မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့သည် လူပျိုအပျိုဖော်ဝင်လာချိန်ကတည်းက မိမိ၏ လိင်စိတ်ဝင်စားမှုသည် လိင်တူအပေါ်တွင်သာ ရှိသည်ကို သတိပြုမိကြပါသည်။ သို့သော် ကျွန်ုပ်တို့လိင်တူချစ်သူများအဖို့ အများနှင့်မတူပဲ ဖြစ်နေသည့်အတွက် ပျိုဖော်ဝင်ချိန် ဇီဝခန္ဓာပြောင်းလဲမှု ဖြစ်ပေါ်လာစဉ် ရှုပ်ထွေးနားမလည်မှုများအပေါ် နီးစပ်ရာကို မေးမြန်းရမည်ကို ကြောက်လန့်ခြင်း၊ မည်သူကို မေးရမည်ကို မသိခြင်း နှင့် မည်သည်ကို ရှာဖွေဖတ်ရှုရမည်ကို ရှာမတွေ့ (သို့) လက်လှမ်းမမှီခြင်း...