၂၀၁၅ ခုနှစ် ကုန်သွားခဲ့ပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာ လိင်တူချစ် အခွင့်အရေးများ တန်းတူညီမျှမှုများ အတွက် အောင်မြင်ခဲ့ကြသလို ဆက်လက်တိုက်ပွဲဝင်နေဆဲ နိုင်ငံများလည်း ရှိခဲ့ပါသည်။ ကမ္ဘာ့ အသိုင်းအဝန်း အထူးသဖြင့် အနောက်တိုင်း နိုင်ငံများတွင် ပိုမို ပွင့်လင်းလာပြီး ထူးချွန်သော လိင်တူချစ်သူများဟာ တန်းတူအခွင့်အရေးနှင့် အယူစွဲမှားမှုများကို တိုက်ပွဲဝင်ရာမှာ တစ်တပ်တအား ပါဝင်ခဲ့ကြသလို လိင်တူချစ်သူများ၏ အရည်အချင်း ထင်သာမှုရှိအောင် ပြုလုပ် ပေးခဲ့သူများလည်း အများအပြား ပေါ်ထွန်းလာခဲ့ပါသည်။ ထိုအထဲမှာမှ အနုပညာ အသိုင်းအဝန်းမှ လိင်တူချစ်သူ အဆိုတော်များဟာလည်း ပွင့်ပွင့်လင်းလင်း မိမိကိုယ်ရည် အနုပညာအစွမ်းအား ကမ္ဘာကို ဂုဏ်ယူစွာနှင့် ပြသနိုင်ခဲ့ကြပါသည်။ ဒါကြောင့် နိုင်ငံတကာ သီချင်းချစ်သူများသည်လည်း သီချင်းကောင်းများ နားထိုင်နိုင်စေရန် နှင့် ပွင့်လင်းစွာ ပြောသော လိင်တူချစ်သူ အဆိုတော် အနုပညာရှင်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာအရပ်ရပ်မှ အကောင်းဆုံး သီချင်း အပုဒ် ၅၀ ကို စုစည်းပေးလိုက်ပါသည်။ သောတရှင်များ ပျော်ရွင်ကြည်နှုးနိုင်ကြပါစေ။
50. Yoel - Bailemos (Spain)
49. มีทองท่วมหัว ไม่มีผัวก็ได้ (GOLD OR HUBBY?) : จ๊ะ อาร์ สยาม | Jah Rsiam (Thailand)
48. Brendan Maclean - Tectonic (Australia)
47. Tom Goss & Matt Alber - Breath And Sound (USA)
46. Ugly - Courtney Act (Australia)
45. Doug Locke - King (USA)
44. Hương Giang Idol feat. Kimmese - Ai Đẹp Nhất Đêm Nay? (Vietnam)
43. Emmanuel Moire - Bienvenue (France)
42. Matt Gold - Low (USA)
41. Harel Skaat - Hollow (Israel)
40. Dương Triệu Vũ - Muộn Màng (Vietnam)
39. Josef Salvat - Open Season (Australia)
38. Greg Holden - Boys In The Street (USA)
37. Jack O'Rourke - Silence (Ireland)
36. Mashrou' Leila - 3 Minutes (Lebanon)
35. Troye Sivan - Fools (Australia)
34. Adam Lambert - Another Lonely Night (USA)
33. MIKA - Good Guys (UK/France)
32. Years & Years - Eyes Shut (UK)
31. Neon Trees - Songs I Can't Listen To (USA)
30 Nakhane Touré - The Plague (South Africa)
29. Christine and the Queens - Jonathan (Belgium)
28. Sam Smith - Like I Can (UK)
27. Troye Sivan - Talk Me Down (Australia)
26. MIKA - Staring At The Sun (UK/France)
25. NAT - TOL (Thailand)
24. Markus Feehily - Butterfly (Ireland)
23. Tiziano Ferro - Incanto (Italy)
22. Disclosure feat. Sam Smith - Omen (UK)
21. Steve Grand - Time (USA)
20. Tooji - Father (Norway)
19. Titica - Zongá (Angola)
18. A Great Big World - Hold Each Other (USA)
17. Kazaky - MILK-CHOC (Ukraine)
16. Years & Years - Shine (UK)
15. Toya Delazy - Why Hate (South Africa)
14. Sam Smith - Lay me Down (UK)
13. The Young Professionals feat. Anna F. - All Of It But Me (Israel)
12. Conchita Wurst - Heroes (Austria)
11. Ricky Martin - La Mordidita (Puerto Rico)
10. HUSH - Same [同一個答案] (Taiwan)
HUSH ဆိုတဲ့အမည်နဲ့ သီချင်းဆိုတဲ့ Chen Jiawei ဟာ ထိုင်ဝမ်မှ ဂေးအဆိုတော်တစ်ယောက်ဖြစ်ပြီး သူ၏ ဘဝအကြောင်းတွေကို သီချင်းမှ ဖော်ကြူးလေ့ရှိပါတယ်။ အဲ့ဒီအထဲမှာ ၂၀၁၅ နှစ်ကုန်ပိုင်းက ထွက်တဲ့ Same ဆိုတဲ့ သီချင်းကတော့ ထိုင်ဝမ်မှာ လိင်တူချစ်သူများ လက်ထပ်နိုင်ရေးတောင်းဆိုတဲ့ လှုပ်ရှားမှုကို ထောက်ပံ့ဖို့ သီဆိုထားတဲ့ တရုတ်အချစ်သီချင်းတစ်ပုဒ်ပါ။ ၂၀၁၅အတွင်း ကမ္ဘာအရပ်ရပ်မှာ အမေရိကန်အပါအဝင် လိင်တူချစ်သူများကို လက်ထပ်ခွင့်များ ပေးလာပြီးနောက် ထိုင်ဝမ်ဟာလည်း အာရှတိုက်မှ လိင်တူချစ်သူများကို လက်ထပ်ခွင့်အတွက် တတပ်တအား တောင်းဆိုလာခဲ့တဲ့ အတွက်အကြောင့် ဒီသီချင်းဟာလည်း အရေးပါတာမို့ HUSHရဲ့သီချင်းကောင်း Same ကို ၂၀၁၅ ရဲ့ အကြိုက်ဆုံး LGBT သီချင်းများ ၁၀ ပုဒ်ထဲမှာ နံပါတ်(၁၀) နေရာနှင့် စတင်လိုက်ပါတယ်။9. Troye Sivan - Wild (Australia)
၂၀၁၆နှစ်မှာ အသက်၂၀သာရှိသေးတဲ့ ကလေးYoutube သရုပ်ဆောင်ဟောင်း Troye Sivan ဟာ သြစတြေးလျကနေ ၂၀၁၅ ခုနှစ် အကုန်ပိုင်းလောက်မှာ သူရဲ့ ပထမဆုံးအခွေ Blue Neighbourhood ကို ထုတ်ဝေခဲ့ရာ ကမ္ဘာအရပ်ရပ်တွင် အောင်မြင်မှုများနှင့် လူကြိုက်များခဲ့ပါတယ်။ သူရဲ့ ပထမဆုံးဗီဒီယို WILD ဟာ ယောက်ျားလေးနှစ်ယောက်အကြား လူငယ်အချစ်ဇာတ်လမ်းတွဲပုံစံမျိုး ရိုက်ကူထားပြီး Youtube ပေါ်မှာ ကြည့်ရှုကြိမ် သန်း၃၀ကျော်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ မှစကာ ၂၀၁၆ အထဲမှာ လူကြိုက်များတဲ့ ကမ္ဘာကျော် လူငယ်တစ်ဦးဖြစ်လာကာ ကမ္ဘာအရပ်ရပ် ဂေးလူငယ်များရဲ့ အသဲစွဲအနေနှင့် အားတက်စရာ စံပြလူငယ်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပါတယ်။ သူရဲ့ သီချင်းဗီဒီယိုအတွဲသုံးပုဒ်ထဲက Fools နဲ့ Talk Me Down တို့ကလည်း ဆက်လက်အောင်မြင်ကာ လူကြိုက်များသီချင်းတွေ ဖြစ်ခဲ့ပါတယ်။ လုလင်မဂ္ဂဇင်းအတွက်တော့ သူရဲ့ ပွဲဦးထွက်အခွေထဲမှ WILD ကို ၂၀၁၅ ရဲ့ အကောင်းဆုံးသီချင်း နံပတ်(၉)နေရာကို ရွေးချယ်ပေးလိုက်ပါတယ်။8. Hayley Kiyoko - Girls Like Girls (US)
အမေရိကန်-ဂျပန် ကပြား အဆိုတော် Hayley Kiyoko ရဲ့ Girls Like Girls သီချင်းဟာ လိင်တူချစ်သူအမျိုးသမီးနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ထားပြီး စာသားနဲ့ဇာတ်လမ်းကြောင့် ၂၀၁၅ ရဲ့ အမေရိကန် လိင်တူချစ်သူများ၏ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်သလို Hayley Kiyokoဟာ အမျိုးသမီးချင်းချစ်သူများအခွင့်အရေးဘက်မှ ရပ်တည်ပေးသူလည်း ဖြစ်ပါတယ်။ Girls Like Girlsသီချင်းဟာလည်း Youtube မှာကြည့်ရှုကြိမ် ၅၅ သန်းကျော်ရှိပါတယ်။7. Adam Lambert - Ghost Town (USA)
အမေရိကန်အသည်းဆွဲ ဂေးအဆိုတော် Adam Lambert ကတော့ ၂၀၁၅ ခုနှစ်မှာလည်း သီချင်းတွေ ဆက်လက်ထုတ်ဝေနဆဲပါ။ သူ့ရဲ့တတိယအခွေ Original High အခွေထဲမှ Ghost Town သီချင်းဟာ နိုင်ငံတကာမှာ လူကြိုက်များပြီး Youtube မှာ ကြည့်ရှုကြိမ် ၈၈ သန်းရှိခဲ့ပါတယ်။6. หมดใจไม่ใช่ความผิด (Running Out of Feelings Isn't a Mistake) - กลด ณรงกร อาร์ สยาม (Klod Narongkorn) (Thailand)
အာရှတိုက် သီချင်းကြိုက် ပရိတ်သတ်များအတွက် ထိုင်းသီချင်းအဆွေးများထဲက လိင်တူချစ်သူ အချစ်ဇာတ်များနဲ့ ရိုက်ကူးထားတဲ့ အဆိုတော် Klod Narongkorn ရဲ့ Mot Jai Mai Chai Kwahm Pit ဆိုတဲ့ သီချင်းကောင်းကို ၂၀၁၅ အကောင်းဆုံးထဲက တစ်ပုဒ်အဖြစ်လည်း ရွေးချယ်ပေးလိုက်ပါတယ်။ ထိုင်းဘာသာစကားနဲ့ သီဆိုထားတဲ့ ဒီသီချင်းဟာ ထိုင်းပရိသတ်တစ်ခုတည်းနှင့်ပင် Youtube ပေါ်မှာ ကြည့်ရှုကြိမ် ၅ သန်းကျော်ရှိပါတယ်။5. Christine and The Queens - Christine (Belgium)
ဘယ်ဂျီယမ် လိင်တူချစ်သူအမျိုးသမီးအဆိုတော် Héloïse Letissier ဟာ Christine and The Queens နာမည်နဲ့ ဘယ်ဂျီယမ်မှာ Christine ဆိုတဲ့သီချင်းကို ပြင်သစ်လို ၂၀၁၄ နှစ်ကုန်လောက်မှ ပွဲဦးထွက် ထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့သီချင်း ငြိမ့်ငြိမ့်လေးနဲ့ လှပတဲ့ အကပါတဲ့ ဗီဒီယိုလေးဟာ ၂၀၁၅ တစ်နှစ်လုံး ထပ်ခါထပ်ခါ နာမည်ရနေခဲ့ပြီး သူ့ကို ဘယ်ဂျီယမ်ကနေ နိုင်ငံအများအပြားမှာ နာမည်ကျော်လာစေခဲ့ပါတယ်။ ဒါ့ကြောင့် Christine ဆိုတဲ့သီချင်းကို၂၀၁၅ ခုနှစ်ရဲ့ အကြိုက်ဆုံးသီချင်းများရဲ့ နံပါတ် (၅) နေရာမှာ ရွေးချယ်လိုက်ပါတယ်။4. Sam Smith - Writing's On The Wall (UK)
ဗြိတိသျှ လိင်တူချစ်သူအဆိုကျော် Sam Smith ဟာ သူရဲ့ ပထမဆုံးအခွေ In the Lonely Hour ထဲမှာ သီချင်းတွေနဲ့ ၂၀၁၅ မှာ ဆက်လက်အောင်မြင်နေခဲ့ပြီး နိုင်ငံတကာ အရောင်းစာရင်းတွေထဲမှာ အမြဲတမ်းထိပ်ဆုံးနေရာကို ဆက်လက်တည်ရှိနိုင်နေခဲ့သလို ဆုတွေလည်း ဆက်လက်ဆွတ်ခူးခဲ့ပါတယ်။ သူ့ရဲ့ Writing's On The Wall ဆိုတဲ့ သီချင်းက ၂၀၁၅ James Bond ဇာတ်ကား Spectre ရဲ့ ဇာတ်ဝင်သီချင်းအနေနဲ့ ထုတ်ဝေခဲ့သလို ဗြိတိသျှမှာ အရောင်းရဆုံး နံပါတ် (၁) နေရာကိုလည်း ရောက်ခဲ့ပြီး Youtube မှာကြည့်ရှုကြိမ်ပေါင်း သန်း ၁၀၀ ကျော်လည်း ရရှိခဲ့ပါတယ်။3. Sia - Big Girls Cry (Australia)
သြစတြေးလျ လိင်တူလိင်ကွဲအဆိုတော် Sia ဟာ ကမ္ဘာတစ်ဝန်း LGBT အသိုင်းအဝိုင်းအတွက် အားထားစရာ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ရုံသာမက သြစတြေးလျတွင် လိင်တူချစ်သူများ လက်ထပ်ခွင့်ရေး အတွက် ရှေ့တန်းမှ ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ဧပြီလမှာ ထုတ်ဝေခဲ့တဲ့ Big Girls Cry ဆိုတဲ့သီချင်းက Youtube မှာ ကြည့်ရှုကြိမ်ပေါင်း သန်း ၂၀၀ နီးပါးရောက်ရှိနိုင်ခဲ့ပါတယ်။2. Years & Years - King (UK)
လိင်တူချစ်သူ အဖွဲ့ခေါင်းဆောင် Olly Alexander ပါဝင်တဲ့ ဗြိတိသျှအဖွဲ့ Years and Years အဖွဲ့ဟာ ဗြိတိသျှ ပရိသတ်ကို ၂၀၁၅ မှာ သူတို့ရဲ့ King ဆိုတဲ့သီချင်းနဲ့ တနိုင်ငံလုံးရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပြီး နံပါတ်(၁)အရောင်းရဆုံးနေရာကိုရောက်သွားပါတယ်။ ဒီသီချင်းဟာ ဥရောပတခွင် အရောင်းစာရင်းတွေထဲမှာ ထိပ်ဆုံး ၁၀ အတွင်မှာ ရှိနေခဲ့သည်။ သူတို့ရဲ့ ပွဲဦးထွက် Communion အခွေထဲက သီချင်းတွေဟာ ဆက်တိုက် ဗြိတိသျှ ရောင်းရအကောင်းဆုံး သီချင်းတွေ ဖြစ်ခဲ့ပြီး သူတို့အဖွဲ့ဟာ ဗြိတိသျှ ဂီတဆုပေးပွဲမှာ ဆုများဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူ့တို့ရဲ့ King သီချင်းဟာ Youtube မှာ ကြည့်ရှုကြိမ် သန်း ၁၅၀ ရှိနေပါပြီ။ Olly Alexander ဟာလည်း ဗြိတိသျှ မီဒီယာမှာ အမြဲတမ်းသတင်းကောင်းများနဲ့ လိင်တူချစ်သူလူငယ်များ၏ ကြယ်ပွင့်တစ်ဦးဖြစ်နေခဲ့သလို ၂၀၁၅ တနှစ်ပတ်လုံး ဗြိတိသျှ ထိပ်တန်းအဆိုတော်အဖြစ် နေနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ Communion အခွေထဲက ပထမဆုံး သီချင်း King ကို ၂၀၁၆ ရဲ့ နံပါတ်(၂)အဖြစ် ရွေးချယ်လိုက်ပါတယ်။1. Conchita Wurst - You Are Unstoppable (Austria)
သြစတြီယားနိုင်ငံသား လိင်တူချစ်သူ Thomas Neuwirth တီထွင်ထားတဲ့ သရုပ်ကောင် Conchita Wurst ဟာ ၂၀၁၅တစ်နှစ်လုံးမှာ လိင်တူချစ်သူ သီချင်းလောကကို သူရဲ့သီချင်းကောင်းတွေနဲ့ လွှမ်းမိုးထားခဲ့ပါတယ်။ ၂၀၁၄ Eurovision သီချင်းဆိုပြိုင်ပွဲကို Rise Like a Phoenix ဆိုတဲ့ သီချင်းနဲ့ အနိုင်ရပြီးတော့ ဥရောပတခွင်မှာ ကျော်ကြားတဲ့ အဆိုတော်တစ်ဦး ဖြစ်လာပြီးနောက် ၂၀၁၅ မှာ သူရဲ့ ပထမဆုံးအခွေ Conchita ကို ထုတ်ဝေလိုက်ကာ ၂၀၁၅ တနှစ်လုံး သူရဲ့သီချင်းကောင်းတွေနဲ့ ဗီဒီယိုများ ဆက်တိုက်ရိုက်ကူးခဲ့ပါတယ်။ သူ့အခွေက သြစတြီယားမှာ ရောင်းရဆုံးအခွေဖြစ်ခဲ့သလို ဥရောပတခွင်မှာလည်း ရောင်းအားကောင်းခဲ့ပါတယ်။ သူဟာသြစတြီးယားရဲ့ ၂၀၁၅ Amadeus ဂီတဆုပေးပွဲမှာလည်း တစ်နှစ်တာ အကောင်းဆုံး အဆိုတော်ဆု နဲ့ သီချင်းဆုတွေကို ဆွတ်ခူးခဲ့ပါတယ်။ သူ့ရဲ့ You Are Unstoppable ဆိုတဲ့သီချင်းဟာ လူတိုင်းဟာ အရာရာကို ဖြစ်အောင်ရယူနိုင်ပြီး မည်သူမှ မတားနိုင်ကြောင်းဆိုတဲ့ အမှာစကားနဲ့ ရေးသားထားပါတယ်။ ဒီသီချင်းဟာ အမေရိကန်နိုင်ငံ 2015 CONCACAF ဘောလုံးဖလားရဲ့ အဖွင့်သီချင်းအဖြစ်လည်း ရွေးချယ်ခဲ့ပါတယ်။Eurovision သီချင်းဆိုပြိုင်ပွဲကို အနိုင်ရပြီး သူဟာ နိုင်ငံတကာ LGBT စံပြပုဂ္ဂိုလ်အဖြစ် ကမ္ဘာကျော်သူ ဖြစ်လာခဲ့ပါတယ်။ သူ့ကို ကမ္ဘာအရပ်ရပ်ရှိ Pride ဂုဏ်ယူချီတက်ပွဲတော်များမှာ ဖျော်ဖြေရန် ဖိတ်ခေါ်ခဲ့သလို ဥရောပသမဂ္ဂရုံး နှင့် ကမ္ဘာ့ကုလ သမဂ္ဂရုံးတို့ကလည်း ဖိတ်ကြားခဲ့ပါတယ်။ သူရဲ့သီချင်းကောင်းတွေက လူတွေကို အားတက်စေတဲ့ စာသားတွေနဲ့ပြည့်နေပြီး သြဇာရှိပြီး ရဲ့ရင်တဲ့ အဆိုတော်ကောင်းအနေနဲ့ လူအများကို ပြသနိုင်ခဲ့ပါတယ်။ သူရဲ့ သရုပ်ကောင် ကွန်ချီတာ ဟာ မုတ်ဆိတ်နဲ့ အမျိုးသမီးလို့ ထင်ရှားပြီး သူဟာ လူအများကို ယောက်ျားမိန်းမ သတ်မှတ်မှုများ၏ တားဆီးမှုများကို စိန်ခေါ်လိုသည့် သဘောနှင့် သရုပ်ဖော်ထားပြီး ကျားမမရွေး ဘဝမှာ ဘာမဆိုဖြစ်အောင် ရယူနိုင်သည်ဆိုသော အဓိပ္ပာယ်ကို ပြသလိုခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် ကွန်ချီတာရဲ့ သီချင်းကောင်းတွေအများကြီး ပါဝင်တဲ့ Conchita အခွေထဲမှ You are Unstoppable ဆိုတဲ့သီချင်းကို ၂၀၁၅ ရဲ့ အကောင်းဆုံး သီချင်းအဖြစ်ရွေးချယ်လိုက်ရပါတယ်။
0 comments:
Post a Comment