဲ့။ ကိုယ့်ရဲ့ တစ်ကိုယ်ရည် အသေးစိတ်အချက်အလက်တွေ တစ်ခုမှ မပေးပါနဲ့။ အလုပ်နေရာ၊ ကျောင်းနေရာတွေလည်း မလိုအပ်ရင် မပြောပါနဲ့။ ငွေရေးကြေးရေး ကိစ္စတွေနဲ့ ဘဏ်ကိစ္စတွေ ဘာမှဆွေးဖို့ မလိုဘူးဆိုတာ ရှင်းရှင်းလေးပါ။
- ဖြစ်နိုင်မယ်ဆိုရင် သင်သွားတွေ့မယ်ဆိုတာ အချိန်နှင့် နေရာကို ရင်းနှီးသူတစ်ဦးကို ပြောထားပါ။ ဘယ်ချိန်ပြန်ရောက် မယ်ဆိုတာကိုလည်း ပြောထားပါ။ 
- ကိုယ်သွားမဲ့ နေရာ နှင့် သွားမယ့် လမ်းကြောင်းကို လေ့လာ သိရှိထားပါ။ အသွား နှင့် အပြန်ကော ကြိုတင်စီစဉ်ထားပါ။ 
- အရက် အတူ သောက်မယ်ဆိုရင် အလွန်အကျွန် မသောက်ပါနဲ့။ ကိုယ့်ရဲ့ ခွက်ကို လက်လွှတ်စပယ် မထားပါနဲ့။ ဆေးတစ်ခုခု ထည့်သွားနိုင်ပါတယ်။
- အရေးအကြောင်းအတွက် ကိုယ့်ရဲ့ ဖုန်းကို အားအပြည့်သွင်းထားပါ။ 
- တစ်ခုခု မူမှန်ဘူးလို့ သတိထားမိရန် ချက်ချန်း ချိန်းတွေ့တာကို ရပ်ပြီး ပြန်သင့်ပါတယ်။

ကဲ နောက်ဆုံးတစ်ခုကတော့ ကိုယ်က သူ့ရဲ့ နောက်ကြောင်းသမိုင်း နှင့် ကျန်းမာရေး အခြေအနေကို မသိသေးပဲနဲ့ လိင်ဆက်ဆံမယ်ဆိုရင်တော့ ကွန်ဒုံးသုံးဖို့ လုံးဝ မမေ့ပါနဲ့။ ကွန်ဒုံး မပါပဲနဲ့ ဘာမှာ လုပ်ဖို့ မရှိဆိုတာ သူ့ကို ပြောပြလိုက်ပါ။

ဒီလိုဆိုရင်တော့ ဘေးကင်းပြီး ပျော်ရွင်တဲ့ ချိန်းတွေးတဲ့ အတွေ့အကြုံလေးကို ရရှိမှာပဲ ဖြစ်ပါတယ်။

လူကောင်းတွေနှင့် တွေ့ပြီး ကိုယ်နဲ့ တကယ်ရေစက်ပါတဲ့ ဖူးစာနှင့် တွေ့နိုင်ကြပါစေ။


0 comments

ယောက်ျားချင်း ချစ်သူများ အကြားမှာသာ ရှိတဲ့ အိပ်ယာထဲက ဟာသအလွဲများ

အချစ်မေတ္တာ ဆိုတာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား၊ မ၊ ခန္ဓာ နှင့် အသက်အရွယ် မရွေးတာမို့ မည်သူမဆို ချစ်တတ်ကြတာ သဘာဝ ဆိုတာ အားလုံး သဘောတူတယ်ဟုတ်။

ဒါကြောင့် အခြားယောက်ျားတွေကိုသာ စွဲမက်တတ်တဲ့ ကျွန်တော်တို့ လိင်တူချစ်သူများအဖို့လည်း ချစ်တတ်တာ ဘာဆန်းလဲလို့။

အဲ့ဒီလို ယောက်ျားလေး ချစ်သူနှစ်ယောက် စုံဖက်တော့ ဖိုဓာတ်ချင်းတွေ့တော့ အိပ်ယာပေါ်မှာ ကစားတဲ့အခါ ဓာတ်တူချင်း ပြင်းထန်ပြီး ဒီလို အဖြစ်တွေ ရောက်ကုန်ပါရော။


အားလပ်ရက်မှာ အပြင်းပြေစေဖို့ (ဟ်ဟ်) ဒီလို ပေါက်ပေါက်ရှာရှာ တွေးကြည့်တာပါ။

ဟိတ်... သတိပေးလိုက်မယ်နော်။ ဒါက ဂေးယောက်ျားလေးတွေပဲ ဖတ်ဖို့။ ဒီစာမျက်နှာကို လမ်းမှားရောက် လာရင် အခုပြန်လှည့်တော့။

၁) သူ့ grindr/facebook ပေါ်က ဓာတ်ပုံထဲက ရုပ်နဲ့ အပြင်မှာ ဘယ်လိုမှ မတူတဲ့ အခါ။


ဟွန်း... လူလိမ်။ စိတ်တိုတယ်။ အခုလေးတင်ပဲ မျက်နှာ ခွဲစိတ်ကုသလာသလား အောင့်မေ့တယ်။

၂) အချင်းချင်း အကြင်နာပေးတာများပြီး မျက်နာတွေ နှုတ်ခမ်းမွေး လောင်ကုန်တာမျိုး။


နှစ်ယောက်လုံး နှတ်ခမ်းမွေး ပုံမှန်ရိတ်မှရမယ်၊ မဟုတ်ရင်တော့ moisturizer ကောင်းကောင်း ဝယ်လိမ်းမှပဲ ဖြစ်မယ်။

၃) တစ်ယောက်နှင့် တစ်ယောက် ဖက်ပြီး အကြင်နာပေးနေတုန်း တစ်ယောက်ဗိုက်ကို တစ်ယောက် ငယ်ပါ လာထောက်ထောက်နေတဲ့ အဖြစ်မျိုး။

အဲ့တော့လဲ မသိမသာလေး လျှိုပြီး အနေအထားမှန်အောင် သိမ်းလိုက်တာပေါ့။

၄) အကုန်လုံး အဆင်အပြေနေပြီ အိပ်ယာထဲရောက်မှ နှစ်ယောက်စလုံး top တွေ (သို့) bottom တွေဖြစ်နေ။


ဟွန်... ခက်ပြီ၊ ဘယ်လို ရှေ့ဆက်တိုးရမလဲလို့ ပြောပါဦး။

၅) သူ့ ငယ်ပါ နိုးထလို့ မရတော့တဲ့ အဖြစ်မျိုး။

တစ်ခါတစ်လေ သိပ်စိတ်လှုပ်ရှားပြီး ပူပန်တဲ့အခါ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က လူသားတွေမို့ ဒါက ဘာမှ မဆန်းပါဘူး။ သူ့ကို ဘာမှ အပြစ်တင်စရာ မလိုပါဘူး။ သင့်အပေါ်မှာသူ သိပ်စိတ်လှုပ်ရှားသွားပြီး ဖြစ်တာမို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ ပြီးတော့ သူ့ကို နှစ်သိမ့်လိုက်ပါ။ တအောင့် လောက်နားပြီးမှ ပြန်ကစားပေါ့။

၆) သင်နဲ့တွေ့ပြီး အရမ်းကို ရင်ခုန်လို့ သင်ထိလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း သူပြီးသွားတာမျိုး။

ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာ သင်ကိုယ့်သင် ဂုဏ်ယူ သင့်ပါတယ်။ သင့်ရဲ့ အလှမှာ သူမထိန်းနိုင် ဖြစ်သွားတာပါ။

၇) သူ ဘောင်းဘီချွတ်လိုက်တဲ့အချိန် သူ့အရွယ်ကြီးက ကိုယ့် အတွက် မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်လိုက်တဲ့ အချိန်။


ကဲ သင် မစမ်းရဲဖူးဆိုရင် သူ့ကို ချိုချိုသာသာ လေးသာ ငြင်းပေလော့။ သူစိတ်မဆိုးပါဘူး။

၈) သူတော့ ကွန်ဒုံး ဝယ်ထားမှာပဲလို့ ၂ ယောက်လုံး အပိုင်တွက်ထား တဲ့အခါ။

သူဝယ်မယ်ထင်လို့ ကိုယ်မဝယ်လိုက်မိဘူး။ ကဲကဲ ဘောင်းဘီပြန်ဝတ်ပြီး အနီးအနား မှာ မြန်မြန်လေး ပြေးဝယ်လိုက်။

၉) သူ အရမ်းကျပ်နေတာမျိုး။


နှစ်ယောက်လုံး အရမ်းရင်ခုန်နေပြီ၊ အဆင်သင့် လည်းဖြစ်နေပြီ။ ဒါပေမဲ့ ဘယ်လောက်ကျိုးစား ကျိုးစား သူ လက်ခံပေးဖို့ အရမ်းကျပ်နေတဲ့ အဖြစ်မျိုး။ ဒါဟာက ကမ္ဘာကြီးရဲ့ အဆုံး မဟုတ်ပါဘူး။ ဒုတိယ အကြိမ် ထပ်ကျိုးစားပေ့ါ။ ဒါမှ မဟုတ် အခြား ကစားနည်းတွေပြောင်းပြီး ဆော့ကြပေ့ါ။ ဖြစ်တတ်ပါတယ်။

၁၀) တခါတလေ သူ့ရဲ့ ရေခဲချောင်းမှာ ချော့ကလက် တပ်ပေးလိုက်တာမျိုး။


မျှော်လင့်မထား တချိန်ချိန်တော့ ဖြစ်မှာပဲ။ အဲ့တော့လဲ နှစ်ယောက်လုံး ရယ်ပြီး ဆက်လုပ်စရာ ရှိတာ ဆက်ပေ့ါ။

၁၁) ဇာတ်ရှိန်မြင့်နေတုန်း ချောဆီကုန်သွားတာ။

ငိုချင်တယ် ဇာတ်ရှိန်မြင့်နေပါပြီဆိုမှ။



၁၂) သင် ဇာတ်ရှိန်မြင့်နေတုန်း ဆီးသွားချင်လာတဲ့ အခါ။

ခက်ပြီ... ရပ်ပြီး အိမ်သာပြေးရမလား... ဆက်အောင့် ထားရမလား။

၁၃) ကွန်ဒုံးကွဲ သွားပြီဆိုတာ သတိပြုမိတဲ့ အခါ။

ဖြားဖြား ဘယ်ချိန် ကတည်း ကွဲနေတာတုန်း။

၁၄) သင် ဘယ်လိုမှ မပြီးနိုင်ပဲ ဖြစ်နေတဲ့ အခါ။


 ချစ်သူ လက်တွေလဲ ညောင်း ပါးစပ်တွေလဲ ညောင်း၊ စိတ်ရှော့ပြီး အိပ်သွားလေရဲ့။

၁၅) သူချိန်မှတ်မှားပြီး သင့်မျက်စိကို ပစ်မိတဲ့ အခါ။

သင့် မျက်လုံးတွေ ဘာကြောင့် နီနေတယ်ဆိုတာ ဘယ့်သူ့ကို မှ လိမ်လို့မရဘူးနော်။

၁၆) ပြီးသွားတဲ့နောက် အိပ်ယာခင်းတော့ ပြန်လျှော်ရဦးမယ်လို့ ဝင်လာတဲ့ အတွေး။

ဟာ... အရင်တစ်ပတ်ကမှ လျှော်ထားတဲ့ဟာကို။

၁၇) ပြီးသွားတဲ့ အခါမှ သတိပြုမိလာတဲ့ ခပ်ပြင်းပြင်းအနံ။


 သင် ဂရုမစိုက်တော့ပါဘူး။ သင် သူနဲ့အတူ အချစ်တိုက်ပွဲကို အတူတူ အောင်ပွဲဆင်လာခဲ့ပြီပဲ။ 

၁၈) နောက်ဆုံးတော့ တစ်ယောက် မျက်ဝန်းကို တစ်ယောက် အကြည့်ချင်းဆုံတဲ့ အခါ။


အချစ်ဆိုတာ ဒါတာပဲ။

ကဲပြီးရင် Buzzfeed က ပြုလုပ်ထားတဲ့ ဂေးချစ်သူနှစ် ယောက်ကြားမှာ ဖြစ်တတ်တဲ့ ဒီ ဟာသ ဗီဒီယိုကိုလည်း ကြည့်ကြည့်ပါ။


အားလုံး အဆင်ပြေချောမွေ့စွာ လက်တွဲနိုင်ကြပါစေ။ 


Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ