တရုတ် စကားပြော လိင်တူချစ်သူ ပရိတ်သတ်တွေကတော့ သက်တံ့မိသားစု (Rainbow Family) လို့ခေါ်တဲ့ ဟာဟဇာတ်မြူး အင်တာနက် ဇာတ်လမ်းတွဲတိုလေးကို နှစ်သက်သဘောကျနေပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ပထမ အတွဲဟာဆိုရင် ပရိတ်သတ် ၂၄ သန်းကျော်ရှိပါတယ်။ အခု အတွဲ ၂ကို စတင်ကြည့်ရှုလို့ ရနေပါပြီ။
ဇာတ်လမ်းကတော့ ဘေဂျင်းမှာ နေထိုင်တဲ့ ဂေးသူငယ်ချင်းတစ်စုရဲ့ အကြောင်းကို အခြေခံပြီး ဟာသ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းတွဲက လူကြိုက်များပေမဲ့လည်း တရုတ်ပြည်မကြီးမှာတော့ လိင်တူချစ်ခြင်းကို လိင်မှုကိစ္စနှင့်ပက်သက်သော မကောင်းတဲ့အရာလို့ အစိုးရက သတ်မှတ်ထားတဲ့အတွက် ကလေးတွေ မကြည့်စေရဖို့ တီဗီထုတ်လွှင့်ခွင့် မပေးခဲ့ပါဘူး။ သို့ပေမဲ့လည်း တရုတ် ရှင်ဟွာသတင်းဌာနက ဒီဇာတ်လမ်းတွဲ အကြောင်းကို သတင်း ရေးသားခဲ့ပါတယ်။
သက်တံ့မိသားစုကို ထုတ်လုပ်သူကတော့ လိင်တူချစ်သူ လူမှုကွန်ယက် app ၏ အမှုဆောင်ချုပ် လင်ဂျွေဒင်းက ထုတ်ထားတာပါ။ သူက အမေရိကန် ဇာတ်လမ်းတွဲ Will & Grace ကို အားကျလို့ လိုက်ထုတ်ထားတာပါလို့ပြောပါတယ်။ သူ အင်တာဗျူး တစ်ခုမှာပြောတာက
တရုတ်တွေ အများစုက လိင်တူချစ်ခြင်း မတရားမုန်းတီးနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကို ဘာမှာ မပက်သက်လာဘူးဆိုရင် လိင်တူချစ်ခြင်းကို မသိကျိုးကျွန်ပြုထားချင်ကြပါတယ်။
ဒီဇာတ်လမ်းတွဲကနေ Will & Grace က အမေရိကန်မှာ လုပ်ခဲ့သလိုမျိုး တရုတ်လူမျိုးတွေကို လိင်တူချစ်သူတွေရဲ့ အပေါ်မှာ အကောင်းမြင်စေမဲ့ အပြုသဘောဆောင်တဲ့ သရုတ်ဖော်မှုတွေကို ပေးစွမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။
သက်တံ့မိသားစုဟာ တရုတ်နိုင်ငံအတွင်းမှာတွင် မကပါဘူး။ တရုတ်အပြင်မှာပါ သက်ရောက်မှုတွေ ရရှိနေပါတယ်။ ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ် စာတန်းထိုးတွေနှင့်လည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
အင်္ဂလိပ် စာတန်းကိုတော့ ပထမဆုံး အတွဲရဲ့ အပိုင်း ၁ နှင့် ၂ မှာ ရရှိနေပါပြီ။
သင် တရုတ်စကား နားလည်တယ်ဆိုရင်တော့ အစအဆုံးကို ဇာတ်လမ်းရဲ့ Youtubeလိုင်းမှာ သွားကြည့်လို့ရပါတယ်။
0 comments:
Post a Comment