ဘာလိုလိုနဲ့ နှစ်တစ်နှစ် ကုန်သွားခဲ့ပြန်ပါပြီ။ ၂၀၁၇ မှာလည်း LGBTQ / လိင်တူချစ်သူအသိုင်းအဝိုင်းက တရားမျှတမှုအတွက် ဆက်လက်ကျိုးပမ်းမှုတွေနဲ့ အရေးပါခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်က လိင်တူချစ်သူအခွင့်အရေးတွေကို လိုက်ပယ်ဖျက်တာတွေ၊ မလေးမစားလုပ်တာတွေရှိခဲ့ပေမဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ ကျနော်တို့ရဲ့ဘဝတိုးတက်မှုရရှိခဲ့ကြပါတယ်။ ဆက်လက်ပြီး ဂျာမနီ၊ ဖင်လန်၊ မော်လတာနဲ့ သြစတြေးလျနိုင်ငံတွေမှာ လိင်တူချစ်သူလက်ထပ်ခွင့်ရခဲ့သလို...