ကျနော်တို့လို ကိုယ်နဲ့လိင်တူတဲ့သူကိုမှ စွဲလမ်းတဲ့သူတွေကို ခေါ်ဝေါ်သတ်မှတ်တဲ့ စကားလုံးများဟာ ဘာသာစကားတိုင်းမှာရှိပါတယ်။ အင်္ဂလိပ်လို 'ဂေး'ဆိုပြီး ယောက်ျားချင်းချစ်သူတွေကိုခေါ်ဆိုကြပါတယ်။ မြန်မာစကားမှာလည်း ဂေးကို မွေးစားစကားအဖြစ်သုံးသလို အင်္ဂလိပ်စာလုံး homosexual ကို အဓိပ္ပါယ်ကောက်ပြီး လိင်တူချစ်သူဆိုပြီး စကားလုံးတီထွင်ထားကြပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ ယောက်ျားချင်းချစ်သူတွေကို 'အခြောက်'လို့ခေါ်ဝေါ်ရာကနေ နှိမ့်ချတဲ့အနက်ဆောင်တာကြောင့်...