Search

Content

Thursday, November 5, 2015

ရုပ်ရှင် မိတ်ဆက် (The Way He Looks)

မြန်မာနိုင်ငံမှ လိင်တူချစ်သူစာဖတ်သူများအဖို့ ကမ္ဘာအရပ်ရပ်မှ ရသ လက်ရာမြောက်တဲ့ ရုပ်ရှင်ကောင်းများကို တစ်လ တစ်ခါ မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

ဒီတစ်လမှာတော့ ဘရာဇီး ဒါရိုက်တာ Daniel Ribeiro လက်စွမ်းပြထားတဲ့ The Way He Looks ဆိုတဲ့ ရုပ်ရှင် အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ပေါ်တူဂီဘာသာစကားနှင့် ရိုက်ကူးထားတဲ့ Hoje Eu Quero Voltar Sozinho (ဒီနေ့ ကျွန်တော်တစ်ယောက်တည်း အိမ်ပြန်ချင်တယ်) ဆိုတဲ့ ဇာတ်ကားဟာ ဆုတွေအများကြီး ဆွတ်ခူးခဲ့ပြီး ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်များထဲက တစ်ခုလို့ သတ်မှတ်ကြပါတယ်။


The Way He Looks ဟာ ဘရာဇီးမြို့တော် São Paulo မှ Leonardo ဆိုတဲ့ လူငယ် မျက်မမြင် ကျောင်းသားတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်အိမ်ပြုပြီး ကျောင်းတွင် အနိုင်ကျင့်မှုတွေအကြားမှ မိမိရဲ့ တစ်ကိုယ်ရည် လွပ်လပ်တဲ့ဘဝကို လျှောက်လှမ်းဖို့ ကြိုးစာနေတဲ့ အချိန်မှာ အချစ်မေတ္တာရေးတွေနဲ့ ရှုပ်ထွေးလာတဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်။ သူဟာ အချစ်ဆုံးသူငယ်ချင်း Giovana နဲ့အတူ အမြဲကျောင်းသွား၊ ချိန်းတွေ့လေ့ရှိရာမှ ကျောင်းကို အသစ်ရောက်လာတဲ့ Gabriel သူတို့ အကြားဝင်လာတဲ့ အခါ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။  Leonardo နဲ့ Gabriel တို့ရဲ့ အကြောင်းကို နွေးထွေးမှုများနှင့် လူငယ်သဘာဝ အချစ်ဇာတ်လမ်းကို ရှုထောင့် အသစ်အဆန်းကနေ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဟာ စိတ်ကြည်နှုးဖွယ် ရုပ်ရှင်တစ်ခုပါ။ မြင်မြင်ချင်း ချစ်မိပါတယ်ဆိုတဲ့ ဆိုရိုးကို ဒါရိုက်တာက ဒီတခါတော့ အလှည့်အပြောင်းတစ်ခုနှင့် ရသမြောက်စေပါတယ်။


လူငယ် သရုပ်ဆောင် ၃ ဦး၏ ပြောင်မြောက်တဲ့ အနုပညာ စွမ်းရည်ကိုလည်း အကဲဖြတ်သူများက ချီးကျူးထားသလို ရုပ်ရှင်ဇာတ်ကားကလည်း ကောင်းမွန်တဲ့ စာပေဝေဖန်မှုများကိုရရှိကာ ဘာလင်ရုပ်ရှင်ပွဲတော်တွင် ဆု ၄ ဆု အပါအဝင် အကောင်းဆုံး ရုပ်ရှင်ဆုကိုပါ ဆွတ်ခူးခဲ့ပါတယ်။



0 comments:

Post a Comment

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ