Search

Content

Saturday, July 11, 2015

International LGBT music (2015 June-July)

၂၀၁၅ ဇွန်လနှင့် ဇူလိုင် တွင်းမှာ ကမ္ဘာအရပ်အရပ်မှာ လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူအဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနှင့် ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်းတွေ စုစည်းထားတာဖြစ်ပါတယ်။


KAZAKY - MILK-CHOC

Country - Ukraine
Language - English
Genre - Dance
Year - 2015

ယူကရိ်န်းက ကမ္ဘာကျော် အကအဖွဲ့ရဲ့ နောက်ဆုံးထွက် MILK-CHOC သီချင်းကတော့ ဒီတစ်လထဲမှာ အဟော့ဆုံးသီချင်းပါပဲ။ သွက်လက်တဲ့ ကကွက်တွေနှင့် နာမည်ကျော်တဲ့ ယူကရိန်းက KAZAKY အဖွဲ့ကတော့ ဒီတစ်ခေါက်မှာ သူတို့ ဗီဒီယိုကို ၁၉၈၀ ခုနှစ်တွေတုန်းက ဖက်ရှင်ပုံစံတွေနှင့် အဆန်းထွင် ရိုက်ပြထားတာပါ။



Neon Trees - Songs I Can't Listen To

Country - US
Language - English
Genre - Rock
Year - 2015

နာမည်ကြီး အမေရိကန် ရော့(ခ)ဂီတအဖွဲ့ Neon Trees ရဲ့ ခေါင်းဆောင်အဆိုတော် Tyler Glenn ဟာ ဂေးပါ။ သူတို့ရဲ့ နောက်ဆုံးထွက် သီချင်းဗီဒီယိုဖြစ်ပါတယ်။



Ricky Martin - La Mordidita

Country - Puerto Rico
Language - Spanish
Genre - Pop
Year - 2015

ကမ္ဘာကျော်အဆိုတော် Ricky Martin ရဲ့ A Quien Quiera Escuchar အခွေထဲက နောက်ဆုံးထွက်သီချင်းက ခပ်မြူးမြူးနဲ့ ကောင်းပါတယ်။



ARISA feat. Sarit Hadad - Kirkas

Country - Israel
Language - Hebrew
Genre - Pop
Year - 2015

အစ္စရေးနိုင်ငံက လူကြိုက်များတဲ့ Drag Queen တစ်ယောက် Arisa  က အဆိုတော် Sarit Hadad ရဲ့ အကသီချင်း Kirkas ကို သူ ပါးစပ်လုပ်သရုပ်ဆောင်ထားပြီး ခပ်လမ်းလမ်း အစ္စရေးက ဘဲတွေနှင့် အတူ သီဆိုထားပါတယ်။



Emmanuel Moire - Bienvenue

Country - France
Language - French
Genre - Pop
Year - 2015

နာမည်ကြီးပြင်သစ် ဂေး အဆိုတော် Emmanuel Moire ရဲ့ နောက်ဆုံးထွက် သီချင်း Bienvenue က အေးအေးလေးနှင့် ညိမ့်ပါတယ်။



Cassandre - Nos cœurs libres

Country - France
Language - French
Genre - Pop
Year - 2015

ဒီပြင်သစ်စုံတွဲ အဆိုတော်နှစ်ယောက် အကြောင်းကို သေချျာမသိရသေးပေမဲ့ သူတို့ သီချင်းဗီဒီယိုထဲမှာတော့ ယောကျ်ားခန္ဓာ အလှတွေနှင့် ရင်ခုန်စရာရိုက်ထားတာပါ။



Years & Years - Shine

Country - UK
Language - English
Genre - Pop
Year - 2015

King ဆိုတဲ့ သီချင်းနဲ့ နာမည်ကျော်ခဲ့တဲ့ ယူကေက Years & Years အဖွဲ့ရဲ့နောက်ဆက်လက် ထွက်ရှိလာတဲ့ သီချင်းဖြစ်ပါတယ်။



Greg Holden - Boys In The Street

Country - US
Language - English
Genre - Pop
Year - 2015

နယူးယောက်က အဆိုတော်ရဲ့ အဆွေးသီချင်းလေးကတော့ ဂေးတစ်ယောက်ကို သူ့ဖခင်က လက်မခံတဲ့ အတွက်ကြောင့် ကြေကွဲရတဲ့ အကြောင်းကို ရေးစပ်သီဆိုထားတာပါ။



Will Young - Thank You

Country - UK
Language - English
Genre - Pop
Year - 2015

ယူကေ အဆိုတော် Will Young ရဲ့ အသစ်ထပ်ထွက်လာတဲ့ သီချင်းဖြစ်ပါတယ်။



The Away Days - ''Calm Your Eyes'' 

Country - Turkey
Language - English
Genre - Dreamrock
Year - 2015

အဖွဲ့ကတော့ ဂေးမဟုတ်ပေမဲ့ တူရကီ dreamrock အဖွဲ့ရဲ့ အိမ်မက်ဆန်တဲ့ သီချင်းထဲမှာ ဂေးယောကျ်ားနှစ်ယောက်ရဲ့ ခက်ခဲတဲ့ ဘဝအကြောင်းကို ရိုက်ပြထားပါတယ်။



Muộn Màng - Dương Triệu Vũ

Country - Vietnam
Language - Viet
Genre - Ballad
Year - 2015

ဗီယက်နမ်က အချစ်အဆွေးသီချင်းရဲ့ ဗီဒီယိုက ယောကျ်ားနှစ်ယောက်ရဲ့ အသည်းကွဲဇာတ်လမ်းကို ရိုက်ပြထားတာပါ။



KIKA LORACE - ADIÓS BOTELLA

Country - Spain
Language - Spanish
Genre - Pop
Year - 2015

ဒီတစ်လအတွက် နောက်ဆုံးသီချင်းကတော့ စပိန်က Drag Queen တစ်ယောက်ဆိုထားတဲ့ ဒီပျော်စရာသီချင်းလေးက Youtube အခုလက်ရှိ ကြည့်တဲ့သူတွေ အများကြီးနဲ့ ရေပန်းစားနေပါတယ်။


0 comments:

Post a Comment

မာတိကာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ