Search

Content

Monday, August 31, 2015

ပထမဆုံး ချိန်းတွေ့တဲ့အချိန်မှာ ရှောင်သင့်တဲ့ အချက်များ

သင်ဟာ ကောင်လေးတစ်ယောက်နှင့် အဆင်တော့ပြေနေပြီ၊ အခု သူနှင့် အပြင်မှာ ပထမဆုံးအကြိမ် ချိန်းတွေ့တော့မယ်ဆိုတော့ သင်ဘာတွေလုပ်သင့်သလဲ။ ကိုယ့်အနေနှင့် ဟန်ဆောင်ကင်းပြီး ကိုယ်ပိုင်ဟန်လေးနှင့် ရှိသင့်တာတော့မှန်ပေမယ့် တခြားသူ အခက်မတွေ့ရလေအောင် ကိုယ့်ဘက်က အားနာမှုလေးနှင့် ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ရမယ့် အချက်လေးတွေတော့ရှိပါတယ်။ ဒါမှလည်း သူက သင့်ကို နောက်တစ်ကြိမ် ထပ်တွေ့ချင်မှာပေါ့။

၁) နောက်ကျတာ
လမ်းပိတ်မယ်ထင်ရင် ကြိုထွက်ပေါ့နော်။ စောရောက်နေလို့ နည်းနည်းစောင့်ရတာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ချိန်းတဲ့အချိန်ထက် အများကြီးနောက်ကျသွားတာကတော့ သူ့အတွက် တကယ်စိတ်ပျက်စရာပါပဲ။

၂) သေချာ ဖီးလိမ်း ဝတ်ဆင်မလာတာ။
စွတ်ကျယ်တို့ ဘောင်းဘီတိုတို့နဲ့ ရောက်လာတာက သင်ကလွတ်လပ်မှုကို ပြချင်တာဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အသေအချာလေး ဝတ်ဆင်လာကမျိုးကျတော့ သင်က သူနှင့် တွေ့ဖို့ ဘယ်လောက် အလေးထားလာတယ်ဆိုတာကို ပြတော့ ပိုကောင်းတာပေါ့။

၃) ဖုန်း ခဏ ခဏ ကိုင်တာ၊ စစ်တာ
သင် သိပ်အလုပ်တွေများတယ်ဆိုတာကို သူနားလည်ပေးနိုင်မှာပါ။ ဒါပေမဲ့ ပထမဆုံး ချိန်းတွေ့တဲ့အခါမှာတောင် တချိန်လုံး ဖုန်းမှာစကားပြောလိုက်၊ စာရိုက်လိုက်ဆိုရင်တော့ နောက်လည်း သူ့ကိုအချိန်ပေးနိုင်မယ့်သူ မဟုတ်ဘူးဆိုတဲ့ သဘောကို ရောက်စေတာပါ့။

၄) ကြီးကျယ်တာ 
စတွေ့အချိန်ကတည်းက သိပ်မကြွားပါနဲ့။ သူက သင့်ကို အထင်ကြီးချင်လို့ လာတွေ့တာမဟုတ်ပါဘူး။ သင့်ကို အခြားလူသားတစ်ယောက်လိုမြင်လို့ အနာဂတ်မှာ လက်တွဲနိုင်မယ့်သူတစ်ယောက် အဖြစ်လာတွေ့တာပါ။ ကိုယ်ဘယ်လောက်တော်ကြောင်း တစ်ဖက်သက်ကြီးပြောမနေပါနှင့်။ ဘယ်သူမှ တကိုယ်ကောင်းဆန်တဲ့ ချစ်သူကို မလိုချင်ပါဘူး။

၅) မယဉ်ကျေးတာ
လူတစ်ဦးနှင့် တစ်ဦးလေးစားတဲ့ အနေနှင့် ဒေသအလိုက် ယဉ်ကျေးတဲ့ အပြုအမူလေးတွေကို လုပ်ပြီး သူကို့ အထင်ကြီးအောင်လုပ်ပါ။ ညစ်ညစ်ပတ်ပတ် ကိုင်တွယ်စားသောက်တာတွေ၊ အမြင်ကတ်စရာ အပြုအမူတွေ သူစိတ်အနှောင့်အယှက်မဖြစ်အောင် ရှောင်ပေါ့။ အမှားလုပ်မိရင် တောင်းပန်တာက ချစ်ဖို့ကောင်းပါတယ်။

၆) အများကြီးစားတာ သောက်တာ
သူရှေ့မှာ မဆင်မခြင်စားသောက်နေတာကြီးက မြင်ရတာ စိတ်ပျက်စရာကြီးပါ။ ဘီယာတွေ မူးရူးအောင်သောက်နေရင်တော့ သူသင့်ကို ထားပြီးထွက်မပြေးတာ ကံကောင်းတယ်လို့ ဆိုရပေမယ်။ ဆင်ဆင်ခြင်ခြင်သောက်စားပြီး ကျန်းမာရေးကို ဂရုစိုက်တဲ့ ယောက်ျားတစ်ယောက်လို့ ကိုယ့်ကို မြင်လာအောင် နေထိုင်ပြတာဟာ ရေရှည်အတွက်ပါ သင့်ကို သူအကောင်းမြင်လာမှာပါ။

၇) ရှေးဟောင်းနှောင်းဖြစ် ရည်းစားဟောင်းတွေအကြောင်း ပြောတာ။
သူ့နှင့် သင့်ရဲ့ချိန်းတွေ့မှုကို ဒီတကြိမ်တည်းဖြစ်ချင်ရင် အရင်တုန်းက ရည်းစားဘယ်နှယောက်ရှိကြောင်း သင်အိပ်ယာထဲမှာ ဘယ်လောက်တော်ကြောင်းပြောလိုက်ပါ။ ကံကောင်းရင် သူနှင့် တစ်ညတာကိစ္စနှင့် ပြီးရင်ပြီးသွားမယ်။

ဒါပေမဲ့ သူ့ကို ရေရှည်မှန်းထားရင်တော့ သူသိသင့်သလောက်ပဲပြောရင် ရပါပြီ။ အကောင်းဆုံးကတော့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာပါ။

၈) သူ့ကို တွေ့တွေ့ချင်း ချစ်တယ်ပြောတာ။
ကိုယ်တစ်ခါမှ မတွေ့ဘူးတဲ့ သူစိမ်းတစ်ယောက်က ကိုယ့်ကို အရူးအမူးချစ်နေပါတယ် ပြောတာလောက် လန့်ဖို့ကောင်းတာ မရှိဘူး။ ဒီလူစိတ်မှန်ရဲ့လားဆိုပြီး နောက်တစ်ခေါက်ထပ်မတွေ့ရဲရင်တော့ ခက်မယ်။ နောက်တစ်ခုက အချစ်လေးတို့၊ အသည်းလေးတို့၊ ဆွဲနမ်းလိုက်မှာနော်တို့ ပါးစပ်မသရမ်းပါနှင့်။ တဖက်လူကို လေးစားမှပေါ့။ ကိုယ့်လူရဲ့ အကျင့်လေးတွေ သတိထားပေါ့။

၉) ချိန်းတွေ့နေတုန်း တခြားတစ်ယောက်ကို ငန်းတာ။
သူနဲ့ ချိန်းတွေ့ပြီးတော့ သူကိုပဲ ရေရှည် ရည်ရွယ်ချက်ရှိတယ်ဆိုရင် ခပ်လန်းလန်း ယောက်ျားတစ်ယောက် ဖြတ်သွားလို့ ပြူးပြဲမကြည့်ပါနှင့်။ သင့်အတွက် အခုလည်း သူက တစ်ယောက်သောသူဖြစ်တော့မှာ ဖြစ်သလို နောင်လည်း သူပဲဖြစ်မှာပါ။ ပွဲစကတည်း သင့်ရဲ့ သစ္စာရှိမှကို သံသယဖြစ်အောင် မလုပ်မိပါစေနှင့်။

၁၀) သူပြီး နောက်တစ်ယောက်ကို ချိန်းဖို့ စီစဉ်ထားတာ။
လူတစ်ယောက်နှင့် ပထမဆုံးအကြိမ်ချိန်းတွေ့တာဟာ အလုပ် အင်တာဗျူးခေါ်သလို မဟုတ်ပါဘူး။ ဒီတစ်ယောက်နှင့် တွေ့တာမှ ၁ နာရီမှ မကြာသေးဘူး မကြိုက်လို့ နောက်တစ်ယောက်ကို ဆက်တွေ့မယ်ဆိုတာက လွန်လွန်းပါတယ်။ အနည်းဆုံးတော့ သူနှင့် အဆင်မပြေဖြစ်ရင် လေးလေးစားစား နှုတ်ဆက်ပြီးမှ နောက်တစ်ပွဲဆက်ဖို့ စဉ်းစားပေါ့။

၁၁) ပိုက်ဆံမပါဘဲ သွားတာ။
ကိုယ် အားရပါးရ စားပြီးသောက်ပြီး သူ့ကို ရှင်းစေချင်တဲ့ပုံစံနဲ့ မသိချင်ယောင်ဆောင် မနေပါနဲ့။ တကယ်အောက်ပါတယ်။ အနည်းဆုံးတော့ ကိုယ်ရှင်းမပေးချင်ရင် တစ်ဝက်တော့ပေးဖြစ်အောင် ကျိုးစားပါ။ သူက အတင်းရှင်းပေးသွားရင်တော့ နောက်တစ်ကြိမ် ကိုယ်ရှင်းပါမယ်ဆိုတာကို ကတိပေးပါ။ ဒါမှလည်း နောက်တစ်ကြိမ် ထပ်တွေ့ရတော့မှာပေါ့။

ကဲ… နောက်ဆုံးအနေနှင့် အရေးကြီဆုံးကတော့ 

ကိုယ်တစ်ခါမှ မသိတဲ့သူနှင့် ပထမဆုံး ချိန်းတွေ့တော့မယ်ဆိုရင် အများသွားလာကြတဲ့ နေရာတွေမှာ ချိန်းပါ။ သင့်လုံခြုံရေး အတွက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် သင်သွားတွေ့မယ်ဆိုတာ အချိန်နှင့် နေရာကို ရင်းနှီးသူတစ်ဦးကို ပြောထားပါ။ စတွေ့တွေ့ခြင်း သူ့ကို အပြည့်အဝမယုံကြည်ဘူးဆိုရင် ကိုယ့်ရဲ့ အိမ်နေရာတို့ အလုပ်နေရာတို့ စတဲ့အချက်တွေနှင့် အထူးသဖြင့် သင့် ဘဏ်အချက်အလက်တွေကို မပြောမိအောင် ရှောင်ပါ။ 

ကဲ... ဘေးကင်းပြီး အဆင်ပြေတဲ့ လက်တွဲဖော်ကိုရှာတွေ့ပါစေ။

0 comments:

Post a Comment

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ