Search

Content

Monday, March 23, 2015

ဂေးယောက်ျားတွေနှင့် ပက်သက်လို့ Straight (လိင်ကွဲကို စိတ်ဝင်စားသူ)တွေ အသေမှတ်ထားတဲ့အချက် ၈ချက်

Straight တွေက ယောက်ျားချင်း စိတ်ဝင်စားတဲ့သူတွေကို လက်ခံလိုက်ပြီဆိုတဲ့အခါမှာ လက်ခံရုံနဲ့တင် မပြီးသေးပါ။ လက်ခံပြီးနောက် သတိထားရမယ့်အချက်၊ သိထားရမယ့် အချက်တွေကလည်း ရှိသေးတာပါ။ တခါတလေ အဲ့လိုလာပြီး ထင်တာတွေကို မဆင်မခြင် ပြောမှားဆိုမှားတွေလုပ်တာက ကျွန်တော်တို့ကို ဘေးကျပ်နံကျပ် ဖြစ်စေပါတယ်။ ဒီလို တစ်ဖက်သက် အသေမှတ်ထားတာတွေ ၈ခုလောက် ရှိပါတယ်။ 

၁။ ကျွန်တော်တို့အကုန်လုံးက လုပ်တဲ့သူ (top) မဟုတ်ရင် ခံတဲ့သူ (bottom)
Straight တွေ အမြဲတမ်း ယောက်ျားနှစ်ယောက်စုံတွဲတွေကို တွေ့တိုင်း ခေါင်းစားနေရတာက အဲ့ဒီစုံတွဲ အိပ်ယာထဲရောက်ရင် ဘယ်သူကဘာလဲပေါ့။ မှန်းကြည့်ရင်တောင် မှန်းကြည့်နေကြမှာ။ ဒါပေမဲ့ သူတို့ မတွေးပဲကျော်ထားတာက ကျွန်တော်တို့ အထဲမှာလည်း တချို့က စွယ်စုံရတယ် (versatile) ဆိုတာတို့ တချို့ယောက်ျားတွေက စအိုနဲ့လိင်ဆက်ဆံတာကို မကြိုက်တာတို့ ရှိတယ်ဆိုတာပါ။ အထူးသဖြင့် straight အမျိုးသမီးတွေထဲမှာ ခင်နေတာလဲဟုတ် သူတို့နဲ့ဘာမှ အကြောင်းပါစရာလဲမရှိဖြစ်နေတော့ အားမနာတန်း အိပ်ယာထဲမှာ ဘယ်လိုလုပ်ကြတယ်ဆိုတာ လိုက်မေးနေတာမျိုးတွေလဲရှိသေးတယ်။ တကယ်ပါပဲ၊  Straightတိုင်းက ကျွန်တော်တို့ စုံတွဲတွေကို မြင်ရင် ဘယ်သူလုပ်သလဲ၊ ခံသလဲဆိုတာပဲ လိုက်တွေးနေသလား။

၂။ ဂေးယောက်ျားကောင်းတစ်ယောက်ကို Straight ယောက်ျားကောင်းတစ်ယောက်ထက် ရှာရတာပိုလွယ်တယ်။
Straight အမျိုးသမီးအပေါင်းတို့ ခင်ဗျားတို့ ကျုပ်တို့နဲ့ အတူတူလျှောက်လည်တဲ့အခါမှာ ပျော်တာတွေကိုကြည့်ပြီးတော့ အပို်င်တော့တွက်မထားပါနဲ့။ ကျွန်တော်တို့က straight ယောက်ျားတွေထက် အများကြီး ဆန်းပြားကျယ်ပြန့်တယ် ပြီးတော့ အရည်အချင်းရှိတဲ့ ဂေးယောက်ျားတွေ အမြောက်အများရှိတယ်လို့ တွေးလိုက်ချင်ပေမဲ့ အမှန်တကယ်သာ အဲ့လိုဟုတ်နေရင် ကျွန်တော်ထဲမှာ တော်တော်များများက အထီးကျန်နေမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း Straight မမတွေ သီအိုရီထုတ်ထားတာက သူတို့ယောက်ျားတွေ၊ ရည်းစားတွေသာ ဂေးတွေရဲ့ အရည်အချင်းတွေရထားရင် သူတို့ တော်တော်ကောင်းမယ်ပေါ့။
သိထားသင့်တာက ကျွန်တော်တို့တိုင်းက Straight အမျိုးသမီးတွေ ကြိုက်တဲ့အရာတွေ (စျေးဝယ်ထွက်တာ၊ ကတာ၊ ခံစားချက်တွေပြောပြတာ)ကို လိုက်ကြိုက်ကြတာ မဟုတ်သလို တခါတရံ ကျွန်တော်တို့မှာလည်း လူသားတွေပဲမို့ ခင်ဗျားတို့ လင်ယောက်ျားတွေလိုပဲ ချွတ်ယွင်းချက်တွေနဲ့ပါပဲ။

၃။ Straight အမျိုးသမီးတစ်ယောက်က သူ့ကို ဂေးဖြစ်ပါတယ်လို့ပြောလာတဲ့ ယောက်ျားတစ်ယောက်ကို စနောက်ပြီး နာတာပဲ၊ နှမျှောစရာပဲလို့ပြောရင် ဒါမှမဟုတ် ပြောင်းလဲပစ်မယ်လို့ ပြောရင် ဂုဏ်ယူစရာလို့ သတ်မှတ်ရမယ်။
ကျွန်တော်တို့အနေနှင့် ယောက်ျားချင်းကြိုက်တာက ဘယ်နားက နာစရာရှိလို့လဲ။ ကျုပ်တို့ထဲက တစ်ယောက်ယောက်က ခင်ဗျားတို့ကို ပြန်မကြိုက်တာနဲ့ပဲ နှမျှောစရာဖြစ်သွားရောလား။

၄။ ဂေးတစ်ယောက် + နောက်ဂေးတစ်ယောက် = စုံတွဲဖြစ်ပြီ
Straight ယောက်ျားနဲ့ straight မိန်းမ သူငယ်ချင်းဖြစ်လို့ မရဘူးလို့ ရုပ်ရှင်တွေထဲမှာ ပြောချင်ပြောမယ် ဒါပေမဲ့ ဂေးနှစ်ယောက်ကတော့ အချင်းချင်း သူငယ်ချင်းဖြစ်လို့ ရပါတယ်။ မိတ်ဆက်ပေးလိုက်တဲ့ ခင်ဗျားတို့ သူငယ်ချင်းနဲ့ ဒါမှမဟုတ် ဟိုတစ်နေ့က ကျွန်တော် အတူတူ လျှောက်လည်နေတဲ့ ကောင်လေးနဲ့ ရည်းစားတွေ ဖြစ်သွားကြလိမ့်မယ်လို့တော့ အလိုလို မတွေးလိုက်ပါနဲ့။ 

၅။ ကျွန်တော်တို့က ခင်ဗျားရဲ့ ဂေးသူငယ်ချင်း နောက်တစ်ယောက်အတွက်တော့ ကွက်တိပဲ။ 
ယောက်ျားတစ်ယောက် နှင့် နောက်တစ်ယောက်ကြိုက်ကြဖို့ဆိုတာ ဂေးဖြစ်ရုံနဲ့တင် မလုံလောက်သေးပါဘူး။ ကျွန်တော်တို့မှာလည်း အကျင့်တွေစရိုက်တွေ မတူတာတွေလည်း ရှိပါတယ်။ တခါတလေ အဆင်မပြေရင် အခုမှစတွေ့လည်း မီးနဲ့ ဓာတ်ဆီ လိုပဲ။ အဲ့ဒီတော့ ကျေးဇူးတင်ပါတယ်၊ ဇွတ်တော့ မပေးစားပါနဲ့။ ကိုယ့်ဘာသာကိုယ် ကြည့်ကြိုက်ပါ့မယ်။

၆။ ယောက်ျားတစ်ယောက်ကို ချောတယ်လို့ထင်ရင် သူတို့နဲ့ အိပ်ဖို့ စဉ်းစားနေတယ်။
တခါတလေ ချောတဲ့ ယောက်ျားက ချောတဲ့ယောက်ျားပဲ။ ဒါပဲ။ မပူပါနဲ့၊ ကိုယ်ချောတိုင်း ကျွန်တော်တို့ အတင်းလိုက်ကြိုက်နေမယ်လို့ မထင်ပါနဲ့။ ခင်ဗျားက ကျွန်တော်တို့ ကြိုက်တဲ့ ယောက်ျားအမျိုးအစားထဲမှာ မပါတာလည်း လုံးဝဖြစ်နိုင်တယ်။

 ၇။ ကျွန်တော်တို့ တစ်ချိန်လုံးထိုင်ပြီး ဘယ်သူက ဂေးလဲဆိုတာ မှန်းနေကြတယ်။
ဘယ်မင်းသားတွေက ဂေးလဲ ဆိုတာကို လိုက်မှန်းရတာတော့ အပြင်းပြေချင်ပြေမယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းက ဒါတွေလုပ်ဖို့ အချိန်မအားပါဘူး။ အဲ့ဒီတော့ straight အမျိုးသမီးအပေါင်းတို့၊ တခါတလေ လူအုပ်ထဲမှာ ခပ်လန်းလန်း ယောက်ျားတစ်ယောက်ကို ငမ်းတာခြင်းဆုံသွားရင် ဒါမှမဟုတ် ခင်ဗျားတို့ရဲ ဘဲအလန်းစားကို ကြည့်မိသွားရင် သူက straight ဆိုတာကို အထူးလိုက်ထောက်ပြစရာမလိုပါဘူး။ ကျွန်တော်တို့ထဲက တချို့က ဒီကိစ္စတွေ စိတ်ကူးထဲတောင်ထည့်တာ မဟုတ်ပါဘူး။

၈။ ဂေးဖြစ်တဲ့သူတစ်ယောက်တစ်က တစ်ချိန်လုံး ဂေးနဲ့ပက်သက်တာပဲ စိတ်ထဲရှိတယ်။
ကျွန်တော်တို့ဘဝတွေမှာ ဂေးနဲ့ ပက်သက်တဲ့ ကိစ္စတွေအပြင် အခြားအရာတွေအများကြီးရှိပါသေးတယ်။ အဲ့တော့ နောက်တစ်ခေါက် ကျွန်တော်တို့နဲ့တွေ့ရင် ဒီကြောင်းတွေလာလာ မဆွေးနွေးလဲ ကျေနပ်တယ်။  

0 comments:

Post a Comment

မာတိကာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ