၁။ လူတစ်ယောက်ကို မိမိက မကောင်းပြောတော့မယ်လို့ သူများက မျော်လင့်ထားတဲ့ အချိန်မှာ ထိုသူနှင့် ပက်သက်သော ကောင်းတဲ့အချက်ကို ရှာပြောပါ။
ကိုယ့်အပါ်တွင် မကောင်းပြုထားသော လူတစ်ယောက်ကိုပင် အဆိုးမပြောပဲ သူ့ရဲ့ ကောင်းတဲ့အချက်တွေကို ပြောဆိုနိုင်ခြင်းသည် ကိုယ့်ရဲ့ စိတ်ထားမြင့်မြတ်မှုကို ဖော်ပြရာရောက်ပါတယ်။ စေတနာကောင်းခြင်း ဆိုသည်မှာ ပစ္စည်းငွေကြေးများ၊ အပြုအမူများဖြင့်သာ ပြုလုပ်နိုင်သည်မဟုတ်ပဲ၊ ကိုယ့်ရဲ့ အကောင်းပြုလိုတဲ့ စိတ်သဒ္ဒါနှင့်လည်း ပြုလုပ်နိုင်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကိုယ့်ရဲ့ အနာဂတ်ချစ်သူက မိမိသည် သူ့အပေါ်တွင်သာမက လူအများအပေါ်မှာပါ ကြင်နာတတ်သူ တစ်ဦးဖြစ်တယ်လို့ မြင်လာပါမယ်။
၂။ ပျင်းစရာ ကောင်းမယ့် မေးခွန်း မေးပါ။
ချစ်သူဖြစ်လာမည့်သူကို ကိုယ်က သူ့ဘဝရဲ့ ပျင်းစရာကောင်းတဲ့ အချက်တစ်ခုကို ပြောပြပါဆိုပြီး မေးလာတဲ့အခါ သူ့အတွက် စိတ်သက်သာရာရစေပါတယ်။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် ကိုယ့်ရဲ့ တကယ့် ဘဝအစစ်အမှန်ကို သိလိုပြီး ကိုယ်ဟန်ဆောင်ပြီး အထင်ကြီးအောင်လုပ်ပြနေတဲ့ ဘဝတစ်ခုတည်းကိုသာ စိတ်ဝင်စားတာ မဟုတ်ဘူးဆိုတာကို ပြပါတယ်။ ထိုလူက ကိုယ့်အပေါ်မှာ ပျင်းသွားတော့မှာ မဟုတ်ဘူးဆိုတာကို သိစေအတွက် စိတ်သက်သာရာ ရစေပါတယ်။ နေ့စဉ်ဒုဝ လုပ်နေတဲ့ အရာ အသေးအမွှားလေးတွေ အကြောင်းကို မေးခြင်းကလည်း ကိုယ်ဟာ သူ့ဘဝရဲ့ အသွင်အပြင်တိုင်းနှင့် ချိတ်ဆက်နေတယ်ဆိုတာကို ပြပါတယ်။
၃။ အလုပ်အကြောင်း ပြောပါ။
ကိုယ့်အလုပ်အကြောင်းကို ပြောပြခြင်းဖြင့် ကိုယ့်ရည်းစားက ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် နှင့် အရည်အချင်းကို ပုံဖော်မိစေပါတယ်။ ထို့အပြင် ကိုယ်ဟာ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်တယ်ဆိုတဲ့အချက်ကို သူ့ကို သိစေခြင်းဖြင့် ကြံ့ခိုင်တဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကို မြင်စေပါတယ်။ ကိုယ့်အနေနှင့် သူ့အပေါ်မှာ အလုံးစုံ မှီခိုမှာ မဟုတ်ဘူးဆိုတာကို သူ့ကိုသိစေပါတယ်။ တခါတလေ လူနှစ်ဦး အကြားမှာ အပြန်အလှန်မှီခိုမှု နှင့် အမှီအခိုကင်းမှုကို အချိုးမျှတဖို့လည်း လိုပါတယ်။
၄။ သူ့လက်ကိုကိုင်ပြီး ပြေးသွားပါ။
တခုခုအရေးကြုံလို့ (သို့မဟုတ်) အရေးကြီးလို့ ပြေးရမယ်ဆိုရင် သူ့လက်ကို ဆွဲပြီးပြေးပါ။ လူတစ်ယောက်က ကိုယ့်လက်ကိုဆွဲပြီး ပြေးသွားတယ်ဆိုတာက သူ့ဘဝမှာ ကိုယ်က မည်မျှအရေးပါတယ်ဆိုတာကို ပြတာပါ။ အရေးကြုံလျှင် ပစ်ပြီးမပြေးဘူးဆိုတဲ့ သဘောပါ။ ရထားပေါ် အချိန်မှီ လိုက်ပြေးတက်တာပဲဖြစ်ဖြစ် တစ်ခုခုနောက်ကျလို့ပဲဖြစ်ဖြစ် အဲ့ဒီလို အချိန်မှာ ကိုယ့်ကိုလက်ဆွဲခေါ်သွားတယ်ဆိုတာက သူ့ဘဝထဲမှာ ကိုယ်က ပဓာနကျတဲ့ နေရာက ပါ၀င်နေတယ်ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။
၅။ နေ့ပိုင်းမှာ ချိန်းတွေ့ဖြစ်အောင် ပြုလုပ်ပါ။
ချစ်သူနှင့်ချိန်းတွေ့တဲ့ အစပိုင်း အချိန်တွေကို စုံတွဲတွေက အထူးတလည်ပြုလုပ်လေ့ရှိသည့်အတွက် ၎င်းသည် နေ့စဉ် သာမာန်ဘဝရဲ့ အပြင်ဘက်က ဆန်းပြားတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်နေပါတယ်။ အလုပ်ပြီးတဲ့အချိန်ဖြစ်တဲ့ ညနေဘက်မှာ ချိန်းတွေ့ခြင်းပြုလုပ်ပါက ကိုယ့်ချစ်သူနှင့် တွေ့ခြင်းက ကိုယ့်ဘဝ၏ အပြင်ဘက် အပိုင်းတစ်ခုဖြစ်တယ်ဆိုတယ့် ခံစားချက်မျိုးကို ပေးပါတယ်။ အဆိုးဆုံး အခြေအနေမှာဆိုရင် ချစ်သူနှင့် ချိန်းတွေ့တာက ကိုယ့်နေ့စဉ်ဘဝနှင့် မဆိုင်ဘူး၊ ကိုယ့်မှာ တာဝန်မရှိဘူး ဆိုပြီး ခံစားမိစေပါတယ်။ ဒါပေမယ့် နေ့ပိုင်းမှာ ချိန်းတွေ့ခြင်းက ကိုယ့်ဘဝရဲ့ အချိန်အများဆုံး ကုန်ဆုံးတဲ့ တစ်နေ့တာရဲ့အပိုင်းမှာ ချစ်သူကို ပါ၀င်လာစေခြင်း ဖြစ်ပါတယ်။ ထိုသို့လုပ်ခြင်းအားဖြင့် ကိုယ့်ချစ်သူကို ကိုယ့်ဘဝရဲ့ နေ့စဉ်သာမာန်ဘဝထဲ ပါ၀င်လာစေခြင်း ဖြစ်ပါတယ်။
၆။ ပရဟိတလုပ်ငန်းတွေ အတူတူလုပ်ပါ။
ကိုယ်လုပ်လေ့ရှိတဲ့ ပရိဟိတအလုပ်တွေ၊ လုပ်အားပေးကူညီတာတွေ ရှိလျှင် ချစ်သူကိုလည်းအတူလုပ်ရန် ဖိတ်ခေါ်ပါ။ လုပ်အားပေးအလုပ်တွေ အတူတူလုပ်ခြင်းအားဖြင့် သာမာန်ချိန်းတွေ့ချိန်တွေမှာ မပြောဖြစ်တဲ့ အကြောင်းတွေကို ပြောဖို့ အခွင့်အလမ်းရပါတယ်။ တစ်ယောက်နှင့် တစ်ယောက် လောကကြီးကို ဘယ်လိုမြင်တယ်၊ ကိုယ့်မှာ လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုတာဝန်ရှိတယ်ဆိုတဲ့ အမြင်တွေ ဖလှယ်မိသွားပါတယ်။ တစ်ယောက်နှင့် တစ်ယောက်ပေါ်မှာလည်း လေးစားမှုတွေလည်း တည်ဆောက်သွားနိုင်ပါတယ်။
၇။ သူ့ကို ကိုယ့်အတွက် တစ်ခုခု ချက်ခိုင်းပါ။
လူတစ်ယောက်အတွက် အစားအစာ ချက်တဲ့အချိန်ဟာ သူ့ရဲ့ ငယ်ဘဝတစ်ခုလုံးကို ဖော်ဆောင်သလိုပါပဲ။ ကိုယ်စားလေ့ရှိတဲ့ ပုံစံမျိုးတွေ၊ ကိုယ့်ရဲ့ အလေ့အထတွေ နှင့် ကိုယ့် သိကျွမ်းသမျှအရာတွေ အားလုံးကို ချက်ပြုတ်တဲ့ အချိန်အခါမှာ ဖော်ထုတ်ဖြစ်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် အစားအစာ ချက်ပြုတ်ပေးခြင်းဖြင့် တစ်ယောက် အတိတ်ကို တစ်ယောက် လူကိုယ်တိုင် ခေါ်ဆောင်ပေးသွားသလိုပါပဲ။
အခုလို ဖေါ်ပြပေးတာ... ကျေးဇူးတင်ပါတယ် ခင်ဗျာ
ReplyDelete