Search

Content

Thursday, March 5, 2015

လိင်တူချစ်သူများ အခွင့်အရေးကို ထောက်ခံတဲ့ Bollywood ရဲ့ ပထမဆုံး သီချင်းဗီဒီယို

၂၀၁၄ ခုနှစ်တုန်း က Office of the UN High Commissioner for Human Rights (OHCHR) ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးရုံးကနေ LGBT ရပ်ဝန်းအတွက် တူညီသော အခွင့်အရေးတွေကို မြှင့်တင်ဖို့ အိန္ဒိယ နိုင်ငံ မွန်ဘိုင်း (Mumbai) မြို့မှာ Bollywood စတိုင် သီချင်းဗီဒီယို တစ်ပုဒ်ကို ထုတ်လွင့်ခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံမှာ ပထဆုံးဖြစ်သော ဒီသီချင်းမှာ ကောင်လေးတစ်ယောက်က သူ့ရဲ့ ရည်းစား တခြား ကောင်လေးတစ်ယောက်ကို သူ့မိသားစုနှင့် မိတ်ဆက်ပေးဖို့ ခေါ်ဆောင်သွားတဲ့အကြောင်းကို ရိုက်ပြထားပါတယ်။ မိမိရဲ့သားသမီးတွေက မည်သူ့ကိုပင် လက်တွဲဖို့ဆုံးဖြတ်စေကာမူ မိသားစုဝင်တွေက နွေးထွေးစွာ လက်ခံကြိုဆိုပေးဖို့ဟာ အရေးကြီးကြောင်းကို ရိုက်ပြထားပါတယ်။ 
The Welcome လို့ခေါ်တဲ့ ဒီသီချင်းကို Bollywood မင်းသမီးလည်းဖြစ် Miss India လည်းဖြစ်တဲ့ Celina Jaitly ကိုယ်တိုင် ပါ၀င်သီဆိုထားပါတယ်။ ၁၉၇၉ ခုနှစ်က Bollywood ဂန္ထဝင်သီချင်း Uthe Sab Ke Kadam ကို Celina Jaitly ကိုယ်တိုင် ခေတ်ဟန်နှင့် ပြန်လည်သီဆိုထားပါတယ်။ Celina Jaitlyသည် သူရဲ့ LGBT အခွင့်အရေးတွေလှုပ်ရှားမှုတွေကြောင့် UN equality champion လို့လည်းသတ်မှတ်ခံထားရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ Free & Equal သည် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံတွေမှာ LGBT တူညီအခွင့်အရေးတွေ ရရှိဖို့အတွက် ပညာပေးလှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ LGBTလူတွေရဲ့ ဖိနှိပ်ခံရမှုတွေနှင့် ဘေးဖယ်ခံရမှုတွေကို လူတွေ သိရှိနို်င်ဖို့ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Ban Ki-moon ကိုယ်တိုင် ထောက်ပံ့ပေးထားပါ။

0 comments:

Post a Comment

မာတိကာ

Disclaimer

This is a non-profit magazine blog in Burmese language. I do not own photos on this blog. They are taken from the internet that are widely shared and believed to be public. For some posts, I translated from other websites and I provided links to the original page. I will not make profit out of these contents; I'm just making this blog for the sake of sharing knowledge. If you think I am using someone's (intellectual) property or breaking copyrights, let me know. I will take it down. PEACE!

လတ်တလော အဖတ်များသော စာများ

၂၁ ရာစုနှစ်တိုင် လိင်တူချစ်သူတို့၏ သမိုင်းကြောင်း နှင့် ဘဝ

၂၀၁၅ ခုနှစ် မေလတွင် အိုင်ရာလန်နိုင်ငံသည် လူထုထောက်ခံမဲပေးမှုဖြင့် လိင်တူချစ်သူချင်း လက်ထပ်ရန်အတွက်ကို တရားဝင် ဥပဒေပြုခဲ့သော ကမ္ဘာ့ပထမဆုံး နိ...

ဆက်သွယ်ရန်

LGBT အဓိပ္ပာယ်

Lesbian - အမျိုးသမီးချင်းချစ်သူ

Gay - ယောက်ျားချင်းချစ်သူ (ဂေး)

Bisexual - ကျားမနှစ်မျိုးလုံးချစ်သူ

Transgender - ကျားမ ပြောင်းသူ