Search

Content

Wednesday, March 4, 2015

သိပ္ပံပညာက ပြောတဲ့ လိင်တူချစ်သူများနှင့် ပက်သက်သော အယူအဆလွဲ ၅ခု

သိပ္ပံသုတေသနများက လိင်တူချစ်သူများနှင့် ပက်သက်သော အယူအဆ ၅ခုဟာ မှားယွင်းနေကြောင်း သက်သေပြထားပါတယ်။
 
အယူလွဲ - ၅  - လိင်တူချင်းနှစ်သက်ခြင်းဟာ သဘာဝကိုဆန့်ကျင်ပါတယ်။ 

လိင်တူချင်းနှစ်သက်ခြင်းဟာ ကျွန်တော်တို့ ထင်နေသလိုမဟုတ်ဘဲ သဘာဝမှာ သာမာန်ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ တိရစ္ဆာန် အမျိုးမျိုးတွေမှာလည်း ကျင့်သုံးကြပါတယ်။
အမှန်တကယ်မှာ ဒီအပြုအမူဟာ ဆက်လက်ရှင်သန်နိုင်ဖို့၊ အနှောင်အဖွဲ့များ ခိုင်မာစေဖို့၊ ဇီဝ လိုက်လျောညီထွေနိုင်ဖို့ နှင့် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်လာတာပါ။ 

အထီး နှင့် အမ ပေါင်းစည်းမှ သဘာဝကျတယ်ဆိုတာက တကယ်တော့ အလုံးစုံမမှန်ပါဘူး။ လူတွေသာမက ပင်ဂွင်း၊ လင်းပိုင်၊ ငန်း၊ သစ်ကုလားအုပ်၊ ခြင်္သေ့တို့ အပါအဝင် သတ္တဝါအမျိုးပေါင်း ၁၅၀၀ ကျော်မှာ လိင်တူချင်းဆက်ဆံရေးတွေရှိကြပါတယ်။

အယူလွဲ - ၄ - ယောကျားချင်း ချစ်ကြိုက်ကြတဲ့ သံယောဇဉ်တွေက ခိုင်မြဲမှု မရှိပါဘူး။

နှစ်ရှည်လများ လေ့လာထားသော သုတေသနတစ်ခုမှာ ယောကျ်ား ချစ်ကြိုက်ကြတဲ့စုံတွဲများရဲ့ ဆက်ဆံရေးများထဲမှ ၈၀ ရာခိုင်နှုန်းဟာ ၁၂ နှစ်ထက်ပို၍ တည်တံ့ပါတယ်လို့ ဆိုပါတယ်။

အများလက်ခံထားတာတစ်ခုက လိင်တူချစ်သူတွေက လိင်ကွဲချစ်သူတွေလို သူတို့ရဲ့ သံယောဇဉ်တွေကို ခိုင်မြဲခြင်းမရှိဘူး စစ်မှန်ခြင်းမရှိဘူးဆိုတာမျိုးပါ။ အမှန်တော့ လိင်တူချစ်သူတွေရဲ့ကြားရှိ ဆက်ဆံရေးတွေကို အသိမှတ်မပြု၊ သတိမထားခြင်းကြောင့် အမြင်မှားတွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

အယူလွဲ - ၃ - ကလေးငယ်တွေကို တဏှာစိတ်ရှိတဲ့သူ အများစုဟာ လိင်တူချစ်သူတွေဖြစ်ကြတယ်။

၁၉၈၉ ခုနှစ် ကနေဒါမှာ ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ သိပ္ပံပညာရှင်များက လိင်တူချစ်သူ နှင့် လိင်ကွဲချစ်သူ လူကြီးတွေကို ကလေးငယ်တွေရဲ့ ပုံများကို ပြပြီး သူတို့ရဲ့ လိင်စိတ်နှိုးကြွမှုကို စမ်းစစ်ခဲ့ကြပါတယ်။ ယောက်ျားလေးငယ်တွေရဲ့ ပုံကို ကြည့်တဲ့ လိင်တူချစ်သူ ယောက်ျားတွေဟာ မိန်းခလေးငယ်တွေရဲ့ ပုံကိုကြည့်တဲ့ လိင်ကွဲချစ်သူ ယောက်ျားတွေထက် ဘာမှကွဲပြားတဲ့ရလာဒ်ကို မပြပါဘူး။


၁၉၉၄ ခုနှစ်မှာ ပြုလုပ်တဲ့ သုတေသနတစ်ခုမှာလည်း လူကြီးတွေက ကလေးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတားပြုကျင့်တဲ့ အမှု ၂၆၉ မှာ ၈၀ရာခိုင်နှုန်းက ကလေးတွေ အမျိုးတော်စပ်သူတွေရဲ့ လိင်ကွဲ ကြင်ဖော်ကြင်ဖက်တွေဖြစ်ပြီး ၂၆၉ ခုမှာ ၂ ခုသာ လိင်တူချစ်သူ ယောကျ်ား (သို့) မိန်းမတွေဖြစ်ပါတယ်။

အယူလွဲ - ၂ - ဖခင်နှစ်ဦး ပြုစုပျိုးထောင်တဲ့ ကလေးဟာ ဘဝထိခိုက်ပါတယ်။

အများလက်ခံထားတဲ့  အချက်တစ်ခုက ဖခင်နှစ်ဦး (သို့) မိခင်နှစ်ဦး ပြုစုပျိုးထောင်တဲ့ ကလေးဟာ အစဉ်အလာအတိုင်း မိခင် နှင့် ဖခင် ပြုစုပျိုးထောင်သော ကလေးတွေလောက် ပြည့်စုံမှု မရှိဘူးဆိုတဲ့အချက်ပါ။ 

မကြာသေးခင်ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ လိင်တူချစ်သူမိဘတွေနှင့် နေထိုင်သော ကလေး ၄၅ ဦး နှင့် လိင်ကွဲချစ်သူမိဘတွေနှင့် နေထိုင်သော ကလေး ၄၅ ဦးကို နှိုင်းယှဉ်ခဲ့ကြပါတယ်။ သူတို့ဟာ ကျောင်းစာ အပါအဝင် ကဏ္ဍပေါင်းစုံမှာ အမှတ်များ တူညီစွာရရှိနေကြပါတယ်။ 


အခြားလေ့လာမှု တစ်ခုမှာလည်း ဖခင်နှစ်ဦး (သို့) မိခင်နှစ်ဦး ပြုစုပျိုးထောင်တဲ့ ကလေးဟာ အစဉ်အလာအတိုင်း မိခင် နှင့် ဖခင် ပြုစုပျိုးထောင်သော ကလေးတွေလောက် ဆိုးသွမ်းသော အပြုအမူများကို ပြုမူနိုင်ခြေနည်းပါး တာကိုတွေ့ရပါတယ်။

အယူလွဲ - ၁ - လိင်တူချင်းကြိုက်နှစ်သက်ခြင်းဟာ ရွေးချယ်မှုတစ်ခုသာဖြစ်ပြီး ကုသ၍ရနိုင်ပါတယ်။

လွန်ခဲ့သော ရာစုနှစ်အထိ လိင်တူချင်းကြိုက်နှစ်သက်ခြင်းကို ရောဂါတစ်ခု သတ်မှတ်ထားခဲ့ကြပါတယ်။ 

ယခုခေတ်မှာ သိပ္ပံသုသေသနတွေမှာ လိင်တူချင်းကြိုက်နှစ်သက်ခြင်းသည် ဗီဇလွမ်းမိုးမှု တစ်ခုကြောင့်ဖြစ်ကြောင်း သက်သေတွေ တွေ့ရှိလာကြပါတယ်။ အချိလေ့လာမှုတွေမှာ လိင်တူချင်းကြိုက်နှစ်သက်ခြင်းဟာ မိခင်ဝမ်းတွင်း သန္ဓေတည်ကတည်းက စတင်ဖွံဖြိုးလာတယ်လို့ ဆိုပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ သိပ္ပံပညာထောက်ပြသည်မှာ လိင်တူချင်းကြိုက်နှစ်သက်ခြင်းသည် သဘာဝဖြစ်သည်၊ ကုသစရာမလိုပါ။ လိင်တူချစ်သူများသည် ခိုင်မာသော စုံတွဲများ မိခင်၊ဖခင်များ ဖြစ်နိုင်ပြီး၊ လွတ်လပ်စွာ ရှင်သန်ခွင့်ရှိသည်ဟူ၍ ဖြစ်ပါတယ်။

0 comments:

Post a Comment

မာတိကာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ