Search

Content

Saturday, August 29, 2015

Meet the LGBT Leaders of 21st Century

လူတစ်ယောက် ထူးချွန်သည်ဆိုသည်မှာ ထိုလူ၏ လူမျိုး၊ ယဉ်ကျေးမှု၊ အသားအရောင် နှင့် ယုံကြည်ကိုးကွယ်မှု စသည်တို့အပေါ်တွင် မမူတည်သလို လူတစ်ဦး၏ လိင်တူလိင်ကွဲ စွဲမက်ပုံနှင့်လည်း မဆိုင်ပါ။ အရည်အချင်းရှိသူတိုင်းဟာ မိမိတို့၏ ကျွမ်းကျင်ရာနယ်ပယ်တွင် လုံလ ဝိရိယနှင့် ကြိုးစားခြင်းအားဖြင့် ထိပ်ဆုံးပန်းတိုင်သို့ ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် ယနေ့ ၂၁ ရာစုနှစ်တွင် လိင်ပြောင်းသူ၊ ကျားမပြောင်းသူ၊ ယောက်ျားချင်းချစ်သူများနှင့် မိန်မချင်းချစ်သူများသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အနုပညာ၊ အားကစား၊ နည်းပညာ အစရှိသည့် ကဏ္ဍများတွင် ခေါင်းဆောင်နေရာများ၌ ရောက်ရှိနေခြင်းဟာ လိင်တူလိင်ကွဲ စွဲလမ်းမှုဟာ ဘာမှမသက်ဆိုင်ပဲ ၎င်းတို့ဟာ လူများစု လိင်ကွဲချစ်သူများထက် အရည်အချင်းမနှိမ့်ကျဘူးဆိုတာကို သက်သေပြလျှက်ရှိပါသည်။

တစ်ခုရှိသည်မှာ လူနည်းစုများကို ဖိနှိပ်လေ့ရှိသော လူ့အဖွဲ့အစည်းနှင့် နိုင်ငံများတွင် လိင်တူချစ်သူများသည် မိမိ၏အကြောင်းကို ဖွင့်ပြောလျှင် အမြင်စောင်းသူများမှ ၎င်းတို့၏ ဘဝ တိုးတက်ရေး လမ်းကြောင်းကို ပိတ်ပင်တားဆီးမည် စိုးရိမ်သဖြင့် ပွင့်ပွင့်လင်းလင်းမပြောနိုင်ပဲ စိုးရိမ်ထိတ်လန့်နေရခြင်းကြောင့်လိင်တူချစ်သူများအား ခေါင်းဆောင်ပိုင်းတွင် တွေ့ရနည်းခြင်း ဖြစ်နိုင်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း လူ့အဖွဲ့အစည်းအများစုတွင် အမျိုးသမီးများဟာ ဦးဆောင်နိုင်စွမ်းမရှိ၊ ခေါင်းဆောင်နေရာ မရောက်နိုင်ဟု ရှေးရိုးစွဲ ဖိုဝါဒဖြင့် ကြီးစိုးခဲ့ကြသည်။ ထိုနိုင်ငံတို့တွင် အမျိုးသမီး ပါရမီရှင်များမှ လူ့အဖွဲ့အစည်းသို့ တဖက်တလမ်း ပံ့ပိုးပေးနိုင်သော တန်ဖိုးရှိသော အရာများကို ဆုံးရှုံးကြလိမ့်မည်။ သို့သော်လည်း ယနေ့ခေတ် ထိုရှေးရိုးစွဲ အယူမှားကို ပယ်ဖျက်ပြီး အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေးပေးနိုင်သော နိုင်ငံများသည် တဟုန်ထိုး တိုးတက်လာကာ ရှေးရိုးစွဲများကိုဆက်လက်ထိန်းသိမ်းနေသော ဒေသနိုင်ငံများမှာ ထိုတိုးတက်မှုအဆင့်သို့ လိုက်မမှီနိုင်သေးပါ။ ထိုနည်းတူစွာပင် လိင်တူချစ်သူများအား အယူမှားဖြင့် အမြင်စောင်းခြင်းသည် ၎င်းတို့မှ လူ့အဖွဲ့အစည်းသို့ ပေးစွမ်းနိုင်သော စွမ်းရည်ကို အဆုံးစွန်သို့ မရောက်နိုင်အောင် တားဆီးနေခြင်းသာ ဖြစ်သည်။

သို့သော်လည်း ယနေ့ခေတ်တွင် ထိုအခက်အခဲများ အကြားမှပင် ခေါင်းဆောင်နေရာသို့ ရောက်ရှိလာသော လူတော် လိင်တူချစ်သူများ အမြောက်အများရှိပါသည်။ ၎င်းတို့အထဲမှ ကမ္ဘာအနှံရှိ နယ်ပယ်အသီးသီးမှ ခေါင်းဆောင် နှင့် အောင်မြင်သူ အချို့ကို အားကျ စံနမူနာယူနိုင်ဖို့ ရွေးချယ် ဖော်ပြလိုက်ရပါသည်။

နိုင်ငံရေး / Politics

Jóhanna Sigurðardóttir

Country: Iceland
Career: Prime Minister
အိုက်စလန် နိုင်ငံမှ အမျိုးသမီး ဝန်ကြီးချုပ် ယိုဟန်နာသည် နိုင်ငံရေး ကဏ္ဍ၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသူထဲတွင် ဥရောပတိုက်တွင်သာမက ကမ္ဘာမှာပါ ပွင့်လင်းစွာပြောသော လိင်တူချစ်သူထဲမှ ပထမဆုံး ဖြစ်သည်။

Elio Di Rupo

Country: Belgium
Career: Prime Minister
အိုက်စလန်မှ ယိုဟန်နာ  ဝန်ကြီးချုပ်ဖြစ်ပြီးနောက်တစ်နှစ်မှာ ဘယ်ဂျီယမ် မှာလည်း အယ်လီယိုဒီရူပိုဟာ ယနေ့ခေတ်၏ ဒုတိယမြောက် ပွင့်လင်းစွာပြောသော လိင်တူချစ်သူ ဝန်ကြီးချုပ်အဖြစ်ဖြင့် နိုင်ငံရေးလောကမှာ ထိပ်ဆုံးနေရာသို့ ရောက်လာသူဖြစ်သည်။

Xavier Bettel

Country: Luxembourg
Career: Prime Minister
လူဇင်ဘတ် ဝန်ကြီးချုပ် (ညာဘက်) ၎င်း၏ လက်တွဲဖော် နှင့် အတူတွေ့ရစဉ်
အသက် ၄၁ အရွယ် ယောကျ်ားချင်းချစ်သူ လူဇင်ဘတ် ဝန်ကြီးချုပ် ဇေဗီယာ ဘတ်တယ်ဟာ ဥရောပတိုက်၏ နိုင်ငံရေးလောကတွင် တတိယမြောက် ထိပ်ဆုံးရောက်ရှိလာသူ လိင်တူချစ်သူ ဖြစ်ပါသည်။

လူမှုရေး / Social Activism

Geena Rocero

Country: Philippines
Career: Transgender Model and Advocate
ဖိလိပိုင်နိုင်ငံဖွား ကျားမပြောင်း မော်ဒယ် ဂျီနာ ရိုစေရိုသည် ကမ္ဘာတစ်ဝန်းတွင် Gender Proud လှုပ်ရှားမှုဖြင့် ကျားမပြောင်းသူများ၏ အခွင့်အရေးအတွက် ဦးဆောင်နေသူတစ်ဦးဖြစ်သည်။

Georges Azzi

Country: Lebanon
Career: LGBT Rights Activist
လက်ဘနွန်ရှိ အကျိုးအမြတ်မကြည့်သော အဖွဲ့အစည်း Helem အား တည်ထောင်ကာ ခေါင်းဆောင်သူ ဂျော်ဂျက်(စ) အက်ဇီသည် အာရပ်ဒေသ LGBT အခွင့်အရေးအတွက် လှုပ်ရှား သူတစ်ဦးဖြစ်သည်။

Arsham Parsi

Country: Iran / Canada
Career: LGBT Rights Activist
အီရန်လူမျိုး အာရှမ် ပါစီဟာ လိင်တူချစ်ခြင်းကြောင့် ဖိနှိပ်ခံရခြင်းမှ လွတ်မြောက်ရန် အီရန်မှ တိမ်းရှောင် လာရသောသူများအား ကူညီစောင့်ရှောက်သော Iranian Railroad for Queer Refugees (IRQR) အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သည်။

Nikolai Alexeyev

Country: Russia
Career: LGBT Rights Activist
ရုရှားနိုင်ငံ၏ လိင်တူချစ်သူများအား ဖိနှ်ိပ်သော မူဝါဒများကို အပြင်းအထန် ရှေ့တန်းမှ ကန့်ကွက်သူ ရှေ့နေ နီကိုလေး အယ်လက်ဇီယေ့သည် ၂၀၀၅ ခုနှစ်တွင် အစိုးရ တားစီးမှုများအကြားမှ ရုရှားတွင် လိင်တူချစ်သူ စီတန်းလှည့်လည်ပွဲကို ရဲရင့်စွာ စီစဉ်ပေးသူအဖြစ် ကျော်ကြားသည်။ သူသည် ရုရှားနှင့် နိုင်ငံတကာတွင် လိင်တူချစ်သူ အခွင့်အရေးများကို ရှေ့တန်းမှ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဂုဏ်ပြုဆုများစွာ ရရှိခဲ့သည်။

စီးပွားရေး / Business

Tim Cook

Country: US
Career:CEO of Apple
Apple ကိုတည်ထောင်သူ စတိ(ဗ) ဂျော့၏ အရိုက်အရာကို ဆက်ခံသူ လက်ရှိ Apple၏ အမှုဆောင်ချုပ် Tim Cook ဟာ သူကိုယ့်သူ လိင်တူချစ်သူဖြစ်ကြောင်း ဂုဏ်ယူစွာ ဖွင့်ပြောထားသူတစ်ဦး ဖြစ်သည်။ သူ့အတွက် လိင်တူချစ်သူတစ်ဦးဖြစ်ရခြင်းဟာ ဘုရားက ပေးသော အကောင်းဆုံး လက်ဆောင်ဟု ပြောခဲ့သည်။ Tim Cook အုပ်ချုပ်မှုလက်ထက်တွင် Apple မှ လူမှုကူညီရေးလုပ်ငန်းများသို့ ငွေကြေးလှူဒါန်းမှုများ တိုးပွားလာပြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး နှင့် စွမ်းအင် ပြန်လည် အသုံးပြုခြင်း လုပ်ငန်းများကို ကုမ္ပဏီမှ တိုးချဲ့ရန် ကျိုးပန်းနေသည်။

Geng Le

Country: China
Career:CEO of Danlan and Blued
တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ အကြီးဆုံး ဖူးစာရှာဖွေရေး လူမှုကွန်ယက် Blued ဟာ တရုတ်စီးပွားရေး ပညာရှင် ဂန်းလီ၏ လက်ရာဖြစ်ပါသည်။ တရုတ်နိုင်ငံအတွင်း သုံးစွဲသူ ၂ သန်းကျော်ရှိတဲ့ ဒီ ဖုန်းapplication ကို ၂၀၁၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး လိင်တူချစ်သူများအဖို့ ဖူးစာရှာရန် ရေပန်းစားသည့် app တစ်ခုဖြစ်သည်။ အသက် ၃၇ နှစ်သာရှိသေတဲ့ ဂန်းလီဟာ လွန်ခဲ့သော ၁၅ နှစ်အကြာ ၂၀၀၀ ခုနှစ်တုန်း လိင်တူချစ်သူများ အလွယ်တကူ အချင်းချင်းရှာဖွယ် ချိတ်ဆက်နိုင်ဖို့နှင့် လိင်တူချစ်သူများနှင့် ပက်သက်သော ကောင်းမွန်သော အမြင်များပေါ်ပေါက်လာဖို့ Danlan အင်တာနက် စာမျက်နှာကို တည်ထောင်ခဲ့ပါတယ်။ လိင်တူချစ်သူများကို အမြင်စောင်းသော လူ့အသိုင်းအဝန်းမှ ပေးသောအခက်အခဲများတွေ့ကြုံရသည်သာမက နှင့် အစိုးရမှ အကြိမ်ကြိမ် ပိတ်ချခဲ့ပေမယ့် သူဟာ လက်မလျှော့ပဲ ယနေ့အဆင့်ထိရောက်အောင် ကျိုးစားလာခဲ့ပါသည်။

Koyuki Higashi & Hiroko Masuhara

Country: Japan
Career: Directors of Trois Couleurs
ဂျပန်နိုင်ငံမှ LGBT အခွင့်အရေးများအတွက် ရှေ့တနး်မှ လှုပ်ရှားသူနှစ်ဦးဖြစ်သည့် အမျိုးသမီးချင်းချစ်သူ စုံတွဲ ဟာ ဂျပန်နိုင်ငံ မှ Trois Couleurs ဆိုသော ကုမ္ပဏီကို ကိုယ်တိုင်တည်ထောင်ခဲ့ကြသည်။ ဂျပန်တွင် လိင်တူလက်ထပ်ခြင်းကို အသိအမှတ်မပြုသော်လည်း ၎င်းတို့သည် ၂၀၁၂ ခုနှစ်တွင် လက်ထက်ခဲ့သော ပထမဆုံး စုံတွဲဖြစ်သည်။ 

Antonio Simoes

Country: UK
Career:CEO of HSBC UK
ပေါ်တူဂီလူမျိုး စီးပွားရေးခေါင်းဆာင် အန်တိုနီယို စီမိုအက်(စ)သည် ယူကေ HSBC၏ အမှုဆောင်ချုပ် ဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များထဲမှ ပွင်လင်းစွာပြောသော လိင်တူချစ်သူများထဲတွင် အတော်ဆုံးဟု Out at Work နှင့် Telegraph Top 50 LGBT Executives စာရင်းတို့တွင် အသိမှတ်ပြုခံထားရသည်။

အနုပညာ / Entertainment

Sir Ian McKellen

Country: UK
Career: Actor and Activist
ဗြိတိသျှလူမျိုး သရုပ်ဆောင် အီယန်း မက်ကီလန်ကိုတော့ ရုပ်ရှင်ချစ်သူများက Lord of the Rings ဇာတ်လမ်းတွဲထဲမှ Gandalf အနေနှင့် သော်လည်းကောင်း X-men ဇာတ်လမ်းများထဲမှာ Magnito အနေနှင့် သော်လည်းကောင်း မှတ်မိကြပါလိမ့်မည်။ ဗြိတိန်၏ လူအလေးစားဆုံး မင်းသားတစ်ဦးဖြစ်သလို ၁၉၉၁ ခုနှစ်မှာ ဗြိတိန်သူရဲကောင်းဘွဲ့ကို အပ်နှင်းခြင်းခံရပါသည်။ ယနေ့တွင် အသက် ရ၆ နှစ်ရှိပြီဖြစ်သော အီယန်း မက်ကီလန်ဟာ သရုပ်ဆောင်အလုပ်များ ဆက်လက်လုပ်ကိုင်နေသလို လိင်တူချစ်သူ အခွင့်အရေးများတွင် လှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါသည်။

Ellen Degeneres

Country: US
Career: TV Host
အမေရိကန်၏ လူချစ်အများဆုံး လိင်တူချစ်သူ ရုပ်မြင်သံကြား တင်ဆက်သူနှင့် လူရွင်တော် အယ်လန် ဒေဂျန်နရက်(စ်)ဟာ ဆုပေါင်းမြောက်များစွာ ရရှိပြီးပြီဖြစ်ပါသည်။

Frank Ocean

Country: US
Career: Singer / Songwriter
အမေရိကန် rapper နှင့် သီချင်းရေးသူ အနုပညာ ပါရမီရှင် Frank Ocean ဟာ အခြားအဆိုတော်များအတွက် သီချင်းကောင်းများရေးပေးခဲ့သလို သူ၏ တေးအယ်ဘမ်အတွက်လမ်း ၂၀၁၃ မှာ Grammy ဂီတထူးချွန်ဆုကို ရရှိခဲ့ပါသည်။

Sridhar Rangayan

Country: India
Career: Director
ထူးချွန် ရုပ်ရှင်ပြုလုပ်သူ ရှရီဒါ ရန်ဂါယန်သည် အိန္ဒိယရှိ LGBTတို့၏ ဘဝများကို သူ၏ ရုပ်ရှင်များမှ ပြောင်မြောက်စွာ ဖော်ကျူးကာ အခွင့်ရေးလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ရုပ်ရှင်ဆုများကို နိုင်ငံတကာတွင် ဆွတ်ခူးထားသည်။

Kim Jho Gwangsoo

Country: Korea
Career: Director
တောင်ကိုရီးယား ဒါရိုက်တာ ကင်ဂျိုကွမ်ဆူး (ဘယ်ဘက်) ၎င်း၏ ချစ်သူနှင့်အတူ
တောင်ကိုရီးယား၏ ရှေ့တန်းမှနေ လိင်တူချစ်သူများအကြောင်းကို ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူ ကင်ဂျိုကွမ်ဆူးကို ပီတာ ကင်(မ်)ဟု လူသိများကြပါသည်။ တောင်ကိုရီးယားတွင် လိင်တူလက်ထပ်ခြင်းကို အသိအမှတ် မပြုသေးပေမဲ့ သူ၏ ချစ်သူနှင့် လူသိရှင်ကြား လက်ထပ်နိုင်ခဲ့ပါသည်။

Dana International

Country: Israel
Career: Transsexual singer
လိင်ပြောင်းအဆိုတော် ဒါနာ အင်တာနေရှင်နယ်သည် အစ္စရေး၏ အအောင်မြင်ဆုံး အဆိုတော်များအထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ လိင်ပြောင်းအဆိုတော်ထဲတွင် အကျော်ကြားဆုံးဖြစ်ပါသည်။

Conchita Wurst

Country: Austria
Career: Artist / Singer
သြစတြီးယား နိုင်ငံသား အဆိုတော် Thomas "Tom" Neuwirth ဖန်တီးထားတဲ့ သရုပ်ကောင် ကွန်ချီတာ ဗက်(စ်တ်)  ဟာ ၂၀၁၄ Eurovision သီချင်းဆိုပြိုင်ပွဲမှာ သရဖူဆောင်းပြီးနောက် မုတ်ဆိတ်နှင့် အမျိုးသမီးဟု ကမ္ဘာကျော်လာပါသည်။  သြစတြီးယားနိုင်ငံမှာ လက်ရှိ အရောင်းရဆုံး သီချင်းများကို ပိုင်ဆိုင်နေသူဖြစ်ပါသည်။

Ricky Martin

Country: Puerto Rico
Career: Singer
ပေါ်တိုရီကိုမှ ကမ္ဘာကျော် အဆိုတော် ရစ်ကီမာတင်ဟာ ကမ္ဘာပေါ်မှာ လိင်တူချစ်သူများအတွက် စံနမူနာ ယူလောက်အောင် ထူးချွန်သူ အနုပညာ ပါရမီရှင်တစ်ဦး ဖြစ်သည်။

အားကစား / Sport

Gareth Thomas

Country: UK
Career: Rugby Player
ဗြိတိန်၏ ရတ္ဂ်ဘီ အားကစားသမားဟောင်း ဂယ်ရတ် သောမတ်(စ)သည် ဗြိတိန်နိုင်ငံ၏ လွှမ်းမိုးမှု အရှိဆုံး လိင်တူချစ်သူ တစ်ဦးအဖြစ် ရွေးကောက်ခြင်းခံရသည်။

Mathew Mitcham

Country: Australia
Career: Diver
သြစတြေးလျှနိုင်ငံမှ လိင်တူချစ်သူ ဒိုင်ဗင်သမား မက်သယူး မစ်ချမ်ဟာ အိုလမ်ပစ် ရွေတံဆုရှင်တစ်ဦးဖြစ်ပြီး အိုလမ်ပစ် ဒိုင်ဗင် သမိုင်းတွင် အမှတ်အများဆုံးရရှိထားသူ ဖြစ်သည်။

Parinya Charoenphol

Country: Thai
Career: Boxer
လူသိများသော ထိုင်းရိုးရာ လက်ဝေ့ ချန်ပီယန် ပါရင်ယာသည် လိင်ပြောင်းသူ အားကစားသမား တစ်ဦးသာမက အဆိုတော် သရုပ်ဆောင်လည်းဖြစ်ပါသည်။

Michael Sam

Country: US
Career: Soccer Play
လိင်တူချစ်သူဖြစ်ကြောင်း ပွင့်လင်းစွာ ထုတ်ပြောသူ အားကစားသမား မိုက်ကယ် ဆမ်ဟာ အမေရိကန် ဘောလုံ အသင်း NFLတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး အမေရိက၏ အောင်မြင်သော အားကစားသမားတစ်ဦး ဖြစ်သည်။

နည်းပညာ / Technology

Chris Hughes

Country: US
Career: Facebook Co-founder
Facebook ကို စတင်ခဲ့သူဟု အများသိကြတဲ့ မက် ဇက်ကာဘတ်နှင့် အတူ Facebookကို စတင်ရေးသားသူများအထဲတွင် တစ်ဦးအပါအဝင်ဖြစ်သူကတော့ Chris Hughes ဖြစ်ပါသည်။ နောက်ပိုင်း Facebook အောင်မြင်လာသောအခါ သူသည် Facebook၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်လာပါသည်။ ၂၀၁၂ ခုနှစ်တွင် သူသည် LGBT အခွင့်အရေးလှုပ်ရှားသူ Sean Eldridge နှင့် လက်ထပ်ခဲ့သည်။

Joel Simkhai

Country: US
Career: Founder of Grindr
ဂေး ယောကျ်ားအချင်းချင်း နီးစပ်ရာ နေရာမှ ရှာပေးနိုင်သည့် Smart phone application တစ်ခုဖြစ်သော Grindr ကို စတင်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ တီထွင်မှုသည် ယနေ့ခေတ်အခါ လိင်တူချစ်သူချင်း တွေ့ဆုံနိုင်ပုံကို ပြောင်းလဲပစ်သောလိုက်သော အရာတစ်ခုဖြစ်ပါသည်။

Jon "Maddog" Hall

Country: US
Career: Linux Co-founder
Linux Operating System ကို အသုံးပြုသောလိုသော နည်းပညာနယ်ပယ်မှ သူများအား အထောက်အပံ့ပေးသော အကျိုးအမြတ်မကြည့်သည့် Linux International အဖွဲ့အစည်း၏ ဒါရိုက်တာ ဖြစ်ပါသည်။ Open Source နည်းပညာ ကို အသုံးပြုရန် တိုက်တွန်းသော သူတစ်ဦးလည်းဖြစ်သည်။

အထက်တွင်ဖော်ပြထားသော သူတို့သည် ၎င်းနယ်ပယ်အသီးသီးမှ အောင်မြင်နေသူ အချို့သာဖြစ်ပြီး ယနေ့ခေတ်တွင် ၎င်းတို့ကဲ့သို့ပင် အခြား လိင်တူချစ်သူ အောင်မြင်သူ အမြောက်အများ ရှိနေပါသေးသည်။

0 comments:

Post a Comment

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ