Web Series လို့ခေါ်တဲ့ အင်တာနက် ဇာတ်လမ်းတွဲ ဆိုတာတွေဟာ သာမာန် ကုမ္ပဏီကြီးတွေက ထုတ်တဲ့ ဇာတ်လမ်းတွဲတွေနဲ့ မတူပါဘူး။ ပုံမှန်ဆို သူတို့က အပိုင်းတစ်ပိုင်းလျှင် ၄ မိနစ်ကနေ ၁၅ မိနစ်အကြားပဲ ရှိတတ်ပြီး အတွဲတစ်တွဲကိုလည်း အပိုင်းအနည်းအငယ်သာ ရှိတတ်ပါတယ်။ သူတို့က အသေးစား ထုတ်လုပ်မှုများသာ ဖြစ်ကြပြီး သူတို့ကို ဖြန်ချီတဲ့ အဓိက လှိုင်းက အင်တာနက်ပေါ်က Youtube မှတဆင့်ဖြစ်တဲ့ အတွက် အင်တာနက် ဇာတ်လမ်းတွဲ သို့ Youtube ဇာတ်လမ်းတွဲလို့ ခေါ်တာပါ။ သူတို့တွေက အကျိုးအမြတ် မကြည့်တဲ့ ရိုက်ကူးတာမျိုးဖြစ်တဲ့ အတွက် သူတို့ရဲ့ ရိုက်ကူးရေး ကုန်ကျမှုများကို ထုတ်လုပ်သူတွေ ကိုယ်တိုင် စိုက်ထုတ်ပြီး ရိုက်ကူးရတာမျိုး ရှိသလို အချို့ အဖွဲ့အစည်းများက (သို့) အစိုးရ ဝန်ကြီးဌာနတွေက ပညာပေးချင်လို့ ထောက်ပံ့တာမျိုး ရှိပြီး ဇာတ်လမ်းတွဲ သိပ်ကောင်းတဲ့အခါ ပရိတ်သတ် ကိုယ်တိုင်က ဝိုင်းဝန်း လှူဒါန်း တာမျိုးလည်း ရှိပါတယ်။ ငွေကြေးတတ်နိုင်မနိုင်၊ လူကြည့်နည်းများ၊ အောင်မြင်မမြင် စသည်တို့အပေါ် မူတည်ပြီး နောက်ဆက်အတွဲများ ဆက်လက် ရိုက်ကူးသင့်မကူးသင့် ဆုံးဖြတ်လေ့ရှိကြပါတယ်။ အမြတ်လည်းမရ ငွေကြေး အကျပ်အတည်းတွေနှင့် ရိုက်ကူးတာဖြစ်ပြီး နည်းပညာကိုလည်း နိုင်နိုင်မသုံးနိုင်ပဲ သရုပ်ဆောင်တွေက ဝါသနာရှင် အဆင့်မှာလည်း ရှိတာမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်လမ်းတွဲ တွေဟာ အမြတ်ရဖို့ ရိုက်ကူးတဲ့ ရုပ်ရှင်အကြီးစားတွေနှင့် ယှဉ်လျှင် အရည်အသွေးက နိမ့်တာတော့ မှန်ပေမဲ့ ဖန်တီးသူရဲ့ အစွမ်းအစ၊ ဖန်တီးဉာဏ်၊ တီထွင်ကြံစမှု နှင့် ပါရမီတို့ကို သရုပ်ဆောင်တွေရဲ့ အားတက်ပါဝင်မှုတို့နှင့် ပေါင်းစပ်လိုက်ရင် တမူထူးခြားတဲ့ အနုပညာ အတွေ့အကြုံကို ပေးနိုင်တဲ့ အတွက် အချို့ အင်တာနက် ဇာတ်လမ်းတွဲတွေကို လူတွေ နှစ်သက်ကြပါတယ်။
ဒီတစ်ခါက်မှာတော့ အမေရိကန် ကယ်လီဖိုးနီးယားက အနုပညာရှင်တွေ ဖန်တီးထားတဲ့ Paper Boys ကို ပြောပြချင်ပါတယ်။ အသက်၂၀ကျော်အရွယ် လူမျိုးပေါင်းစုံပါတဲ့ သူငယ်ချင်းတစ်စုဟာ ဆန်ဖရန်စစ်စကိုမြို့မှာ မေတ္တာရေး၊ ဘဝထူထောင်ရေး အခက်အခဲများကို ရုန်းကန်နေတဲ့ ဇာတ်အိမ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ ထူးခြားတာတစ်ခုက အနောက်တိုင်းသားတွေကိုပဲ ခေါင်းဆောင်တင်ပြီး ရိုက်လေ့ရှိတဲ့ အမေရိကန် ဇာတ်လမ်းများသာ တွေ့ရလေ့ရှိတဲ့ အချိန်မှာ Paper Boys ရဲ့ အဓိက ဇာတ်ကောင်ဟာ အာရှတိုက်နွယ်ဖွား တစ်ယောက်ပါ။ ဇာတ်လမ်းကို တမူထူးအောင် စိတ်ကူးယဉ် အရိပ်အယောင်နှင့် ရိုက်ကူးထားပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါရိုက်တာက
ကျွန်တော်တို့ ဇာတ်လမ်းတွဲကို အခြား လိင်တူချစ်သူ ဇာတ်လမ်းမျိုးတွေလို ခပ်ရိုးရိုး မရိုက်ကူးချင်ပါဘူး။ ပြီးတော့ ဇာတ်ကားထဲမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ မတူကွဲပြားသူ အားလုံးပါဝင်တယ် ဆိုတဲ့ အချက်ကိုလည်း ပြောပြချင်ပါတယ်။ ပြီးတော့ ဇာတ်ကောင်တွေရဲ့ ဘဝ လှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ရဲ့ တကယ် လက်တွေ့ ဘဝ နှင့် ထင်ဟပ်နိုင်အောင် ပြုလုပ်ထားခြင်းဖြင့် ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ လိင်တူချစ်သူ၊ လိင်ကွဲချစ်သူ ဘာမှ ပက်သတ်မှု မရှိပဲ လူတိုင်းကြုံတွေ့ရတဲ့ ဓမ္မတာ ပဲဆိုတာကို ပြချင်တာပါ။ဟု အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
Paper Boysကို အပိုင်း ၁ နှင့် ၂ သာ ရိုက်ကူး ရသေးတာဖြစ်ပေမဲ့ ကြည့်ရှုသူတွေက နှစ်လိုဖွယ် မှတ်ချက်တွေရရှိနေတာကြောင့် သူတို့ဟာ ၃ နှင့် ၄ ကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပြီး ကုန်ကျစရိတ်တွေကို တတ်နိုင်ဖို့ သူတို့ရဲ့ ပရိတ်သတ်တွေဆီကနေ တောင်းခံထားပါတယ်။
အခုတော့ အပိုင်း ၁၊ ၂ နှင့် ၃ ကို Youtube မှာ အလကား ကြည့်လို့ ရနေပါပြီ။
0 comments:
Post a Comment