Search

Content

Sunday, August 9, 2015

International LGBT music (2015 August)

နိုင်ငံတကာသီချင်းများကို နှစ်သက်သူ ၀ါသနာရှင်တို့အတွက် ၂၀၁၅ ဇူလိုင်လ အတွင်းမှာ ထွက်ရှိထားပြီး ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူအဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနှင့် ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။


ဒီလမှာတော့ ထိုင်းနိုင်ငံက ဇာတ်ဝင်သီချင်းအချို့နှင့် ယူကေ က Sam Smith ရဲ့ သီချင်းအသစ် အပါအဝင် သီချင်း ၁၃ ပုဒ်ကို စုစည်းထားပါတယ်။

Disclosure feat. Sam Smith - Omen

ဗြိတိသျှ အဆိုတော် Sam Smith ရဲ့ Disclosure အဖွဲ့နှင့် ထပ်မံပူးပေါင်းပြီး ဆိုထားတဲ့ သီချင်းက အခု ယူကေမှာ ခေတ်စားနေပါတယ်။



နိုင်ငံ - ယူကေ
ဘာသာစကား  - အင်္ဂလိပ်
အမျိုးအစား - Pop

Anna Naklab feat. Alle Farben & YOUNOTUS - Supergirl

ဂျာမနီ အဆိုတော် Anna Naklab ရဲ့သီချင်းက မိန်းမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ခုကို သူ့ရဲ့ သီချင်းဗီဒီယို ထဲမှာ ထည့်ထားပါတယ်။ ဒီသီချင်းကလည်း ဂျာမနီမှာ လောလောဆယ် လူကြိုက်များနေပါတယ်။
 


နိုင်ငံ - ဂျာမနီ
ဘာသာစကား  - အင်္ဂလိပ်
အမျိုးအစား - Electronic

Divine Knights - LIES

သြစတေးလျှမှ စုံတွဲအဆိုတော် Divine Knights ရဲ့ နောက်ဆုံးထွက် သီချင်းပါ။



နိုင်ငံ - သြစတေးလျှ
ဘာသာစကား - အင်္ဂလိပ်
အမျိုးအစား - Electronic

Mashrou' Leila - 3 minutes

လက်ဘနွန်နိုင်ငံမှ ရော့ဂီတ အဖွဲ့ Mashrou' Leila ဟာ လက်ဘနွန်ရဲ့ လူမှုပြသနာ အမျိုးမျိုးကို သူတို့ သီချင်းတွေထဲမှာ သရော်တဲ့ပုံစံမျိုးနှင့် သီဆိုပြီး ထောက်ပြတတ်ပါတယ်။ သူတို့ အဖွဲ့ရဲ့ အဖွဲ့အခေါင်းဆောင်ဟာ လိင်တူချစ်သူ တစ်ဦးလည်းဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးထွက်
3 minutes ဆိုတဲ့ သီချင်းက ဆန်းဆန်းလေးနဲ့ နားထောင်လို့ကောင်းပါတယ်။



နိုင်ငံ - လက်ဘနွန်
ဘာသာစကား - အာရဘီ
အမျိုးအစား - Rock

Bobby Newberry - Serial Killer 

အမေရိကန် အကအဆိုတော် Bobby Newberry ရဲ့ သီချင်းအသစ်ပါ။


နိုင်ငံ - အမေရိကန်
ဘာသာစကား - အင်္ဂလိပ်
အမျိုးအစား - Pop

Scotty Dynamo - Show Me Yours 

ကနေဒါက လူငယ် Youtube ဗီဒီယို မင်းသား  Scotty Dynamo က နောက်ဆုံးတော့ သူ့ကိုယ်ပိုင်သီချင်းကို ထုတ်လိုက်ပါပြီ။ သူ့ရဲ့ rap သီချင်းဟာ မြူးမြူးကြွကြွပါ။


နိုင်ငံ - ကနေဒါ
ဘာသာစကား - အင်္ဂလိပ်
အမျိုးအစား - Rap

Years & Years - "Foundation" 

ယူကေ က  Years & Years ရဲ့ တတိယမြောက်သီချင်းကတော့ အေးအေးလေးပါ။



နိုင်ငံ - ယူကေ
ဘာသာစကား  - အင်္ဂလိပ်
အမျိုးအစား - Synth-Pop

Jack O'Rourke - Silence 

အိုင်ယာလန် အဆိုတော်  Jack O'Rourke ဟာ သူ့နိုင်ငံက လိင်တူချစ်သူ လက်ထက်ဖို့ မဲပေးပွဲကို ထောက်ခံဖို့ ကိုယ်တိုင်ရေးသား သီဆိုထားပါ။



နိုင်ငံ - အိုင်ယာလန်
ဘာသာစကား - အင်္ဂလိပ်
အမျိုးအစား - Acoustic

Tol - Nat

ထိုင်းက အဆိုတော်နှစ်ဦးက ဇာတ်ဝင်သီချင်းအနေနှင့် ဆိုထားတဲ့ အချစ်သီချင်းတစ်ပုဒ်ပါ။



နိုင်ငံ - ထိုင်း
ဘာသာစကား - ထိုင်း
အမျိုးအစား - Ballad

หมดใจไม่ใช่ความผิด : กลด ณรงกร อาร์ สยาม

အဆိုတော် အကြောင်းကို သိပ်မသိရပေမဲ့ ယောက်ျားချင်း ချစ်သူနှစ်ယောက်ရဲ့ အသဲကွဲ ဇာတ်လမ်းနှင့် သီချင်း တစ်ပုဒ်ပါ။



နိုင်ငံ - ထိုင်း
ဘာသာစကား - ထိုင်း
အမျိုးအစား - Ballad

ထိုင်း ဇာတ်ဝင်သီချင်းများ

နောက်ဆုံးနေနှင့် ထိုင်းက ဂေး ရုပ်ရှင်တွေရဲ့ ဇာတ်ဝင်သီချင်း ၃ ပုဒ်ကို တင်ပြလိုက်ရပါတယ်။






0 comments:

Post a Comment

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ