Search

Content

Monday, August 7, 2017

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး (အပိုင်း (၆) ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်)

လိင်တူချစ်သူယောက်ျားများအတွက် တကိုယ်ရည်ကာယ ကျန်းမာရေး

သွား နှင့် ခံတွင်းအကြောင်း (အပိုင်း ၁) ကို ဖတ်ရန်

ခြေသည်းလက်သည်း နှင့် ဆံပင် အကြောင်း (အပိုင်း ၂) ကို ဖတ်ရန်

အရေပြားအကြောင်း (အပိုင်း-၃) ကို ဖတ်ရန်

လိင်အင်္ဂါအကြောင်း (အပိုင်း-၄) ကို ဖတ်ရန်

ဝှေးစေ့ နှင့် နှင့် ဆီးကြိတ် (အပိုင်း-၅) ကို ဖတ်ရန်

 အပိုင်း (၆) - ပါးစပ်၊ လည်ချောင်း နှင့် အစာခြေစနစ်

ပါးစပ် နှင့် လည်ချောင်း

ပါးစပ်သည် ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ အစာခြေစနစ်၏ အစပိုင်းဖြစ်သည်။ လည်ချောင်းသည် ပါးစပ်၏ အနောက်တွင်ရှိပြီး အစာများကို အစာအိမ်သို့ သယ်ဆောင်ပေးသည့် ပြွန်ချောင်း esophagus နှင့် ချိတ်ဆက်ပေးသည်။ ပါးစပ်သည် ပျော့ပြီး ချွဲသော အမြှေးများနှင့် ဖုံးအုပ်ထားပြီး ချောမွှေ့သော ကြွက်သားများရှိကာ ဘက်တီးရီးယားများနှင့် အခြားကူးစက်မှုများအပေါ် ခံနိုင်ရည်ရှိသည်။ လျှာသည် သန်မာပြီး ဘက်စုံကျွမ်းကျင်သော ကြွက်သားဖြစ်ကာ စကားပြောခြင်း၊ အရသာခံခြင်း၊ ပါးစပ်တွင်း အစာကို နေရာရွှေ့ခြင်းနှင့် မျိုချခြင်း စသည်တို့ကို လုပ်ဆောင်ပေးသည်။ သို့သော် လျှာသည်လည်း အခြားသော ကြွက်သားများကဲ့သို့ပင် ကြာရှည်စွာအသုံးပြုပါက ညောင်းညာပင်ပန်းတတ်သည်။ ထို့ကြောင့် ကြာရှည်စွာ ပါးစပ်နှင့် လိင်ဆက်ဆံခြင်းဖြင့် လျှာညောင်းလာခြင်းဖြစ်သည်။ လျှာသည် ရသာခံများဖြင့် ဖုံးအုပ်ထားပြီး အဓိကအရသာများဖြစ်သော အချဉ်၊ အငံ၊ အခါး နှင့် အချိုတို့ကို ဆုံးဖြတ်ပေးနိုင်သည်။ ၎င်းတို့ကို အပိုင်းသုံးပိုင်းတွင် ခွဲထားသည်၊ အငံနှင့် အချိုကို အရှေ့ဖြားပိုင်း၊ အချဥ်ကို ဘေးနှစ်ဖက်နှင့်၊ အခါးကို အလည်နှင့်နောက်ဖက် ဟူ၍ခွဲထားသည်။

တံတွေး

ပါးစပ်တွင် တံတွေးအကျိတ်သုံးကျိတ်ရှိသည်။ တံတွေးတွင် ၉၉ ရာခိုင်နှုန်းမှာ ရေဖြစ်ပြီး ၁ ရာခိုင်နှုန်းမှာ အစာခြေအင်ဇိုင်းပါဝင်ကာ ဝါးပြီးနောက်သွားများခြေခွဲထားသာ အစာများကို ထိုအင်ဇိုင်းများကခြေဖျက်ပြီး မျိုချရာတွင် ချောမွှေ့အောင်လုပ်ပေးသည်။ တံတွေးသည် ပါးစပ်အတွင်းရှိ အမြှေးပါးများကိုကာကွယ်ရန် ဝင်လာသော ရောဂါပိုးများ၊ ဘက်တီးရီးယားများကိုလည်း ဖျက်စီးနိုင်ပြီး သွားများယို့ယွင်းခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ပါးစပ်၊ လျှာ နှင့် နှုတ်ခမ်းများ စိုစွတ်ရန် နှင့် ပါးစပ်တွင်းချောမွှေ့စေရန် တံတွေးကို အဆက်မပြတ် ထုတ်လုပ်ပေးပါသည်။ ခန္ဓာကိုယ်တွင်း ရေနည်းပါးချိန် နှင့် စိတ်ဖိမှုများချိန်တွင် တံတွေးထုတ်လုပ်မှုကို လျှော့ချပြီး ခန္ဓာကိုယ်အတွင်း ရေထိန်းသိမ်းထားသည်။ ထို့ကြောင့် ပါးစပ်/အာခေါင်ခြောက်ခြင်းဖြစ်ပေါ်ကာ ရေဆာခြင်းကို ဖြစ်စေသည်။ ရေသောက်ခြင်းဖြင့် ပါးစပ်ကို ပြန်လည် စိုစွတ်စေရုံသာမက ခန္ဓာကိုယ်အတွင်းလည်း လိုအပ်သောရေ နှင့် ရေမျှတမှုကို ပြန်လည်ရရှိစေသည်။

ပျို့ခြင်း၊ သီးခြင်း၊ နင့်ခြင်း

ပါးစပ်၏ အနောက်ပိုင်းရှိ တုန့်ပြန်လွယ်သော ကြွက်သားများသည် ချွန်တက်သော၊ မာကြောသော၊ ကြီးမားသော အရာများကို အာရုံခံနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအရာများ လည်ချောင်းထဲဝင်မလာစေရန် gag reflex ခေါ် ပျို့ခြင်း၊ သီးခြင်း၊ နင့်ခြင်း စသည့် ခံစားမှုတို့ဖြင့် အလိုလျောက်တုံပြန်မှုကိုပြုလုပ်ကာ အထဲဝင်မလာစေရန် ငြင်းဆန်ခြင်းဖြစ်သည်။ ချွန်တက်သောအရာများ၊ ကြီးမားသော အစာတုံးများ၊ ဖုန် နှင့် ဝတ်မှုံစသကဲ့သောအရာများနှင့် ပြင်ပမှမလိုလားသော အရာများကို လည်ချောင်းပြွန်ထဲကို မဝင်စေရန်လည်း သီးခြင်းကို ပြုလုပ်ကာ ငြင်းဆန်ခြင်းဖြစ်သည်။ အကယ်၍ ပါးစပ်ဖြင့်လိင်ဆက်ဆံလျှင် အာခေါင်နားထိ နက်ရှိုင်းစွာ ထိုးသွင်းဆက်ဆံသည့်အခါ ပျို့ခြင်းဖြစ်ပေါ်ခြင်းမှာ ခန္ဓာကိုယ်မှ အလိုလျောက်တုံပြန်မှုပြုလုပ်ခြင်းသာဖြစ်သည်။ သို့သော် အတွေ့အကြုံများလာသောအခါ ကျွန်ုပ်တို့၏ ဦးနှောက်ကို လက်ခံပေးနိုင်အောင် လေ့ကျင့်ပေးနိုင်လျှင် ထိုသို့ပျို့ခြင်းမဖြစ်ပေါ်တော့ပါ။

ကျွန်ုပ်တို့ အစာမျိုချသောအခါ အာခေါင်တွင် epiglottisခေါ် အဖုံးငယ်လေးသည် အဆုတ်သို့သွားသော လေပြွန်ပေါက်ကိုပိတ်ကာ အစာများဝင်ခြင်းကို ကာကွယ်ပေးသည်။ အကယ်၍ အစာမျိုချစဉ် စကားပြောခြင်း စသကဲ့အရာများပြုလုပ်ပါက အဖုံးသည် အချိန်မှီမပိတ်နိုင်ပဲ အစာများ ပြွန်မှားဝင်သွားလျှင် သီးခြင်းဖြစ်ပေါ်ကာ အစာကို ပြွန်မှန်သို့ ပြန်ပို့ပေးသည်။

အသက်ရှူကျပ်ခြင်းဖြစ်ပေါ်ခြင်းမှာ ခန္ဓာကိုယ်မှ လေအလုံအလောက်မရရှိခြင်းကြောင့် အသက်ပိုရှူစေရန် အလိုလျောက်တုံပြန်မှုပြုလုပ်ကာ အသက်ရှူကျပ်ခြင်းခံစားမှုကို ပေးခြင်းဖြစ်သည်။

အစာအိမ်

မျိုချပြီးလျှင် အစာများသည် လည်ပြွန်(esophagus) မှတဆင့် အစာအိမ်သို့သွားသည်။ အစာအိမ်ထဲတွင် ၆ နာရီထိ အစာများကို ထားထားနိုင်ပြီး အက်စစ်နှင့် အင်ဇိုင်းများက အစာများအရည်တစ်ပိုင်းဖြစ်သည်အထိ ခြေဖျက်သည်။ အစာအိမ်ထဲတွင် အစာများ ဘယ်လောက် ကြာကြားထား (သို့) အစာအိမ်မှ ဘယ်လောက်မြန်မြန် အူထဲထို့ပို့သည်မှာ စားထားသောအစာ နှင့် အူလမ်းကြောင်းထဲတွင် ဘာရှိသည်တို့အပေါ် မူတည်သည်။ အစာအိမ်နှင့် စအိုသို့ ချိတ်ဆက်ထားသော အာရုံကြောများသည် အူလမ်းကြောင်းတွင် အစားအစာများ ရွေ့ရှားမှုကို ထိန်းချုပ်သည်။ ဥပမာ သင်ဝမ်းချုပ်နေလျှင် သို့မဟုတ် စအိုနှင့် လိင်ဆက်ဆံနေချိန်တွင် သင့်အစာအိမ်ထဲ၌ မအီမသာဖြစ်ခြင်း၊ နာကျင်ခြင်းစသည်တို့ ဖြစ်တတ်သည်။ တခြားတဖက်တွင် ကျွန်ုပ်တို့အစာစားသောအခါ တခါတရံတွင် အိမ်သာတက်ချင်သလို ခံစားရသည်မှာ ပုံမုန်ဖြစ်သည်။

အူလမ်းကြောင်း

အူလမ်းကြောင်းတစ်လျှောက် ခြေဖျက်ထားသော အစာများသည် ဖြတ်သွားပြီး အူနံရံမှ ရေ၊ ဆား နှင့် အဟာရများကို စုတ်ယူကာ အကျွင်းကျန်များသည် ပို၍ အခဲဖြစ်လာသည်။ အူလမ်းကြောင်းတစ်လျှောက်ဖြတ်သွားပြီး စအိုအရောက်တွင် စွန့်ပြစ်ရန်အဆင်သင့်ဖြစ်သော အကျွင်းအကျန်များကို သိုလှောင်ထားသည်။ အစာခြေလမ်းကြောင်းတစ်ခုလုံးသည် ပါးစပ်မှ စအိုအထိ ပေ၃၀ရှည် (၉ မီတာ) ရှည်သော ရာဘာကဲ့သို့သော ပြွန်ချောင်းရှည်ဖြစ်ပြီး နံရံများတွင် အစာကိုရွေ့ရှားပေးသော ကြွက်သားများရှိကာ အခန်းများနှင့် တခါးပေါက်များဖြင့် စီမံခန့်ခွဲသော စနစ်တစ်ခုဖြစ်သည်။

စအို၊ စအိုပြွန် နှင့် စအိုပေါက်

ကျွန်ုပ်တို့၏ တင်ပါး/စအိုပေါက်သည် ခန္ဓာကိုယ်ရှိ အစာခြေစနစ်၏ အဆုံးပိုင်းဖြစ်သည်။ အစာခြေစနစ်မှ ကိုယ်ခန္ဓာကိုယ်အတွက် အကျိုးရှိသော အဟာရများကို စုတ်ယူပြီးနောက် ပိုနေသော အရာများကို မစင်အဖြစ် ခန္ဓာကိုယ်အပြင်သို့ စအိုပေါက်မှတဆင့် စွန့်ထုတ်သည်။

အူမကြီးအဆုံးနှင့် စအို တွေ့သောနေရာတွင် ကြွက်သားဝိုင်းများက အူမကြီးကို ပိတ်ထားရန် ကူညီပေးသည်။ ထိုရှုံဆန့်၍ရသော ကြွက်သားများသည် စွန့်ပစ်ရန်ပစ္စည်းများကို စအိုအတွင်းသို့ ဝင်ရန်မဝင်ရန် ထိန်းချုပ်ပေးသည်။ သို့မဟုတ်ပါက စအိုအတွင်းတချိန်လုံးပြည့်နေမည်ဖြစ်ပြီး ကျွန်ုပ်တို့ အဆက်မပြတ် အိမ်သာတက်ချင်နေမည် ဖြစ်သည်။

ကျွန်ုပ်တို့၏ စအိုသည် ကျုံဆန့်၍ရသော ၄ လက်မ မှ ၅ လက်မရှည်သော ကြွက်သားပြွန်ဖြစ်ပြီး မစင်များပြည့်နေချိန်တွင် လက်သီးတစ်ဆုတ်စာ ဆန့်၍ရသည်။ စအိုအောက်တွင် စအိုပြွန်ရှိပြီး ၁ လက်မ မှ ၂ လက်မ ရှည်ကာ စအိုပေါက်တွင်ဆုံးသည်။ စအို၏ အတွင်းမျက်နှာပြင်သားနှင့် စအိုပြွန်သည် သသာဝ အချွဲလွှာရှိပြီး ၎င်းသည် မစင်စွန့်ရာတွင် ချောမွှေ့စေရန် နှင့် ရောဂါပိုးဝင်ခြင်းအား တားဆီးရန်တို့ကို ပြုလုပ်ပေးသည်။ အကယ်၍ ထိုမျက်နှာပြင်ကို ပွတ်ပါက ထို အချွဲများကုန်သွားသောကြောင့် အကယ်၍ စအိုတွင်း တစ်ခုခုထည့်မည်ဆိုပါက ချောဆီထပ်သုံးရန် အရေးကြီးသည်။

စအိုပြွန်၏ အဆုံးတွင် စအိုပေါက်ရှိပြီး ကျုံ့ဆန့်၍ရသော အပြန်အလှန်ချိတ်ဆက်နေသည့် ကြွက်သားဝိုင်းနှစ်ခုနှင့် ပြုလုပ်ထားသည်။ ကြွက်သားတစ်ခုသည် ကျွန်ုပ်တို့ စိတ်နှင့်ထိန်းချုပ်၍ မရနိုင်ပဲ ခန္ဓာကိုယ်အတွင်းမှ အချက်ပေးချက်များပေါ်သာ မူတည်သည်။ ထိုကြွက်သား အလုပ်မလုပ်တော့သောအခါ ဝမ်းမထိန်းနိုင်သော အခြေအနေများကိုရောက်သည်။ အခြားကြွက်သားတစ်ခုကိုတော့ ကျွန်ုပ်တို့ စိတ်နှင့်ထိန်းချုပ်နိုင်ပြီး ကျုံခြင်း လျှော့ခြင်းတို့ကို ပြုလုပ်နိုင်သည်။

အိမ်သာတက်ခြင်း

အူမကြီးအဆုံးရှိ စွန့်ထုတ်ရမည့် အရာများ၏ အလေးချိန်သည် အူနံရံကို ဖိနှိပ်သည်နှင့်အမျှ ကျုံ့ဆန့်ကြွက်သားများကို အချက်ပေးလိုက်ပြီး မစင်များကို စအိုအတွင်းသို့ပို့ပေးထားသည်။ သင်သည် အိမ်သာသွားရန် အဆင်သင့်ဖြစ်ပါက စအိုဝရှိ ကျုံ့ဆန့်ကြွက်သားများသည် လျှော့သွားပြီး စအိုပြွန်မှတဆင့် အပြင်သို့ထုတ်ပေးသည်။

အကယ်၍ စအိုနှင့် လိင်ဆက်ဆံသောအခါ ရှည်လျှားကြီးမားသော လိင်တံများသည် သင့်စအိုကို တချက်ချက် အပေါ်သို့ ဆောင့်ထိုးခြင်းမျိုးပြုလုပ်သောအခါ စအိုတွင်းနံရံကို ရိုက်မိပြီး နာကျင်မှုဖြစ်နိုင်သည်။ စအိုသည် ကျုံဆန့်မှုအာရုံကိုသာ ခံစားနိုင်ပြီး စအိုပြွန်သည် အပူချိန်၊ ထိတွေ့နှင့် နာကျင်မှုစသည့် အာရုံများခံစားနိုင်သည်။ ထို့ကြောင့် လိင်ဆက်ဆံရာတွင် စအိုပြွန်သည် ခံစားမှုရှိနိုင်သည်။ စအိုအပေါ်ပိုင်းတွင် နာကျင်မှုနှင့်ထိခိုက်မှုကို အာရုံခံနိုင်သော အကြောများမရှိသည့်အလျှောက် ၎င်းနေရာထိ ထိုးသွင်းလိင်ဆက်ဆံခြင်းသည် အန္တရာယ်များနိုင်သည်။

စအို၏ အပေါ်ဘက် (ဗိုက်ဘက်)တွင် ကြက်သွန်ဥအရွယ်ရှိသော ဆီးကြိတ်ရှိသည်။ ၎င်းကို လှူံဆော်ခြင်း (သို့) ပွတ်သက်ခြင်းသည် ကာမခံစားမှုကိုပေးသောကြောင့် မှန်ကန်သော အနေအထားနှင့် စအိုဖြင့် လိင်ဆက်ပါက နှစ်လို့ဖွယ်ရာကာမစည်းစမ်ရရှိနိုင်ခြင်းဖြစ်သည်။

ချို့ယွင်းမှုများ

အကြောင်းအမျိုးမျိုးတို့ကြောင့် အစာခြေစနစ်နှင့် ပက်သက်သော ကျန်းမာရေးချို့ယွင်းမှုများ ဖြစ်တတ်သည်။ ဥပမာ ကျုံ့ဆန့်ကြွက်သားများ အလုပ်မလုပ်တော့သောအခါ ဝမ်းမထိန်းနိုင်မှုဖြစ်ခြင်း၊ စအိုပြွန်တွင် အနာများ၊ အက်ကွဲမှုများဖြစ်ခြင်းတို့ကြောင့် နာကျင်ခြင်း အိမ်သာတက်ရန် ခက်ခဲခြင်း၊ ဝမ်းနုတ်ဆေးများ အဆက်မပြတ်အသုံးပြုလျှင် စအိုတဝှမ်းရှိ အာရုံကြောများ ပျက်ဆီးစေကာ ဝမ်းချုပ်ခြင်း (သို့) ဝမ်းပျက်ခြင်း စသည်တို့ဖြစ်နိုင်သည်။ အကယ်၍ သင်သည် တခုခုပုံမှန်မဟုတ်သည်ကို ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ကာကွယ်ခြင်း (သို့) စောစီးစွာကုသခြင်းသည် ရောဂါထိုင်ခံစားနေခြင်း သို့မဟုတ် အခြေနေဆိုးသည်အထိစောင့်နေခြင်းထက် အများကြီးသာပါသည်။

ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောသည် အူလမ်းကြောင်းနံရံများ ရောင်ကိုင်းခြင်းနှင့် ကူးစက်ခြင်းတို့ကြောင့် ဖြစ်ခြင်းဖြစ်သည်။ သဘာဝအလျောက် ခန္ဓာကိုယ်သည် ထိုပြဿနာကို ဖြေရှင်းရန် ထိုအရာများကို အန်ထုတ်၍သော်လည်းကောင်း ဝမ်းမှတဆင့်စွန့်ထုတ်ခြင်းတို့ကို ပြုလုပ်သည်။ အစာများကို အူလမ်းကြောင်းတဆင့် တွန်းထုတ်စဉ်ကြွက်သားများသည် အလွန်အလုပ်လုပ်လာသောကြောင့် ဗိုက်အောင့်ဗိုက်နာခြင်းဖြစ်သည်။ ယေဘူယအားဖြင့် ခန္ဓာကိုယ်သည် အလိုလျောက်သူ့ကိုယ်သူ ကုသခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ဆုံးရှုံးသွားသော ရေနှင့် ဓာတ်သတ္ထုများကို ပြန်လည်ဖြည့်တင်းပေး ရေများများသောက်ပေးခြင်း (သို့) ဓာတ်ဆားရေသောက်ပေးခြင်းတို့ဖြင့် ကုသနိုင်သည်။ အကယ်၍ ရောဂါလက္ခဏာများ မပျောက်ပါက ဆရာဝန်ပြသင့်သည်။

ဝမ်ချုပ်ခြင်း

ဝမ်ချုပ်ခြင်းသည် အစားသောက်ထဲတွင် အမျှင် နှင့် အသီးအရွက်တို့လုံလောက်စွာ မပါဝင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ အူမကြီးအတွင်းဖြတ်သွားသော အစာများသည် ကြာရှည်စွာ ရေစုတ်ယူခံရသောအခါ မာကြောလာပြီး ဆက်လက်ထားရှိသည်နှင့်အမျှ ပို၍ခြောက်သွေ့လာသည်။ အိမ်သာတက်သောအချိန်တွင် ထိုမာကြောသော အရာများသည် အူနံရံ၊ စအိုနံရံနှင့် စအိုပြွန်နံရံတို့ကို ပွန်းတိုက်သောကြောင့် နာကျင်မှုဖြစ်ရသည်။

လိပ်ခေါင်း

လပ်ခေါင်းဆိုသည်မှာ စအိုပြွန်အောက်နားအပိုင်းရှိ မျက်နှာပြင်မှ သွေးကြောများရောင်ကိုင်းလာပြီး သွေးအိပ်ကလေးများဖြစ်ပေါ်ခြင်းကိုခေါ်သည်။ အစပိုင်းတွင်၎င်းတို့သည် စအိုပြွန်အတွင်း၌ရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ ဖိအားကြောင့် အောက်သို့ဆင်းလာပြီး စအိုပေါက်အပြင်ဘက်သို့ ရောက်လာသည်။ ဝမ်းချုပ်နေပါက နာကျင်မှုသည် ပိုဆိုးရွားနိုင်သည်။ တခါတရံတွင် ထိုသွေးများသည် အလိုလျောက်ခန္ဓာကိုယ်တွင်းသို့ ပြန်ဝင်သွားပြီး ပျောက်ကင်းသွားနိုင်သော်လည်း တခါတရံတွင် ထိုအိတ်များပေါက်ထွက်သွားပြီး သွေးများထွက်လာသည်။

ကျွန်ုတို့၏ စားသောက်နေထိုင်ပုံ

စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ မျှတသင့်တင့်သော ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာများကို စားသုံးခြင်း၊ ရေလုံလောက်စွာသောက်သုံးခြင်းဖြင့် ကျွန်ုပ်တို့၏ အစာခြေစနစ်ကိုကောင်းမွန်အောင်ထားနိုင်ပြီး ပြသနာကင်းရှင်းအောင်ထားနိုင်ပါသည်။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ ကျန်းမာရေးနှင့် ညီညွတ်သော ကောက်ပဲသီးနှံ၊ ဆန်ညို၊ ဂျုံကြမ်း၊ ပဲအမျိုးမျိုး စသည်တို့သည် အစာခြေစနစ်တွင် အစာများကိုရွှေ့လျှားစေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်သော အရာများဖြစ်ကြသည်။ ဝမ်းချုပ်ခြင်းကိုဖြစ်စေသောအရာများမှာ နို့ထွက်ပစ္စည်းများ၊ အဆီများသော အစားအစာ နှင့် အမြှင်မပါသော အစားအစာတို့ဖြစ်ကြသည်။ အကယ်၍ ဝမ်းချုပ်ခြင်းသည် ရေရှည်ပြသနာဖြစ်လာပြီး နာကျင်မှုရှိပါက၊ ဆရာဝန်နှင့် ပြသင့်သည်။ လိင်တူချစ်သူများအနေနှင့် စအိုနှင့် လိင်ဆက်ဆံသူတစ်ဦးဖြစ်ပါက မိမိ၏ စားသောက်နေထိုင်ပုံကို သတိဝရိယထားခြင်းဖြင့် ကျန်းမာသော အစာခြေစနစ်ကို ထိန်းသိမ်းကာပျော်ရွင်သော လိင်မှုဘဝကိုလည်း ရရှိနိုင်မှာပင်ဖြစ်ပါသည်။

တကိုယ်ရည်ကာယကျန်းမာရေးအကြောင်းကိုဖတ်ရှုပြီး မိမိခန္ဓာကိုယ်အကြောင်းကို နားလည်းကာ လိင်တူချစ်သူယောက်ျားများအားလုံးလည်း ကျန်းမာပျော်ရွင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

0 comments:

Post a Comment

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ