အခုခေတ်တိုးတက်တဲ့ နိုင်ငံတွေက ကုမ္ပကြီးတွေက သူတို့ရဲ့ Creative Advertising လို့ ခေါ်တဲ့ ဆန်းသစ်သော ကြော်ငြာတွေမှာ စားသုံးသူတွေကို သူတို့ရဲ့ ပစ္စည်းတွေကိုလည်း ကြေငြာရင်း ကြည့်တဲ့သူတွေရင်ထဲမှာ စွဲသွားစေမည့် ဇာတ်လမ်းတိုလေးတွေနဲ့ ပညာပေးတာတွေလည်း ပြုလုပ်လေ့ရှိပါတယ်။ အဲ့ဒီအထဲမှာ လိင်တူချစ်သူတွေရဲ့ အကြောင်းလေးတွေကို စိတ်ကြည်နူးစရာကောင်းလည်း ထည့်ထားတဲ့ ကြေငြာတွေလည်းရှိပါတယ်။ ဒါကြောင့် လုလင်စာဖတ်သူများအတွက် ၂၀၁၆ ခုနှစ်ထဲက အကောင်းဆုံး ကြော်ငြာလေးခုကို ရွေးချယ်ပေးလိုက်ပါတယ်။
Understanding
ကိုဒက် ကင်မရာ ကုမ္ပဏီရဲ့ အမေရိကန်ရှိ ကြေငြာ ဝန်ဆောင်မှုက ရိုက်ကူးထားတဲ့ Understanding ဆိုတဲ့ကြေငြာကတော့ လိင်တူချစ်သူဖြစ်တဲ့သားကို မိသားစုက နားလည်လက်ခံပေးခြင်းရဲ့ ကြည်နူစရာအကြောင်းပါတဲ့ ၃ မိနစ်စာကြေငြာပါ။SMART
ဖိလစ်ပိုင်နိုင်ငံရဲ့ ဖုန်းလိုင်းကုမ္ပဏီ SMART ရဲ့ ကြေငြာကတော့ ဖခင်နဲ့ သားအကြား တစ်ဦးကိုတစ်ဦးလက်ခံတဲ့အကြောင်းကို Facebook အကြောင်းပြုကာ ဇာတ်လမ်းလေးလုပ်ထားပါတယ်။ Facebook ပေါ်မှာ သူ့ချစ်သူနဲ့ ပုံတွေရှိတဲ့ သားဟာ သူ့အဖေမြင်မှာစိုးလို့ Facebookပေါ်မှာ သူငယ်ချင်းဖြစ်ဖို့ လက်မခံရဲရာက နေ အဖေကို လက်ခံခဲ့ရာမှ အဖေကလည်း သူ့သားကို လက်ခံတဲ့အကြောင်းကို ရိုက်ထားတာပါ။
0 comments:
Post a Comment