'နှလုံးခုန်သံတစ်ချက်'လို့အမည်ရတဲ့ ကောင်လေးနှစ်ယောက်ကြားရင်ခုံမှုလေးကို ဖော်ကျူးထားတဲ့ ရုပ်ပုံဇာတ်လမ်းတိုလေးဟာ အင်တာနက်မှာလူတိုင်းရဲ့ စိတ်နှလုံးကို ကြည်နှုးသွားစေပါတယ်။ ဇာတ်လမ်း (animation) ဆွဲသူ Beth David နဲ့ Esteban Bravo ကတော့ လူငယ်တိုင်းအား မေတ္တာနှင့် ထွေးပိုက်လက်ခံခြင်းဆိုတဲ့အကြောင်းကို မြင်စေချင်တာမို့ လိင်တူချစ်သူမေတ္တာဇာတ်လမ်းတစ်ခုကိုရေးဆွဲဖို့ အရေးကြီးလှတယ်လို့ ပြောပါတယ်။ အထူးမိမိကိုယ်ကို လိင်တူချစ်သူတစ်ဦးဖြစ်ခြင်းအပေါ် လက်ခံပေးရန်ခက်ခဲပြီး အခြားတစ်ယောက်ကို ချစ်ရမှာကို မဝံရဲတဲ့ လိင်တူချစ်သူလူငယ်များကို မေတ္တာနှင့် လက်ခံမှုဟာ အရေးကြီးကြောင်း သဘောပေါက်စေချင်တာပါ။
ရှပ်ရှင်ပွဲတော်အများအပြားက သက်ဝင်တဲ့ဇာတ်ကောင်းလေးနဲ့ ကြည်နူးစရာ နောက်ခံသီချင်းလေးပါတဲ့ ဒီဇာတ်လမ်းလေးကို ချီးကျူး ထောမနာပြုခဲ့ကြပါတယ်။ ကဲ ၄ မိနစ်သာသာပဲရှိတာမို့ ဇာတ်လမ်းလေးကို အောက်မှာကြည့်ကြည့်လို့ရပါတယ်။
0 comments:
Post a Comment