အမေရိကန် ကာတွန်းပန်းချီဆရာ Ryan Grant Long သည် သူ၏ ပြက္ခဒိန် အစီအစဉ်အတွက် သမိုင်းတလျှောက် လူစွမ်းကောင်းများနှင့် ၎င်းတို့၏ အချစ်ဇာတ်လမ်းတွေ ရုပ်ပုံရေးဆွဲခဲ့ပြီး ပြခန်းဖွင့်လစ်ခဲ့ပါသည်။ သူဆွဲခဲ့သည့် စုံတွဲများသည် သာမာန်စုံတွဲပုံများမဟုတ်ပါ။ ၎င်းတို့သည် သမိုင်းတလျှောက်၊ ခေတ်အဆက်ဆက်၊ ကမ္ဘာအနှံ့မှ လိင်တူချစ်သူ လူစွမ်းကောင်းများနှင့် ၎င်းတို့၏ လက်တွဲဖော်များဖြစ်သည်။ သူတို့တွေသည် သမိုင်းမှာ အမှန်အကယ်ရှိခဲ့သော သူရဲကောင်းတွေသာ ဖြစ်ပါသည်။
...
Content
၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ
၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာသည်။ ၂၁ ရာစုနှစ်အတွင်းတွင် ကမ္ဘာ့နိုင်ငံ အများစုသည် လိင်တူချစ်သူများအပေါ်ထားသော အမြင်များ ပွင့်လင်းလာပြီး လက်ခံမှုများ ပြုလုပ်လာကြသည်။ အထူးသဖြင့် အနောက်နိုင်ငံများတွင် လိင်တူချင်း လက်ထပ်နိုင်သော (သို့) ပေါင်းစည်းနိုင်သော ဥပဒေများကို ပြဌာန်းလာကြသည်။ နိုင်ငံတစ်ခုချင်းစီအလိုက် သဘောထား...