Search

Content

Friday, March 27, 2015

ဘယ်လိုဂေးပဲဖြစ်ဖြစ် အဲ့လိုဂေးတော့ မဖြစ်စေနဲ့

ကျွန်တော်တို့ ဂေးယောက်ျားတွေဟာ ကိုယ့်ကိုယ်ကို အပြစ်ပြောစရာမရှိဘူး၊ အစစရာရာကောင်းတယ်လို့ သတ်မှတ်လိုက်ချင်ပေမဲ့ ပြုပြင်စရာ တစ်နေရာရာကတော့ အမြဲရှိနေတာပါပဲ။ ဘယ်သူမဆိုတော့ ပြီးပြည့်စုံအောင် ကြိုးစားနေရတာပါပဲနော့်။ ဒါပေမဲ့ ကြိုးစားနေတဲ့လမ်းကြောင်းက တခါတလေ ချော်သွားတတ်တော့ ဒီလိုဒီလိုတွေဖြစ်သွားကြတယ်။ ဆက် ဖတ်ကြည့်ကြည့်၊ တိုက်ဆိုင်သွားရင် စိတ်မဆိုးရဘူးနော်

၁၀။ မလိုအပ်ပဲ အလွန်စွာတဲ့ သူငယ် (twinks) တွေ 

နိုက်ကလပ်ထဲမှာ တွေ့ပါလိမ့်မယ်၊ နှစ်ယောက် သုံးယောက် တတွဲတွဲနဲ့။ ဘောင်းဘီက ဖင်ကျပ်။ အင်္ကျီက မပါ။ အချိုရည်ကို စုပ်ရင်းနဲ့ သူတို့ရဲ့ ငယ်ရွယ်နှပျိုမှုကို အစွမ်းကုန်ထုတ်ကြွားနေတာ။ တခြား ကလပ်လာတဲ့သူတွေကို မလုံမလဲတဲ့ အထင်မကြီးတဲ့ အကြည့်တွေနဲ့။ တော်ရုံတန်ရုံနဲ့တော့ သူတို့ကို စကားသွားပြောဖို့တော့ မကြိုးစားနဲ့နော်။ စမ်းကြည့်လိုက် မျိုးစုံ မတူမတန် ဆက်ဆံပါလိမ့်မယ်။ 

၉။ လုံးဝ “တော့ (top)” ဆိုတဲ့ ကိုကိုတွေ
နောက်တမျိုးပြောရမယ်ဆိုရင် နာမှာကြောက်လို့ မခံရဲဘူးဆိုတဲ့ အကိုတွေ။


၈။ “ဟိုလူမျိုး ဒီလူမျိုး ဆိုရင်မကြိုက်” ဆိုတဲ့ ဘဲဘဲတွေ

လူတွေက ဘယ်လို လူမျိုးကို ကြိုက်သင့်ဆိုတာကို လိုက်ပြီး ထိန်းသိမ်းကြပ်မတ်နေတာတော့ ဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်မကြိုက်တဲ့ လူအမျိုးအစားတွေကို လူတကာမြင်နိုင်တဲ့ grindr လို jack’d တို့လို နေရာက ကိုယ့် profile မှာ ပြောင်ရေးထားတော့၊ အင်း… ကိုယ့်ကိုယ်ကို လူမျိုးခွဲခြားတတ်တဲ့လူလို ကြေညာသလို ဖြစ်မနေဘူးလား

၇။ အသေခံတိုက်မယ့် လေဒီ ဂါဂါရဲ့ အမာခံ ပရိတ်သတ်တွေ

လေဒီဂါဂါကတော့ ဒီနှစ်ထဲမှာ သီချင်းရောင်းအားကျပြီး သူ့ရဲ့ အရောင်အဝါ မှေးမှိန်လာပေမဲ့ သူတို့ မွန်းစတားမေမေကို အသေခံပြီးကာကွယ်မယ့် ဂေးတွေ အမြောက်အများ ကျန်ပါသေးတယ်။ သူတို့ အမေကို သွားမထိနဲ့နော် facebook တို့ twitter တို့မှာ ကတ်ကတ်လန်အောင် ရန်တွေ့လွှတ်လိုက်လိမ့်မယ်။ 

၆။ စိတ်ပေါက်လွယ်ပြီး ကိုယ့်ကိုယ်ကို ပြန်မုန်းတဲ့ ဂေးတွေ
သူတို့ရဲ့ ဘဝပေးက ဘယ်လောက်ဆိုးတယ်ဆိုတဲ့ အကြောင်း တွေ့ကရာလူကိုလိုက်ပြီး စောဒကတက်ရင်း လောကကြီးကို အဆိုးမြင်နေတဲ့ ဆရာတွေလည်းရှိတယ်။ စိတ်ညစ်လို့ အရက်ကိုသောက်၊ စိတ်ညစ်စရာအကြောင်းပဲရှာပြီး လူတကာကို စိတ်ညစ်အောင်ဆွဲထည့်တာ သူတို့ဝါသနာလေ။

၅။ ဂေးတွေကို မုန်းတဲ့ နိုင်ရေးပါတီကိုဝင်တဲ့ ဂေးတွေ
ကိုယ့်ကိုယ်ကို ဂေးဖြစ်လို့ပြန်မုန်းတဲ့ ဂေးတွေကိုထားလိုက်တော့ နောက်တမျိုးက လိင်တူချစ်သူတွေရဲ့ တန်းတူအခွင့်အရေးကိုမှ လိုက်လံပိတ်ပင်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ တစ်ဂိုဏ်းတည်းသွားတဲ့ ဂေးတွေဆိုတာလည်း ရှိသေးတယ်။ ဘာတွေတုံးကွာ… ကိုယ့်လူတွေ။
၄။ ကိုယ့်ကိုယ်ကို သမာဓိရှင်လို ဘယ်သူနဲ့မှ မအိပ်ပါဘူးဆိုတဲ့ လိင်တူဆက်ဆံသူတွေ
  
Grindr တို့ jack’d တို့ မသုံးဘူးပေါ့ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက် ဖြူစင်တယ် ဆိုတဲ့ကြောင်းကို ကျန်တဲ့သူတွေက အဆိုးတွေဖြစ်သွားအောင် လိုက်တရားဟောတတတဲ့ ဦလေးကြီးတို့ကိုတော့ လေးစားပါတယ်။

၃။ ကိုယ့်ကိုယ်ကို စွဲလမ်းနေတဲ့ selfie ၀ါသနာရှင် လူပျိုချောတွေ
အားကစားရုံးမှာ ဒိုက်တခေါက်ထိုးပြီးရင် မှန်ရှေ့မှာတစ်ပုံ၊ ရေကူးပြီးရင်တစ်ပုံ၊ ထမင်းစားပြီးရင်တစ်ပုံ၊ အိပ်ရင်လဲ တစ်ပုံရိုက်ပြီးရင် facebook ပေါ်က ကိုယ်မသိတဲ့ သူငယ်ချင်းငါးထောင်လောက်အတွက် တစ်နေ့ကို ပုံနှစ်ဆယ်လောက် တင်ပေးဖို့ သူတို့ သန္နိဋ္ဌာန်ချထားပါတယ်။ သူတို့ အအေးသောက်နေတာ တစ်ခုထဲကိုပဲ တစ်ပုံမဟုတ်ဘူး၊ နှစ်ပုံမဟုတ်ဘူး ဆယ်ပုံလောက်ကို ဆယ်ဘက်လောက်ကနေ ရှုထောင့်မှန်မှန်ရအောင် ကြိုးပမ်းလိုက်မှ ကိုယ့်ပုံက ဟပ်မိပြီး အားရဖို့ကောင်းတာ။ Selfie ၀ါသနာရှင် ဂေး မျိုးဆက်သစ်တွေပေါ့။

၂။ “အလွမ်းအဆွေးတွေ မလိုဘူးဆိုတဲ့” အလွမ်း မမတွေ
သူတို့ dating profile မှာ အလွမ်းအဆွေးတွေမလိုဘူး no drama ဆိုပြီး အတိအလင်းကြေညာထားလိုက်တာကို ကြည့်ရတာ သူတို့ အလွမ်းတော်တော် သယ်ခဲ့ရပြီးပြီနဲ့ တူတယ်။

၁။ နောက်ဆုံးတစ်မျိုးက ဂေးအဟောင်း တွေဆိုပါလား
လူတစ်ယောက်ရဲ့ ယောက်ျား (သို့) မိန်းမပေါ် လိင်စိတ်ကိုင်းညွတ်မှု (sexual orientation) ကို ပြောင်းလဲလို့မရပါဘူး မွေးကတည်း ဒီလိုပါပဲဆိုတာကို တစ်ကမ္ဘာလုံးက သိပ္ပံပညာမှာ လူတိုင်း အသိအမှတ်ပြုထားပြီးတာတောင်၊ မှန်မှန်ဆုတောင်းရင် ဂေးဘဝကို စွန့်လွှတ်ပြီး ဆန့်ကျင်ဘက်လိင်ချစ်သူ straight ဖြစ်လို့ရတယ်ဆိုတဲ့ ဂေးအဟောင်းတွေ ရှိတယ်ဆိုပဲ။ သူတို့ အဲလိုပြောင်းလဲလို့ ရတာကို အောင်မြင်ကြောင်းပြဖို့ မိန်းမယူပြီး ကလေးတွေတောင် မွေးပြလိုက်သေးတယ်။ တချို့က အဲ့လို ဂေးအဟောင်းတွေအုပ်စုဆိုဖွဲ့ပြီး တခြားသူတွေကိုပါ တရားလိုက်ဟောပါသေးတယ်။ အင်းနော်… သူတို့ ကွန်ပျူတာက အင်တာနက် brower က သမိုင်းကို သွားစစ်လိုက်ရင် ဘာတွေခိုးကြည့်ထားလဲဆိုတာ ပေါ်ကုန်ရင်တော့။

အပိုထပ်ဆောင်း။   ။အခုလို အလုပ်မရှိအကိုင်မရှိ သူများကြောင်းကို လိုက်ရေးနေတဲ့ ဂေးဘလော့ဂါ ကျွန်တော်။

Translated from queerty.

0 comments:

Post a Comment

မာတိကာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ