ဖွံ့ဖြိုးအတိုးတက်ဆုံး ကမ္ဘာ့ ခေါင်းဆောင်နိုင်ငံ တစ်ခု၏ စစ်တပ်ကို တစေ့တစောင်း ကြည့်မည်ဆိုပါက ရဲရင့်မှု၊ ထူးချွန်မှု နှင့် ထက်မြက်မှုဆိုတာမျိုးဟာ ယောက်ျားဖြစ်မှ၊ ကြမ်းတမ်းခက်ထန်မှ၊ ဗလအားကောင်း မောင်းသန်မှ ဆိုတာမျိုးလို့ ယူဆပြီး တာဝန်ထမ်းဆောင်ခွင့်ပေးတယ် လို့ မသတ်မှတ်ပါဘူး။ သူတို့အတွက် လူတိုင်းဟာ တန်းတူအရည်အသွေးရှိနိုင်တာကို အသိအမှတ်ပြုတဲ့အတွက် သင့်တော်ရာနေရာမှာ တာဝန်ထမ်းနိုင်ဖို့ ယောက်ျားမိန်းမ မခွဲခြားပဲ နိုင်ငံကိုကာကွယ်တဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ပြုတဲ့ အထဲမှာ ကျားမပြောင်းသူ လိင်ပြောင်းလဲသူများကိုလည်း အကာအကွယ်ပေးပြီး တန်းတူအခွင့်အရေး ပေးပါတယ်။ သူတို့အတွက်တော့ လုပ်နိုင်စွမ်း နှင့် အရည်အချင်းဆိုတာ ဇီဝခန္ဓာဖွဲ့စည်းပုံ နှင့် ဘာမှ မဆိုင်ပါဘူး။ လူတိုင်းရဲ့ ကျိုးစားနိုင်မှုနှင့်သာ ဆိုင်တာပါ။
ဗြိတိသျှ မီဒီယာ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ All About Trans မှ ပြုလုပ်ထားသော လိင်ပြောင်းသူများ၏ ဘဝ အကြောင်းကို လူအများ နားလည်းသဘောပေါက်အောင် ပြုလုပ်ထားတဲ့ အောက်က ဗီဒီယိုထဲတွင် စစ်တပ်ထဲက လိင်ပြောင်း စစ်သားများ အကြောင်းကို လေ့လာနိုင်ပါတယ်။
တပ်ကြပ် Hannah Winterbourne ဟာ ဗြိတိသျှ စစ်တပ်မှာ ရာထူးအမြင့်ဆုံး လိင်ပြောင်း အမျိုးသမီး တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဟန်နာဟာ ယခင်က ယောက်ျားစစ်သားအနေနှင့် အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က လိင်ပြောင်းခဲ့ပါတယ်။ သူအဲ့လို ပြောင်းလဲဖို့လည်း စစ်တပ် အထောက်အပံတွေ ပေးခဲ့ပါတယ်။ သူအသက် ၂၃ အရွယ် တုန်းက သူဟာ မိန်းမတစ်ယောက်ဖြစ်တယ်ဆိုတာကို သဘောပေါက်ပြီး ပြောင်းလဲဖို့ စတင်ခဲ့ပါတယ်။ သူ့ကိုသူ ကျားမပြောင်းသူ မိန်ခလေးတစ်ယောက်ပါလို့ ဖွင့်ပြောနိုင်ဖို့ သတ္တိတွေအများကြီးလိုအပ်ခဲ့ပြီး အခက်အခဲများလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဖွင့်ပြောပြီးကတည်းက စစ်တပ်က သူ့အတွက် အကောင်းဆုံး အလုပ်ခွင်တစ်ခုလို ဆက်ဆံခဲ့ပါတယ်ဟု ပြောပါတယ်။
သူ့ကို စစ်တပ်က လေးစားပါတယ် ဘာကြောင့်လဲဆိုတော့ စစ်တပ်ထဲမှာက စွမ်းဆောင်ရည်နဲ့ ရလာဒ်တွေကိုသာကြည့်လို့ပါဟု သူကပြောပါတယ်။ ထို့အပြင် စစ်တပ်က သူ့ရဲ့ တက္ကသိုလ်ပညာရေးကို ပြီးမြောက်အောင်ပါ ပံ့ပိုးပေး ခဲ့ပါသေးတယ်။ ဗြိတိသျှ စစ်တပ်ဟာ ၁၉၉၉ ခုနှစ်ကတည်းက ကျားမပြောင်းသူများကို တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ မူဝါဒတွေ ချမှတ်ပေးထားတာပါ။
ယခုတော့ ဟန်နာ က ဗြိတိသျှ စစ်တပ်၏ ကျားမပြောင်းသူ တာဝန်းဆောင်သူများ၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး စစ်တပ်ထဲမှ ကျားမပြောင်းသူများ၏ အခက်အခဲ ဖြေရှင်းပေးဖို့နှင့် ကောင်းကျိုးအတွက်လည်း တာဝန်ယူနေပါတယ်။
ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း အမျိုးသမီးအခွင့်အရေးနှင့် တန်းတူညီမျှမှုကို ရရှိအောင် ပြုလုပ်မည်ဆိုပါက ကျားမပြောင်းသူများ (အရပ်အခေါ် ယောက်ျားလျှာ မိန်းမလျှာ) တို့၏ အခွင့်အရေးကို လှစ်လျှူရှုလို့ မရပါဘူး။ ဘာကြောင်လဲဆိုတော့ မိန်းမလျှာတစ်ယောက်ကို ပင်ကို ယောက်ျာလိုမနေပဲ ကျားကျားယားယားမရှိတာ မိန်းမဖြစ်ချင်တာ မကောင်းဘူးဆိုတဲ့ အမြင်နဲ့ ကြည့်နေသေးသရွေ့ လူတွေရဲ့စိတ်ထဲမှာ မိန်းမဆိုတာ မကောင်းဘူးဆိုတဲ့ အတွေးတွေ ရှိနေသေးလို့ပါပဲ။ ထို့အတူပဲ ယောက်ျားလျှာတစ်ဦးကို မိန်းမဆန်ဘူး မသိမ်မွေ့ဘူးလို့ မြင်နေသရွေ့ မိန်းမဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်ရမယ်ဆိုပြီး ဖိနှိပ်နေလို့ပါပဲ။ ထို့ကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ယောက်ျားကမှ ဘုန်းကြီးတယ် ဘယ်သူကမှ ပိုမြင့်မြတ်တယ် အစရှိတဲ့ အယူမှားတွေအားလုံးကို ဖယ်ရှားပြီး အားလုံးဟာ တန်းတူဖြစ်တယ်ဆိုတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ကို လက်ခံနိုင်ပါမှ နိုင်ငံကို တိုးတက်အောင် ချီလှမ်းနိုင်မှာပါ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး မပေးပဲ ခွဲခြားဆက်ဆံနေပါက သူတို့ယူဆောင်လာနိုင်တဲ့ အရည်အချင်းတွေကို နိုင်ငံတော်အနေနဲ့ အများကြီး ဆုံးရှုံးနေတာပဲ။ ထို့အတူပင် LGBT/လိင်တူချစ်သူ နှင့် ကျားမပြောင်းသူများ၏ တန်းတူအခွင့်အရေးအတွက် မလုပ်ဆောင်ပဲ ခွဲခြားဆက်ဆံပြီး လူ့အဖွဲ့အစည်းမှ ပစ်ပယ်နေခြင်းဟာ သူတို့မှ ပေးစွမ်းနိုင်မယ့် လူ့စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှု တစ်ခုပါပဲ။