၂၀၁၄ ခုနှစ်မှာ သူက အင်တာဗျူးတစ်ခုမှာ သူဟာ ယောကျ်ားချင်းချစ်သူ တစ်ယောက်ဖြစ်ကြောင်း ဖွင့်ပြောခဲ့ပါတယ်။ ကျောင်းတုန်းက သူသည် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစဉ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ကျောင်းတုန်းက သူက မိမိကိုယ်ကို ရှုပ်ထွေးနေခဲ့ပြီး ခက်ခဲတဲဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်လို့လည်း ဆိုပါတယ်။ သူ့ကိုယ်သူ ဂေးတစ်ယောက်ဆိုတာကို သိနေပေမဲ့ ဘယ်သူ့ကိုမှ ရင်ဖွင့်ပြောဖို့ အခွင့်အရေး မရခဲ့ပါဘူးလည်း ပြောပါတယ်။
အခုခေတ်မှာ လူတွေက ပိုမို ပွင့်လင်းလာကြတဲ့အတွက် လူငယ်တွေဟာ သူ့အချိန်တုန်းကလိုမဟုတ်ပဲ ရင်ဖွင့်ဖို့ အခွင့်အရေးတွေ ပိုများလာတယ်လို့ ဆိုပါတယ်။ သူ့အတွက်တော့ လူငယ်ဘဝကို သူဟာ ပူပန်မှုတွေနဲ့သာ ဖြတ်သန်းခဲ့ပါတယ်။
သူ့ရဲ့ ပထမဆုံး သီချင်းကတော့ Eurovision ပြိုင်ပွဲမှာ တည်ဆိုခဲ့တဲ့ Only Love Survives ပါ။
Start Again ဆိုတဲ့ အဆွေးသီချင်းလေးကတော့ သူ့ရဲ့ဘဝကို အခြေခံပြီးရေးသားထားတာ ဖြစ်ပါတယ်။ သီချင်းက ကျောင်းသား စုံတွဲနှစ်ယောက်ရဲ့ အကြောင်းဖြစ်ပြီး တစ်ယောက်က ကျောင်းမှာ အနိုင်ကြင့်တာကို မခံနိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာကို ရိုက်ပြထားပါတယ်။
0 comments:
Post a Comment