အိန္ဒိယ၏ ဟီဂျရာ (သို့မဟုတ်) တတိယလိင်ဟု သတ်မှတ်ထားသည့် ကျားမပြောင်းသူများ အသိုင်းအဝိုင်းအတွက် ကျားမပြောင်းသူ အဆိုတော် ၆ ဦး ပါဝင်သော 6 Pack Band ဟာ သူတို့ရဲ့ ပွဲဦးထွက် သီချင်းကို ထုတ်လိုက်ပါတယ်။ Pharrell William ၏ Happy ကို အိန္ဒိယမူဟန်နှင့် ပြန်ဆိုထားသည့် သူတို့သီချင်းဟာ တစ်ဦးနှင့် တစ်ဦး လက်ခံခြင်းဖြင့် လူတိုင်း အတူတကွ နေထိုင်နိုင်သည်ဆိုသော အနှစ်သာရကို အောင်ပွဲခံသည့် ပုံစံမျိုး ဖန်တီးထားပြီး တဖက်မှာ အိန္ဒိယ၏ ကျားမပြောင်းသူ အသိုင်းအဝန်းအကြောင်း အသိနိုးကြားမှု မြင့်တန်ရန် ရည်ရွယ်ထားကြပါတယ်။ 6 Pack Band အဖွဲ့ဟာလည်း အိန္ဒိယ၏ ပထမဦးဆုံး ကျားမပြောင်းသူများ ကိုယ်တိုင်နှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပါတယ်။ သီချင်းအစပိုင်းမှာ အိန္ဒိယ၏ ထောင်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ဟီဂျရာ (သို့မဟုတ်) တတိယလိင် အသိုင်းအဝန်းမှာတော့
အချို့ကတော့ သည်းခံထားတယ်၊ အများကတော့ လစ်လျူရှုထားတယ်၊ အားလုံးကတော့ အထင်လွဲနေတယ်ဟု နာမည်ကျော် မင်းသမီးကြီး Anushka Sharma ကိုယ်တိုင် အသံနှင့် ပြောထားပါတယ်။
အိန္ဒိယတွင် ကျားမအားလုံး တန်းတူ အဆင့်ရစေဖို့ ရည်ရွယ်ပြီး သီဆိုထားတဲ့ ဤသီချင်းဟာ နားဝင်ချိုပြီး ခပ်မြူးမြူးမို့ လူကြိုက်များကာ ထုတ်လွင့်ပြီး ၅ ရက် အကြာတွင်ပင် ကြည့်ရှုကြိမ် ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။
0 comments:
Post a Comment