လျှို့ဝှက်ချက်တွေကို လူမသိအောင် ရင်ဖွင့်လို့ရတဲ့ စမတ်ဖုန်း app တစ်ခုဖြစ်တဲ့ Whisper ဆိုတဲ့ appမှာ မြို့ငယ်လေးတွေမှာနေထိုင်တဲ့ လိင်တူချစ်သူတွေက သူတို့ အခက်အခဲတွေကို တိတ်တစိတ် ပြောပြထားပါတယ်။ သင်လည်း မြို့ငယ်ကလေးမှာ နေထိုင်ခဲ့ရင် ဒီလို အခက်အခဲတွေ ကြုံတွေ့ခဲ့ဖူးတယ်ဆိုရင် သင်ဟာတစ်ယောက်တည်း မဟုတ်ပါဘူး။ သင့်ရဲ့အတွေ့အကြုံကကော် သူတို့နဲ့ ဘယ်လိုကွာခြားပါသလဲ။
ဒီကဘဝကို မုန်းလို့ တခါတစ်ရံ ဒီကနေပြောင်းသွားပြီး ဘဝသစ်စလိုက်ချင်တဲ့ စိတ်ပေါက်တယ်။ ဂေးဖြစ်တာကို လူတွေ လက်ခံတဲ့ နေရာ တစ်နေရာရာကိုပေါ့။
ဒီနေရာမှာ ကျွန်တော့် မိဘတွေနှင့် အတူထိုင်နေစဉ် အခြား ပျော်ရွင်နေတဲ့ ယောက်ျားချင်းစုံတွဲကို ကြည့်နေရတာကို မုန်းတယ်။ ကျွန်တော်လည်း အဲ့လိုဖြစ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို လက်မခံဘူး။
ကျွန်တော် ကိုယ့်ကိုကိုယ် ဂေးတစ်ယောက်လို့ထင်ပါတယ်။ ဒါပေမယ့် ဘယ်ကစရမလဲ မသိဘူး။ ကျွန်တော်က ရှေးရိုးဆန်တဲ့ ကျေးလက်တစ်ခုမှာ နေထိုင်ပါတယ်။ မိဘတွေက သိသွားရင် စွန့်လွှတ်လိုက်မှာ။ ကျွန်တော်အရမ်းစိတ်ရှုပ်ပြီး ဘာလုပ်ရမလဲ မသိဘူး။
မြို့သေးသေးလေးမှာ နေပြီး ဂေးဖြစ်ရတဲ့ ဘဝကို မုန်းတယ်။ တနေ့တနေ့ ဒီ ယောက်ျား ၅ ယောက်ပဲမြင်နေရပြီး ရွေးချယ်စရာ သူတို့ပဲရှိတယ်။
ကျွန်တော်က ဂေးဖြစ်နေပြီး ဒီမြို့သေးလေးက ရုန်းထွက်လို့မရတော့ ကျွန်တော် တသက်လုံး အထီးကျန်တော့မယ်လို့ ခံစားရပါတယ်။
ကျွန်တော် ချစ်သူတစ်ယောက် အရမ်းလိုချင်ပါတယ်။ တစ်ခါမှလည်းမရှိဖူးပါဘူး။ မြို့သေးသေးလေးမှာ ဂေးဖြစ်နေရတာ ရည်းစားရှာဖို့လည်း မလွယ်ပါဘူး။
ယောက်ျားလေးချစ်သူတစ်ယောက် လိုချင်တာ အသည်းအသန်ပါပဲ ဒါပေမဲ့ မြို့သေးလေးမှာ ဂေးဖြစ်ရတာ မလွယ်ပါဘူး။
ကျွန်တော်မိသားစုက ကျွန်တော့်ကို ဂေးဖြစ်တဲ့အတွက် မုန်းနေတယ်လို့ ခံစားရတဲ့အတွက် ကျွန်တော် တချိန်လုံး ငိုရပါတယ်။ ကျွန်တော့်ရဲ့ မြို့လေးက သေးသေးလေးပါ။ ကျွန်တော့်ကို လက်ခံပေးစေချင်ပါတယ်။ ဒါပေမဲ့ အဲ့လိုလက်ခံအောင် ကိုယ့်ကိုကိုယ် လိင်ကွဲချစ်သူလို ဟန်ဆောင်ရမလို ဖြစ်နေပါတယ်။
ကျွန်တော်က လိင်တူချစ်သူတစ်ယောက်ဖြစ်ပြီး အထီးကျန်ပါတယ်။ ဒါပေမယ့် မြို့သေးလေးမှာ နေရတာ အထီးကျန်ဆန်တဲ့ ခံစားမှုကို ဖြေသိမ့်ရာ မရောက်ပါဘူး။
ကျွန်တော် ဂေးဖြစ်ပါတယ်။ ကျွန်တော့် ရည်းစားကလည်း ကျွန်တော့်ကို ချစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လိင်တူချစ်သူများကို မုန်းတီးတဲ့ မြို့ မှာ နေနေရပြီး သိပ်မလှုံခြုံပါဘူး။ အဲ့ဒါကြီးက ကျွန်တော်တို့ နှစ်ယောက်ကို ရင်ထဲမှာ သတ်နေသလိုပါပဲ။
ကျွန်တော် လိင်တူချစ်သူတစ်ဦးပါ။ ဘယ်သူကိုမှလည်း မနမ်းဖူးပါ။ ဘယ်သူနဲ့မှလည်း မအိပ်ဖူးပါ။ ဒီမြို့ကလေးမှာ အထီးကျန်ပြီး လမ်းပျောက်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော့်မှာ သူငယ်ချင်းတွေ ရှိပေမယ့် ကျွန်တော်ရင်ဖွင့်စရာ တစ်ဦးမှ မရှိဘူးလို့ ခံစားရပါတယ်။ ဘာလုပ်ရမလဲမသိတော့ပါ။
ကျွန်တော့် မိသားစု အနားမှဆိုရင် အပုန်းဘဝနှင့်ပဲ နေရတာလွယ်ပါတယ်။ ကျွန်တော်တို့ဟာ တောဆန်တဲ့မြို့လေးမှာ နေရပြီး လူတွေက လိင်တူချစ်ချင်းနှင့် ပက်သက်ပြီး သိပ်မသိကြပါ။ ခေတ်ရှေ့ပြေးတယ့် မြို့တစ်မြို့ ကျွန်တော်ရှိနေရင်ကောင်းမှာ ပဲလို့ ဆုတောင်းမိပါတယ်။
0 comments:
Post a Comment